← Chapters

နတ်ဆိုးစိတ်ဝိညာဥ်၏မူလဇာစ်မြစ်

Vol. 25 Ch. 343

နတ်ဆိုးစိတ်ဝိညာဥ်၏မူလဇာစ်မြစ်

Vol. 25 Ch. 343

နောက်ဆုံးအခိုက်အတန့်၌....

နတ်ဆိုးစိတ်ဝိညာဥ်အံကြိတ်ပြီး သတင်းကြီးတစ်ခုကို ထုတ်ပြောလိုက်သည်။

ဂျန်ဖန်းတောင် ရုတ်ချည်းရပ်တန့်သွားခဲ့သည်။

အနက်ရောင်မှန်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

"စိတ်ဝိညာဥ်လက်နက်? မင်ပြောတာ ဒီမှန်လား....."

ခရမ်းဓားပိုင်ရှင်အဖြစ်...

သူက စိတ်ဝိညာဥ်လက်နက်တွေ၏စွမ်းအားကို အခြားလူတွေထက်ပိုသိ၏။

သူ့ရှေ့ရှိ ဤအနက်ရောင်မှန်က အမှန်တကယ်ပဲ စိတ်ဝိညာဥ်လက်နက်တစ်ခုဖြစ်နေသည်လား....

မှန်ထဲရှိ နတ်ဆိုးစိတ်ဝိညာဥ် ပေါ့ပေါ့တန်တန်ပဲပြောလိုက်သည်။

"မူလက ဒီစိတ်ဝိညာဥ်လက်နက်ကို ငါကိုယ်တိုင်သုံးဖို့ရယ်ရွယ်ထားတာ...."

"အခု, ငါ မင်းနဲ့ မျှသုံးနိုင်တယ်..."

"အခြေအနေအနေနဲ့ မင်းငါ့အသက်ကို ချမ်းသာပေးရမယ်...."

ဂျန်ဖန်း မျက်လုံးမှေးကျဥ်းသွားပြီး အလေးအနက်စဥ်းစားနေခဲ့သည်။

သို့ပေမယ့် သူ့ခြေထောက်ရှိမိုးကြိုးလျှပ်စီးတွေကတော့ ပျောက်ကွယ်သွားမည့်အရိပ်အယောင်မပြပေ။

တစ်နည်းပြောရလျှင် ပို့လို့တောင် ပြင်းထန်လာခဲ့သည်။

ထိတ်လန့်သွားပြီး နတ်ဆိုးစိတ်ဝိညာဥ်ပြောလိုက်သည်။

"ငါမင်းကို မလိမ်ပါဘူး...."

"ဒီမှန်ကို ရှေးဟောင်းနှလုံးသားမှန်လို့ခေါ်တယ်။ စစ်မှန်တဲ့စိတ်ဝိညာဥ်လက်နက်တစ်ခုပဲ...."

"အခြားသူတွေရဲ့ အတွေးတွေကိုဖတ်နိုင်ပြီး ကမ္ဘာကြီးရဲ့လျိုဝှက်ချက်တွေကို ဖော်ထုတ်နိုင်တဲ့ အဆုံးမဲ့နတ်ဘုရားရတနာတစ်ခုပါ..."

ဂျန်ဖန်း မျက်လုံးမှေးကျဥ်းနေဆဲဖြစ်သည်။

သိသာစွာပင်, သူက သူ့စကားတွေကို သိပ်မယုံပေ။

နတ်ဆိုးစိတ်ဝိညာဥ် စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

"ငါ မင်းကိုမလိမ်ဘူး။ မင်းမယုံရင် ငါပြမယ်..."

အနက်ရောင်မှန်တစ်ဖက်လှည့်ပြီး ဂျန်ဖန်းကို မျက်နှာချင်းဆိုင်လိုက်သည်။

ချက်ချင်းပဲ နတ်ဆိုးစိတ်ဝိညာဥ်ပြောလိုက်သည်။

"မင်းတွေးနေတာ..."

