← Chapters

ကောင်းကင်ကပ်ဘေးဆေးလုံး ရရှိခြင်း၊ ‘မိုးကြိုးကပ်ဘေးကူ’ကို သန့်စင်ခြင်း(၄)။

Vol. 26 Ch. 304

ကောင်းကင်ကပ်ဘေးဆေးလုံး ရရှိခြင်း၊ ‘မိုးကြိုးကပ်ဘေးကူ’ကို သန့်စင်ခြင်း(၄)။

Vol. 26 Ch. 304

ဝူးရှ်…။

အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက်၊ မီးခိုးရောင်စီးကြောင်း အများအပြားသည် တစ်ခုတည်းအဖြစ် စုစည်းသွားပြီး၊ ခရမ်းရောင် ကူပိုးကောင်တစ်ကောင်သည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။

၎င်းကို ထူထပ်သော ခရမ်းရောင်မိုးကြိုးပုံစံများဖြင့် ဖုံးအုပ်ထားပြီး၊ ကြောက်မက်ဖွယ် ခရမ်းရောင် မိုးကြိုးများကို အဆက်မပြတ် ထုတ်လွှတ်နေပုံရကာ၊ တဂျစ်ဂျစ် မြည်သံများ ထွက်ပေါ်နေသည်။

ဝှစ်...။

နောက်တစ်စက္ကန့်တွင် ခရမ်းရောင်ကူပိုးကောင်သည် လက်ခနဲ ဖြစ်သွားပြီး၊ ခရမ်းရောင်လျှပ်စီးတန်း တစ်ခုအဖြစ် ပြောင်းလဲကာ၊ ကူနတ်ဘုရားပန်းကန်ထဲမှ ခုန်ထွက်လာသည်။

ထို့နောက် ၎င်းသည် လျှပ်စီးအမှတ်အသား တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ သူ၏ ညာလက်ထဲသို့ ချက်ချင်း ဝင်ရောက်သွားကာ၊ သူ၏ ညာလက်ဖမိုးပေါ်တွင် လျှပ်စီးကြောင်းပုံသဏ္ဍာန် လျှပ်စီးပုံစံတစ်ခု ဖြစ်လာစေသည်။

ဟူးလား…။

ထို့နောက်၊ သတင်းအချက်အလက် အမြောက်အမြားသည် ‘မိုးကြိုးကပ်ဘေးကူ’ထံမှ စီးဆင်းလာပြီး ကျိုးစွေ့၏ သိစိတ်ပင်လယ် အနက်ပိုင်းထဲသို့ ဝင်ရောက်လာသည်။

"‘မိုးကြိုးကပ်ဘေးကူ’၊ ကောင်းကင်နှင့်မြေကြီး၏ ကောင်းကင်ဘုံကပ်ဘေးမှ မွေးဖွားလာသော လောက၏ အံ့ဖွယ်ပိုးကောင်တစ်ကောင် ဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီး၏ အဆုံးမရှိသော မိုးကြိုးမုန်တိုင်းများကို စားသုံးပြီး မရေမတွက်နိုင်သော ကောင်းကင်ဘုံကပ်ဘေး များကို ထိန်းချုပ်နိုင်သည်။ ၎င်းသည် မိုးကြိုးအပြစ်ပေးခြင်းစွမ်းအားကို ကိုင်စွဲထားသည်။"

"ဖော်ပြချက် - ၎င်းသည် ကမ္ဘာပေါ်တွင် ထူးခြားသော ပိုးကောင်တစ်ကောင် ဖြစ်ပြီး၊ မိုးကြိုးအပြစ်ပေးခြင်း စွမ်းအားကို ပိုင်ဆိုင်ထားကာ၊ ကောင်းကင်နှင့်မြေကြီး၏ အာဏာကို ကိုယ်စားပြုသည်။ ၎င်းတွင် အမြင့်မြတ်ဆုံး တိုက်ခိုက်ရေးခွန်အား ရှိသည်။ ၎င်းကို ကောင်းစွာ ကျင့်ကြံ‌မွေးမြူပါ။ ၎င်းသည် သင် ပိုင်ဆိုင်သော အစွမ်းအထက်ဆုံး သေစေနိုင်သည့် ကူပိုးကောင်များထဲမှ တစ်ကောင် သေချာပေါက် ဖြစ်လာလိမ့်မည်။"

