← Chapters

ချူတျဲယီ၏ ညှို့ယူဖမ်းစားမှု၊ မတုန်လှုပ်သော လူကြီးလူကောင်း(၄)။

Vol. 26 Ch. 309

ချူတျဲယီ၏ ညှို့ယူဖမ်းစားမှု၊ မတုန်လှုပ်သော လူကြီးလူကောင်း(၄)။

Vol. 26 Ch. 309

ဤအခိုက်အတန့်တွင်၊ ကျိုးစွေ့သည် အင်မော်တယ်ရှားဂိုဏ်း၏ အင်မော်တယ်ရှားတောင်ထွတ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။

ကျိပင်းယွီ၊ ရှားကျင်းယန်၊ မုဇီယန်၊ လန်ယွဲ့ရှီ၊ လင်းယာကျူနှင့် ရှန်ပိချန်တို့ အမျိုးသမီး ခြောက်ဦးတို့သည် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ကြပြီး၊ တစ်ဦးစီတိုင်း ရလဒ်ကို စိုးရိမ်နေကြသည်။

ဝှစ် ဟူသော အသံနှင့်အတူ၊ ကျိုးစွေ့သည် သူတို့ရှေ့တွင် ပြုံးလျက် ပေါ်လာသည်။

"ယောက်ျား... ပြီးသွားပြီလား…"

ရှားကျင်းယန် မမေးဘဲ မနေနိုင်တော့ပေ။

ကြယ်သုံးပွင့်ကျွန်းစု၏ ပင်လယ်ပြင် ဧရိယာတစ်ခုလုံးတွင် ကြီးမားသော ဝိညာဉ်စွမ်းအင် အတက်အကျတစ်ခုကို သူမ အမှန်တကယ် အာရုံခံလိုက်မိသော်လည်း၊ ၎င်းသည် အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုဆိုသည်ကို သူမ မသေချာပေ။

မည်သို့ပင်ဖြစ်စေ၊ ယင်းသည် စတုတ္ထအဆင့် ထိပ်တန်းမဟာအစီအရင်တစ်ခု မဟုတ်ပါလော။ ထိုသို့သော ကာကွယ်ရေးအစီအရင်အား တည်ဆောက်နိုင်သူဟူ၍ ချန်လန်ပင်လယ်တစ်ခုလုံးတွင်ပင် မရှိသလောက် ရှားပါးချေသည်။

ခင်ပွန်းဖြစ်သူသည် သေမျိုး အသွင်ဆောင်ထားသော နတ်သက်ကြွေ နတ်သားတစ်ပါး ဖြစ်နေလျှင်ပင်၊ ကျင့်ကြံမှုသည် အားနည်းနေသေးပြီး သေချာပေါက် အောင်မြင်မည်ဟု မပြောရဲပေ။

"မပူပါနဲ့.. ပြီးသွားပါပြီ…"

ကျိုးစွေ့ အနည်းငယ် ပြုံးလိုက်ပြီး၊ အားလုံးကို စိတ်ချလက်ချ ဖြစ်စေလိုက်သည်။

"အရမ်းကောင်းတယ်…"

ဤသည်ကို ကြားလိုက်ရသောအခါ၊ အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။ ၎င်းသည် ဘာကို ဆိုလိုသည်အား သူတို့ နားလည်ကြသည်။

စတုတ္ထအဆင့် မဟာအစီအရင်တစ်ခု ရှိခြင်း ဆိုသည်မှာ သူတို့ အမှန်တကယ် ဘေးကင်းပြီး လုံခြုံသွားပြီဟု ဆိုလိုသည်။

ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါး၏ တိုက်ခိုက်မှုနှင့် ကြုံတွေ့ရလျှင်ပင်၊ သူတို့ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။

