လင်းကျိရန်
Vol. 23 Ch. 319
“ဒါနဲ့ ကျူးဟိုင်ရဲ့ အခြေအနေရော...”
ဝေ့ဝူယင်၏ မေးခွန်းကြောင့် စုမေ့၏ အမူအရာ မသိမသာလေး ပြောင်းလဲသွား၏။
“သူ ကျင့်ကြံခြင်း အခြေခံကို တဖြည်းဖြည်း ပြန်ရရှိလာနေပါပြီ... နောက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်အခြေအနေတွေလည်း ပြန်ကောင်းလာနေပြီ”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ ထိုအခြေအနေကို သူ မျှော်လင့်ထားပြီး ဖြစ်သည်။ ကျူးဟိုင်မှာ သေခြင်းတရား နယ်နိမိတ် အထိ ရောက်ရှိခဲ့သူ ဖြစ်သည်။ သူ ယခုကဲ့သို့ ပြန်လည် ကောင်းမွန်လာခြင်းမှာ အခြားလူများ အတွက် အံ့ဖွယ်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ဝေ့ဝူယင် အတွက်တော့ စီစဥ်ထားသည့် အတိုင်းအတာ တစ်ခုအတွင်း ဖြစ်ပျက်သွားခြင်းသာ ဖြစ်သည်။
စုမေ့က မျက်လုံးကို အနည်းငယ် ပင့်တင်ရင်း ဝေ့ဝူယင်အား ကြည့်လိုက်၏။ သူမအား ကြည့်ရသည်က တစ်စုံတစ်ရာကို ပြောသင့် မပြောသင့် ချိန်ဆနေဟန် ရသည်။ အဆုံးသတ်၌ သူမက ပြောဆိုရန် ဆုံးဖြတ်လိုက်ဟန် ရ၏။
“ကျွန်မအထင် ကျူးဟိုင်က ရုပ်ပိုင်းဆိုင်ရာ ဇီဝကမ္မ ပြောင်းလဲမှု တစ်ခုအောက်ကို ရောက်နေပုံ ရတယ်”
“ဟမ်...”
ဝေ့ဝူယင် မျက်လုံးများက စိတ်ဝင်စားမှုများဖြင့် ပြည့်နှက်သွားကာ သူမကို ကြည့်လိုက်၏။
"သူ သတိပြန်ရလာတဲ့ အချိန်မှာ သေဆုံးခြင်းနဲ့ ယိုယွင်း ပျက်စီးတဲ့ အရောင်အဝါတွေကို ထုတ်လွှတ်တယ်... အဲဒါကို ဘယ်လို နာမည်တပ်ရမလဲ ကျွန်မလည်း မသိဘူး... ခွင့်လွှတ်ပေးပါ အရှင်ဝေ့... အဲဒီ အချိန်က စလို့ သူက အဲဒီလို အရောင်အဝါမျိုးကို အလျင်းသင့်သလို ထုတ်လွှတ်တယ်... ဒါပေမဲ့ သူ့ရဲ့ အသက်အင်အားနဲ့ ဘဝ လက္ခဏာတွေကတော့ လုံးဝ တည်ငြိမ်တယ်”
“စိတ်ဝင်စားစရာပဲ...”
