← Chapters

ည့်စားသည့်နည်းလမ်း

Vol. 113 Ch. 1585

ည့်စားသည့်နည်းလမ်း

Vol. 113 Ch. 1585

မူလစိတ်ဝိညာဉ်နတ်ဆိုးက ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း...

"ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းသာ ပြောပါ"

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...

“ငါ့ရဲ့အရှင်သခင်က ဒီပစ္စည်းကို ငရဲကိုးထပ်က ကတိတစ်ခုနဲ့လဲလှယ်ဖို့ ရည်ရွယ်ထားတယ်”

ထို့နောက် သူ၏လက်ဖဝါးထက်တွင် အစိမ်းရောင်ကြာပန်းတစ်ပွင့် ပေါ်လာသည်။

"ငရဲကိုးထပ်က ဒီအရောင်းအဝယ်ကို စိတ်ဝင်စားရဲ့လား"

မူလစိတ်ဝိညာဉ်နတ်ဆိုးက...

"အော်မီတော်ဖော်ဗုဒ္ဓကိုယ်တိုင် သဘောတူတယ်ဆိုရင်တော့... ငါ့တို့အုပ်စုကလည်း ဝမ်းပန်းတသာ လုပ်ဆောင်ကြမှာပါ”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလိုက်ပြီး...

"ဒါဆိုရင် နောက်မှပဲ မင်းကို ပြန်ဆက်သွယ်လိုက်မယ်"

မူလစိတ်ဝိညာဉ်နတ်ဆိုး၏ပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တောက်ပသော မြူခိုးများလည်း လွင့်စင်သွားသည်။ ထို့နောက် ရှေးဟောင်းဗုဒ္ဓ၏ ရောင်ခြည်စက်ဝန်းထဲမှ မီးလျှံမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ဗလာနယ်ထဲတွင် မတ်တတ်ထရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်က ကြည်လင်တောက်ပနေပြီး ဗလာနယ်နေရာတိုင်းတွင် ရှိနေသည့်ပမာ ဖြစ်၏။

ဗလာနယ်အကွာအဝေးဆိုသည့်အဓိပ္ပါယ်မှာ သူ့ရှေ့တွင် အရေးမပါတော့ပေ။

ခဏအကြာမှာတော့ သူ၏ပုံရိပ်က ပြန်လည်တည်ငြိမ်သွားပြီး အခြားသောစကြာဝဠာတစ်ခုတွင် သူ၏ပုံရိပ် ထွက်‌ပေါ်လာသည်။

မှောင်မိုက်သည့်ဗလာနယ်ထဲတွင် တောက်ပသည့်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဗုဒ္ဓဘာသာ ကျင့်ကြံသူတစ်ယောက် ပေါ်လာသည်။

ပြီးပြည့်စုံသော ဗုဒ္ဓအလင်းစက်ဝန်းက သူ၏တစ်ကိုယ်လုံးကိုဝန်းရံထားပြီး ခန္ဓာကိုယ်က ရွှေရောင်အစင်းဖြစ်သည်။

သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် အဖြူရောင်မီးလျှံများက ပတ်ဝန်းကျင်စကြာဝဠာတစ်ခုလုံးကိုပင် လင်းထိန်သွားစေကာ တောက်ပသော ဗုဒ္ဓနယ်မြေတစ်ခုသဖွယ် ထင်မှတ်ရသည်။

သူက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။

"ရှေးဟောင်းဗုဒ္ဓကို ဂါရဝပြုပါတယ်"

ရှေးဟောင်းဗုဒ္ဓကလည်း လက်အုပ်ချီလျက် ဂါရဝပြန်ပြုလိုက်၏။

"ဗောဓိသတ္တကိုလည်း ဂါရဝပြုပါတယ်"

ဤဗုဒ္ဓဘာသာကျင့်ကြံသူက မဟာဉာဏ်အလင်းဗောဓိသတ္တဖြစ်ပြီး ကွမ်ယင်ဗောဓိသတ္တကဲ့သို့ပင် အော်မီတော်ဖော်ဗုဒ္ဓ၏ဘေးတွင် အမြဲရှိနေသော နောက်လိုက်တစ်ယောက် ဖြစ်သည်။

