← Chapters

တွန့်တိုသော

Vol. 25 Ch. 341

တွန့်တိုသော

Vol. 25 Ch. 341

တပည့်?....

ရှုချင်းယန် အံ့အားသင့်သည့်အမူအရာပြသလိုက်သည်။

"ဘယ်ဂိုဏ်းတပည့်က ဒီလောက်ထူးခြားရတာလဲ...."

ဓားသစ်တောဝင်ရောက်သည့်တပည့်အားလုံးက အခြေခံတည်ဆောက်ခြင်း အဆင့် ၈ ပတ်လည်လောက်သာဖြစ်၏။

သို့ပေမယ့် နတ်ဆိုးအင်ပါယာသမီးတော်ကတော့ ဤအဆင့်ထက်များစွာကျော်နေခဲ့သည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ၅တောင် သူမကို ဖမ်နိုင်ဖို့ မသေချာပေ။

အသင်္ချေဓားဂိုဏ်းသခင် အနည်းငယ်တွန့်ဆုတ်နေပြီး ဂျန်ဖန်းကို ညွှန်ပြလိုက်သည်။

"ဒီတပည့်ပါ...."

သူက အတော်လေးနောင်တရနေ၏။

ဤအကျိုးဆောင်မှုသာ လင်ဂုဟိုင်ကြောင့်ဆိုလျှင် ရှုချင်းယန်ရှေ့မှာ မျက်နှာပန်းလှပြီဖြစ်သည်။

အို?....

ရှုချင်းယန် သူညွှန်ပြသည့်ဘက်ကိုကြည့်လိုက်ရာ မျက်လုံးများ ခဏရပ်တန့်သွားပြီး မချိပြုံးပြုံးလိုက်သည်။

ကျောက်ချီဒန်လည်း သိချင်စွာဖြင့် ကြည့်လိုက်ပြီး အံ့အားသင့်သွား၏။

"ကောင်လေး, မင်းပါလား...."

ဘေးရှိမြင့်မြတ်အကြီးအကဲစွန်းလည်း အကြီးအကဲနှစ်ယောက်၏အမူအရာကြောင့် အတော်လေး အံ့အားသင့်သွားပြီး နောက်မှသာ ရုတ်တရက် နားလည်သွားခဲ့သည်။

"ဒီကောင်လေးက....."

သူက အလျှင်အမြန်ပဲ စကားတွေကို မျိုချလိုက်သည်။

ဤကိစ္စကို လူအများရှေ့မှာ မပြောတာ ပိုကောင်း၏။

အာ....

ထိုအခိုက်အတန့်၌....

ရှိနေသည့်မဟာအကြီးအကဲတွေလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။

အသင်္ချေဓားဂိုဏ်းမြင့်မြတ်အကြီးအကဲတွေက ဤကောင်လေးကို တကယ်သိနေသည်လား....

အသင်္ချေဓားဂိုဏ်းသခင်လည်း ကြောင်သွား၏။

"မြင့်မြတ်အကြီးအကဲသုံးယောက်က သူ့ကိုသိတာလား....."

ရှုချင်းယန် ပြန်မဖြေပဲပြုံးရုံပြုံးလိုက်သည်။

"သိရုံတင်ဘယ်ဟုတ်မလဲ...."

"ဟုတ်တယ်မလား, မိတ်ဆွေလေး...."

ဂျန်ဖန်း ရှုချင်းယန်ကို အံ့အားသင့်စွာကြည့်နေခဲ့သည်။

တစ်ခဏကြာတော့နားလည်သွားပြီး ခါးသီးစွာပြုံးလိုက်သည်။

"စီနီယာရှု, မင်းက အတော်လေးဖုံးကွယ်ထားခဲ့တာပဲ..."

