← Chapters

စိတ်ဝိညာဥ်လက်နက်

Vol. 25 Ch. 342

စိတ်ဝိညာဥ်လက်နက်

Vol. 25 Ch. 342

ဓားသစ်တော....

ရှုယင်းရင် ခဏရပ်ပြီး အဝေးကိုကြည့်လိုက်သည်။

သူမမျက်လုံးထဲရှိမြူတွေ အရည်အဖြစ်သိပ်သည်လာပြီး ပါးပြင်ပေါ်တိတ်တဆိတ် စီးဆင်းလာခဲ့သည်။

တကယ်တော့ သူမမေးချင်တာ နံပါတ် ၁ အရိပ်စောင့်ဘယ်သွားမှာလဲဟု မေးချင်တာမဟုတ်ပေ။

နောက်တစ်ကြိမ် ဘယ်အချိန်ပြန်တွေ့နိုင်မှာလဲဟု မေးချင်တာဖြစ်သည်။

သို့ပေမယ့် အဆုံးမှာတော့ ပြောမထွက်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူမနှလုံးသားထဲမှာ ဝိုးတဝါးပုံရိပ်တစ်ခု ပေါ်လိုက်ပြောက်လိုက် ဖြစ်နေဆဲဖြစ်သောကြောင့်ပင်။

လင်ဂျင်ဟူမြင်ကွင်းကိုကြည့်နေပြီး သူမစိတ်အခြေအနေကို ဝိုးတဝါးနားလည်လိုက်၏။

သူမက ရှေ့တက်ပြီး တီးတိုးပြောလိုက်သည်။

"ရေပြင်ကျယ်သုံးထောင်ထဲက တစ်စွန်းစာပဲခပ်ယူပါ..."

"လွတ်ချသင့်တဲ့အရာကို လွတ်ချလိုက်ပါ...."

"ဘဝခရီးလမ်းကရှည်လျားပါတယ်။ စိတ်ပေါ့ပါးလန်းဆန်းနေမှာ ဝေးဝေးသွားနိုင်မှာ...."

ရှုယင်းရင် မျက်ရည်တွေ သုတ်လိုက်သည်။

သူမမျက်နှာ၌ ခါးသီးမှုတစ်ခုရှိနေခဲ့သည်။

"အကြီးအကဲရဲ့အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်, အကြီးအကဲလင်း...."

"ကျွန်မဒါကို စိတ်ထဲမှာ မှတ်ထားပါ့မယ်...."

လင်ဂျင်ဟူ အနည်းငယ်ခေါင်းခါယမ်းလိုက်သည်။

သူမအမူအရာအရ အချိန်တစ်ခုထိတော့ လွတ်မချနိုင်မှာ သူမသိ၏။

ဤအခိုက်အတန့်၌....

ရင်းနှီးသည့်အကြီးအကဲတစ်ယောက် ချည်းကပ်လာသည်။

"အကြီးအကဲလင်း, ငါတို့ ခွဲခွာချိန်တန်ပြီ..."

"နောက်တစ်ချိန်ပြန်တွေ့တဲ့အခါ သားရဲလှိုင်းတိုက်ပွဲကွင်းပြင်မှာ ဖြစ်နိုင်လောက်တယ်...."

လင်ဂျင်ဟူ လက်ချင်းယှက်ပြီး တုံ့ပြန်လိုက်သည်။

အခြားအကြီးအကဲတွေလည်း နှုတ်ဆက်လိုက်ကြသည်။

ဖုန်းဂုချန်း သူတို့ထဲမှာအပါအဝင်ပင်။

လူတိုင်းနှုတ်ဆက်ပြီးစီး၍ ထွက်ခွာတော့မှာ မြင်သည့်အခါ....

သူက ရုတ်တရက် လက်ချင်းယှက်ပြီး တင်းမာစွာ ပြောလိုက်သည်။

"လူတိုင်း, ငါ့မှာ ကျိုးကြောင်းမဆီလျော်တဲ့တောင်းဆိုးမှုလေးတစ်ခုရှိပါတယ်..."

"မင်းတို့ ငါ့ဂိုဏ်းကတပည့်ဂျန်ဖန်းကိုတွေ့ရင်, တိမ်စိမ်းဂိုဏ်းကို ချက်ချင်းပြန်လာခဲ့ဖို့ ကျေးဇူးပြုပြီး ပြောပေးကြပါ...."

ဂျန်ဖန်း?....

