← Chapters

မိတ်ဆွေတံခါးဖွင့်ခြင်း

Vol. 25 Ch. 337

မိတ်ဆွေတံခါးဖွင့်ခြင်း

Vol. 25 Ch. 337

ဂျန်ဖန်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်လေ, ပြဿနာရှိလို့လား...."

လျိုလီ သွေးအန်ချင်သလိုဖြစ်သွား၏။

အခြေခံတည်ဆောက်ခြင်းနယ်ပယ်ဖြင့် နတ်ဆိုးအင်ပါယာမျိုးဆက်ဖြစ်သည့်သူမကို ရင်ဆိုင်နိုင်တာ ပြဿနာမရှိဘူးလား....

သူမ တွေးလေလေ ပိုရှက်လေလေဖြစ်သည်။

သူမက အခြေခံတည်ဆောက်ခြင်းလူသားတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူးဆိုတာ နတ်ဆိုးကလန်သို့သာပျံ့နှံ့သွားလျှင်....

အနာဂတ်မှာ သူမကိုယ်သူမ နတ်ဆိုးအင်ပါယာသမီးတော်ဟု ဘယ်မျက်နှာနှင့် ပြောရဲမည်နည်း။

အံ့ကြိတ်ပြီး ရေရွတ်လိုက်သည်။

"ငါတကယ် နင့်ကို လျော့တွက်မိပြီ...."

"ဒါပေမယ့် ဒီလောက်ပါပဲ...."

သူမခန္ဓာကိုယ်ထဲရှိ နတ်ဆိုးအင်ပါယာသွေးမျိုးဆက် လိမ့်တက်လာပြီး ပြင်းထန်ပြီးမယုံနိုင်လောက်အောင်အားကောင်းသည့် ခရမ်းရောင်သွေးစွမ်းအင်တစ်ခု ချွေးပေါက်တွေမှတစ်ဆင့် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ခန္ဓာကိုယ်မျက်နှာပြင်ပေါ်၌ ကြွေးခွံအလွာတစ်ခုအဖြစ်သိပ်သည်းသွားခဲ့သည်။

သူမ၏ပြာလဲ့လဲ့မျက်လုံးတွေကလည်း ခရမ်းရောင်အဖြစ်ပြောင်းသွား၏။

"ဖွင့်စမ်း..."

သူမလက်သီးတွေကို ရုတ်တရက် အားနဲ့ထိုးချလိုက်၏။

မတိုးသာမဆုတ်သာအခြေအနေဖြစ်နေသည့်ဂျန်ဖန်း, အရင်ကထက် အဆများစွာသန်မာသည့်အားတစ်ခု သူ့ဆီပြေးဝင်လာတာကို ခံစားမိလိုက်သည်။

ထိုအရာက သူ့အရိုးတွေကိုတုန်ခါသွားစေပြီး ကျိုးတော့မည့်အတိုင်းအက်ကွဲသံတွေဖြစ်ပေါ်လာစေခဲ့သည်။

ဂျန်ဖန်း ထိတ်လန့်သွား၏။

သူက ဆင်နဂါးတိုက်ပွဲခန္ဓာကိုလေ့ကျင့်ထားပေမယ့် သူမရုပ်ခန္ဓာရှေ့၌ စက္ကူတစ်ရွက်ကဲ့သို့ဖြစ်နေခဲ့သည်။

အရေးကြီးအခိုက်အတန့်၌....

ဂျန်ဖန်း ခြေဖျားအသာအယာထောက်ပြီး အဝေးဆုတ်သွား၏။

တစ်ချိန်တည်းမှာပဲ လွမ်းဆွတ်ခြင်းဆီးနှင်းဓားထုတ်ကာ လက်ပြန်ခုတ်ချလိုက်၏။

"ကောင်းကင်နဲ့မြေပြင်ကြယ်ကြွေခြင်း...."

မိုးခြိမ်းသံကဲ့သို့ပေါက်ကွဲသံနှင့်အတူ လွမ်းဆွတ်ခြင်းဆီးနှင်းဓား၏ အေးစက်သည့်ဓားချီ ရှေ့ကိုပြေးထွက်သွား၏။

ဘုန်း! ဘုန်း!

