← Chapters

ရန်ငြိုးများပြင်းထန်လာခြင်း

Vol. 25 Ch. 338

ရန်ငြိုးများပြင်းထန်လာခြင်း

Vol. 25 Ch. 338

သူမ လူသားကလန်၌ လွတ်လွတ်လပ်လပ်သွားလာနိုင်တာ ဤမီရုနတ်ဆိုးအမြုတေက သူမ၏နတ်ဆိုးမျိုးနွယ်အငွေ့အသက်ကို ဖုံးကွယ်ပေးထားသောကြောင့်ပင်။

ဂျန်ဖန် ဤမျှလောက်ထိ အရှက်မရှိလိမ့်မည်ဟု ဘယ်လိုလုပ် ထင်ထားမည်နည်း။

သူက သူကိုယ်တိုင်အတွက် မီရုနတ်ဆိုးအမြုတေကို ယူခဲ့တာဖြစ်သည်။

"ငါ့ကိုပြန်ပေး..."

လျိုလီ ပြန်လုယူလိုက်၏။

သို့ပေမယ့် ဂျန်ဖန်း အသာအယာပဲ သူမနဖူးကိုလက်တစ်ဖက်ဖြင့် တွန်းထားခဲ့သည်။

သူမ၏လက်သေးသေးလေးတွေ ဂျန်ဖန်းရင်ဘတ်ဆီမရောက်တော့ပေ။

"ငါမင်းကိုပြောပြီးပြီလေ၊ မင်းအတွက်သိမ်းထားပေးရုံပဲလို့..."

"မင်းအထောက်အထားရှင်းသွားပြီး မကောင်းတဲ့ရည်ရွယ်ချက်မရှိတာ အတည်ပြုပြီးတဲ့အခါ ငါ ပြန်ပေးမှာပါ...."

ဘေးနားမှာမတ်တပ်ရပ်နေသည့်ရှုယင်းရင် မျက်လုံးလှန်ပြီး ရေရွတ်လိုက်သည်။

"ယူတယ်လို့ပြောလိုက်ပြီးရော၊ ဘာတွေ သိမ်းထားမယ်တွေ လျှောက်ပြောနေတာလဲ...."

မျက်စိပါသည့်လူတိုင်း မြင်နိုင်၏။

ဤအမျိုးသမီး၏အထောက်အထားက သံသယဝင်စရာပင်။

ဂိုဏ်း ၉ ဂိုဏ်းဆီစစ်ဆေးဖို့လက်လွဲပေးလိုက်လျှင် အသက်ရှင်လျှင်တောင် နေ့အလင်းရောင်ကို နောက်တစ်ကြိမ်မြင်ရမည်မဟုတ်ပေ။

ဤနတ်ဆိုးအမြုတေကို ဘယ်လိုလုပ် ပြန်ယူနိုင်မည်နည်း။

ဂျန်ဖန်း ထိုအရာကိုတွက်ချက်မိ၍ အခွင့်ကောင်းယူကာ သူမ၏တန်ဖိုးကြီးပစ္စည်းတွေကို ယူထားလိုက်တာဖြစ်သည်။

ဂိုဏ်း ၉ ဂိုဏ်းမှ စစ်ဆေးသူတွေ ရခြင်းမှ ကာကွယ်ဖို့ပင်။

"နင် အရှက်မရှိတဲ့ကောင်, ဝါး.. ဝါး..."

လျိုလီ၏မကျေနပ်ချက်တွေက မျက်ရည်တွေအဖြစ် ပြောင်းသွားခဲ့သည်။

သူမ သူနှင့်တွေ့ရတာ တကယ်ကို အကုသိုလ်ပင်။

ပထမ, ဂျန်ဖန်း သူမသန့်စင်မှုကိုယူသွား၏။ ထို့နောက် ဒဏ်ရာအပြင်းအထန်ရစေခဲ့သည်။ ယခုလည်း သူမရတနာကို ယူသွားပြန်ပြီဖြစ်သည်။

သူမ လူသားကလန်ဆီလာတုန်းက တွေးထားသည့်ရလဒ်က ဤကဲ့သို့မဟုတ်ပေ။

အာ....

ဂျန်ဖန်း ဆွံ့အသွား၏။

"မင်းက ကိုယ့်ဒုက္ခကိုယ်ရှာခဲ့တာလေ။ အခု မကျေမနပ်ဖြစ်နေတာလား..."