ရှုယင်းရင် မျက်လုံးတွေ အနည်းငယ်တောက်ပသွား၏။

သူမအပြင်ထွက်လာကတည်းက ဂျန်ဖန်းအကြောင်းကြားရတာ ဤအရာက ပထမဆုံးအကြိမ်ဖြစ်သည်။

စိုးရိမ်မှုကိုမထိန်းနိုင်ပဲ ရှေ့တက်မေးလိုက်သည်။

"ဂျူနီယာမောင်လေးဂျန် ဘာဖြစ်လို့လဲ...."

လင်ဂျင်ဟူလည်း ထူးဆန်းသည့်အမူအရာပြသလာ၏။

ဂျန်ဖန်း.... စောနကနင့်ရှေ့မှာရှိနေတာမဟုတ်ဘူးလား....

စောစောက ပြောတာတော့မဟုတ်ဘူး....

အခု သူ့ကိုဘယ်သွားရှာရမှာလဲ....

သူမက တိမ်စိမ်းဂိုဏ်း ဘာကြောင့် ဂျန်ဖန်းကို အရေးတကြီးဆင့်ခေါ်လဲဆိုတာ သိချင်၍ မေးလိုက်သည်။

"အကြီးအကဲဖုန်း, တိမ်စိမ်းဂိုဏ်းက ဘာလို့ သူ့ကိုအရေတကြီးပြန်ခေါ်ရတာလဲ..."

ဖုန်ဂုချန်း ရှုယင်းရင်ကို လျစ်လျူရှုနိုင်ပေမယ့် လင်ဂျင်ဟူကိုတော့ လျစ်လျူမရှုရဲပေ။

"ဒီကောင်ဘာတွေလုပ်လိုက်လဲမသိဘူး။ မြင့်မြတ်ဂိုဏ်းချုပ် ကောင်းကင်ဘုံစက်ယန္ဒယားခန်းကို တိုင်တန်းစာရေးလိုက်တယ်လေ...."

"အခု စုံစမ်းစစ်ဆေးဖို့ဆိုပြီး ငါတို့ဂိုဏ်းကို ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကလူရောက်နေတယ်..."

"ဒါကြောင့်ပဲ ဂိုဏ်းက အဲ့ဒီတပည့်ကို စစ်မေးဖို့ အရေးတကြီးဆင့်ခေါ်ရတာ...."

ဘာ?...

ရှုယင်းရင် အနည်းငယ် ကြောင်သွား၏။

မြင့်မြတ်ဂိုဏ်းချုပ် ကိုယ်တိုင်ကိုယ်ကျ တိုင်တန်းစာရေးခဲ့သည်?

ယေဘူယျပြောလျှင် ဂိုဏ်းချုပ်တစ်ယောက်က တပည့်တွေကိစ္စကို ဝင်ပါမည်မဟုတ်ပေ။

ဂျူနီယာတစ်ယောက်က တစ်ယောက်ယောက်ကိုစော်ကားမိလျှင် တောင် တပည့်တွေကိုကိုင်တွယ်ခိုင်းမည်ဖြစ်သည်။ တပည့်တွေမကိုင်တွယ်နိုင်လျှင် အကြီးအကဲတွေကို ရှေ့ထွက်ခိုင်းမည်ဖြစ်သည်။

ဘယ်လိုလုပ် ဂိုဏ်းချုပ်တစ်ယောက်က သူ့ကိုယ်သူနှိမ့်ချပြီး ဂျူနီယာတစ်ယောက်ကို ကိုင်တွယ်နေရသနည်း။

သူမ မနေနိုင်ပဲ အံ့အားသင့်သွား၏။

ဂျန်ဖန်း မြင့်မြတ်ဂိုဏ်းချုပ်ကို ခွင့်လွတ်မရသည့်အမှားမျိုး ကျူးလွန်မိသလား....

လင်ဂျင်ဟူ အံ့အားသင့်နေ၏။

"မြင့်မြတ်ဂိုဏ်းချုပ် တိုင်တန်းစာရေးတယ်....."

