← Chapters

အသုံးမကျသည့်အသင်းဖော်

Vol. 25 Ch. 335

အသုံးမကျသည့်အသင်းဖော်

Vol. 25 Ch. 335

"သန့်စင်မိုးကြိုးအရိပ်သုံးခု" ပထမအဆင့်- မိုးကြိုးနဂါးလျှပ်စီးခြေထောက်....

ထိုအရာက အကာအကွယ်တွေကိုချိုးဖြတ်ဖို့ အထူးဖန်တီးထားသည့် ခြေထောက်နည်းစနစ်တစ်ခုဖြစ်သည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ၅၏ ခုခံရေးတောင် မိုးကြိုးလျှပ်စီးစွမ်းအားကြောင့် အလွယ်တကူကွဲကျေသွားမည်ဖြစ်သည်။

ထို့ပြင်, သူ့ရှေ့ရှိ အနက်ရောင်မြူက မိုးကြိုးလျှပ်စီးစွမ်းအား၏ သဘာဝကန့်သတ်ချက်ဖြစ်၏။

ချိုးဖြတ်ရတာက လက်ဝါးလှန်သလိုလွယ်ကူလွန်းသည်။

အနက်ရောင်မှန်ထဲမှ နာနာကျင်ကျင်အောင်ဟစ်နေပြီး အဆိပ်ပြင်းသည့်အသံတစ်ခု ဟိန်းထွက်လာ၏။

"မင်း ဘယ်လိုတောင်ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတာလဲ...."

"မင်းကို အရှင်လတ်လတ်အရေခွံဆုတ်ပစ်မယ်။ နှလုံးဖောက်ထုတ်ပြီး အရှင်လတ်လတ်စားပစ်မယ်...."

ဝှစ်!

သူက ရုတ်တရက် မြေပြင်ခုန်ထပြီး ဂျန်ဖန်းဆီအလျှင်အမြန်ပြေးဝင်လာ၏။

ဂျန်ဖန်း မျက်လုံးတွေ ကျဥ်းမြောင်းသွား၏။

ချက်ချင်းပဲ မိုးကြိုးနဂါးလျှပ်စီးခြေထောက်ကိုအသက်သွင်းကာ တစ်ချက်တည်းဖြင့် သတ်ဖို့ပြင်လိုက်၏။

သို့ပေမယ့် သူလှုပ်ရှားတော့မည့်အချိန်မှာ....

အနက်ရောင်မှန် ရုတ်တရက်ဦးတည်ချက်ပြောင်းသွားပြီး အပေါ်ထောင်တက်သွား၏။

ဂျန်ဖန်း ကြောင်သွားပြီး ရယ်လိုက်သည်။

"တော်တော်ဉာဏ်နီဉာဏ်နက်များတာပဲ...."

သူနှင့်လာပြီး လှည့်ကွက်ကစားနေသည်လား....

သို့ပေမယ့် သူ့မျက်လုံးတွေအေးစက်သွား၏။

"ငါ မင်းကိုလွတ်ပေးမယ်လို့ ထင်လား...."

ရုတ်တရက် လှုပ်ရှားမှုနည်းထုတ်သုံးလိုက်၏။

အနက်ရောင်မှန်ထက်ကျော်လွန်သည့်အရှိန်ဖြင့် သူက လိုက်မှီသွားပြီး ၎င်းမျက်နှာပြင်ကို ပိတ်ကန်လိုက်သည်။

ချက်ချင်းပဲ....

နဂါးနှစ်ကောင် မှန်ထဲသို့ဝင်ရောက်သွားပြီး နှလုံးကွဲမတတ်နာကျင်သည့်အသံတစ်ခု ပဲ့တင်ထပ်လာ၏။

"အား.... ကျေးဇူးပြုပြီး ငါ့ကိုချမ်းသာပေးပါ။ မင်းကို ဘယ်သူ့မှမပေးဘူးတဲ့ လျို့ဝှက်နည်းစနစ်တစ်ခုပေးပါ့မယ်...."