စတုတ္ထအဆင့် မဟာအစီအရင်တစ်ခု ရှိနေခြင်းကသာ နှစ်ထောင်ပေါင်းများစွာ ကြာရှည်ခံသော အထွတ်အထိပ် အင်အားစုတစ်ခုကို အမှန်တကယ် တည်ဆောက်နိုင်သည်။

ယခုအခါ၊ အင်မော်တယ်ရှားမြို့တော်သည် ထိုကဲ့သို့ နက်ရှိုင်းသော အင်အားစုတစ်ခု ဖြစ်လာခဲ့ချေပြီ။

သုံးစွဲခဲ့ရသော အရင်းအမြစ်များအားလုံး အမှန်တကယ် ထိုက်တန်လှပေသည်။

"ဒီနေ့က အထိမ်းအမှတ်ပွဲနေ့ကြီးပဲ… လာကြ… ငါတို့ အားရပါးရပွဲခံရမယ်.."

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်ပြီး၊ သူ့၏ ကျက်သရေရှိလှသော တာအိုလက်တွဲဖော်များကို ကြည့်လိုက်ရာ၊ သူ့အတွင်းရှိ နဂါးဆင်သွေးမျိုးဆက် ဆူပွက်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းသည် တားဆီး၍ မရနိုင်ပေ။

"အိုက်ယား... နှာဘူးကြီး…"

ကျိပင်းယွီနှင့် အခြားသူများ မျက်နှာနီမြန်းသွားကြပြီး၊ သူတို့၏ ချစ်စဖွယ် ကိုယ်လုံးကိုယ်ပေါက်များကို ယိမ်းနွဲ့လျက် တစ်ဦးချင်းစီ အိပ်ခန်းဆောင်ထဲသို့ ဝင်ရောက်သွားကြတော့သည်။

မကြာမီ၊ အိပ်ခန်းဆောင်သည် အဆုံးမရှိသော နွေဦးလေပြေများဖြင့် ပြည့်နှက်သွားတော့သည်။

….

ရက်အနည်းငယ်ကြာပြီးနောက်...။

ကျိုးစွေ့နှင့် သူ၏ တာအိုလက်တွဲဖော်များသည် သူတို့၏ တန်ဖိုးရှိသော အခိုက်အတန့်များကို သက်သောင့်သက်သာ ခံစားနေကြစဉ်၊ တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခု ရောက်ရှိလာချေသည်။

ဝူကျိမဟာမိတ်အဖွဲ့၏ ပထမခံစစ်လိုင်း ပြိုကျသွားခဲ့ပြီး၊ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးသုံးပါးသည် ပင်လယ်မျိုးနွယ်စု၏ ဝိညာဉ်သန္ဓေသားအဆင့် အစီအရင်ဖြင့် ချုံခိုတိုက်ခိုက်ခံလိုက်ရကာ၊ နေရာမှာတင် သေဆုံးသွားခဲ့သည်။

ကျင့်ကြံသူတစ်သိန်းကျော် သေဆုံးဒဏ်ရာရခဲ့ပြီး၊ မရေမတွက်နိုင်သော သေမျိုးများလည်း ပါဝင်ခဲ့သည်။

ကျင့်ကြံသူအများအပြား ဖရိုဖရဲ ထွက်ပြေးခဲ့ကြပြီး၊ ဒုတိယ ခံစစ်လိုင်းတွင် ပုန်းအောင်းနေခဲ့ကြရသည်။

မြောက်ဘက်ပင်လယ်များမှ ဒုက္ခသည်အမြောက်အမြား ထွက်ပြေးလာကြသည်။

လက်ရှိတွင်၊ ဝူကျိမဟာမိတ်အဖွဲ့ ပင်လယ်ပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်နေသည်။

မည်သို့ပင်ဖြစ်စေ၊ ဝူကျိမဟာမိတ်အဖွဲ့ ပိုင်နယ်ပင်လယ်နယ်မြေတွင် ခံစစ်လိုင်း သုံးခုသာ ရှိပြီး၊ ဒုတိယတစ်ခု ကျိုးပေါက်သွားသည်နှင့်၊ ကြီးမားသော ရှုပ်ထွေးမှု ဖြစ်လာပေလိမ့်မည်။