တစ်ခဏချင်းမှာပင်၊ ကျိုးစွေ့သည် လျှပ်စစ်စီးကြောင်းများက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး၊ အရာအားလုံးကို ထိုးဖောက်သွားကာ၊ တဂျစ်ဂျစ် မြည်သံများ ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်တွင် သေးငယ်သော ခရမ်းရောင် မီးပွားများဖြင့် ပြည့်နှက်နေသည်ကို ခံစားလိုက်ရသည်။

"အရမ်းကို အစွမ်းထက်တဲ့ ကူပိုးကောင်ပဲ…"

ကျိုးစွေ့ လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။ ‘မိုးကြိုးကပ်ဘေးကူ’သည် ယခုမှ မွေးဖွားလာပြီး အဆင့်တစ် အောက်ခြေတွင်သာ ရှိသေးသော်လည်း၊ ၎င်းသည် ထိုကဲ့သို့သော ကြောက်မက်ဖွယ် စွမ်းအားကို ကိုင်စွဲထားကြောင်း သိထားသင့်သည်။

အကယ်၍ ၎င်းကို အဆင့်နှစ်၊ အဆင့်သုံး သို့မဟုတ် အဆင့်လေးအထိ ကျင့်ကြံပါက၊ ၎င်း မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို မည်သူ သိနိုင်မည်နည်း။

ထို့အပြင်၊ ၎င်းသည် ကောင်းကင်ဘုံမိုးကြိုးကို စားသုံးပေသည်။ သံသယဖြစ်ဖွယ်မလို၊ ၎င်းသည် ကောင်းကင်ဘုံကပ်ဘေးကို ခုခံရာတွင် အကောင်းဆုံးအကူအညီပင် ဖြစ်သည်။ ၎င်းထက် သာလွန်သောအရာဟူ၍ မရှိနိုင်ပေ။

"‘မိုးကြိုးကပ်ဘေးကူ’ကို သန့်စင်လိုက်တာ တကယ်ကို့ မှန်ကန်တဲ့လုပ်ရပ်ပဲ…"

"ဒါနဲ့ဆိုရင်… ယာကျူရဲ့ ကောင်းကင်ဘုံကပ်ဘေးက စိတ်ပူစရာ မလိုတော့ဘူး…"

"ဒါပေမဲ့.. အလျင်လိုစရာ မလိုသေးဘူး… ငါတို့ စောင့်သင့်တယ်…"

"အနည်းဆုံးတော့ စတုတ္ထအဆင့် အစီအရင်တည်ဆောက်မှု ပြီးစီးပြီးမှ.. ယာကျူက သူမရဲ့ ဝိညာဉ်သန္ဓေသားကပ်ဘေးကို ကျော်လွှားနိုင်လိမ့်မယ်…"

"မဟုတ်ရင်… ဝိညာဉ်သန္ဓေသားအဆင့်ရဲ့ ကောင်းကင်ဖြစ်စဉ်က ကျင့်ကြံသူ အများအပြားရဲ့ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်လိမ့်မယ်…"

"ပြီးတော့ အဲ့ဒါက သေချာပေါက် ကောင်းတဲ့ကိစ္စ မဖြစ်နိုင်ဘူး…"

ကျိုးစွေ့ သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။

…

ရက်အနည်းငယ် ကြာပြီးနောက်...။

ယခင်က သတိလစ် မေ့မြောနေခဲ့သော ချူတျဲယီသည် နောက်ဆုံးတွင် နိုးလာခဲ့သည်။

သူမ နိုးလာသည်နှင့် တပြိုင်နက်၊ မိမိကိုယ်ကို မရင်းနှီးသော နေရာတစ်ခုတွင် တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူမသည် သူမ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို အလိုအလျောက် စစ်ဆေးလိုက်သည်။

ကံကောင်းစွာဖြင့်၊ သူမ၏ ယင်အနှစ်သာရမှာ အကောင်းအတိုင်း ရှိနေသည်။ ပြဿနာ ကြီးကြီးမားမား မရှိပေ။ သူမ စိတ်သက်သာရာ ရသွားပြီး၊ မသိစိတ်မှ သက်ပြင်းချလိုက်မိသည်။

