← Chapters

ဘယ်သူကဘယ်သူ့ကို အကွက်ကျော်တာလဲ

Vol. 25 Ch. 334

ဘယ်သူကဘယ်သူ့ကို အကွက်ကျော်တာလဲ

Vol. 25 Ch. 334

ဖြစ်နိုင်တာ သူ့ရှေ့ရှိအရာက မိုးကြိုးလျှပ်စီးကို ကြောက်သည်လား...

ကံကောင်းချင်တော့....

သူက မကြာသေးခင်ကမှ "သန့်စင်မိုးကြိုးအရိပ်သုံးခု" ၏ပထမအလွှာကို တတ်မြောက်ထား၏။

ထိုသိုင်းပညာဖြင့် မိုးကြိုးစွမ်းအားကိုဆင့်ခေါ်လိုက်ပြီး မှန်မှ အနက်ရောင်အလင်းတန်းပစ်လွတ်တာမြင်သည့်အခါ....

နောက်ထပ်တွေဝေမနေပေ။

ခြေထောက်မြောက်ပြီး ပစ်ကန်လိုက်၏။

မှိန်ဖျော့ဖျော့ မိုးကြိုးကြောင်းတစ်ခု သူ့ညာခြေထောက်မှာပေါ်လာပြီး ရှဲကနဲအသံနှင့်အတူ အနက်ရောင်မှန်၏ဝမ်းဗိုက်ကို ထိမှန်သွား၏။

ဓားသိုင်းတုန်းကဘာမှမဖြစ်သည့်အနက်ရောင်မြူ ချက်ချင်းပဲ လက်ချောင်းအရွယ်မိုးကြိုးကြောင်းကြောင့် လောင်ကျွမ်းသွား၏။

သံပူပြားတစ်ခုကို လူ့အရေပြားပေါ်ကပ်လိုက်သလိုပင်။

ချက်ချင်းပဲ မှန်၏ဝမ်းဗိုက် သိပ်သည်းသည့်အနက်ရောင်မီးခိုးတွေအဖြစ် အငွေ့ပျံသွားသည်။

နာနာကျင်ကျင်မချိမဆံ့အော်သံတစ်ခု အနက်ရောင်အလင်းတန်းတွေစုဝေးနေသည့် မှန်ထဲမှထွက်ပေါ်လာခဲ့သည်။

ထို့နောက် ဒေါသတကြီးလူသားအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"မင်း ဘယ်လိုလုပ် မိုးကြိုးနည်းစနစ်ကို သိနေတာလဲ..."

အသံက လူတိုင်း၏ကျောရိုးတစ်လျှောက်အေးစိမ့်သွားစေ၏။

ဤအနက်ရောင်မှန်က ကိုယ်ပိုင်အသိစိတ်ရှိပြီး လူစကားလည်းပြောတတ်၏။

ဂျန်ဖန်းဆံပင်တွေ အဆုံးစွန်ထိထောင်မတ်သွားခဲ့သည်။

ဤအရာက အတိအကျဘာကြီးလဲ.....

ကံကောင်းစွာဖြင့်, သူမျှော်လင့်ထားသည့်အတိုင်းဖြစ်နေခဲ့သည်။

မိုးကြိုးစွမ်းအားက အနက်ရောင်မြူကို အပြင်းအထန်ဖိနှိပ်နိုင်၏။

ထိုထူးဆန်းသည့်အနက်ရောင်မှန်ကိုကြည့်ပြီး ဂျန်ဖန်းအော်ပြောလိုက်သည်။

"မင်းအတွက်ဘာကကောင်းလဲသိရင် ခုချက်ချင်း ထွက်သွားသင့်တယ်....."

ဤမှန်က ထူးဆန်းပြီး အတော်လေးအန္တရာယ်များ၏။

၎င်းကိုခြောက်လန့်နိုင်လျှင် အသင်္ချေဓားဂိုဏ်းသခင်နှင့်အကြီးအကဲတွေကို ကိုင်တွယ်ခိုင်းတာ ပိုကောင်း၏။

သူ့အသက်ကို စွန့်စားစရာမလိုပေ။

အနက်ရောင်မှန်အနည်းငယ်နောက်ဆုတ်သွား၏။ သိသာစွာပဲ ကြောက်ရွံ့သွားတာဖြစ်သည်။

သို့ပေမယ့် ဂျန်ဖန်းနောက်ရှိတပည့်တွေကိုကြည့်ပြီး တွန့်ဆုတ်စွာပြောလိုက်သည်။

"ကောင်လေး, ငါမင်းအသက်ကို ချမ်းသာပေးနိုင်တယ်...."