သူတို့အားလုံးကို စုပေါင်းပြီး "အနောက်ဘက်သူတော်စင်သုံးပါး" ဟု ဘွဲ့အမည်ပေးထားကြပြီး အနောက်ဘက်သူတော်စင်ဘုံ၏ အမြင့်ဆုံးအဆင့်အတန်းတွင် ရှိသော တန်ခိုးစွမ်းအားရှင်များဟု မှတ်ယူကြသည်။

သူက တစ်လောကလုံးကို လင်းထိန်စေနိုင်သည့် ထူးခြားလှသော ဉာဏ်ပညာအလင်းရောင်ဖြင့် လောက၌သွေးစွန်းမှုများစွာကို ပယ်ဖျောက်ပေးနိုင်စွမ်း ရှိသည်။

ပြိုင်ဘက်ကင်းအစွမ်းသတ္တိကိုပိုင်ဆိုင်ထားပြီး တန်ခိုးစွမ်းအားတွင်လည်း ယှဉ်ပြိုင်နိုင်သူ ရှားပါးသည်။

ထို့‌ကြောင့်ပင် သူ့ကို ဉာဏ်ပညာဂုဏ်ရောင် အလင်းဆုံးသူအဖြစ် သတ်မှဝ်ကြခြင်း ဖြစ်၏။

သူ၏ ဘွဲ့အမည်က ဗောဓိသတ္တဟုသာ ရှိနေသေးသော်လည်း ကွမ်ယင်ဗောဓိသတ္တနှင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓတို့ကဲ့သို့ပင် လွန်ခဲ့သောအချိန်ကတည်းက ဗုဒ္ဓအဖြစ်သို့ ဉာဏ်အလင်းပွင့်ခဲ့ပြီးသူ ဖြစ်သည်။

သူသည်လည်း ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းထားပြီးသော ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ဖြစ်၏။

မဟာဉာဏ်အလင်းဗောဓိသတ္တက...

"ဘိုးဘေးဗုဒ္ဓက ကိုယ်ပွားတစ်ခု ဖန်တီးခွင့်ပြုလိုက်ပြီလား"

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...

"ဟုတ်ပါတယ်... ငါ မူလစိတ်ဝိညာဉ်နတ်ဆိုးနဲ့လည်း တွေ့ခဲ့ပြီးပြီ"

မဟာဉာဏ်အလင်းဗောဓိသတ္တက ခေါင်းညိတ်လိုက်ပြီး...

"စန်းချင်း(၃)ပါးအဆက်အနွယ်တွေကတော့ လှုပ်ရှားနေကြပြီ ၊ တောင်ပိုင်းချန်စန်းဧကရာဇ်က လူတစ်စုကို ဦးဆောင်ပြီး ဗလာနယ် အနက်ရှိုင်းဆုံးနေရာက ရှေးဟောင်းအပျက်အဆီးတွေရှိတဲ့နေရာတစ်ခုကို သွားနေတယ်လို့ကြားတယ်”

"တောင်ပိုင်းချန်စန်းဧကရာဇ် ဟုတ်လား..."

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ အတွေးနက်သွားသည်။

မဟာဉာဏ်အလင်းဗောဓိသတ္တက ပြုံးလျက်...

“အဲဒီအပျက်အဆီးတွေကို စစ်ဆေးကြည့်ရသလောက်... သူတို့က ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရှာဖို့လုပ်နေတဲ့ပုံပဲ”

ထိုစကားကြားတော့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ မထိန်းနိုင်ဘဲ အော်ဟစ်ရယ်မောလိုက်သည်။

“ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်” ဆိုသည်မှာ ရှေးယခင်အချိန်က ကျောက်စိမ်းဝိညာဉ်နန်းတော်မှ ရတနာပစ္စည်းတစ်ခု ဖြစ်သည်။

လောကရှိ မည်သည့်ဥပဒေသကမှ ၎င်းကို ထိုးဖောက်နိုင်စွမ်းမရှိသလို ၊ မည်သည့်မိစ္ဆာစွမ်းအားကမှလည်း ၎င်းကို ညစ်နွမ်းအောင် မလုပ်နိုင်ပေ။

တာအိုဝါဒသမိုင်းတစ်လျှောက် အလွန်ရှားပါးသော အစွမ်းထက် ခံစစ်စွမ်းအား လက်နက်တစ်ခု ဖြစ်သည်။

