ကောင်းကင်ကပ်ဘေးဆေးလုံး ရရှိခြင်း၊ ‘မိုးကြိုးကပ်ဘေးကူ’ကို သန့်စင်ခြင်း(၂)။
Vol. 26 Ch. 302
"အကြီးအကဲချီ... အဲ့ဒါဆိုရင်၊ နောက်ထပ် ဖြစ်နိုင်ချေတစ်ခု ရှိပါသေးတယ်…"
"လူသတ်သမားက သူတော်စင်အမွေဆက်ခံသူ ချီယုံချင်းနဲ့ အခြားသူတွေကို ရုတ်တရက် ထိန်းချုပ်လိုက်ပြီးတော့… ကိုယ်စားအပြစ်ခံမယ့်သူတစ်ယောက်ကို ထိုးကျွေးလိုက်တာ ဖြစ်နိုင်တယ်…"
"ပြီးတော့ အပြစ်ခံမယ့်သူက သူတော်စင်အမွေဆက်ခံသူချီ နဲ့ အခြားသူတွေကို သတ်လိုက်တာပဲ…"
"နောက်တစ်စက္ကန့်မှာ… လူသတ်သမား အစစ်အမှန်က အပြစ်ခံမယ့်သူကို သတ်လိုက်တော့… စိတ်ဝိညာဉ်ဆွဲဆောင်သူက လူသတ်သမား အစစ်အမှန်အပေါ် မကျရောက်တော့ဘူးပေါ့…"
ရွှေအမြုတေအဆင့် ကြိးကြပ်ရေးမှုးက ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်တစ်ခုကို ပေးလိုက်သည်။ ဤသည်မှာ လူသတ်မှုကျူးလွန်ပြီးနောက် ချက်ချင်း သေဆုံးသွားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။
"ဟုတ်တယ်.. အဲ့ဒါ ဖြစ်ရမယ်…"
"တရားခံက စိတ်ဝိညာဉ်ဆွဲဆောင်သူရဲ့ အစွမ်းကို ကြိုသိထားမှာ သေချာတယ်…"
"ဒါကြောင့်… သူ ကြိုတင် ပြင်ဆင်မှုတွေ သေချာပေါက် လုပ်ထားမှာပဲ.. ဒါက ငါ့သားကို သတ်ဖို့ ရည်ရွယ်ချက်နဲ့ တွက်ချက်ထားတဲ့ အစီအစဉ်တစ်ခုပဲ…"
ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးချီဟန် ဒေါသထွက်နေသည်။
သူ့တွင် မျိုးဆက်များစွာ ရှိသော်လည်း၊ ချီယုံချင်းသာလျှင် အမှန်တကယ် အလားအလာ ရှိသူ ဖြစ်သည်။
ယခု ချီယုံချင်းတစ်ယောက် အသတ်ခံလိုက်ရပြီ ဖြစ်ရာ၊ သူ၏ ဒေါသကို သိသာထင်ရှားစွာ မြင်တွေ့နေရသည်။ ရန်သူကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်စိတ် အပြည့် ဖြစ်နေသည်။
ကံမကောင်းစွာဖြင့်၊ သူ ဒေါသများဖြင့် ပြည့်နှက်နေလျှင်ပင်၊ မည်သည့် ထူးခြားမှုမျှ ရှိလာမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် လူသတ်သမား ဘယ်မှာ ရှိနေသည်ကို ရိုးရှင်းစွာ ရှာမတွေ့နိုင်သောကြောင့် ဖြစ်သည်။
"အကြီးအကဲချီ... သူတော်စင်အမွေဆက်ခံသူချီက ဘာလို့ ဝူကျိမဟာမိတ်အဖွဲ့ရဲ့ နယ်မြေကို သွားခဲ့လဲ ဆိုတာ သိပါသလား…"
"သူတော်စင်အမွေဆက်ခံသူချီရဲ့ ရည်ရွယ်ချက်ကို သိရင်.. ကျွန်တော်တို့ လူသတ်သမားကို ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်ပါလိမ့်မယ်…"