အနောက်ဘက်ပိုင်းတွင် ပုန်းအောင်းနေသော ကျင့်ကြံသူများပင်လျှင် စိတ်မသက်မသာ ဖြစ်နေကြသည်။

ပင်လယ်မျိုးနွယ်စု၏ စစ်တပ်က မည်သည့်အချိန်တွင် ရောက်လာမည်ကို သူတို့ မသိကြပေ။

ဤအရာကြောင့် အင်မော်တယ်ရှားမြို့တော်၏ လူဦးရေကို သိသိသာသာ မြင့်တက်လာစေခဲ့ပြီး၊ သန်း၂၀ ပင်ကျော်လွန်နေပြီ ဖြစ်သည်။

များပြားလှသော တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် ဂိုဏ်းကျင့်ကြံသူများ ဝင်ရောက်လာခြင်းက အင်မော်တယ်ရှားမြို့တော်ကို မယုံနိုင်လောက်အောင် စည်ပင်ဝပြောစေခဲ့သည်။

အင်မော်တယ်ရှားမြို့တော်သည် နေ့စဉ် ကြီးပွားချမ်းသာနေသည်ဟု ဆိုနိုင်ပေသည်။

"ယောက်ျားရေ... ဒုက္ခပဲ… ပင်လယ်မျိုးနွယ်စုက ဒုတိယ ခံစစ်လိုင်းကို ချိုးဖြတ်လိုက်နိုင်ရင်.. ကျွန်မတို့ ဘာလုပ်ကြမလဲ…" လန်ယွဲ့ရှီက စိုးရိမ်တကြီး မေးလိုက်သည်။

သူတို့၏ ဂိုဏ်းသုံးခုသည် ဤပင်လယ်ပြင်ဧရိယာတွင် ရှင်သန်ရပ်တည်နိုင်ရန် ကြိုးစားနေရုံသာ ရှိသေးပြီး၊ ပတ်ဝန်းကျင်နှင့်လည်း အတော်လေး အသားကျနေပြီ ဖြစ်သည်။

သူတို့ ဤအတိုင်း ထွက်ခွာမသွားချင်ပေ။

အခြားနေရာသို့ သွားရလျှင်၊ လိုက်လျောညီထွေ နေမှ နေထိုင်နိုင်ပါမည်လော။

လုံးဝ မဖြစ်မနေ လိုအပ်လာမှသာ၊ သူမ ကြယ်သုံးပွင့်ကျွန်းစုကို စွန့်ခွာရန် ဆုံးဖြတ်ရပေမည်။

"မပူပါနဲ့… ဝူကျိမဟာမိတ်အဖွဲ့ဆိုတာ ချန်လန်ပင်လယ်ဧရိယာထဲက ဝိညာဉ်သန္ဓေသားအဆင့် အင်အားကြီးငါးခုထဲက တစ်ခုပါ… သူတို့ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူသုံးယောက် ဆုံးရှုံးလိုက်ရပေမယ့်.. သူတို့က အဲ့ဒီလောက် လွယ်လွယ် အနိုင်ယူလို့ ရတာမျိုး မဟုတ်ဘူး…"

"ပြီးတော့ ပင်လယ်မျိုးနွယ်စုစစ်တပ်က ဒုတိယ ခံစစ်လိုင်းကို ဘယ်အချိန် ဖောက်ထွင်းနိုင်မလဲ… ပြီးတော့ ငါတို့ ကြယ်သုံးပွင့်ကျွန်းစုဆီ ဘယ်အချိန် ရောက်လာမလဲ ဆိုတာ မသိရသေးဘူး.. ငါတို့ ရေတိုကာလမှာ ကြယ်သုံးပွင့်ကျွန်းစုရဲ့ လုံခြုံရေးအတွက် စိတ်ပူစရာ မလိုပါဘူး…"

