အတင်းအဓမ္မ ငြိမ်းချမ်းရေးယူ ခြင်း
Vol. 11 Ch. 117
တောင် တောင်ထိပ်
ချန်စစ်ရို ယင်ကျဲ့ နှင့် ကျန်ရှိနေသော တောင် တောင်ထိပ် လူတွေက ၎င်းတို့၏ ခေါင်းပေါ်ရှိ အမျိုးမျိုးသော အလင်းအကာအကွယ်များကို ငေးကြည့်ရင်း မှင်တက်နေကြသည်။
၎င်းတို့ထဲမှ လူတော်တော်များများမှာလည်း ချမ်းသာကြသူများ ဖြစ်သည်။
သို့သော် ၎င်းတို့၏ ငွေကြေးများကို ယခုကဲ့သို့ အားနည်းချက်များလွန်းသော ပစ္စည်းများပေါ်တွင် အကုန်အကျခံလေ့ မရှိကြပေ။
ဥပမာအားဖြင့် ကြေးညိုရောင် အင်မော်တယ် တံခါးနှင့် လင်းချီရွှေဆေးမီးဖို တို့မှာ ခုခံကာကွယ်ရန် သက်သက်သာဖြစ်ပြီး တစ်ကြိမ်ချထားပြီးလျှင် ရွှေ့ပြောင်း၍မရပေ။ ထိုကဲ့သို့ ဈေးကြီးသောအရာများကို ဝယ်မည့်အစား ပိုမိုအစွမ်းထက်သော အစီအရင် များကို ခင်းကျင်းရန်သာ စိတ်အားထက်သန်ကြသည်။
ထို့ကြောင့် ဤပစ္စည်းများအားလုံး တစ်ပြိုင်နက်တည်း ပေါ်ထွက်လာသောအခါ ဤမျှလောက်အထိ အစွမ်းပြနိုင်လိမ့်မည်ဟု ၎င်းတို့ မထင်ထားခဲ့ကြပေ။
အကာအကွယ် များမှာ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေပြီး ထျန်းယန်ရှန်းတို့ကဲ့သို့ လူမျိုးပင်လျှင် ဖောက်ထွက်ရန် အချိန်အတော်ကြာ ယူရပေလိမ့်မည်။
ဒီနေ့... တကယ်ပဲ ဘေးကင်းလွတ်မြောက်ဖို့ မျှော်လင့်ချက် ရှိနေတာလား
"ဆွေးနွေးကြရအောင်။"
ထန်ထျန်း၏ တည်ငြိမ်သော လေသံမှာ ၎င်းတို့အား ယုံကြည်မှုများ ပိုမိုတိုးပွားစေသည်။
သို့သော် ကိစ္စရပ်များမှာ ၎င်းတို့ ထင်ထားသကဲ့သို့ မချောမွေ့လှပေ။
"ဆွေးနွေးမယ် ဟုတ်လား"
ထျန်းယန်ရှန်းက ရက်စက်စွာ ဟိန်းဟောက်လိုက်သည်။ "ထန်ထျန်း... သူတို့ကို လိပ်ခွံထဲမှာ ထည့်ထားရုံနဲ့ သူတို့ ဘေးကင်းသွားပြီလို့ မထင်နဲ့၊ မင်းမှာ ငါနဲ့ စကားပြောဖို့ အရည်အချင်းရှိလာပြီလို့လည်း မမှတ်နဲ့"
"လိပ်ခွံဆိုတာ ဘယ်လောက်ပဲ မာမာ တစ်နေ့တော့ ကွဲရမှာပဲ"
"မင်းတို့ အဲဒီထဲမှာ တစ်သက်လုံး အောင်းနေနိုင်မလားဆိုတာ ငါကြည့်ရသေးတာပေါ့"
သူက ငြိမ်းချမ်းရေးယူ ရန် လုံးဝ စိတ်ကူးမရှိပေ။
ထန်ထျန်းက ခေါင်းခါလျက် ပြုံးကာ ဆိုသည်။ "ငါတို့ တစ်သက်လုံး မအောင်းနေနိုင်တာတော့ အမှန်ပဲ။"
