အသင်္ချေဓားဂိုဏ်းသခင်၏ဒေါသ
Vol. 25 Ch. 339
"ဘာလဲ, ကြောက်သွားပြီလား..."
လျိုလီ အံကြိတ်ပြီး အေးစက်စွာရယ်လိုက်သည်။
ဂျန်ဖန်း ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်ပြီး အင်္ကျီသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုပြင်ကာ ယဥ်ကျေးစွာပြောလိုက်သည်။
"ဒါက နာမည်ကျော်နတ်ဆိုးမျိုးနွယ်မင်းသမီးမှန်း မသိခဲ့ဘူး။ ငါ့ရဲ့စော်ကားမှုအတွက် သဘောထားကြီးပြီး ခွင့်လွတ်ပေးပါ...."
လျိုလီ ဒေါသတကြီး ရယ်လိုက်သည်။
"သဘောထားကြီးရမယ်? ငါအဲ့လောက်စိတ်ထားမမြင့်မြတ်ဘူး...."
သူမကို ဟိုလိုဒီလိုဆက်ဆံပြီး နောက်ဆုံးဤကဲ့သိုအဆုံးသတ်သွားတာတောင် ခွင့်လွတ်ဖို့မျှော်လင့်နေသေသည်လား?
အိမ်မက်မက်နေလိုက်လေ....
ဂျန်ဖန်း အကူအညီမဲ့သွားပြီး မီရုနတ်ဆိုးအမြုတေထုတ်ပြီး ပြောလိုက်သည်။
"ဒီမှာမင်းရဲ့နတ်ဆိုးအမြုတေ၊ အခုကစပြီး ငါတို့ကိစ္စပြတ်ပြီ..."
"မင်းနဲ့တွေ့ရတာ, ငါကံဆိုးတာပဲ...."
အသေအချာပင်။
ဤမိန်းမနှင့်တွေ့ရတာ ဘာကောင်းတာမှဖြစ်မလာပေ။
ပထမဦးစွာ သူမကိုတစ်ညလုံးဂရုစိုက်ခဲ့ရ၏။ ထို့နောက် ဓားသစ်တောမှာ သူမကြောင့်ပိတ်မိပြီး ကျင့်ကြံရေးနှောင့်နှေးခဲ့သည်။
ယခုလည်း သူ့ကို ကောင်းကင်ဝါးမျိုကျား ဖမ်းသွားလုနီးပါးပင်။
ဤအမျိုးသမီးနှင့်တွေ့ရတာ အတော့်ကိုကံဆိုးတာပင်။
သို့ပေမယ့်....
သူ့စကားတွေကိုကြားပြီးနောက် လျိုလီ ပိုလို့တောင်ဒေါသထွက်လာပြီး ဒေါသတကြီး အော်ပြောလိုက်သည်။
"ကိစ္စပြတ်ပြီ?...."
"နင် ခွေးကောင်, ငါ့ကို အဲ့လိုကိစ္စလုပ်ပြီးတော့ ကိစ္စတွေပြီးချင်သေးတယ်ပေါ့....."
ကောင်းကင်ဝါးမျိုကျား ရှုချင်းယန်၏အစွမ်းထက်အော်ရာ အလျှင်အမြန်ချည်းကပ်လာတာ ခံစားမိ၏။
သူက နောက်ထပ်မကြန့်ကြာရဲတော့ပဲ မိုးကုတ်စက်ဝိုင်းဆီခုန်တက်ကာ ထွက်သွားခဲ့သည်။
လျိုလီ တစ်ဖက်လှည့်၍ ဂျန်ဖန်း မုန်းတီးစွာစိုက်ကြည့်ပြီး နှာမှုတ်လိုက်သည်လ။
"ဒီမီရုနတ်ဆိုးအမြုတေ, ငါပြန်မယူတော့ဘူး..."
"နောက်တစ်ကြိမ်ငါလာရင် နင့်ခေါင်းကို တစ်ပါတည်းယူသွားမယ်...."
