← Chapters

ချီးမြှင့်ထိုက်သော

Vol. 25 Ch. 340

ချီးမြှင့်ထိုက်သော

Vol. 25 Ch. 340

လင်ဂုဟိုင် ရှက်ရွံ့စွာပြောလိုက်သည်။

"ဆရာ, မင်းမသိတာရှိသေးတယ်..."

"အဲ့ဒီမိန်းခလေးက အတော်ထူးဆန်းတယ်။ စွမ်းရည်တွေတစ်ခုမှမသိပေမယ့် ရုပ်ခန္ဓာကတော့ ကြောက်စရာကောင်းလောက်အောင်သန်မာတယ်...."

"သူရပ်နေရင်တောင် ကျွန်တော့်ဓားက သူ့အကာအကွယ်ကို မချိုးဖြတ်နိုင်ဘူး...."

ဟစ်....

အခြေအနေကို နားမလည်သည့်မဟာအကြီးအကဲများစွာ ယခုမှသာ ဤနတ်ဆိုးအင်ပါယာသမီးတော်၏ထူးခြားမှုကို နားလည်သွားခဲ့သည်။

လင်းဂုဟိုင် အခြေခံတည်ဆောက်ခြင်းအဆင့် ၂ ဖြစ်ပြီး အသင်္ချေဓားဂိုဏ်းသခင်လက်အောက်၌ သင်ကြားနေကာ သေစေနိုင်ဆုံးဓားသိုင်းကို လေ့ကျင့်၏။

သူအစွမ်းကုန်တိုက်ခိုက်တာတောင် နတ်ဆိုးအင်ပါယာသမီးတော်ကို မထိခိုက်စေဘူးတဲ့လား....

ထိုအခါမှသာ လူတိုင်း ဤအမျိုးသမီးက ဘယ်လောက်အန္တရာယ်ရှိလဲဆိုတာ နားလည်သွားခဲ့သည်။

ဂျန်ဖန်းသာဖမ်းမထားလျှင် ပါရမီရှင်တပည့်အားလုံး သူမကလက်မှ လွတ်မြောက်မည်မဟုတ်ပေ။

အသင်္ချေဓားဂိုဏ်းသခင်မျက်နှာ အကြီးအကျယ်ပြောင်းလဲသွား၏။

ဂျန်ဖန်းခွန်အားကို သံသယဝင်နေဆဲဖြစ်ပြီး မေးလိုက်သည်။

"ဒါဆို မင်းအဲ့အမျိုးသမီးကို ဘယ်လိုဖမ်းခဲ့တာလဲ...."

ဂျန်ဖန်း မသမာသည့်နည်းလမ်းအချို့သုံးခဲ့သည်ဟု သူအတော်လေး သံသယရှိ၏။

ဂျန်ဖန်း အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။

"ဒါပေါ့, လက်နဲ့ဖမ်းခဲ့တာလေ....."

"မဟုတ်လို့ ပါးစပ်နဲ့ဖမ်းရမှာလား....."

အမှန်တရားရှေ့ရောက်နေတာကို အသင်္ချေဓားဂိုဏ်းသခင် မျက်စိတ်မှိတ်ဘက်လိုက်နေခဲ့သည်။

သူက သဘာဝအတိုင်း ယဥ်ကျေးနေတော့မည်မဟုတ်ပေ။

"မင်း...."

အသင်္ချေဓားဂိုဏ်းသခင် ဒေါသထွက်သွား၏။

ဂျူနီယာတပည့်တစ်ယောက်က သူ့ကို ပြန်ခံပြောရဲသည်လား?....

သူ့ကိုပိုဒေါသထွက်စေတာက ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် မငြင်းခုန်နိုင်လျှင်တောင် ဘာကြောင့် လင်းဂုဟိုင်က ဘေးမှာ အရူးလိုရပ်နေရသနည်း။

ဤအချိန်က ရှေ့ထွက်ပြီး ကိုယ့်ဆရာဂုဏ်သိက္ခာအတွက် ပြောပေးရမည့်အချိန်ပင်။

"ဂုဟိုင်, ဒီဂျူနီယာညီလေးက ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေကို ကယ်ခဲ့တာ။ မင်း သူ့ဒဏ်ရာသွားစစ်ပေးလိုက်...."