ဝေ့ဝူယင် လေးလေးနက်နက် မျက်မှောင် ကြုတ်လိုက်သည်။ သူ နေရာတွင်ပင် ရပ်ရင်း ကျူးဟိုင်၏ ထူးဆန်းသော အခြေအနေ အကြောင်း စဥ်းစားနေခဲ့မိ၏။ စုမေ့ကတော့ လုပ်စရာများ လုပ်ရန် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
မိနစ်ပိုင်းမျှ ကြာပြီးနောက် ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်ရင်း ဆက်လက် စဥ်းစား မနေတော့ရန် ဆုံးဖြတ်လိုက်၏။ သူက အခန်းတစ်ခုထဲသို့ ဝင်ရောက်လိုက်ရင်း စတုဂံ ကျောက်စားပွဲပေါ်ရှိ နူးညံ့ ညင်သာသော ခန္ဓာကိုယ်လေး တစ်ခုကို ငုံ့ကြည့်လိုက်၏။ သူမမှာ တစ်ကိုယ်လုံး နီးပါး အဝတ်အစား ကင်းမဲ့နေကာ အဓိက နေရာများကိုသာလျှင် ပိုးပုဝါဖြင့် ဖုံးအုပ်ထား၏။
ရင်ဖိုလှိုက်မောဖွယ် အကွေ့အကောက်များ၊ အပြစ်အနာအဆာ ကင်းမဲ့သည့် အသားအရေနှင့် ရွှေအိုရောင် ခပ်ဖျော့ဖျော့ လင်းလက်နေသည့် ဆံနွယ် ဆံသားတို့ကို စစ်ဆေးပြီးနောက် ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်သည်။ လင်းကျိရန်မှာ သေမျိုးဖုန်မှုန့်လို ခန္ဓာကိုယ်မျိုးမှ နေ၍ အပြည့်အဝ ပြန်လည် ကျန်းမာကာ နဂိုလ် မူလ အလှတရားများကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်၏ မျက်လုံးများက မည်သည့် ဆန္ဒမှ မပါရှိပဲ ဖြူစင်နေသည်။ လင်းကျိရန် နတ်မိမယ်လင်း... နေသွေးနီနီဂိုဏ်း ပါရမီရှင်များစွာထံမှ လက်ထပ်ခွင့် တောင်းခံ ခံခဲ့ရသူ... အတိတ်မှ အရိပ်များကို ပြန်လည် စဥ်းစားရင်း သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ယခု သူမ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များမှာ ပြန်လည် ပေါ်ထွက်ခဲ့ပြီး ဖြစ်သလို သွေးကြောနှင့် အတွင်း အင်္ဂါများမှာလည်း အပြည့်အဝ ပြန်လည် ကောင်းမွန်ခဲ့ပြီး ဖြစ်သည်။ သူမ၏ အသိစိတ် ပင်လယ်မှာလည်း တည်ငြိမ်နေပြီ ဖြစ်၏။ ကျင့်ကြံခြင်း အခြေခံ ကင်းမဲ့နေဆဲ ဖြစ်သည့်တိုင် သူမ ကျန်းကျန်းမာမာနှင့် အသက်ရှင်နိုင်ချေပြီ။ အကယ်၍ သင့်တော်သည့် အဂ္ဂိရတ် ထုတ်ကုန်များကို လက်ခံရရှိပါက သူမ ဒုတိယ အကြိမ်မြောက် ကျင့်ကြံရန် အခွင့်အရေးပင် ရရှိလာပေလိမ့်မည်။ ဝေ့ဝူယင်တွင် ထိုကဲ့သို့ ထုတ်ကုန် မြောက်များစွာ ရှိသည့်တိုင် ၎င်းက သူ့တာဝန် မဟုတ်သလို လုံချန်နှင့် သဘောတူညီမှု ရယူထားသော အရာလည်း မဟုတ်ချေ။
မည်သို့ပင် ဆိုစေ... လင်းကျိရန်မှာ အလွန် လှပသူ ဖြစ်ကြောင်း သူ့စိတ်ထဲမှ ဝန်ခံရလိမ့်မည် ဖြစ်သည်။ သူမ ကဲ့သို့ အလွန် လှပသည့် မိန်းကလေးမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်းများနှင့် ထိုက်တန်သည်။ ဝေ့ဝူယင် သက်ပြင်း တစ်ချက် ချလိုက်မိ၏။
“အ...”