ရွှေအမြုတေ ကြီးကြပ်ရေးမှုးက မေးလိုက်သည်။
"ငါလည်း မသေချာဘူး.. ယုံချင်းက ငါ့ကို ဘယ်တုန်းကမှ မပြောပြခဲ့ဘူး…"
ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးချီဟန်က ခေါင်းခါလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လုံးဝ ပုံမှန်သာ ဖြစ်သောကြောင့်ပင်။ မည်သို့ပင်ဖြစ်စေ၊ ချီယုံချင်း၏ ရည်ရွယ်ချက်မှာ ကောင်းကင်မိစ္ဆာဂိုဏ်း၏ သူတော်စင်အမျိုးသမီး ချူတျဲယီကို အရှင်လတ်လတ် ဖမ်းဆီးရန် ဖြစ်သည်။
ထိုကဲ့သို့သော စစ်ဆင်ရေးသည် လွန်စွာ အကဲဆတ်လှပြီး၊ အလွယ်တကူ အပေးအယူ လုပ်၍မရနိုင်ပေ။ သတင်း ပေါက်ကြားသွားသည်နှင့်၊ သူ့အဖေပင်လျှင် သူ့ကို ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။
သူနှင့်အတူ လိုက်ပါသွားသော ရွှေအမြုတေဆရာသခင် သုံးဦးမှလွဲ၍၊ ချီယုံချင်း ဘာလုပ်ရန် ရည်ရွယ်ထားသည်ကို အခြား မည်သူမျှ မသိကြပေ။
ကိစ္စပြီးမြောက်ပြီး သူ ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းရန် အခွင့်အရေး ယူနိုင်မှသာ ဖြစ်နိုင်ပေမည်။ သို့မဟုတ်ပါက၊ သူ မည်သူ့ကိုမျှ ဤအကြောင်း ပြောပြမည် မဟုတ်ပေ။
"ဒါဆိုရင်တော့ ပြဿနာပဲ.."
ရွှေအမြုတေအဆင့် ကြီးကြပ်ရေးမှုး အကူအညီမဲ့နေတော့သည်။ ဝူကျိမဟာမိတ်အဖွဲ့၏ နယ်မြေများသို့ ချီယုံချင်းတစ်ယောက် သွားရောက်သည့် ရည်ရွယ်ချက်ကို မသိဘဲ၊ ဖြစ်နိုင်ခြေရှိသော လူသတ်သမားများကို ဖော်ထုတ်ရန် မဖြစ်နိုင်ပေ။
ကိစ္စရပ်သည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သံသယ ဖြစ်ဖွယ် မလိုပေ။
"အဲ… ငါ့သားရဲ့ သိုလှောင်အိတ်ထဲမှာ အထူးရတနာတချို့တော့ ကျန်ခဲ့သေးတယ်…"
"လူသတ်သမားသာ သိုလှောင်အိတ်ကို ယူသွားရင်… ဒီရတနာတွေကို ခြေရာခံဖို့ ဖြစ်နိုင်ကောင်း ဖြစ်နိုင်တယ်…"
"အဲ့လိုဆိုရင် လူသတ်သမား ရှိတဲ့နေရာကို ရှာတွေ့နိုင်မယ်…"
ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးချီဟန်သည် ဒုတိယနည်းလမ်းကို ချက်ချင်း စဉ်းစားမိလိုက်သည်။
"ကျွန်တော် ဒီအကြောင်းကို စဉ်းစားပြီးပါပြီ… ဒါပေမဲ့ အလုပ်မဖြစ်ဘူး" ဟု သူပြောလိုက်သည်။
"အကွာအဝေးက အရမ်း ဝေးလွန်းလို့.. ခြေရာခံဖို့ လုံးဝ မဖြစ်နိုင်ပါဘူး…"
"ဒါမှမဟုတ်.. တစ်ဖက်လူက ဒီရတနာတွေကို ဖျက်ဆီးပြီးသားလည်း ဖြစ်နိုင်တယ်…"
