← Chapters

ချီရှောင်ပိုင် မကျရှုံးနိုင်ပေ

Vol. 11 Ch. 129

ချီရှောင်ပိုင် မကျရှုံးနိုင်ပေ

Vol. 11 Ch. 129

သူတို့ မင်္ဂလာခန်းမက ထွက်လာသည့်အချိတ်က နေ့လည်၂နာရီ ရှိပြီဖြစ်သည်။ မင်္ဂလာပွဲက ခံစားချက်အတွေ့အကြုံများနှင့် ခံစားချက် ပေါင်းသုံခဲ့ပြီး အပြင်က နေရောင်ကိုတွေ့လိုက်သည့်အခါ ရှန်းမူမူက အနည်းငယ် မူးဝေသွားခဲ့သည်။

ဟိုတည်တံခါးကထွက်ပြီးနောက်တွင် ဝင်ပေါက်တွင်ရပ်ကာ ကားစောင့်နေလိုက်သည်။ ရှောင်ဝမ် ကားမောင်းလာသည်ကိုစောင့်ရင်း ရှန်းမူမူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူမ၏မျက်နှာကို နွေဦးလေပြေ ခပ်နွေးနွေးက ဖြတ်တိုက်သွားခဲ့သည်။ အစောပိုင်က ချီမော့သူမကို ကြည့်နေခဲ့သည်များကို‌ပြန်တွေးမိသွားသည်။

“အလုပ်သွားမှာလား။”

ချီမော့က ရုတ်တရက် လှည့်မေးလိုက်သည်။

ရှန်းမူမူက သူ့ကိုပြန်ကြည့်ပြီး ခဏတွေးပြီးသည့်နောက်တွင် ပြုံးကာပြန်ဖြေလိုက်သည်။ “မသွားဘူး၊ အစ်မကျားမူနဲ့ချန်ကျိုးရှိနေတော့ နေ့တစ်ပိုင်းနားလို့ရတယ်။”

သူမက စကားပြောရင်း ငုံ့ကြည့်လိုက်တော့ ချီမော့က မင်္ဂလာပွဲကပေးသည့် ပြန်ကမ်းပစ္စည်းကို ကိုင်ထားသည်ကို တွေ့လိုက်သည်။

အပြာနုရောင်လေးထောင့်ဘူးလေးကို ပိုးဖဲကြိုးဖြင့် လိပ်ပြာပုံချည်ထားသည်။

ခပ်တည်တည်အမျိုးသားတစ်ဦးက ချစ်စရာကောင်းသည့် ပစ္စည်းဘူးလေးကို သာမာန်ကာလျှံကာ ကိုင်ထားသည်။

အကြောင့်တချို့ကြောင့် မြင်ကွင်းက မလိုက်မဖက်ဖြစ်နေသည်။

သို့သော်ချီမော့က ထိုသို့မခံစားရဘဲ သူ့အမူအရာက သာမာန်အနေအထားသာရှိသည်။ ထို့နောက် သူက ထပ်ပြောလိုက်သည်။

“ဒါဆို ကိုယ်နဲ့လမ်းခဏလျှောက်မလား။”

“ကောင်းပြီလေ။” ရှန်းမူမူက မေးလိုက်သည်။ “ဘယ်သွားမှာလဲ။”

ချီမော့က သိပ်မဝေးသည့်နေရာကို လှမ်းကြည့်လိုက်သည်။

ထိုနေရာက အဆောက်အဦးအမြင့်များဖြင့် တိုးတက်နေပြီဖြစ်သည်။

“ကိုယ်ကြီးပြင်းခဲ့တဲ့နေရာကို ခေါ်သွားမလို့။”

ရှန်းမူမူက သူ့အကြည့်အတိုင်း လိုက်ကြည့်ခဲ့သည်။ ထို့နောက် ချီမော့ နေခဲ့သည့်နေရာက မင်္ဂလာခန်းမနှင့် မဝေးကြောင်း ကားပေါ်မှာ ပြောပြခဲ့သည်ကို သူမ ပြန်အမှတ်ရသွားသည်။

ထိုအချိန်တွင် အနက်ရောင်ဇိမ်ခံကားကြီးက သူတို့ရှေ့သို့ တဖြည်းဖြည်းချင်းရောက်လာခဲ့သည်။

ရှောင်ဝမ်က ကားထဲကထွက်လာပြီး ချီမောင်နှံအတွက် ကားတံခါးဖွင့်ပေးလိုက်သည်။

ချီမော့က လက်ဆောင်ဘူးကို ရှောင်ဝမ်ထံ ပေးလိုက်သည်။ “ဒါကို ကားထဲထည့်လိုက်၊ ငါတို့ လမ်းသွားလျှောက်လိုက်ဦးမယ်၊ ကားမလိုဘူး။”