ဝှစ်...။

ဤအခိုက်အတန့်တွင်၊ တိတ်ဆိတ်သော အခန်းတစ်ခုထဲတွင် ကျင့်ကြံနေသော ကျိုးစွေ့သည် ချူတျဲယီနိုးလာသည်ကို အာရုံခံလိုက်မိသည်။ ‘တည်နေရာပြောင်းကူ’ကို အသုံးပြု၍၊ သူ၏ ပုံရိပ်သည် လက်ခနဲ ဖြစ်သွားပြီး သူသည် ချူတျဲယီ၏ ရှေ့မှောက်တွင် ရုတ်တရက် ပေါ်လာတော့သည်။

"ကျင့်ကြံသူချူ... မင်း နောက်ဆုံးတော့ နိုးလာပြီပဲ…"

"မင်း ခုနစ်ရက်ခုနစ်ညတိုင်တိုင် သတိလစ်နေခဲ့တာ.. မင်း နိုးလာတာ တွေ့ရတာ ဝမ်းသာပါတယ်…"

ကျိုးစွေ့ ချူတျဲယီကို ကြည့်လိုက်သည်။

"ဒီနေရာက ဘယ်နေရာလဲ…"

ကျိုးစွေ့ ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ချူတျဲယီ ပိုပြီး စိတ်သက်သာရာ ရသွားသည်။

အနည်းဆုံးတော့ အန္တရာယ်ရှိသော နေရာ မဟုတ်ချေ။ သူမရှေ့ရှိ ယောက်ျားသည် သူမကို အမှန်တကယ် အန္တရာယ်ပေးချင်ခဲ့ပါက၊ သူမ သတိလစ်နေတုန်း၊ ထိုသူ သူမအား ဘာတွေ လုပ်ခဲ့ပြီးပြီအား တွေးလို့ပင် ရမည် မဟုတ်ပေ။

"ဒါ အင်မော်တယ်ရှားမြို့တော်ပါ…"

ကျိုးစွေ့ ပြောလိုက်သည်။

"အင်မော်တယ်ရှားမြို့တော် ဟုတ်လား…"

ချူတျဲယီ အံ့အားသင့်သွားသည်။

မှတ်ဉာဏ်တစ်ခုက သူမ၏ စိတ်ထဲတွင် ပေါ်လာသည်။ သူမသည် အင်မော်တယ်ရှားမြို့တော်နှင့် ရင်းနှီးနေပုံ ရသည်၊ ယခင်က ဤနေရာကို စုံစမ်းစစ်ဆေးရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့ဖူးသကဲ့သို့ပင်။

သို့သော် ပင်လယ်မျိုးနွယ်စု၏ ကျူးကျော်မှုကြောင့်၊ ချန်လန်ပင်လယ်ဧရိယာ တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူမ စုံစမ်းစစ်ဆေးမှုကို ရပ်ဆိုင်းလိုက်ရသည်။

ကောင်းကင်မိစ္ဆာဂိုဏ်း၏ အစီအစဉ်များနှင့် နှိုင်းယှဉ်လျှင်၊ အင်မော်တယ်ရှားမြို့တော်သည် ကလေးကစားစရာ သက်သက်သာ ဖြစ်သည်။

သူမ မမျှော်လင့်ထားခဲ့သည့် အရာမှာ၊ သူမကိုယ်တိုင် အင်မော်တယ်ရှားမြို့တော်သို့ ရောက်ရှိလာခြင်းပင် ဖြစ်သည်။

ခဏလေး… ပြီးခဲ့တဲ့တစ်ခေါက်က သူမရဲ့ လက်အောက်ငယ်သားများ… ယုဖုန်းအပါအဝင် ဒီမှာ ကျဆုံးခဲ့ကြသည်… အရင်တုန်းက… ဝူကျိမဟာမိတ်အဖွဲ့က တစ်ခုခုကို တွေ့ရှိသွားပြီး… သူမ၏ လူတွေကို သနားညှာတာမှုမရှိ သတ်ပစ်လိုက်သည်ဟု သူမ သံသယ ဝင်ခဲ့မိသည်။

သို့သော်၊ ဤယောက်ျားသည်လည်း အင်မော်တယ်ရှားမြို့တော်တွင် ထွက်ပေါ်လာသည်။ ယင်းက သူ၏နယ်မြေပင် ဖြစ်နေသည်လော။