ရွှေအမြုတေ ကြီးကြပ်ရေးမှုးခမျာ လွန်စွာ အကူအညီမဲ့နေသည်။ လူသတ်သမားသည် သူ၏ခြေရာများကို ပြီးပြည့်စုံစွာ ဖုံးကွယ်ထားပြီး၊ မည်သည့် ခြေရာလက်ရာမျှ မကျန်ရစ်စေခဲ့ဟု သူ ယုံကြည်သည်။
ဤသို့ ဖြစ်လေလေ၊ ကိစ္စရပ်က အလွန် ရှုပ်ထွေးလွန်းသည်ဟု ခံစားရပြီး သူ ပိုမို ထိတ်လန့်လာလေလေပင်။
ထိုကဲ့သို့သော စွမ်းဆောင်ရည်မျိုးကို ဂိုဏ်းအတွင်းရှိ သူတော်စင်အမွေဆက်ခံသူများကသာ စွမ်းဆောင်နိုင်ပြီး၊ လက်တွေ့အားဖြင့် အခြား မည်သူမျှ မစွမ်းဆောင်နိုင်ပေ။
ဆိုလိုသည်မှာ၊ ဤကိစ္စသည် အတွင်းကြိတ်ပဋိပက္ခ ဖြစ်နိုင်ခြေ အလွန်များပြီး၊ ချီယုံချင်းသည် အတွင်းရေးပဋိပက္ခတွင် အသတ်ခံလိုက်ရခြင်းသာ ဖြစ်နိုင်သည်။
ဆိုရလျှင်၊ ယင်းသည် ရွှမ်ယင်ဂိုဏ်း၏ ထုံးတမ်းစဉ်လာပင် ဖြစ်သည်။
မျိုးဆက်တိုင်းတွင် သူတော်စင်အမွေဆက်ခံသူ ကိုးဦး ရှိပြီး၊ သူတို့ထဲမှ တစ်ဦးသာလျှင် ရွှမ်ယင်ဂိုဏ်း၏ ဆက်ခံမည့်ဂိုဏ်းချုပ် ဖြစ်လာနိုင်သည်။ ဤအရာကို်နဂါးကိုးကောင်တိုက်ပွဲဟု လူသိများသည်။
မျိုးဆက်တိုင်းတွင် ထိုတိုက်ပွဲသည် အလွန်ပြင်းထန်ပြီး၊ သေဆုံးမှု မရေမတွက်နိုင်အောင် ရှိသည်ဟု ပြောနိုင်သည်။ ချီယုံချင်း၏ သေဆုံးမှုသည် ဤမျိုးဆက်၏ သူတော်စင်အမွေဆက်ခံသူများကြား ဆက်ခံရေးတိုက်ပွဲ စတင်ခြင်းကို ဆိုလိုသည်။
သူသည် ပထမဆုံး ဖယ်ရှားခံလိုက်ရသူသာ ဖြစ်ချေသည်။
"သောက်ကျိုးနည်းကွာ…"
ထင်ရှားသည်မှာ၊ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးချီဟန်သည်လည်း ဤအကြောင်းကို တွေးမိပေသည်။
အံ့ကြိတ်လျက်၊ သူ့နှလုံးသားသည် အဆုံးမရှိသောဒေါသများဖြင့် ပြည့်နှက်နေသည်။ ထို့နောက်၊ သူသည် သူ၏သံသယကို အခြား သူတော်စင်အမွေဆက်ခံသူရှစ်ဦးထံသို့ ဦးတည်လိုက်တော့သည်။
သို့သော်၊ သူ သံသယဝင်ရုံသာ တတ်နိုင်သည်။ မည်သည့် သက်သေအထောက်အထားမျှ မရှိဘဲ၊ သူ ဘာမှ လုပ်၍ မရနိုင်ပေ။
အဘယ်ကြောင့်ဆိုသော်၊ အခြား သူတော်စင်အမွေဆက်ခံသူရှစ်ဦးသည် တစ်ဦးစီတိုင်းတွင်လည်း သူတို့ကို ကျောထောက်နောက်ခံ ပေးထားသည့် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးစီ ရှိနေသောကြောင့် ဖြစ်သည်။
ငြင်းပယ်၍ မရနိုင်သော သက်သေအထောက်အထား မတွေ့ရှိမချင်း၊ သူ အရေးယူ ဆောင်ရွက်၍ မရနိုင်ပေ။
သံသယဖြစ်ဖွယ်မလို၊ ကျိုးစွေ့၏ မတော်တဆလုပ်ရပ်ကြောင့်၊ ရွှမ်ယင်ဂိုဏ်းသည် ဂိုဏ်းတွင်းပဋိပက္ခထဲသို့ ကျရောက်သွားခဲ့ရသည်။
ရှောင်လွှဲမရနိုင်သော တိုက်ပွဲတစ်ခု စတင်ခဲ့ချေပြီ။