ဂျန်ဖန်း မျက်ခွံ့တွေကျုံ့သွား၏။

ဓားချီ လျိုလီခန္ဓာကိုယ်ပေါ်ရှိကြေးခွံတွေပေါ်ကျသွားပြီး အရာလေးတစ်ခုထင်သွား၏။

တစ်ခုသိရမှာက ဤအရာက ထိပ်တန်းအဆင့်မှော်လက်နက်ဖြစ်ပြီး ဓားသိုင်းကို လွမ်းဆွတ်ခြင်းဆီနှင်းဓားဖြင့် တိုးမြှင့်ထား၏။

စွမ်းအားက အဆင့်တစ်ခုထက်ပိုပြီးတိုးသွားခဲ့သည်။

ဂိုဏ်း ၉ ဂိုဏ်း တပည့်ကြီးတွေ သေချာပေါက် ခုခံနိုင်မည်မဟုတ်ပေ။

သို့ပေမယ့် လျိုလီခန္ဓာကိုယ်ပေါ်ရှိထူးဆန်းသည့်ကြေးခွံတွေကို မချိုးဖြတ်နိုင်ခဲ့ပေ။

ထို့ပြင် လွမ်းဆွတ်ခြင်းဆီးနှင်းဓားရှိ လေအေးတွေက လျိုလီခန္ဓာကိုယ်ပေါ်၌ နှင်းမြူအလွှာပါးပါးလေးတစ်ခုသာ ချန်ထားခဲ့နိုင်၏။

လျိုလီ အေးစက်စွာလှောင်ပြောင်လိုက်သည်။

"ငါ့ကို ဒီအဆင့်ထိတွန်းပို့နိုင်တယ်ဆိုတော့ နင်က တကယ်တစ်ခုခုပဲ..."

ဤကြေးခွံအလွာက နတ်ဆိုးအင်ပါယာသွေးမျိုးဆက်၏ ပထမတန်းစားပင်ကိုယ်စွမ်းရည်ဖြစ်သည်။

ခွန်အားကိုအကြီးအကျယ်တိုးလာစေသလို ခုခံရေးလည်း အတော်လေးတိုးလာ၏။

အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ သိုင်းပညာရှင်တစ်ယောက်တောင် သူမအကြေးခွံတွေကို လုံးဝချိုးဖြတ်နိုင်မည်မဟုတ်ပေ။

အခြေခံတည်ဆောက်ခြင်းအဆင့်ကိုတော့ ပြောစရာကိုမလိုတော့ပေ။

သူမကအခွင့်အရေးကို အမိအရယူပြီး တိုက်ခိုက်လိုက်၏။

သူမ၏ခရမ်းရောင်ပုံရိပ်က အလျှင်အမြန်လှုပ်ရှားသွားပြီး လေထုကို အသံတွေမြည်သွားစေခဲ့သည်။

ချက်ချင်းပဲ ဂျန်ဖန်းရှေ့ရောက်လာပြီး အေးစက်စွာပြောလိုက်သည်။

"နင်လုပ်ခဲ့တာအတွက် ပြန်ပေးဆပ်ရမယ်..."

ဂျန်ဖန်း မရှောင်ပေ။

တစ်ခဏတွေးပြီးနောက် သူက သူမကို ပြတ်ပြတ်သားသားရင်ဆိုင်လိုက်သည်။

ထို့ပြင် သူ့အရှိန်က လျိုလီထက်တောင် ပိုမြန်နေပြီး ခြေထောက်၌ မိုးကြိုးလျှပ်စီးတွေ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်နေခဲ့သည်။

နှစ်ယောက်နီးကပ်လာသည့်အခါ ဂျန်ဖန်း လေထဲကိုခုန်တက်၍ လျိုလီကို အားဖြင့် ခြေဆုန်ပစ်ကန်လိုက်သည်။

မိုးကြိုးနဂါးတွေကဲ့သို့သော အလင်းတန်းနှစ်ခု သူမရင်ဘတ်ကို ဦးတည်လာ၏။

နတ်ဆိုးအင်ပါယာသွေးမျိုးဆက်ကိုမှီခိုပြီး လျိုလီဂျန်ဖန်း၏ပြန်လည်တိုက်ခိုက်မှုကို အလေးအနက်မထားခဲ့ပေ။

သူမလက်သီးတွေ၌ ပြိုင်ဘက်ကင်းစွမ်းအားတွေပါဝင်နေပြီး ဂျန်ဖန်းခြေထောက်ကို ရက်စက်စွာ ထိုးချလိုက်သည်။

ဤတိုက်ခိုက်မှုက သူ့ခြေထောက်ကိုထိမှန်သွားလျှင် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး အစိတ်စိတ်အမွှာမွှာဖြစ်သွားမည်ဖြစ်သည်။

"ဒီလောကကြီးကို နှုတ်ဆက်လိုက်တော့..."