လက်စသတ်တော့ သူ့ရှေ့ရှိလူအိုကြီးက နာမည်ကျော်အသင်္ချေဓားဂိုဏ်း၏မြင့်မြတ်အကြီးအကဲရှုချင်းယန်ဖြစ်နေခဲ့သည်။

လမ်းတစ်လျှောက်လုံး သူက သူ့ကို ဂိုဏ်းတစ်ခုခု၏ အကြီးအကဲတစ်ယောက်ဟုသာ ထင်ထားခဲ့သည်။

ရှုချင်းယန် ရယ်လိုက်သည်။

"မင်းလည်း မဆိုးပါဘူး။ ဒီလူအိုကြီးမင်းကြောင့် အမှောင်ထဲမှာ ပိတ်မိလုနီးပါးပဲ...."

"ငါက မင်းကို သာမန်နတ်ဆေးဆရာတစ်ယောက်လို့ ထင်ထားခဲ့တာ...."

"ဒီလိုစွမ်းရည်တွေ ဖုံးကွယ်ထားဖို့ မမျှော်လင့်ထားဘူး...."

နတ်ဆိုးအမြုတေအများကြီး စုဆောင်းထားပြီး နတ်ဆိုးအင်ပါယာသမီးတော်တောင် သူ့လက်ထဲကျရောက်ခဲ့သည်။

ရှုချင်းယန် လူကဲခတ်တော်သည်ဟု ကိုယ့်ကိုယ်ကို ဂုဏ်ယူနေခဲ့သည်။

သို့ပေမယ့် ဤတစ်ချိန် မမျှော်လင့်စွာပဲ မှားယွင်းသွားခဲ့သည်။

ဂျန်ဖန်း ကို့ရို့ကားယားပြောလိုက်သည်။

"စီနီယာချီးကျူးလွန်းပါပြီ။ ဒါက မိစ္ဆာမလေးကို ကံကောင်းပြီး ဖမ်းမိသွားရုံပါ...."

ရှုချင်းယန် ဟက်ဟက်ပက်ပက်ရယ်ပြီး သူ့ကို လက်ညိုးထိုးလိုက်သည်။

"မြင့်မြတ်အကြီးအကဲကျောက်, ဒီကောင်လေးကို ကြည့်စမ်း...."

"ငါတို့ဂိုဏ်းကဟာတွေနဲ့ တခြားစီပဲ..."

ကျောက်ချီဒန်လည်း အပြည့်အဝထောက်ခံလိုက်သည်။

"ကောင်လေး,နှိမ့်ချမနေပါနဲ့....."

"အဲ့ဒီမိစ္ဆာမလေးက ဂိုဏ်း ၉ ဂိုဏ်း ပါရမီရှင်တပည့်တွေကို တစ်ယောက်တည်းနဲ့ ထောင်ချောင်ဆင်ခဲ့တာ...."

"သဘာဝအတိုင်း မင်းတို့အားလုံးကို သတ်နိုင်တဲ့ခွန်အားပိုင်ဆိုင်ထားတယ်....."

"သူမကို ဖမ်းဖို့ ကံကောင်းရုံလောက်နဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."

ထို့နောက်...

လင်ဂုဟိုင်နှင့် အသင်္ချေဓားဂိုဏ်းတပည့်တွေကိုကြည့်ပြီး မနာလိုစွာ သက်ပြင်းချလိုက်သည်။

"အခြားလူတွေသာဒီလိုအရည်အချင်းမျိုးရှိရင် နဖူးပေါ်မှာစာရေးပြီး တစ်လောကလုံးသိအောင်လုပ်မှာ...."

"ဒါပေမယ့် မင်းကတော့ နာမည်နဲ့ ရုပ်တောင် လူသိမခံဖူး...."

ရှိနေသည့်မဟာအကြီးအကဲတွေလည်း ရှုပ်ထွေးသည့်အမူအရာတွေပြသလာ၏။

ကျောက်ချီဒန်ပြောသည့်စကားတွေက အသင်္ချေဓားဂိုဏ်းတပည့်တွေသာမက သူတို့ဂိုဏ်း၏ပါရမီရှင်တပည့်တွေအပေါ်ပါ သက်ရောက်နေခဲ့သည်။

လူတိုင်းက သူတို့စွမ်းရည်တွေကို ထိန်းချုပ်မထားပဲ ပြသကြမည်ဖြစ်ပြီး နာမည်ကြီးချင်ကြသူများသာဖြစ်သည်။

အပင်မြင့်လျှင်လေတိုက်ခံရမည်ဆိုသည့်သဘောတရားကို နားမလည်ကြပေ။

ဂျန်ဖန်း အကူအညီမဲ့သွား၏။

"မြင့်မြတ်အကြီးအကဲကျောက်, ကျေးဇူးပြုပြီး ဒီဂျူနီယာကို အရမ်းကြီးချီးမွမ်းမနေပါနဲ့...."

