ချမ်းသာခြင်း
Vol. 25 Ch. 345
"လက်စသတ်တော့ ရှေးဟောင်လကြည့်ပိုးကောင်ရဲ့ ပိုးချည်နဲ့လုပ်ထားတဲ့ ထိပ်တန်းချပ်ဝတ်ပဲ..."
ခုခံရေးချပ်ဝတ်?....
ဂျန်ဖန်း အတွင်းခံအင်္ကျီကိုကိုင်ပြီး လက်ဖြင့်ပွတ်သပ်ကြည့်လိုက်သည်။
ခံစားမှုက နူးညံ့အေးစက်ပြီး တကယ်ပဲ သာမန်ပစ္စည်းနှင့်မတူပေ။
တစ်ခဏတွေးပြီးနောက်...
လွမ်းဆွတ်ခြင်းဆီးနှင်းဓားထုတ်ပြီး အားနှင့်ခုတ်ချလိုက်သည်။
အတွင်းခံအင်္ကျီအကောင်းတိုင်းရှိနေပြီး ခြစ်ရာတောင်မထင်ပေ။
"ဟမ်?..."
ဂျန်ဖန်း အံ့အားသင့်သွား၏။
"ခုခံအားကောင်းလှကြီလား..."
နတ်ဆိုးစိတ်ဝိညာဥ်လှောင်ပြောင်လိုက်သည်။
"မင်းက ရှေးဟောင်းလကြည့်ပိုးကောင်ကို လျှော့တွက်တာပဲ။ အဲ့တာက နတ်ဆိုးအင်ပါယာအဆင့် ရှေးဟောင်းသားရဲကွ..."
"သူ့ရဲ့ပိုးမျှင်က ခုခံရေးရတနာတွေလုပ်ဖို့ အကောင်းဆုံးကုန်ကြမ်းတွေပဲ...."
"မင်းကိုမပြောနဲ့, သန္ဓေသားကျင့်ကြံသူတောင် အလွယ်တကူမချိုးဖြတ်နိုင်ဘူး...."
ဘာ?....
ဤအတွင်းခံအင်္ကျီက ထိုမျှလောက်တောင် နာမည်ကြီးသည်လား....
ဂျန်ဖန်း အတော်လေး တုန်လှုပ်နေ၏။
သို့ပေမယ့် လျိုလီ၏နတ်ဆိုးအင်ပါယာသမီးတော်ဆိုသည့်အဆင့်အတန်းကို စဥ်းစားကြည့်လိုက်သည့်အခါ ထိုအရာက ကျိုးကြောင်းဆီလျော်၏။
သူမအဖေက ပြင်ဆင်မှုမရှိပဲ သူမကို လူသားမျိုးနွယ်ဆီလွတ်လိုက်မည်မဟုတ်ပေ။
ဤအရာက အမျိုးသမီးအတွင်းခံဖြစ်ပြီး ယောက်ျားတစ်ယောက်အနေဖြင့် သူဝတ်လို့မရပေ။
သို့ပေမယ့် ပြန်ယူသွားပြီး ရှုရို့ရန်နှင့် ချန်စီလင်တို့ကိုပေးနိုင်၏။
ဤသို့ဖြင့်...
သူ့အိတ်ထဲထည့်လိုက်သည်။
ထို့နောက် အတွင်းခံအင်္ကျီအောက်၌ ကြာရွက်အိတ်တစ်ခုကိုတွေ့လိုက်သည်။
ဖွင့်ကြည့်လိုက်သည့်အခါ လက်မအရွယ်အနီရောက်တောက်တောက်အသီးတစ်ခုကို တွေ့လိုက်၏။
ကြည့်လိုက်လျှင် ထိုအရာက ခရမ်းချဥ်သီးသေးသေးလေးတစ်လုံးလိုပင်။
အထဲ၌ အနီရောင်အလင်းတန်းတွေ စီးဆင်းနေပြီး သွေးတွေနှင့်တူနေခဲ့သည်။
"သွေးဗောဓိ..."
နတ်ဆိုးစိတ်ဝိညာဥ် နောက်တစ်ကြိမ်ပင့်သက်ရှိုက်လိုက်သည်။
"ဒီနတ်ဆိုးမိန်းခလေးမှာ ပစ္စည်းကောင်းတွေ တကယ်ရှိတာပဲ...."