လျိုလီမျက်လုံးတွေ အေးစက်သွား၏။

"အခုကစပြီး...."

"ငါ ဖွင့်...."

သူမပြောလို့မပြီးသေးခင်မှာပဲ....

ထိပ်တိုက်တွေ့ဆုံသည့်အခါ အမူအရာ အကြီးအကျယ်ပြောင်းလဲသွား၏။

ဂျန်ဖန်းခြေထောက်မှ မိုးကြိုးနဂါးတွေကြောင့် သူမခန္ဓာကိုယ်တစ်ခုလုံး ထုံကျဥ်သွား၏။

ထို့နောက်ချက်ချင်းပဲ မိုးကြိုးနဂါးတွေ လက်မောင်းကိုဖြတ်ပြီး ရင်ဘတ်ကိုရောက်လာခဲ့သည်။

နတ်ဆိုးအင်ပါယာသွေးမျိုးဆက်၏ ဂုဏ်ယူရသည့်ခုခံရေးခရမ်းကြေးခွံအလွှာ....

ခဏသာခုခံနိုင်လိုက်ပြီး ညော်နံ့တွေထွက်ပေါ်လာ၏။

ခရက်....

စွမ်းအားကြီးမိုးကြိုးအလင်းတန်း ကြေးခွံတွေကိုဖောက်ထွက်ပြီး သူမရင်ဘတ်ကို အပြင်းအထန် ထိမှန်သွား၏။

"အ..."

လျိုလီညီးညူလိုက်ရပြီး ကိုက်ပေါင်းများစွာလွင့်ထွက်သွားကာ မြေပြင်ပေါ် အပြင်းအထန်ပြုတ်ကျသွားခဲ့သည်။

အပြင်ပိုင်းနာကျင်မှုက ဘာမှမဟုတ်ပေ။

ကြောက်စရာမိုးကြိုးစွမ်းအားက သူမခန္ဓာကိုယ်ထဲဝင်သွားပြီး ကိုယ်တွင်းအင်္ဂါတွေကို လောင်ကျွမ်းနေခဲ့ကာ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်သလိုခံစားနေရ၏။

လျိုလီ ဝမ်းဗိုက်ကိုဆုပ်ကိုင်ပြီး နာကျင်စွာတွန့်လိမ်နေခဲ့သည်။

တစ်ချိန်တည်းမှာပဲ....

ဂျန်ဖန်း အခွင့်ရေးကိုအမိအရယူပြီး နောက်ထပ်တိုက်ခိုက်လိုက်၏။

သူက အေးစက်သည့်ဓားရှည်ကို လျိုလီလည်ပင်း၌ရွယ်ပြီး ပြောလိုက်သည်။

"မင်းရှုံးပြီ...."

လျိုလီ အရှုံးအနိုင်တွေ စဥ်းစားနေချိန်မရပေ။

သူမက သူမအခြေအနေကိုသာ အာရုံစိုက်နိုင်၏။

အလွန်အမင်းကြောက်စရာကောင်း၏။

သူမက နတ်ဆိုးအင်ပါယာမျိုးဆက်တစ်ယောက်ဖြစ်သော်လည်း ဤကဲ့သို့ပြင်းထန်သည့်အတွင်းဒဏ်ရာဖြင့် အသက်မရှင်နိုင်ပေ။