သူမက ပတ်ပတ်လည်ကိုကြည့်လိုက်သည်။

ထိုအခါ မြင့်မြတ်ဂိုဏ်းအဖွဲ့ဝင်တွေကို မြင်လိုက်၏။

အဖွဲ့ကို မဟာအကြီးအကဲရှန်ဂွမ်းရှန်ဦးဆောင်လာရမည်ဖြစ်သော်လည်း ရှေ့တန်းမှာဆေးဝါးအထောက်အပံ့အရေးတကြီးလိုအပ်နေ၍ မလာနိုင်ပေ။

ထို့ကြောင့် ဒုတိယအကြီးအကဲ လီကောင်းယွင် လာခဲ့တာဖြစ်သည်။

"အကြီးအကဲလီ, ဂျန်ဖန်း မြင့်မြတ်ဂိုဏ်းကို အတိအကျ ဘယ်လိုစော်ကားမိလို့လဲ...."

လင်ဂျင်ဟူ မေးလိုက်သည်။

လူတိုင်းလည်း သိချင်နေ၏။

မြင့်မြတ်ဂိုဏ်းက သိမ့်မွေ့မှုဖြင့် နာမည်ကြီး၏။

ကောင်းကင်ဘုံစက်ယန္ဒယားထိတိုင်တန်းရအောင် သူတို့ကို ဘာက ဒေါသထွက်သွားစေသနည်း။

လီကောင်ယွင်၏အိုမင်းသည့်မျက်နှာ နီရဲသွား၏။

သူက ချောင်းဟန့်ပြီး ပြောလိုက်သည်။

"ငါမသိဘူး...."

လင်ဂျင်ဟူ အံ့သြသွား၏။

မြင့်မြတ်ဂိုဏ်းမှာဖြစ်သည့်ကိစ္စကို ဒုတိယအကြီးအကဲက ဘယ်လိုလုပ်မသိရသနည်း။

သူမက မြင့်မြတ်ဂိုဏ်းတပည့်ငါးယောက်ကို ကြည့်လိုက်သည်။

တပည့်တွေ၏အမူအရာက ပုံမှန်မဟုတ်ပဲ မျက်နှာတွေ ဘေးလှည့်ထားခဲ့သည်။

သူတို့က မြင့်မြတ်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင်တွေဖြစ်ကြသည့် ဝမ်ယွင်ကော၊ လီရှီချန်း နှင့် ဟွာရှန်ချန်းတို့ကို ဂျန်ဖန်းတစ်ယောက်တည်းက အနိုင်ယူသွားတာကို မြင်ခဲ့ရ၏။

ဤကဲ့သို့အရှက်ရစရာကိစ္စမျိုး သူတို့ဘယ်လိုလုပ် ပြောနိုင်မည်နည်း။

ထို့နောက် လီကောင်ယွင်၏ခေါ်ဆိုမှုဖြင့် အလျှင်အမြန်ပဲ မြင်ကွင်းမှ ထွက်ခွာသွားကြသည်။

လူတိုင်းသာ စိတ်ရှုပ်ပြီး ကျန်ခဲ့၏။

လင်ဂျင်ဟူ မနေနိုင်ပဲ စိုးရိမ်သွား၏။

"ဒီကောင် ဘာလုပ်ခဲ့တာဘာလိမ့်...."

"မြင့်မြတ်ဂိုဏ်းလူတွေကကော ဘာလို့ ထိတ်လန့်နေကြတာလဲ..."

ဂျန်ဖန်းအကြောင်းပြောရလျှင်....

သူက အရိပ်တစ်ခုကဲ့သို့လှုပ်ရှားနေပြီး အဆုံးမရှိသည့်ဓားသစ်တောထဲတစ်လျှောက် အလျှင်အမြန်လှုပ်ရှားနေခဲ့သည်။

မဝေးသည့်နေရာမှ ဓားသစ်တောအစွန်းကိုမြင်သည့်အခါ....

မမျှော်လင့်ပဲ...

သူ့မျက်လုံးထောင့်မှ အနက်ရောင်အရိပ်တစ်ခု ညာဖက်ကို ဖြတ်ကနဲဖြတ်သွားတာ မြင်လိုက်၏။

ဂျန်ဖန်း ရုတ်တရက်ရပ်တန့်လိုက်ပြီး ထက်ရှသည့်မျက်လုံးတွေဖြင့် ပတ်ပတ်လည်ကို ကြည့်နေခဲ့သည်။

သို့ပေမယ့် ဘာမှမတွေ့ရပဲ ထောင်မတ်နေသည့်ဓားကျိုးကြီးတွေသာရှိ၏။

"ငါပဲအမြင်မှားတာလား...."