…
နောက်ထပ်တစ်ရက် ကြာပြီးနောက်...။
အင်မော်တယ်ရှားဂိုဏ်း၊ အင်မော်တယ်ရှားတောင်ထွတ်…။
ဤအချိန်တွင်၊ ကျိုးစွေ့၏ ကိုယ်ပွား ပြန်ရောက်လာပြီး၊ သတိလစ်နေသော ချူတျဲယီကို အင်မော်တယ်ရှားမြို့တော်ရှိ ခြံဝင်းတစ်ခုတွင် ထားရှိခဲ့သည်။ တားမြစ်အစီအရင်ဖြင့် စောင့်ကြပ်ထားပြီး၊ သူ၏ ကိုယ်ပွားသည်လည်း ကာကွယ်ထားသဖြင့်၊ အတော်လေး လုံခြုံသည်။
သူမကို ဂိုဏ်းထဲသို့ ပြန်ခေါ်လာရန် မဖြစ်နိုင်ပေ။ သူမ၏ အခြေအနေအရ၊ သူမသည် ရက်အနည်းငယ် နှစ်ခြိုက်စွာ အိပ်ပျော်ပြီးနောက် နိုးလာလိမ့်မည်ဟု သူ ခန့်မှန်းထားသည်။
ဤအခိုက်အတန့်တွင်၊ ချီယုံချင်းနှင့် အခြား ရွှမ်ယင်ဂိုဏ်း ရွှေအမြုတေကျင့်ကြံသူများ၏ သိုလှောင်အိတ်များကို သယ်ဆောင်ထားသော ကျိုးစွေ့၏ အခြား ကိုယ်ပွားတစ်ခုသည် ယာယီခိုလှုံရန်အတွက် ပင်လယ်နက်ထဲသို့ ငုတ်လျှိုးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ သူသည် သိုလှောင်အိတ်များထဲမှ ရတနာများကို စစ်ဆေးနေသည်။
"မဆိုးဘူး… မဆိုးဘူး… ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိတာပ်…"
"အားလုံး ပေါင်းလိုက်ရင်… အနည်းဆုံး ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းခွဲလောက် ရှိမယ်…"
"ဝိညာဉ်သန္ဓေသား ဂိုဏ်းတစ်ခုရဲ့ သူတော်စင်အမွေဆက်ခံသူ ဆိုတာနဲ့ ထိုက်တန်ပါပေတယ်… သောက်ရမ်းကို ချမ်းသာတာပဲ…"
ကျိုးစွေ့ အံ့အားသင့်သွားသည်။ သိုလှောင်အိတ်များထဲတွင် ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးများ ဤမျှ များပြားစွာ သိုလှောင်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဤဂိုဏ်းကျင့်ကြံသူများအား သူ လျော့တွက်မိခဲ့သည်။
အထူးသဖြင့်၊ သူတော်စင်အမွေဆက်ခံသူအဆင့်ရှိ ကျင့်ကြံသူများ၊ သူတို့၏ ကြွယ်ဝချမ်းသာမှုသည် အံ့မခန်းဖွယ်ရာ ဖြစ်သည်။ သူတို့၏ ကြွယ်ဝချမ်းသာမှုသည် သာမန်ကျင့်ကြံသူများနှင့် ရိုးရှင်းစွာပင် နှိုင်းယှဉ်၍ မရနိုင်ပေ။ သူတို့သည် ကျင့်ကြံခြင်းလောက၏ ထိပ်တန်း သူဌေးကြီးများ ဖြစ်ကြသည်။
မှန်ပေသည်၊ ဝိညာဉ်ကျောက်တုံးများအပြင်၊ သိုလှောင်အိတ်များထဲတွင် တတိယအဆင့် စိတ်ဝိညာဉ်ဆေးဝါးများ၊ ဆေးလုံးများ၊ စိတ်ဝိညာဉ်ပစ္စည်းများ၊ မှော်ကိရိယာအမျိုးမျိုးနှင့် ရတနာ အမြောက်အမြားလည်း ရှိသည်။ အားလုံး ပေါင်းလိုက်လျှင်၊ သူတို့၏ တန်ဖိုးသည် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းပင် ကျော်သည်။