ဂိုဏ်း ၉ ဂိုဏ်း တပည့်တွေကို ထောင်ချောက်ဆင်ဖို့ မြူတွေဖန်တီးခဲ့သည်။

သူ သူမကို ဓားဖြင့်ခုတ်လိုက်လျှင်တောင် မည်သူမှ မှားတယ်ဟုပြောမည်မဟုတ်ပေ။

အဆုံးမှာတော့ ဤလူတွေက ဂိုဏ်း ၉ ဂိုဏ်း၏ ပါရမီရှင်တပည့်တွေ ဖြစ်သည်။

တစ်ခုခုသာဖြစ်သွားလျှင် ဂိုဏ်း ၉ ဂိုဏ်း၏ အခြေခံလှုပ်ခါသွားမည်ဖြစ်သည်။

မဝေးသည့်ရှေ့မှလမ်းပေါ်လာတာမြင်တော့ ဂျန်ဖန်း ပြောလိုက်သည်။

"ငါ မင်းအတွက် ခက်ခဲအာင်လုပ်မှာမဟုတ်ပါဘူး...."

"ဂိုဏ်း ၉ ဂိုဏ်းအထက်လူကြီးတွေနဲ့တွေ့ဖို့ ငါနဲ့လိုက်ခဲ့။ မင်းမှာအပြစ်မရှိရင် သူတို့က မင်းကို မျှမျှတတဆက်ဆံမှာပါ..."

ပြောပြီးနောက်, သူက ထွက်သွားဖို့ ထရပ်လိုက်သည်။

သို့ပေမယ့် ထိုအခိုက်အတန့်မှာပဲ....

များစွာသောစွမ်းအင်အော်ရာတွေ ရုတ်တရက် အသင်္ချေဓားဂိုဏ်းအနက်ပိုင်းမှ ထွက်ပေါ်လာ၏။

အလွန်အမင်းထက်ရှသည့်ဓားချီ ကောင်းကင်ပေါ်ထိုးတက်လာပြီး တိမ်တစ်ခုကို ခုတ်ပိုင်းသွား၏။

တစ်ချိန်တည်းမှာပဲ....

အသင်္ချေဓားဂိုဏ်းအတွင်းမှ ဒေါသတကြီးအသံတစ်ခု ထွက်ပေါ်လာ၏။

"ဘယ်နတ်ဆိုးသားရဲက ငါ့အသင်္ချေဓားဂိုဏ်းအထက်မှာ ပျံသန်းရဲတာလဲ....."

ရွစ်!

ထူထဲသည့်သာမန်တိမ်တိုက်တစ်ခု ဓားချီကြောင့် ပြန့်ကျဲသွား၏။

ထိုအခါ အထဲရှိ အနက်ရောင်ဧရာမကျားကြီးတစ်ကောင်ထွက်ပေါ်လာခဲ့သည်။

သူက ငှက်နှစ်ကောင်ပေါ်မှာမတ်တပ်ရပ်နေပြီး ရှုချင်းယန်ရှိရာကို အေးစက်စွာစိုက်ကြည့်ကာ လူသားဘာသာစကားဖြင့် ပြောလိုက်သည်။

"နတ်ဆိုးရှု, ငါ မင်းနဲ့ကစားဖို့ အချိန်မရှိသေးဘူး...."

ထို့နောက် ဓားသစ်တောဘက်ခေါင်းလှည့်ကာ သူ့အကြည့်က လျိုလီအပေါ်ကျဆင်းသွား၏။

သူမ၏ဖြူဖြော့သည့်မျက်နှာ၊ မတည်ငြိမ်သည့်အော်ရာနှင့် နှုတ်ခမ်းထောင့်မှသွေးတွေကိုမြင်သည့်အခါ....

မနေနိုင်ပဲ ဒေါသထွက်သွား၏။

"ဘယ်ခွေးမသားက ငါ့မျိုးနွယ်ရဲ့သခင်မလေးကို ထိခိုက်အောင်လုပ်ရဲတာလဲ...."

ကျီး....

သူ့အောက်ရှိ ငှက်နှစ်ကောင်လည်း ဒေါသတကြီး အော်ဟစ်ပြီး ဓားသစ်တောထဲရှိ လျိုလီဆီ တည့်တည့်မတ်မတ် ထိုးဆင်းလိုက်သည်။

ဤအရာကိုမြင်သည့်အခါ လျိုလီ ပျော်ရွင်သွား၏။

"ကောင်းကင်ဝါးမျို..."