ဂျန်ဖန်း ခေါင်းခါယမ်းလိုက်ပြီး သဲလွန်စမရှိပဲ ပျောက်ကွယ်သွားခဲ့သည်။

အချိန်ဘယ်လောက်ကြာသွားမှန်းမသိပေ။

ရှေးဟောင်းဓားကြီးတစ်ချောင်း ရုတ်တရက် လဲကျသွား၏။

ထိုအခါ မြေပြင်ဖောင်းပွလာပြီး အနက်ရောင်မှန်တစ်ခု မြေကြီးထဲမှ ထွက်ပေါ်လာခဲ့သည်။

"ငါ ဘယ်လိုတောင် ကံမကောင်းရတာလဲ။ အဲ့ဒီကလေးဆီ တည့်တည့်ကြီးပြေသွားမိတော့မလို့...."

ထိုအရာက ကပ်သီလေးလွတ်မြောက်သွားသည့် နတ်ဆိုးစိတ်ဝိညာဥ်မှလွဲပြီး အခြားမဟုတ်ပေ။

လုရှီယီအရူးကောင်ကို ကျေးဇူးတင်ရမည်ပင်။ သူ့ကို လွတ်မြောက်ဖို့အခွင့်အရေးပေးခဲ့၏။

ဤသို့ဖြင့် လမ်းတစ်လျှောက်သတိထားပြီး ဓားသစ်တောမှ ထွက်လာတာဖြစ်သည်။

အသင်္ချေဓားဂိုဏ်းအစွမ်းထက်အဖွဲ့ဝင်တွေ ကောင်းကင်ဝါးမျိုကျားကိုအာရုံစိုက်နေတုန်း အသင်္ချေဓားဂိုဏ်းမှ ထွက်သွားဖို့ပြင်ထားတာဖြစ်သည်။

သူ လုံလုံခြုံခြုံထွက်သွားနိုင်သည်နှင့်တစ်ပြိုင်နက်.....

ပင်လယ်ပြန်ရောက်သွားသည့်ငါးလို ဒါမှမဟုတ် ကောင်းကင်ပေါ်ပြန်ရောက်သွားသည့်ငှက်လို...

ဘယ်သူမှ နောက်ထပ်တားဆီးနိုင်တော့မည်မဟုတ်ပေ။

အပြင်ဘက်ကမ္ဘာကြီး၌ အဆင့်နိမ့်သိုင်းပညာရှင်တွေနှင့်ပြည့်နှက်နေသည့်အတွေးက သူ့ကို မနေနိုင်ပဲ သွားရည်ကျသွားစေခဲ့သည်။

သူ့စိတ်တိုင်းကျလုပ်လို့ရတော့မည်ဖြစ်သည်။

သို့ပေမယ့် ခုလေးတင် ဂျန်ဖန်းဖြတ်သွားသည့်အခါ သူ့ဝိညာဥ်လွင့်မတတ်ထိတ်လန့်သွားခဲ့သည်။

"လူအားလုံးထဲမှာမှ ဘာလို့ ဒီမကောင်းဆိုးဝါးလေးနဲ့ပဲလာတွေ့နေရတာလဲ...."

"ကံကောင်းလို့, ငါအလျှင်အမြန်နောက်ဆုတ်ပြီး သူ့ကို အရူးလုပ်နိုင်ခဲ့တာ...."

အနက်ရောင်မှန် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

သူက ပတ်ဝန်းကျင်ကိုကြည့်ပြီးနောက် မြေပြင်မှာကပ်လျှက် ဓားသစ်တောမှ ဆက်လက်ထွက်ခွာလာခဲ့သည်။

ဓားသစ်တောထွက်ပေါက်ကိုလှမ်းမြင်ရသည့်အခါ ၎င်း စိတ်လှုပ်ရှားမှုတွေနှင့် ပြည့်နှက်သွား၏။

"ရောက်တော့မယ်...."

"ငါ မကြာခင်အပြင်ရောက်တော့မယ်..."

သို့ပေမယ့်....

အနည်းငယ်ရှေ့ဆက်သွားပြီးနောက် သူ ကြောင်အသွား၏။

ရှေ့ရှိဖို့ထားသည့်မြေကိုကြည့်ပြီး မနနိုင်ပဲ မဟေဠိဖြစ်သွားသည်။

"ဒါ..... ဒါ စောနက ငါပုန်းတဲ့နေရာမလား..."