"ဒါပေမယ့် မင်း ကိုယ့်ကိစ္စပဲကိုယ်စိတ်ဝင်စားရမယ်..."

"ငါ နောက်ဆုံးမှာမှ ခက်ခက်ခဲခဲ ပုံဏ္ဍာန်ဖွဲ့စည်းနိုင်ခဲ့တာ။ အခု အသက်ဓာတ်များတဲ့ ဒီလောက်လူအများကြီးတွေ့ရတာ ဒါက ငါ့နယ်ပယ်ကို အခြေခိုင်အောင်လုပ်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ....."

"မင်းငါ့ကိုနှောက်ယှက်ရဲရင် မင်းကိုငါနဲ့အတူ ဆွဲချသွားမယ်...."

ဤစကားတွေက တပည့်တွေကို ထိပ်ထိပ်ပျာပျာဖြစ်သွားစေ၏။

သူတို့က မှန်၏ကြောက်စရာကောင်းမှုကို မြင်တွေ့ဖူး၏။

၎င်းသာ သူတို့အားလုံးကိုသတ်ချင်လျှင် အလွယ်လေးပင်။

ဂျန်ဖန်း၏မိုးကြိုးစွမ်းအားကိုသာ ကြောတာတာဖြစ်၏။

ဂျန်ဖန်း အပြင်းအထန် မျက်မှောင်ကြုတ်သွားသည်။

သူက သေချာပေါက် ကြားမဝင်ချင်ပေ။

ပြဿနာက ရှုယင်းရင်နှင့် တိမ်စိမ်းဂိုဏ်းတပည့်တွေ ဤနေရာမှာရှိနေခဲ့သည်။ သူ ဘယ်လိုလုပ် လျစ်လျူရှုနိုင်မည်နည်း။

ထို့ပြင်, ဤအနက်ရောင်မြူက သူတို့အားလုံး၏သွေးစွမ်းအင်တွေစုပ်ပြီးလျှင် ပိုအားကောင်းလာပြီး သူ၏မိုးကြိုးစွမ်းအင်ကို ကြောက်တော့မည်မဟုတ်ပေ။

ထိုအခါ သူ့ကိုလည်း လွတ်ပေးပါအုန်းမည်နည်း။

ထို့ကြောင့် ရွေးချယ်မှုက ရှင်း၏။

၎င်းအားနည်းနေချိန် တိုက်ခိုက်ပြီး သတ်ပစ်ရမည်ဖြစ်သည်။

"ငါ့ကိုအတူဆွဲချဖို့ မင်းက မထိုက်တန်သေးဘူး..."

ဂျန်ဖန်းအေးစက်စွာနှာမှုတ်လိုက်သည်။

ထို့နောက် လက်ဦးမှုရယူပြီး လှုပ်ရှားမှုနည်းလမ်းဖြင့် ရှေ့ကို ပြေးထွက်သွားခဲ့သည်။

အစောပိုင်းက သူ၏မိုးကြိုးစွမ်းအားကို စမ်းသပ်ရုံသာဖြစ်သည်။

"သန့်စင်မိုးကြိုးအရိပ်သုံးခု"ကို မသုံးရသေးပေ။

ဤထူးဆန်းသည့်မှန် တကယ်ပဲ မိုးကြိုးစွမ်းအားကိုကြောက်လျှင် သူ့ကတိုက်ခိုက်နိုင်သေး၏။

"ခေါင်းမာတဲ့စောက်ရူး..."