ဂျန်ဖန်းမျက်နှာ မဲမှောင်သွား၏။
သူက ထခုန်ပြီး ကျိန်ဆဲချင်သွားသည်။
မင်း, နတ်ဆိုးအင်ပါယာသမီးတော်က နတ်ဆိုးမျိုးနွယ်မှာကောင်းကောင်းမနေပဲ လူသားကလန်ဆီ ဘာလာလုပ်တာလဲ....
သူက ဒေါသတကြီးပြောလိုက်သည်။
"မယူချင်ချင်လည်းနေပါ့...."
"ဘယ်လိုပဲဖြစ်ဖြစ် ငါလည်း ပြန်ပေးချင်တာမှမဟုတ်တာ..."
"မင်းက ငါ့မျက်နှာအစစ်အမှန်တောင်မသိပဲနဲ့ ဘယ်လိုရှာမှာလဲ...."
သူမ ထိုစကားကိုကြားသွားသလိုပင်။
မိုးကုတ်စက်ဝိုင်းကို ပျောက်ကွယ်တော့မည့်အချိန်၌ လျိုလီရုတ်တရက် ရပ်တန့်လိုက်သည်။
သူမက ဒေါသတကြီး အော်ပြောလိုက်သည်။
"ကောင်းကင်ဝါးမျိုကျား ပြန်သွားမယ်...."
"ငါ သူနဲ့ အဆုံးထိတိုက်ခိုက်မယ်...."
ဂျန်ဖန်းပြောသည့်အတိုင်းပင်။
သူမက ဂျန်ဖန်းမျက်နှာအစစ်အမှန်ကို မမြင်ဖူး၍ လက်စားချေဖို့ ဘယ်ကသွားရှာရမည်နည်း။
သူမရှေ့မှာရပ်နေလျှင်တောင် မှတ်မိမည်မဟုတ်ပေ။
ကောင်းကင်ဝါးမျိုကျား ပြန်မလှည့်ရဲပဲ လျိုလီကိုခေါ်ပြီး အဝေးကို ပျောက်ကွယ်သွားခဲ့သည်။
လျိုလီ၏ စူးစူးဝါးဝါးအော်ဟစ်သံသာ ကောင်းကင်နှင့်မြေကြီးကြားမှာ ပဲ့တင်ထပ်ကျန်နေခဲ့သည်။
ရှုယင်းရင် သူမနဖူးကချွေးအေးတွေကို သုတ်ပြီး ပြောလိုက်သည်။
"နင်က နတ်ဆိုးအင်ပါယာသမီးတော်ကို ဒီလောက်ထိ ရူးသွပ်သွားအောင်လုပ်နိုင်တာပဲ..."
ဂျန်ဖန်း စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။
"သူမကိုယ်တိုင်တောင်းဆိုတာလေ..."
"သူမက နတ်ဆိုးအင်ပါယာသမီးတော်ဖြစ်ပြီး ငါနဲ့လက်ရည်ဖလှယ်ချင်ရလား..."
"ငါက ဘယ်သူ့သွားတိုင်ရမှာလဲ...."
ဖူး!
ရှုယင်းရင် မနေနိုင်ပဲ အသံထွက်ရယ်လိုက်သည်။
ပြောရလျှင် ဂျန်ဖန်းတကယ် မတရားခံရတာဖြစ်သည်။
နတ်ဆိုးအင်ပါယာသမီတော်က ဤလောက်ထိရူးသွပ်သည့်ကိစ္စမျိုးလုပ်မည်ဟု မည်သူ ထင်ထားမည်နည်း။
အသင်္ချေဓားဂိုဏ်းဓားသစ်တောကိုလာ၍ ဂျန်ဖန်းဖမ်းဆီးတာခံရပြီး ရိုက်နှက်ခံခဲ့ရ၏။
သို့ပေမယ့် ရှုယင်းရင်း ချက်ချင်းပဲ ရယ်နေတာရပ်လိုက်သည်။
သူမက မေးလိုက်သည်။
"ဒါပေမယ့် သူမစကားတွေအရ နင့် သူ့ကို တစ်ခုခုလုပ်လိုက်သလိုပဲ...."