"ဒီလိုစိတ်ဝိညာဥ်လက်နက်နဲ့ဆိုရင် ဒီနတ်ဆိုးစိတ်ဝိညာဥ်က ပြိုင်ဘက်ကင်းသင့်တယ်မလား။ ပြီတော့ ဘာလို့ ဓားသစ်တောထဲမှာပိတ်မိပြီး စိတ်ဝိညာဥ်အသိဉာဏ်လေးပဲ ကျင့်ကြံနိုင်တာလဲ...."

ဘာ?...

ဂျန်ဖန်း နှလုံးသားခုန်ပေါက်သွားပြီး မျက်ခွံ့တွေကျုံ့သွား၏။

ဤအရာက တကယ်ပဲ သူတွေးနေသည့်အရာပင်။

ဤနတ်ဆိုးစိတ်ဝိညာဥ်က သူ့အပေါ်မှန်ရောင်ထိုးရုံဖြင့် သူ့စိတ်ကို အမှန်တကယ်ဖတ်နိုင်ခဲ့သည်။

သူက ဓားထုတ်ပြီး အနက်ရောင်မှန်ဆီ ဝှေ့ယမ်းလိုက်သည်။

ထန်!

အနက်ရောင်မှန် ဓားချီကြောင့်မီးပွားတွေထွက်သွားပေမယ့် ထိခိုက်မသွားခဲ့ပေ။

နတ်ဆိုးစိတ်ဝိညာဥ် ဂျန်ဖန်းနှင့်မျက်နှာချင်းမဆိုင်မိစေဖို့ အနက်ရောင်မှန်ထောင့်ကို ပါးပါးနပ်နပ်ပဲ ချိန်ညှိလိုက်သည်။

သူက အပြုံးဖြင့် ပြောလိုက်သည်။

"အခု ငါ့ကိုယုံပြီလား...."

"ငါ ဒီလိုအဆုံးသတ်ခဲ့ရတာကတော့ အဲ့ဒီစက်ဆုပ်စရာကောင်းတဲ့ နတ်ဆိုးကျားကြောင့်ပဲမဟုတ်ဘူးလား...."

နတ်ဆိုးကျား?....

ဂျန်ဖန်း နှလုံးသားလှုပ်ရှားသွား၏။

သူပြောသည့်နတ်ဆိုးကျားက နတ်အသွင်ပြောင်းခြင်းအဆင့်နားကပ်နေသည့် နတ်ဆိုးအင်ပါယာဖြစ်နိုင်သည်လား....

နောက်ပိုင်း နတ်ဆိုးကျား ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။

ထိုကိစ္စက နတ်ဆိုးမျိုးနွယ်စုကြား အတော်လေး ဂယက်ရိုက်သွားစေခဲ့သည်။

နတ်ဆိုးစိတ်ဝိညာဥ် ပြင်းထန်သည့်နာကျည်းမှုဖြင့် ပြောလိုက်သည်။

"နတ်အသွင်ပြောင်းခြင်းအဆင့်ကိုတက်လှမ်းဖို့အခွင့်ရေးရှာရင်း ငါတို့ရှေးဟောင်းဂူအိမ်တော်တစ်ခုကို အတူတူစူးစမ်းခဲ့ကြတယ်...."

"အတော်လေးကြိုးစားပြီးနောက်မှာ အောင်အောင်မြင်မြင်နဲ့ပဲ နတ်အသွင်ပြောင်နိုင်မဲ့ ထူးဆန်းတဲ့ရတနာတစ်ခုကို ရှာတွေ့ခဲ့တယ်...."

"အဲ့မှာ မမျှော်လင့်ပဲ, နတ်ဆိုးကျား ငါ့ကို ရုတ်တရက် တိုက်ခိုက်ခဲ့တယ်လေ....."

"ကံကောင်းလို့ငါ့စိတ်ဝိညာဥ်တစ်မျှင် ဒီရှေးဟောင်းမှန်ထဲမှာဝှက်ပြီး ဒီနေရာကို ထွက်ပြေးလာနိုင်ခဲ့တာ....."

"အဲ့လိုနဲ့ ငါ့ကိုယ်ငါ မြေအောက်မှာ နှစ်အတော်ကြာမြုပ်နှံပြီး မကြာသေးခင်ကမှ နိုးထလာခဲ့တာ...."