သူက အစောပိုင်းထွက်မသွားခဲ့တာ အတော်လေး နောင်တရနေခဲ့သည်။

ရှုချင်းယန် သူ့ပခုံးကို ချီးကျူးမှုအပြည့်ဖြင့် ပုတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ်ပါ, မင်းက ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေကိုကယ်ခဲ့တယ်။ ဒါဟာ အသင်္ချေဓားဂိုဏ်းကို သွယ်ဝိုက်ပြီး ကယ်တင်လိုက်တာပဲ...."

"မင်း ဘာဆုလိုချင်လဲ..."

ဂျန်ဖန်း အလျှင်အမြန်ပြောလိုက်သည်။

"စီနီယာရဲ့ဂရုစိုက်မှုအတွက်ကျေးဇူးတင်ပါတယ်။ စီနီယာတို့ ဂိုဏ်းချုပ်က ကျွန်တော့်ကို ဆုချပြီးပါပြီ...."

အသင်္ချေဓားဂိုဏ်းသခင် တိတ်တဆိတ် ချွေးအေးတွေကို သုတ်လိုက်သည်။

ဤကောင်လေးက ကတယ်ပဲ မြင့်မြတ်အကြီးအကဲတွေနှင့်ဆက်ဆံရေးရှိနေခဲ့သည်။

ကံကောင်းစွာဖြင့် သူက အချိန်မှီရပ်ခဲ့ပြီး ခက်ခဲအောင် ဘာမှမလုပ်ခဲ့ပေ။

မဟုတ်လျှင် ပြဿနာတက်ပြီပင်။

သူက လက်ချင်းယှက်ပြီး အပြုံးနှင့်ပြောလိုက်သည်။

"မြင့်မြတ်အကြီးအကဲရှု, သူပြောသလိုပါပဲ။ ကျွန်တော် သူ့အမျိုးသမီးအဖော်ကို ဂိုဏ်းရဲ့လျို့ဝှက်ဓားသိုင်းပေးပြီးပါပြီ...."

အို?....

ရှုချင်းယန် သူ့အကြည့်နောက်လိုက်ကြည့်လိုက်သည့်အခါ ရှုယင်းရင်ကို မြင်လိုက်သည်။

ထိုအခါမှသာ ဂျန်ဖန်း သူမကို လမ်းတစ်လျှောက်၌ ဘယ်လောက်ဂရုစိုက်ခဲ့လဲဆိုတာ မှတ်မိသွားသည်။

သေချာပေါက် နက်ရှိုင်းသည့်ဆက်ဆံရေးရှိရမည်ပင်။

သူက ဖြည်းဖြည်းချင်းခေါင်းညိတ်ပြီး မေးလိုက်သည်။

"ဘယ်ဓားသိုင်းပေးလိုက်တာလဲ...."

အသင်္ချေဓားဂိုဏ်းသခင် တွေဝေမနေပဲပြောလိုက်သည်။

"အမျိုးသမီးကျင့်ကြံသူတွေအတွက် အထူးသင့်တော်တဲ့ သိမ်မွေ့အလယ်အလတ်အဆင့် ကျောက်စိမ်းမိန်းမပျို ဓားသိုင်းပါ...."

ဤနည်းစနစ်ကိုမပေးခင်က သူက သေသေချာချာစဥ်းစားခဲ့သည်။

ဂျန်ဖန်း၏အကျိုးဆောင်မှုနှင့်ကိုက်ညီရမည့်အပြင် အမျိုးသမီးကျင်ကြံဖို့ပါသင့်တော်ရမည်ဖြစ်သည်။

မည်သူသိမည်နည်း။

ရှုချင်းယန် ဤအရာကိုကြားသည့်အခါ မျက်ခုံးပင့်လိုက်၏။

"သိမ်မွေ့အလယ်အလတ်အဆင့်ပဲလား..."