လှည့်ကြည့်လိုက်သည့်အခါ ထိတ်လန့်စရာအရာတစ်ခုကို ရှာတွေ့လိုက်သည်။

ပါးလွာသည့်မြူခိုးတစ်ခုရှိနေပြီး သူ့ကို ဤနေရာမှာ ပိတ်လှောင်ထားခဲ့သည်။

ကျောရိုးတစ်လျှောက်အေးစိမ့်သွားပြီး ဖြစ်တော့မည့်အရာကို ကြိုသိနေခဲ့သည်။

နောက်တစ်ခဏ၌....

သတိပေးခြင်းမရှိပဲ ရွတ်နောက်နောက်အသံတစ်ခု သူ့နားထဲမှာ ထွက်ပေါ်လာခဲ့သည်။

"မင်းလမ်းပျောက်နေတယ်နဲ့တူတယ်။ အကူအညီလိုသေးလား...."

ဟစ်....

အနက်ရောင်မှန် အပြင်းအထန်တုန်ယင်သွားပြီး အတော်လေး တုန်လှုပ်နေခဲ့သည်။

လှည့်ကြည့်လိုက်သည့်အခါ....

သူအရူးလုပ်လိုက်သည့်ဂျန်ဖန်း ဘယ်လိုပြန်ရောက်နေမှန်းမသိပဲ လက်နှောက်ပစ်ရပ်နေခဲ့သည်။

သူ့ခြေထောက်တွေ၌ မိုးကြိးလျှပ်စီးတွေတောက်ပနေပြီး တိုက်ခိုက်ဖို့အသင့်ဖြစ်နေခဲ့သည်။

အနက်ရောင်မှန် ကြောက်လန့်တကြားပင့်သက်ရှိုက်လိုက်ပြီး အော်ပြောလိုက်သည်။

"မင်း... မင်း ထွက်မသွားဖူးလား..."

ဂျန်ဖန်း မျက်လုံးတွေ အေးစက်သွား၏။

"ငါသာဟန်မဆောင်ရင် မင်းဘယ်လိုလုပ်အပြင်ထွက်လာမှာလဲ...."

တကယ်တော့....

အနက်ရောင်အရိပ်ကိုခံစားမိကတည်းက လွတ်မြောက်သွားသည့်နတ်ဆိုးစိတ်ဝိညာဥ်ဆိုတာ ခန့်မှန်းမိ၏။

သူက နတ်ဆိုးစိတ်ဝိညာဥ်ကို သေလုမျှောပါးဖြစ်စေခဲ့ပြီး နက်ရှိုင်းသည့်သွေးကြွေးတစ်ခုဖန်းတီးခဲ့၏။

၎င်းသာ လွတ်မြောက်သွားလျှင်.....

သေချာပေါက် အနာဂတ်ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။

သို့ပေမယ့် ထိုကောင်မြေကြီးထဲပုန်းနေလျှင် သူဆွဲထုတ်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့်ထွက်သွားချင်ယောင်ဟန်ဆောင်ပြီး အလျှင်အမြန်ပြန်လာခဲ့တာဖြစ်သည်။

ဤသို့ဖြင့် မိရူနတ်ဆိုးအမြုတေသုံးပြီး ထိုကောင့်ကို နောက်တစ်ကြိမ်လွတ်မြောက်ဖို့ အခွင့်အရေးမပေးတော့ပေ။

အနက်ရောင်မှန် သူအရူးလုပ်ခံလိုက်ရတာ နားလည်သွား၏။

သူက မတိုက်ခိုက်နိုင်သလို လွတ်လည်းမလွတ်မြောက်နိုင်ပေ။

ဤလူထူးဆန်းက ဘယ်ကရောက်လာသနည်း။

အရမ်းကိုခက်ခဲလွန်း၏။

"ကောင်လေး, ငါ့ကိုလွတ်ပေးလို့မရဘူးလား..."

အနက်ရောင်မှန် အသံနက်ဖြင့် ပြောလိုက်သည်။

ဂျန်ဖန်း အမူအရာအေးစက်နေ၏။

"ဒါပေါ့..."

"ငါ မင်းကို ငရဲမင်းဆီ သတင်းပို့ခိုင်းလိုက်မယ်...."

သူ့စကားတွေမဆုံးခင်မှာပဲ ရှေ့ပြေးထွက်လာပြီးနေပြီဖြစ်သည်။

အနက်ရောင်မှန်ကို နောက်ထပ်လှည့်ကွက်တွေကစားဖို့ အခွင့်အရေးမပေးတော့ပေ။

"ခဏနေအုန်း...."

"မင်း ဒီစိတ်ဝိညာဥ်လက်နက်ကို မလိုချင်ဘူးလား...."

All Chapters