ကျိုးစွေ့ နှစ်သိမ့်လိုက်သည်။

ယခုကဲ့သို့ တည်ငြိမ်နေရသည့် အကြောင်းရင်းမှာ၊ ရွှမ်ယင်လေးလံရေအစီအရင်ဟု ခေါ်သော စတုတ္ထအဆင့် ထိပ်တန်းမဟာအစီအရင် ရှိနေခြင်းကြောင့် ဖြစ်သည်မှာ ထင်ရှားသည်။

ဤအစီအရင်၏ စွမ်းအားဖြင့်၊ သူသည် ပြိုင်ဘက်ကင်း ဖြစ်နေပြီ ဖြစ်သည်။

ပင်လယ်မျိုးနွယ်စု၏ စစ်တပ်အပြည့်အစုံ ရောက်လာလျှင်ပင်၊ သူ လုံးဝ ကြောက်ရွံ့နေမည် မဟုတ်ပေ။

အကယ်၍ အခြေအနေများ ထိန်းချုပ်မရတော့လျှင်မူ၊ သူသည် တာအိုလက်တွဲဖော်များနှင့်အတူ တည်နေရာပြောင်းရွေ့ကာ ထွက်ပြေးလို့ ရသေးသည်။

သူတို့၏ လက်ရှိအင်အားနှင့်ဆိုလျှင်၊ ကမ္ဘာပေါ်တွင် သူတို့ မသွားနိုင်သော နေရာ မရှိပေ။

ပင်လယ်မျိုးနွယ်စု အစွမ်းထက်လျှင်ပင်၊ ချန်လန်ပင်လယ်ရှိ ကျွန်းတိုင်းကို မသိမ်းပိုက်နိုင်ပေ။

"ရှင်ပြောတာ ဟုတ်ပါတယ်.. အခု ငါတို့ စိတ်ပူရမယ့်အရာက ပင်လယ်မျိုးနွယ်စုနဲ့ ဝူကျိမဟာမိတ်အဖွဲ့ကြားက စစ်ပွဲ မဟုတ်ဘူး.. မိသားစု အသီးသီးက ကျင့်ကြံသူတွေနဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေ ဝင်ရောက်လာတာကိုပဲ…"

"သူတို့ ငါတို့ အင်မော်တယ်ရှားမြို့တော်ထဲ ဝင်ရောက်လာပြီးနောက်… ဆူပူအုံကြွမှုတွေ အများကြီး ရှိခဲ့တယ်…"

"သူတို့ကို အင်မော်တယ်ရှားမြို့တော်ရဲ့ စနစ်ကို နှောင့်ယှက်ခွင့် ပြုလိုက်ရင်… ကျင့်ကြံသူ အများအပြား ထွက်ခွာသွားကြလိမ့်မယ်.."

ရှန်ပိချန်က လေးနက်စွာ ပြောလိုက်သည်။

အမှန်အတိုင်းဆိုရလျှင်၊ ကျင့်ကြံသူ အများအပြား အင်မော်တယ်ရှားမြို့တော်သို့ ဝင်ရောက်လာခြင်းသည် ကြွယ်ဝချမ်းသာမှုကိုသာမက၊ ပရမ်းပတာဖြစ်မှုများကိုပါ ယူဆောင်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ၊ ထိုကျင့်ကြံသူများသည် နေရာတိုင်းတွင် မောက်မာစွာ ပြုမူလေ့ ရှိကြသည် မဟုတ်ပါလော။

သူတို့ကြားတွင် ပုန်းအောင်းနေသော ဓားပြများပင် ရှိနေနိုင်သေးသည်။

ပဋိပက္ခများ ပေါ်ပေါက်လာပါက၊ ဤကျင့်ကြံသူများသည် သည်းခံကြမည် မဟုတ်ဘဲ ပုန်ကန်ထကြွကြပေလိမ့်မည်။