"ဘယ်လိုတောင်ကပ်စေးနှဲတာလဲ..."

"သူမကို ပုံရိပ်ယောင်ဖျက်ဆီးခြင်းဓားသိုင်းပေးလိုက်...."

ဘာ?...

အသင်္ချေဓားဂိုဏ်းသခင် တုန်လှုပ်သွားတာ မပြောလိုသေးပေ။

ပြင်ပဂိုဏ်းမဟာအကြီးအကဲတွေတောင် အံ့အားသင့်သွားကြ၏။

ပုံရိပ်ယောင်ချိုးဖြတ်ခြင်းဓားကျမ်းက အသင်္ချေဓားဂိုဏ်း၏မြေကမ္ဘာအဆင့်ဓားနည်းစနစ်တွေထဲမှ တစ်ခုဖြစ်၏။

မြင့်မြတ်အကြီးအကဲ၊ ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတွေသာ ကျင့်ကြံနိုင်၏။

အခြားအကြီးအကဲတွေ ဖတ်လို့တောင်မရပေ။

ဘယ်လိုလုပ် တိမ်စိမ်းဂိုဏ်းက မိန်းခလေးကို ပေးနိုင်မည်နည်း။

ရှုယင်းရင်နူးညံ့သည့်ခန္ဓာကိုယ်လေးတုန်ယင်သွားပြီး အလျှင်အမြန်ဦးညွှတ်ကာ ပြောလိုက်သည်။

"စီနီယာရှု, ကျေးဇူးပြုပြီး အမိန့်ကို ပြန်ရုတ်သိမ်းပေးပါ...."

"ဒီဓားသိုင်းကို ဂျူနီယာ မတပ်မက်ရဲပါဘူး...."

ဟာသပင်။

အသင်္ချေဓားဂိုဏ်း၏မြေကမ္ဘာအဆင့်နိမ့်နည်းစနစ်ကို ဘယ်လိုလုပ် သူမကျင့်ကြံနိုင်မည်နည်း။

အသင်္ချေဓားဂိုဏ်းသခင်လည်း စိုးရိမ်စွာပြောလိုက်သည်။

"မြင့်မြတ်အကြီးအကဲရှု, ဒါတော့မဖြစ်ဘူးလေ...."

"ဂိုဏ်းအကြီးအကဲတွေ ကန့်ကွက်ကြလိမ့်မယ်...."

မြေကမ္ဘာအဆင့်ဓားသိုင်း အပြင်လူကိုပေးတာ ဘယ်လိုဟာသကြီးနည်း။

ကျောက်ချီဒန်အကြည့်တည်ငြိမ်နေပြီး ထူးမခြားနားစွာပြောလိုက်သည်။

"ကန့်ကွက်တဲ့အကြီးအကဲတွေကို ငါ့ဆီလွတ်လိုက်...."

မြေကမ္ဘာအလယ်အလတ်အဆင့် "အဆိပ်ကိုးပါးစစ်မှန်ကျမ်း" တောင်ပေးခဲ့တာ....

တစ်ဆင့်နိမ့်သည့် "ပုံရိပ်ယောင်ချိုးဖြတ်ခြင်းဓားသိုင်း"ကို ဘာကြောင့်ဂရုစိုက်နေမည်နည်း။

မြင့်မြတ်အကြီးအကဲစွန်းလည်း ဂျန်ဖန်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"မြင့်မြတ်အကြီးအကဲရှု ညွှန်ကြားတဲ့အတိုင်းလုပ်လိုက်ပါ...."

