← Chapters

မို​ရှောင်းရှောင်း လာလည်ခြင်း

Vol. 11 Ch. 112

မို​ရှောင်းရှောင်း လာလည်ခြင်း

Vol. 11 Ch. 112

​ခဏ မျှကြာသော် ထန်ထျန်းနှင့် ဟန်ဟိုင်တို့က တိတ်ဆိတ်သော အဆောက်အုံ လေးတစ်ခုသို့ ရောက်လာကြသည်။

​"ကျေးဇူးပြုပြီး "

​ဟန်ဟိုင်က ထန်ထျန်းအတွက် လက်ဖက်ရည်ပူပူကို ငှဲ့ပေးလိုက်သည်။ သူ၏ အရှိန်အဝါမှာလည်း ခုနကကဲ့သို့ တင်းမာခက်ထန်နေခြင်းမရှိတော့ဘဲ ပညာရှိဆန်ကာ အေးဆေးတည်ငြိမ်သော ပုံစံသို့ ပြောင်းလဲသွားခဲ့သည်။

ထန်ထျန်းလည်း အားနာမနေတော့ပေ။ အမှန်တကယ် အာဏာနှင့် အဆင့်အတန်းအရ ကြည့်လျှင် သူတို့နှစ်ဦးကြား ကွာခြားချက်မှာ အလွန်အမင်း ကြီးမားခြင်းမရှိပေ။

​"အကြီးအကဲက ကျွန်တော့်ကို ခေါ်လာတာ တစ်ခုခုရှိလို့လား" ဟု ထန်ထျန်းက မေးလိုက်သည်။

​ဟန်ဟိုင်က ခဏ မျှ တိတ်ဆိတ်သွားပြီးမှ ဖြည်းဖြည်းချင်း ဆိုသည်။ "ဟုန်ယွမ် ဆိုတဲ့လူအကြောင်း မင်း ဘယ်လောက်သိလဲ"

​ထန်ထျန်း ကြောင်သွားသည်။ ဟန်ဟိုင်က ကုရှောင်းရွှယ်အကြောင်း မေးလိမ့်မည်ဟု ထင်ထားသော်လည်း မထင်မှတ်ဘဲ အကြီးအကဲ ဟုန်ယွမ် အကြောင်းကို စပြောလာခြင်းဖြစ်သည်။

​"ကျွန်တော်က တောင် တောင်ထိပ် ခြေရင်းမှာပဲ အနေများတာ။ ပင်မတောင်ထိပ် က အကြီးအကဲတွေနဲ့တော့ အဆက်အသွယ် သိပ်မရှိဘူးဗျ" ဟု သူက ဖြေလိုက်သည်။

​ဟန်ဟိုင်က သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း ထပ်မေးသည်။ "ဒါဆို ငါနဲ့ ဟုန်ယွမ်ကြားက ရန်ငြိုးအကြောင်းရော မင်း သိသလား"

​ထန်ထျန်းက စဉ်းစားပြီးမှ "ကောလဟာလ တချို့တော့ ကြားဖူးပါတယ်။

ဒါပေမဲ့ အဲဒါတွေက တကယ် လား၊ ကောလာဟလလားဆိုတာတော့ မသိပါဘူး"

​ဟန်ဟိုင်က ခေါင်းခါလျက် "မင်းကြားတာတွေက အမှန်ပဲ

ငါနဲ့ ဟုန်ယွမ်ကြားက အားပြိုင်မှုက ကြာလှပြီ။ ဂိုဏ်းတစ်ခုလုံး သိကြတဲ့ ကိစ္စပဲ၊ လျှို့ဝှက်ချက်မဟုတ်ပါဘူး။

ရှောင်းရွှယ်ကိစ္စကလည်း သူ့ရဲ့ နောက်ကွယ်က ကြိုးကိုင်မှုပဲ ဖြစ်ရမယ်။

သူနဲ့ ကျုံးယန်ကြားက ဆက်ဆံရေးကို ငါမသိဘူးလို့ သူထင်နေတာလား"

​ထန်ထျန်းက လက်ဖက်ရည်ကို တိတ်ဆိတ်စွာ တစ်ငုံသောက်လိုက်သည်။

ဟန်ဟိုင်က ဤကိစ္စကို အဘယ်ကြောင့် ထုတ်ပြောနေသည်ကို သူ နားမလည်သေးပေ။

​ခဏမျှကြာသော် ဟန်ဟိုင်က ထပ်မံစကားဆိုလာသည်။ "ဒီနေ့ စီရင်ချက်ချတုန်းက ဟုန်ယွမ်က ပဋိပက္ခတွေကို မင်းဆီ တမင်လွှဲ ဖို့ ကြိုးစားခဲ့တယ်။

