← Chapters

နတ်မိစ္ဆာများနှင့် ဗုဒ္ဓဘာသာကျွမ်းကျင်သူများ၏ပူးပေါင်းအင်အား

Vol. 113 Ch. 1586

နတ်မိစ္ဆာများနှင့် ဗုဒ္ဓဘာသာကျွမ်းကျင်သူများ၏ပူးပေါင်းအင်အား

Vol. 113 Ch. 1586

အဝေးတစ်နေရာ ဗလာနယ်ထဲမှ မိစ္ဆာလေပြင်းများနှင့် ဗုဒ္ဓအလင်းတန်းများ ရုတ်တရက်ထွက်ပေါ်လာပြီး ရန်ကျောက်ကဲတို့အုပ်စုအား လမ်းပိတ်ထားလိုက်ကြသည်။

ရန်ကျောက်ကဲတို့ကတော့ အံ့အားသင့်ခြင်းမရှိပေ။

ရန်သူများ သူတို့နောက်သို့ အမီလိုက်လာစေရန်အတွက် သူတို့ဘက်က တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် သဲလွန်စများ ချန်ထားခဲ့သည် မဟုတ်လား။

ကြောက်မက်ဖွယ်ရာ မိစ္ဆာလေပြင်းများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ရန်ကျောက်ကဲတို့အုပ်စုအား ဝါးမျိုတော့မည့်ပမာ စကြားဝဠာတစ်ခုလုံးအား လွှမ်းခြုံသွားသည်။

ထိုခဏမှာပင် ဗလာနယ်ထဲတွင် လျှပ်စီး‌ကြောင်းများ ပေါက်ကွဲထွက်လာပြီး မိုးကြိုးစွမ်းအားများက နေရာအနှံ့သို့စီးဆင်းသွားကာ သီးခြားကမ္ဘာတစ်ခုသဖွယ် ဖြစ်တည်သွားသည်။

ထိုမိုးကြိုးစွမ်းအားများက ရန်ကျောက်ကဲတို့အုပ်စုအား ကာကွယ်ပေးလိုက်ပြီး မိစ္ဆာလေပြင်းများအန္တရယ်မှ ခွဲထုတ်ပေးလိုက်၏။

မိစ္ဆာလေပြင်းများနှင့် လျှပ်စီးကြောင်းများက တစ်ခုနှင့်တစ်ခု မနားတမ်း ရိုက်ခတ်နေကြပြီး ပတ်ဝန်းကျင်တစ်ခုလုံးသည်ပင် တုန်ခါသွားသည်။

နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်တစ်ပါးက တစ်ချက်ပင်နောက်မဆုတ်ဘဲ တောင်ပိုင်းချန်စန်းဧကရာဇ်ကို ရင်ဆိုင်လိုက်သည်။

ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူနှစ်ယောက်က လက်နက်ကိုစီဖြင့် အပြန်အလှန်တိုက်ခိုက်နေကြသည်။

သူတို့နှစ်ဦးထိပ်တိုက်ရင်ဆိုင်မှုတွင် လျှို့ဝှက်ဆန်းကျယ်သည့်စွမ်းအားများဖြင့် အပြန်အလှန်တိုက်ခိုက်နေသဖြင့် သူတို့၏ မူလပုံရိပ်များသည်လည်း ရန်ကျောက်ကဲတို့ရှေ့တွင် ထင်ထင်ရှားရှား ထွက်ပေါ်လာသည်။

မိုးကြိုးစက်ကွင်းများ၏အလယ်တွင် တာအိုဝတ်စုံဝတ်ဆင်ထားပြီး သရဖူဆောင်းထားသည့် အဘိုးအိုတစ်ယောက် မတ်တတ်ရပ်လျှက်ရှိသည်။