"ငါတို့နှစ်ယောက်လုံးကကျင့်ကြံသူတွေဆိုတာ ထောက်ပြီးချမ်းသာပေးပါ...."

အနက်ရောင်မှန် မြေပြင်ပေါ် အပြင်းအထန် ပြုတ်ကျသွား၏။

ထူးထည်းသည့်မီးခိုးတွေ မှန်ထဲမှ အဆက်မပြတ်ထွက်ပေါ်နေခဲ့သည်။

အထဲရှိသက်ရှိ ဒဏ်ရာအပြင်းအထန်ရသွားတာ သိသာလှ၏။

သေဖို့မကြာတော့ပေ။

လွတ်မြောက်ဖို့ အခွင့်အရေးမရှိတာကို နားလည်ပြီး သူက အသနားခံလိုက်၏။

ဂျန်ဖန်း အကြည့်အေးစက်နေခဲ့သည်။

"မင်းကိုယ်မင်း သိုင်းပညာရှင်လို့ပြောရဲတယ်ပေါ့...."

ကိုယ့်ခွန်အားတိုးတက်ဖို့ အခြားသူကိုဝါးမျိုသည့် ဤကဲ့သို့နတ်ဆိုးတစ်ကောင်...

အပြစ်မရှိသည့်လူတွေကိုကာကွယ်ဖို့ပဲဖြစ်ဖြစ် သူကိုယ်တိုင်၏လုံခြုံရေးအတွက်ပဲဖြစ်ဖြစ် ဂျန်ဖန်း ၎င်းကို အသက်ရှင်ခွင့်မပြုနိုင်ပေ။

သူက အလျှင်အမြန်ပဲလေပေါ်မှဆင်းသက်ပြီး မိုးကြိုးလျှပ်စီးတွေရစ်ပတ်နေသည့် ခြေထောက်ဖြင့် အနက်ရောင်မှန်ကို ရက်စက်စွာ နင်းခြေလိုက်၏။

အသနားခံတာအလုပ်မဖြစ်ပဲ ထိုအစား အမြစ်ပြတ်သုတ်သင်ခံရတာ မြင်တော့....

အနက်ရောင်မှန် ကြောက်ရွံ့မှုနှင့်ဒေါသနှစ်ခုလုံးဖြင့် ဟိန်းဟောက်လိုက်၏။

"သေရမယ်ဆိုရင်တောင် မင်းကို တန်ဖိုးတစ်ခုတော့ပြန်ပေးခိုင်းမယ်...."

ဂျန်ဖန်း အေးစက်စွာပြောလိုက်သည်။

"မင်း သစ္ဆေတစ်ကောင်ဖြစ်လာရင် ငါမင်းကို နောက်တစ်ကြိမ်ထပ်သတ်မယ်...."

သူ့ခြေထောက်က ကြမ်းတမ်းစွာကဆင်းလာ၏။

ဒဏ်ရာအပြင်းအထန်ရနေ၍ အနက်ရောင်မှန် ဤတိုက်ခိုက်မှုကို လုံးဝမခုခံနိုင်ပေ။

စိတ်ပျက်အားငယ်စွာဖြင့် အနက်ရောင်မှန် နောက်ဆုံးလက်ကျန် အနက်ရောင်မြူဖြင့် မှန်ကိုဖုံးအုပ်ထားလိုက်၏။

ထိုအရာက အသုံးမဝင်သော်လည်း ၎င်း၏ နောက်ဆုံးခုံခံမှုပင်။

မိုးကြိုးနဂါးချည်းကပ်လာပြီး မထိရသေးတာတောင် ၎င်းပတ်လည်ရှိ အနက်ရောင်မြူတွေကို လွင့်စင်ပျောက်ကွယ်သွားစေခဲ့သည်။

အနက်ရောင်မှန် ခါးသည်းစွာရယ်လိုက်ပြီး ၎င်း၏အဆုံးသတ်ကို စောင်ဆိုင်းနေလိုက်၏။

သို့ပေမယ့် ထိုအခိုက်အတန့်၌....