ထိုအခိုက်တွင်ပင် လင်းကျိရန်မှာ ဖြည်းညင်းစွာ နိုးထလာ၏။ ယခုကဲ့သို့ သဘာဝ အတိုင်း ပြန်လည် နိုးထလာခြင်းမှာ အပေါင်း လက္ခဏာဆောင်သည့် အခြေအနေ ဖြစ်ရာ ဝေ့ဝူယင်မှာ ကျေနပ်လိုက်မိ၏။ သူ လင်းကျိရန် အပြည့်အဝ နိုးထလာသည်ကို စောင့်ရင်း အခန်း အတွင်းရှိ မီးအလင်းရောင်ကို နည်းနည်း လျှော့ချလိုက်သည်။
ကြာကြာ မစောင့်လိုက်ရခင်မှာပင် လင်းကျိရန်၏ ရှည်လျားသော မျက်တောင်များမှာ လှုပ်ရှားလာ၏။ ထို့နောက် ၎င်းတို့က ဖြည်းညင်းစွာ ပွင့်ဟလာကာ အပြာရောင် မျက်ဝန်း ပင်လယ်အိမ်များ ပေါ်လာခဲ့လေသည်။
ပတ်ဝန်းကျင် အခြေအနေနှင့် ကိုက်ညီစေရန် လင်းကျိရန် မျက်လုံးများကို အနည်းငယ် ပိတ်လိုက် ဖွင့်လိုက် ပြုလုပ်လိုက်၏။ မကြာခင်မှာပင် အသားကျလာကာ အရောင်များကို သူမ မြင်တွေ့နိုင်စွမ်း ရှိလာခဲ့သည်။ သူမ ပထမဆုံး မြင်တွေ့လိုက်ရသည်က ဒဏ္ဍာရီဆန်ဆန် ချောမော သေသပ်လှသော ဝေ့ဝူယင်၏ မျက်နှနှင့် နူးညံ့ နွေးထွေးမှုတို့ကို သယ်ဆောင်ထားသည့် ငွေရောင်မျက်ဝန်း တစ်စုံတို့ပင် ဖြစ်သည်။
သူက ကြောင်အစွာဖြင့် ထို မျက်နှာနှင့် မျက်ဝန်းတို့ကို အတန်ကြာ ငေးမောကြည့်နေခဲ့မိ၏။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ခန့်... နေသွေးနီနီဂိုဏ်းကို သူမ ပထမဆုံး သွားရောက်စဥ်က အခါက ထိုလူငယ်လေးမှာ ဘာမှ မဟုတ်သည့် တပည့်လေး တစ်ယောက်မျှသာ ဖြစ်ခဲ့သည်။ သူက ကောင်းကင်ချီ နှလုံးသား နည်းလမ်းကို တစ်လမျှ အတောအတွင်း အဆင့်နှစ်ထိ ပြီးမြောက်အောင် ကျင့်ကြံပြခဲ့သည့်တိုင် သူမ အထင်မကြီးခဲ့ချေ။ သို့သော်လည်း ယခုတွင်တော့ ထိုလူငယ်လေးမှာ သူမထက် အဆပေါင်း မရေမတွက်နိုင်သော သာလွန်သည့် အဆင့်အတန်းနှင့် ကျင့်ကြံခြင်း အဆင့်တို့ကို ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်လေသည်။
“မင်း ဘယ်လို ခံစားရလဲ...”
ဝေ့ဝူယင်က အနည်းငယ် စိတ်လှုပ်ရှားနေသည့် လေသံဖြင့် မေးလိုက်၏။ သူမ ယခုကဲ့သို့ နိုးထလာခြင်းမှာ သူ၏ ကုသမှု အောင်မြင်သည့် လက္ခဏာ ဖြစ်ရာ သူ မည်ကဲ့သို့ မပျော်ရွှင်ပဲ နေနိုင်ပါမည်နည်း။
“ငါ...”
လင်းကျိရန် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ရင်း ခန္ဓာကိုယ်အား စစ်ဆေးကြည့်လိုက်သည်။ နှစ်နှင့်ချီ ခံစားခဲ့ရသော နာကျင်မှုများမှ ပိန်းကြာရွက်ပေါ် ရေမတင် သကဲ့သို့ ပျောက်ကွယ်နေကာ ခန္ဓာကိုယ် တစ်ခုလုံး ပေါ့ပါး လန်းဆန်းနေသယောင် သူမ ခံစားလိုက်ရသည်။ သူမ တဖြည်းဖြည်း လှုပ်ရှားလိုက်ရင်း ကျောက်စားပွဲထက်တွင် ထိုင်ရန် ကြိုးစားလိုက်၏။
ဝှစ်...