လျှပ်စီးကြောင်းများက သူ့ကိုတင်ဆောင်ထားသည့် စစ်ရထားအလားဖြစ်ပြီး သူ့ပတ်ပတ်လည်တွင် လှပသည့်တိမ်တိုက်များကလည်း ဝန်းရံနေသည်။

ဤသည်က သူကိုယ်တိုင် တီထွင်ထားသည့် ယွိချင်အဆက်အနွယ် ကျင့်စဉ်တစ်ခု ဖြစ်သည်။

သူ၏ထိန်းချုပ်မှုအောက်တွင်တော့ သောင်းကျန်းနေသည့် လျှပ်စီးကြောင်းများက စနစ်တကျပင် ပရမ်းပတာအခြေအနေများကို ငြိမ်သက်သွားစေသည်။

ဤလျှပ်စီး‌ကြောင်းများက ဗလာနယ်ကို ပြောင်းလဲသွားစေသလို ဒြပ်စင်ငါးပါးကိုလည်း လည်ပတ်သွားစေကာ သက်ရှ်အားလုံးကို ရှင်သန်မှုပေးစွမ်းသည်။

ယင်နှင့်ယန်ကို ပေါင်းစပ်စေပြီး နေ့နှင့်ညကို အပြန်အလှန်ကူးပြောင်းစေကာ သိမ်မွေ့သော နိယာမတရားများကို ဖြစ်ပေါ်စေသည်။

မိုးခြိမ်းသံများကြားမှာပင် လောကနိယာမတရားများအားလုံးကို အပြည့်အဝ ဖော်ပြနေခြင်းသာပင်။

ဟုတ်ပေ၏။

ဤပုဂ္ဂိုလ်က တာအိုဝါဒ ၊ ကောင်းကင်ဘုံနန်းတော်၏ ဧကရာဇ်(၄)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် တောင်ပိုင်းချန်စန်းဧကရာဇ်ပင် ဖြစ်သည်။

သူနှင့်မျက်နှာချင်းဆိုင်တွင်တော့ လျှပ်စီးပင်လယ်ကြီးအားဆန့်ကျင်၍ အေးစက်စွာတိုက်ခတ်နေသော မိစ္ဆာလေပြင်းများကြားတွင် ခံ့ညားထည်ဝါသော ပုံရိပ်တစ်ခု မတ်တတ်ရပ်နေသည်။

သူက ငွေရောင်သံချပ်ကာနှင့် ငွေရောင်သံခမောက်ကိုဝတ်ဆင်ထားပြီး လူသားတစ်ဦးကဲ့သို့မတ်တတ်ရပ်နေကာ လက်ထဲတွင် လခြမ်းလှံရှည်ကို ကိုင်ဆောင်ထားသည်။

သူ၏အသံက ကောင်းကင်ကိုးထပ်ထက်တွင် အော်မြည်နေသည့် ကြိုးကြာသံပမာ ထင်မှတ်ရသည်။

အဝေးမှကြည့်လျှင် မျက်နှာတစ်ခုသာ ရှိသည်ဟု ထင်ရသော်လည်း နီးကပ်သွားသည့်အခါတွင်မူ သူ၏ ဦးခေါင်းလေးဖက်လေးတန်လုံး၌ မျက်နှာများ ရှိနေသည်ကို တွေ့ရပေသည်။

သူ၏ဦးခေါင်း အရှေ့အနောက်တွင် မျက်လုံးများရှိနေသဖြင့် အရပ်ရှစ်မျက်နှာလုံးကို တစ်ပြိုင်နက် မြင်နိုင်စွမ်းရှိပြီး ဘယ်နှင့်ညာတွင်လည်း ပါးစပ်များရှိနေသဖြင့် ပါးစပ်ရှစ်ပေါက်မှ တစ်ပြိုင်နက် စကားပြောနိုင်လေသည်။

"ခေါင်းကိုးလုံးသူတော်စင်...”

