← Chapters

နင်က အခြေခံတည်ဆောက်ခြင်းအဆင့်လား

Vol. 25 Ch. 336

နင်က အခြေခံတည်ဆောက်ခြင်းအဆင့်လား

Vol. 25 Ch. 336

သူမ၏ ရုတ်တရက်ထွက်ပေါ်လာမှုက ရှိနေသည့်လူတိုင်းကို ထိတ်လန့်သွားစေ၏။

အားလုံး ကိုယ့်ကိုယ့်ကိုကာကွယ်ဖို့ အသင့်ပြင်လိုက်သည်။

ဂျန်ဖန်း၏အစောပိုင်းကန်ချက်က ပေါ့သေးသေးမဟုတ်ပေ။

သို့ပေမယ့် ဤမိန်းခလေးက သူမ၏သန်မာသည့်ခန္ဓာကိုယ်ဖြင့် ဒဏ်ရာတောင်ရမသွားပေ။

ဤအရာက သူမ မရိုးရှင်းဘူးဆိုတာ ပြသနေ၏။

ထို့ပြင်, သူမက ရန်လိုနေခဲ့သည်။

သို့ပေမယ့် အနီးကပ်မြင်လိုက်ရသည့်အခါ သူတို့အားလုံး မနေနိုင်ပဲ မှင်သက်သွားကြ၏။

ရွှေရောင်ဆံပင်, လှိုင်းကဲ့သို့တွန့်ကွေးနေပြီး နေရောင်ထဲမှာ မျက်စိတ်ကျိန်းလောက်အောင်တလက်လက်တောက်ပနေခဲ့သည်။

နှင်းဖြူရောင်မျက်နှာလေးကလည်း အလွန်လှပပြီး မဲနက်သည့်မျက်ခုံး၊ နှုတ်ခမ်းနီနှင့် သွားဖြူဖြူလေးတွေရှိ၏။

ထို့ပြင် နက်ရှိုင်းသည့်မျက်လုံးတစ်စုံထဲ၌ လှပကြည်လင်သည့်အပြာရောင်မျက်ခွံနှစ်ခု ရှိနေခဲ့သည်။

ရှုယင်းရင် နှစ်သက်စွာဖြင့် ပင့်သက်ရှိုက်လိုက်သည်။

"အရမ်းလှတာပဲ၊ ငါ့အမလောက်နီးနီးကိုလှတာ...."

သို့ပေမယ့် ချက်ချင်းပဲ....

သူမ ဂျန်ဖန်းကို စိတ်ရှုပ်စွာကြည့်ပြီး ပြောလိုက်သည်။

"စောနက ငါပဲနားကြားမှာတာလား..."

"သူ နင့်ကို လူသားအရေခွံ့နဲ့သားရဲလို့ ခေါ်လိုက်သလားလို့...."

ဤအသုံးအနှုန်းကို ပေါ့ပေါ့ပါးပါးသုံးမည်မဟုတ်ပေ။

ဂျန်ဖန်း ပဟေဠိဖြစ်သွား၏။

ဘယ်လိုလုပ် သူက လူသားအရေခွံ့နဲ့သားရဲ ဖြစ်သွားရသနည်း။

သူ သူမကိုအဆိပ်ခပ်မိပြီး ထွက်ပြေးလာခဲ့ရုံပင်။

သူမက ဘယ်လိုတောင် စကားလုံးမှားသုံးရသနည်း။

မသိသည့်လူတွေ သူ သူမကို ဆိုးဝါးသည့်တစ်စုံတစ်ခုလုပ်ခဲ့သည်ထင်ကုန်တော့မည်ပင်။

သို့ပေမယ့် ဤအရာက အဓိကအချက်မဟုတ်ပေ။

ဂျန်ဖန်း မိန်းခလေးကိုစိုက်ကြည့်ပြီး မျက်လုံးကျဥ်းမြောင်းကာ ပြောလိုက်သည်။

"စစ်မှန်မိုးကြိုးဂိုဏ်းရဲ့ ဂျူနီယာညီမကျန်ယုရှင်း...."

"မင်းဘာလို့ မင်းရဲ့စီနီယာအကိုတွေနဲ့ အမတွေကို လာမနှုတ်ဆက်တာလဲ..."

