← Chapters

အခန်း (၁၆၂)

Vol. 16 Ch. 162

အခန်း (၁၆၂)

Vol. 16 Ch. 162

လင်းယောင်အာအတွက် ရွှေဒင်္ဂါး တစ်သိန်းတန် ခရမ်းရောင်ရွှေကတ်ကို မြင်ရခြင်းက အံ့ဩစရာဆိုလျှင် ယွင်ရှန်း ပေးအပ်လိုက်သော ဝယ်ယူရမည့် ပစ္စည်းစာရင်းကို မြင်လိုက်ရချိန်တွင်မူ သူမ လုံးဝ မှင်တက်သွားရတော့သည်။

ယွင်ရှန်း၏ နောက်ခံသမိုင်းကြောင်းကို အသေအချာ မသိရသေးသော်လည်း သူမ၏ အံ့ဖွယ်ဆေးပညာနှင့် ဆေးဖော်စပ်နိုင်စွမ်းအရ ချမ်းသာကြွယ်ဝနေခြင်းမှာ ဖြစ်နိုင်ချေရှိသော်လည်း ဤဝယ်ယူရမည့် ပစ္စည်းများမှာမူ အဓိပ္ပာယ်ဖော်ရ အလွန်ခက်ခဲလွန်းလှသည်။

"မှော်မှတ်ဉာဏ် အလင်းဝင်ရိုးအလွတ် ၅၀၀၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ကြက်ဥနဲ့ ကျောက်ခဲ ဆယ်တောင်းစီ၊ စာရေးဆရာနဲ့ ပုံပြောကောင်းသူ ဆယ်ယောက်စီ၊ စက္ကူချပ်ရေ ငါးထောင်နဲ့ သားရဲသွေး မင်ရည်တွေ..."

ဤသည်မှာ ယွင်ရှန်းက လင်းယောင်အာကို ပေးခဲ့သည့် ထူးဆန်းအံ့သြဖွယ် ဝယ်ယူရမည့် စာရင်းပင်။

လင်းယောင်အာသည် တောက်ယဲ့တောင်တွင် ကြီးပြင်းလာသူဖြစ်ရာ မြို့တွင်းရှိ အဆက်အသွယ်များကို ကောင်းစွာသိရှိသူ ဖြစ်သည်။ သူမသည် ယွင်ရှန်း ဘာလုပ်မည်ကို နားမလည်သော်လည်း ပါးနပ်စေ့စပ်သူဖြစ်သည့်အတိုင်း နေမဝင်မီမှာပင် ထိုပစ္စည်းအားလုံးကို အသက်သာဆုံးဈေးနှုန်းများဖြင့် ဝယ်ယူပေးနိုင်ခဲ့သည်။

ထိုညတွင် ယွင်ရှန်းသည် ငှားရမ်းထားသော ပုံပြောသူများနှင့် စာရေးဆရာများကို တစ်ညလုံး မအိပ်မနေ ခိုင်းစေခဲ့ပြီး နောက်တစ်နေ့ မိုးလင်းသည်နှင့် သူတို့အားလုံး မြို့ထဲသို့ ပြန့်ထွက်သွားကြတော့သည်။

နှစ်ရက်တိုင်တိုင် ဟွမ်ထိန်အဖွဲ့သား သုံးယောက်မှာ တံခါးပိတ် ကျင့်ကြံနေကြစဉ်အတွင်း ယွင်ရှန်းကို မည်သည့်နေရာတွင်မှ မတွေ့ရပေ။ သန်ဘက်ခါ မွန်းတည့်ချိန်ကျမှသာ စိတ်ဓာတ်တက်ကြွနေသော ဟွမ်ထိန်အဖွဲ့သား သုံးဦးနှင့် အိပ်ရေးမဝဘဲ ငိုက်စိုက်ငိုက်စိုက် ဖြစ်နေသော ယွင်ရှန်းတို့ ပြန်လည် ဆုံတွေ့ကြတော့သည်။