ထိုအခါ သူမ၏ အဓိက ဧရိယာများကို ဖုံးအုပ်ထားသည့် ပိုးပုဝါမှာ ခန္ဓာကိုယ်ထက်မှ ညင်သာစွာ လျှောကျသွားသည်။ ချက်ချင်းပင် ယောက်ျားသားတိုင်း ရူးသွပ်သွားစေနိုင်သည့် အလှတရားနှင့် ကောက်ကြောင်းများမှာ ကွင်းကွင်းကွက်ကွက်ပင် ပေါ်လာခဲ့၏။
လင်းကျိရန်မှာ သူမ အဝတ်အစား ကင်းမဲ့နေကြောင်း သတိထားမိရာ မျက်လုံးလေးများ ဝိုင်းစက်သွားသည်။ သူမက လက်နှစ်ဖက်ဖြင့် ရင်ဘတ်ကို အလန့်တကြား ဖုံးအုပ်ရင်း ဝေ့ဝူယင်ကို မော့ကြည့်လိုက်မိ၏။
သို့သော်လည်း ဝေ့ဝူယင်၏ တည်ငြိမ်ကာ အညစ်အကြေး ကင်းစင်သော မျက်လုံးများကို တွေ့မြင်ပြီးနောက် သူမ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
“ငါ... ငါ ဘယ်နေရာကို ရောက်နေတာလဲ...”
သူမက အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်၏။ ဝေ့ဝူယင်က ဘာမှ ပြန်မပြောပဲ လက်တစ်ဖက်ကို ခါယမ်းကာ သိုလှောင် လက်စွပ်ထဲမှ လှပသော ဝတ်စုံတစ်ခုကိုသာ အလျင် ထုတ်ယူလိုက်သည်။ ထို့နောက် ၎င်းကို သူမထံ အသာအယာ ပစ်ပေးလိုက်၏။
“မင်း အခု ငါ့ရဲ့ ကောင်းကင်နန်းတော်ကို ရောက်နေတာ... အဝတ်အစားတွေကို ကိုယ့်ဘာသာ ဝတ်လိုက်... အဆင်သင့်ဖြစ်ရင် ငါပြန်ပို့ပေးမယ်”
ဝေ့ဝူယင်က သူမကို ကျောခိုင်းလိုက်ရင်း အခန်း အတွင်းမှ အပြင်သို့ ထွက်ရန် ဟန်ပြင်လိုက်သည်။ မည်သို့ပင် ဆိုစေ... ယောက်ျားသား တစ်ယောက် အနေဖြင့် မိန်းကလေး တစ်ယောက် အဝတ်လဲသည်ကို ကြည့်ရန် မသင့်တော်ချေ။
“နေပါဦး...”
လင်းကျိရန်က ခေါ်လိုက်၏။
“ ... “
ဝေ့ဝူယင်က ရပ်တန့်လိုက်ရင်း လင်းကျိရန်၏ အပြာရောင် မျက်ဝန်းများကို ပြန်လည် ကြည့်လိုက်သည်။ လင်းကျိရန်မှာ အနည်းငယ် ချီတုံချတုံ ဖြစ်နေကာ ပြောရန် ခက်ခဲနေပုံ ရ၏။ မိနစ် အနည်းငယ် ကြာပြီးနောက်မှ သူမ၏ နှုတ်ခမ်းများက တိုးညင်းစွာ ပွင့်ဟလာသည်။
“နင်ငါ့ကို တစ်ခုခု လုပ်ခဲ့သေးလား...”