"ဒါပေမဲ့... မင်းတို့ကော တစ်သက်လုံး တိုက်နေနိုင်မှာမို့လို့လား"
"ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် ဂိုဏ်းက မင်းတို့ကို ပေးထားတဲ့ အချိန်က အလွန်ဆုံး သုံးရက်ပဲ မဟုတ်လား"
"ဒါမှမဟုတ်... ဒီနေ့တင် ပဲလား"
ယခုအခြေအနေကို ကြည့်ခြင်းအားဖြင့် ဂိုဏ်း၏ သဘောထားမှာ လွှတ်ပေးထားခြင်း ဖြစ်ကြောင်း ထန်ထျန်း ရိပ်မိလိုက်သည်။
လုချန်းကျီနှင့် ထျန်းယန်ရှန်းတို့က ဤကိစ္စကြောင့် ရန်ငြိုးများစွာ စုပုံနေခဲ့ရာ ၎င်းတို့ကို ထွက်ပေါက်မပေးဘဲ ပိတ်ပင်ထားလျှင် ပိုမိုဆိုးရွားသော ပြဿနာများ ဖြစ်လာနိုင်သည်။
ထို့ကြောင့် ဂိုဏ်းက လူကြီးများ ဝင်မပါဘဲ လွှတ်ထားခြင်း ဖြစ်သည်။
သို့သော် ၎င်းတွင် အချိန်ကန့်သတ်ချက် တစ်ခုတော့ ရှိရပေမည်။
မကြာမီမှာပင် လုချန်းကျီနှင့် ထျန်းယန်ရှန်းတို့၏ မျက်နှာအမူအရာကို ကြည့်ရုံနှင့် ထန်ထျန်း သူ၏အဖြေကို ရရှိသွားသည်။
သူ ခန့်မှန်းတာ မှန်ကန်သွားပြီ ဖြစ်သည်။
သူပြောပြီးသည်နှင့် ထိုနှစ်ဦးလုံး တုံ့ဆိုင်းသွားကြသည်။
သို့သော် ကိစ္စမှာ သူထင်ထားသလောက်လည်း မရိုးရှင်းပေ။
"မင်း ခန့်မှန်းတာ မှန်တယ်။"
လုချန်းကျီက ဆိုသည်။ "ဂိုဏ်းက ငါတို့ကို ပေးထားတဲ့ အချိန်က တစ်ဝက်ပဲ ကျန်တော့တယ်။"
"ဒါကြောင့် ဒီကိစ္စကို အမြန်ဆုံး အပြတ်ရှင်းရမယ်။"
"ရှင်းကို ရှင်းရမှာ"
ပြောပြီးနောက် သူသည် ထျန်းယန်ရှန်းကို ကြည့်ကာ "မင်း သုံးမလား၊ ငါ သုံးရမလား" ဟု မေးလိုက်သည်။
ထျန်းယန်ရှန်းက ထန်ထျန်းကို စိုက်ကြည့်ရင်း အေးစက်စွာ ဆိုသည်။ "ငါပဲ သုံးမယ်။"
ခဏအကြာတွင် ထန်ထျန်း၏ သံသယရှိသော အကြည့်များအောက်၌ ထျန်းယန်ရှန်းက ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းမှာ ကျိုးပဲ့နေသော လခြမ်းပုံ ဓားမြှောင် တစ်စင်း ဖြစ်သည်။
သို့သော် ထိုဓားမြှောင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထန်ထျန်း၏ စိတ်ထဲတွင် ပြင်းထန်သော အန္တရာယ်အငွေ့အသက်များ တဟုန်ထိုး တက်လာတော့သည်။
ခါးရိုးအောက်ခြေမှ အအေးဓာတ်တစ်ခုက ဦးနှောက်ထဲအထိ စိမ့်တက်သွားရသည်။
ထိုဓားက သာမန် အင်မော်တယ် လက်နက် မဟုတ်သည်မှာ သေချာလှသည်။