လက်မလောက်ရှိပြီး ပါးလွှာသည့်မိုးကြိုးကြောင်းတစ်ခု မည်သည့်သတိပေးချက်မှမရှိပဲ ဘေးဘက်မှ အနက်ရောင်မှန်ကို ထိမှန်သွား၏။

ဘန်း!

အနက်ရောင်မှန်လွင့်ပျံသွား၏။

ဂျန်ဖန်းခြေထောက် ဘာမှမနင်းမိပဲ မြေပြင်ပေါ်မှာ မဲတူးနေသည့်ချိုင့်တစ်ခု ဖြစ်သွားခဲ့သည်။

ဤပါးလွာသည့်မိုးကြိုးစွမ်းအားက အနက်ရောင်မှန်ပတ်လည်ရှိ အနက်ရောင်မြူပါးပါးလေးကိုတောင် မချိုးဖြတ်နိုင်ပေ။

ဒဏ်ရာရစေဖို့တော့ ဝေးရောပင်။

ဤသို့ဖြင့်...

အနက်ရောင်မှန် လွင့်စင်သွားသည့်အားကိုအသုံးပြုကာ မျက်စိတ်တစ်မိတ်အတွင်း မြူထဲပျောက်ကွယ်သွား၏။

လိုက်ဖမ်းဖို့ အခွင့်အရေးမရှိတော့ပေ။

"ဘယ်သူလဲ...."

ဂျန်ဖန်း ထိုမိုးကြိုးကြောင်း၏လာရာအရင်းအမြစ်ကို ဒေါသတကြီးကြည့်လိုက်သည်။

အရပ်ရှည်ရှည်ပုံရိပ်တစ်ခု အဝေးမှ ပြေးလာနေ၏။

ထိုအရာက စစ်မှန်မိုးကြိုးဂိုဏ်းတပည့်ကြီး လုရှီယီမှလွဲ၍ အခြားသူမဟုတ်ပေ။

အနက်ရောင်မှန် သဲလွန်စမရှိပျောက်သွားတာမြင်တော့ သူ့ပေါင်ကို ဒေါသတကြီးရိုက်လိုက်သည်။

"လွတ်သွားပြန်ပြီကွာ...."

"နည်းနည်းလေးပဲလိုတော့တာ။ ငါ ဒီကောင်ကို သတ်နိုင်တော့မှာ...."

ဂျန်ဖန်းသူ့ကို ဒေါသတကြီးစိုက်ကြည့်နေတာမြင်တော့ စိတ်တိုစွာဖြင့်ရယ်လိုက်သည်။

"ငါက မင်းကိုကယ်လိုက်တာကို မင်းက မကျေမနပ်ဖြစ်နေတာလား...."

"အဲ့အရာဘာလဲကော မင်းသိလား။ နတ်ဆိုးစိတ်ဝိညာဥ်ကွ..."

"ပြီးတော့ မင်းက ခြေဖလာနဲ့တောင်ကန်ဖို့ကြိုးစားရဲတယ်...."

"ငါကြောင့်သာမဟုတ်ရင်, မင်းခြေထောက် ခြောက်သွေ့သွားလောက်ပြီ...."

ဂျန်ဖန်း တိတ်ဆိတ်နေဆဲဖြစ်ပြီး သူ့မျက်နှာက တင်းမာနေခဲ့သည်။

ပတ်ဝန်းကျင်ရှိတပည့်တွေလည်း ဆွံ့အနေကြ၏။

လုရှီယီ သူဘာလုပ်လိုက်လဲကော သိသည်လား?