ဟစ်....

ဂျန်ဖန်း နှလုံးသားကျုံ့သွား၏။

သူ့ရှေ့ရှိနတ်ဆိုးစိတ်ဝိညာဥ်ဟာ တစ်ခါက သန္ဓေသားနှောင်းပိုင်းအဆင့်နတ်ဆိုးကျားနှင့် တန်းတူအဆင့်ရှိ စွမ်းအားကြီးသူဖြစ်နေခဲ့သည်။

လူတိုင်းထင်ထားခဲ့တာ ဤအရာဟာ ကိုယ်ပိုင်အသိစိတ်ရလာသည့် သာမန်နတ်ဆိုးသတ္တဝါလေးဟုပင်။

သို့ပေမယ့်.....

နတ်ဆိုးကျားသစ္စာဖောက်သည့်ကိစ္စနှင့်ပတ်သက်၍ ဂျန်ဖန်း အကုန်လုံးမယုံပေ။

ဤလူနိုးထလာတာနှင့် သိုင်းပညာရှင်များစွာ၏သွေးအနှစ်သာရကို ဝါးမျိုချင်တာကို အခြေခံရလျှင်....

သေချာပေါက် လူကောင်းမဖြစ်နိုင်ပေ။

ဘယ်သူက ဘယ်သူ့ကိုသစ္စာဖောက်တာလဲဆိုတာ ပြောရခက်၏။

သူက ခေါင်းညိတ်၍ မျက်လုံးတွေ တောက်ပသွားပြီး ပြောလိုက်သည်။

"ကောင်းပြီလေ, ဒါကစိတ်ဝိညာဥ်လက်နက်ဆိုတာ ငါယုံတယ်..."

"အခု မှန်ကိုထားခဲ့လိုက်, မင်းကို ငါလွတ်ပေးမယ်...."

ရှေ့မှာရှိနေ၍ ဂျန်ဖန်း သေချာပေါက် ရှေးဟောင်းနှလုံးသားမှန်ကို လက်မလွတ်နိုင်ပေ။

ဒါပေါ့....

သူက နတ်ဆိုးစိတ်ဝိညာဥ်ကိုလည်း လွတ်ပေးမည်မဟုတ်ပေ။

"ဟီ..ဟီ... ဆရာ, ငါတို့နှစ်ယောက်လုံးကလူတော်တွေပါ, ဒါကြောင့် ပြောစရာမလိုတဲ့စကားတွေကို ပြောဖို့မလိုပါဘူး...."

ဂျန်ဖန်းတွေးနေတာကို နတ်ဆိုးစိတ်ဝိညာဥ် ဘယ်လိုလုပ် မသိပဲနေမည်နည်း။

အနက်ရောင်မှန်ထဲကထွက်သည်နှင့် သူ သေချာပေါက် သေမည်ပင်။

ဂျန်ဖန်း မျက်လုံးမှေးကျဥ်းသွား၏။

"မင်းမထွက်ရင်ကော အသက်ရှင်မယ်ထင်လို့လား...."

နတ်ဆိုးစိတ်ဝိညာဥ် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

"ဒီမှန်ရဲ့ဇစ်မြစ်ကို မင်းမသိဘူးဆိုရင်တော့ ငါကိုသတ်ဖို့ ဘာမဆိုလုပ်မယ်ဆိုတာ ငါ ယုံတယ်..."

"ဒါပေမယ့်, အခု မင်းလုပ်ရဲလို့လား...."

ဂျန်ဖန်း တိတ်ဆိတ်သွား၏။

သူ၏မိုးကြိုးနည်းစနစ်က မှန်ကိုဖောက်ပြီး နတ်ဆိုးစိတ်ဝိညာဥ်ကို သတ်နိုင်၏။

မေးစရာက မှန်ထိခိုက်သွားမည်လားဆိုတာပင်။

စိတ်ဝိညာဥ်လက်နက်တစ်ခု, ဤကဲ့သို့ပျက်စီးသွားလျှင် အတော်နှမျှောစရာကောင်း၏။

နတ်ဆိုးစိတ်ဝိညာဥ်ပြောလိုက်သည်။

"ကောင်လေး, ဒီနှစ်တွေမှာ ငါအသက်ရှင်နေတာ တစ်ချိန်ကရန်ငြိုးကိုလက်စားချေဖို့ပဲ...."