“ ... “
ဝေ့ဝူယင်မှာ မျက်လုံးများပင် ပြူးကျယ်သွား၏။
“မင်း တောင်းဆိုရင်တောင် ငါ မလုပ်ဘူး”
သူ၏ လေသံက အနည်းငယ် ဒေါသစွက်နေ၏။ မှန်သည်။ သူက သူတော်စင် တစ်ယောက် မဟုတ်ချေ။ သို့သော်လည်း သတိလစ် မေ့မျောနေသည့် မိန်းကလေး တစ်ယောက်ကို ကျူးလွန်ရလောက်သည် အထိတော့ ရိုင်စိုင်းသူ တစ်ယောက် မဟုတ်ချေ။ အဂ္ဂိရတ် ဆေးဆရာ တစ်ဦး အနေဖြင့် စောင့်ထိန်းရမည့် တာဝန် ဝတ္တရားများကို သူကောင်းစွာ သိပေသည်။
လင်းကျိရန်မှာ သူမ အထင်လွဲမိပြီ ဖြစ်ကြောင်း သိလိုက်ရရာ အားတုံ့အားနာ ဖြစ်သွား၏။ ဝေ့ဝူယင်က ကျောခိုင်းကာ နောက်တစ်ကြိမ် ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
“နေ... နေပါဦး...”
သူမက ဝတ်စုံကို ကပျာကယာ စွပ်ချရင်း ခြေထောက်များကို စတင် လှုပ်ရှားလိုက်၏။ ထိုအခါ သူမ၏ ခန္ဓာကိုယ် လှုပ်ရှားရသည်မှာ မည်မျှ လွယ်ကူချောမွေ့နေကြောင်း တွေ့ရှိလိုက်ရသည်။ သူမ ဘီးတပ် ကုလားထိုင်ပေါ်တွင် နှစ်နှင့်ချီ နေခဲ့ရသည်။ လက်ကလေး တစ်ဖက်၊ ခြေထောက်လေး တစ်ချောင်း လှုပ်ရှားရန်ပင် သူမ အတွက် အလွန် ပင်ပန်း ခက်ခဲခဲ့ရသည်။ သို့သော်လည်း ယခုတွင်မူ သူမ ပုံမှန်လူ တစ်ယောက် ကဲ့သို့ လှုပ်ရှားသွားလာနိုင်ပြီ ဖြစ်သည်။ သူမ မည်ကဲ့သို့ စိတ်မလှုပ်ရှားပဲ နေနိုင်ပါမည်နည်း။
“ဘာကိစ္စရှိသေးလို့လဲ...”
ဝေ့ဝူယင်က လင်းကျိရန်ကို စိတ်မရှည်စွာ လှည့်ကြည့်လိုက်၏။ သူမက တကယ်ကြီး သူ ထိုကဲ့သို့ လုပ်သည်ဟု ထင်နေသည်လား။
လင်းကျိရန်က ဝေ့ဝူယင်ကို မျက်နှာချင်း ဆိုင်လိုက်၏။ သူမ၏ မျက်လုံးများတွင် ပြတ်သားမှု အရိပ်အယောင်များ ထွက်ပေါ်နေသည်။
“ငါ ဒုက္ခိတ ဖြစ်နေတဲ့ အချိန်မှာ လူတွေက ငါ့ဆီကို လာလည်ကြတယ်... သူတို့ရဲ့ အတွေးနဲ့ ခံစားချက်တွေကို ရင်ဖွင့်ခဲ့ကြတယ်... ကြည့်ရတာ သူတို့က ငါ ဘယ်တော့မှ ပြန်မကောင်းလာနိုင်တော့ဘူး၊ ဘာကိုမှ မှတ်သားနိုင်စွမ်း မရှိတော့ဘူး လို့ ယူဆနေခဲ့ကြပုံ ရတယ်”
ဝေ့ဝူယင် လုံချန်၏ မိန်းမများ ဟု ဆိုနိုင်သည့် ဝူပိုင်ကျိုး၊ လျဲ့ယု၊ နာ့ရှင်းရီနှင့် ချင်ချူးမူတို့ကို ပြန်လည် တွေးတော လိုက်မိသည်။ နာ့ရှင်းရီနှင့် ချင်ချူးမူတို့ကို လုံချန်၏ မိန်းမများဟု ယူဆနိုင်မလား၊ မယူနိုင်ဘူးလားတော့ သူလည်း သေချာ မပြောချေ။ ဘာပဲဖြစ်ဖြစ်... သူတို့က လင်းကျိရန်ထံတွင် ရင်ဖွင့်ခဲ့ကြပုံ ရသည်။ ဝေ့ဝူယင် စိတ်ရှည်စွာဖြင့် ဆက်လက် နားထောင်လိုက်၏။
“နာ့ရှင်းရီ ဘာတွေလုပ်ခဲ့တယ် ဆိုတာ နင်သိလား...”