ထိုသေးငယ်သည့်မိုးကြိုးကြောင်းလေးက ဂျန်ဖန်းကြောင့်ဒဏ်ရာရထားည့် အနက်ရောင်မြူပါးပါးလေးကိုတောင် မထိုးဖောက်နိုင်ရာ သူက ဂျန်ဖန်းကိုကယ်လိုက်တာဟု ပြောနေခဲ့သည်။

သူသာကြားဝင်မလာလျှင် အနက်ရောင်မှန် သေချာပေါက် ပျက်စီးသွားပြီဖြစ်သည်။

သို့ပေမယ့် လုရှီယီ ပတ်ဝန်းကျင်မှ ထူးဆန်းသည့်အမူအရာတွေကို သတိမထားမိပေ။

သူ့အကြည့်ဝေ့ဝဲသွားပြီး အလျှင်အမြန်ပဲ ရှုယင်းရင်၏နူးညံ့သည့်ပုံရိပ်ဆီမှာ ရပ်တန့်သွားသည်။

အလျှင်အမြန်ပဲ ပြေးသွားလိုက်၏။

"မင်းအဆင်ပြေရဲ့လား...."

"အဲ့ဒီအနက်ရောင်မှန်က နတ်ဆိုးစိတ်ဝိညာဥ်တစ်ခုပဲ။ ဓားချီကို နှစ်ပေါင်းမရေမတွက်နိုင်အောင်စုပ်ယူပြီး အသိဉာဏ်ရှိလာတာ...."

"ငါ အချိန်မှီရောက်လာပြီး မိုးကြိုးစွမ်းအင်နဲ့ဖိနှိပ်လိုက်လို့တော်သေးတယ်။ မဟုတ်ရင်ဂျူနီယာညီမ, မင်း ဒီနေ့ ဒုဏ္ခရောက်သွားနိင်တယ်..."

အနက်ရောင်မှန် အန္တရာယ်ရှိတာမှန်၏။

သူ၏နာမည်ကောင်းရချင်သည့်စိတ်ကလည်း အစစ်အမှန်ပင်။

ဘယ်လိုတောင် နာမည်ကောင်းယူရဲရသနည်း။

ရှုယင်းရင် မျက်လုံးလှန်လိုက်ပြီး သူ့ကို လျစ်လျူရှုထားလိုက်သည်။

သူမက တိုက်ရိုက်ပဲ ဂျန်ဖန်းနားသွားကာ စိုးရိမ်စွာဖြင့် မေးလိုက်သည်။

"နင် ထိခိုက်သွားသေးလား..."

ဂျန်ဖန်း ခေါင်းခါယမ်းလိုက်သည်။

"အဲ့တာက ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး...."

ရှုယင်းရင် အနည်းငယ် စိတ်သက်သာယာရသွား၏။

"လွတ်သွားတာတော့ စိတ်မကောင်းစရာပဲ..."

"အဲ့တာသာလွတ်သွားရင် သူ့ကြောင့် လူအများကြီး ထိခိုက်ကုန်လိမ့်မယ်....."

သူမ အနက်ရောင်မှန်၏ကြောက်စရာသဘာဝကိုတွေးပြီး တုန်ယင်သွား၏။

၎င်း၏ခြိမ်းခြောက်မှုက ကြေးနီကြေးခွံကင်းခြေများနက်ထက်မလျော့ပေ။

ဂျန်ဖန်း ပြောလိုက်သည်။

"စိုးရိမ်ဖို့မလိုပါဘူး...."

"အနက်ရောင်မှန်ထဲက နတ်ဆိုးစိတ်ဝိညာဥ်က ဒဏ်ရာအပြင်းအထန်ရပြီး သေခါးနီးနေပါပြီ...."

"လတ်ဆတ်တဲ့သွေးမစုပ်ရရင် ကြာကြာခံမှာမဟုတ်ဘူး...."