မကြာသေးမီ ရက်များအတွင်း၊ ပဋိပက္ခများ ဒါဇင်ပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး၊ အင်မော်တယ်ရှားမြို့တော်သည် ဂနာမငြိမ် ဖြစ်ခဲ့ရသည်။

"ဒါပေမဲ့ ငါတို့ လူအင်အားက နည်းလွန်းသေးတယ်…"

"ငါတို့မှာ ရွှေအမြုတေကျင့်ကြံသူ လေးယောက်ပဲ ရှိတယ်…"

"ဂိုဏ်းသုံးခုရဲ့ အခြေတည်အဆင့် ကျင့်ကြံသူတွေ ပေါင်းလိုက်ရင်တောင်… ငါးရာလောက်ပဲ ရှိတာ.. အဲ့ဒါက ဒီလောက်ကြီးမားတဲ့ ကျင့်ကြံသူမြို့တော်ကြီးကို ထိန်းသိမ်းဖို့ ခက်ခဲလိမ့်မယ်…"

လန်ယွဲ့ရှီက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

ဂိုဏ်းသုံးခု၏ အခြေခံအုတ်မြစ်သည် များစွာ မနက်ရှိုင်းလှ၊ ဝူကျိမဟာမိတ်အဖွဲ့ ပင်လယ်နယ်မြေများတွင် နေထိုင်သော ကျင့်ကြံသူမိသားစုများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

အခြေတည်အဆင့်ကျင့်ကြံသူ အရေအတွက်ရော၊ ရွှေအမြုတေကျင့်ကြံသူ အရေအတွက်ပါ မလုံလောက်ပေ။

"မပူပါနဲ့.. ဒီကိစ္စကို ငါ့ဆီ ထားလိုက်ပါ…"

"ငါ့ရဲ့ ကိုယ်ပွား ၃၀ကို အဲ့ဒီကို လွှတ်လိုက်မယ်.. ပြီးတော့ သူတို့က အဲ့ဒီတစ်ကိုယ်တော်ကျင့်ကြံသူတွေကို ချက်ချင်း နှိမ်နင်းနိုင်လိမ့်မယ်.."

"အင်မော်တယ်ရှားမြို့တော်မှာ ဘယ်သူမဆို ပြဿနာ ရှာရဲရင်… သူတို့အတွက် နိဂုံး တစ်ခုပဲ ရှိတယ်.. အဲ့တာက သနားညှာတာမှုမရှိ.. သေဆုံးခြင်းပဲ…"

ကျိုးစွေ့ကပြတ်သားစွာ ပြောလိုက်သည်။

အပေါ်ယံတွင်၊ အင်မော်တယ်ရှားမြို့တော်၌ ရွှေအမြုတေကျင့်ကြံသူ လေးဦးသာ ရှိပုံရသည်။

သို့သော် အမှန်တကယ်တွင်၊ သူသည် ကိုယ်ပွား ၁၄၄ခုအထိ မွေးမြူထားနိုင်သည်။ ဆိုလိုသည်မှာ၊ အနည်းဆုံး ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူ ၁၄၄ဦး ရှိသည်။ ဤသည်မှာ ကြောက်မက်ဖွယ် အရေအတွက်တစ်ခုကို ကိုယ်စားပြုနေပြီ ဖြစ်သည်။

ထို့ကြောင့် ယခုအခါ၊ အင်မော်တယ်ရှားမြို့တော်သည် အစွမ်းထက်သူများ လုံးဝ မရှားပါးပေ။

"ယောက်ျားရဲ့ ကိုယ်ပွားတွေ ဟုတ်လား… အဲ့ဒီလိုဆိုရင်… ယောက်ျားရဲ့ ဝှက်ဖဲတွေကို ထုတ်ဖော်ပြသရာ မရောက်ဘူးလား…"

