မိစ္ဆာမလေး၏ရတနာသိုက်ကိုတူးဖော်ခြင်း
Vol. 25 Ch. 344
အို?...
ဂျန်ဖန်း သတိထားသည့်အမူအရာပြသလာ၏။
"ဘာများလဲ...."
နတ်ဆိုးစိတ်ဝိညာဥ်ပြောလိုက်သည်။
"သွေးနီရောင်ဝတ်မိန်းခလေးကို မင်းသိတယ်မလား...."
"နတ်ဆိုးအင်ပါယာသမီးတော်, လျိုလီ...."
ဂျန်ဖန်း မျက်လုံးတွေ အရောင်လက်သွား၏။
"သူမဘာဖြစ်လို့လဲ...."
နတ်ဆိုးစိတ်ဝိညာဥ်ပြောလိုက်သည်။
"သူမက ထိပ်တန်းမှော်လက်နက်ဓားတစ်ချောင်းနဲ့ နတ်ဆိုးမျိုးနွယ်ရတနာအချို့ကို နေရာတစ်ခုမှာ မြုပ်နှံထားတယ်...."
"မင်း အဲ့နေရာသိချင်လား...."
ဂျန်ဖန်း အံ့အားသင့်သွားသည်။
ထိပ်တန်းမှော်အဆင့်ဓား?...
လျိုလီက နတ်ဆိုးမျိုးနွယ်တစ်ယောက်ဖြစ်ပြီး ထိပ်တန်းမှော်အဆင့်ဓားဘယ်ကရသနည်း။
ရုတ်တရက်, ရှုချင်းယန်၏ထိပ်တန်းအဆင့်မှော်ဓားပျောက်သွားတာ သတိရလိုက်သည်။
အစက ထိုအရာကို ဂျင်ယွင်လဲ့ယူသွားတာဖြစ်သည်။
ထို့နောက် ဂျင်ယွင်လဲ့ကို နတ်ဆိုးမျိုးနွယ်က တိုက်ခိုက်ပြီးသတ်ပစ်ခဲ့သည်။
လူကောဓားကော သဲလွန်စမရှိပဲ ပျောက်ကွယ်သွားခဲ့သည်။
ယခုကြည့်ရတာ ဂျင်ယွင်လဲ့ကိုတိုက်ခိုက်သည့် နတ်ဆိုးဘုရင်တွေကို လျိုလီညွှန်ကြားတာဖြစ်ပြီး ဓားက သဘာဝအတိုင်း သူမလက်ထဲရောက်သွားခဲ့ပုံပင်။
အသင်္ချေဓားဂိုဏ်း၏အာရုံစိုက်မှုကင်းဝေးဖို့...
အသင်္ချေဓားဂိုဏ်းကို မဝင်ရောက်ခင် ဓားကိုတစ်နေနေရာမှာ မြုပ်နှံခဲ့တာပင်။
ဤအရာက ကျိုးကြောင်းဆီလျော်၏။
ဂျန်ဖန်း တစ်ခဏသွေးဆောင်ခံလိုက်ရပေမယ့် ချက်ချင်း စိတ်ရှင်းသွား၏။
သူ့၌ စိတ်ဝိညာဥ်အဆင့်ဓားတစ်ချောင်းရှိနေ၍ ထိပ်တန်းမှော်အဆင့်ဓားက ဝန်ထုပ်ဝန်ပိုးတစ်ခုပင်။
ထို့ပြင် ရှုချင်းယန်က သူ့အား ဓားထိန်းချုပ်ခြင်းနည်းစနစ်သင်ပေးခဲ့ပြီး ရှုယင်းရင်ကိုလည်း ကူညီခဲ့၏။
သူက ထိပ်တန်းမှော်အဆင့်ဓားကို ဘယ်လိုလုပ် တပ်မက်နိုင်မည်နည်း။
နောက်တစ်လှမ်းဆုတ်စဥ်းစားကြည့်လျှင်တောင် ရှုချင်းယန် သူ့ဓားမရှိ၍ ခွန်အားသိသိသာသာအားနည်းသွားမည်ဖြစ်သည်။
လူသားကလန်နှင့် နတ်ဆိုးမျိုးနွယ်စစ်ပွဲက လာတော့မည်ဖြစ်၍ အဆင့်မြင့်တိုက်ပွဲတွေ၌ လူသားကလန် ထိပ်တန်းတိုက်ခိုက်သူတစ်ယောက်ဆုံးရှုံးရလျှင် ရှုံးနိမ့်ဖို့ အခွင့်အရေးပိုများ၏။
တစ်ခဏတွေးပြီးနောက် သူက ပြောလိုက်သည်။
"လမ်းပြပါ..."