ထန်ထျန်း ပထမဆုံးအကြိမ် မျက်နှာအမူအရာကို ပြောင်းလဲလိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
ထျန်းယန်ရှန်း၏ နှုတ်ခမ်းတွင်မူ ရက်စက်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
"ထန်ထျန်း... ဒါ မင်းကိုယ်တိုင် ရှာတာနော်"
ပြောပြီးသည်နှင့် သူက ဝိညာဉ်စွမ်းအင်များကို ထိုဓားကျိုးထဲသို့ အရူးအမူး ပို့လွှတ်လိုက်သည်။
ကောင်းကင်မှ ကြီးမားသော ဖိအားကြီးတစ်ခု ကျဆင်းလာရာ ရှိနေသူတိုင်း၏ စိတ်နှလုံးထဲတွင် အမှောင်ထုတစ်ခု ဖုံးလွှမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
ထန်ထျန်း မျက်မှောင်ကြုတ်နေမိသည်။ သူ ခံစားရသည်မှာ အကယ်၍ ဤဓားဖြင့်သာ ခုတ်ချလိုက်ပါက သူတည်ဆောက်ထားသော လိပ်ခွံခံစစ်တင်မကဘဲ သူကိုယ်တိုင်ပါ ဘေးကင်းလိမ့်မည် မဟုတ်ပေ။
ထပ်ပြီး လက်လွှတ်ထားလို့ မရတော့ဘူး။
တိုက်ခိုက်ရန် ပြင်နေသော ထျန်းယန်ရှန်းကို ကြည့်ကာ ထန်ထျန်းက လေးနက်စွာ ဆိုသည်ယ "ဒါဆိုရင် မင်းလည်း သေချာ စဉ်းစားနော်။"
ပြောပြီးသည်နှင့် သူက သူ၏ အင်္ကျီလက်ကို တစ်ဖန် ဝှေ့ယမ်းလိုက်ပြန်သည်။
ယခုတစ်ကြိမ်တွင်မူ အနက်ရောင် အစက်ကလေးများမှာ နှံကောင်အုပ်ကြီးကဲ့သို့ အင်္ကျီလက်ထဲမှ အုံနှင့်ကျင်းနှင့် ပျံထွက်လာရာ မြင်ရသူတိုင်း ကြက်သီးထသွားရသည်။
မကြာမီ ထိုအနက်ရောင် အစက်ကလေးများမှာ မူလပုံသဏ္ဌာန်များ ပေါ်ထွက်လာသည်။
ပုတီးစေ့များ၊ ကျောက်စိမ်းပြားများ၊ အစီအရင်စာရွက်များ၊ ရုပ်သေးရုပ်များနှင့် ထူးဆန်းသော ရတနာများ... ပုံစံမျိုးစုံပင်။
သို့သော် ချွင်းချက်မရှိ အရာအားလုံးတွင် ကြီးမားသော စွမ်းအင်များ ပုန်းအောင်းနေပြီး လူတိုင်းကို တုန်လှုပ်စေသည်။
ကောင်းကင်ယံတစ်ခုလုံးကို မိုးတိမ်မည်းကြီးသဖွယ် ဖုံးလွှမ်းသွားသော ထိုရတနာများကို ကြည့်ကာ လူအများ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ကြရသည်။
"တစ်ခုချင်းစီက အနည်းဆုံးတော့ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် အထက် စွမ်းအားတွေ ရှိနေတာပဲ"
"ဒီမှာ အခုပေါင်း သိန်းချီ ရှိနေတာလား"
"အကုန်လုံးသာ တစ်ပြိုင်နက် ပေါက်ကွဲသွားရင်..."