ဤယောက်ျား၏ အင်အားအရ၊ ရွှမ်ယင်ဂိုဏ်း၏ သူတော်စင်အမွေဆက်ခံသူကို သတ်ဖြတ်ခြင်းကပင် ကြက်ကလေး၊ငှက်ကလေးကို သတ်ဖြတ်ခြင်းနှင့်မခြား။ ထို့ကြောင့် သူမ၏လူများ အသတ်ခံလိုက်ရခြင်းမှာ အံ့ဩစရာမဟုတ်တော့။

"ဘာဖြစ်လို့လဲ.. ဒီနာမည်ကို အရင်က ကြားဖူးလို့လား…"

ကျိုးစွေ့ စူးစမ်းစွာ မေးလိုက်သည်။

"အင်း... အဲ့ဒီနာမည်ကို အရင်က ကြားဖူးပါတယ်…"

"ဒါက ဝူကျိမဟာမိတ်အဖွဲ့ရဲ့ ဝေးလံခေါင်သီတဲ့ ပင်လယ်နယ်မြေမှာ တည်ရှိတဲ့ မြို့တစ်မြို့ဆိုပဲ…"

"ရောင်းရင်း... ရှင်က ဒီမြို့ရဲ့သခင်များလား"

ချူတျဲယီသည် လှပသော မျက်လုံးများဖြင့် ကျိုးစွေ့ ကို စိုက်ကြည့်လိုက်သည်။

"အဲ့ဒီလို ပြောလို့ ရပါတယ်.."

"ဒီမြို့ကို ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ လက်‌တွဲဖော်အချို့ တည်ဆောက်ခဲ့တာပါ…"

ကျိုးစွေ့က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ဘာရယ်...။

ချူတျဲယီ အံ့အားသင့်သွားသည်။ သူမရှေ့က ယောက်ျားတွင် တာအိုလက်တွဲဖော်များ ရှိနေပြီး ဖြစ်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သို့သော် စဉ်းစားကြည့်လိုက်သောအခါ အဓိပ္ပာယ် ရှိပေသည်။

ဤယောက်ျားသည် ရွှေအမြုတေဆရာသခင် တစ်ယောက် ဖြစ်နေပြီး၊ အနည်းဆုံး အနှစ်တစ်ရာ သို့မဟုတ် နှစ်ရာခန့် နေထိုင်ခဲ့ပြီးပြီ မဟုတ်လော။ သူ့ဘဝတွင် မိန်းမများ ရှိနေခြင်းက လုံးဝကို ပုံမှန်သာ ဖြစ်သည်။ အထူးသဖြင့် ဤမျှ ထူးချွန်သော ယောက်ျားတစ်ယောက်တွင် တာအိုလက်တွဲဖော် တစ်ယောက်မျှ မရှိရင်သာ ပုံမှန်မဟုတ်ဟု ဆိုရပေမည်။

"ကျွန်မကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…"

"ကျွန်မ ခန္ဓာကိုယ်ထဲက ပြင်းထန်တဲ့အဆိပ်က တကယ်ပဲ ပျောက်ကွယ်သွားပြီ…"

ချူတျဲယီ စိတ်ထဲတွင် ထိရှသွားသည်။

အမှန်အတိုင်းဆိုရလျှင်၊ နောင်တရသွားနိုင်မည့် ဖြစ်နိုင်ခြေအတွက်ပင် သူမ ပြင်ဆင်ထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ သေစေနိုင်သော အနီရောင်မျက်နှာချေအဆိပ်သည် အလွယ်တကူ ကုသနိုင်သော အရာမျိုး မဟုတ်ပေ။

ယင်းသည် စတုတ္ထအဆင့် အဆိပ်ဖြစ်သည်။ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် သတိမထားပါက အန္တရာယ် ကြုံတွေ့နိုင်သည်။

ယင်းသည် ရွှမ်ယင်ဂိုဏ်း၏ သီးသန့်အဆိပ်လည်း ဖြစ်၏။ ဤယောက်ျားက သူမအား အဆိပ်ဖြေနိုင်ရန် အမှန်တကယ် ကူညီပေးနိုင်ခဲ့မည်ဟု မည်သူက ထင်ထားမိမည်နည်း။

မိုးကြိုးကပ်ဘေးသစ်သီးကို ဆုံးရှုံးလိုက်ရသော်လည်း၊ သူမ၏အသက်နဲ့ နှိုင်းယှဉ်လိုက်ပါက မည်သို့ အရာဝင်ပါမည်နည်း။

"ကိစ္စမရှိပါဘူး.."