သူ၏ပုံပန်းသွင်ပြင်ကို တွေ့မြင်သည်နှင့် ရန်ကျောက်ကဲ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ယခု တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ရင်ဆိုင်နေသူမှာ ခေါင်းကိုးလုံးပိုးကောင်ဟု လူသိများသည့် နတ်မိစ္ဆာမျိုးနွယ်မှ မဟာသူတော်စင်တစ်ပါး ဖြစ်သည်။

အနောက်သို့ခရီးသွားမှတ်တမ်း အလယ်ခေတ်ကတည်းက လူအများ ရိုသေကြောက်လန့်ရသည့် ပုဂ္ဂိုလ်တစ်ယောက်သာပင်။

သူက ရှေးခေတ်ကာလတွင် တာအိုကိုရရှိခဲ့သော 'ခေါင်းကိုးလုံးနတ်ဇာမဏီ' မျိုးနွယ်ဖြစ်ပြီး သူ၏ အခြားအမည်များမှာ တစ္ဆေဝိညာဉ် ၊ ကောင်းကိုးလုံးငှက် စသည်ဖြင့် ဖြစ်၏။

အလယ်ခေတ်တွင် ယန်ကျန်းဟုလူသိများသည့် ယန်အော့လန် သူ့ကို သတ်ဖြတ်ပစ်လုနီးပါး ဖြစ်ခဲ့ဖူးသည်။

ထို့ကြောင့် သူက ဒဏ်ရာများ ကုသရန်အတွက် နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ရပြီး ယခုခေတ် ရောက်မှသာ လောကထဲသို့ တစ်ကျော့ပြန် ထွက်ပေါ်လာခြင်းပင်။

သူသည် ယန်ကျန်းအပေါ် အငြိုးအတေးကြီးမားပြီး ကံတရားကိုပြောင်းပြန်လှန်ကာ လက်စားချေရန် ကြိုးပမ်းနေသူ ဖြစ်သည်။

ဤခေါင်းကိုးလုံးပိုးကောင်ကို ကြည့်ရင်း ရန်ကျောက်ကဲနှင့် ရန်တိတို့၏ မျက်နှာများ မဲမှောင်သွားကြသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက တာအိုဝါဒအနေဖြင့် “နတ်ဆိုးသုတ်သင်ခြင်း” ကပ်ဘေးနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုစဉ်က ရေပလ္လင်နတ်ဆိုး ၊ မြေကမ္ဘာပလ္လင်နတ်ဆိုးနှင့် သတ္တုပလ္လင်နတ်ဆိုးတို့က တာအိုဝါဒဆက်ခံသူများ၏ ရုပ်ခန္ဓာကိုအသုံးပြုကာ လူပြန်ဝင်စားရန် ကြိုးစားခဲ့ကြသည်။

ရန်ကျောက်ကဲတို့အုပ်စုက ထို နတ်ဆိုးသုတ်သင်ခြင်းကပ်ဘေးအတွက် ပြင်ဆင်မှုများပြုလုပ်ခဲ့သော်လည်း ခေါင်းကိုးလုံးပိုးကောင်တို့အုပ်စု နှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။

နောက်ဆုံး ရန်ကျောက်ကဲ၏အစီအစဉ် ကျရှုံးခဲ့ပြီး 'ချန်ရွှမ်ကျုန်း'၊ 'ကျဲ့မင်ခုန်' နှင့် 'ချူလီလီ' တို့မှာ ယနေ့ထက်တိုင် သေလုနီးပါး အခြေအနေတွင် ရှိနေကြဆဲဖြစ်သည်။

သူတို့(၃)ယောက် ရေခဲများအတွင်း အေးခဲနေပြီး လက်မြောက်နိုင်ခြင်း မရှိသေးပေ။

ခေါင်းကိုးလုံးပိုးကောင်ကို ကြည့်ရင်း ချန်ရွှမ်ကျုန်းတို့(၃)ယောက်၏ မျက်နှာများကို ပြန်လည်မြင်ယောင်လာကာ သူ၏မျက်လုံးအစုံတွင် အေးစက်သောအလင်းတန်းများ ဖြတ်ပြေးသွားသည်။