"ဒီနေ့ပွဲက ငါတို့ ဟွမ်ထိန်အဖွဲ့အတွက် အရေးကြီးဆုံးပဲ။ ဒါပေမဲ့ တစ်ခုတော့ မှတ်ထားကြပါ။ တောင်ပေါ်မှာ သစ်တောကျန်သေးသရွေ့ ထင်းအတွက် ပူစရာမလိုဘူးဆိုသလိုပဲ ပြိုင်ပွဲမှာ ဘယ်သူမှ မဆင်မခြင် မလုပ်ကြနဲ့။ အထူးသဖြင့် ယွင်ရှန်းရဲ့ ဘေးကင်းရေးကို အဓိကထားကြ"

ဖန်းကုက အဖွဲ့ခေါင်းဆောင်ပီပီ လေးနက်စွာ ပြောကြားလိုက်သည်။

ခက်ခဲသော တာဝန်များကို ထမ်းဆောင်စဉ်ကပင် ဤမျှအထိ သူ မလေးနက်ခဲ့ဖူးပေ။ အကြောင်းမှာ သူတို့ ရင်ဆိုင်ရမည့် ဟေးဟုအဖွဲ့သည် မိစ္ဆာသားရဲများထက် အဆပေါင်းများစွာ ပို၍ ရက်စက်ကြမ်းကြုတ်ကြောင်း သူ ကောင်းစွာ သိထားသောကြောင့်ပင်။

"ဟုတ်ကဲ့ပါ ခေါင်းဆောင်"

ကျန်ရှိသူ သုံးဦးက ညီညာစွာ ပြန်လည် ထူးလိုက်ကြလေသည်။

ဝမ်ရန်ရွှီသည် ယွင်ရှန်းအား မျက်စပစ်ပြကာ ငွေအားလုံးကို ပုံအောလောင်းခဲ့ပြီလားဟု အရိပ်

အကဲဖြင့် မေးမြန်းလိုက်ရာ ယွင်ရှန်းက ခပ်ပြုံးပြုံးဖြင့်ပင် ခေါင်းညိတ်ပြလိုက်သည်။

သူတို့ လေးဦးမှာ အသင့်ပြင်ဆင်ပြီးနောက် တည်းခိုခန်းမှ ထွက်ခွာကာ မုဆိုးလက်ဝှေ့ကွင်းဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ဘေးမှ ကြည့်ရှုသူများရော ထိုနေ့၌ပင် ပြိုင်ပွဲဝင်မည့် အခြားမုဆိုးများပါ သူတို့ကို မြင်သည်နှင့် လိုက်လျောညီထွေစွာ ခေါင်းညိတ်နှုတ်ဆက်ကြသဖြင့် အဖွဲ့သားအားလုံးမှာ အံ့အားသင့်နေကြတော့သည်။

ဟွမ်ထိန်အဖွဲ့သားများမှာ ဘယ်အချိန်ကစပြီး ဤမျှအထိ ရေပန်းစားသွားကြတာလဲ။

"ဟွမ်ထိန်... ငါတို့ မင်းတို့ကို ယုံကြည်တယ်နော်"

"ဟွမ်ထိန်... အားတင်းထားစမ်းပါ။ ဟိုးဟောက်ချင်က ရောက်လာတဲ့ ဟေးဟု လူရမ်းကားတွေကို သူတို့မိဘတွေတောင် ပြန်မမှတ်မိနိုင်လောက်အောင် အလဲထိုးပစ်ခဲ့စမ်းပါ"

"ဟွမ်ထိန်... မဟာကျိုးနိုင်ငံက မုဆိုးတွေရဲ့ ဂုဏ်သိက္ခာဟာ အခုတော့ မင်းတို့လက်ထဲမှာပဲ ရှိတော့တယ်"