မျက်နှာ၌ မယုံကြည်နိုင်မှုတွေ အပြည့်ပင်။

သေဆုံးမှုက အလျှင်အမြန်ရောက်လာပြီး အရမ်းရုတ်တရက်ဆန်လှ၏။

တစ်ချက်တိုက်ခိုက်ရုံဖြင့် သူမသေပြီပင်။

ခါးသီးမှုတစ်ခု သူမနှလုံးသားထဲမှာ ဖြတ်ပြေးသွားသည်။

သူမက လူသားကလန်ပါရမီရှင်အနည်းငယ်ကို အနိုင်းကျင့်ဖို့ရယ်ရွယ်ထား၏။

သို့ပေမယ့် မမျှော်လင့်စွာပဲ ဤလူထူးဆန်းဂျန်ဖန်းနှင့် လာတိုးနေခဲ့သည်။

ဤကန်ချက်၏စွမ်းအားက ဂိုဏ််းအကြီးအကဲအချို့သာ ထုတ်ဖော်နိုင်၏။

သူ သူမအပျိုစင်ကိုဘယ််လိုယူခဲ့တာရယ်၊ ယခု သူမအသက်ကိုယူတော့မှာကိုတွေးပြီး...

နှလုံးသားထဲမှာ ဝမ်းနည်းမှုတွေ ပြည့်နှက်သွား၏။

ဂုဏ်သိက္ခာရှိ နတ်ဆိုးအင်ပါယာသမီးတော်က ဤကဲ့သို့အဆုံးသတ်မျိုးနှင့် ကြုံတွေ့ရ၏။

ထိုအရာက တကယ်ကို သနားစရာကောင်း၏။

သို့ပေမယ့် ထိုစဥ်မှာပဲ....

ဂျန်ဖန်း သူ့ဓားကိုပြန်သိမ်းလိုက်၏။

သူက သူမကိုထူပြီး ထိုင်စေလိုက်သည်။

ထို့နောက် ပြန်လည်ရှင်သန်ခြင်းဆေးတစ်လုံးထုတ်ပြီး ပါးစပ်ထဲခွံ့ပေးလိုက်သည်။

ဆေးလုံးအရည်ပျော်သွားပြီး ချိုမြိန်သည့်စိတ်ဝိညာဥ်အရည်အဖြစ်ပြောင်းကာ ကိုယ်တွင်းအင်္ဂါတွေထဲ စိမ့်ဝင်သွား၏။

လျိုလီ မိန်မောစွာဖြင့် စိုက်ကြည့်နေခဲ့သည်။

"နင် ငါ့ကိုကယ်နေတယ်...."

"နင်ကယ်တာ ဘယ်သူကလိုချင်လို့လဲ။ ဟန်ဆောင်မျက်ရည်တွေ, ဟမ့်..."

ဂျန်ဖန်း ကို့ရို့ကားယားပြုံးလိုက်သည်။

တိုက်ခိုက်မှုတစ်ခုက သူမကိုအသက်ကို နှုတ်ယူလုနီးပါးပင်။

မိုးကြိုးနဂါးလျှပ်စီးခြေထောက်ကို အသုံးမပြုခင် သူတွေဝေနေပြီး စွမ်းအားများသွားမှာကို ကြောက်နေခဲ့သည်။

သို့ပေမယ့် ဤအမျိုးသမီးက အလွန်အမင်းရန်မူနေပြီး သူ့ကို ရွေးချယ်ခွင့်မပေးပေ။

သူမ ဤမျှလောက်ထိ ဒဏ်ရာရသွားဖို့ မျှော်လင့်မထားပေ။

"တောင်းပန်ပါတယ်, ကျင့်ကြံရေးနည်းစနစ်အသစ်ရဲ့စွမ်းအားက ငါထိန်းချုပ်နိုင်တာထက် ကျော်နေတယ်...."

ဂျန်ဖန်း ပြောလိုက်သည်။

အဟွတ်...

လျိုလီ တကယ်ပဲ သွေးချောင်းဆိုးလိုက်ရ၏။

ဒဏ်ရာရထားပြီးဖြစ်ရာ ယခု သူ၏"ထိန်းချုပ်မှုကိုကျော်လွန်နေသည်" ဟူသောစကားကြောင့် သွေးအန်သည်ထိ ဒေါသထွက်သွားခဲ့သည်။

ဂျန်ဖန်းက ခွန်အားထိန်ချန်ထားသည်?...

အစွမ်းကုန်ထုတ်မသုံးရသေးဘူး?....

သူသာအစွမ်းကုန်တိုက်ခိုက်လျှင် သူမ ချက်ချင်းသေသွားမည်မဟုတ်လား?....