ခေါင်းကိုးလုံးပိုးကောင်နှင့်အတူ ပါလာသူများကို အကဲခတ်လိုက်တော့ ရင်းနှီးသောမျက်နှာတစ်ခုကို ထပ်မံတွေ့ရှိလိုက်ရသည်။

ထိုသူက တာအိုဆရာတစ်ဦးကဲ့သို့ ဝတ်ဆင်ထားပြီး လှပသော အနီရောင်သရဖူကို ဆောင်းကာ အနက်ရောင်လိုင်းများဖြင့် အနားသတ်ထားသော ဝတ်ရုံကိုဝတ်ဆင်ထားသည်။

ထို့ပြင် စိမ်းပြာရောင် တိမ်တိုက်ဖိနပ်ကို စီးထားပြီး ခါးတွင် အဝါရောင်ခါးပတ်ကိုစည်းထားသည်။

ထိုအဘိုးအို၏ မျက်နှာမှာ ဒေါသရိပ်များဖြင့် ပြည့်နှက်နေပြီး သူ၏မျက်လုံးများထဲတွင် ကြယ်တာရာများ စုဝေးနေသည့်အလား ဖြစ်၏။

သူ့ကိုကြည့်ရသည်မှာ တာအိုကျင့်ကြံသူတစ်ယောက်နှင့်ဆင်တူသော်လည်း ခန္ဓာကိုယ်တစ်ခုလုံး မိစ္ဆာချီများ ဖုံးလွှမ်းလျှက် ရှိလေသည်။

ထိုသူက မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်ပင် ဖြစ်၏။

သူက ကောင်းကင်နတ်ဘုရားအဆင့်သို့ မရောက်ရှိသေးသော်လည်း သူ၏မိစ္ဆာစွမ်းအားက အလွန်ပင်စွမ်းအားကြီးမားသဖြင့် ကောင်းကင်နတ်ဘုရားအဆင့်ရှိသူများပင် သူ့ကို အလွယ်တကူ မနှိမ်နင်းနိုင်ကြပေ။

သူက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တွင် စွမ်အားအကြီးဆုံးသူများထဲမှတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။

ယခင်က ရန်ကျောက်ကဲနှင့် အခြားသူများ 'အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ' အား အဂ္ဂိရတ်ခန်းမအတွင်းသို့ ရွှေ့ပြောင်းစဉ်က ဤကင်းခြေများကြီးနှင့် အခြားမိစ္ဆာများက နှောင့်ယှက်ခဲ့ဖူးသည်။

သူတို့အချင်းချင်း သူစိမ်းမျးမဟုတ်ကြဘဲ ယနေ့မှာတော့ နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့ခြင်းသာ ဖြစ်သည်။

ထိုမဟာနတ်မိစ္ဆာနှစ်ဦးအပြင် ဗုဒ္ဓအလင်းတန်းများလည်း ထွက်ပေါ်လျှက်ရှိသေးသည်။

မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်နှင့် ခပ်လှမ်းလှမ်းတစ်နေရာတွင် ဗုဒ္ဓဘာသာကိုယ်တော်တော် (၃)ပါး ရပ်နေကြပြီး သူတို့သည်လည်း ရန်ကျောက်ကဲနှင့် အခြားသူများကို ဖမ်းဆီးရန် ရောက်လာကြခြင်း ဖြစ်၏။

အလယ်တွင်ရှိသော ကိုယ်တော်က ကြာပန်းပုံစံ ထိုင်လျက်ရှိသည်။

သူ၏ညာဘက်လက်က အဘယာမုဒြာ (ဘေးဘယာကင်းစေသောလက်ဟန်) ကို ပြုလုပ်ထားပြီး ဘယ်လက်တွင်တော့ စိန္တာမဏိပုလဲအား တင်ဆောင်ထားသည့် ကြာပန်းတစ်ပွင့်ကို ကိုင်ဆောင်ထားသည်။