နတ်ဘုရားများအပ်နှင်းခြင်းခေတ်တွင် ဤအလံရှည်က မဟာမာရူယိ၏ ရောင်စဉ်ငါးသွယ်ကိုပင် တားဆီးနိုင်ခဲ့ဖူးသည်။

ရှေးခေတ်ကာလကတည်းက ဤရတနာပစ္စည်း၏ တည်နေရာနှင့်ပတ်သက်ပြီး အမျိုးမျိုးသော ယူဆချက်များ ရှိခဲ့ကြသည်။

အချို့က ကျောက်စိမ်းဝိညာဉ်နန်းတော်ထဲမှာပင် ဖုံးကွယ်နေဆဲဖြစ်သည်ဟုဆိုကြပြီး အချို့ကတော့ ပျောက်ဆုံးသွားပြီဟု ယူဆကြသည်။

အချို့ကတော့ လောကကိုကျော်လွန်သွားသည့် ‘ယွမ်စီထျန်းကျွင်း’ က သူနှင့်အတူ ယူဆောင်သွားသည်ဟု ဆိုကြ၏။

ပြောရလျှင်တော့ ဤရတနာပစ္စည်းက ရှေးခေတ်ကာလ နှောင်းပိုင်းကတည်းက ပျောက်ဆုံးနေခဲ့ခြင်းပင်။ အကယ်၍ တစ်စုံတစ်ယောက်က ၎င်းကို ရှာဖွေတွေ့ရှိသွားမည်ဆိုပါက အလေးထားစရာကိစ္စတစ်ခု ဖြစ်လာပေမည်။

အနောက်ဘက်သူတော်စင်ဘုံနှင့်ယှဉ်လျှင် ချန်စန်းရှင်းဟိုင်က ဤရတနာကို ပို၍ပင် အလေးထားနိုင်ခြေ ရှိသည်။

နတ်မိစ္ဆာမျိုးနွယ်များသာ “ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်” ကို ရရှိသွားပါက မဟာမာရူယိကို ကြောက်စရာမလိုတော့ပေ။

အနောက်ဘက်သူတော်စင်ဘုံက ဤပစ္စည်းကို ရရှိသွားလျှင်တော့ မဟာမာရူယိ၏ ခြိမ်းခြောက်မှုက ဆက်လက် တည်ရှိနေမည်ဖြစ်ရာ နတ်မိစ္ဆာမျိုးနွယ်များအတွက် စိတ်ပျက်စရာ ဖြစ်သွားပေမည်။

သို့သော် 'နတ်ဘုရားသုတ်သင်အစီအရင်' နှင့် နှိုင်းယှဉ်ပါက ‘ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်’ က မှေးမှိန်သွားမည် ဖြစ်၏။

သို့ဖြစ်ရာ ရန်ကျောက်ကဲတို့အုပ်စုက ဤအလံရှည်ကိုရှာဖွေရန်အာရုံစိုက်ပြီး နတ်ဘုရားအဆုံးသတ်ဓားနှင့် နတ်ဘုရားသုတ်သင်အစီအရင်ကို ပြန်လည်ဖော်ထုတ်နိုင်မည့်အခွင့်အရေးကို လျစ်လျူရှုထားမည်ဆိုပါက ဟာသတစ်ခုသာ ဖြစ်သွားပေမည်။

ဤသည်က လမ်းမှန်တာအိုဝါဒမှ ခင်းထားသော လှည့်ကွက်တစ်ခုဆိုသည်မှာ သံသယဝင်စရာ မရှိပေ။

သို့သော် ဤလှည့်ကွက်က လုံလောက်အောင် ကောင်းမွန်ခြင်း မရှိပေ။ သူတို့တွင် နောက်ဆက်တွဲ အစီအစဉ်တစ်ခုခု သေချာပေါက် ရှိရမည်ပင်။

မဟုတ်ပါက ဤသို့သောလှည့်ကွက်မျိုးက အခြားသူများအတွက် ရယ်စရာသာ ဖြစ်ပေမည်။

အနောက်ဘက်သူတော်စင်ဘုံနှင့် အမတခုံရုံးတို့က လမ်းမှန်တာအိုဝါဒကို ထောင်ချောက်ဆင်မည်ဆိုလျှင်ပင် ဤလှည့်ကွက်ကို ယုံကြည်ချင်ယောင် ဆောင်ကြမည် မဟုတ်ပေ။

