သိုင်းခန်းမ၏ နတ်မိမယ်
Vol. 1 Ch. 397
ကျန်းရီသည် သူ့ကိုယ်သူ ချက်ချင်းထိန်းလိုက်သည်။ သူ့အတွက် ခံစားချက်များသည် လိုအင်ဆန္ဒထက် ပိုမိုအရေးပါလေသည်။ ထို့ပြင် ယောက်ျားတစ်ယောက်သည် သူ့အောက်ပိုင်းကို မထိန်းချုပ်နိုင်ပါက ထိုသူ၏အနာဂတ်မှာ ဘောင်တစ်ခုအတွင်းတွင်သာ ပိတ်မိနေလိမ့်မည်။ ခိုင်မာသည့် စိတ်နေစိတ်ထားမရှိဘဲ ကျင့်ကြံခြင်းလမ်းစဉ်ကို မည်သို့လျှောက်လှမ်းနိုင်ပါမည်နည်း။
သူသည် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီး စုလောရွှယ်အား ပွေ့ဖက်၍ အိပ်စက်လိုက်သည်။ သူသည် ဤအမျိုးသမီးလေးကို ပွေ့ဖက်ထားနိုင်သရွေ့ တစ်လောကလုံးကိုတောင် ပိုင်ဆိုင်ထားသလို ခံစားနေရသည်။
ကျန်းရီသည် သူ၏ အေးချမ်းသာယာသော နေ့ရက်များကို ပြန်လည်ဖြတ်သန်းနေခဲ့သည်။ နေ့အချိန်တွင် သူသည် ကောင်းကင်သတ္ထုကြောထံ သွားကာ ကျင့်ကြံသည်။ ညရောက်သည်နှင့် သူသည် ကျန်းရှောင်နူနှင့် မြေခွေးလေးကို အဖော်ပြုပေးပြီးလျှင် စုလောရွှယ်အား ပွေ့ဖက်၍ အိပ်စက်သည်။
ချမ်ဝမ်ကွမ်ထံမှ စာတစ်စောင်သည် မြန်ဆန်စွာ ရောက်ရှိလာခဲ့သည်။ စာထဲတွင် သူတို့ဂိုဏ်း၌ သိဒ္ဓိဝင်ကျောက်ရေစင် အချို့ရှိကြောင်းနှင့် သူ့လူများအား ပို့ဆောင်ခိုင်းလိုက်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။ တစ်ချိန်တည်းတွင် သူသည် သိဒ္ဓိဝင်ကျောက်ရေစင်များကို လျှို့ဝှက်စွာ ဝယ်ယူသည်။ သူသည် ကျန်းရီ အဘယ့်ကြောင့် သိဒ္ဓိဝင်ကျောက်ရေစင်ကို အလိုရှိမှန်း သူမသိသော်လည်း ကျန်းရီ လိုအပ်သရွေ့ သူနှင့်ချမ်ဂိုဏ်းသည် အတတ်နိုင်ဆုံး ရအောင် ကြိုးစားပေးမည်ဖြစ်သည်။
ဆယ်ရက်ကြာပြီးနောက်တွင် သိဒ္ဓိဝင်ကျောက်ရေစင် ပထမတစ်သုတ် ရောက်ရှိလာခဲ့သည်။ ကျန်းရီသည် ရောက်ရှိကြောင်း သိသည်နှင့် သွားယူရန် လူများချက်ချင်းစေလွှတ်လိုက်သည်။ သူသည် သစ်သားစည်ပိုင်းအတွင်း ထည့်ထားသည့် သိဒ္ဓိဝင်ကျောက်ရေစင်များကို မြင်သည့်အခါ ဆွံ့အသွားရသည်။ ၎င်းသည် ရေနှင့်မတူဘဲ မူမမှန်သည့် အနံ့ဖျော့ဖျော့ရှိသော ရွှံ့ဖြူများဟု ပြောရလျှင် ပိုမှန်ပေလိမ့်မည်။
ဝှစ်...