ရှောင်ဝမ်က ရှုပ်ထွေးသွားသော်လည်း တစ်စက္ကန့်အတွင်း ပြန်‌ဖြေလိုက်သည်။ “ဟုတ်ကဲ့။”

ဟိုတည်က ထွက်ပြီးသည့်နောက်တွင် လမ်းတစ်လမ်းကိုဖြတ်ရင်း လေတိုက်ခတ်လာသည်။

ထိုနေရာက အိမ်ထူထပ်သည့်နေရာဖြစ်သည်။

လမ်း၏ဘေးနှစ်ဖက်လုံး ဆိုင်ခန်းများရှိသည်။

ဆိုင်အများစုက အရောင်မှိန်နေသည်။

တစ်ချက်ကြည့်ရုံဖြင့် ပြန်လည်ပြုပြင်ထားသည်မှာ ကြာပြီဖြစ်ကြောင်း သိနိုင်သည်။

သက်ကြီးရွယ်အို အိမ်နီးချင်းများစွာလည်းရှိသည်။ တိုက်တချို့ဖြိုဖျက်လိုက်ပြီဖြစ်သော်လည်း တချို့က ကျန်ရှိနေဆဲဖြစ်သည်။

သာမာန်ပိတ်ရက်သာဖြစ်သော်လည်း လမ်းလျှောက်သွားလာသူများများသည်။

ကျောင်ဝတ်စုံဖြင့် ကျောင်းသူများက ကျောင်းစာရေးကိရိယာဆိုင်တွင် သွား‌လာနေသည်။

သူတို့မုန့်ဖိုးဖြင့် မှတ်စုစာအုပ် ဝယ်ရမည်လား အသစ်ထွက်သည့် စာမှတ်ဟိုက်လိုက် ဝယ်ရမည်လားကို ဆွေးနွေးနေကြသည်။

သက်ကြီးရွယ်အိုများက ဟင်းရွကုံလှည်းကြီးကို တွန်းထွက်လာသည်။ ဟင်းသီးဟင်းရွက်များကို လျော့ဈေးဖြင့်ရောင်းကြောင်း အော်ရောင်းနေသည်။

ထောင့်နားက ကိတ်ဆိုင်တွင် အေပရွန်ဝတ်ထားသည့် ကိတ်ဖုတ်သူလက်ထောက်က ပြတင်းပေါက်နားက စင်ပေါ်တွင် ဖုတ်ပြီးသည့် ကိတ်တွေကို ထည့်နေသည်။

မွေးပျံ့သည့်ရနံ့က လေထဲပြန့်နေသည်။

“ကလင်းလင်း…”

သူတိူ့နောက်မှ စက်ဘီးဘဲလ်တီးသံကို ကြားလိုက်ရသည်။

ချီမော့က ရှန်းမူမူ၏ ကျောမှ အနောက်သို့ ဖွဖွတွန်းရွှေ့ကာ သူက အရှေ့တိုးလိုက်သည်။

ကျောင်းဝတ်စုံ ဝတ်ထားသည့် ကျောင်းသူတွေက လူအုပ်ကြားထဲမှ အရှိန်ဖြင့် ထွက်သွားသည်။

ကျောင်းဝတ်စုံက လေထဲလွင့်နေသည်။

“မြန်မြန်နင်းလေ၊ နေ့ခင်းပိုင်း ပထမအချိန်က ဆရာပန်ရဲ့အချိန်။” အရှေ့က ကောင်လေးက အော်ပြောသည်။

အနောက်မှာ ကျန်ခဲ့သည့် ကောင်မလေးက ဆူပုတ်ကာ ပြောလိုက်သည်။ “ဒီလမ်းထဲ နင့်ကို လာမခေါ်သင့်ဘူး၊ ငါတို့‌ထပ်နောက်ကျရင် ကျောင်းစည်းကမ်းကူးရေးပြီး အပြစ်ပေးခံရမှာ။”

ကျောင်းသားလေးအသံက လွင့်ပျောက်သွားသည်။ “ဒါဆို နင့်အစား ငါကူးပေးမယ်။”

လမ်းမဟောင်းကြီးက အထူးမှော်စွမ်းအားရှိသည်။

ထိုလမ်းပေါ်လျှောက်သည့်အခါ အချိန်တွေ ရပ်တန့်နေသကဲ့သို့ လူတွေကို ထင်ယောင်ထင်မှားဖြစ်စေသည်။

မသိလိုက်ခင်မှာပင် သူတို့နှစ်ဦးက ခြေလှမ်းကိုနှေးလိုက်သည်။

နှစ်ဦးသား ဇိမ်ပြေနပြေဖြင့် တစ်လမ်းချင်းလျှောက်နေကာ လမ်းမကြီးက သစ်ပင်ရိပ်များ ကျနေသည်။