ထိပ်တန်းမှော်အဆင့်ဓား သူမလိုအပ်ပေ။
သို့ပေမယ့် လျိုလီ၏ကိုယ်ပိုင်ရတနာတွေကိုတော့ အတော်စိတ်ဝင်စား၏။
နတ်ဆိုးအင်ပါယာသမီးတော်တစ်ယောက်အနေဖြင့်, သူမ၌ တန်ဖိုးမဖြတ်နိုင်သည့်ရတနာအနည်းငယ်ရှိသင့်၏။
"ဟက်..ဟက်... မင်းစိတ်ဝင်စားမယ်ဆိုတာ ငါသိသားပဲ....."
"တောင်ဘက်ကိုမိုင်တစ်ရာလောက်သွားလိုက်။ အဲ့မှာ စုပ်တံတင်ခုံနဲ့တူတဲ့တောင်တစ်လုံးရှိတယ်..."
"မင်းမြန်မြန်လုပ်ဖို့တော့လိုတယ်။ အဲ့ဒီနတ်ဆိုးမလေးက အသက်ရူချောင်တာနဲ့ သူ့ပစ္စည်းတွေပြန်လာယူမှာပဲ...."
"မင်းသူမဆီပြေးဝင်သွားမိရင်တော့ ပြဿနာများပြီ...."
ဂျန်ဖန်းအမူအရာ အနည်းငယ်ပြောင်းလဲသွား၏။
ချက်ချင်းပဲ လှုပ်ရှားမှုနည်းလမ်းသုံးကာ ဓားသစ်တောမှအလျှင်အမြန်ထွက်ခွာပြီး တောင်ဂိတ်တံခါးကို ဦးတည်လိုက်သည်။
"ဂျူနီယာမောင်လေးဂျန်...."
ချင်ချိုင်ဟီ ဂိုဏ်းရတနာတိုက်မှပြန်လာပြီး မျက်နှာက အပြုံးတွေနှင့် တောက်ပနေခဲ့သည်။
သူမဆရာက မြင့်မြတ်အကြီးအကဲကျောက်ချီဒန်ဆီမှပြန်လာပြီးနောက် သူမကို အကြီးအကျယ်ဆုချီးမြှင့်ခဲ့သည်။
ထိုအရာက ဂျန်ဖန်းကြောင့်ဆိုတာ သူမသိ၏။
အတော်လေးကျေးဇူးတင်နေပြီး အဝေးမှဂျန်ဖန်းပုံရိပ် အလျှင်အမြန်ပြေးနေတာ မြင်တော့ ချက်ချင်းလှမ်းခေါ်လိုက်သည်။
ဂျန်ဖန်း ရပ်ဖို့အချိန်မရှိ၍ အလျှင်အမြန်ပြောလိုက်သည်။
"မြင့်မြတ်အကြီးအကဲရှုချင်းယန်ကို မြန်မြန်အကြောင်းလိုက်...."
"သူ့ဓားကို တောင်ဘက်မိုင်တစ်ရာလောက်မှာ သွားယူနိုင်တယ်လို့..."
ထို့နောက် ချက်ချင်းပဲ ပြောက်ကွယ်သွားခဲ့သည်။
ဂျန်ဖန်းအရှိန်ဖြင့် မိုင်တစ်ရာက တစ်နာရီအတွင်းရောက်လာခဲ့သည်။
အဝေးမှကြည့်လျှင်...
မဖြစ်ထွန်းသည့်တောင်ကုန်းတွေရှိနေပြီး စုပ်တံတင်ခုံတစ်ခုကဲ့သို့ဖြစ်နေခဲ့သည်။
နတ်ဆိုးစိတ်ဝိညာဥ်ပြောလိုက်သည်။
"အဲ့တာကို တောင်ထိပ်က ကျောက်တုံးကြီးတစ်တုံးအောက်မှာ မြုပ်ထားတယ်...."
ထို့နောက် ခဏရပ်လိုက်ပြီး ပဟေဠိဖြစ်သည့်အသံဖြင့် ပြောလိုက်သည်။
"ဒါပေမယ့်, မင်းဘာလို့ ဓားပိုင်ရှင်ကို အကြောင်းကြားလိုက်တာလဲ..."
"ထိပ်တန်းမှော်အဆင့်ဓားက မင်းကျောမှာရှိတဲ့ အဆင့်မြင့်မှော်ဓားထက် သာတယ်လေ...."