ကျန်းရီသည် သိဒ္ဓိဝင်ကျောက်ရေစင်များပါသည့် သစ်သားစည်ပိုင်းကို သယ်၍ ကောင်းကင်သတ္ထုကြောရှိသည့် မြေအောက်သို့ ဆင်းသွားလိုက်သည်။ သူသည် သလင်းကျောက်နံရံများ ရှိသည့်နေရာအနီးသို့ လျှောက်သွားလိုက်ပြီး ကောင်းကင်သတ္ထုကြောအား တူးနေသည့် လူတစ်ယောက်ကို လက်ယပ်ခေါ်လိုက်သည်။
"လာဦး...မင်းရဲ့ဓားသွားကို သိဒ္ဓိဝင်ကျောက်ရေစင်နဲ့သုတ်ပြီး စမ်းကြည့်"
"နားလည်ပါပြီ"
ထိုလူသည် သိဒ္ဓိဝင်ကျောက်ရေစင်အချို့အား ဓားသွားပေါ် သုတ်လိမ်းလိုက်ပြီး ဓားဖြင့် သလင်းကျောက်သားများထံ ခုတ်ချလိုက်သည်။
ဘန်း...
မြင်ကွင်းသည် ကျန်းရီတို့အား ဆွံ့အသွားစေခဲ့သည်။ မူလက သံမဏိကဲ့သို့ မာကျောနေခဲ့သော သလင်းကျောက်သားများသည် သိဒ္ဓိဝင်ကျောက်ရေစင် သုတ်လိမ်းထားသည့် ဓားသွားနှင့် ခုတ်လိုက်သောအခါ သာမန်ကျောက်သားအလား ဖြစ်သွားခဲ့သည်။ ဓားသွားကျဆင်းသွားသည့်ခဏတွင် သလင်းကျောက်တစ်တုံးသည် ပဲ့ကျလာခဲ့သည်။
"ဟုတ်ပြီ"
ကျန်းရီ၏မျက်လုံးများ တောက်ပသွားခဲ့သည်။ သူသည် လူတိုင်းအား လက်နက်များတွင် သိဒ္ဓိဝင်ကျောက်ရေစင် လာသုတ်ကြရန် ညွှန်ကြားလိုက်သည်။
ဖုန်း...ဖုန်း...ဖုန်း...
သလင်းကျောက်တုံး အပိုင်းအစများသည် တစ်စပြီးတစ်စ လွင့်ထွက်လာနေကြသည်။ တူးဖော်နှုန်းမှာ အဆတစ်ရာမက မြန်ဆန်လာခဲ့သည်။ တူးဖော်နေကြသူများမှာ အလွန်စိတ်လှုပ်ရှားလာကြပြီး ဆက်တိုက်တူးထုတ်နေကြလေသည်။
"အဲ့ဒီသလင်းကျောက်တုံးတွေကို ဖျက်စီးမပစ်မိဖို့ကြိုးစား..
.အဲ့ကျောက်တုံးတွေမှာ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေ ပါဝင်နေတယ်။ သလင်းကျောက်တုံးတွေကို စုထား...သတိထားပြီးတူး"
ကျန်းရီသည် လူစုမှာအလောတကြီး တူးဖော်နေကြသည်ကိုမြင်လျှင် အလျင်အမြန် အော်ဟစ်ညွှန်ကြားလိုက်သည်။ ထိုသလင်းကျောက်တုံးများကို ခန်းမတစ်ခုထဲထည့်ထားလိုက်လျှင် ခန်းမထဲမှ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်သည် အဆများစွာ များပြားလာလိမ့်မည်။ ၎င်းတို့သည် ပစ္စည်းကောင်းများဖြစ်၍ ပျက်စီးသွားလျှင် အတော်လေးနှမြောစရာ ကောင်းပေလိမ့်မည်။
ကောင်းကင်သတ္ထုကြောကို တူးဖော်ရန် တာဝန်ယူထားရသည့် စစ်သူကြီးသည် စတင်၍ ညွှန်ကြားတော့သည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် နေရာတစ်ဝိုက်ကို စစ်ဆေးကြည့်လိုက်သည်။ သို့သော် သူ၏ကောင်းကင်စိတ်အာရုံမှာ သုံးဆယ်မီတာအထိသာ ဖြန့်ကျက်နိုင်သည်။ မူလကသူသည် မည်သည့်ကောင်းကင်ကျောက်တုံးကိုမှ မတွေ့သေးသော်လည်း တူးဖော်နေသည့်အရှိန်ကြောင့် ကောင်းကင်ကျောက်တုံးများကို မကြာခင်တွင် တွေ့ရလောက်ပေမည်။
