← Chapters

တောင်းဆိုခြင်း

Vol. 11 Ch. 113

တောင်းဆိုခြင်း

Vol. 11 Ch. 113

​"ကျေးဇူးပြုပြီး "

​ထန်ထျန်းက မိုရှောင်းရှောင်းကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။

သူတို့နှစ်ဦး ထိုင်မိကြသောအခါ မိုရှောင်းရှောင်းက ခြံဝင်းအတွင်းရှိ အပြင်အဆင်များကို တစ်ချက်ကြည့်ကာ တိုးညှင်းစွာ ဆိုသည်။ "ဒီနေရာက ပတ်ဝန်းကျင်က တကယ်ကို ကောင်းတာပဲ။"

"စိတ်ကို တည်ငြိမ်စေပြီး ခံစားချက်တွေကို လျှော့ချပေးနိုင်စွမ်း ရှိတယ်။"

​ထန်ထျန်း လက်ဖက်ရည်ငှဲ့နေသော လက်မှာ ခဏမျှ ရပ်တန့်သွားသည်။

အဘယ်ကြောင့်ဆိုသော် သူငှဲ့ပေးနေသော လက်ဖက်ရည်မှာလည်း စိတ်ကို တည်ငြိမ်စေသော အစွမ်းရှိသောကြောင့် ဖြစ်သည်။

မိုရှောင်းရှောင်းက ယခင်ကကဲ့သို့ တည်ငြိမ်မှုမရှိဘဲ အနည်းငယ် ပျာယာခတ်နေသည်ကို သူ သတိထားမိလိုက်သည်။

​"ဒါက 'နန့်ချွမ်' ရှေးဟောင်းရေတွင်း ရဲ့ အစွမ်းပါ ။"

"ကြားဖူးတာတော့ ခရမ်းရောင်ဝါးခြံဝင်းရဲ့ မူလပိုင်ရှင် 'ဝါးတောတာအိုဆရာ ' ကိုယ်တိုင် စီစဉ်ခဲ့တာလို့ သိရတယ်။" ဟု ထန်ထျန်းက ပြောလိုက်သည်။

​"ဝါးတောတာအိုဆရာ လား..."

မိုရှောင်းရှောင်းက ရေတွင်းဟောင်း ကြီးကို ကြည့်ကာ လွမ်းဆွတ်သလိုမျိုး ဖြစ်သွားသည်။

"သူ့အကြောင်း ကျွန်မ ကြားဖူးပါတယ်။

ကျွန်မ ငယ်ငယ်တုန်းက ဝူဒင်နန်းတော်မှာ ပညာရှိတစ်ဦး ရှိခဲ့ဖူးတယ်လို့ ကြားခဲ့တယ်။ သူက သဘောကောင်းပြီး ကြင်နာတတ်သလို တပည့်တွေကိုလည်း ခွဲခြားမှုမရှိဘဲ သင်ကြားပေးခဲ့တဲ့သူပေါ့။

တပည့်တော်တော်များများက သူ့ရဲ့ ကြင်နာမှု ကို ခံခဲ့ကြရတယ်။

ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ကျွန်မ မမွေးခင်ကတည်းက သူကွယ်လွန်သွားခဲ့ပြီ။"

​ထန်ထျန်းက ခေတ္တရပ်ပြီး ဆိုသည်။ "သူက အာဏာလုပွဲကြားမှာ သေဆုံး ခဲ့ရတာလို့ ကြားဖူးတယ်။"

​မိုရှောင်းရှောင်းက သက်ပြင်းရှည်ကြီး ချလိုက်သည်။

"နောက်ဆုံးတော့လည်း အာဏာလုပွဲပါပဲ။

အရင်ကလည်း ဒီလိုပဲ၊ အခုလည်း ဒီအတိုင်းပါပဲ..."

​ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက စကားစလာသည်။ "သခင်လေးထန်... ဒီနေ့ ကျွန်မလာတာက ရှင်တစ်ခုခု ကူညီပေးဖို့ တောင်းဆိုချင်လို့ပါ။"

​ထန်ထျန်း အနည်းငယ် အံ့သြသွားကာ မေးလိုက်သည်။ "ဘာကိစ္စများလဲ"

​မိုရှောင်းရှောင်းက သက်ပြင်းထပ်ချရင်း လက်ထဲမှ လက်ဖက်ရည်ပူပူကို တစ်ကျိုက်တည်း သောက်လိုက်သည်။

"တုယွမ်ချင်း ကိစ္စကလေ..."

"ကျွန်မ လုပ်ခဲ့တာပါ။"

​ထန်ထျန်း ခဏ မျှ မှင်တက်သွားသည်။

အစကတည်းက သူ မိုရှောင်းရှောင်းကို သံသယရှိခဲ့သော်လည်း သူမကိုယ်တိုင် ဤသို့ ဝန်ခံလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အကယ်၍ သူမသာ လုပ်ခဲ့သည်ဆိုလျှင် စည်းကမ်း ထိန်းသိမ်းရေး ခန်းမက လူသတ်သမားကို ရူးမတတ် လိုက်ရှာနေစဉ်မှာ သူမက ဘာကြောင့် ဒီမှာ ဘေးကင်းစွာ ရှိနေနိုင်ရသနည်း။

နောက်ကွယ်မှာ တခြားအကြောင်းအရင်း ရှိသေးသလား

​"ကျွန်မ အကွက်ဆင်ခံလိုက်ရတာ။"

မိုရှောင်းရှောင်းက ဆက်ပြောသည်။ "ကျွန်မက ထျန်ဖုန်း ကတစ်ဆင့် တုယွမ်ချင်းဆီ သတင်းတချို့ ပေးပို့ခဲ့တာတော့ မှန်ပါတယ်။

တန်းယွမ်ကုန်သွယ်ရေးအသင်း ရဲ့ ရှယ်ယာခွဲဝေမှုမှာ ထျန်းယန်ရှန်းကို အခက်တွေ့အောင် လုပ်ဖို့ပေါ့။

ဒါပေမဲ့... ဒီအထိပဲ

သူ့ကိုသတ်ဖို့ ကျွန်မ ဘယ်သူ့ကိုမှ အမိန့်မပေးခဲ့သလို၊ ကိစ္စတွေ အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့လည်း မထင်ထားခဲ့ဘူး။"

"တစ်ယောက်ယောက်က ကျွန်မကို အသုံးချပြီးတော့ ဒီလို သွေးချောင်းစီးတဲ့ စစ်ပွဲကြီးကို ဖန်တီးလိုက်တာပဲ"

​ထန်ထျန်း အံ့အားသင့်သွားရသည်။

သူ မိုရှောင်းရှောင်းကို သံသယရှိခဲ့ခြင်းမှာ တုယွမ်ချင်း သေဆုံးခြင်းကြောင့် လုချန်းကျီနှင့် ထျန်းယန်ရှန်းတို့ အပြန်အလှန် တိုက်ခိုက်ကြရာတွင် မိုရှောင်းရှောင်းက တစ်ဦးတည်းသော အကျိုးအမြတ်ရသူ ဖြစ်နေသောကြောင့်ပင်။

သို့သော် အခုတော့ ထိုသို့ မဟုတ်ပုံရပေ။

အကယ်၍ မိုရှောင်းရှောင်း ပြောသလိုသာ မှန်ပါက နောက်ကွယ်မှ ကြိုးကိုင်သူမှာ အလွန်ပင် နက်နဲလှသည်။