လူတိုင်း ဆက်မတွေးရဲတော့ပေ။
အကယ်၍ ထိုသို့သာ ဖြစ်လာလျှင် ဤနေရာရှိ ကျင့်ကြံသူများတင်မကဘဲ တောင် တောင်ထိပ်တစ်ခုလုံးပါ မြေပုံပေါ်မှ ပျောက်ကွယ်သွားပေလိမ့်မည်။
ထျန်းယန်ရှန်းပင်လျှင် ဤကြောက်မက်ဖွယ် မြင်ကွင်းကြောင့် ဆွံ့အသွားရသည်။
သူသည် စစ်မြေပြင်တွင် အတွေ့အကြုံများစွာ ရှိခဲ့သော်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ဘယ်သူကများ ဒီလောက်များတဲ့ တစ်ခါသုံး တိုက်ခိုက်ရေး ပစ္စည်းတွေကို ကိုယ်ပေါ်မှာ သယ်ထားမှာလဲ
မင်းကော မတော်တဆ ပေါက်ကွဲပြီး ကိုယ့်ကိုယ်ကိုယ် သေမှာ မကြောက်ဘူးလား
ထျန်းယန်ရှန်း၏ အသက်ရှူသံများ မြန်လာသည်။ ဓားကျိုးမှာ အသင့်ဖြစ်နေပြီ ဖြစ်သော်လည်း သူ တကယ် မခုတ်ချရဲတော့ပေ။
လုချန်းကျီကမူ ခါးသီးစွာ ပြုံးလိုက်မိသည်။
"ငါ သူ့ကို အထင်ကြီးထားတာတောင် နည်းနေသေးတာပဲ။"
"ထန်ထျန်း... မင်း တောင် တောင်ထိပ်က လူတွေကို ကာကွယ်ဖို့အတွက် ကိုယ့်အသက်ကိုတောင် ဂရုမစိုက်တော့ဘူးလား" ဟု သူက မယုံကြည်နိုင်စွာ မေးလိုက်သည်။
ထန်ထျန်းကမူ ရယ်မောလျက် "အသက်ကတော့ တန်ဖိုးရှိတာပေါ့... ဒါပေမဲ့...
ယုံကြည်မှု က ပိုတန်ဖိုးရှိတယ်။"
"မိုရှောင်းရှောင်းကို ကတိပေးထားမှတော့ ငါ ဖြစ်အောင် လုပ်ရမှာပေါ့၊ မဟုတ်ဘူးလား"
သူက သူကိုယ်တိုင် သေမှာမကြောက်သည့် အချက်ကို သူများအား မပြောနိုင်သဖြင့် ဤသို့သာ အကြောင်းပြလိုက်ရသည်။
သို့သော် ဤစကားသည် အခြားသူများ၏ နားထဲတွင်မူ အလွန်ပင် ကြီးမြတ်သော စိတ်ဓာတ်အဖြစ် ရိုက်ခတ်သွားတော့သည်။
ရန်သူချင်း ဖြစ်နေသော်လည်း ၎င်းတို့မှာ ထန်ထျန်းအပေါ် အလိုလို ကြည်ညိုလေးစားစိတ်များ ဖြစ်ပေါ်လာရသည်။
တောင် တောင်ထိပ် လူတွေ မှာမူ မျက်ရည်များပင် ဝဲနေကြပြီ ဖြစ်သည်။
၎င်းတို့က ထန်ထျန်း သူတို့ဘက်တွင် ရပ်တည်ပေးခဲ့ခြင်းအတွက် အလွန်ပင် ကံကောင်းသည်ဟု ခံစားနေကြရသည်။
ထန်ထျန်းကမူ ပတ်ဝန်းကျင်မှ ထူးဆန်းသော အကြည့်များကို ဂရုမစိုက်ဘဲ အေးဆေးစွာ ဆိုသည်။
"ဆွေးနွေးကြရအောင်။"
"ငါက အကြီးအကျယ် သွေးထွက်သံယို ဖြစ်မှာကို မမြင်ချင်ရုံပဲ။"
"ဒီနေ့ ပြီးသွားရင် မင်းတို့ တခြားနေရာမှာ ဘယ်လိုပဲ တိုက်တိုက် ငါ ဝင်မပါတော့ဘူး။"
"ဘယ်လိုလဲ"
နှစ်ဖက်စလုံး၏ ရန်ငြိုးမှာ တားမရတော့မှန်း သူသိသဖြင့် ယနေ့၏ ထိပ်တိုက် သတ်ဖြတ်ပွဲကိုသာ သူ တားဆီးလိုခြင်း ဖြစ်သည်။
နောက်ပိုင်းမှာတော့...