သူမက အချိန်အတော်ကြာကတည်းက တစ်ခုခုမှားနေတာကို ခံစားမိ၏။
လျိုလီ၏ ဂျန်ဖန်းအပေါ်မုန်းတီးမှုက အမျိုးသားနှင့်အမျိုးသမီးကြားကိစ္စမျိုးနှင့် ပိုတူနေခဲ့သည်။
သာမန်ရန်သူတွေနှင့်မတူပေ။
ဂျန်ဖန်း သူမနဖူးကိုတောက်လိုက်သည်။
"နင်လည်း သူ့လို ဦးနောက်ပျက်သွားပြီလား...."
"ငါက အဲ့လိုလူစားမျိုးလား...."
ရှုယင်းရင် သူမနဖူးကိုပွတ်ပြီး စိတ်တိုစွာပြောလိုက်သည်။
"အခြားလူနဲ့ဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့...."
"ဒါပေမယ့် ဒီနတ်ဆိုးအင်ပါယာသမီးတော်က လောကအဆင့်အလှလေးလေ။ ငါ့အမထက်တောင်သာတယ်...."
"ဘယ်ယောက်ျားမှ မခုခံနိုင်ဘူး...."
ငါ...
ဂျန်ဖန်း နောက်ထပ်ရှင်းမပြချင်တော့ပေ။
သူရှင်းပြလေလေ ပိုဆိုးလေလေဖြစ်မည်ပင်။
ထို့ပြင် ရှင်းပြဖို့လည်း အချိန်မရှိပေ။
အဘယ်ကြောင့်ဆိုသော် များစွာသောအစွမ်းထက်အော်ရာတွေ အလျှင်အမြန်ချည်းကပ်လာသောကြောင့်ပင်။
ဂျန်ဖန်း အလျှင်အမြန်ပဲ ခရမ်းဓားကိုအဝတ်ဖြင့်ပတ်လိုက်သည်။
ထို့နောက် သူဖြတ်ထားသည့်ကောင်းကင်ဝါးမျိုကျားလက်သည်းကိုတွေ့လိုက်သည်။
အရင်က ငွေတောင်ပံမိုးကြိုးသိမ်းငှက်ခြေသည်းက သူ့ဆီ ထိပ်တန်းအဆင့်မှော်လက်နက်တစ်ခုယူလာပေးခဲ့သည်။
ယခု အကြောက်မက်ဖွယ်ကောင်းကင်ဝါးမျိုကျားဆိုလျှင်တော့ ပြောစရာကိုမလိုတော့ပေ။
တွေဝေမနေပဲ သိမ်းလိုက်သည်။
ထို့နောက်....
များစွာသောအစွမ်းထက်အော်ရာတွေ သူတို့ကိုကျော်ပြီး ကောင်းကင်ဝါးမျိုကျားနောက်လိုက်သွားကြသည်။
အသင်္ချေဓားဂိုဏ်းမြင့်မြတ်အကြီးအကဲတွေဖြစ်သင့်၏။
နောက်တစ်ခဏကြာပြီးနောက် ဂိုဏ်းအသီးသီးမှ မဟာအကြီးအကဲတွေ တစ်ယောက်ပြီးတစ်ယောက်ရောက်လာခဲ့သည်။
တပည့်တွေလုံခြုံတာမြင်ရမှ အားလုံးစိတ်သက်သာယာရစွာ သက်ပြင်းချလိုက်ကြသ်။
"မင်းတို့အားလုံးအဆင်ပြေနေတာ နတ်ဘုရားကိုကျေးဇူးတင်ရမယ်...."