"အခု မင်း နိုးလာပြီဆိုတော့… ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်မယ်လို့ ငါ ယုံကြည်တယ်…"

"ဒီခြံဝင်းက အင်မော်တယ်ရှားမြို့တော်ထဲက ငါ့ပိုင်ဆိုင်မှုပါ… မင်း ကြိုက်သလောက် နေနိုင်ပါတယ်…"

"ပြီးတော့ မင်းက အခုမှ ပြန်သက်သာလာတာ ဆိုတော့… လှုပ်ရှားသွားလာဖို့ မသင့်တော်သေးဘူး… ကောင်းကင်မိစ္ဆာဂိုဏ်းကို မပြန်ခင် ဒီမှာ ခဏလောက် နေတာ ပိုကောင်းလိမ့်မယ်…"

ဤစကားများကို ပြောပြီးနောက်၊ ကျိုးစွေ့၏ ပုံရိပ်က လက်ခနဲ ဖြစ်သွားပြီး ခြံဝင်းထဲမှ ထွက်ခွာသွားတော့သည်။

"သူ ဒီအတိုင်း ထွက်သွားတာလား…"

ကျိုးစွေ့၏ စိတ်အားထက်သန်စွာ ထွက်ခွာသွားမှုကို မြင်လိုက်ရသောအခါ ချူတျဲယီ စိတ်ပျက်သွားသည်။

သူမ၏ နီထွေးသောနှုတ်ခမ်းကိုပင် ကိုက်လိုက်မိသည်။ မည်သို့ပင်ဖြစ်စေ၊ သူမသည် ကောင်းကင်မိစ္ဆာဂိုဏ်း၏ သူတော်စင်အမျိုးသမီးနှင့် ချန်လန်ပင်လယ်ဒေသတွင် နာမည်ကြီးသော ပြိုင်ဘက်ကင်း အလှပဂေးပင် မဟုတ်ပါလော။

ဤယောက်ျားသည်မူ၊ သူမအား ဒုတိယအကြိမ်ပင် ပြန်မကြည့်ဘဲ အလျင်စလို ထွက်သွားချေသည်။ သူမ ထိုမျှရုပ်ဆိုးနေပါသည်လော။

သူမ ဒေါသကြောင့် သွားများကိုပင် ကြိတ်ချေနေမိသည်။ ယောက်ျားတစ်ယောက်က သူမအား ဤသို့ ဆက်ဆံခံရခြင်းသည် သူမဘဝ၌ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ဘယ်တုန်းကများ မည်သို့သောယောက်ျားက သူမက လျစ်လျူရှုခဲ့ဖူးပါသနည်း။

"ထူးဆန်းတယ်… ငါ ဘာလို့ ဒီယောက်ျားကို ဒီလောက် ဂရုစိုက်နေမိတာလဲ…"

"သူ့အနားမှာ ရှိနေတဲ့အခါ… သူ့အနံ့ကို ရတဲ့အခါ… ရန်အခုန်မြန်လာပြီး.. မျက်နှာတွေနီ.. နားရွက်တွေ ပူလာတာ ဘာလို့လဲ…"

"သူ ငါ့အပေါ် ညှို့ယူဖမ်းစားခြင်းပညာရပ် တစ်မျိုးမျိုးများ သုံးထားတာ ဖြစ်နိုင်မလား…"

"ဟင့်အင်း.. မဖြစ်နိုင်ပါဘူး… ငါ့ခန္ဓာကိုယ်ကို အကြိမ်ကြိမ် စစ်ဆေးကြည့်ပြီးပြီ… ဘာ ညှို့ယူဖမ်းစားခြင်းပညာရပ်ရဲ့ ခြေရာလက်ရာမှ မတွေ့ရဘူး.. ဒါက ငါ့ခန္ဓာကိုယ်ကလာတဲ့ ဗီဇစိတ် ဖြစ်ပုံပဲ…"