ယခုမှ ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သော်လည်း ရန်ကျောက်ကဲ၊ ရန်တိနှင့် ကောင်းဟန်တို့က ထိုသူမည်သူဖြစ်‌ကြောင်း ချက်ချင်းပင် မှတ်မိလိုက်ကြသည်။

သူက လမ်းမှန်ဗုဒ္ဓဘာသာမှ အလွန်တရာ နာမည်ကျော်ကြားသော ဘယာကင်းဝေးဗောဓိသတ္တ ဖြစ်လေသည်။

သူက ထိုက်ရွှီးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သလို ဘယာကင်းဝေးကျောင်းတော်၏ ကျောင်းထိုင်လည်း ဖြစ်၏။

ဘယာကင်းဝေးဗောဓိသတ္တ၏ ဘယ်ဘက်တွင် ရပ်နေသော ကိုယ်တော်က လက်ထဲတွင် အိတ်ကြီးတစ်လုံးကို ကိုင်ဆောင်ထားပြီး မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေသည်။

သူ၏မျက်နှာက ပျော်ရွှင်မှုကို အတိုင်းထက်အလွန်ခံစားနေရသည့်အလား ဖြစ်သည်။

ညာဘက်မှကိုယ်တော်မှာမူ ကြာပန်းပုံစံ ထိုင်နေပြီး လက်တစ်ဖက်ဖြင့် နားကို ကလော်နေကာ အလွန်ပင် စိတ်အေးလက်အေးရှိနေသည့်ပုံစံမျိုးပင်။

ကောင်းဟန်က ပြုံးလိုက်ရင်း...

“အိတ်ကိုယ်တော်နဲ့ နားကလော်ကိုယ်တော်ပဲ...”

ဘယာကင်းဝေးဗောဓိသတ္တက တည်ငြိမ်စွာဖြင့်...

"တောင်ပိုင်းချန်စန်းဧကရာဇ်ကို ဂါရဝပြုပါတယ်"

ဗလာနယ်ထဲရှိ မိုးကြိုးစစ်ရထားထက်တွင်ရှိနေသော တောင်ပိုင်းချန်စန်းဧကရာဇ်က...

“ဂါရဝပြုနေဖို့မလိုသလို အပိုစကားတွေလည်း ပြောနေစရာမလိုဘူး ၊ ဒီနေ့ ငါတို့ ဆုံကြပြီဆိုတော့ တိုက်ပွဲက ရှောင်လွှဲလို့ မရတော့ဘူး ၊ ဒါကြောင့် အဆင်ပြေသလိုသာ လုပ်ကြပါ...”

သူ့အသံက ကောင်းကင်ကိုးထပ်မှကျရောက်လာသည့် မိုးကြိုးကပ်ဘေးပမာ လူတိုင်း၏ နှလုံးသားကို ထိတ်လန့်သွားစေပြီး လောကီအပြစ်များကို ဆေးကြောသန့်စင်ပေးမည့်ပမာ ရှိသည်။

တစ်ချိန်တည်းမှာပင် ထိုအသံက ညင်သာလှသော မိုးဖွဲလေးများကဲ့သို့ နှလုံးသားအတွင်းသို့ တိတ်ဆိတ်ညင်သာစွာ စီးဝင်လာပြန်သည်။

ဤဆန့်ကျင်ဘက် ခံစားချက်နှစ်ခုမှာ ရောယှက်နေပြီး ဤသည်က ချန်စန်းဧကရာဇ်သာတတ်နိုင်သည့် ထူးခြားသောစွဲဆောင်မှုတစ်ခုသာပင်။

သူ စကားပြောပြီးသည်နှင့် အချိန်မဖြုန်းတော့ဘဲ ပတ်ဝန်းကျင်သို့ မိုးကြိုးလျှပ်စစ်များကို လွှတ်ထုတ်လိုက်သည်။ မိစ္ဆာလေပြင်းများမှာလည်း ပြင်းထန်စွာ မြင့်တက်လာပြီး မိုးကြိုးများ ရှေ့ဆက်မတိုးနိုင်အောင် ပိတ်ဆို့ထားလိုက်သည်။

ခေါင်းကိုးလုံးပိုးကောင်က...