​"ဒါဆို... ထျန်းဖုန်းက မင်း ရဲ့လူပေါ့" ဟု ထန်ထျန်းက မေးသည်။

​မိုရှောင်းရှောင်းက ခေါင်းညိတ်လိုက်သော်လည်း ချက်ချင်းပင် ပြန်ခါယမ်းသည်။

"အရင်ကတော့ ဟုတ်တယ်လို့ ထင်ခဲ့တာပဲ၊ အခုတော့ မသေချာတော့ဘူး။

ဘာလို့လဲဆိုတော့ ကျွန်မ အကျဉ်းချခံထားရတုန်းမှာ သူ ပျောက်သွားလို့ပဲ။"

​ထန်ထျန်း ကြောင်သွားသည်။ "သူက အစကတည်းက ပျောက်နေတာ မဟုတ်ဘူးလား"

​မိုရှောင်းရှောင်းက ရှင်းပြသည်။ "ပထမအကြိမ် ပျောက်သွားတာက ကျွန်မ စီစဉ်ထားတာ

ကိစ္စတွေ ပြီးသွားရင် သူ့ကို ကျွန်မရဲ့ မိသားစုထဲ ခေါ်ပေးမယ်လို့ ကတိပေးထားလို့လေ။

ဒါပေမဲ့ ကျွန်မ ဘာမှမလုပ်ရသေးခင်မှာပဲ တုယွမ်ချင်း သေသွားပြီး လူတိုင်းက သူ့ကို လိုက်ရှာတော့တာပဲ။

မတတ်သာလို့ သူ့ကို လျှို့ဝှက်တဲ့နေရာတစ်ခုမှာ ခဏ ပုန်းခိုင်းထားခဲ့ရတယ်။

ဒါပေမဲ့ ကျွန်မ အကျဉ်းချခံရတာ ပြီးလို့ သွားရှာတဲ့အခါမှာတော့ သူ့ကို ဆက်သွယ်လို့ မရတော့ဘူး။"

​ထန်ထျန်း နားထင်ကို ပွတ်လိုက်မိသည်။

ဤအားပြိုင်မှုကြီးက အလွန်ပင် ရှုပ်ထွေးလွန်းလှသည်။

တစ်ယောက်ချင်းစီက နောက်ကွယ်မှာ ပုန်းနေပြီး တစ်ကမ္ဘာလုံးကို ကစားနေကြသည်။

ဒုဂိုဏ်းချုပ် နေရာလေးတစ်ခုအတွက် ဒီလောက်အထိ ကြိုးစားအားထုတ်နေကြရသလား။

​"ထျန်းဖုန်းက ကျွန်တော့်ကို တမင် ရန်စခဲ့တာကော... မင်းခိုင်းတာ မဟုတ်ဘူးလား" ဟု ထန်ထျန်းက မေးလိုက်သည်။

​မိုရှောင်းရှောင်း ကြောင်သွားပြီးမှ သက်ပြင်းချသည်။ "ကြည့်ရတာ... သူက ကျွန်မဘက်တော်သား တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးပဲ။"

​ထန်ထျန်း တိတ်ဆိတ်သွားသည်။ ၎င်းမှာ ငြင်းဆိုလိုက်ခြင်းပင်။

သို့ဆိုလျှင် မည်သူက လုပ်ဆောင်ခဲ့ပြီး မည်သည့်ရည်ရွယ်ချက် ရှိသနည်း။

ဤကိစ္စကို လုပ်ဆောင်သူသည်သာ စစ်မှန်သော နောက်ကွယ်မှ ကြိုးကိုင်သူ ဖြစ်လိမ့်မည်ဟု သူ ခံစားနေရသည်။

​"ကျွန်မ မကြာခင် ထွက်သွားရ တော့မယ်လို့ ခံစားနေရတယ်" ဟု မိုရှောင်းရှောင်းက ရုတ်တရက် ဆိုသည်။

​ထန်ထျန်း ရေသီးသွားကာ အံ့သြတကြီး မေးလိုက်သည်။ "ဘာလို့ အဲလိုပြောတာလဲ

မင်း ဒီကို ရောက်နေတာက သူတို့မှာ ခိုင်လုံတဲ့ သက်သေမရှိလို့ မဟုတ်ဘူးလား"