နောက်ဆုံးတွင် ဝါရင့်မုဆိုးအချို့မှာ ဟွမ်ထိန်အဖွဲ့အား အားပေးစကားပြောရန် ကိုယ်တိုင်ပင် အနားသို့ ရောက်လာကြလေသည်။

"ပြောစမ်းပါဦး... ငါတို့ တံခါးပိတ်ကျင့်ကြံနေတာ ရက်ပိုင်းပဲရှိသေးတယ်။ ငါ ပိုပြီးချောသွားလို့လား။ ဘာလို့ လူတွေက ငါ့ကို ဒီလောက်တောင် ဝိုင်းကြည့်နေကြတာလဲ။ တကယ်ကို အားနာစရာကြီး"

ဝမ်ရန်ရွှီက မှန်ထုတ်ကြည့်ချင်စိတ်ကို မနည်းထိန်းထားရရှာသည်။ သူကိုယ်တိုင်မှာ ချောမောသည်ဟု ယူဆထားသဖြင့် အမျိုးသမီးမုဆိုးများ၏ မျက်စပစ်ပြခြင်းနှင့် အနမ်းပေးခြင်းခံရသည်မှာ ပုံမှန်ဖြစ်သော်လည်း အဘိုးကြီးများကပါ လာရောက်ကြင်နာပြနေခြင်းမှာ အလွန်ပင် ထူးဆန်းနေပေသည်။

"နင့်ရုပ်ရည်နဲ့ ဘာမှမဆိုင်ဘူး။ အဖြေက ဒီမှာရှိတယ်"

မူနန်ယန့်က ပြောကာ စောစောက မုဆိုးတစ်ဦး ပေးသွားသည့် စက္ကူတစ်ရွက်ကို လှမ်းပြလိုက်သည်။

"ဟေးဟု မုဆိုးအဖွဲ့... သားရဲစိတ်ဓာတ်ရှိသော မုဆိုးများ မဟာကျိုးနိုင်ငံ မုဆိုးအားလုံး၏ ဘုံရန်သူ"

ခေါင်းကြီးပိုင်းတွင် ရဲရင့်သော စာလုံးများဖြင့် ရေးသားထားပြီး ၎င်းနောက်တွင် ဟေးဟုအဖွဲ့ဝင် လေးဦး၏ ယုတ်မာမှုများကို ဒဏ္ဍာရီဆန်ဆန် ဝတ္ထုတစ်ပုဒ်ကဲ့သို့ သားရဲသွေးမင်ရည်ဖြင့် ရေးသားထားသော ဝါဒဖြန့်စက္ကူတစ်ရွက် ဖြစ်နေသည်။

သူတို့ တောက်ယဲ့တောင်သို့ ရောက်ရှိလာချိန်မှစ၍ ပြိုင်ပွဲတိုင်းတွင် လူသေစေသည်အထိ ရက်စက်ခဲ့ပုံများ၊ ဟေးညီအစ်ကိုများ ငယ်စဉ်ကတည်းက ကြက်ခိုး၊ ခွေးခိုးလုပ်ခဲ့ပုံများမှစ၍ အိုမင်းမစွမ်းသူများ၊ အမျိုးသမီးနှင့် ကလေးငယ်များကို လိမ်ညာနှိပ်စက်ခဲ့ပုံများအထိ အသေးစိတ် ကွက်ကွက်ကွင်းကွင်း ရေးသားထားခြင်းပင်။

ဤစာကို ရေးသားသူမှာ ကလောင်စွမ်း အလွန်ထက်မြက်လှသည်။ ဖတ်လိုက်ရသူတိုင်းမှာ ဟေးဟုအဖွဲ့အပေါ် အံကြိတ်နာကျည်းသွားရကာ တိရစ္ဆာန်များပင် မြင်လျှင် ဟိန်းဟောက်ကြမည့်အထိ ဖြစ်ရပ်များကို အရှိအတိုင်း ရေးသားနိုင်ခဲ့လေသည်။