ချီမော့မျက်ဝန်းထဲက အေးစက်မှုတို့က နူးညံ့သွားသည်။

ယခုနေရာက ယခင်အတိုင်းဖြစ်သည်။

ယခင်တုန်းကတော့ သူတစ်ယောက်တည်း သွားလာလေ့ရှိကာ လူတွေကို စူးစမ်းသည်က ရှားသည်။

နှစ်ပေါင်းများစွာကြာပြီး ပြန်ရောက်လာမှ ယခု‌လမ်းက အလွန်စည်ကားကြောင်းကို သူသိလိုက်သည်။

မဟုတ်ပေ။

ယခင်ကတည်းက ဆူညံသက်ဝင်နေသည်ကို သူ သတိမထားမိခြင်း ဖြစ်လိမ့်မည်။

ချီမော့၏ မျက်လုံးများ လက်သွားကာ နှုတ်ခမ်းများ ကော့တက်အောင် ပြုံးလိုက်သည်။

ဒါလည်း မဟုတ်သေးပေ။

ယခင်တုန်းက သူက နေ့စဉ်ဘဝ၏ ကိစ္စအသေးလေးတွေကို အာရုံမစိုက်ခြင်းဟုသာ ပြောရမည်။

သူ့စိတ်ထဲတွင် အလုပ်ပြီးလျှင်အလုပ်သာ ရှိသည်။

ကမ္ဘာကြီးက ကျယ်ပြောကာ သူ စူးစမ်းမည်ကို စောင့်ဆိုင်းနေသည်။

သူ့ဘဝထဲ သူမ ရောက်လာပြီးကတည်းက ကမ္ဘာကြီးက ကျယ်ပြောလာကာ နူးညံ့လာသည်။

သူ့အတွက်တော့ သူမက ပြန်လည်တည်ဆောက်ကာ ဖြိုဖျက်လိုက်ခြင်း ဖြစ်သည်။

ရှန်းမူမူက သူမဘေးက အမျိုးသားကို ကြည့်လိုက်သည်။

သူ့မျက်နှာထက်က နူးညံ့မှုတွေကိုမြင်လိုက်တော့ သူမ သိချင်စိတ် ပြင်းပြသွားသည်။

ချီမော့ ငယ်ငယ်တုန်းက ဘယ်လိုမျိုးလဲ။

မုန့်ဖိုးနဲ့ စာရေးကိရိယာဆိုင်ရှေ့မှာ တုံ့ဆိုင်းစွာ ရပ်နေတဲ့ ကလေးလား။

ဒါမှမဟုတ် လွတ်လွတ်လပ်လပ် စက်ဘီးစီးတတ်တဲ့ကလေးလား။

သူ၏ချောမောသည့်ရုပ်ကိုကြည့်ကာ သူမရဲ့ ခန့်မှန်းချက်တွေက ပိုမြင့်လာခဲ့သည်။

နှစ်ဦးသား ပျင်းရိစွာ ပတ်သွားနေသည်။

ချီမော့က ရင်းနှီးသည့်ဆိုင်လေးတွေကိုမြင်တိုင်း သူမ အနား ကပ်ကာ လေသံတိုးတိုးဖြင့် ပြောပြတတ်သည်။

“ဒီဆိုင်က ခေါက်ဆွဲပြုတ်ကိုစားပြီးတဲ့နောက် အစာအိမ်နာဖူးတယ်။”၊ “ဒီဆိုင်က ပဲရောင်းတဲ့ ဆိုင်ရှင်ဦးလေးကြီးကိုလေ ဆံပင်တွေ အကုန်ဖြူသွားတဲ့အထိ အသက်ကြီးဦးမယ်လို့ မထင်မိခဲ့ဘူး။” စသည်တို့ ပြောပြတတ်သည်။

ရှန်းမူမူက နားထောင်ရင်း တစ်ခါတစ်ရံ ပြန်စနောက်တတ်သည်။ “ဆိုင်ရှင်လည်း အစာအိမ်နာသွားလိမ့်မယ်လို့ မထင်မိခဲ့ဘူး။”

သူမက တစ်ခါတစ်ရံ သွားနေရင်း ပိန်းဥအေးနှင့် ပဲအချိုလေးကို ဝယ်ခိုင်းတတ်သည်။

နေ့လည်ရောက်သည့်အခါ သူမနှင့်နေ့တိုင်း အတူတူအိပ်သည့် အမျိုးသားကို ပိုနားလည်သွားခဲ့သည်။

သူက သူမကို သူအထိမခံနိုင်သည့်အပိုင်းနှင့် ကလေးဘဝက အမှတ်တရများကို သူမကို ပြသခဲ့သည်။