နာရီဝက်ခန့်ကြာသော် ကျန်းရီ၏မျက်ဝန်းများ တောက်ပသွားကာ ဝမ်းသာအားရအော်ဟစ်လိုက်သည်။
နာရီဝက်ခန့်ကြာသော် ကျန်းရီ၏ မျက်လုံးများ တောက်ပသွားကာ အော်ပြောလိုက်သည်။
"ရှေ့မှာ ကောင်းကင်နှစ်တုံးရှိတယ်...သတိထား"
ထိုသူများသည် သူတို့၏ အမြန်နှုန်းကို လျှော့ချကာ ဖြည်းဖြည်းချင်း တူးဖော်ကြလေသည်။ မကြာခင်တွင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များမှာ ပိုမိုသိပ်သည်းလာခဲ့သည်။ အလင်းစက်လေး နှစ်စက်အား သလင်းကျောက်သားများကိုဖြတ်၍ မြင်နေရပြီဖြစ်သည်။
"ကောင်းကင်ကျောက်တုံးနှစ်ခု"
ကျန်းရီသည် စိတ်လှုပ်ရှားလာခဲ့သည်။ ဤ ကောင်းကင်သတ္ထုကြောသည် အလွန်ကြီးမားသည်။ တစ်ခဏလေးသာ တူးရသေးသည်။ ကောင်းကင်ကျောက်တုံး နှစ်တုံးကို သူတို့တွေ့ပြီဖြစ်သည်။ သူတို့သာ ဆက်လက်တူးဖော်ပါလျှင် ကောင်းကင်ကျောက်တုံး မည်မျှကို ရလာလိမ့်မည်နည်း။
ကောင်းကင်ကျောက်တုံးနှစ်တုံးရသည်နှင့် စစ်သူကြီးသည် ကျန်းရီထံ ပေးအပ်လာခဲ့သည်။ ကျန်းရီသည် သေချာစစ်ဆေးလိုက်ပြီးနောက် ကောင်းကင်ကျောက်တုံးအစစ်မှန်း အတည်ပြုလိုက်နိုင်သည်။ သူသည် ကောင်းကင်စိတ်အာရုံကိုသုံး၍ ဆက်လက်ကြည့်ရှုနေခဲ့သည်။ နာရီဝက် မကြာလိုက်ခင်တွင် ကောင်းကင်ကျောက်တုံးတစ်တုံးကို သူထပ်မြင်လိုက်ရပြန်သည်။
တစ်ရက်နှင့်တစ်ညအကြာတွင် ကောင်းကင်ကျောက်တုံး ဆယ်တုံးကျော် ရရှိခဲ့ပြီဖြစ်သည်။ ထို့ပြင် သတ္ထုကြောမှာ ပို၍ကျယ်ပြန့်လာနေခဲ့သည်။
"ဆက်ပြီးတူးကြ...ငါတို့ ပြန်ရောက်တဲ့အခါ မင်းတို့ကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မယ်"
ကျန်းရီသည် စစ်သူကြီး၏ ပုခုံးအား ပုတ်၍ ကျေနပ်စွာ ပြောလိုက်သည်။ ကောင်းကင်သတ္ထုကြောအား တူးဖော်ဖွင့်ရသူများမှာ စုဂိုဏ်း၏ သစ္စာအရှိဆုံး လူယုံတော်များဖြစ်ကြသည်။ ထို့ကြောင့် သူတို့ ကောင်းကင်ကျောက်တုံးများကို အလွဲသုံးစား ပြုလုပ်မည်အား စိုးရိမ်နေစရာမလိုပေ။ သူသည် ကောင်းကင်ကျောက်တုံးများကို နန်းတော်ဆီ ပြန်သယ်လာခဲ့သည်။
အပြင်ဘက်တွင် မိုးလင်းနေခဲ့ပြီဖြစ်သည်။ စုလောရွှယ်သည် တစ်ညလုံးအိပ်မရခဲ့ပေ။ သူမသည် သတင်းများကို စောင့်ဆိုင်းနေခဲ့သည်။ ကောင်းကင်ကျောက်တုံး ဆယ်တုံးကျော်ရမှန်း သူမကြားသည့်အခါ အပျော်လွန်၍ အိပ်မပျော်တော့ပေ။
ကောင်းကင်ကျောက်တုံး အများကြီးရှိပါက ကျန်းရီ၏အင်အားကို တိုးတက်အောင် လုပ်နိုင်ရုံသာမက စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် အရေအတွက် အတော်များများကိုပါ လေ့ကျင့်ပေးနိုင်မည်ဖြစ်သည်။ ရှားနိုင်ငံသည် စစ်သည်အများကြီးအား ဆုံးရှုံးခဲ့ရသည်။ သူသာ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် ထောင်ဂဏန်း၊ သောင်းဂဏန်းရအောင် လေ့ကျင့်ပေးနိုင်လျှင် မည်သည့်နိုင်ငံက ရှားနိုင်ငံကို အနိုင်ကျင့်ရဲပါတော့မည်နည်း။