လင်ဂျင်ဟူ သက်ပြင်းချလိုက်သည်။
ကောင်းကင်ဝါးမျိုကျားဆင်းသက်လာချိန်က သူမနှလုံးသား ရပ်တန့်လုနီးပါးပင်။
သူတို့မထိခိုက်တာက ကောင်းချီးတစ်ခုပင်။
"မထိခိုက်ရုံပဲမဟုတ်ဘူး, မဟာအကြီးအကဲ၊ ကျွန်မတို့အဆင့်တွေကိုကြည့်ပါအုန်း..."
ကျီရူယွဲ့ ဂုဏ်ယူစွာဖြင့် စိတ်ဝိညာဥ်စွမ်းအင်အနည်းငယ်ထုတ်ပြလိုက်သ်ည။
လင်ဂျင်ဟူ အံ့အားသင့်သွား၏။
"အခြေခံတည်ဆောက်ခြင်းအဆင့် ၇...."
ကျီရူယွဲ့ပြန်ပြောလိုက်သည်။
"ဟုတ်တယ်, ကျွန်မတို့အတွက်ထိပ်တန်းကျင့်ကြံရေးနေရာတစ်ခုပေးတဲ့ ဂျန်... နံပါတ် ၁ အရိပ်စောင့်ကို ကျေးဇူးတင်ရမယ်..."
"ကျွန်မနဲ့ ဂိုဏ်းတူမောင်နှမတွေ အကြီးအကျယ်တိုးတက်ခဲ့တယ်..."
အခြားရမ္မက်ဂိုဏ်းတပည့်လေးယောက်လည်း သူတို့၏ အခြေခံတည်ဆောက်ခြင်းအဆင့် ၉ စွမ်းအားကို ထုတ်ဖော်ပြသလိုက်သည်။
ဤအရာက လင်ဂျင်ဟူကို အလွန်အမင်း ပျော်ရွင်သွားစေ၏။
သူမက ဂျန်ဖန်းဖက်လှည့်ပြီး ထပ်ခါထပ်ခါ ကျေးဇူးတင်လိုက်သည်။
"မင်းက ငါ့ရမ္မက်ဂိုဏ်းကို ဒီလိုကြင်နာခဲ့တာ ပြန်ပေးဖို့နည်းလမ်းမရှိတော့ပါဘူး...."
ဖုန်းဂုချန်း ဤအရာကိုမြင်ပြီး အလျှင်အမြန်ပဲ နဲ့ယွင်ရှီနှင့်အခြားလူတွေကို ဒေါသတကြီးကြည့်လိုက်သည်။
နဲ့ယွင်ရှီးတို့ မျက်နှာမဲမှောင်သွား၏။
"ကျွန်မတို့နောက်ကျသွားတယ်။ ထိပ်တန်းကျင့်ကြံရေးနေရာကို သူတို့ကယူပြီသွားပြီ...."
သူမနှင့် တပည့်တွေ သူတို့၏ကျင့်ကြံရေးကို ပြသလိုက်သည်။
တိုးတက်မှုကကောင်းပြီး ဓားသစ်တော၏ ကျင့်ကြံရေးအာနိသင်က မျှော်လင့်ထားသလိုဖြစ်သော်လည်း.....
ရမ္မက်ဂိုဏ်းနှင့်ယှဥ်လျှင်တော့ မှိန်ဖျော့နေခဲ့သည်။
ဖုန်းဂုချန်း နဲ့ယွင်ရှီးကို အပြစ်တင်သည့်အနေဖြင့် ကြည့်လိုက်သည်။
သူမသာအစကတည်းကတွေဝေမနေလျှင် ရမ္မက်ဂိုဏ်းအကျိုးအမြတ်ရသွားမည်မဟုတ်ပေ။
သို့ပေမယ့် သူက အသင်္ချေဓားဂိုဏ်းတပည့်တွေ မတိုးတက်လုနီးပါးဆိုတာမြင်သည့်အခါ....
မနေနိုင်ပဲ သက်သာယာရသွားသည်။
ရောက်လာသည့်အသင်္ချေဓားဂိုဏ်းသခင် မကျေမနပ်ဖြစ်နေခဲ့သည်။
"မင်းတို့အားလုံးဘာဖြစ်ခဲ့တာလဲ..."