တကယ်ကို အဆိုးထဲမှအကောင်းပင်။

ဂျန်ဖန်း ကောင်းကင်ဝါးမျိုကျားကိုကြည့်ပြီး သူ့နှလုံးခုန်သံ မြန်သွား၏။

ဤကျား၏ဖိအားက လန်ဂုထက်များစွာကြောက်စရာကောင်း၏။

ကြောက်ရွံ့မှုတစ်ခု သူ့ဝိညာဥ်အနက်ပိုင်းမှ မြင့်တက်လာပြီး ခန္ဓာကိုယ်တစ်ခုကို ပျံ့နှံ့သွား၏။

သူ့တစ်ကိုယ်လုံး တောင့်တောင့်ကြီးဖြစ်နေပြီး မဆင်မခြင်မလှုပ်ရှားပဲပေ။

သူသာ လျိုလီဆုပ်ကိုင်ရဲလျှင် နောက်တစ်ခဏမှာ ချက်ချင်းသေမည်ဆိုတာ စိတ်ထဲက အလိုလိုသိနေခဲ့သည်။

အခြားလူတွေလည်း ဤကြောက်မက်ဖွယ်အော်ရာကြောင့် တုန်လှုပ်နေပြီး လှုပ်တောင်မလှုပ်ရဲကြပေ။

သူတို့မျက်လုံးထဲ၌ ကြောက်ရွံ့မှုတွေ အပြည့်ပင်။

ကောင်းကင်ဝါးမျိုကျား ငှက်နှစ်ကောင်ပေါ်မှနေ၍ လျိုလီကိုပါးစပ်ဖြင့်ကိုက်ချီကာ ကျော်ပေါ်တင်လိုက်သည်။

ထိုအခါ ကောင်းကင်ဝါးမျိုကျား လျိုလီအတွင်းဒဏ်ရာတွေက မြင်ရသည်ထက်ပိုဆိုးနေတာရှာတွေ့လိုက်၏။

သူမကိုယ်တွင်းအင်္ဂါအားလုံးက ပျက်ဆီးနေ၏။

ဒေါသထွက်သွားပြီး ၎င်း၏သွေးနီရောင်မျက်လုံးကြီးတွေက မြေပြင်ရှိတပည့်တွေကိုစိုက်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။

"ဘယ်သူလုပ်တာလဲ...."

ဟိန်းသံက ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေ၏။

အသံလှိုင်းတစ်ခုတည်းကကို လေဆင်နှာမောင်းကဲ့သို့ဖြစ်ပြီး ဓားသစ်တောအစိတ်အပိုင်းအတော်များများကို ပျက်ဆီးသွားစေခဲ့သည်။

ပါရမီရှင်တပည့်အုပ် မနည်းခုခံလိုက်ရပြီး မတ်တပ်ရပ်ရုံသာရပ်နိုင်၏။

သူတို့မျက်လုံးတွေ၌ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေပြီး တစ်ကိုယ်လုံးတုန်ယင်နေခဲ့သည်။

ဤကဲ့သို့ဖြစ်တည်မှုရှေ့၌ သူတို့က ပုရွက်ဆိတ်တွေကဲ့သို့ဖြစ်ပြီး ခုခံဖို့စွမ်းအားကင်းမဲ့နေခဲ့သည်။

လျိုလီနောက်ဆုံးလွတ်လပ်သွားပြီး စိတ်အေးသွား၏။

သူမက ဂျန်ဖန်းကို ဒေါသတကြီးလက်ညိုးထိုးပြီး ပြောလိုက်သည်။

"အဲ့ဒါ သူပဲ..."

"ငါ့အတွက်သူ့ကိုဖမ်းပြီး နတ်ဆိုးမျိုးနွယ်စုကို ပြန်ခေါ်လာခဲ့...."

"ငါ သူကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ သေသေချာချာ စဥ်းစားထားပြီးသား...."

လျိုလီ အလွန်မတန်ကို စိတ်လှုပ်ရှားနေခဲ့သည်။

သူမ လူသားကလန်စရောက်ချိန်၌ ဂုဏ်ယူမှု၊ယုံကြည်ချက်တွေနှင့် ပြည့်နှက်နေခဲ့သည်။

ယခုတော့ ခွေးလေခွေးလွင့်တစ်ကောင်ကဲ့သို့ သနားစရာကောင်းနေတာကိုတွေးပြီ...