လုရှီယီ ရုတ်တရက်ပေါ်လာသည့်မိန်းမလှကို စိုက်ကြည့်နေခဲ့သည်။

ထိုအရာကိုကြားသည့်အခါ ကြောင်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ကျန်ယုရှင်း...."

"မင်းဘာကိုဆိုလိုတာလဲ...."

သူမျက်နှာ၌ ဒေါသထွက်သည့်အရိပ်အယောင်ပေါ်လာ၏။

ရှုယင်းရင် ပြောလိုက်သည်။

"စီနီယာအကိုလု, ဒီမိန်းလေးက အသင်္ချေဓားမြို့ကို စီနီယာအမကျန်းယုရှင်းနာမည်နဲ့ ဝင်လာခဲ့တာ...."

ဘာ?

လုရှီယီ ချက်ချင်းဒေါသထွက်သွားပြီး အော်ပြောလိုက်သည်။

"မင်းဘယ်သူလဲ...."

"ဘာလို့သေသွားတဲ့ငါ့ဂျူနီယာညီမ ကျန်းယုရှင်း အယောင်ဆောင်ထားတာလဲ...."

တကယ်တော့....

လန်ဂု ဂျင်ယွင်လဲ့တို့အဖွဲ့ကိုတိုက်ခိုက်သည့်နေ့က ကံမကောင်းစွာပဲ အမျိုးသမီးတပည့်နှစ်ယောက်သေဆုံးခဲ့၏။

သူတို့ထဲကတစ်ယောက်က ကျန်ယုရှင်းဖြစ်၏။

သူမအထောက်အထားပေါ်သွားတာမြင်တော့ နတ်ဆိုးအင်ပါယာသမီးတော် ပုံမှန်အတိုင်းပင်။

သူမက ကျန်ယုရှင်းအထောက်အထားတုံကင်ကို လက်ဝါးပေါ်မှာဆော့ကစားပြီး ပြုံးစစဖြင့် ပြောလိုက်သည်။

"ငါဘယ်သူလဲဟုတ်လား..."

"နင့်အဆင့်နဲ့ သိဖို့မတန်ဘူး..."

"ဒါပေမယ့်, ဒီနေ့ ငါစိတ်ကောင်းဝင်နေလို့ ပြောပြလိုက်မယ်...."

"ငါ့နာမည်လျိုလီ...."

နတ်ဆိုးအင်ပါယာသမီးတော်အနေဖြင့် လျိုလီဆိုသည့်နာမည်က နတ်ဆိုးနယ်မြေမှာ ကျော်ကြား၏။

ဘယ်လို နတ်ဆိုးသားရဲဖြစ်ဖြစ် သူမနာမည်ကြားလျှင် ကြောက်ရွံ့ရိုသေကြမည်ဖြစ်သည်။

လူသားကလန်မှအစွမ်းထက်ဖြစ်တည်မှုများစွာတောင် ထိုနာမည်ကို အတော်လေးစိုးရိမ်ကြ၏။

ကံမကောင်းစွာဖြင့် သူမက လူငယ်အဖွဲ့တစ်ခုနှင့် လာတွေ့နေခဲ့သည်။

တစ်ယောက်မှ နတ်ဆိုးမျိုးနွယ်နှင့် ရင်မဆိုင်ဘူးပေ။

ထို့ကြောင့်...

ဂျန်ဖန်းအပါအဝင် လူတိုင်းအမူအရာက ထူးမခြားနားစွာပင်။

ဤအရာက ဂုဏ်ယူမှုအပြည့်နှင့်လျိုလီကို အနည်းငယ် စိတ်ပျက်သွားစေ၏။

"အသိဉာဏ်မရှိတဲ့ လူတစ်အုပ်ပဲ..."

"ငါ့ကိုတောင် မသိဘူး...."

ဂျန်ဖန်း သူ့နှာခေါင်းကို ပွတ်လိုက်သည်။

ဤမိန်းခလေးရူးသွားသည်ဟု သူထင်မိ၏။

လျိုလီဆိုသည့်နာမည်က သိပ်မကျော်ကြား၍ မမှတ်မိတာ သဘာဝပင်။

သူမက ဘာကြောင့် စိတ်တိုနေရသနည်း။

သူက ပတ်ဝန်းကျင်ရှိမြူတွေကို ညွှန်ပြလိုက်သည်။

"ဒီမြူတွေထုတ်ပြီး ငါတို့ကိုဒီနေရာမှာလာစုခိုင်းတာ မင်းရည်ရွယ်ချက်က ဘာလဲ...."