“ငတုံးတွေ... ငါတို့ကိုလှည့်စားဖို့အတွက် မင်းတို့ကိုယ်တိုင် အဖမ်းခံဖို့ လာခဲ့တာလား ၊ ဒါပမေဲ့ မင်းတို့ရဲ့ သဲလွန်စကို ငါတို့ရှာတွေ့သွားပြီဆိုတော့ ထွက်ပြေးဖို့မစဉ်းစားနဲ့တော့”

သူက ဆက်ပြောလိုက်သည်။

"ထျန်းစူးစကြာဝဠာနဲ့ နတ်ဘုရားအဆုံးသတ်ဓားကို လိုက်ရှာနေစရာ မလိုတော့ဘူး ၊ မင်းတို့အားလုံးကို နှိမ်နင်းလိုက်တာနဲ့ အားလုံး ငါ့လက်ထဲရောက်လာမှာပဲ ... ၊ ပြီးတော့ မင်းတို့ စန်းချင်း(၃)ပါးအဆက်အနွယ်လည်း အခုပဲ ပျက်သုဉ်းခြင်းနဲ့ ရင်ဆိုင်ရတော့မယ် ၊ ဒီတိုက်ပွဲတစ်ခုတည်းနဲ့ အားလုံးကို အဆုံးအဖြတ် ပေးလိုက်မယ်"

ရန်တိက အေးစက်စွာဖြင့်...

“မင်းမှာ အဲဒီလိုလုပ်နိုင်စွမ်းရှိမယ် မထင်ဘူး”

ခေါင်းကိုးလုံးပိုးကောင်က ရယ်မောရင်း

“ဇောက်မှန်းကမ်းမှန်းမသိတဲ့ ကောင်စုတ်လေး ၊ ကောင်းကင်နတ်ဘုရားအဆင့်ဆိုတာ ဘာလဲဆိုတာ မင်းမသိဘူးလား”

သူက ဆက်ပြောသည်။

“သတင်းအချက်အလက်တွေပေါ်သွားတာနဲ့ မင်းတို့ဘယ်မှာနေလဲဆိုတာ ငါတို့အားလုံးသိသွားမှာပဲ ၊ ငါတို့အုပ်စုက မင်းတို့တည်နေရာကို မသိခင်အထိတော့ မင်းတို့တွေ အေးအေးနေကြဦးပေါ့ ၊ အခု သိသွားပြီဆိုတော့... ဟို အစွန်းရောက်တဲ့ လူနည်းစုကလွဲရင် ကျန်တဲ့သူတွေအားလုံး ဒီကို အလုအယက် ပြေးလာကြတော့မှာ"

သူ၏စကားကို သက်သေပြသကဲ့သို့ပင် ပတ်ဝန်းကျင်ဗလာနယ်တစ်ခုလုံး ရုတ်တရက် လှိုင်းများထသွားသည်။

ထိုနေရာတွင် ပုံရိပ်များစွာ ပုန်းကွယ်နေပြီး ဗလာနယ်ထဲမှ ရုတ်တရက်ထွက်ပေါ်လာတော့မည့်အလား ထင်မှတ်ရ၏။

"မင်း ဝမ်းသာတာ နည်းနည်း စောသွားပြီထင်တယ်"