သူက ရှုချင်းယန်၏ရည်ရွယ်ချက်ကို နားလည်၏။

ဂျန်ဖန်း၏အသက်ကယ်ကျေးဇူးကို ဤမိန်းခလေးအပေါ် ပြန်ပေးချင်တာဖြစ်သည်။

ဂျန်ဖန်းကြောင့်သာမဟုတ်လျှင် အသင်္ချေဓားဂိုဏ်း ထိပ်တန်းတိုက်ခိုက်သူတစ်ယောက် ရှုံးဆုံးသွားမည်ဖြစ်သည်။

ဤကဲ့သို့ဆုံးရှုံးမှုမျိုးကို "ပုံရိပ်ယောင်ချိုးဖြတ်ခြင်းဓားသိုင်း"တောင် ပြန်အဖတ်ဆယ်နိုင်မည်မဟုတ်ပေ။

သူမကို ထိုဓားသိုင်းချီးမြှင့်တာ တရားမလွန်ပေ။

အသင်္ချေဓားဂိုဏ်းသခင် ကြောင်သွား၏။

သူက သဘာဝအတိုင်း ဤအရာဟာ သာမန်ဆုပေးတာထက်ကျော်နေတာကို သိ၏။

ရှုချင်းယန်က ဂျန်ဖန်းကြောင့် ရှုယင်းရင်ကို အထူးဂရုစိုက်နေတာဖြစ်သည်။

သို့ပေမယ့်ဘာကြောင့်လဲ?....

ဤမျက်နှာဖုံးနှင့်တပည့်က ဘယ်သူဖြစ်၍ မြင့်မြတ်အကြီးအကဲသုံးယောက်ဆီမှ ဤကဲသို့ကြင်နာမှုမျိုးနှင့်တိုက်တန်နေသနည်း။

ဆန္ဒမရှိပေမယ့် အကူအညီမဲ့စွာပဲ ကျောက်စိမ်းစာလိပ်တစ်ခုကို ရှုယင်းရင်အား တွန့်ဆုတ်စွာ ပေးလိုက်သည်။

ထို့နောက် ထပ်ခါတလဲလဲ သတိပေးလိုက်သည်။

"မှတ်ထားပါ၊ ဒါကို မင်းတစ်ယောက်ပဲ ကျင့်ကြံနိုင်တယ်..."

"သေချာပေါက် ဘယ်သူ့ကိုမှ မမျှဝေရဘူး..."

ရှုယင်းရင်း လက်မခံရဲပေ။

သူမက ဂျန်ဖန်းကို အကူအညီမဲ့မှုအပြည့်ဖြင့် ကြည့်လိုက်သည်။

"မြင့်မြတ်အကြီးအကဲရှုရဲ့စေတနာကိုလက်ခံလိုက်ပါ...."

ဂျန်ဖန်း ညင်သာစွာပြောလိုက်သည်။

ထိုအခါမှသာ ရှုယင်းရင် ကျောက်စိမ်းစာလိပ်ကိုလက်ခံလိုက်ပြီး လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့သည်။

လွတ်ကျပြီးကျိုးပဲ့သွားမှာ ကြောက်နေသလိုပင်။

သူမလက်ခံလိုက်တာမြင်တော့....

ရှုချင်းယန် အတော်ကျေနပ်သွား၏။

"မိတ်ဆွေလေး, ငါတို့ထပ်တွေ့ကြအုန်းမှာပါ...."

"မင်း သားရဲလှိုင်းတိုက်ပွဲကွင်းပြင်မှာ တောက်ပဖို့ မျှော်လင့်နေမယ်...."

ဂျန်ဖန်း အလျှင်အမြန်လက်ချင်းယှက်ပြောလိုက်သည်။

"စီနီယာရှု, စီနီယာကျောက်, စီနီယာစွန်း နှုတ်ဆက်ပါတယ်...."

ရှုချင်းယန်ခေါင်းညိတ်လိုက်ပြီး မြင့်မြတ်အကြီးအကဲတွေနှင့်အတူ အရိပ်တွေအဖြစ်ပျောက်ကွယ်သွားခဲ့သည်။

လူအုပ်သာ သက်ပြင်းချပြီး ကျန်နေခဲ့သည်။

ဂိုဏ်းအသီးသီးမှမဟာအကြီးအကဲတွေ ဂျန်ဖန်းကို လေးစားမှုအပြည့်ဖြင့် ကြည့်နေခဲ့ကြသည်။

သူတို့အားလုံး မျက်နှာဖုံးနောက်ရှိ မျက်နှာအစစ်ကို သိချင်ကြ၏။

ဘယ်ဂိုဏ်းက ဤကဲ့သို့လူမျိုးလေ့ကျင့်ပေးနိုင်လဲဆိုတာ ပိုတောင်သိချင်၏။

ဂျန်ဖန်း နောက်ထပ်မနေရဲတော့ပေ။

သူက ရှုယင်းရင်ကို လက်ချင်းယှက်ပြီး ပြောလိုက်သည်။

"ဂျူနီယာညီမရှု, ငါတို့ ဒီမှာပဲ လမ်းခွဲရအောင်...."