"မင်းသာ ငါ့ကိုကူပြီး ခန္ဓာတစ်ခုရှာပေးရင်, ဒီမှန် မင်းကိုကျေးဇူးတင်တဲ့အနေနဲ့ ပေးလိုက်မယ်...."

ဂျန်ဖန်းစဥ်းစားနေခဲ့သည်။

သူက နတ်ဆိုးစိတ်ဝိညာဥ်၏တစ်ဖက်သတ်စကားတွေကို မယုံပေ။

ဒီလူထွက်ပြေးလာစဥ်က ဤမှန်ကလွဲပြီး အခြားဘာမှမယူခဲ့ပေ။

ထိုအရာအရ မှန်က အရေးကြီးဆုံးပစ္စည်းဆိုတာ ပြသနေ၏။

ဘယ်လိုလုပ် အခြားသူကို ပေးနိုင်မည်နည်း။

နတ်ဆိုးစိတ်ဝိညာဥ်ကိုသတ်ခြင်းကသာ ဤစိတ်ဝိညာဥ်လက်နက်ကို အမှန်တကယ်ပိုင်ဆိုင်မှာဖြစ်သည်။

သို့ပေမယ့် ၎င်းက မှန်ထဲမှာ နက်နက်ရှိုင်းရှိုင်းပုန်းနေ၍ အားသုံးသတ်လျှင် မှန်ကို ထိခိုက်သွားစေနိုင်၏။

၎င်းကိုအပြီးတိုင်သတ်ပစ်ဖို့ အထူးနည်းလမ်းတစ်ခုလိုအပ်၏။

သူက လေဟာနယ်ရှေးဟောင်းသစ်ပင်ကို အမှတ်ရလိုက်သည်။

ထိုအပင်၌ အမြုတေဖွဲ့စည်းခြင်းအဆင့်မှသာ ခူးယူနိုင်သည့်အသီးတစ်လုံးရှိပြီး အထဲမှာ ဝိညာဥ်တိုက်ခိုက်ရေးနည်းလမ်းကို ချိပ်ပိတ်ထား၏။

နတ်ဆိုးဝိညာဥ်က အကြွင်းအကျန်ဝိညာဥ်တစ်ခုဖြစ်ပြီး အကြောက်ဆုံးမှာ သံသယရှိစရာမလိုအောင် ဝိညာဥ်တိုက်ခိုက်မှုပင်။

တစ်ခဏတွေးပြီးနောက်, ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။

"မင်းလှည့်ကွက်တွေမကစားဖူးလို့ ကတိပေးနိုင်လား...."

ဂျန်ဖန်း ငါးစာဟပ်လာတာမြင်သည့်အခါ နတ်ဆိုးစိတ်ဝိညာဥ် ပြောလိုက်သည်။

"ငါ ကောင်းကင်ကို ကျိန်ဆိုနိုင်တယ်...."

"ငါလိမ်ရင်, မိုးကြိုးငါးစင်းပစ်ပါစေ...."

ဂျန်ဖန်း စိတ်ထဲက လှောင်ပြောင်လိုက်၏။

ကျိန်ဆိုတာ ဘာအသုံးဝင်လို့လဲ?....

ယခုသူလုပ်ဖို့လိုတာက တစ်ဖက်လူကို တည်ငြိမ်အောင်လုပ်ထားဖို့ပင်။

အမြုတေဖွဲ့စည်းခြင်းအဆင့်ချိုးဖြတ်ပြီး ဝိညာဥ်လျို့ဝှက်နည်းစနစ်သင်ယူပြီးသည့်အခါ....

သူလုပ်မည့်ပထမဆုံးအရာက ထိုကောင်ကိုသတ်ဖို့ပဲဖြစ်သည်။

"ကောင်းပြီလေ, ငါ အခုတော့ မင်းကို ယုံလိုက်မယ်။ မင်ခန္ဓာကိုယ်ဖွဲ့စည်းဖို့ ဘယ်လိုပစ္စည်းတွေလိုလဲ..."