"ချမ်ဝမ်ကွမ်ဆီ သိဒ္ဓိဝင်ကျောက်ရေစင်တွေ ရသမျှ ဝယ်ဖို့ စာပို့လိုက်...တစ်ချိန်တည်းမှာ ငါတို့လူတွေကိုလည်း သိဒ္ဓိဝင်ကျောက်ရေစင်တွေ လျှို့ဝှက်ပြီး ဝယ်ခိုင်းထား"
စုလောရွှယ်သည် မတ်တပ်ရပ်၍ ချက်ချင်းသွားစီစဉ်လေသည်။ သူမသည် ကောင်းကင်သတ္ထုကြောကို တူးဖော်ရန် လူအရေအတွက်အား တိုးမြှင့်ရန်ပင် အမိန့်ထုတ်လိုက်သေးသည်။ လက်ရှိအခြေအနေအရ ကောင်းကင်ကျောက်တုံးများကို လူများများ တူးဖော်နိုင်လေလေ ပိုကောင်းလေလေဖြစ်သည်။ အချိန်ဆွဲနေပါလျှင် ၎င်းတို့သည် အန္တရာယ်များကို ပိုမိုသယ်ဆောင်လာလိမ့်မည်။ တူးဖော်ခြင်း ကိစ္စကိုမြန်မြန်လုပ်နိုင်ပါလျှင် သူတို့စိုးရိမ်ရန်အရာများ လျော့နည်းသွားပေလိမ့်မည်။
"နောက်ထပ်လဝက်ကြာရင် ကောင်းကင်သတ္ထုကြောကို တူးဖော်တဲ့ ကိစ္စက အနှေးနဲ့အမြန် ပြီးသွားလောက်ပြီ။ စုန်းနတ်ဘုရားရဲ့ တားမြစ်နယ်မြေထဲကို ကောင်းကင်ကျောက်တုံး များများသယ်သွားရမယ်။ အရင်ဆုံး မှော်ကျင့်စဉ်တွေကို အလွတ်မှတ်မိအောင် ဖတ်ပြီးခါမှ ကောင်းကင်ကျောက်တုံးတွေကို စုပ်ယူရမယ်။ ငါကြယ်ကိုးလုံးကို အသွင်ပြောင်းပြီးသွားရင် ကောင်းကင်ဧကရာဇ်အဆင့်ကို မယှဉ်နိုင်လောက်ရင်တောင် ဗာဂျရာအမြင့်ဆုံးအဆင့်ကို ရောက်နေလောက်ပြီ"
ကျန်းရီသည် စိတ်ထဲတွင် တွက်ချက်နေခဲ့သည်။ အနားယူရန် သူ့အခန်းတွင်းသို့ ပြန်ဝင်တော့မည်အချိန်တွင် ဟဲလောင်ရောက်လာခဲ့ပြီး လေးလံနေသော လေသံဖြင့် ပြောလာခဲ့သည်။
"သခင်လေးရီ...သိုင်းခန်းမက လူသုံးယောက် သခင်လေးရီကို လာတွေ့ပါတယ်။ နှစ်ယောက်ကတော့ သခင်လေးနဲ့ ရင်းနှီးပြီးသားပါ။ သူတို့က ကောင်းကင်တောင်ပံမြို့က သိုင်းခန်းမ သခင်နဲ့ ကြီးကြပ်သူယန်ပါ...တခြားတစ်ယောက်ကတော့ သိုင်းခန်းမရဲ့ နတ်မိမယ်လို့ ပြောပါတယ်"
"သိုင်းခန်းမ"
ကျန်းရီသည် မျက်မှောင်ကျုံ့လိုက်သည်။ နောက်ဆုံးတစ်ကြိမ်က သိုင်းခန်းမသခင်နှင့် ကြီးကြပ်သူယန်ရောက်လာခဲ့ပြီး သူ့အား သိုင်းခန်းမ၏ ဂုဏ်ထူးဆောင်အကြီးအကဲ လုပ်ရန် လာရောက်ဖိတ်ခေါ်ခဲ့သည်။ သူသည် သူတို့၏ ကမ်းလှမ်းချက်ကို ငြင်းလိုက်သော်လည်း သူတို့က နောက်တစ်ကြိမ်ရောက်လာပြန်ပြီဖြစ်သည်။ ထို့ပြင် သိုင်းခန်းမ၏ နတ်မိမယ်ဟူသော နောက်တစ်ယောက်ပါ ပါလာခဲ့သေးသည်။ ကျန်းရီသည် စဉ်းစားလိုက်ပြီးနောက် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ဟဲလောင်...သွားကြည့်ကြရအောင်"