ဤအရာက တကယ်ပဲ နတ်ဆိုးအင်ပါယာသမီးတော်က အခြေခံတည်ဆောက်ခြင်းအဆင့်လူသားကို တိုက်ခိုက်တာ ဟုတ်ရဲ့လား...

ပြောလျှင်မည်သူမှ ယုံမည်မဟုတ်ပေ။

အရှက်တရားနှင့်ဒေါသတွေပြည့်နှက်သွားပြီး သူမက ဂျန်ဖန်းကို အဝေးတွန်းလွတ်ကာ ပြောလိုက်သည်။

"ငါ နင်ကယ်တာမလိုအပ်ဘူး..."

"ပြီးတော့, နင်ငါ့ကို မကယ်နိုင်ဘူး...."

သို့ပေမယ့် ထို့နောက် တစ်စုံတစ်ခုကို သတိထားမိသွား၏။

သူမဝမ်းဗိုက် တဖြည်းဖြည်းနာကျင်တာရပ်သွားပြီး ဒဏ်ရာကုသသည့်လက္ခဏာအနေဖြင့် ယားကျိကျိဖြစ်လာခဲ့သည်။

သူမ တုန်လှုပ်သွား၏။

"နင် ငါ့ကိုကျွေးလိုက်တာ ဘာလဲ...."

"အာနိသင်က အံမခန်းပါလား...."

သူမ အရင်က လူသားကလန်ကုသဆေးတွေကို မြင်ဖူး၏။

သို့ပေမယ့် တစ်ခုကမှ ဤအရာလို မထူးခြားပေ။

သူမအသက်စိတ်ချသွားရတာမြင်တော့....

ဂျန်ဖန်း သက်သာယာရစွာသက်ပြင်းချလိုက်သည်။

သူ သူမအထောက်ကိုအတိအကျမသိပြီး သူမ၌ မကောင်းသည့်ရည်ရွယ်ချက်ရှိသည့်တိုင်အောင် သတ်ဖို့တော့ မသင့်တော်ပေ။

ဂိုဏ်း ၉ ဂိုဏ်း အထက်လူကြီးတွေဆီ လက်လွဲပေးတာ ပိုကောင်း၏။

သူက သူမကို စိုက်ကြည့်ပြီး မေးလိုက်သည်။

"မင်း အစောပိုင်းက ဘာပြောမလို့လဲ...."

"ခုစပြီး, ဘာဖွင့်မယ်...."

လျိုလီအမူအရာ အေးခဲသွား၏။

အပြစ်ရှိသည့်ပုတီးစေ့လောက်ချွေးအေးတွေ နဖူးမှစီးကျလာပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။

"ငါဆိုဆိုတာ ဖွင့်...မိတ်ဆွေတံခါးဖွင့်မယ်လို့...."

"ဟုတ်တယ်, မိတ်ဆွေတံခါးဖွင့်မယ်လို့ပြောတာ...."

သူမပြောချင်တာ သတ်ဖြတ်ခြင်းတံခါးကြီးဖွင့်မယ်ဟုပင်။

သို့ပေမယ့် ဒဏ်ရာအပြင်းအထန်ရနေတာကို မပြောသေးလိုသေးပေ အကောင်းပတိအခြေအနေမှာတောင် ဤလူထူးဆန်းဂျန်ဖန်းနှင့် နောက်ထပ်ပြောလို့ရမည်မဟုတ်ပေ။

ဂျန်ဖန်း နားထောင်ပြီး သူမနဖူးကိုတောက်လိုက်သည်။

လျိုလီနာကျင်စွာညီးညူလိုက်ပြီး ခက်ထန်စွာပြောလိုက်သည်။

"နင်ဘာလုပ်တာလဲ...."

ဂျန်ဖန်း စိတ်တိုစွာပြန်ပြောလိုက်သည်။

"မင်း ငါ့ကိုအရူးများထင်နေလား....."

"စောနက သတ်ဖြတ်ခြင်းတံခါးကြီးဖွင့်မယ်ပြောမလို့မလား..."

သူမ၏အစောပိုင်းရက်စက်သည့်အမူအရာက မိတ်ဆွေဖွဲ့စရာဘာအကြောင်းမှမရှိပေ။

လျိုလီ အပြစ်ရှိသလိုခံစားရပေမယ့် ခေါင်းမာစွာပြန်ပြောလိုက်သည်။

"ငါ အဲ့လိုမပြောပါဘူး...."