မြူတွေကို ကျေးဇူးတင်ရမည်ပင်။

ဓားသစ်တောရှိ သိုင်းပညာရှင်အသီးသီး ဤနေရာမှာလာစုဝေးနေ၏။

ထိုအနက်ရောင်မှန် လတ်ဆတ်သည့်သွေးစုပ်ယူဖို့ တပည့်ရှိမည်မဟုတ်ပေ။

ထို့ကြောင့် ၎င်းက ကြာကြာအသက်ရှင်နိုင်မည်မဟုတ်ပေ။

ထိုအရာကိုကြားသည့်အခါ ရှုယင်းရင် လုံးဝကို သက်သာယာရသွား၏။

သူမမျက်လုံးတွေ၌ သဘောကျသည့်အရိပ်အယောင်တွေပြည့်နှက်နေပြီး ကျီစယ်သည့်ဟန်ဖြင့် အပြစ်တင်လိုက်သည်။

"နင့်မှာ ငါမသိတဲ့စွမ်းရည်တွေ ဘယ်လောက်တောင်ရှိတာလဲ...."

"နတ်ဆိုးစိတ်ဝိညာဥ်ကိုတောင် ဖျက်ဆီးနိုင်တယ်...."

အချိန်များစွာအတူတူကုန်ဆုံးပြီးနောက် သူမက ဂျန်ဖန်းနည်းလမ်းတွေကို ကောင်းကောင်းနားလည်နေပြီဟု ထင်ခဲ့၏။

သို့ပေမယ့် လက်စသတ်တော့ သူမမသိသေးသည့်အရာတွေရှိနေဆဲဖြစ်သည်။

လုရှိယီမျက်လုံးတွေ ဒေါသမီးတောက်လောင်လာ၏။

အသိသာကြီးပင်။ သူက ရှုယင်းရင်နှင့် အခြားလူတွေကို ကယ်တင်ခဲ့တာဖြစ်သည်။

သို့ပေမယ့် ရှုယင်းရင်က ဂျန်ဖန်းကို ကျေးဇူးတင်နေခဲ့သည်။

ဘယ်လိုဟာသကြီးနည်း။

"ဟေး, မျက်နှာဖုံးနဲ့ကောင်...."

လုရှီယီ အေးစက်စွာ ရှေ့လှမ်းလာ၏။

"နာမည်ကောင်းဝင်ယူတယ်ဆိုရင်တောင် အကန့်အသတ်တော့ရှိသင့်တယ်မလား...."

"ဂိုဏ်းအသီးသီးကပါရမီရှင်တပည့်တွေရှေ့မှာ မင်းဒီလို အရှက်မရှိနာမည်ကောင်းယူနေတာ မရှက်ဘူးလား..."

လူတိုင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ဤနေရာ၌ အရှက်မရှိနေတာ မည်သူနည်း။

စစ်မှန်မိုးကြိုးဂိုဏ်းမှတပည့်တစ်ယောက် အလျှင်အမြန်ပြောလိုက်သည်။

"စီနီယာအကိုလု, ဒီကိစ္စကို ဒီမှာတင်ရပ်လိုက်ပါ..."

အရှက်မရှိ နာမည်ကောင်းယူချင်နေသည့်တစ်ယောက်က မင်းပဲလုရှီယီ....

"မင်း ကျေးဇူးမသိတတ်တဲ့ကောင်...."

လုရှီယီ ဒေါသတကြီးရယ်လိုက်သည်။

"တစ်စုံတစ်ယောက်က ငါ့ခေါင်းပေါ်သေးပေါက်တာ မင်းက ငါ့ကို နောက်ဆုတ်ဖို့ပြောနေတယ်ပေါ့...."

"ဘယ်လောက် အဓိပ္ပာယ်မရှိလိုက်လဲ...."