သူ နားမလည်နိုင်ပေ။
သူက ဤကောင်းလေးကို လက်ဆောင်ကြီးတစ်ခုပေးဖို့ ရည်ရွယ်ထားခဲ့သည်။
မမျှော်လင့်စွာပဲ သူက လောဘမကြီးပဲ ဓားပိုင်ရှင်ကို အကြောင်းကြားခဲ့သည်။
ဂျန်ဖန်း အကြောင်းပြချက်ပေးလိုက်သည်။
"ဒီဓားကို ဂိုဏ်း ၉ ဂိုဏ်းရဲ့ နံပါတ် ၁ ဓားဘုရင်ပိုင်တာ...."
"ငါယူရဲပေမယ့် မသုံးရဲဘူး...."
"မိစ္ဆာမလေးရဲ့ရတနာတွေကိုပဲယူတာ ပိုကောင်းပါတယ်...."
"ဓားပိုင်ရှင်ခေါ်လိုက်တာကတော့, အကူအညီရအောင်လို့။ မိစ္ဆာမလေးသာ အဲ့ဒီကျားနဲ့ပြန်ရောက်လာရင် အနည်းဆုံးအကူအညီရတာပေါ့...."
နတ်ဆိုးစိတ်ဝိညာဥ် တစ်ခဏတိတ်ဆိတ်သွား၏။
ခဏကြာတော့ သူက လေးပင်စွာ သက်ပြင်းချလိုက်သည်။
"အဲ့တုန်းက မင်းလိုသာ စေ့စပ်ခဲ့မယ်ဆိုရင် ငါဒီလိုမျိုး အဆုံးသတ်မှာမဟုတ်ဘူး..."
ဂျန်ဖန်း ရယ်လိုက်သည်။
နတ်ဆိုးစိတ်ဝိညာဥ်သာ မစေ့စပ်ရင် ဘယ်လိုလုပ် သန္ဓေသားနှောင်းပိုင်းအဆင့်ထိ ကျင့်ကြံနိုင်မည်နည်း။
သူက အကြိမ်မရေမတွက်နိုင်အောင် သေပြီးနေပြီဖြစ်သည်။
သူရှုံးနိမ့်ခဲ့တာ သူ့လောဘကြောင့်ပင်။
"ရတနာအရင်ဆုံး တူးလိုက်ရအောင်..."
ဂျန်ဖန်း အသိပေးလိုက်သည်။
နတ်ဆိုးစိတ်ဝိညာဥ်ခေါင်းညိတ်လိုက်သည်။
"တောင်အလယ်ကိုသွားလိုက်, အဲ့မှာ အနက်ရောင်ကျောက်တုံးကြီးတစ်ခုရှိတယ်...."
"မိစ္ဆာမလေး ရတနာတွေကို အဲ့အောက်မှာ မြုပ်ထားတယ်...."
၎င်း၏ညွှန်ကြားမှုဖြင့် ဂျန်ဖန်း တောင်ထိပ်ကို တက်သွားလိုက်သည်။
အသေအချာပင်။ သူက ကြိတ်ဆုံလောက်ရှိသည့် အနက်ရောင်ကျောက်တုံးကြီးတစ်ခုကို တွေ့လိုက်သည်။
ကျောက်တုံးပတ်လည်ရှိမြေကြီး၌ တူးဆွထားသည့်လက္ခဏာတွေရှိပြီး လျိုလီ သူမရတနာတွေ ဝှက်ထားခဲ့သည့်နေရာဖြစ်ရမည်ပင်။
သို့ပေမယ့်....
ဂျန်ဖန်း ချက်ချင်း ရှေ့ပြေးမသွားပေ။
သူက အင်္ကျီလက်ဝှေ့ယမ်းပြီး ကောင်းကင်တောင်ထွဋ်ပိုးမျှင်ကို ပစ်လွတ်လိုက်၏။
စိတ်ဝိညာဥ်စွမ်းအင်ထည့်သွင်းမှုအောက်၌ ပိုးမျှင်က သံမဏိလိုမာကျောနေပြီး အနက်ရောင်ကျောက်တုံး ပတ်လည်ရှိမြေပြင်ကို ရိုက်ချလိုက်သည်။
မြေပြင်၌ လက်ချောင်းဖြင့်ခြစ်ထားသလို နက်ရှိုင်းသည့်ဖြတ်ရာတွေပေါ်လာပြီး ဧရာမပင့်ကူအိမ်ကြီးကဲ့သို့ဖြစ်သွား၏။
"ကြည့်ရတာ အနီးနားမှာ ထောင်ချောက်မရှိပုံပဲ...."