ဘာကြောင့်လဲဆိုတာ မင်းသိလား"

​ထန်ထျန်း မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်သည်။ အမှန်စင်စစ် သူကိုယ်တိုင်လည်း အံ့သြနေမိသည်။ သူက ဟုန်ယွမ်နှင့် တစ်ခါမျှ မတွေ့ဖူးသကဲ့သို့ ပတ်သက်မှုလည်း မရှိပေ။ ထိုသူက ဘာကြောင့် သူ့ကို ဆွဲထည့်ချင်နေရသနည်း။

၎င်းမှာ ယုတ္တိမရှိပေ။

သို့သော် ဟန်ဟိုင်က သူ၏သံသယကို ချက်ချင်းပင် ရှင်းလင်းပေးလိုက်သည်။

​"ဟုန်ယွမ်က ထျန်းယန့်ရှန်း နဲ့ အမြဲတမ်း နီးစပ်ခဲ့တဲ့သူပဲ။"

​"အဲဒီရာထူးကို ဘယ်သူရမလဲဆိုတာ ဆုံးဖြတ်ဖို့ အချိန်က နီးကပ်လာပြီ။ အခုတလော ဂိုဏ်းထဲမှာ ဖြစ်ပျက်နေတာတွေကိုလည်း ငါကြားပါတယ်။ ရူးသွပ်နေတဲ့ စစ်ပွဲတစ်ခုလိုပါပဲ။

ငါထင်တာတော့... သူက မင်းကိုလည်း အလားအလာရှိတဲ့ ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်လိုက်ပုံရတယ်"

​ထန်ထျန်း တိတ်ဆိတ်သွားသည်။

စစ်မီးက သူ့ဆီကိုပါ ကူးစက်လာပြီလား

တုယွမ်ချင်းကိစ္စ မပြီးသေးခင်မှာပဲ ခွဲခြားမှုမရှိဘဲ စတင်တိုက်ခိုက်လာကြပြီ။

ဟုတ်ပေသည်၊ ထိုရာထူးက တစ်ခုတည်းသာရှိရာ အလားအလာရှိသော ပြိုင်ဘက်မှန်သမျှကို ရန်သူအဖြစ် သတ်မှတ်ကြမည်သာ ဖြစ်သည်။

သို့သော် ဟန်ဟိုင်က ဤကိစ္စကို ပြောရခြင်း၏ ရည်ရွယ်ချက်က အဘယ်နည်း

​"အကြီးအကဲ... ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါ။"

ထန်ထျန်းက ဆက်ပြီး မတွေး ချင်တော့သဖြင့် တိုက်ရိုက်ပြောလိုက်သည်။

​ဟန်ဟိုင်က လက်ထဲမှ လက်ဖက်ရည်ခွက်ကို ကစားရင်း သက်ပြင်းရှည်ကြီး ချလိုက်သည်။

​"အဲဒီရာထူးရဲ့ နောက်ဆုံးပိုင်ရှင်က မင်းတို့ ဂုဏ်ထူးဆောင်တပည့်တွေကြားက တိုက်ပွဲတင်မကဘူး။

ငါတို့လို အကြီးအကဲတွေ၊ တစ်ဂိုဏ်းလုံးပါ ပါဝင်ပတ်သက်နေတာ။

နောက်ဆုံးကျရင် ဂိုဏ်းရဲ့ အဆင့်မြင့်လူကြီးပိုင်းတွေကြားမှာ အကြီးအကျယ် အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်။"

​သူက ထန်ထျန်းကို ကြည့်ကာ ဆိုသည်။ "ငါက အာဏာကို အငမ်းမရ လိုချင်တဲ့သူ မဟုတ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ကာကွယ်ရမယ် မဟုတ်လား

တကယ်လို့ ထျန်းယန့်ရှန်းသာ အနိုင်ရသွားရင် ငါနဲ့ ဟုန်ယွမ်ကြားက ရန်ငြိုးကြောင့် သူ ငါ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။

ငါ ငြိမ်ခံနေလို့ မရဘူး။"

​"ဒါကြောင့်... ငါတို့ကြားမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်နိုင်ချေ ရှိမလားလို့ မင်း ဘယ်လိုထင်လဲ"