သူက ဂျန်ဖန်းကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

ဂျန်ဖန်းကတော့ သူ့ကို တစ်ချက်သာကြည့်လိုက်သည်။

ထို့နောက် အမူအရာကင်းမဲ့သည့်မျက်နှာဖြင့် အဝေးကြည့်လိုက်သည်။

ဤသိသာလှသည့်အထင်သေးသည့်အကြည့်က လုရှီယီကို လုံးဝဒေါသထွက်သွားစေခဲ့သည်။

ထို့ပြင် ယခု ထိုကောင်က နာမည်ကောင်းယူနေခဲ့သည်။

သူ့မျက်လုံးတွေကျဥ်းမြောင်းသွားပြီး အေးစက်စွာပြောလိုက်သည်။

"မင်းကြည့်ရတာ ငါ့ကို မကျေနပ်ဘူးနဲ့တူတယ်...."

"ငါတို့ပြိုင်ကြရင်ကော...."

ဤစကားတွေးက လေထုကို တင်းမာသွားစေ၏။

ဂျန်ဖန်းတိုက်ခိုက်တာကိုမြင်ဖူးသည့်တပည့်တွေ ထူးဆန်းသည့်အမူအရာပြသလာ၏။

မကြာသေးခင်က လင်းဂုဟိုင် လုရှီယီထက်တောင် မောက်မာသေး၏။

ရလဒ်က အစပိုင်းမှာမောက်မာလေလေ အဆုံးမှာ သနားစရာကောင်းလေလေဖြစ်သည်။

လုရှီယီက လင်ဂုဟိုင်ထက်သန်မာသော်လည်း ဂျန်ဖန်းနှင့်တိုက်ခိုက်လျှင် သူ့ကံကြမ္မာက ပိုကောင်းမည်မဟုတ်ပေ။

ပြိုင်မယ်?....

ဂျန်ဖန်း သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး စိတ်မဝင်စားပေ။

"မင်းခွန်အားချန်ထားပြီး အဲ့မြူကိုဘယ်လိုရင်ဆိုင်မလဲပဲ စဥ်းစားသင့်တယ်...."

ပြောပြီးနောက်...

သူက တစ်ခုခုကို အာရုံခံမိသကဲ့သို့....

မျက်လုံးတွေ ရုတ်တရက်စူးရှသွားပြီး ကျောက်စရစ်ခဲတစ်ခုကို မြူထဲကန်ထည့်လိုက်၏။

ဒုန်း!

မလုံးမထွေးအသံတစ်ခုထွက်ပေါ်လာ၏။

ကျောက်စရစ်ခဲ တစ်စုံတစ်ခုကိုထိမှန်ပြီး ကွဲကျေသွားသလိုပင်။

ထို့နောက်,မြူတွေ လှုပ်ခတ်သွား၏။

သွေးနီရောင်ဝတ် နတ်ဆိုးအင်ပါယာ၏သမီးတော် လက်နောက်ပစ်ထားပြီး ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့သည်။

ကျောက်စရစ်ခဲက သူမပခုံးကိုထိမှန်ပြီး အမှုန့်ဖြစ်သွားခဲ့သည်။ သို့ပေမယ့် ဒဏ်ရာရသွားမပေ။

"အတော်အားကောင်းတဲ့တိုက်ခိုက်မှုပဲ, နင်က လူအရေခွံ့နဲ့ သားရဲပဲ...."

စကားပုံအရ ရန်သူနှင့်တွေ့လျှင် အမုန်းတရားကြောင့် မျက်လုံးတွေ မီးတောက်လာ၏။

အထူးသဖြင့် သူမကိုဖျက်ဆီးထားသည့်လူနှင့်ဆုံသည့်အခါပင်။

တစ်ချက်ကြည့်ရုံဖြင့် သူမက ဂျန်ဖန်းကို မှတ်မိ၏။

ရှေးဟောင်းဘုရားကျောင်းထဲမှာ သူမကိုဖျက်ဆီးခဲ့သည့် လူသားကလန်အဖွဲ့ဝင်ပင်။

All Chapters