မြေကမ္ဘာအလယ်အလတ်အဆင့်ကြောင့် တုန်လှုပ်နေသည့် ရှုယင်းရင် ရုတ်တရက် အသိပြန်ဝင်လာ၏။

သူမ၏လှပသည့်မျက်နှာလေး ချက်ချင်းပဲ ဖျော့တော့သွားသည်။

အစောပိုင်းစိတ်လှုပ်ရှားမှုနှင့်ပြည့်နှက်နေသည့်နှလုံးသားလည်း အလျှင်အမြန် ဗလာကျင်းသွားပြီး မဖော်ပြနိုင်သည့်ဆုံးရှုံးမှုတစ်ခုကို ခံစားလိုက်ရသည်။

ဓားသစ်တောပြီးလျှင် သူမတို့ခွဲခွာရမည်ကို အစောကြီးကတည်းကမျှော်လင့်ထားသော်လည်း.....

သူမအတွက် ဤအရာက အရမ်း အရမ်း ရုတ်တရက်ဆန်လွန်းနေဆဲဖြစ်သည်။

"ဒါဆို,နင်... ဘယ်သွားမှာလဲ..."

ရှုယင်းရင်း တစ်ခဏတိတ်ဆိတ်သွားပြီး တုန်ယင်သည့်အသံဖြင့် မေးလိုက်သည်။

သူမက သူ့ကို နေဖို့မပြောပေ။

သူမတို့နှစ်ယောက်လုံးမှာ ကိုယ်ပိုင်လမ်းကြောင်းတွေရှိ၍ ခွဲခွာရမှာ ကံကြမ္မာပင်။

ခရမ်းရောင်ပုံရိပ်တစ်ခု ဂျန်ဖန်းစိတ်ထဲ ဖျတ်ကနဲပေါ်လာပြီး ပြောလိုက်သည်။

"ငါ ဧရာမဂိုဏ်းကို သွားဖို့စီစဥ်ထားတယ်..."

"ဂျူနီယာညီမရှု, ရေစက်မကုန်သေးရင် ငါတို့ပြန်တွေ့အုန်းမှာပါ...."

ရှုယင်းရင် လက်ဝှေ့ယမ်းပြီး အားတင်းပြုံးလိုက်သည်။

"နှုတ်ဆက်ပါတယ်...."

အင်း..

ဂျန်ဖန်းခေါင်းညိတ်ပြီး လှည့်ထွက်သွားခဲ့သည်။

အဝေးရောက်မှ ရှုယင်းရင်၏ဖျော့တော့သည့်အသံကို ရုတ်တရက်ကြားလိုက်ရသည်။

လှည့်ကြည့်လိုက်သည့်အခါ ပုံရိပ်က ထွက်ခွာသွားပြီပင်။

ဝမ်းနည်းသံအနည်းငယ်နှင့် မှိန်ဖျော့ဖျော့အသံတစ်ခုသာ ကျန်နေခဲ့တော့သည်။

"ဂရုစိုက်ပါ...."

ဂျန်ဖန်းမျက်နှာ၌ အနည်းငယ်ဝမ်းနည်းမှုကို ပြသလာ၏။

တစ်ခဏကြာပြီးနောက် သူ့ခြေဖျားထောက်ပြီး အလင်းတန်းတစ်ခုအဖြစ်ပြောင်းကာ ထွက်ခွာသွားခဲ့သည်။

သက်ပြင်းချသံတစ်ခုသာကျန်နေခဲ့သည်။

"မင်းလည်းဂရုစိုက်ပါ...."

"ရှုယင်းရင်...."

All Chapters