ဂျန်ဖန်း မေးလိုက်သည်။

နတ်ဆိုးစိတ်ဝိညာဥ်ပြောလိုက်သည်။

"လိုအပ်တဲ့ပစ္စည်းတွေ ငါချရေးလိုက်မယ်...."

"မင်းက အဲ့တာတွေ ငါ့ကိုစုဆောင်းပေး။ ကျန်တာတော့မင်းစိတ်ပူစရာမလိုဘူး..."

ပြောပြီးနောက်....

အနက်ရောင်မြူတစ်မျှင်ဖြင့် ပစ္စည်းများစွာပါဝင်သည့်စာရင်းတစ်ခုကို မြေပြင်မှာရေးပြလိုက်သည်။

ဂျန်ဖန်း တစ်ချက်ကြည့်လိုက်ပြီး မနေနိုင်ပဲ မျက်ခွံတွေ တွန့်လိမ်သွားသည်။

"မင်းတကယ်ပြောရဲတယ်နော်..."

"နတ်ဆိုးအင်ပါယာသွေးအနှစ်သာရ၊ နတ်ဆိုးအမြုတေ၊ အရိုးနဲ့ အမွှေး...."

"မင်းက ငါ့ကို အထင်ကြီးနေတာပဲ...."

ဤပစ္စည်းအားလုံးလိုချင်လျှင် နတ်ဆိုးအင်ပါယာအလောင်းတစ်ခုလုံးလိုအပ်၏။

သူက ဘယ်ကရမည်နည်း။

နတ်ဆိုးစိတ်ဝိညာဥ် ရယ်လိုက်သည်။

"မင်းတစ်ယောက်တည်းဆိုရင်တော့, သေချာပေါက် မျှော်လင့်ချက်သိပ်မရှိဘူးပေါ့...."

"ဒါပေမယ့်, ငါလဲရှိတာပဲလေ..."

"ငါ နတ်ဆိုးအင်ပါယာအလောင်းတစ်ခုသိတယ်။ အဲ့တာကို အထူးနည်းလမ်းနဲ့ မူလအခြေအနေအတိုင်း ထိန်းသိမ်းထားတယ်...."

"ငါ့ညွှန်ကြားတဲ့အတိုင်းလုပ်ရင် ရဖို့က ပြဿနာမဟုတ်ဘူ..."

ဂျန်ဖန်း တစ်ခဏ ချင့်ချိန်စဥ်းစားနေခဲ့သည်။

သူက ထိုကောင်၏စကားတွေကို အရမ်းကြီးတော့ သံသယမဖြစ်ပေ။

သန္ဓေသားအလောင်းတစ်ခုက သူ့အတွက်တော့ စိတ်ကူးမယဥ်နိုင်ဖွယ်ဖြစ်သည်။

သို့ပေမယ့် တစ်ချိန်ကကျော်ကြားခဲ့သည့် သန္ဓေသားနှောင်ပိုင်းကျင့်ကြံသူအတွက်တော့ ဖြစ်နိုင်ခြေရှိ၏။

"ကောင်းပြီလေ, ဒါပေမယ့်, ငါလုပ်စရာရှိတာတွေ အရင်ပြီးအောင်လုပ်လိုက်အုန်းမယ်။ နောက်မှ မင်းကိုကူရှာပေးမယ်...."

ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။

အဆုံးမှာတော့, လိုအပ်တာအချိန်ပဲဖြစ်သည်။

သူ အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုရောက်ပြီး ဝိညာဥ်လျို့ဝှက်နည်းစနစ်ရသည်နှင့် ပထမဆုံးလုပ်သည့်အရာက ထိုကောင်ကို သတ်ဖို့ပင်။

ဘယ်လိုလုပ် နတ်ဆိုးဝိညာဥ်အကြွင်းအကျန်ကို ခန္ဓာကိုယ်ရှာပေးနိုင်မည်နည်း။

"ဒါသဘာဝကျပါတယ်....."