အကြောင်းမှာ ဤသည်က သူတို့၏အင်အားများကို ခွဲထုတ်ပစ်သကဲ့သို့ ဖြစ်သွားနိုင်သောကြောင့်ပင်။

ထိုသို့ပြုလုပ်ခြင်းက သူတို့၏အလျင်စလိုဖြစ်မှုကို ပြသရာရောက်ပြီး ထောင်ချောက်ခင်းထားကြောင်း ပို၍ ထင်ရှားသွားစေကာ တာအိုဝါဒဘက်မှ သတိပြုမိသွားစေနိုင်သည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...

"ငါကတော့ မဟာဂဠုန်ဘုရင်နဲ့ တခြားသူတွေကို သွားတွေ့ပြီး အဂ္ဂိရတ်ခန်းမကိုရှာဖွေဖို့နဲ့ ဖိအားပေးဖို့ပဲ ဆက်လုပ်မယ်”

မဟာဉာဏ်အလင်းဗောဓိသတ္တက ခေါင်းညိတ်လိုက်ပြီး...

“ငါကတော့ တောင်ပိုင်းချန်စန်းဧကရာဇ်ကို သွားကြည့်မယ် ၊ သူတို့ဘာတွေကြံစည်နေလဲဆိုတာ စုံစမ်းရမယ်”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက လက်အုပ်ချီလိုက်ပြီး...

"ကောင်းပါပြီ ၊ ဗောဓိသတ္တကို ကျေးဇူးတင်ပါတယ်"

ထို့နောက် ဗုဒ္ဓဘာသာဘက်မှ ထိပ်တန်းကျွမ်းကျင်သူနှစ်ယောက် လမ်းခွဲထွက်ခွာသွားကြလေသည်။

***

"တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ တာအိုရောင်းရင်း'ကောင်း' တို့ကို ကျေးဇူးတင်ပါတယ်"

ဗလာနယ်ထဲတွင် ခရီးနှင်နေစဉ် ရန်ကျောက်ကဲက ကောင်းကင်ယံဆီသို့ ခေါင်းမော့ကြည့်ပြီး လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်သည်။

သူ့ဘေးတွင်ရှိနေသည့် ရန်တိကလည်း အလားတူပင် ပြုလုပ်လိုက်သည်။

စကြာဝဠာဟင်းလင်းပြင်ထဲတွင် မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားသော်လည်း မည်သည့်လျှပ်စီးကြောင်းကိုမှ တွေ့မြင်ရခြင်းမရှိပေ။

ထိုမိုးခြိမ်းသံမှာ သူတို့နှစ်ယောက် နားထဲတွင်သာ ကြားလိုက်ရသည့် ထင်ယောင်ထင်မှား အသံတစ်ခုကဲ့သို့ပင်။

လူသားအမြုတေကျောက်တုံးအပိုင်းအစအတွက် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့ နှစ်ပေါင်းတစ်ရာနီးပါး စစ်ခင်းနေခဲ့ကြသည်။

သူတို့တိုက်ပွဲက ယခုချိန်ထိ ပြင်းထန်နေဆဲဖြစ်ရာ အခြားသောကိစ္စများကိုပင် အာရုံစိုက်နိုင်ခြင်း မရှိကြပေ။

သို့သော်လည်း အော်မီတော်ဖော်ဗုဒ္ဓနှင့် အရှေ့ဧကရာဇ်’ထိုက်ယိ’ တို့ကြားတွင် ကြီးမားသောထိန်းချုပ်မှုများ ရှိနေဆဲပင်။

သူတို့နှစ်ယောက်က စစ်မြေပြင်ကို အုပ်စိုးထားကြသဖြင့် တာအိုဝါဒနှင့် ငရဲကိုးထပ်မှ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများအပေါ် ခြိမ်းခြောက်မှု ဖြစ်စေသည်။

တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် အခြားသော တာအိုဝါဒ ကောင်းကင်ဘုံအရှင်များအနေဖြင့် ကိစ္စတစ်ခုဆောင်ရွက်တိုင်း အလွန်အမင်း သတိထားကြရပြီး ဗလာနယ်ထဲတွင် မကြာခဏ ပုန်းကွယ်နေကြရသည်။

ရန်ကျောက်ကဲနှင့် ရန်တိဘေးတွင် အဖြူရောင်ဝတ်လူငယ်တစ်ယောက်ရှိနေသည်။

အခြားသူမဟုတ် ၊ “ကောင်းဟန်” ပင် ဖြစ်၏။

ခရီးအတူထွက်ခွာလာရင်း ကောင်းဟန်က ပြုံးလိုက်ပြီး...