"သူသာဒဏ်ရာတွေနဲ့ပြန်သွားရင် အပြင်ကလူတွေ ငါတို့အသင်္ချေဓားဂိုဏ်းကို ဧည့်ဝတ်မကျေဖူးလို့ ပြောကုန်လိမ့်မယ်...."

အသင်္ချေဓားဂိုဏ်းသခင် တိုက်ရိုက်ပြောလိုက်သည်။

ဤစကားတွေက ဂိုဏ်းအသီးသီးမဟာအကြီးအကဲတွေကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။

သိုင်းပညာရှင်တိုင်း၌ ကိုယ်ပိုင်လျို့ဝှက်ချက်တွေရှိရာ ခွင့်မရှိပဲ လူတစ်ယောက်ခန္ဓာကိုယ်ကိုစစ်ဆေးတာ တမင်တကာရန်စနေတာပဲဖြစ်သည်။

အသင်္ချေဓားဂိုဏ်းသခင် သူ့တပည့်အား ဂျန်ဖန်းကို ဖိအားပေးပြီး ခွန်အားပြခိုင်းနေတာဖြစ်သည်။

လင်ဂုဟိုင် တုန်ယင်သွား၏။

သူ ဘယ်လိုလုပ် ဂျန်ဖန်းကို တိုက်ခိုက်ရဲမည်နည်း။

ဂျန်ဖန်း မကျင့်ကြံခင်ကတောင် သူက ပြိုင်ဘက်မဟုတ်ပဲ အပြင်းအထန်ဖိနှိပ်ခံခဲ့ရ၏။

ယခု, ဂျန်ဖန်း၏ကျင့်ကြံရေးအကြီးအကျယ်တိုးတက်မှုနှင့် ပိုတောင်ဆိုးအုန်းမည်ဖြစ်သည်။

သူက ဂိုဏ်း ၉ ဂိုဏ်း မဟာအကြီးအကဲတွေနှင့် ပါရမီရှင်တပည့်တွေရှေ့၌ မျက်နှာမပျက်ချင်ပေ။

အလျှင်အမြန်ပဲ လက်ချင်းယှက်ကာ ပြောလိုက်သည်။

"ဆရာ့ကိုတင်ပြပါတယ်...."

"ကျွန်တော်မလုပ်ရဲပါဘူး...."

မလုပ်ရဲဘူး?.....

အသင်္ချေဓားဂိုဏ်းသခင်အမူအရာ အေးခဲသွား၏။

ဂိုဏ်း ၉ ဂိုဏ်း၏ မဟာအကြီးအကဲတွေနှင့် ပါရမီရှင်တပည့်တွေရှေ့၌...

သူ၏ဂုဏ်အယူရဆုံးတပည့်က တကယ်ပဲ လိပ်တစ်ကောင်လို အခွံထဲပုန်းနေခဲ့သည်။

မနေနိုင်ပဲ သူ့မျက်နှာမဲမှောင်သွား၏။

"နောက်တစ်ကြိမ်ထပ်ပြောစမ်း...."

လင်ဂုဟိုင် လည်ပင်းကျုံ့လိုက်ပြီး ပါးစပ်ထဲ၌ ခါးသီးမှုတွေ ပြည့်နှက်သွားသည်။

ဆရာအဆူခံရတာ မျက်နှာအကြီးအကျယ်ပျက်တာထက်တော့ပိုကောင်း၏။

သူက လက်ချင်းယှက်ပြီး ခါးသီးသည့်မျက်နှာဖြင့် နောက်တစ်ကြိမ်ပြောလိုက်သည်။

"ကျွန်တော် ဒီဂျူနီယာညီလေးနဲ့ တိုက်ခိုက်ပြီးပါပြီ...."

"သူ့ခွန်အားက ကျွန်တော့်အထက်မှာ...."

"ကျွန်တော်က သူ့ကို စစ်ဆေးဖို့ အရည်အချင်းမပြည့်မှီပါဘူး...."

အာ...