စကားသံနှင့်အတူ တောင်ပိုင်းချန်စန်းဧကရာဇ်၏ ဘေးပတ်လည်မှ မိုးကြိုးလျှပ်စီးများက တဟုန်ထိုး ပြန့်ကားလာသည်။ ထို့နောက် နတ်မိစ္ဆာနှစ်ပါးနှင့် ဗုဒ္ဓဘာသာကျင့်ကြံသူ(၃)ယောက်ကို ချက်ချင်းပင် ဝါးမျိုပစ်လိုက်သည်။

မိုးကြိုးများ၏ လွှမ်းခြုံမှုအောက်တွင် မိစ္ဆာလေပြင်းများနှင့် ဗုဒ္ဓအလင်းတန်းများမှာ အပြင်သို့ အနည်းငယ်မျှပင် ယိုစိမ့်ထွက်သွားခြင်း မရှိပေ။

“သိပ်ကောင်းတဲ့ သိုင်းပညာပဲ”

ခေါင်းကိုးလုံးသူတော်စင်သည် ဒေါသထွက်သွားပြီး သူ၏ လခြမ်းလှံရှည်ကိုဝှေ့ယမ်းကာ တောင်ပိုင်ချန်စန်းဧကရာဇ်အား ရိုက်ချလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ဦးခေါင်းကိုးလုံးစလုံးက ကောင်းကင်ယံသို့ မော့၍ ဟိန်းဟောက်လိုက်ကြသည်။

သူ၏ဆင့်ခေါ်မှုနှင့်အတူ အဆုံးမရှိသောလေပြင်းများတိုက်ခတ်လာပြီး သူတို့အားဝန်းရံထားသော မိုးကြိုးအကာအရံကို တိုက်ခိုက်လိက်သည်။

မိုးကြိုးလျှပ်စီးများ တရစပ် ပေါက်ကွဲပျက်စီးသွားသော်လည်း လျှပ်စီးတစ်ခု ပျက်စီးသွားတိုင်း အခြားတစ်ခုက ချက်ချင်း ပြန်လည်ဖြစ်ပေါ်လာသည်။

နောက်ဆုံးတွင် မိုးကြိုးအကာအရံက ပြင်းထန်လှသော လေပြင်းများကို ကြံ့ကြံ့ခံ၍ တားဆီးထားနိုင်ခဲ့သည်။

ရန်ကျောက်ကဲက အကဲခတ်ကြည့်လိုက်တော့ ဗုဒ္ဓဘာသာကျင့်ကြံသူ(၃)ယောက်က အရင်အတိုင်း တည်ငြိမ်နေသည်ကို တွေ့ရသည်။

သူတို့က မျက်နှာတစ်ချက်မပျက်သလို ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင်လည်း အနည်းငယ်မျှပင် မရှိပေ။

ဘယာကင်းဝေးဗောဓိသတ္တက ဗုဒ္ဓကျမ်းစာကို တိုးလျစွာရွတ်ဆိုလိုက်ရာ ကြာပန်းထက်မှ စိန္တာမဏိပုလဲက အလင်းရောင်များ တောက်ပလာ၏။

အလင်းရောင်က ပိုမိုတောက်ပလာပြီး နောက်ဆုံး ဘယာကင်းဝေးဗောဓိသတ္တ၏ ရောင်ခြည်စက်ဝန်းကိုပင် ဖုံးလွှမ်းသွားကာ အဆုံးမဲ့စကြာဝဠာတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

“တောင်ပိုင်းချန်စန်းဧကရာဇ်... နေကောင်းပါရဲ့လား”

ထိုအလင်းတန်းများကြားမှ ပုံရိပ်တစ်ခု ဖြည်းညင်းစွာလမ်းလျှောက်ထွက်လာပြီး နှုတ်ဆက်စကား ဆိုလိုက်လေသည်။

ထိုသူက ကောင်းကင်နတ်ဘုရားအဆင့် ထိပ်တန်းကျွမ်းကျင်သူ မဟာဉာဏ်အလင်းဗောဓိသတ္တပင် ဖြစ်လေ၏။

All Chapters