"ဒါတင်မကသေးဘူး။ အရက်သောက်ဆိုင်တွေတည်းခိုခန်းတွေနဲ့ ဈေးတွေထဲမှာပါ ပုံပြောသူတွေက ဟေးဟုအဖွဲ့ရဲ့ ယုတ်မာမှုတွေကို အသံကောင်းဟစ် ပြောနေကြတယ်လို့ ကြားတယ်။ တချို့ကဆိုရင် ဒီတစ်ခါ ဟောက်ချင်နိုင်ငံက ဟေးဟုအဖွဲ့ တောက်ယဲ့တောင်ကို လာတာဟာ အကဲဖြတ်ခံဖို့တင်မကဘဲ မဟာကျိုးနိုင်ငံရဲ့ အမာခံမုဆိုးတွေကို နှိမ်နင်းဖို့ လာတာလို့တောင် ပြောနေကြတယ်"

ဖန်းကုက သူရရှိထားသော သတင်းအသစ်များကို ထပ်မံပြောပြသည်။

ဟေးဟုအဖွဲ့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များက လက်တွေ့မျက်မြင်ဖြစ်နေသည်မှာ တစ်ကြောင်း ပျံ့နှံ့နေသော ကောလာဟလများက တစ်ကြောင်း ပေါင်းစပ်သွားသည့်အခါ တောက်ယဲ့တောင်ရှိ မုဆိုးများမှအစ သာမန်အရပ်သားများအထိ ဟေးဟုအဖွဲ့အပေါ် အကြီးအကျယ် ရွံရှာမုန်းတီးသွားကြတော့သည်။

အခြားတစ်ဖက်တွင်မူ အရင်းအမြစ်မသိရသော ဤကောလာဟလများကြောင့် ပြင်ပလောင်းကစားဒိုင်များတွင် ဟွမ်ထိန်နှင့် ဟေးဟုတို့၏ အဆနှုန်းမှာ ပိုမိုမြင့်တက်လာခဲ့သည်။ ဟေးဟုအဖွဲ့သည် ကွင်းအတွင်း၌ လူသတ်ပွဲကျင်းပလိမ့်မည်ဟု ခန့်မှန်းကြသဖြင့် မူလက တစ်ဆလျှင် ငါးဆရှိသော အဆနှုန်းမှာ တစ်ဆလျှင် ခုနစ်ဆအထိ ထိုးတက်သွားခဲ့သည်။

လူထု၏ ထောက်ခံမှုနှင့် လောင်းကစားအဆနှုန်း သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်နေသော ဤဖြစ်ရပ်မှာ လက်ဝှေ့ကွင်းသမိုင်းတွင် ပထမဆုံးပင်။ ဤအခြေအနေသည် မုဆိုးသမဂ္ဂ၏ အာရုံစိုက်မှုကိုပင် ရရှိခဲ့သည်။ မုဆိုးမြို့တော် စတင်တည်ထောင်ကတည်းက မည်သည့်မုဆိုးအဖွဲ့မျှ ဤမျှအထိ အမုန်းပွားခြင်း မခံခဲ့ရဖူးပေ။

လူတွေက ဟေးဟုကို မုန်းတီးလေလေ ဟွမ်ထိန်ကို ပိုမိုထောက်ခံလေလေ ဖြစ်လာသည်။ သူရဲကောင်းများသဖွယ် ဝိုင်းဝန်းအားပေးမှုများကြားမှ ဟွမ်ထိန်အဖွဲ့သားများသည် ကွင်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ယွင်ရှန်းမှလွဲ၍ ကျန်အဖွဲ့သား သုံးဦးမှာ အနည်းငယ် ဇဝေဇဝါဖြစ်နေသော်လည်း ပြိုင်ပွဲစတင်တော့မည်ဖြစ်၍ အာရုံစူးစိုက်မှုကို ပြိုင်ပွဲဆီသို့သာ အပြည့်အဝ ပြောင်းလဲလိုက်ကြသည်။