"ငါက မိတ်ဆွေတံခါးဖွင်မယ်လို့ပြောချင်တာ, နင် ယုံချင်ယုံ မယုံချင်နေ...."

သူမ၏ လှည့်ဖျားသည့်သဘောထားကို မြင်သည့်အခါ....

ဂျန်ဖန်း ရယ်လိုက်သည်။

"မင်းလိမ်နေလား ငါစိတ်မဝင်စားဘူး...."

"မင်းကို ဂိုဏ်း ၉ ဂိုဏ်းအထက်လူကြီးတွေဆီလက်လွဲပေးမယ်။ တစ်ယောက်ယောက် မင်းကို စစ်မေးလိမ့်မယ်...."

"အခုတော့, ဒီမြူတွေကိုရှင်းလိုက်..."

ဂိုဏ်း ၉ ဂိုဏ်း အထက်လူကြီးတွေ?...

လျိုလီနှလုံးသား ခုန်ပေါက်သွားပြီး ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။

သူမ၏လှည့်ကွက်သေးသေးလေးတွေက သာမန်ဂိုဏ်း ၉ ဂိုဏ်းတပည့်လေးတွေအတွက်သာ လုံလောက်၏။

သို့ပေမယ့် ထိုဂိုဏ်း ၉ ဂိုဏ်းသန်မာသူတွေနှင့်တော့ လုံးဝမလုံလောက်ပေ။

သူမ၏ နတ်ဆိုးအင်ပါယာသမီးတော်ဆိုသည့်အထောက်အထား ချက်ချင်းပေါ်သွားမည်ဖြစ်သည်။

ထိုအခါ သူမအခြေအနေက ပြဿနာတက်ပြီပင်။

"ငါမင်းကိုပြောနေတယ်လေ...."

ဂျန်ဖန်း သူမနဖူးကို နောက်တစ်ကြိမ်တောက်လိုက်သည်။

ဖြူဖွေးနူးညံ့သည့်နဖူးလေးနီရဲသွားပြီး နာကျင်မှုကြောင့် လျိုလီအသိပြန်ဝင်လာ၏။

သူမက နဖူးကိုလက်ဖြင့်ကာလိုက်ပြီး အံကြိတ်ကာ ဂျန်ဖန်းကို စိုက်ကြည့်လိုက်သည်။

စိတ်ထဲမှာ ဂျန်ဖန်းကို အကြိမ်မရေမတွက်နိုင်အောင် ကျိန်ဆဲနေခဲ့သည်။

သို့ပေမယ့် စိတ်ထဲမှာသာဖြစ်ပြီး မခုခံရဲပေ။

နာခံစွာဖြင့် ချယ်ရီရောင်ပါးစပ်လေးကိုဖွင့်ကာ မျက်လုံးအရွယ်နတ်ဆိုးအမြုတေတစ်ခု ထွေးထုတ်လိုက်၏။

နတ်ဆိုးအမြုတေထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိမြူတွေ အလျှင်အမြန်ပဲ စုပ်ယူခံလိုက်ရသည်။

ဓားသစ်တော အပြင်ဘက်ကမ္ဘာနှင့် တဖန် ပြန်ဆက်သွယ်နိုင်သွား၏။

ဂျန်ဖန်း စိတ်သက်သာယာရစွာ သက်ပြင်းချလိုက်သည်။

လျိုလီ နတ်ဆိုးအမြုတေကို ပြန်မျိုချတော့မည်ကိုမြင်သည့်အခါ သူက လုယူပြီး ပြောလိုက်သည်။

"ဒီပစ္စည်းကိုမင်းမထိန်းချုပ်နိုင်ဘူး။ မင်းလုံခြုံရေးအတွက် ငါပဲသိမ်းထားလိုက်မယ်...."

ထို့နောက် ကျွမ်းကျင်စွာပဲ ရင်ဘတ်ထဲထည့်သိမ်းလိုက်သည်။

လျိုလီ ကြောင်သွား၏။

အလျှင်အမြန်ပဲ သူမခေါင်းကိုကာပြီး ပျာယာခတ်သည့်အမူအရာပြသလိုက်သည်။

All Chapters