"ဖမ်းထားရုံလောက်တော့ မဟုတ်ဘူးမလား...."

အခြားလူသာဆို မကောင်းသည့်ရည်ရွယ်ချက်ရှိသည်ဟု သူ သံသယဝင်မိမှာဖြစ်သည်။

သို့ပေမယ့် ဤမိန်းခလေး၌ ပြဿနာတစ်စုံတစ်ခုရှိနေတာသိသာပြီး ဂျန်ဖန်းကို သူမရည်ရွယ်ချက်အား ခန့်မှန်းမရဖြစ်စေ၏။

ဒါပေါ့, နင့်တို့အားလုံးကိုသတ်ဖို့လေ....

လျိုလီ အေးစက်စွာပြုံးပြီး ပြောလိုက်သည်။

"ငါကြားထားတာ ဂိုဏ်း ၉ ဂိုဏ်းမှာ ပါရမီရှင်တပည့်တွေ အများကြီးပဲဆို...."

"ဒါကြောင့်,နင့်တို့အားလုံးနဲ့ လက်ရည်ဖလှယ်ကြည့်ချင်လို့...."

သူမက ဖားရေနွေးထဲပြုတ်သည့်နည်းလမ်းကို သိ၏။

သူမက သူတို့အားလုံးကိုသတ်မှာဟု ချက်ချင်းပြောလျှင် ကြောက်လန့်တကြားထွက်ပြေးကြမည်ဖြစ်သည်။

မြူက အားလုံးကို နောက်ပြန်ရောက်အောင်လုပ်မည်ဖြစ်သော်လည်း အချိန်ကုန်၏။

လက်ရည်ဖလှယ်မည်ဆိုသည့်အကြောင်းပြချက်ဖြင့် သူတို့ကို တည်ငြိမ်စေတာပိုကောင်း၏။

နောက်မှ လက်ရည်ဖလှယ်စဥ်အတွင်း တစ်ယောက်ပြီးတစ်ယောက်နင်းခြေပစ်ရမည်ဖြစ်သည်။

ဤအားထုတ်မှုအားလုံးက လက်ရည်ဖလှယ်ရုံလား?...

"လက်ရည်ဖလှယ်မယ်...."

ဂျန်ဖန်း သူ့ဉာဏ်ရည်စော်ကားခံရသလို ခံစားရ၏။

ဤလောက်ထိအလုပ်ရှုပ်ခံထား၍ ဘယ်လိုလုပ် လက်ရည်ဖလှယ်ရုံလောက်ဖြစ်မည်နည်း။

အခြားရည်ရွယ်ချက် သေချာပေါက်ရှိရမည်ပင်။

ဤကဲ့သို့အန္တရာယ်ရှိသည့်အလုပ်မျိုး ဂျန်ဖန်း အမြဲတမ်း အခြားသူကို အရင်တွန်းပို့လေ့ရှိ၏။

သူက ပြောလိုက်သည်။

"စီနီယာအကိုလု, မင်းက စစ်မှန်မိုးကြိုးဂိုဏ်းရဲ့တပည့်ကြီးဆိုတော့ မင်းအရင်သွားလိုက်...."

လုရှီယီ အရူးမဟုတ်ပေ။

လျိုလီ၏ လက်ရည်ဖလှယ်ခြင်း၌ မကောင်းသည့်ရည်ရွယ်ချက်တွေရှိတာ သဘာဝအတိုင်းသိ၏။

သူက ဂျန်ဖန်းကို လှည့်စားပြီး အရင်စမ်းသပ်ခိုင်းဖို့တွေးနေခဲ့၏။

မမျှော်လင့်စွာပဲ ဤခွေးမသားက သူထက်တောင် ပိုဉာဏ်များနေခဲ့သည်။

သို့ပေမယ့် လုရှီယီ မငြင်းဆန်ခင်....

လျိုလီ ဂျန်ဖန်းကို အပြုံးတစ်ခုဖြင့် စိုက်ကြည့်လိုက်သည်။

"နင်အရင်လာတာ ပိုကောင်းတယ်လို့ ငါထင်တယ်...."