"အားနာမနေပါနဲ့ တာအိုရောင်းရင်း’ရန်’... ဒါက ငါတို့လမ်းမှန်တာအိုဝါဒရဲ့ ဂုဏ်သိက္ခာအတွက် အဆုံးအဖြတ်ပေးမယ့် အခိုက်အတန့်ပဲလေ ၊ ဒါကြောင့် ငါလည်း နောက်မဆုတ်ဘဲ အစွမ်းကုန်ကူညီပေးသွားမှာပါ”

ရန်ကျောက်ကဲက...

"ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်”

သူက ဆက်ပြောလိုက်သည်။

“ကျုပ်တို့ရန်သူတွေက သိပ်ကိုအင်အားကြီးတယ် ၊ ကျုပ်တို့ အောင်မြင်မလား ကျရှုံးမလားဆိုတာ ဒီကိစ္စအပေါ် မူတည်နေတယ် ၊ ဒီတော့ ကျုပ်တို့ထဲက ဘယ်သူမဆို တစ်ထောင့်တစ်နေရာက ကူညီပေးနိုင်မယ်ဆိုရင် အနိုင်ရဖို့ အခွင့်အရေး ပိုပြီးမြင့်မားလာမှာပါ”

ကောင်းဟန်က မသိမသာပြုံးလိုက်ရင်း...

"ကျိုးကြောင်းဆီလျော်ပါတယ်..."

ထို့နောက် သူ့အကြည့်များက ရန်ကျောက်ကဲနှင့် ရန်တိထက်သို့ကျရောက်သွားပြီး ချီးကျူးဂုဏ်ပြုသောလေသံဖြင့် စကားဆိုလိက်သည်။

"လူငယ်ကောင်းကင်ဘုံအရှင်နဲ့ ကောင်းကင်နင်းချေဧကရာဇ်... အခုဆိုရင် ဒီဘွဲ့နာမည်နှစ်ခုက မင်းတို့နှစ်ယောက်နဲ့ တကယ်ကို ထိုက်တန်သွားပါပြီ"

ရန်တိ ဝါဒတောင်ဂိုဏ်းချုပ်ရာထူးဆက်ခံစဉ်က ဘိုးဘေးများလက်ထက်မှ ဆင်းသက်လာသော အစဉ်အလာအရ ‘ကော်းကင်နင်းချေဧကရာဇ်’ ဟူသော ဘွဲ့အမည်ကို ရရှိခဲ့သည်။

အစစ်အမှန်နတ်ဘုရားတစ်ပါးက မိမိကိုယ်ကို “အုပ်စိုးရှင်” ဟု ခေါ်ဆိုနိုင်ပြီး နက်ရှိုင်းနတ်ဘုရားတစ်ပါးကတော့ မိမိကိုယ်ကို “ဧကရာဇ်” ဟု ခေါ်ဆိုနိုင်သည်။

ထို့အတူ ထိုက်ရွှီးမူလနတ်ဘုရားများကိုသာလျှင် “ထျန်းကျွင်း” ဆိုသောဘွဲ့အမည် အပ်နှင်းအသုံးပြုလေ့ရှိ၏။

ရန်တိ၏ဘွဲ့အမည် “ကောင်းကင်နင်းချေဧကရာဇ်” ဆိုသည်က ရန်ကျောက်ကဲ၏ “လူငယ်ကောင်းကင်ဘုံအရှင်” ဆိုသည့်ဘွဲ့အမည်ထက်ပင် တားမြစ်ချက်များ ရှိနေခဲ့သည်။