ဤတန်ဖိုးကြီးပစ္စည်းများသည် များစွာ တန်ဖိုးရှိသည်ဟု ပြောနိုင်သည်။ သို့သော်၊ ဤပစ္စည်းများသည် ခိုးရာပါပစ္စည်းများ ဖြစ်နေပြီး အချိန်တိုအတွင်း ထုတ်ဖော်ပြသ၍ မရနိုင်ခြင်းမှာ နှမြောစရာပင်။
သို့မဟုတ်ပါက၊ ရွှမ်ယင်ဂိုဏ်းမှ လူများ အလွယ်တကူ တွေ့ရှိသွားပေလိမ့်မည်။ သို့သော်ငြား၊ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများကိုမူ ထုတ်ယူနိုင်သည်။ မည်သို့ပင်ဖြစ်စေ၊ ယင်းတို့အပေါ်တွင်မူ ခြေရာခံနည်းစနစ်များ မရှိချေ။
"နေဦး… ဒါ ဘာပစ္စည်းလဲ.. ဒါ ပြောကြတဲ့ ကောင်းကင်ကပ်ဘေးဆေးလုံးလား…"
မျက်စိတစ်မှိတ်အတွင်း၊ ကျိုးစွေ့၏ မျက်လုံးများတွင် တုန်လှုပ်ဖွယ်ရာ အလင်းရောင်တစ်ခု ပေါ်လာသည်။
သူသည် ရွှမ်ယင်ဂိုဏ်း၏ သူတော်စင်အမွေဆက်ခံသူ ချီယုံချင်း၏ သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းထားသော ပုလင်းတစ်လုံးကို ချက်ချင်း တွေ့ရှိလိုက်သည်။ ပုလင်းထဲတွင် ဆေးလုံး တစ်လုံးတည်းသာ ရှိသည်။
ကောင်းကင်ကပ်ဘေးဆေးလုံး…
သူသည် စစ်မှန်သော ကောင်းကင်ကပ်ဘေးဆေးလုံးကို တစ်ခါမျှ မမြင်ဖူးသော်လည်း၊ သူ၏ နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်းစွမ်းရည်များကို အသုံးပြု၍ ဆေးလုံးကို ချက်ချင်း ခွဲခြားသိမြင်နိုင်ခဲ့ပြီး၊ ဤဆေးလုံးသည် အမှန်တကယ် ဘယ်အရာဖြစ်သည်အား သိရှိလိုက်ရသည်။
ချီယုံချင်းထံတွင် ကောင်းကင်ကပ်ဘေးဆေးလုံးကို တွေ့ရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။
"အဟား.. သိပ်ကောင်းတယ်… ကောင်းကင်ကပ်ဘေးဆေးလုံးက တန်ဖိုးဖြတ်မရနိုင်ဘူး…"
"သာမန် ရွှေအမြုတေကျင့်ကြံသူတွေအတွက်ဆို သဘာဝကျကျ ရဖို့ အရမ်းခက်ခဲတယ်…"
"ဒါပေမဲ့ ချီယုံချင်းကတော့ မတူဘူး…"
"ဒီကောင်လေးက ရွှမ်ယင်ဂိုဏ်းရဲ့ သူတော်စင်အမွေဆက်ခံသူလည်းဖြစ်… သူ့အဖေကလည်း ရွှမ်ယင်ဂိုဏ်းရဲ့ ဝိညာဉ်သန္ဓေသား အကြီးအကဲတစ်ယောက်…"
"တခြားကျင့်ကြံသူတွေက ကောင်းကင်ကပ်ဘေးဆေးလုံးကို မရနိုင်ပေမယ့်… ဒီကောင်ကတော့ ရနိုင်တယ်…"
"ဘာပဲဖြစ်ဖြစ်… သူ့ကျင့်ကြံမှုအဆင့်က ရွှေအမြုတေပြီးပြည့်စုံမှုအဆင့်ကို ရောက်နေပြီးသား… ဝိညာဉ်သန္ဓေသားနယ်ပယ်ကို ဝင်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ..."