ဂျန်ဖန်း ရေရွတ်လိုက်သည်။
"ကျောက်တုံးအောက်မှာများ တစ်ခုခုရှိမလားမသိဘူး...."
သူက အင်္ကျီလက်ကို နောက်တစ်ကြိမ်ဝှေ့ယမ်းပြီး ကောင်းကင်တောင်ထွဋ်ပိုးမျှင်ကို အနက်ရောင်ကျောက်တုံးကြီးပတ်လည်၌ ရစ်ပတ်လိုက်သည်။
ထို့နောက် အနီးနားရှိကျောက်တုံးကြီးတစ်ခုနောက်ဆုတ်၍ မျက်လုံးလေးသာဖော်ထားပြီး အားဖြင့် ဆောင့်ဆွဲလိုက်သည်။
ခရက်!
အနက်ရောင်ကျောက်တုံး အဝေးကိုလွင့်ထွက်သွားခဲ့သည်။
ချက်ချင်းပဲ ကျောက်တုံးရှိခဲ့သည့်နေရာမှ အေးစက်သည့်အလင်းတန်းများစွာ မိုးသည်းထန်စွာရွာသကဲ့သို့ အရပ်မျက်နှာအသီးသီးကို ပစ်လွတ်လာခဲ့သည်။
ဒုန်း! ဒုန်း! ဒုန်း!
ဂျန်ဖန်းပုန်းနေသည့်ကျောက်တုံးကြီး ချက်ချင်းပဲ အေးစက်သည့်အလင်းတန်းဒါဇင်ကျော်ထိမှန်သွား၏။
ကျောက်တုံးကြီး မီတာဝက်ကျော်ကျော်လောက် ရွေ့သွားပြီး ဂျန်ဖန်း ချောက်ထဲပြုတ်ချလုနီးပါးပင်။
အအေးအလင်းတန်းတွေပျောက်ကွယ်သွားပြီးနောက်....
ဂျန်ဖန်း နောက်ဆုံးမှာ ခေါင်းပြူကြည့်လာသည်။
မြင်ကွင်းတစ်ခုလုံးပျက်စီးနေခဲ့သည်။
သစ်ပင်ပန်းမန်အားလုံး အမည်မသိလက်နက်ပုန်းကြောင့် ပျက်ဆီးကုန်ပြီး မည်းနက်ပုပ်သိုးကုန်၏။
သူ့ကိုကာထားသည့်ကျောက်တုံးကြီးလည်း အနက်ရောင်အပေါက်များစွာဖြင့် ဇကာပေါက်ဖြစ်နေကာ မီးခိုးနက်တွေထုတ်လွတ်နေခဲ့သည်။
နတ်ဆိုးစိတ်ဝိညာဥ် စုပ်သတ်လိုက်၏။
"ဘုရားရေ..."
"ဒီမိစ္ဆာမလေးက ငယ်ပေမယ့် တော်တော်အကြင်နာမဲ့တာပဲ..."
"အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့်သိုင်းပညာရှင်တစ်ယောက် ဒါနဲ့မှန်လို့ကတော့ မသေရင်တောင် ဒဏ်ရာအပြင်းအထန်ရမှာပဲ..."
"မင်း သတိထားနေလို့ကံကောင်းသွားတယ်။ မဟုတ်ရင် ပြဿနာများပြီ...."
ဂျန်ဖန်း ထိုအမည်မသိအနက်ရောင်မီးခိုးတွေကိုမရှူမိအောင် ပါးစပ်နှင့်နှာခေါင်းတွေကို အင်္ကျီလက်ဖြင့် ကာလိုက်သည်။
သူက အနက်ရောင်မှန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
နတ်ဆိုးစိတ်ဝိညာဥ် ရယ်လိုက်ပြီး အပြစ်ရှိသလိုခံစားလိုက်ရသည်။
"ငါ့ကို အဲ့လိုလာမကြည့်နဲ့...."
"ငါက သူဒီနေရာမှာ ရတနာဝှက်ထားတာပဲသိတာ...."
"ထောက်ချောက်ချန်ထားခဲ့လား မထားခဲ့ဘူးလားဆိုတာ တကယ်မသိဘူး..."
"ငါ့မှာမင်းကို ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်မရှိဘူး..."