အနက်ရောင်မှန် ဟိန်ဟောက်လိုက်၏။

အနက်ရောင်မြူတွေဖြင့်ဖွဲ့စည်းထားသည့် လူသားခန္ဓာကိုယ်က ချက်ချင်းပဲ လှုပ်ရှားလာပြီး သစ္ဆေလက်တစ်ခု ကွဲထွက်လာခဲ့သည်။

လူအုပ် ထိုအရာကို ရှင်းရှင်းတောင်မမြင်လိုက်ရပေ။

သစ္ဆေလက် အံ့အားသင့်ဖွယ်အမြန်နှုန်းဖြင့် ပြေးဝင်လာ၏။

သတိထားမိသည့်အခါ သူတို့အားလုံး ထိတ်လန့်တကြားအော်ဟစ်လိုက်၏။

အဘယ်ကြောင့်ဆိုသော် သစ္ဆေလက်က ဂျန်ဖန်းခြေထောက်တစ်ဖက်ကို ကိုင်ထားပြီဖြစ်နေခဲ့သည်။

ဂျန်ဖန်း အေးစိမ့်မှုကို ခံစားလိုက်ရသည်။

ဤကဲ့သို့အရှိန်...

ဘယ်လိုလုပ် အမြုတေဖွဲ့စည်းခြင်အဆင့်တစ်ယောက်က တုန့်ပြန်နိုင်မည်နည်း။

သစ္ဆေလက် ပြင်းထန်စွာဆောင့်ဆွဲပြီး ဂျန်ဖန်းလဲကျသွားအောင်ကြိုးစားလိုက်၏။

ကံကောင်းစွာဖြင့် ဂျန်ဖန်းရုပ်ခန္ဓာက အတော်လေးသန်မာနေခဲ့၍ သစ္ဆေလက် ချက်ချင်း အသားစီးမရပေ။

ဤအခွင့်အရေးကိုအမိအရယူပြီး မိုးကြိုးကြောင်းတစ်ခု ဂျန်ဖန်းခြေထောက်တွေကြားမှာတောက်ပလာ၏။

ထိုအခါ သစ္ဆေလက် ဖောက်ကနဲအသံဖြင့် အနက်ရောင်မီးခိုးတွေအဖြစ်ပေါက်ကွဲထွက်သွား၏။

သို့ပေမယ့်....

ဂျန်ဖန်း အသက်မရှူနိုင်ခင် ထိတ်လန့်နေသည့်အသံတွေ လူအုပ်ထဲမှ ထွက်ပေါ်လာ၏။

သူတို့က ဒါဇင်နှင့်ချီသည့်သစ္ဆေလက်တွေ အနက်ရောင်မှန်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာတာ မြင်လိုက်ကြ၏။

"ဟီ... ဟီ... ဟီ... ကြည့်ရတာ မင်းမိုးကြိုးစွမ်းအားက ဒီလောက်ပဲနဲ့တူတယ်...."

"ငါ့နောက်လိုက်နေတဲ့ လူငယ်လေးလောက်တောင် အားမကောင်းဘူး....."

"အလဟသစိုးရိမ်သွားတာပဲ...."

၎င်းက ဂျန်ဖန်းကို တစ်ချိန်လုံး စူးစမ်းနေခဲ့တာဖြစ်သည်။

ယခု, ဂျန်ဖန်းမိုးကြိုးစွမ်းအားကိုတွက်ချက်ပြီးရာ သူ့ကြောက်ရလောက်တဲ့ထိမဟုတ်၍ သက်သာယာရသွားခဲ့သည်။

"ဒီလိုဆိုမှတော့ မင်းကိုလွတ်ပေးမယ်ဆိုတဲ့ ငါ့စကားကို ပြန်ပြင်တယ်...."

"မင်းလည်း ငါ့အစာဖြစ်ရမယ်..."

"ဟ...ဟ..ဟ..."

မရေမတွက်နိုင်သည့် သစ္ဆေလက်တွေ နောက်ခံအရိပ်တွေချန်ထားခဲ့ပြီး ဂျန်ဖန်းဆီပြေးဝင်လာ၏။

လူတိုင်း တုန်လှုပ်နေခဲ့သည်။

ထိုမရေမတွက်နိုင်သည့်သစ္ဆေလက်တွေသာ သူ့ကိုဖမ်းသွားလျှင် ဘာဖြစ်မလဲ စိတ်ကူးမကြည့်နိုင်ပေ။

မှန်၏ကောက်ကျစ်ယုတ်မာမှုအရ အညာတာကင်းမဲ့စွာသတ်မှာ သံသယရှိစရာမလိုပေ။

သို့ပေမယ့် လူတိုင်းကို အံ့အားသင့်စွာဖြင့်....