ပွင့်ပွင့်လင်းလင်း အကုန်လုံး ချပြခဲ့သည်။

သူတို့ ရှီယွီယွဲ့ဗီလာကို ပြန်ရောက်ချိန်တွင် ညစာစားချိန် ရောက်နေပြီဖြစ်သည်။

သူတို့နှစ်ဦးက စားနှင့်ပြီးပြီဖြစ်သည်။

အိမ်တော်ထိန်းကျန်းက ပြုံးကာ တံခါးနားရပ်နေသည်။

“ကြိုဆိုပါတယ် သခင်နဲ့သခင်မ။”

ချီမော့က ခေါင်းအနည်းငယ်ငြိမ့်ပြပြီး ရှန်းမူမူက ပြည့်အင်နေသည့် ဗိုက်ကိုပုတ်ကာ ခေါင်းငြိမ့် ပြုံးပြကာ ပြန်ဖြေလိုက်သည်။

အခန်းထဲတွင်ဖြစ်သည်။

အောက်ထပ်က အိမ်တော်ထိန်းကျန်း၏ အော်သံကြောင့် ချီရှောင်ပိုင်က နားရွက်ထောင်သွားသည်။

သူက ကွန်ပျူတာရှေ့ကထိုင်ခုံတွင် အနောက်အနည်းငယ် မှီလိုက်သည်။

နေ့လည်က သူ့မိထွေးနှင့် စာပို့နေရင်း သူ မပြောလိုက်ရသည့် ကိစ္စ တစ်ခု ရှိသည်။

ကျောင်းက ( ၁၂ ) တန်း‌ နောက်ဆုံး ကျောင်းမပိတ်ခင် တွေ့ဆုံပွဲကို နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့တွင် စီစဉ်ထားသည်။

ကျောင်းသားမိဘတွေ အတူတူ တက်ရောက်ရန် ဖိတ်ကြားထားသည်။

သို့သော် သူ့ဖခင် စာထဲကခြိမ်းခြောက်မှုကြောင့် သူ မပြောလိုက်ရပေ။

ပွဲအကြောင်းပြောသင့်မပြောသင့် စဉ်းစားနေတုန်းမှာပင် အခန်းတံခါးခေါက်သံကို ကြားလိုက်သည်။

“ဒေါက် ဒေါက်။”

တံခါးဖွင့်လိုက်တော့ ရှန်းမူမူက တံခါးအပြင်တွင် ကပ်နေကာ လက်ထဲက အထုတ်ကို ယမ်းပြနေသည်။

“ချီအာ နင့်အဖေနဲ့ ငါက နင့်ကို မခေါ်ဘဲ အရသာရှိတာတွေ သွားစားနေတယ်လို့ ပြောတယ်နော်၊ နင့်အတွက် လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ချောကလက်ကိတ် ဝယ်လာပေးတယ်။”

ချီရှောင်ပိုင်က ဟန်မဆောင်ဘဲ ယူလိုက်သည်။ “ကျေးဇူးတင်ပါတယ်။”

ရှန်းမူမူ အပေါ်ထပ် တက်တော့မည့်အချိန်တွင် ချီရှောင်ပိုင်၏ အသံကို ကြားလိုက်သည်။

“ဟုတ်သားပဲ၊ နောက်တစ်ပတ်ဗုဒ္ဓဟူးနေ့ကျရင် ကျောင်းမှာ ပွဲရှိတယ်၊ လာဖို့အချိန်ရှိလား။”

ရှန်းမူမူ လှည့်ကြည့်လိုက်တော့ ဘဝင်မြင့်နေသည့် ချီရှောင်ပိုင်က လည်ပင်းကိုပွတ်ကာ မေးအနည်းငယ်ပင့်ထားသည်။

သူ့အမူအရာက သာမာန်သာရှိပြီး လေသံက အနည်းငယ်အေးစက်နေကာ ထပ်ပြောလိုက်သည်။ “မအားရင်လည်းရပါတယ်၊ သိပ်အရေးကြီးတဲ့ပွဲတော့ မဟုတ်ပါဘူး၊ အတန်းထဲက အတန်းဖော်အများစုကလည်း ၁၈မပြည့်သေးဘူး။”

“လာမယ်။” ရှန်းမူမူက မတွေးဘဲ ဖြေခဲ့သည်။ “ပွဲတက်ရတာ ကြိုက်တယ်လေ၊ လာခဲ့မယ်။”

ချီရှောင်ပိုင်က အကြည့်ပြောင်းလိုက်သည်။

ထို့နောက် သူက ပြန်လည်ချေပလိုက်သည်။ “လူများတဲ့ပွဲတွေတက်ရတာကို ကြိုက်တာကို ဂုဏ်ယူစရာ မလိုပါဘူး။”

ရှန်းမူမူ။ “.....”

***

All Chapters