ဘာပဲဖြစ်ဖြစ်ပေါ့။
ထန်ထျန်း၏ ကမ်းလှမ်းချက်ကို ကြားသောအခါ လုချန်းကျီ စဉ်းစားခန်း ဝင်သွားသည်။
သို့သော် ထျန်းယန်ရှန်းမှာမူ ဓားကျိုးကို ပြန်မချသေးပေ။
"ငါတို့ 'စစ်နတ်ဘုရားခန်းမ' က လူတွေ အမုန်းဆုံးက ခြိမ်းခြောက်တာပဲ"
"မင်းက သေမှာမကြောက်ဘူးဆိုရင် ငါကော ကြောက်လိမ့်မယ် ထင်လို့လား"
ထျန်းယန်ရှန်းက အံကြိတ်ကာ ဟိန်းဟောက်လိုက်ပြီး သူ၏ မျက်လုံးများမှာ တဖြည်းဖြည်း ရူးသွပ်လာသည်။
ထန်ထျန်း စိတ်ပျက်သွားသည်။ စစ်နတ်ဘုရားခန်းမက လူတွေက တကယ်ပဲ အရူးတွေပဲလား အတူတူ သေဖို့တောင် ဝန်မလေးကြဘူးလား
သို့သော် သူ ဤသို့ ဖြစ်လာမည်ကိုလည်း ကြိုတင် တွက်ဆထားပြီးသားပင်။
ဤမျှ များပြားသော "စူပါဗုံး" များကို ထုတ်ပြခြင်းမှာ တစ်ဖက်လူကို ခြိမ်းခြောက်ရန်သာမကဘဲ...
"ရပ်လိုက်ကြစမ်း"
ဟိန်းထွက်နေသော အသံကြီးတစ်ခု ဝေးရာမှ ကြားလိုက်ရသည်။
ထန်ထျန်း၏ နှုတ်ခမ်းဖျားတွင် အပြုံးလေး တစ်ခု ပေါ်လာသည်။
နောက်ဆုံးတော့... မအောင့်နိုင်တော့ဘူးပေါ့။
အသံနှင့်အတူ အစွမ်းထက်သော လူရိပ် ဆယ်ဂဏန်းခန့်က နှစ်ဖက် ထိပ်တိုက်တွေ့နေသည့် ကြားထဲသို့ ရောက်ရှိလာကြသည်။
ခေါင်းဆောင်မှာ ယွင်ခုံး ဖြစ်သည်။
၎င်းအပြင် စည်းကမ်း ထိန်းသိမ်းရေး ခန်းမမှ အကြီးအကဲ အချို့နှင့် လူစိမ်းများလည်း ပါဝင်သော်လည်း အားလုံးမှာ အလွန် အစွမ်းထက်ကြသည်။
တောင် တောင်ထိပ် သခင် ထန်ယွင်ရှန်း မှာလည်း ၎င်းတို့ထဲတွင် ပါဝင်နေသည်။
ထျန်းယန်ရှန်း မြှောက်ထားသော ဓားကျိုးနှင့် ကောင်းကင်ယံရှိ တစ်ခါသုံး တိုက်ခိုက်ရေး ရတနာများကို ကြည့်ကာ ယွင်ခုံး သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ရပ်လိုက်ကြတော့" ဟု သူက ဆိုလိုက်သည်။