ဤတစ်ချိန်၌, မဟာအကြီးအကဲအနည်းငယ် တည်ငြိမ်အောင်မနေနိုင်တော့ပေ။

မျက်လုံးတွေ၌ အံ့အားသင့်မှုအနည်းငယ်ရှိနေပြီး ဂျန်ဖန်းကို ကြည့်လိုက်ကြသည်။

လက်ရှိကမ္ဘာကြီး၌ ဘယ်ပါရမီရှင်က နည်းနည်းလောက်ဖြစ်တော့ မမောက်လို့နည်း။

တစ်စုံတစ်ယောက်ထက်နိမ့်ကျသည်ဟု ဝန်ခံဖို့က အတော်ရှား၏။

လင်ဂုဟိုင် တကယ်ပဲ သူ့ဆရာအမိန့်ကိုဆန့်ကျင်ပြီး ဤလူထက်နိမ့်ကျကြောင်း ဝန်ခံခဲ့သည်။

ထိုအရာအရ ဤလူ၏ခွန်အားက လင်းဂုဟိုင်ထက် အပြတ်အသတ်သာနေတာ သိသာ၏။

လူတိုင်း နောက်ဆုံးမှာ နားလည်လိုက်ကြသည်။

ဤလူ နတ်ဆိုးအင်ပါယာသမီးတော်ကို ဖမ်းနိုင်တာ တိုက်ဆိုင်မှု၊ ကံကောင်းမှု၊ မသမာသည့်နည်းလမ်းတွေကြောင့် မဟုတ်ပေ။

ထိုအစား သူက ကိုယ်ပိုင်စွမ်းရည်ဖြင့် လူတိုင်းကို ကယ်ခဲ့တာဖြစ်သည်။

အသင်္ချေဓားဂိုဏ်းသခင် ဂျန်ဖန်းကိုစိုက်ကြည့်ပြီး မျက်လုံးတွေက ထက်ရှနေခဲ့သည်။

"မင်းမျက်နှာဖုံးချွတ်လိုက်...."

"ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ မင်းဘယ်ဂိုဏ်းကလဲဆိုတာ ငါအတည်ပြုရမယ်...."

ဘယ်အချိန်က ဤကဲ့သို့ထူးချွန်သူတစ်ယောက် သူမသိပဲ ဂိုဏ်း ၉ ဂိုဏ်းမှာ ပေါ်လာသနည်း။

ဂျန်ဖန်း အနည်းငယ် မျက်လုံးမှေးကျဥ်းသွား၏။

ဤအသင်္ချေဓားဂိုဏ်းသခင်က တကယ်ပဲ မည်သည့်စည်းမျဥ်းမှ မလိုက်နာပေ။

ဂျန်ဖန်း၌ ကာကွယ်ပေးမည့်အကြီးအကဲမရှိဘူးထင်ပြီး ဤကဲ့သို့အနိုင်ကျင့်နေသည်လား....

"အသင်္ချေဓားဂိုဏ်းသခင်,နင်သွားတာ အရမ်းဝေးလွန်းနေပြီ...."

လင်ဂျင်းဟူ ရှေ့ထွက်လာ၏။

ဂျန်ဖန်းအတိတ်မှာ သူမနှင့်ရမ္မက်ဂိုဏ်းတပည့်တွေအပေါ်ကြင်နာခဲ့၏။

ထိုဆက်ဆံရေးမရှိခဲ့လျှင်တောင် စီနီယာတစ်ယောက်က ဂျူနီယာတစ်ယောက်ကို အနိုင်ကျင့်နေတာ သူမရပ်ကြည့်မနေနိုင်ပေ။

"ဒီဂျူနီယာက ဂိုဏ်း ၉ ဂိုဏ်းပါရမီရှင်တပည့်တွေကိုကယ်ပြီး မင်းတို့အသင်္ချေဓားဂိုဏ်းကို ပြဿနာကြီးကနေလွတ်မြောက်စေခဲ့တာ..."

"မင်းက သူ့ကို ထိုက်ထိုက်တန်တန်တောင် ဆုချီးမြှင့်ရအုန်းမှာကို ရန်မူနေတာလား...."

"မင်းရည်ရွယ်ချက်ကဘာလဲ...."