မရေမတွက်နိုင်သည့်သစ္ဆေလက်တွေကို ရင်ဆိုင်ရာ၌ ဂျန်ဖန်း ကြောက်မသွားပေ။

ထိုအစား, သူ၏လှုပ်ရှားမှုနည်းလမ်းကို အဆုံးစွန်ထိတင်လိုက်၏။

"သန့်စင်မိုးကြိုးအရိပ်သုံးခု"၏ အဓိကလိုအပ်ချက်တစ်ခုက အောင်မြင်ခြင်းကြီးအဆင့် လှုပ်ရှားမှုနည်းစနစ်ပင်။

လှုပ်ရှားမှုနည်းလမ်းကို အဆုံးစွန်ထိ တွန်းပို့မှသာ ၎င်း၏အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်မှာဖြစ်သည်။

ဖျစ်! ဖျစ်! ဖျစ်!

လှုပ်ရှားမှုနည်းလမ်းအထွပ်အထိပ်ကိုရောက်ပြီး ကျင့်ကြံရေးနည်းစနစ်လှည့်ပတ်လိုက်ချိန်မှာပဲ....

မိုးကြိုးကြောင်းတွေ သူ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာခဲ့သည်။

ထို့ပြင် အရေအတွက်အားဖြင့် ပိုပိုများလာခဲ့သည်။

ပထမ, တစ်ကြောင်း...

နောက် ဆယ်ကြောင်း...

မကြာမီ အကြောင်းတစ်ရာထိရှိလာခဲ့သည်။

ချက်ချင်းပဲဂျန်ဖန်းခန္ဓာကိုယ်က မရေမတွက်နိုင်သည့်မိုးကြိုးလျှပ်စီးတွေဖြင့် ဖုံးအုပ်သွားပြီး တစ်လက်လက်တောက်ပနေခဲ့သည်။

လေထုက မိုးကြိုးတွေ၏ပူလောင်သည့်အနံတွေဖြင့် ပြည့်နှက်သွားပြီး ပြန့်ကျဲနေသည့်မိုးကြိးမျှင်တွေက ရှိနေသည့်သိုင်းပညာရှင်တွေ၏ ဆံပင်တွေကို အဆုံးစွန်ထိ ထောင်မတ်သွားစေခဲ့သည်။

လူတိုင်းနှလုံးသားက ကြောက်မက်ဖွယ်အန္တရာယ်အငွေ့အသက်ထဲ နစ်မြုပ်သွား၏။

အာရုံစူးရှသည့်သိုင်းပညာရှင်တွေဆို ပိုဆိုး၏။

သူတို့ခန္ဓာကိုယ်တွေ တောင့်တင်းနေပြီး တစ်လက်မတောင်မလှုပ်ရဲပဲ ပဲစေ့လောက်ချွေးစက်တွေ ထွက်လာကြ၏။

အဘယ်ကြောင့်ဆိုသော် သူတို့၌ အားကောင်းသည့် အလိုလိုသိစိတ် ရှိနေသောကြောင့်ပင်။

သူတို့သာ မဆင်မခြင်လှုပ်ရှားလျှင်....

သေမှာပင်။ ချက်ချင်းသေမှာပင်။

သူတို့တောင် ဤကဲ့သို့ခံစားနေရလျှင် ဂျန်ဖန်းတိုက်ခိုက်မှုကိုတိုက်ရိုက်ခံရသည့် အနက်ရောင်မှန်ဆိုလျှင် ဘယ်လိုခံစားရမည်နည်း။

မိုးကြိုးတွေရစ်ပတ်ပြီး မိုးကြိုးနတ်ဘုရားလိုဖြစ်နေသည့်ဂျန်ဖန်းကိုကြည့်ပြီး ၎င်းအသံတုန်ယင်နေခဲ့သည်။

"မင်း..."

ဘုန်း!