"သွေးဗောဓိကလုပ်တဲ့ သွေးဗောဓိဆေးလုံးက ရုပ်ခန္ဓာခွန်အားကို အကြီးအကျယ်တိုးမြှင့်ပေးနိုင်တယ်။ ဒါက သန္ဓေသားကပ်ဘေးမှာရှင်သန်ဖို့ အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ တွေအတွက် မရှိမဖြစ်ပစ္စည်းပဲ..."
ဤအရာကိုကြားသည့်အခါ ဂျန်ဖန်း နှလုံးသားခုန်ပေါက်သွား၏။
သန္ဓေသားအဆင့်ကိုချိုးဖြတ်ရန် လူတစ်ယောက်ကို ရုပ်ခန္ဓာခွန်အားတိုးမြှင့်ဖို့ ဤအရာကိုလိုသည်လား?...
ခန္ဓာကိုယ်သန့်စင်ရာ၌လည်း မယုံနိုင်လောက်အောင်အာနိသင်ရှိမှာအသေအချာပင်။
အဆိပ်နဂါးရိုးတွင်းခြင်ဆီတစ်ပုလင်းရဖို့ အတော်လေးအားစိုက်ခဲ့ရတာကိုပြန်တွေးမိပြီး ဤသွေးဗောဓိ ဘယ်လောက်အဖိုးတန်လဲဆိုတာ နားလည်သွားခဲ့သည်။
ဤအရာက အမှန်တကယ်ကံကောင်းမှုပင်။
သူက ထိုအရာကို ကျောက်စိမ်းသေတ္တာထဲဂရုတစိုက်ထည့်ပြီး အပေါ်ကနေ အဆောင်စာရွက်များစွာဖြင့် ချိတ်ပိတ်လိုက်သည်။
ဤသို့ဖြင့်, အိတ်ထဲ၌ ဘာမှမကျန်တော့ပေ။
သို့ပေမယ့်...
သူက ချက်ချင်း ထွက်မသွားပေ။
ထိုအစားတစ်ခဏစဥ်းစားပြီး အိတ်အလွတ်ကိုမလိုက်ရာ အောက်ရှိမြေပြင်ကို မြင်လိုက်သည်။
"ဟမ်? ပစ္စည်းတွေရှိသေးတယ်...."
နတ်ဆိုးစိတ်ဝိညာဥ် ပင့်သက်ရှိုက်လိုက်သည်။
အိတ်အောက်၌ တောက်ပသည့်လေးတစ်လက်ရှိနေခဲ့သည်။
သလင်းကျောက်ကဲ့သို့ကြည်လင်နေပြီး ဖန်ဖြင့်ပြုလုပ်ထားသလိုပင်။
ထိုအရာမှ အလွန်အားကောင်းသည့် စိတ်ဝိညာဥ်ဖိအားတွေထုတ်လွတ်နေ၏။
ထိုအရာဘေး၌ သလင်းကျောက်မြားတစ်ချောင်းလည်းရှိနေခဲ့သည်။
နှစ်ခုလုံးက ဂျန်ဖန်းကို ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကို ပေးစွမ်းနေ၏။
ရှုချင်းယန်၏ ထိပ်တန်းမှော်အဆင့်ဓားထက်မနိမ့်ပေ။
နတ်ဆိုးစိတ်ဝိညာဥ် အသက်ပြင်းပြင်းရှူလိုက်သည်။
"ဘုရားရေ, သဘာဝထိပ်တန်းမှော်အဆင့်ရတနာပဲ....."
"သန္ဓေသားအဆင့်တွေကြားမှာတောင် တွေ့ရခဲတယ်....."
"ဘာလို့လဲဆိုတော့ ထိပ်တန်းမှော်အဆင့်သဘာဝရတနာကို လူသားလက်နက်သန့်စင်သူတစ်ယောက်သာ သန့်စင်လိုက်လျှင် စိတ်ဝိညာဥ်လက်နက်တစ်ခုဖြစ်လာနိုင်လို့ပဲ..."
"ဒါက စိတ်ဝိညာဥ်လက်နက်ရဲ့ သန္ဓေသားလောင်းပဲ...."