လင်းကျိရန်က ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများကို တည့်တည့်ကြည့်ရင်း မေးလိုက်သည်။ သူမ၏ လေသံက ပြင်းထန်သော ခံစားချက်များဖြင့် အနည်းငယ် တုန်ရီနေ၏။
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။
“သူက လုံချန်နဲ့ အတူ မအိပ်ချင်တာကြောင့် ကိုယ့်ကိုယ်ကို ဒုက္ခိတ အဖြစ်ခံခဲ့တယ်... အကြောင်းပြချက်က ငါ့ဇနီးမယား ဖြစ်ခွင့် ဆုံးရှုံးသွားမှာ ကြောက်လို့... ဟုတ်တယ်မလား”
“ ... “
လင်းကျိရန်မှာ အနည်းငယ် တုန်လှုပ်သွား၏။ ထိုကိစ္စများကို သူ မည်ကဲ့သို့ သိသွားရသနည်း။ ရုတ်တရက် မည်ကဲ့သို့ တုန့်ပြန်ရမည်ကိုပင် လင်းကျိရန် မသိတော့ချေ။
ဝေ့ဝူယင်က စကားဆက်လိုက်၏။
“ငါ နာ့ရှင်းရီနဲ့ ပထမဆုံး စတွေ့တဲ့ အချိန်တုန်းက သူက သံခြေချင်းတွေ တုပ်နှောင်ခံထားရတဲ့ အကျဥ်းသား တစ်ယောက်ပဲ... မကြာခင် ယောက်ျားတွေရဲ့ ဆုလာဘ်တစ်ခု အနေနဲ့ ရမ္မက်ဆန္ဒကို ဖြည့်ဆည်းပေးရမယ့် လိင်ကျေးကျွန် တစ်ယောက်ပေါ့”
.”သူ့မှာ ရှိတဲ့ အရာကို ငါသတိထားမိခဲ့တယ်... ဒါပေမဲ့ အဲဒါကို ငါ အတင်းအကြပ် မယူခဲ့ဘူး... ဘာဖြစ်လို့လဲ သိလား... သူ့မျက်လုံးတွေထဲက ဆန္ဒတစ်ခုကို ငါမြင်ခဲ့လို့... ကမ္ဘာကြီးကို အမှောင်ချပစ်နိုင်တဲ့ ဆန္ဒ... ကျင့်ကြံခြင်း လောကအတွက် အစစ်အမှန် လွပ်လပ်မှုကို တောင့်တတဲ့ ဆန္ဒ... အာဏာ၊ စွမ်းအား၊ ကြွယ်ဝမှုနဲ့ အဆင့်အတန်းကို ထိန်းချုပ်လိုတဲ့ ဆန္ဒ...”
“သူ့မျက်လုံးထဲက အဲဒီ ခံစားချက် အလင်းရောင်ကို ငါ ဖျက်ဆီး မပစ်ခဲ့ဘူး... နာ့ရှင်းရီက အခြားလူတွေလိုမျိုး တစ်ကိုက်တစ်ဖဲ့နဲ့ ကျေနပ်တတ်တဲ့ လူစားမျိုး မဟုတ်ဘူး... သူက ဘယ်နေရာ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အမြင့်မားဆုံး သြဇာအာဏာကို ဆုပ်ကိုင်ချင်တဲ့ လူမျိုး...”
ဝေ့ဝူယင်၏ စကားလုံးများက မြစ်ထဲမှ ရေအလျင် တစ်ခုနှယ် စီးထွက်လာနေခဲ့၏။
***