ဂျန်ဖန်း၏လျှင်မြန်တဲ့အရိပ်က သူ့အဖြေပင်။

ဒါဇင်နှင့်ချီသည့်သစ္ဆေလက်တွေ သူ့ကိုထိလိုက်သည်နှင့် ခန္ဓာကိုယ်ပတ်လည်ရှိမိုးကြိုးကြောင်းတွေကြောင့် ချက်ချင်းအနက်ရောင်မီးခိုးအဖြစ်လောင်ကျွမ်းသွား၏။

ထို့နောက် အရှိန်လျော့မသွားပဲ အနက်ရောင်မှန်နားနီးကပ်လာကာ အားဖြင့် ခြေစုံပစ်ကန်လိုက်သည်။

ထိုအခါ သူ့ခန္ဓာကိုယ်ရှိမိုးကြိုးကြောင်းတွေအားလုံးဆင့်ခေါခံရသကဲ့သို့ သူ့ခြေထောက်တွေမှာမိုးကြိုးနဂါးနှစ်ကောင်အဖြစ်ရစ်ပတ်သွား၏။

အနက်ရောင်မှန် ချက်ချင်းပဲ ကြီးမားသည့်အသက်အန္တရာယ်ခြိမ်းခြောက်မှုကိုခံစားရပြီး ကြောက်လန့်တကြားအော်လိုက်သည်။

"ထွက်သွား..."

၎င်း၏အနက်ရောင်မြူလူသားပုံခန္ဓာကိုယ်က ရုတ်တရက် ပြန့်ကျဲသွားပြီး မှန်ကိုရစ်ပသည့်အနက်ရောင်မြုထုအဖြစ် ပြန်ပြောင်းသွားခဲ့သည်။

၎င်းက ထိတ်ထိတ်ပျာပျာဖြင့် ဒေါသတကြီး အော်ပြောလိုက်သည်။

"မင်း ငါ့ကို ထိခိုက်အောင်မလုပ်နိုင်ပါဘူး..."

"အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့်တောင် ဒီနှစ်တွေတစ်လျှောက်ငါကျင့်ကြံလာတဲ့ အနက်ရောင်မြူကို မချိုးဖြတ်နိုင်ဘူး...."

သို့ပေမယ့်....

၎င်း၏ကြောက်ရွံ့မှုက အလျှင်အမြန်ပဲ တစ်စထက်တစ်စပိုမိုပြင်းထန်လာခဲ့သည်။

ဂျန်ဖန်းခြေထောက်ကျရောက်လာသည့်အခါ စိတ်မကူးနိုင်သည့်ကြောက်မက်ဖွယ်စွမ်းအားက ၎င်း၏အနက်ရောင်မြူခန္ဓာကိုယ်ကို တုန်ယင်သွားစေခဲ့သည်။

ထို့ပြင်, ၎င်းကို ပိုစိတ်ပျက်အားငယ်သွားစေတာက....

မိုးကြိုးနဂါးနှစ်ကောင်က ဖျက်ဆီးခြင်းအော်ရာကိုသယ်ဆောင်ကာ ထုရိုက်လာတာပင်။

ဘုန်း!

၎င်းဂုဏ်ယူနေသည့်အနက်ရောင်မြူ စက္ကူတစ်ရွက်ကဲ့သို့ဆုတ်ပြဲသွားပြီး အနက်ရောင်မှန်၏ခန္ဓာအစစ်အမှန်ထွက်ပေါ်လာခဲ့သည်။

ထို့ပြင် ကျန်ရှိသည့်မိုးကြိုးနဂါးတွေက မှန်မျက်နှာပြင်ကို အပြင်းအထန်ထိမှန်သွား၏။

"အား...."

အနက်ရောင်မှန်ချက်ချင်းပဲ လွင့်ထွက်သွားပြီး အထဲမှ အလွန်နာကျင်သည့်အသံတစ်ခုထွက်ပေါ်လာခဲ့သည်။

မယုံနိုင်လောက်အောင် ဒဏ်ရာအပြင်းအထန်ရသွားသလိုပင်။

အနက်ရောင်မှန် မြေပြင်ပေါ်မှာ အဆက်မပြတ်လူးလိမ့်နေပြီး တဒုန်းဒုန်းမြည်နေခဲ့သည်။

အထဲရှိတည်ရှိမှု ပြင်းစွာနာကျင်နေတာကို ညွှန်ပြနေတာပင်။

ထို့နောက် ဂျန်ဖန်း ဆင်းသက်လာပြီး တည်ငြိမ်စွာပြောလိုက်သည်။

"ငါ မင်းကိုပြောဖို့မေ့သွားတယ်...."

"ဒါက ငါ့ရဲ့မိုးကြိုးစွမ်းအားပဲ...."

All Chapters