နတ်ဆိုးစိတ်ဝိညာဥ် ဂျန်ဖန်း၏ရိတ်သိမ်းမှုကို အနည်းငယ်မနာလိုဖြစ်နေခဲ့သည်။
သူက ဝိညာဥ်အကြွင်းအကျန်တစ်ခုဖြစ်ပြီး ဤအရာတွေကသူ့အတွက်အသုံးမဝင်လို့သာမဟုတ်လျှင် အစောကြီးကတည်းက လုပြေးနေလောက်ပြီဖြစ်သည်။
ဂျန်ဖန်း လေးနှင့်မြားကို ကောက်ယူလိုက်သည်။
ထိုအခါ ချက်ချင်းပဲ ကြီးမားသည့်အန္တရာယ်ကို ခံစားမိလိုက်သည်။
သူက မနေနိုင်ပဲ သက်သာယာရစွာ သက်ပြင်းချလိုက်သည်။
"မိစ္ဆာမလေး ဒီလေးကို ဒီမှာထားခဲ့တာ ကံကောင်းသွားတယ်...."
"မဟုတ်ရင်, တိုက်ခိုက်တုန်းက ငါအကြီးအကျယ်အထိနာခဲ့မှာ...."
ခရမ်းဓားကိုထုတ်သုံးရင်တော့ တစ်မျိုးပင်။
မဟုတ်လျှင် ဂျန်ဖန်း အလွန်အမင်းအန္တရာယ်များသည့် ဤလေးနှင့်မြားကို ရင်ဆိုင်ဖို့ မည်သည့်နည်းလမ်းမှ မစဥ်းစားနိုင်ပေ။
နတ်ဆိုးစိတ်ဝိညာဥ် လုံးဝဗလာဖြစ်နေသည့် ရတနာကျွင်းကိုကြည့်ပြီး စုပ်သတ်လိုက်သည်။
"မင်းက သူ့ဆံပင်မွေးတွေ အကုန်ပြောင်အောင်ကို နှုတ်လိုက်တာပဲ...."
"သူမ မင်းကို သေတဲ့ထိတိုက်ခိုက်မှာ မကြောက်ဖူးလား...."
သူက နတ်ဆိုးမိန်းခလေးကို အနည်းငယ်သနားသွား၏။
သူမက ရတနာတွေကို သေတ္တနှစ်ခုထဲထားလောက်အောင်ထိ ဉာဏ်ကောင်း၏။
သာမန်လူဆို အိတ်ထဲက ရတနာနှင့်တင် အလွန်ပျော်နေမှာဖြစ်သည်။
မည်သူသိမည်နည်း။ ဤကောင်လေး,ဂျန်ဖန်းက လွတ်အိတ်အောက်တောင် စစ်ဆေးခဲ့ပြီး နက်နက်ရှိုင်းရှိုင်းဝှက်ထားသည့် လေးနှင့်မြားကိုတောင် တူးသွားခဲ့သည်။
ဤစကားတွေက ဂျန်ဖန်းမျက်နှာကို တည်ကြည်သွားစေ၏။
သူက လေးနှင့်မြားကိုပခုံးမှာလွယ်ပြီး ပြတ်ပြတ်သားသား ပြေးထွက်လာခဲ့သည်။
သူသာ လျိုလီနှင့်တွေ့လျှင် အကျိုးဆက်က မတွေးရဲစရာပင်။
သို့ပေမယ့်....
ဂျန်ဖန်း တောင်ခြေအရောက်မှာပဲ....
အလွန်လျှင်မြန်စွာရွေ့လျားနေသည့်ပုံရိပ်နှစ်ခုကို ရှေ့မှာ တွေ့လိုက်သည်။
သူတို့ထဲ၌ တစ်ယောက်ကို ဂျန်ဖန်းသိ၏။
လုရှီယီပင်။
သူနှင့်အတူပါလာသူက အနက်ရောင်ဝတ်စုံဝတ်ဆင်ထားပြီး မျက်နှာကိုဖုံးကွယ်ထားခဲ့သည်။
"နံပါတ် ၁ အရိပ်စောင့်..."
လုရှီယီမျက်နှာ ပြောင်းလဲသွား၏။
သူက ပိုင်ကျာတောင်တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် ဂျန်ဖန်းကိုကြည့်ပြီး တင်းမာစွာ ပြောလိုက်သည်။
"မင်းဒီနေရာမှာ ဘာလုပ်နေတာလဲ...."
ဂျန်ဖန်း မျက်မှောင်ကြုတ်သွား၏။
"ငါက မေးသင့်တာ။ မင်း ဒီမှာဘာလုပ်နေတာလဲ...."