"ဒီတော့… သူ့မှာ ကောင်းကင်ကပ်ဘေးဆေးလုံးနဲ့ တခြား ဝိညာဉ်သန္ဓေသား စိတ်ဝိညာဉ်ဆေးဝါးတွေ ရှိနေတာ ပုံမှန်ပါပဲ…"
ကျိုးစွေ့၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။
ချီယုံချင်းနှင့် အခြားသူများထံမှ သူ ရရှိထားသော မှတ်ဉာဏ်များကို ပြန်သတိရလိုက်ပြီး၊ ဤကောင်းကင်ကပ်ဘေးဆေးလုံးအား ဘယ်ကရလာသည်ကို သူ ချက်ချင်း နားလည်သွားသည်။
ဤသည်မှာ၊ သူတော်စင်အမွေဆက်ခံသူ ချီယုံချင်းတစ်ယောက် ဂိုဏ်းအတွင်း ကြီးမားသော တန်ဖိုးပေးပြီး ရယူခဲ့သော ဆေးလုံး ဖြစ်သည်။
ဤကောင်းကင်ကပ်ဘေးဆေးလုံး၊ ထို့အပြင် ချူတျဲယီ၏ ယင်အနှစ်သာရစွမ်းအားကို ရယူပြီးသည်နှင့်…။
သူ၏ ဝိညာဉ်သန္ဓေသားဖွဲ့စည်းမှု အောင်မြင်ဖို့ရန် လက်တွေ့ကျကျ အာမခံချက် ရှိသွားပြီဟု ဆိုနိုင်ပေသည်။
ဤတစ်ကြိမ်၊ သူ ဤမျှ ရဲတင်းစွာ လှုပ်ရှားရဲခြင်းနှင့် ကောင်းကင်မိစ္ဆာဂိုဏ်း၏ သူတော်စင်အမျိုးသမီး ချူတျဲယီကို ကြံစည်ရဲခြင်းသည်…၊ သူ၏ကိုယ်ပိုင် ဝိညာဉ်သန္ဓေသားဖွဲ့စည်းမှုက နီးကပ်လာ၍ပင် ဖြစ်သည်။
အောင်မြင်ပြီးသည်နှင့်၊ ကောင်းကင်မိစ္ဆာဂိုဏ်း၏ အပြစ်တင်မှုကို ရင်ဆိုင်ရလျှင်ပင်၊ ဂိုဏ်း၏ဖိအားများအား သူ၏ဂိုဏ်းက ကူညီခံယူပေးမည်သာ ဖြစ်သည်။
ချူတျဲယီ မသေဆုံးသရွေ့၊ ကောင်းကင်မိစ္ဆာဂိုဏ်းသည် များစွာ လွန်လွန်ကဲကဲ လုပ်ဆောင်မည် မဟုတ်ချေ။ ဆိုရလျှင် ယင်းသည် ယင်အနှစ်သာရ ဆုံးရှုံးမှုသက်သက်ပင် ဖြစ်ရာ၊ သူ့အစီအစဉ်သည် အပြစ်အနာအဆာကင်းသည်ဟုပင် ဆိုနိုင်ပေသည်။