ဟဲလောင်သည် ဧည့်သည်သုံးယောက်အား နန်းဆောင်တစ်ခုထံတွင် နေရာချထားပေးခဲ့ပြီး ကုန်းကုန်းတစ်ဦးသည် အစေခံတစ်စုကို ဦးဆောင်ကာ ဧည့်သည်များကို ဧည့်ခံနေခဲ့သည်။ ကျန်းရီတို့ လျှောက်လာသည်ကို မြင်သောအခါ ထိုကုန်းကုန်းသည် ကျယ်လောင်စွာ ကြေငြာလိုက်သည်။
"ကိုယ်စားအုပ်ချုပ်သူအရှင် ရောက်လာပါပြီ"
ကျန်းရီသည် လမ်းလျှောက်လာရင်း နန်းဆောင်အတွင်းရှိ ကြီးကြပ်သူယန်နှင့် သိုင်းခန်းမသခင်ကို လှမ်းကြည့်လိုက်သည်။ သူသည် ခေါင်းအသာငြိမ့်ပြလိုက်ပြီး ထိုင်နေဆဲဖြစ်သည့် မိန်းကလေးထံ အကြည့်ရောက်သွားခဲ့သည်။ သူ့မျက်လုံးများ တောက်ပသွားသော်လည်း ချက်ချင်းပင် သက်ပြင်းချလိုက်သည်။ သိုင်းခန်းမ၏ နတ်မိမယ်သည် ထင်ထားသည့်အတိုင်း သာမန်မဟုတ်ပါပေ။ ထိုမိန်းကလေး၏ ပုံပန်းသွင်ပြင်နှင့် ဟန်ပန်အမူအရာတို့သည် ပထမတန်းစားဖြစ်ပြီး စုလောရွှယ်အောက် မလျော့ပါချေ။
"ကိုယ်စားအုပ်ချုပ်သူကို နှုတ်ဆက်ပါတယ်"
သိုင်းခန်းမသခင်နှင့် ကြီးကြပ်သူယန်သည် လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လာခဲ့ပြီး ကျန်းရီကို စတင်ရှင်းပြလာခဲ့သည်။
"ကိုယ်စားအုပ်ချုပ်သူ...ဒါက ကျွန်တော်တို့ သိုင်းခန်းမရဲ့ နတ်မိမယ်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ တုကူးယန်ပါ။ သိုင်းခန်းမမှာ နတ်မိမယ်ရာထူးက အရမ်းအဆင့်မြင့်ပါတယ်။ သိုင်းခန်းမဌာနချုပ်သခင်ပြီးရင် သူတို့က အဆင့်အမြင့်ဆုံးပါပဲ"
ကျန်းရီသည် တုကူးယန်မှာ ဆက်ထိုင်နေဆဲဖြစ်ကြောင်း မြင်သည့်အခါ စိတ်မရှည်ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူသည် လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်သည်။
"မိန်းကလေးတုကူးကို နှုတ်ဆက်ပါတယ်"
"ကိုယ်စားအုပ်ချုပ်သူကို နှုတ်ဆက်ပါတယ်"
ထိုအခါမှသာလျှင် တုကူးယန်သည် ပျင်းရိစွာ ထရပ်လိုက်သည်။ သူမသည် မောက်မာလှသော အမူအရာနှင့် ခေါင်းအသာငြိမ့်ပြလာခဲ့သည်။ ထို့နောက်တွင် သူမသည် လက်ဟန်ပြ၍ ကြီးကြပ်သူယန်နှင့် သိုင်းခန်းမသခင်အား ညွှန်ကြားလိုက်သည်။
"ရှင်တို့သွားနိုင်ပြီ....ကျွန်မ ကိုယ်စားအုပ်ချုပ်သူနဲ့ ဆွေးနွေးစရာ ရှိတယ်"
စကားပြောပြီးသောအခါတွင် သူမသည် ဟဲလောင်အား လှမ်းကြည့်လာသည်။ ကျန်းရီသည် ပုခုံးအသာတွန့်၍ ပြောလိုက်သည်။
"ဟဲလောင်...မင်းလည်းသွားတော့"
လူတိုင်းသည် ထွက်သွားကြာသောအခါ သိုင်းခန်းမ၏ နတ်မိမယ် တုကူးယန်သည် ပြန်ထိုင်လိုက်သည်။ သူမသည် ကျန်းရီအား တည်ငြိမ်စွာကြည့်၍ ပြောလာခဲ့သည်။
"ထိုင်ပါဦး...ကိုယ်စားအုပ်ချုပ်သူအရှင်"
"..."