အကောင်းဆုံးနေရာ ဂျန်ဖန်းယူသွားလျှင်တောင် အခြားထိပ်တန်းကျင့်ကြံရေးနေရာတွေ ရှိသေး၏။
လင်ဂုဟိုင် သူတို့ကို မကူညီဖူးလား?...
အသင်္ချေဓားဂိုဏ်းတပည့်တစ်ယောက် ခါးသီးသည့်မျက်နှာဖြင့် အခြေအနေကို ရှင်းပြလိုက်သည်။
အသင်္ချေဓားဂိုဏ်းသခင် ထိုအရာကိုကြားသည့်အခါ ဂျန်ဖန်းကို တင်းမာသည့်မျက်နှာဖြင့် ကြည့်လိုက်သည်။
"မင်းဘယ်ဂိုဏ်းက တပည့်လဲ...."
"နည်းနည်းဝင်စွက်ဖက်လွန်းရာမရောက်ဘူးလား...."
သူ့ဒေါသကို ဂျန်ဖန်းမျှော်လင့်ထားပြီးသားပင်။
သူက အေးအေးဆေးဆေး တုံ့ပြန်လိုက်၏။
"လင်ဂုဟိုင် မကောင်းတဲ့ရည်ရွယ်ချက်နဲ့ တပည့်တွေကို လမ်းမှားမျှားခေါ်သွားတာမဟုတ်ရင် ကျွန်တော်ဘယ်လိုလုပ် အခုလိုလုပ်မှာလဲ..."
အသင်္ချေဓားဂိုဏ်းသခင် စကားလမ်းကြောင်းလွဲလိုက်သည်။
"ငါဆိုလိုတာ, မင်းဘာလို့ လင်ဂုဟိုင်းကိုထားတာလဲ...."
"ငါ မင်းဂိုဏ်းနဲ့စကားပြောရမယ်..."
ဂျန်ဖန်း တည်ငြိမ်နေဆဲဖြစ်သည်။
"ဟုတ်တယ်, ကျွန်တော်ကြားဝင်ခဲ့တယ်..."
"မဟုတ်ရင် နတ်ဆိုးစိတ်ဝိညာဥ် ရှိနေတဲ့တပည့်တွေကိုဝါးမျိုးသွားတာ ခွင့်ပြုပေးလိုက်ရမှာလား...."
"ပြီးတော့ နတ်ဆိုးမျိုးနွယ်မင်းသမီး ပါရမီရှင်တပည့်အားလုံးကိုသတ်တာ ခွင့်ပြုလိုက်ရမှာလား....."
"ဒါဆို အသင်္ချေဓားဂိုဏ်း ကျွန်တော့်ကို အပြစ်တင်ဖို့ အချိန်ရှိမယ်မထင်ဘူး...."
ဖြစ်နိုင်လို့လား?...
အသင်္ချေဓားဂိုဏ်းသခင် တပည့်တစ်ယောက်ကို ကြည့်လိုက်သည်။
"ဒါ အမှန်ပဲလား...."
တပည့်မလိမ်ရဲပေ။
"ဂိုဏ်းချုပ်ကို တင်ပြပါတယ်။ အဲ့ဒီနတ်ဆိုးစိတ်ဝိညာဥ်က တကယ်ပဲစွမ်းအားကြီးပါတယ်။ စီနီယာအကို့ကျေးဇူးကြောင့်သာ ဒဏ်ရာအပြင်းအထန်ရပြီး ထွက်ပြေးသွားတာပါ...."
"နတ်ဆိုးမျိုးနွယ်မင်းသမီးကိုလည်း ဒီစီနီယာအကိုကပဲ ဒဏ်ရာအပြင်းအထန်ရအောင်လုပ်ပြီး ဖမ်းဆီးခဲ့တာပါ...."