ဟေးဟုအဖွဲ့သည်လည်း ပြီးခဲ့သောရက်များအတွင်း အပြင်းအထန် လေ့ကျင့်နေခဲ့ကြသည်။ ဟေးတာ၏ အမြင်တွင် ဟွမ်ထိန်အဖွဲ့သည် တောကျားအဖွဲ့ထက် ပို၍ လက်ဝင်သည်။ တစ်ဖက်အဖွဲ့တွင် အရုပ်မလေး ဆင့်ခေါ်သူဟူသော အားနည်းချက်ရှိနေသော်လည်း ဖန်းကုနှင့် ဝမ်ရန်ရွှီတို့၏ ပေါင်းစပ်မှုနှင့် မူနန်ယန့်၏ မှော်အကူအညီမှာ ကြီးမားသော ခြိမ်းခြောက်မှုများ ဖြစ်သည်။

သူတို့သည် ထိုသုံးဦး၏ အားနည်းချက်များကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။ သို့သော် မည်သူမျှ ယွင်ရှန်းကိုမူ လေ့လာခြင်းမပြုခဲ့ကြပေ။ အကြောင်းမှာ သူမက ငယ်လွန်းသည်မှာ တစ်ကြောင်း ယခင်ပွဲများတွင် သူမက တစ်ချက်ကလေးမျှ မလှုပ်ရှားခဲ့သဖြင့် လေ့လာရန် အချက်အလက်မရှိခြင်းက တစ်ကြောင်းတို့ကြောင့် ဖြစ်သည်။ ထို့ကြောင့် ယွင်ရှန်းမှာ သူတို့အတွက် မမြင်ရသည့်အရာတစ်ခု ဖြစ်နေခဲ့သည်။

ညီအစ်ကို လေးယောက်မှာ ဟွမ်ထိန်ကို အနိုင်ယူရန် အသေအချာ ပြင်ဆင်လာခဲ့ကြသော်လည်း ကွင်းသို့ ရောက်ရှိလာချိန်တွင် အခြေအနေတစ်ခုခု လွဲမှားနေသည်ကို သတိပြုမိလိုက်သည်။ လမ်းတစ်လျှောက်ရှိ လူတိုင်းက သူတို့ကို ကြည့်နေပုံမှာ သူတို့၏ ဇနီးမယားနှင့် သားသမီးများကို ခိုးယူသွားသူများအား ကြည့်သကဲ့သို့ စူးစိုက်ကြည့်နေကြခြင်းပင်။

"အစ်ကိုကြီး... ဘေးကလူတွေ ကြည့်ရတာ တစ်မျိုးပဲနော်။ ကျွန်တော်တို့ကို အပိုင်းပိုင်း ဆွဲဖြတ်ချင်နေကြသလိုပဲ"

ဆင့်ခေါ်သူဖြစ်၍ အကဲခတ်အကောင်းဆုံးဖြစ်သော ဟေးစီက ပြောလိုက်သည်။ စိုက်ကြည့်ရုံဖြင့် သေစေနိုင်ပါက သူတို့ညီအစ်ကို လေးယောက်မှာ ယခုအချိန်တွင် အပေါက်ပေါင်း ဗရပွ ဖြစ်နေပေလိမ့်မည်။

"နင်က အတွေးများနေတာပါ သူတို့က အရေးမပါတဲ့ လူတွေပါ"

ဟေးတာက ဂရုမစိုက်စွာ ပြောလိုက်သည်။ သူတို့ လက်ဝှေ့ကွင်းထဲသို့ လှမ်းဝင်လိုက်စဉ်မှာပင် ဟေးတာသည် သူ၏ဦးခေါင်း နောက်ဘက်တွင် အေးစိမ့်သွားသလို ခံစားလိုက်ရပြီး တစ်စုံတစ်ခုက သူ၏ နဖူးကို လာမှန်သွားလေတော့သည်။

All Chapters