ဂျန်ဖန်းနောက်ဆုံးမှာ အကြည့်ပြန်ရုတ်လိုက်သည်။
နတ်ဆိုး စိတ်ဝိညာဥ်သာ သူ့ကို တကယ်ထိခိုက်စေချင်လျှင် နည်းနည်းနောက်ကျမှပြောနိုင်၏။
ထိုအခါ လျိုလီ၊ကောင်းကင်ဝါးမျိုကျားတို့နှင့်ပက်ပင်းတိုးပြီဖြစ်သည်။
ထောက်ချောက်တွေဤနေရာမှာရှိနေသေး၍ လျိုလီခုချိန်ထိမရောက်သေးဘူးဆိုတာ ပြသနေ၏။
အချိန်ဖြုန်းနေလို့မရပေ။
ဂျန်ဖန်း သတိကြီးစွာဖြင့် လျှောက်သွားလိုက်သည်။
သူက ကျောက်တုံးအောက်၌ သေနေသည့်မြွေခေါင်းတစ်ခုကို တွေ့လိုက်ပြီး ၎င်းပါးစပ်ထဲ၌ မရေမတွက်နိုင်သည့် ချွန်ထက်တဲ့သွားတွေရှိနေခဲ့သည်။
အစောပိုင်း ကျောက်တုံးရွေ့သွားသည့်အခါ မြွေခေါင်းအလုပ်လုပ်သွားပြီး အဆိပ်ရှိသွားအမြောက်အများ ပစ်လွတ်လိုက်တာဖြစ်သည်။
ထိုအရာကို ဂရုတစိုက်ဖယ်ရှားလိုက်သည့်အခါ....
ဂျန်ဖန်း တကယ်ပဲ မြွေခေါင်းအောက်မှာ တစ်စုံတစ်ခုကို တွေ့လိုက်သည်။
ထိုအရာက ရှည်လျားသည့်အိတ်တစ်လုံးပင်။
ဖွင့်နေသည့်အိတ်တစ်လုံးဖြစ်၏။
ပထမဆုံးသူမြင်သည့်ပစ္စည်းက ရှေးဟောင်းကြေးဓားရှည်ဖြစ်သည်။
ဓားရိုးပဲထွက်နေတာတောင် ပြင်းထန်သည့်ဖိအားက ဂျန်ဖန်းကျောပြင်တစ်လျှောက် စပ်ဖျဥ်းဖျဥ်းခံစားသွားစေ၏။
"အသေအချာပဲ, ဒါ အကြီးအကဲရှုရဲ့ ထိပ်တန်းမှော်အဆင့်ဓားပဲ...."
ဂျန်ဖန်း ဓားကိုဆုပ်ကိုင်ပြီး နောက်ကျောမှာ လွယ်လိုက်သည်။
ထို့နောက် အခြားပစ္စည်းတွေကို ကြည့်လိုက်သည့်အခါ အနီရောင်အတွင်းခံအင်္ကျီတစ်ခုကို တွေ့လိုက်သည်။
သူ ကြောင်သွား၏။
ပုဂ္ဂိုလ်ရေးရတနာတွေလည်းဝှက်ထားသည််ဆိုတာ...
ဒါလား?...
အတွင်းခံအင်္ကျီတစ်ထည်လေ?...
ချက်ချင်းလွင့်ပစ်ဖို့ပြင်လိုက်၏။
သို့ပေမယ့် တစ်ခဏတွေးကြည့်လိုက်သည့်အခါ ထိုအရာက အဓိပ္ပာယ်မရှိပေ။
ဤနေရာမှာဝှက်ထားသည့်ပစ္စည်းတွေက အသင်္ချေဓားဂိုဏ်းသို့ယူမရသည့်ပစ္စည်းတွေသာဖြစ်သင့်၏။
နတ်ဆိုးမျိုးနွယ်ဆိုတာ အလွယ်တကူမှတ်မိနိုင်သည့် ပစ္စည်းတွေပင်။
သာမန်အတွင်းခံအင်္ကျီတစ်ထည်သာဆိုလျှင် ဤလောက်ထိဒုက္ခခံစရာမလိုပေ။
ဤအတွင်းခံအင်္ကျီ၌ လျို့ဝှက်ချက်တစ်ခုခုရှိသည်လား...
သူတွေးနေစဥ်မှာပဲ, နတ်ဆိုးစိတ်ဝိညာဥ် အသံနိမ့်နိမ့်အော်လိုက်၏။
"ဘုရားရေ, ကောင်လေး, မင်းတော့ ပွပြီပဲ...."