"ငါ့မှာ ကောင်းကင်မိစ္ဆာကပ်ဘေးခန္ဓာ ပိုင်ဆိုင်ထားတယ်… ဒါက ကောင်းကင်မိစ္ဆာဂိုဏ်းမှာ နှစ်ထောင်ပေါင်းများစွာကြာမှ တစ်ခါသာ ပေါ်လာတတ်တဲ့ အရမ်းရှားပါးတဲ့ ရုပ်ခန္ဓာကိုယ်ဖွဲ့စည်းပုံ ဖြစ်ပြီးတော့.. ဂိုဏ်းရဲ့ အမြင့်မြတ်ဆုံး ကျင့်ကြံခြင်းနည်းစနစ်ဖြစ်တဲ့ ကောင်းကင်မိစ္ဆာမဟာဗျူဟာအတွက် ငါ့ကို အထူး သင့်လျော်စေတယ်…"

"ဒီဖွဲ့စည်းပုံက ငါ့ဆီကို အဆက်မပြတ်သော ကပ်ဘေးတွေ ယူဆောင်လာဖို့ ရှိပြီး.. ဒီတစ်ခါကပ်ဘေးက ကောင်းကင်မိစ္ဆာကပ်ဘေးခန္ဓာကြောင့် ဖြစ်လာတာ ဖြစ်နိုင်တယ်…"

"ဒါပေမဲ့… ဒီကပ်ဘေးတွေကို ကျော်လွှားပြီးတာနဲ့… ငါ့ရဲ့ ကျင့်ကြံမှုမှာ ချိုးဖြတ်မှုတစ်ခု ရရှိနိုင်လိမ့်မယ်…"

"ဒီကပ်ဘေး ပြီးတဲ့နောက်… ငါ့ရဲ့ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းမှုက မျှော်လင့်ချက် ရှိလာပြီ.."

"ဒါပေမဲ့ ငါ့ရဲ့ ကောင်းကင်မိစ္ဆာကပ်ဘေးခန္ဓာက ဒီယောက်ျားအပေါ် တုံ့ပြန်မှု ရှိနေပုံပဲ… ဆိုလိုတာက ဒီယောက်ျားရဲ့ ရုပ်ခန္ဓာကိုယ် ဖွဲ့စည်းပုံကလည်း ထူးခြားတယ်… မဟုတ်မှလွဲရော… ငါတို့ရဲ့ ရုပ်ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေက အတူတူ ရှိနေဖို့ ကံပါလာတာ ဖြစ်မယ်… ဒါကြောင့်သာ ဒီလိုဖြစ်တာနေမှာ…"

"ငါ့ဆရာ ပြောခဲ့သလို… ငါ့ရဲ့ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းဖို့ အခွင့်အရေးက ဒီယောက်ျားဆီမှာ ရှိနေတာ ဖြစ်နိုင်မလား…"

ချူတျဲယီ၏ လှပသော မျက်လုံးများသည်၊ ဤ ဖြစ်နိုင်ခြေကို စဉ်းစားရင်း မရေရာမှုများနှင့် တဖျပ်ဖျပ် ခတ်နေတော့သည်။

အကယ်၍ သူမ ဝိညာဉ်သန္ဓေသားကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ပါက၊ မည်သည့် တန်ဖိုးမဆို ပေးဆပ်ရကျိုးနပ်သည်။

ထို့အပြင်၊ ကောင်းကင်မိစ္ဆာဂိုဏ်းအတွင်းတွင် သူမကို အန္တရာယ် ပြုလိုသူများ ရှိနေသည်။ အကယ်၍ သူမသာ ယခုအခါ ကောင်းကင်မိစ္ဆာဂိုဏ်းသို့ ပြန်သွားပါက၊ သိုးတစ်ကောင် ကျားလိုဏ်ဂူထဲ ဝင်သွားသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

အင်မော်တယ်ရှားမြို့တော်တွင် နေထိုင်ပြီး သူမ၏ဒဏ်ရာများ ပြန်လည် သက်သာလာစေရန် လုပ်ဆောင်ခြင်းက သူမအတွက် ပိုကောင်းလိမ့်မည်။

သူမ ကောင်းကင်မိစ္ဆာဂိုဏ်းသို့ နောက်ပိုင်းအချိန်မှ ပြန်သွားနိုင်သည် မဟုတ်ပါလော။

All Chapters