အခြားဂိုဏ်းမဟာအကြီးအကဲတွေ သူတို့၏ပါရမီရှင်တပည့်တွေ ဓားသစ်တောထဲမှာ မြုပ်နံလုနီးဖြစ်တာကိုတွေးပြီး မကျေမနပ် ဝင်ပြောလိုက်ကြသည်။

လူအုပ်ကြား၌ အခြေအနေက စတင်ပြောင်းလဲလာခဲ့သည်။

အသင်္ချေဓားဂိုဏ်းသခင်အမူအရာပြောင်းသွားပြီး အလျှင်အမြန်လက်ချင်းယှက်ပြောလိုက်သည်။

"ကြည့်စမ်းပါအုန်း, ငါမေ့တော့မလို့...."

"လူတိုင်းကိုတောင်းပန်ပါတယ်။ ငါက ဒီနေ့အဖြစ်အပျက်ကြောင့် ရှော့ရပြီး မေးခွန်းအချို့မေးမိသွားတာပါ...."

"ဒီဂျူနီယာက ဂိုဏ်း ၉ ဂိုဏ်းပါရမီရှင်တွေကိုသာမက ငါ့အသင်္ချေဓားဂိုဏ်းကိုလည်းကယ်လိုက်တာ။ ဒါ မဟာအကျိုးဆောင်မှုကြီးပဲ..."

"သဘာဝအတိုင်း ငါ့အသင်္ချေဓားဂိုဏ်းက ကပ်စေးနှဲနေမှာမဟုတ်ပါဘူး...."

ထို့နောက် သူက ဂျန်ဖန်းကို ပြုံးပြလိုက်သည်။

"မင်းဘာလိုချင်လဲ..."

"ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ မင်းဆန္ဒကို ငါအကောင်းဆုံးဖြည့်ပေးမှာပါ...."

ဂျန်ဖန်း တိတ်တဆိတ် အထင်သေးသွား၏။

အသံကတော့ကောင်း၏။

သူ့အတွက် ရှေ့ထွက်ပေးမည့်လူသာမရှိလျှင် အသင်္ချေဓားဂိုဏ်းသခင် ဆုပေးပါမည်လား....

စစ်ဆေးမေးမြန်းဖို့ မဖမ်းထားလျှင်တောင် ကောင်းချီးဖြစ်နေပြီဖြစ်သည်။

ဒါပေါ့၊ သူက ဆုလာဘ်နှင့်ထိုက်တန်၏။

အားနာနေမည်မဟုတ်ပေ။

သို့ပေမယ့် သူ့၌ ဆေးလုံး၊ ကျင့်ကြံရေးနည်းစနစ်၊ အဆောင်စာရွက် ဒါမှမဟုတ် မှော်လက်နက် ဘာမှရှားပါးမနေပေ။

ထိုအတွေးနှင့် ဘေးရှိရှုယင်းရင်ကိုကြည့်ပြီး သူ့မျက်လုံးတွေ တောက်ပသွား၏။

"ငါ့သူငယ်ချင်းမှာ သင့်တော်တဲ့ဓားသိုင်းမရှိသေးဘူး...."

"ဂိုဏ်းချုပ် သူမကျင့်ကြံဖို့ ဓားသိုင်းတစ်ခုပေးနိုင်မလား...."

အာ?....

မဟာအကြီးအကဲတွေ အံ့အားသင့်သွားကြ၏။

ဂျန်ဖန်း ဤလောက်ထိအကျိုးဆောင်ခဲ့တာ ဆုလာဘ်ကနည်းမည်မဟုတ်ပေ။

သို့ပေမယ့် သူက သူ့ဘေးရှိအမျိုးသမီးကို ပေးလိုက်သည်လား....

အမျိုးသမီးက ကျက်သရေရှိပြီး အလွန်မတန်လှပတာကိုမြင်သည့်အခါ သူတို့နားလည်သွားကြသည်။

သူရဲကောင်းတွေ၌ အမြဲတမ်းချစ်ရသည့် မိန်းမလှလေးတွေရှိ၏။

အံ့သြစရာမဟုတ်ပေ။

ဂိုဏ်းအသီးသီးမှ အမျိုးသမီးတပည့်တွေ မနာလိုသည့်အမူအရာပြသလာ၏။

"ဒါ တိမ်စိမ်းဂိုဏ်းက ရှုယင်းရင်မလား...."