ဤလူအုပ်ထဲ၌ သူမချေမွပစ်ချင်ဆုံးလူမှာ ဂျန်ဖန်းဖြစ်သည်။

ဂျန်ဖန်း သူမကို ဘာလုပ်ခဲ့လဲဆိုတာ မည်သူမှမသိပေ။

ယခုချိန်ထိတောင် သူမဝမ်းဗိုက်ကနာကျင်ကိုက်ခဲနေဆဲဖြစ်သည်။

ဤအရာကိုတွေးပြီး ဒေါသနှင့် အရှက်တရားတွေပြည့်နှက်သွားကာ ဂျန်ဖန်းကို သတ်ပစ်ချင်စိတ်က ပိုမိုကြီးထွားလာခဲ့သည်။

ဂျန်ဖန်း ဆွံ့အသွား၏။

ဤအမျိုးသမီးက အတော်လေး အငြိုးထားနေခဲ့သည်။

သူမလွတ်မြောက််နိုင်တာကိုသိ၍ ရှေ့တက်ပြီး လက်ချင်းယှက်ပြောလိုက်သည်။

"မနေ့ညကကိစ္စအတွက် ငါအလေးအနက်တောင်းပန်ပါတယ်...."

"ဒါပေမယ့်, ဖြစ်ပြီသွားပြီဆိုမှတော့ ငါ တတ်နိုင်သလောက် ပြန်ပေးဆပ်ဖို့ပဲ တတ်နိုင်တယ်...."

"မင်းဆန္ဒရှိရင်လက်ခံနိုင်တယ်။ ဆန္ဒမရှိရင်တော့ ငါလည်းမတတ်နိုင်ဘူး..."

ဘာ?....

လျိုလီ ဒေါသကြောင့် တုန်ယင်သွား၏။

ဤအရာက လူတစ်ယောက်ပြောနိုင်သည့် စကားလား?....

သူမကိုညစ်ညမ်းစေပြီး ဤကဲ့သို့ထွက်သွားသည်။

အရှက်မရှိ၊ တစ်ကိုယ်ကောင်းသမား၊ စက်ဆုပ်အထင်သေးစရာကောင်းတဲ့ကောင်....

"ကောင်းတယ်, ကောင်းတယ်, ကောင်းတယ်...."

လျိုလီ ဂျန်ဖန်းကို လက်ညိုးထိုးပြီး သူမမျက်လုံးတွေ၌ ဒေါသမီးတွေ တောက်လောင်နေခဲ့သည်။

"နင် ခွန်အားကုန်သုံးတာ အကောင်းဆုံးပဲ...."

ဤဆန်ကုန်မြေလေးကောင်ကို အစိတ်အမွှာမွှာဖြစ်အောင်ခြေမွပစ်ဖို့ ကျိန်ဆိုလိုက်၏။

အရိုးတစ်ချောင်းတောင် အကောင်းတိုင်းမကျန်စေရပေ။

ဂျန်ဖန်း ခေါင်းကိုက်သွား၏။

သူ သူမကို အဆိပ်ခပ်မိရုံလေးမလား...

ဘာကြောင့် သွေးကြွေးဆပ်ရမည့်ရန်သူကြီးကဲ့သို့ ပြုမူနေရသနည်း။

သူ ဘယ်လိုမိန်းမမျိုးနှင့် သွားပတ်သက်မိသနည်း။

ဤကဲ့သို့ ရန်လိုသည့်ပြိုင်ဘက်နှင့်ရင်ဆိုင်ရာ၌ ဂျန်ဖန်း ဂရုမစိုက်မလုပ်ရဲပဲ ပြောလိုက်သည်။

"မင်းလည်း သတိထားတာပိုကောင်းတယ်...."