​ထန်ထျန်း မေးစေ့ကို ပွတ်သပ်လိုက်သည်။ ဪ... သူက ဒါကို ကြံစည်နေတာကိုး။

အဆုံးမှာတော့ အာဏာနဲ့ အကျိုးအမြတ် ပြဿနာပါပဲ။

ပါးစပ်က အာဏာမမက်ဘူးပြောပေမဲ့ လက်ရှိ ရာထူးကို စွန့်လွှတ်ဖို့ဆိုတာလည်း မဖြစ်နိုင်တာ အမှန်ပင်။

​ဟန်ဟိုင်၏ စိုးရိမ်မှုကို ထန်ထျန်း နားလည်ပါသည်။

သို့သော် သူက ဤစကားကို သူ့ထံ မပြောသင့်ပေ။ လက်ရှိအခြေအနေအရ လုချန်းကျီနှင့် မိုရှောင်းရှောင်းတို့မှာ သူ့ထက် မျှော်လင့်ချက် ပိုများနေသည် မဟုတ်ပါလား။

​"အကြီးအကဲက... ကျွန်တော့်ကို အထင်ကြီးလွန်းနေပြီ ထင်တယ်" ဟု ထန်ထျန်းက အေးဆေးစွာ ဆိုသည်။

​ဟန်ဟိုင်က ပြုံးလျက် "သခင်လေးထန် ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့။

မင်းက အခုမှ ထွက်ပေါ်လာတာဆိုပေမဲ့ မင်းရဲ့ တိုးတက်မှုအမြန်နှုန်း ကို လူတိုင်း မြင်နေကြတာပဲ။

တောင်ထိပ်သခင် ချီကိုပါ မင်းဘက်က ရပ်တည်အောင် လုပ်နိုင်မယ်ဆိုရင် မင်းမှာ အခွင့်အရေး အများကြီး ရှိပါတယ်။"

​ထန်ထျန်းက ခပ်ယောင်ယောင် ပြုံးလိုက်သည်။ "အဲဒီ အခွင့်အရေးလေးက အကြီးအကဲရဲ့ မျှော်လင့်ချက်အားလုံးကို ကျွန်တော့်အပေါ် ပုံအောဖို့ လုံလောက်ပါ့မလား"

အကြီးအကဲ ​ဟန်ဟိုင် က ထန်ထျန်းကို နက်ရှိုင်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ရုတ်တရက် သူ၏ လေသံက ပြောင်းလဲသွားသည်။ "ဒါဆို မင်းက ငါနဲ့ မပူးပေါင်းချင်ဘူးပေါ့"

​ဤစကားက အလွန်ခက်ထန် လှသည်။

ထန်ထျန်းက စဉ်းစားပြီးမှ "ကျွန်တော့်မှာ အဲဒီရာထူးကို လုဖို့ အစကတည်းက စိတ်ကူးမရှိပါဘူး။

ကျွန်တော့်ရည်ရွယ်ချက်က ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင် နေဖို့ပဲ။"

​ဟန်ဟိုင်က သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း အေးအေးလူလူ ဆိုသည်။ "ဒါပေမဲ့ လက်ရှိ အခြေအနေမှာ ဘယ်သူမှ ဘေးထွက်နေလို့ မရဘူး။

အထူးသဖြင့် မင်းလိုမျိုး ယှဉ်ပြိုင်ဖို့ အရည်အချင်းရှိတဲ့သူဆိုရင် ပိုဆိုးတာပေါ့။

ဒီနေ့ ဟုန်ယွမ်ရဲ့ တိုက်ခိုက်မှုက အခြေအနေကို အသုံးချတဲ့ နည်းလမ်းလေးတစ်ခုပဲ ရှိသေးတယ်၊ နောက်ပိုင်းဆိုရင်တော့ ဒါကို အလွယ်တကူ ဖြေရှင်းနိုင်မှာ မဟုတ်တော့ဘူး။"

​ထန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဟန်ဟိုင်၏ စကားပြောပုံနှင့် သဘောထားမှာ သိသိသာသာ ပြောင်းလဲသွားသည်။

၎င်းမှာ ပူးပေါင်းလိုသူ၏ သဘောထားမဟုတ်ပေ။

ရှိရှိ၊ မရှိရှိ ဂရုမစိုက်သည့် ပုံစံမျိုး ဖြစ်နေသည်။

​"ဖြေရှင်းနိုင်မလား၊ မဖြေရှင်းနိုင်ဘူးလားဆိုတာကတော့ ကျွန်တော့်ကိစ္စပါ။ ဒါပေမဲ့ ကျွန်တော့်မှာ စည်း တစ်ခုရှိတယ်။"