​မိုရှောင်းရှောင်းက ခေါင်းခါသည်။ "အဲဒီလူက အစကတည်းက စနစ်တကျ စီစဉ်ခဲ့တာ။

ထျန်းဖုန်း၊ တုယွမ်ချင်း သေတာ၊ ကွမ်းမိသားစု အသတ်ခံရတာ... အားလုံးက ကျွန်မနဲ့ ပတ်သက်နေသလိုပဲ။

အကယ်၍ သူတို့သာ ထျန်းဖုန်းကို ရှာတွေ့သွားရင် သက်သေတွေက အကုန် စုံသွားလိမ့်မယ်။

အဲဒီအခါကျရင် ကျွန်မက ဒီတိုက်ပွဲမှာ ပထမဆုံး ထွက်ရမယ့်သူ ဖြစ်သွားလိမ့်မယ်။"

​ထန်ထျန်း ဘာပြောရမှန်း မသိတော့ပေ။

ထျန်းယန်ရှန်းနှင့် လုချန်းကျီတို့ တိုက်ခိုက်နေကြသော်လည်း မိုရှောင်းရှောင်းက အရင်ဆုံး ထွက် တော့မည်ဆိုသည်မှာ တကယ့်ကို ထူးဆန်းလှသည်။

​"ဒါဆို မင်း ဘာလုပ်ဖို့ စိတ်ကူးလဲ"

​မိုရှောင်းရှောင်းက ထန်ထျန်းကို စိုက်ကြည့်သည်။ "ကျွန်မ ဒီနေ့ လာတာကလည်း အဲဒီအတွက်ပဲ

ကျွန်မသာ စောစောစီးစီး ထွက်သွားရမယ်ဆိုရင် တောင်ဘ တောင်ထိပ် က ကျွန်မရဲ့ တပည့်တွေဟာ တခြားလူတွေရဲ့ တိုက်ခိုက်မှုကို ခံရတော့မှာပဲ။

သူတို့ရဲ့ စရိုက်အရ သူများလက်အောက်မှာ အရှုံးပေးမယ့်သူတွေ မဟုတ်ဘူး၊

အဲဒီအခါကျရင် သွေးချောင်းစီးတဲ့ သတ်ဖြတ်ပွဲတွေ ဖြစ်လာလိမ့်မယ်။"

​"ကျွန်မ သူတို့ကို ဒီအာဏာလုပွဲမှာ အသေမခံချင်ဘူး။ ဒါကြောင့်..."

"ကျွန်မ ထွက်သွားပြီးတဲ့နောက် တောင် တောင်ထိပ်ကို ကာကွယ်ပေးဖို့ ရှင့်ကို တောင်းဆိုချင်ပါတယ်။"

​သူမက ထန်ထျန်းကို လေးနက်တည်ကြည်စွာ စိုက်ကြည့်နေသည်။

ထန်ထျန်းကမူ ကြောင်တောင်တောင် ဖြစ်သွားရသည်။

ဒီကိစ္စက ဘယ်လိုဖြစ်ပြီး သူ့ဆီ ရောက်လာရသနည်း။

သူတို့နှစ်ဦးက ထိုမျှအထိ မရင်းနှီးကြပေ။

​"ဒါက မသင့်တော်ဘူး ထင်တယ်နော်" ဟု ထန်ထျန်းက ဆိုသည်။

​မိုရှောင်းရှောင်းက ခေါင်းခါသည်။ "လက်ရှိ ဂိုဏ်းရဲ့ အခြေအနေအရ တောင် တောင်ထိပ်ကို ကာကွယ်ပေးနိုင်တဲ့လူ များများစားစား မရှိဘူး။