နတ်ဆိုးစိတ်ဝိညာဥ် အလျှင်အမြန်သဘောတူလိုက်သည်။

"ပြီးတော့, ငါမင်းကို အလကားကူညီခိုင်းမှာမဟုတ်ပါဘူး..."

"ဒီကာလအတွင်းမှာ မင်းက ရှေးဟောင်းနှလုံးသားမှန်ကို စိတ်ရှိသလိုအသုံးပြုနိုင်တယ်...."

ဂျန်ဖန်း စိတ်လှုပ်ရှားသွား၏။

သို့ပေမယ့် သတိကြီးစွာဖြင့် မေးလိုက်သည်။

"ဒီမှန်က ဘယ်လိုအလုပ်လုပ်တာလဲ...."

"သွေးနဲ့ ငါ့ဝိညာဥ်တစ်ပိုင်းလိုတာဆိုရင်တော့ မေ့လိုက်တော့....."

သွေးဆာသည့်နတ်ဆိုးစိတ်ဝိညာဥ်နှင့်ရင်ဆိုင်ရာ၌....

သွေးဖြင့် အသိအမှတ်ပြုတာနှင့် မှန်ထဲကိုဝိညာဥ်ခွဲထည့်တာက သေချာပေါက် အကြံကောင်းတော့မဟုတ်ပေ။

"မင်းကအတော်လေး သတိကြီးတာပဲ...."

နတ်ဆိုးစိတ်ဝိညာဥ်ရယ်လိုက်သည်။

"စိတ်ချလက်ချနေပါ။ အခု ငါ မင်းအကူအညီလိုပါသေးတယ်..."

"စိတ်ဝိညာဥ်ပြည့်ဝဖို့ သက်ရှိအချို့ရဲ့သွေးနဲ့အသားစုပ်ယူတာထက်စာရင် မင်းငါ့ကိုကူပြီးခန္ဓာကိုယ်ရှာပေးမှာကို ပိုကြိုက်တယ်။ ဒါဆို ငါ အသစ်တဖန်ပြန်ကျင့်ကြံနိုင်ပြီလေ...."

အနက်ရောင်မြူတစ်မျှင်ထွက်ပေါ်လာပြီး လေထဲမှာ စာတန်းအချို့အဖြစ် ပေါင်းစည်းသွားသည်။

"ဒါ ရှေးဟောင်းနှလုံးသားမှန်ကိုထိန်းချုပ်တဲ့နည်းလမ်းပဲ...."

"မင်းမှတ်ထားလိုက်။ နှစ်ဝက်လောက်ကျင့်ကြံပြီးရင် မှန်ကို ထိန်းချုပ်နိုင်လာလိမ့်မယ်...."

ဂျန်ဖန်းတစ်ချက်ကြည့်ပြီး မနေနိုင်ပဲ စိတ်ထဲမှာ ရယ်လိုက်သည်။

ဤထိန်းချုပ်ရေးနည်းလမ်းက အခြေခံအားဖြင့် သိမ်မွေ့အဆင့်နိမ့်နည်းလမ်းနှင့်သာ ညီမျှ၏။

သူက ချက်ချင်းနားလည်သွားခဲ့သည်။

နှစ်ဝက်မလိုအပ်ပေ။

ထို့နောက် တည်ငြိမ်စွာခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ, ငါမှတ်ထားလိုက်ပြီး၊ အချိန်ရရင်လေ့ကျင့်လိုက်ပါ့မယ်...."

အနက်ရောင်မြူဖြင့်သိပ်သည်းထားသည့် စာတန်း ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့သည်။

နတ်ဆိုးစိတ်ဝိညာဥ် ဂျန်ဖန်း၏ဖြောင့်မတ်မှုကြောင့် ကျေနပ်သွားပြီး အဓိပ္ပာယ်ပါပါပြောလိုက်သည်။

"ငါတို့သာမတိုက်ခိုက်ခဲ့ရင် တစ်ယောက်နဲ့တစ်ယောက်သိမှာမဟုတ်ဘူး....."

"ပူပေါင်းတဲ့အထိမ်းအမှတ်အနေနဲ့ ငါ မင်းကို နောက်ထပ်လက်ဆောင်ကြီးတစ်ခုပေးမယ်....."

All Chapters