"နည်းနည်းလေးပဲပိုလှတာပါ..."

"မိသားစုနောက်ခံ၊ သိုင်းပညာလမ်းစဥ် နဲ့ အတွေ့အကြုံတွေမှာ သူမက ငါ့ထက်မသာဘူး...."

"ဘာလို့ ဒီစီနီယာအကိုက သူမကို သဘောကျတာလဲမသိဘူး....."

.....

လူအများ၏အကြည့်အောက်၌ ရှုယင်းရင် အနည်းငယ်မျက်နှာနီရဲသွား၏။

တစ်နေ့၌ ဂိုဏ်း ၉ ဂိုဏ်းမှာ သူမမော့ကြည့်ရသည့် ပါရမီရှင်အမျိုးသမီးတပည့်တွေ၏ မနာလိုချင်းခံရမည်ဟု တစ်ခါမှ စိတ်ကူးယဥ်မကြည့်ဖူးပေ။

ကံကြမ္မာက တကယ်ကို ဆန်းကြယ်၏။

သို့ပေမယ့် ဤအရာအားလုံးက နံပါတ် ၁ အရိပ်စောင့်ကြောင့်ဆိုတာ သူမနားလည်၏။

ဤရင်းနှီးသည့်ပုံရိပ်ကို ဘေးတိုက်တစ်ချက်ကြည့်ပြီး အနည်းငယ်နှုတ်ခမ်းကိုက်လိုက်သည်။

သူမနှလုံးသားထဲ၌ ကျေးဇူးတင်မှုတွေနှင့်ပြည့်နှက်နေပြီး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် နင့်အတွက်ပဲ တောင်းသင့်တယ်...."

"ငါ ဒီလို ကြီးမားတဲ့ဆုလာဘ်မျိုး လက်မခံနိုင်ဘူး...."

ဂျန်ဖန်း ထူးမခြားနားစွာပြုံးလိုက်သည်။

"မင်းနဲ့ငါနဲ့က သူစိမ်းတွေမှမဟုတ်တာ။ ယဥ်ကျေးနေဖို့ မလိုပါဘူး...."

ထို့နောက် အသင်္ချေဓားဂိုဏ်းသခင်ဆီလက်ချင်းယှက်ပြီး ပြောလိုက်သည်။

"ကျွန်တော်နှိမ့်ချစွာနဲ့ ဂိုဏ်းချုပ်ဆီက ဓားသိုင်းတစ်ခု တောင်းခံချင်ပါတယ်...."

အသင်္ချေဓားသိုင်းသခင် စိတ်ထဲမထားပေ။

ဂျန်ဖန်းကိုပဲပေးပေး ရှုယင်းရင်ကိုပဲပေးပေး သူ့အတွက်မခြားနားပေ။

တစ်ခဏစဥ်းစားပြီးနောက်....

ခပ်သင့်သင့်မျက်နှာဖုံးအသစ်နှင့် ဓားကျမ်းတစ်ခုထုတ်ယူပြီး ပြောလိုက်သည်။

"ပုံမှန်ဆို, အသင်္ချေဓားဂိုဏ်းက ဓားသိုင်းတွေကို အပြင်ဖြန့်ဝေလေ့မရှိဘူး...."

"မင်းရဲ့အကျိုးဆောင်မှုအတွက် ချွင်းချက်ထားပြီး သိမ်မွေ့အလယ်အလတ်အဆင့်ဓားသိုင်းတစ်ခုပေးလိုက်မယ်..."

"မှတ်ထားပါ, မင်းကိုယ်တိုင်ပဲကျင့်ကြံလို့ရမယ်။ အခြားလူကို သင်မပေးရဘူး...."

အံ့အားသင့်သည့်အမူအရာတစ်ခု ရှုယင်းရင် မျက်လုံးထဲမှာ ပြသလာခဲ့သည်။

သူမက ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်သည်။

"ကျေးဇူးတင်ပါတယ်, ဂိုဏ်းချုပ်...."