သူက တိတ်တဆိတ် ဆင်နဂါးတိုက်ပွဲခန္ဓာကိုအသက်သွင်းထားသလို ထိပ်တန်းအဆင့်ချပ်ဝပ်ဖြင့်လည်း ခန္ဓာကိုယ်ကာကွယ်ထားလိုက်သည်။

လက်ရည်ဖလှယ်ပွဲ၌ အနည်းဆုံး ရှုံးနိမ့်တော့မည်မဟုတ်ပေ။

လျိုလီမျက်နှာအေးစက်သွားပြီး နောက်ထပ်ဘာမှမပြောတော့ပေ။

ခြေဆောင့်လိုက်သည့်အခါ သူမခြေထောက်အောက်ရှိမြေကြီး အက်ကွဲသွား၏။

ထို့နောက် သူမပုံရိပ် ရှေ့ပြေးထွက်လာပြီး လေးထုကို တဖျစ်ဖျစ်မြည်သံတွေထွက်ပေါ်သွားစေသည်။

ဂျန်ဖန်းမျက်ခွံတွေ ကျဥ်းမြောင်းသွား၏။

မြန်လှကြီလား....

သို့ပေမယ့် သူက အချိန်မှီတုံ့ပြန်လိုက်နိုင်ပြီး ချက်ချင်း နဂါနှစ်ကောင်ကဲ့သို့လက်သီးတွေကို ပစ်သွင်းလိုက်သည်။

"ကောင်းကင်တိုက်ပွဲပုံစံကိုးမျိုး- ကောင်းကင်ဖွင့်လှစ်ခြင်း..."

ကျယ်လောင်သည့်အော်သံနှင့်အတူ...

သူ့ရုပ်ခန္ဓာခွန်အား ဤအခိုက်အတန့်၌ အပြည့်အဝထွက်ပေါ်လာခဲ့သည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ၃ ကိုတောင် နောက်ဆုတ်မသွားပဲ ခုခံဖို့ လုံလောက်၏။

ထိုအရာကိုမြင်သည့်အခါ လျိုလီ စိတ်ထဲမှာ လှောင်ပြောင်လိုက်၏။

"ငါလို နတ်ဆိုးအင်ပါယာသမီးတော်နဲ့ ရုပ်ခန္ဓာခြင်းယှဥ်ချင်တာလား...."

"ကောင်လေး, ငါနင့်ကို နတ်ဆိုးအင်ပါယာမျိုးရိုးရဲ့ ပြိုင်ဘက်ကင်းရုပ်ခန္ဓာနည်းစနစ်ကို ပြပေးမယ်...."

သူမ၏ ပန်ရောင်လက်သီးနှစ်ခုကို ရုတ်တရက် ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။

လက်သီးနှစ်ခု ချက်ချင်းပဲ တိုက်မိသွားပြီး ပြင်းထန်သည့်အားက ကြောက်စရာလှိုင်းတစ်ခုကို ဖြစ်ပေါ်သွားစေခဲ့သည်။

ဂျန်ဖန်း စိတ်မကူးနိုင်သည့်အားတစ်ခုကို ခံစားလိုက်ရပြီး ဟန်ချက်ပျက်သွားလုနီးပါးပင်။

ပူပြင်းသည့်နာကျင်မှုက လက်မောင်းမှတဆင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။

သူက သူ့ကိုယ်ပိုင်နည်းစနစ်ကို သံသယဖြစ်မိလုနီးပါးပင်။

သူတကယ်ပဲ ဆင်နဂါးတိုက်ပွဲခန္ဓာကိုယ်ကို သုံလိုက်တာလား?

မိန်းခလေးတစ်ယောက်နှင့် သရေအဖြစ်အဆုံးသတ်သွားခဲ့၏။

သို့ပေမယ့်....

လျိုလီအခြေအနေလည်း ပိုမကောင်းပေ။

လက်သီးမှပူပြင်းသည့်နာကျင်မှုက သူမကို နာကျင်စွာ ရှုံ့မဲ့သွားစေ၏။

သူမ၏အပြာရောင်မျက်လုံးကြီးတွေ မယုံနိုင်စွာဖြင့် ပြူးကျယ်နေခဲ့သည်။

"နင်က အခြေခံတည်ဆောက်ခြင်းအဆင့်မှာလား...."

ဘယ်အချိန်က လူသား အခြေခံတည်ဆောက်ခြင်းကျွမ်းကျင်သူက နတ်ဆိုးအင်ပါယာမျိုးဆက်ဖြစ်သည့် သူမနှင့် ရုပ်ခန္ဓာခြင်း ယှဥ်နိုင်သွားသနည်း။

All Chapters