လန်ယွဲ့ရှီ၏ မျက်လုံးများ ချက်ချင်း လင်းလက်သွားသည်။

သူမ၏ခင်ပွန်းကသာ သူ၏ကိုယ်ပွားများနှင့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပါက၊ အင်မော်တယ်ရှားမြို့တော်ရှိ ပရမ်းပတာဖြစ်မှုများကို နှိမ်နင်းရန်မှာ ကိတ်မုန့်စားရသကဲ့သို့ လွယ်ကူပေလိမ့်မည်။

"မပူပါနဲ့.. ငါ့ရဲ့ ကိုယ်ပွားတွေက တခြားကျင့်ကြံသူတွေအဖြစ် အသွင်ပြောင်းနိုင်တယ်လေ…"

"ဒီလူတွေက အင်မော်တယ်ရှားမြို့တော်ကို ဝင်ရောက်လာတဲ့ ဧည့်သည် ရွှေအမြုတေ ကျင့်ကြံသူတွေလို့ပဲ ပြောလိုက်ရုံပေါ့…"

"ဒီလိုဆို.. ဟိုကျင့်ကြံသူတွေ ဘာမှ ပြောရဲမှာ မဟုတ်ဘူးတော့ဘူး…"

ကျိုးစွေ့သည် ဖြေရှင်းနည်း တစ်ခုအား ရှာတွေ့ထားပြီး ဖြစ်သည်။

"အဲ့ဒီလိုဆိုရင်တော့ လုံးဝ ပြဿနာ မရှိတော့ဘူး.."

လန်ယွဲ့ရှီ ခေါင်းညိတ်လိုက်သည်။

ခင်ပွန်းဖြစ်သူ၏ ကိုယ်ပွားနည်းစနစ်သည် အမှန်တကယ်ပင် အစွမ်းထက်ကြောင်း၊ ရိုးရှင်းစွာဖြင့် အရာရ်လုပ်နိုင်စွမ်း ရှိကြောင်း သူမ ခံစားရသည်။

ဆေးလုံးများသန့်စင်ခြင်း၊ အစီအရင်များဖန်တီးခြင်း၊ အဆောင်များထုတ်လုပ်ခြင်းတို့သာမက၊ အစောင့်များအဖြစ်လည်း လုပ်ဆောင်နိုင်သည်။

လူတစ်ယောက်တည်းဖြင့် မျိုးနွယ်စုတစ်ခုလုံးကဲ့သို့ ဖြစ်နေသလိုပင်။

"ငါ့ကျင့်ကြံမှုက အားနည်းနေသေးတယ်.. ငါသာ ရွှေအမြုတေ အလယ်အလတ်အဆင့်ကို တက်လှမ်းနိုင်ရင်.. ငါ့ ကိုယ်ပွား အရေအတွက်က နှစ်ဆတိုးလာနိုင်တယ်.."

"အဲ့ဒီအချိန်ကျရင်.. နေရာအလုံအလောက် ရှိလာလိမ့်မယ်.."

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်သည်။

အင်မော်တယ်ရှားမြို့တော်၏ အင်အားတိုးတက်လာသည်နှင့်အမျှ၊ လုပ်ဆောင်ရမည့် အရာများသည် အမှန်တကယ်ပင် ပို၍ ပို၍ များပြားလာသည်။

"ယောက်ျား... ဝူကျိမဟာမိတ်အဖွဲ့က ရွှေအမြုတေ စီမံခန့်ခွဲရေးမှုးတစ်ယောက် လွှတ်လိုက်တယ်.. သူက ငါတို့နဲ့ ဆွေးနွေးစရာ အရေးကြီး ကိစ္စတချို့ ရှိနေပုံပဲ…"

ဤအခိုက်အတန့်တွင်၊ ကျိပင်းယွီ ဝင်ရောက်လာပြီး၊ သူမ၏ မျက်နှာသည် အလွန်တရာ လေးနက်နေလေသည်။

All Chapters