ပတ်ဝန်းကျင်ရှိ ပါရမီရှင်တပည့်တွေ မနာလိုဖြစ်သွားကြ၏။

ပါရမီရှင်တပည့်တွေအနေဖြင့် သူတို့၌ သိမ်မွေ့အလယ်အလတ်အဆင့်သိုင်းကျမ်းမရှားပေ။ အချို့ဆို သိမ်မွေ့အဆင့်မြင်တွေတောင် ရှိ၏။

ပြဿနာက ဤအရာက အသင်္ချေဓားဂိုဏ်း၏ သိမ်မွေ့အလယ်အလတ်အဆင့်ကျင့်ကြံရေးနည်းစနစ်ဖြစ်နေတာပင်။

သူတို့၏ဓားပညာခွန်အားက အခြားဂိုဏ်း ၈ ဂိုဏ်းနှင့်ယှဥ်လျှင် ပြိုင်ဘက်ကင်း၏။

ရှုယင်ရင်ဓားပညာစွမ်းအားက အကြီးအကျယ်မြှင့်တက်သွားတော့မည်ဖြစ်သည်။

ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။

အဆင့်က အနည်းငယ်နိမ့်သော်လည်း ဤအရာက တကယယ်ပဲ အသင်္ချေဓားဂိုဏ်းပေးနိုင်သည့်အမြင့်ဆုံးဓားသိုင်းဖြစ်၏။

အခြားပိုမြင့်သည့်အရာတွေက လျို့ဝှက်နည်းစနစ်တွေဖြစ်၏။

သူက ရှုယင်းရင်ကိုခေါ်ပြီး ထွက်သွားဖို့ပြင်လိုက်ချိန်မှာပဲ....

ရုတ်တရက်....

သန်မာသည့်အော်ရာအများအပြား ပြန်ရောက်လာ၏။

ပုံရိပ်တွေပေါ်လာသည့်အခါ ထိုအရာက ကောင်းကင်ဝါးမျိုကျားနောက်လိုက်ဖမ်းရာမှပြန်လာသည့် ရှုချင်းယန်နှင့် အခြားလူတွေဖြစ်သည်။

"သေဆုံးတာ ဒါမှမဟုတ် ဒဏ်ရာရတဲ့လူရှိလား...."

ရှုချင်းယန် တင်းမာစွာမေးလိုက်သည်။

ထိုအရာအရ လိုက်ဖမ်းမှုက မချောမွေ့ခဲ့တာ ပြသနေ၏။

သူ၏ထိတ်တန်းအဆင့်မှော်လက်နက်ဆုံးရှုံးသွား၍ ခွန်အားက အရင်လောက်မကောင်းတော့ပေ။

ထို့ကြောင့် ကောင်းကင်ဝါးမျိုကျားကိုဖမ်းဖို့က စိန်ခေါ်မှုတစ်ခုဖြစ်၏။

အသင်္ချေဓားဂိုဏ်းသခင် ဘာမှမဖုံးကွယ်ရဲပဲ ဤနေရာရှိ အခြေအနေတွေကို ရှင်းပြလိုက်သည။

"နတ်ဆိုးအင်ပါယာရဲ့သမီးတော်ကို ဖမ်းတယ်?..."

ရှုချင်းယန် အံ့အားသင့်စွာ ပြောလိုက်သည်။

"အဲ့ဒီမိန်းခလေးက နတ်ဆိုးအင်ပါယာသွေးမျိုးဆက်ရှိပြီး ရင်ဆိုင်ရမလွယ်ဘူး...."

"နောက်ကျရင် အကျိုးဆောင်တဲ့အကြီးအကဲကို ဆုချဖို့ သတိရပါ....."

သူက နတ်ဆိုးအင်ပါယာသမီးတော်ကို ဖမ်းခဲ့တာ အသင်္ချေဓားဂိုဏ်းအကြီးအကဲတစ်ယောက်ဟု ကောက်ချက်ချလိုက်သည်။

အသင်္ချေဓားဂိုဏ်းသခင် တစ်ခဏတွေဝေနေပြီး ဂရုတစိုက်ပြောလိုက်သည်။

"မြင့်မြတ်အကြီးအကဲကို တင်ပြပါတယ်...."

"လှုပ်ရှားခဲ့တဲ့တစ်ယောက်က ငါတို့ဂိုဏ်းရဲ့အကြီးအကဲမဟုတ်ပါဘူး....."

"ဒါက... တပည့်တစ်ယောက်ပါ....."

All Chapters