သို့သော် အစွန်းရောက်ရှစ်ပါးကမ္ဘာက အောက်ဘုံကမ္ဘာတစ်ခုမျှသာဖြစ်သဖြင့် ထိုစဉ်အချိန်က သူ၏ဘွဲ့အမည်ကို မည်သူမှအရေးမစိုက်ခဲ့ကြဘဲ ဟာသတစ်ခုအဖြစ်သာ သဘောထားခဲ့ကြသည်။

ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသို့ ရောက်ရှိလာပြီးနောက်ပိုင်း ၊ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာကို တည်ထောင်ပြီးနောက်ပိုင်းများတွင်တော့ သူ၏ဘွဲ့အမည်က ပို၍ အာရုံစိုက်ခံလာရသည်။

ဓားဧကရာဇ် 'ယွဲ့ကျန့်ပေ' ၏ စောင့်ရှောက်မှု၊ မီးလျှံထက်ယံအရှင်သခင် 'စောမင်ကျန့်' ၏ သင်ကြားပြသမှုများနှင့်အတူ ရန်တိ၏ တစ်ရှိန်ထိုး တိုးတက်လာမှုများကြောင့် လူတိုင်းက ဤဘွဲ့နာမည်ကို တဖြည်းဖြည်း လက်ခံလာကြခြင်းပင်။

ယခုအခါ ရန်တိက အချိန်တိုအတွင်း ချီစွမ်းအားငါးခုပေါင်းစည်းခြင်းနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ သမိုင်းတစ်လျှောက် အသက်ငယ်ဆုံးသော ထိုက်ရွှီးမူလနတ်ဘုရားများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။

၎င်းကပင် သူ၏ အရည်အချင်းမှာ ဤဘွဲ့နာမည်ကို ဆောင်ကြဉ်းရန် လုံလောက်ကြောင်း သက်သေပြနေသည်။

သို့ပေသိ ဤအရည်အချင်းကို ပိုမိုခိုင်မာစေရန်အတွက် ထူးခြားပြောင်မြောက်သည့်စွမ်းဆောင်ရည်များပြသရန် လိုအပ်နေသေးသည်။

ရန်တိက...

"ဒါက အစွန်းရောက်ရှစ်ပါးကမ္ဘာတုန်းက ရယ်စရာကောင်းတဲ့ ဘွဲ့အမည်တစ်ခုပါပဲ ၊ အခုလို ပြန်ပြောနေရတာတောင် ရှက်ဖို့ကောင်းနေပါပြီ"

ရန်ကျောက်ကဲကလည်း ရယ်မောရင်း...

“ကျုပ်ရဲ့ဘွဲ့အမည်ကတော့ ခင်‌ဗျားကိုပဲ ကျေးဇူးတင်ရမှာပဲ”

ကောင်းဟန်ကလည်း ရယ်မောလိုက်ပြီး...

“ကျုပ်က တာအိုရောင်းရင်း’ရန်’ အပေါ် အမြဲတမ်း မျှော်လင့်ချက်အပြည့် ထားခဲ့တာပါ ၊ အခုဆိုရင် မင်းက မဟာကပ်ဘေးကြီးနောက်ပိုင်း တာအိုဝါဒအတွက် တစ်ခါမှမကြုံဖူးသေးတဲ့ ခမ်းနားတဲ့စွမ်းဆောင်ရည်တွေကို ပြသနေတာပဲလေ”

သို့သော် ရုတ်တရက်ပင် သူ၏စကားသံရပ်တန့်သွားပြီး သူ၏မျက်ဝန်းများသည်လည်း အနည်းငယ် တုန်ခါသွားသည်။

ရန်ကျောက်ကဲနှင့် ရန်တိတို့သည်လည်း ရှေ့တည့်တည့်ဆီသို့ လှမ်းကြည့်လိုက်ကြ၏။

ထိုနေရာတွင် မိစ္ဆာလေပြင်းများနှင့် ဗုဒ္ဓအလင်းတန်းများမှာ တပြိုင်နက်တည်း ပေါ်ထွက်လာသည်။

ကောင်းဟန်၏ မျက်နှာထားက တည်ကြည်လေးနက်သွားပြီး သူက တိုးလျသည့်လေသံဖြင့်...

“ခမ်းနားတဲ့စွမ်းဆောင်ရည်ဆိုတာ... ခမ်းနားတဲ့စမ်းသပ်ချက်လည်း ဖြစ်တယ်လေ”

All Chapters