တုယွမ်ချင်းနဲ့ ကွမ်းမုန့်က သေသွားပြီ။

ကျင်းဟန်မှာတော့ အဲဒီလောက် အရည်အချင်း မရှိဘူး။

လုချန်းကျီနဲ့ ထျန်းယန်ရှန်းကိုတော့ ကျွန်မ လုံးဝ မယုံကြည်ဘူး။

ဒါကြောင့် အသင့်တော်ဆုံးလူက သခင်လေးထန် တစ်ယောက်ပဲ ရှိတယ်။"

​ထန်ထျန်း နှာခေါင်းကို ပွတ်လိုက်မိသည်။ နားထောင်ကြည့်လျှင်တော့ ဟုတ်သလိုလိုပင်။

သို့သော် ၎င်းမှာ အလွန်ပင် ခက်ခဲပြီး အကျိုးမရှိသော အလုပ်တစ်ခု ဖြစ်နေသည်။

​သို့သော် မိုရှောင်းရှောင်းက ဆက်ပြောသည်။ "ကျွန်မတို့ရဲ့ ခင်မင်မှုက ဒီလို အခက်အခဲကြီးကို လက်ခံဖို့ မလုံလောက်ဘူးဆိုတာ ကျွန်မ သိပါတယ်။

ရှင် တောင် တောင်ထိပ်က လူအားလုံးကို ကာကွယ်ပေးဖို့ မလိုပါဘူး။ အဓိက လူတွေကို ထိန်းထားပေးပြီး သူတို့ အချင်းချင်း အကြီးအကျယ် တိုက်ပွဲ မဖြစ်အောင် တားပေးရင် ရပါပြီ။"

​"အကယ်၍ ရှင် ဒီတောင်းဆိုချက်ကို လက်ခံမယ်ဆိုရင် တောင် တောင်ထိပ်က ဒီနှစ်တွေအတွင်း စုဆောင်းထားတဲ့ အရင်းအမြစ်အားလုံးကို ရှင် အာဏာလုပွဲမှာ သုံးဖို့အတွက် ပေးပါ့မယ်။

ရှင် နောက်ပိုင်း ဝူဒင်နန်းတော် ကို ရောက်တဲ့အခါ မိုမိသားစု က ရှင့်ရဲ့ အခိုင်မာဆုံး နောက်ခံ ဖြစ်လာစေရမယ်။

ရှင် ဝူဒင်နန်းတော်မှာ လမ်းကြောင်းဖြောင့်ဖြောင့် သွားနိုင်ဖို့ ကျွန်မရဲ့ မိသားစု အင်အားနဲ့ အစွမ်းကုန် ကူညီပေးပါ့မယ်။"

​"ရှင်က အစောပိုင်း အခြေအနေကို ထိန်းပေးထားရုံပါပဲ။

နှစ်ကုန်ပိုင်းမှာ ကျွန်မ ပြန်လာပြီး အရာအားလုံးကို ဖြေရှင်းပါ့မယ်"

​ကမ်းလှမ်းချက်အားလုံးမှာ ထန်ထျန်း၏ ရှေ့သို့ ရောက်လာသည်။

အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။

ဒုဂိုဏ်းချုပ် နေရာကို ထားလိုက်ဦး၊ မိုမိသားစု၏ ထောက်ပံ့မှုသာ ရရှိလျှင် ဝူဒင်နန်းတော်သို့ ရောက်သောအခါ အလွန်ပင် အဆင်ပြေပေလိမ့်မည်။

မိုမိသားစုမှာ ဝူဒင်နန်းတော်တွင် အထက်တန်းလွှာထဲ၌ ပါဝင်သောကြောင့် ဖြစ်သည်။

ပြီးတော့ သူက အစောပိုင်း အခြေအနေကို ခေတ္တထိန်းပေးရုံသာ မဟုတ်ပါလား။

​ခဏမျှ စဉ်းစားပြီးနောက် ထန်ထျန်းက စိတ်ဝင်စားသွားတော့သည်။

All Chapters