သူမသာ ဂျန်ဖန်းကို လက်စားမချေရလျှင် သူက သူမနတ်ဆိုးနှလုံးသားဖြစ်လာမည်ကို ကြောက်မိ၏။

"မင်းပဲ...."

ကောင်းကင်ဝါးမျိုကျား ဟိန်းဟောက်လိုက်ပြီး နောက်တစ်ချိန်ထိုးဆင်းလာ၏။

ဂျန်ဖန်း နှလုံးသားခုန်ပေါက်သွား၏။

သူလို အခြေခံတည်ဆောက်ခြင်းအဆင့်လေးက ဤကဲ့သို့တည်ရှိမှုကို ဘယ်လိုလုပ်ခုခံနိုင်မည်နည်း။

သို့ပေမယ့် အသေခံဖို့ထိုင်စောင့်နေတာတော့....

သူမလုပ်နိုင်ပေ။

အံကြိတ်ပြီး ခရမ်းဓားကို ပြတ်ပြတ်သားသားဆွဲထုတ်ကာ လေထဲခုတ်ပိုင်းလိုက်၏။

မမြင်ရသည့်ဓားချီ ရပ်တန့်မရသည့်ထက်ရှမှုဖြင့် ကောင်းကင်ဝါးမျိုကျားဆီ တိုးဝင်သွားခဲ့သည်။

ကောင်းကင်ဝါးမျိုကျားအမူအရာ အကြီးအကျယ်ပြောင်းလဲသွား၏။

အလျှင်အမြန်ပဲ လက်သည်းတစ်ခုမြောက်ပြီး လှမ်းကုတ်လိုက်သည်။

ထန်!

အသံတစ်ခုနှင့်အတူ ၎င်းလက်သည်းမှမီးပွားတွေစင်ထွက်ပြီး ပြတ်ထွက်သွားခဲ့သည်။

ဤအရာက ကောင်းကင်ဝါးမျိုကျားကို အံ့အားသင့်သွားစေ၏။

"ဒီကလေးမှာ နတ်ဘုရာလက်နက်တစ်ခုရှိတာပဲ...."

သူက ဂျန်ဖန်း ဤဓားကို အနိုင်နိုင်ကိုင်နေရတာ ပြောနိုင်၏။

ထို့ကြောင့် ဂျန်ဖန်း ဒုတိယအကြိမ်ခုတ်မပိုင်းခင် အခွင့်အရေးယူပြီး ပါးစပ်အပြည့်မီးတောက်နက်တွေကို မှုတ်ထုတ်လိုက်သည်။

ဂျန်ဖန်း မျက်နှာပြောင်းလဲသွား၏။

ဤကဲ့သို့ပြိုင်ဘက်တစ်ယောက်နှင့်ရင်ဆိုင်ရာ၌ အနည်းငယ်တောင်ကံကောင်းဖို့အခွင့်အရေးမရှိပေ။

သူတို့၏တိုက်ခိုက်ရေးအတွေ့အကြုံက သေချာပေါက် အားမနည်းပေ။

ကံကောင်းစွာဖြင့်....

သူ၏အစောပိုင်းဓားချက်က ကောင်းကင်ဝါးမျိုကျားကို နှောင့်နှေးသွားစေပြီး ရှုချင်းယန် လှုပ်ရှားဖို့ အခွင့်အရေးပေးလိုက်သည်။

ရွစ်!

လျှပ်စီးလိုလျှင်မြန်သည့်ဓားအရိပ်တစ်ခု ကောင်းကင်တစ်လျှောက်ထိုးခွဲလာ၏။

ကောင်းကင်ဝါးမျိုကျားအမူအရာ အကြီးအကျယ်ပြောင်းလဲသွားပြီး ဂျန်ဖန်းကို နောက်ထပ်ဂရုမစိုက်နိုင်တော့ပေ။

လျိုလီကိုခေါ်ပြီး ခုန်ထွက်သွားခဲ့သည်။

ကြောက်မက်ဖွယ်ဓားပျံကို ကပ်သီးလေးရှောင်တိမ်းနိုင်သွား၏။

သို့ပေမယ့် သူ့အောက်ရှိငှက်နှစ်ကောင်ကတော့ သူ့လောက်ကံမကောင်းပေ။

သူတို့က ချက်ချင်းအသတ်ခံလိုက်ရပြီး သွေးတွေ နေရာအနှံ့ဖျန်းပက်သွား၏။

အောက်၌ဘာမှမရှိတော့၍ ကောင်းကင်ဝါးမျိုကျား မြေပြင်ပေါ်ပြုတ်ကျလာပြီး သူ့မျက်လုံးတွေ၌စိုးရိမ်မှုတွေ ပြသလာ၏။

"သခင်မလေး, ငါတို့နောက်ထပ် ကြန့်ကြာလို့ မရတော့ဘူး..."