ကျန်းရီသည် ဆွံ့အသွားကာ နဖူးကြောများပင် ထောင်ထလာခဲ့သည်။ ဤမိန်းမသည် ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေသည် မဟုတ်ပါလော။ သူမသည် သူ့ပိုင်နက်သို့ ရောက်လာပြီး အိမ်ရှင်တစ်ယောက်လို ပြုမူနေသည်။
ကျန်းရီသည် ကြီးကြပ်သူယန်၏ မျက်နှာကို ထောက်ထား၍ သည်းခံနေရန် ဆုံးဖြတ်လိုက်သည်။ သူသည် ထိုင်ချ၍ လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး မေးလိုက်သည်။
"နတ်မိမယ်က ဘာကိစ္စကြောင့် ကျွန်တော့်ကို လာရှာတာများလဲ"
"အများကြီးမဟုတ်ပါဘူး"
တုကူးယန်သည် ကျန်းရီအား ထီမထင်စွာ ကြည့်လာခဲ့သည်။ သူမသည် လက်ဖက်ရည်ခွက်ကိုကိုင်၍ အသာလှည့်ကာ ရေနွေးငွေ့များကို မှုတ်နေလေသည်။ သူမသည် အချိန်တော်တော်ကြာမှသာလျှင် လက်ဖက်ရည်အား တစ်ငုံသောက်လေသည်။ ကျန်းရီ ထထွက်သွားရန် စိတ်ကူးလိုက်ချိန်တွင် သူမသည် စကားစလာခဲ့သည်။
"ဌာနချုပ်ခန်းမသခင်က ကိုယ်စားအုပ်ချုပ်သူကို တော်တော်လေး အထင်ကြီးနေတယ်။ သူက ရှင် သိုင်းခန်းမနဲ့ ပူးပေါင်းအောင် နားချပေးဖို့ ကျွန်မကို လွှတ်လိုက်တာ...ပေးမယ့်ရာထူးက ဂုဏ်ထူးဆောင်အကြီးအကဲ ဖြစ်နေတုန်းပဲ။ ရှင်က ဌာနချုပ်ခန်းမသခင်ရဲ့ အမိန့်အပါအဝင် ဘယ်သူ့အမိန့်ကိုမှ နာခံစရာမလိုဘူး။ ပြီးတော့ ရှင်ဂုဏ်ထူးဆောင်အကြီးအကဲ ဖြစ်ပြီးသွားရင် ကျွန်မ ဒါမှမဟုတ် ကျန်တဲ့နတ်မိမယ်တစ်ယောက်ရဲ့ ခင်ပွန်းဖြစ်လာဖို့ အခွင့်အရေး ရှိလာလိမ့်မယ်"
နောက်ထပ်ပျားရည်ထောင်ချောက်လား...
ကျန်းရီသည် လှောင်ပြုံးတစ်ခု ပြုံးလိုက်သည်။ အခြားသူများသည် သိုင်းခန်းမကို ကြောက်လျှင်ကြောက်လိမ့်မည်။ အနှီနတ်မိမယ်ဟုသည့် အမျိုးသမီးများကို လိုလိုလားလား ဒူးထောက်အရှုံးပေးချင်နေသည့် သခင်လေးများလည်း အမြောက်အများ ရှိလိမ့်မည်။ သို့သော်လည်း ကျန်းရီသည် ထိုလူများထဲတွင် မပါကေ။
ထို့ကြောင့် သူသည် ပြတ်သားစွာ တုံ့ပြန်လိုက်သည်။
"စိတ်မကောင်းပါဘူး။ ကျွန်တော် ခင်ဗျားတို့ သိုင်းခန်းမကို စိတ်မဝင်စားဘူး။ ခင်ဗျားကိုတော့....ပိုပြီးတော့တောင် စိတ်မဝင်စားဘူး"
*****