"သူမရှိရင် ကျွန်တော်တို့ အတော်လေးဒုက္ခရောက်မှာ အသေအချာပါပဲ..."
ဂိုဏ်းအသီးသီးမှမဟာအကြီးအကဲတွေ ဂျန်ဖန်းကို အံ့အားသင့်စွာဖြင့် စေ့စေ့စပ်စပ်ကြည့်လိုက်ကြသည်။
သူတို့က မနေနိုင်ပဲ နတ်ဆိုးစိတ်ဝိညာဥ်အဲ့လောက်ထိမသန်မာနိုင်ဘူးလို့ တွေးလိုက်၏။
ထို့ပြင် နတ်ဆိုးအင်ပါယာသမီးတော်ခွန်အားကလည်း သာမန်ပဲဖြစ်နိုင်၏။
အဆုံးမှာတော့ အခြေခံတည်ဆောက်ခြင်းတပည့်တစ်ယောက်က ဘယ်လောက်စွမ်းဆောင်နိုင်မည်နည်း။
အသင်္ချေဓားဂိုဏ်းသခင်လည်း ထိုကဲ့သို့တွေးမိပြီး ဂျန်ဖန်းကို မျက်မှောင်ကြုတ်ကြည့်ကာ ပြောလိုက်သည်။
"နတ်ဆိုးစိတ်ဝိညာဥ်နဲ့ နတ်ဆိုးမျိုးနွယ်မင်းသမီးက ဘာမှသိပ်အစွမ်းထက်မှာမဟုတ်ဘူး..."
"မင်းချဲ့ကားပြောနေတာပဲ..."
"ဒါ့ပြင်, ဒီမှာ ငါ့တပည့်လင်းဂုဟိုင်ရှိနေတာ ဘာလို့ မင်းလှုပ်ရှားဖို့လိုမှာလဲ...."
"သူ အလွတ်တကူဖြေရှင်းနိုင်တယ်...."
ထို့နောက် ခဏရပ်ပြီး ပတ်ဝန်းကျင်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"လင်ဂုဟိုင်ဘယ်မှာလဲ..."
ဤတစ်ချိန်၌ လင်းဂုဟိုင် တပည့်တွေကိုဦးဆောင်ပြီး ထိပ်တန်းနေရာရအောင်လုပ်ပေးကာ အမှားပြင်ရမည်ဖြစ်သည်။
သို့ပေမယ့် သူလုပ်ခဲ့သည့်အရှုပ်အထွေးတွေက ဘယ်လိုလုပ် အသင်္ချေဓားဂိုဏ်းသခင်ကို ဒေါသမထွက်စေမည်နည်း။
လူအုပ်အစွန်၌....
လင်ဂုဟိုင် တုတ်တစ်ချောင်းဖြင့် ထော့နင်းထော့နင့်လျှောက်လာပြီး စိုးရိမ်စွာပြောလိုက်သည်။
"ဆရာ, တပည့်ဒီမှာပါ...."
အသင်္ချေဓားဂိုဏ်းသခင် တုန်လှုပ်သွား၏။
"မင်း ဘယ်လိုလုပ် ဒီလောက်ဒဏ်ရာအပြင်းအထန်ရလာတာလဲ...."
သူ့ပုံစံက သေတော့မည့်အတိုင်းပင်။
လင်ဂုဟိုင် တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။
"တပည့် အနီဝတ်မိန်းခလေးတစ်ယောက်ကြောင့် ဒဏ်ရာရခဲ့တာပါ...."
အနီဝတ်မိန်းခလေး?....
အဲ့ဒီနတ်ဆိုးအင်ပါယာသမီးတော်လား?....
နေပါအုန်း....
အသင်္ချေဓားဂိုဏ်းသခင် ကြောင်သွား၏။
"သူက အဲ့လောက်သန်မာလို့လား...."
ဂျန်ဖန်း သူမကို အလွယ်တကူဖမ်းနိုင်ခဲ့ရာ ဘယ်လောက်သန်မာနိုင်မည်််နည်း။