"ဘယ်သူက ကျွန်တော့်ကို လာနှောင့်ယှက်လဲ၊ ကျွန်တော် ပြန်နှောင့်ယှက်မယ်။"

ထန်ထျန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

​ဟန်ဟိုင်က ရယ်သည်။ "လူငယ်တွေကတော့ ရဲတင်းတာပဲ၊ ငါတို့လို အဘိုးကြီးတွေလို မဟုတ်ဘူး။

ကောင်းပြီ... မင်း စိတ်ပိုင်းဖြတ်ပြီးပြီဆိုတော့ မင်းအတွက် ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးရတော့မှာပေါ့။"

​စကားက ဤနေရာတွင် ရပ် သွားပြီ ဖြစ်သည်။

ထန်ထျန်းလည်း ဆက်နေရန် စိတ်ကူးမရှိတော့သဖြင့် နှုတ်ဆက်ကာ ထွက်လာခဲ့သည်။

​စည်းကမ်း ထိန်းသိမ်းရေး ခန်းမမှ ထွက်လာသောအခါ ချီယွမ်က စောင့်နေသည်။ "ကျောက်စိမ်း လေး... ဟန်ဟိုင်က မင်းကို ဘာမှ အခက်မတွေ့စေဘူး မဟုတ်လား"

​ထန်ထျန်းက ခေါင်းခါလျက် "စကားအနည်းငယ် ပြောရုံပါပဲ။"

​ချီယွမ်က နှုတ်ခမ်းမဲ့ကာ "ဒီလူကလည်း မြေခွေးအိုကြီး တစ်ကောင်ပဲ။

သူနဲ့ ဆက်ဆံရင် သတိထားကွာ"

ထန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။

​တကယ်တော့ ဟန်ဟိုင်၏ ဖိတ်ကြားမှုတွင် အခြားရည်ရွယ်ချက်များ ရှိနေသည်ဟု ထန်ထျန်း ခံစားရသည်။

ကုရှောင်းရွှယ်ကိစ္စကို အစပြုလိမ့်မည်ဟု ထင်ထားသော်လည်း သူက လုံးဝ မပြောသလောက်ပင်။

ပူးပေါင်းဆောင်ရွက်မှု ဆိုသည်မှာလည်း ထူးဆန်းနေသည်။

ထန်ထျန်း၏ အခွင့်အရေးမှာ လုချန်းကျီတို့နှင့် ယှဉ်လျှင် အဝေးကြီး ဖြစ်ရာ ဟန်ဟိုင်က တကယ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်လျှင် သူ့အပေါ် ပုံအောလိမ့်မည် မဟုတ်ပေ။

​ဖြစ်နိုင်သည်မှာ ဟန်ဟိုင်က သူ၏နောက်ကွယ်မှ လူတစ်ယောက်အတွက် ထန်ထျန်းကို လာရောက် စမ်းသပ်ခြင်း ဖြစ်နိုင်သည်။

​ထန်ထျန်း သက်ပြင်းချလိုက်မိသည်။

မုန်တိုင်းထဲမှာ ရောက်နေရသဖြင့် ကိုယ့်သဘောအတိုင်း နေရန် ခက်ခဲလှသည်။ ဒုက္ခကို ရှောင်နေလျှင်ပင် ဒုက္ခက လိုက်လာမြဲ ဖြစ်သည်။

သို့သော် သူပြောခဲ့သလိုပင်။

လာမထိလျှင် အားလုံး အေးဆေးပင်၊

လာထိလျှင်တော့ စောင့်နေလိုက် ပေါ့။

​ချီယွမ်နှင့် စကားအနည်းငယ် ပြောပြီးနောက် ထန်ထျန်းသည် ခရမ်းရောင်ဝါးခြံဝင်းသို့ ပြန်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ ခွန်အားကသာ အဓိကပင်။

​သို့သော် သူ အေးအေးဆေးဆေး ကျင့်ကြံနေသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်၊ တစ်စုံတစ်ယောက်က သူ့ထံ ထပ် ရောက်လာပြန်သည်။

အ​စီအရင်ကို ဖွင့်ကြည့်လိုက်ရာ ထိုသူမှာ ခဏ မျှ အကျဉ်းချခံထားရသော မိုရှောင်းရှောင်း ဖြစ်နေသည်။

​"သခင်လေးထန်... ကျွန်မမှာ ရှင့်ကို တိုင်ပင်စရာ အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်။"

​မိုရှောင်းရှောင်း၏ မျက်နှာမှာ အလွန်ပင် လေးနက်တည်ကြည်နေတော့သည်။

​

All Chapters