"မဟုတ်ရင် ထွက်သွားနိုင်မှာမဟုတ်တော့ဘူး...."

ဤပြဿနာကောင်လေးကို မေ့လိုက်ဖို့ စောင်းပါးရိပ်ခြေပြောနေတာဖြစ်သည်။

လျိုလီ အတော်လေးဆန္ဒမရှိပေ။

သို့ပေမယ့် ဤအချိန်က မဆင်မခြင်လုပ်ရမည့်အချိန်မဟုတ်မှန်း သိ၏။

သူမက ဂျန်ဖန်းကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

"နင်စောင့်နေလိုက်...."

"ငါ နင့်ကို အလွတ်ပေးမှာမဟုတ်ဘူး, သေချာပေါက်အလွတ်မပေးဘူး...."

"တစ်နေ့ ငါ့နတ်ဆိုးမျိုးနွယ် ဂိုဏ်း ၉ ဂိုဏ်းကို သိမ်းပိုက်ပြီးအခါ မြေကြီးတစ်လက်မချင်းရှာရမယ်ဆိုရင်တောင် နင်ကိုတွေ့အောင်ရှာမယ်...."

ဂျန်ဖန်း ယခုမှ သက်သာယာရသွားပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။

လျိုလီခြိမ်းခြောက်မှုကိုကြားသည့်အခါ သူက အထင်မြင်သေးစွာဖြင့် ပြောလိုက်သည်။

"နတ်ဆိုးမျိုးနွယ်က မင်းအပိုင်ပစ္စည်းကျနေတာပဲ။ ဂိုဏ်း ၉ ဂိုဏ်းကို ဆန္ဒရှိသလို သိမ်းမယ်တဲ့လား..."

လျိုလီကြောင်သွား၏။

ထို့နောက် လှောင်ပြုံးပြုံးပြလိုက်သည်။

"ကောင်လေး, နင်ခုထိ ငါဘယ်သူမှန်းမသိသေးဘူးမလား...."

သူမက သူမ၏ရွှေရောင်ဆံပင်တွေကိုဖယ်ပြလိုက်သည့်အခါ လူသားတွေမှာမရှိနိုင်သည့်ဦးချိုတစ်စုံထွက်ပေါ်လာ၏။

"ငါက နတ်ဆိုးအင်ပါယာသမီးတော် လျိုလီပဲ..."

"ဒီတော့, နတ်ဆိုးမျိုးနွယ်က ငါ့မိသားပိုင်လို့ နင်မထင်ဘူးလား...."

ဟစ်...

ရှိနေသည့် ဂိုဏ်း ၉ ဂိုဏ်း ပါရမီရှင်တွေ ပင့်သက်ရှိုက်လိုက်သည်။

ဘယ်သူ?...

နတ်ဆိုးအင်ပါယာသမီးတော်?....

နတ်ဆိုးသန်းချီကို အမိန့်ပေးနိုင်သည့် အာဏာအမြင့်ဆုံးအုပ်ချုပ်သူရဲ့သမီး?....

နတ်ဆိုးအင်ပါယာပြီးလျှင် ဒုတိယဖြစ်သည့် နတ်ဆိုးမျိုးနွယ်စုမင်းသမီး?....

ဂျန်ဖန်း အမြင်မဲမှောင်သွားပြီး ခန္ဓာကိုယ်တယိမ်းတယိုင်ဖြစ်သွား၏။

ဘာ?...

မနေ့က သူအဆိပ်ခတ်ပြီး ယနေ့ရိုက်နှက်ကာရတနာလုယူခဲ့သည့်တစ်ယောက်က....

တ... တကယ်ပဲ နတ်ဆိုးအင်ပါယာသမီးတော်လား....

ဤဟာသက နည်းနည်းများလွန်း၏။

All Chapters