တကယ်ကိုထူးဆန်း၏။
သူက ဤနေရာကို မိစ္ဆာမလေး၏ရတနာသိုက်တူးဖို့လာခဲ့တာဖြစ်သည်။
လုရှီယီလည်း သတင်းရပြီး ထိုအရာအတွက် လာခဲ့သည်လား?...
နတ်ဆိုးမလေး၏ရတနာသိုက်က ဘယ်လိုလုပ် လူတိုင်းသိနေရသနည်း။
လုရှီယီ အနည်းငယ်စိုးရိမ်သွား၏။
သူက ပြောလိုက်သည်။
"မင်းထွက်သွားလို့မရသေးဘူး။ ဒီနေရာမှာနေပြီး ငါတို့ကိုစောင့်နေ...."
သူက တကယ်ပဲ ဤနေရာကို ရတနာလာရှာတာဖြစ်သည်။
ထိပ်တန်းမှော်အဆင့်ဓားကို လန်ဂုယူသွားသော်လည်း ဓား၌ စစ်မှန်မိုးကြိုးဂိုဏ်းအော်ရာကျန်ရှိနေဆဲဖြစ်သည်။
လျိုလီ၏နတ်ဆိုးအင်ပါယာသမီးတော်အထောက်အထားပေါ်သွားပြီးနောက် ဓားလျိုလီလက်ထဲရောက်သွားသည်ဟု သူသံသယဖြစ်မိ၏။
ဂရုတစိုက်အာရုံခံကြည့်လိုက်သည့်အခါ တကယ်ပဲ ထိပ်တန်းမှော်အဆင့်ဓားမှအော်ရာကို ခံစားမိ၏။
ဤသို့ဖြင့် အာရုံခံစားမိရာနောက်ကို ပြတ်ပြတ်သားသား လိုက်လာခဲ့တာဖြစ်သည်။
မမျှော်လင့်ပဲ....
ဂျန်ဖန်းက သူ့ထက်အရင်ရောက်နေခဲ့သည်။
ထို့ကြောင့် ထိပ်တန်းမှော်အဆင့်ဓားမတွေ့ရပဲနှင့် သူဂျန်ဖန်းကို ထွက်သွားခွင့်မပြုနိုင်ပေ။
ဂျန်ဖန်း မျက်လုံးတွေ အေးစက်သွား၏။
"မင်းက ငါ့ကို တားနိုင်လို့လား...."
နတ်ဆိုးမလေးနှင့် ကောင်းကင်ဝါးမျိုကျားက အချိန်မရွေးရောက်လာနိုင်၏။
ပိုကြာကြာနေလျှင် အဆုံးမရှိသည့်အန္တရာယ်တွေ တိုးလာမည်ဖြစ်သည်။
သူက ဘာကြောင့်နေရမည်နည်း။
လုရှီယီ ဒေါသတကြီး ရယ်လိုက်သည်။
"အသင်္ချေဓားဂိုဏ်းရဲ့မြင့်မြတ်အကြီးအကဲက အနည်းငယ်လောက်ချီးကျူးလိုက်တာနဲ့ မင်းကိုယ်မင်း တကယ်အထင်ကြီးသွားတာလား..."
"ဒါက နတ်ဆိုးအင်ပါယာသမီးတော််နဲ့ အကွက်ရေအနည်းငယ်လောက်ဖလှယ်ရုံပါ...."
"ငါတိုက်ခိုက်ရင်, ပိုတောင်လွယ်ကူအုန်းမယ်...."
ဘေးကရပ်ကြည့်သူအနေဖြင့် သူကတကယ်ပဲ လျိုလီရုပ်ခန္ဓာဘယ်လောက်ကြောက်စရာကောင်းလဲ မခံစားနိုင်ပေ။
သူက ဂျန်ဖန်း သူမကို အသာအယာဖိနှိပ်လိုက်တာသာမြင်ပြီး လျိုလီကို အလေးအနက်မထားဖြစ်စေ၏။
ဂျန်ဖန်း နောက်ထပ်ရှင်းမပြချင်ပေ။
သူက ဘေးမှပတ်ပြီး ဤအန္တရာယ်များသည့်နေရာမှ အလျှင်အမြန်ထွက်သွားဖို့ပြင်လိုက်သည်။
"ထွက်သွားချင်သေးတာလား...."
လုရှီယီ ဒေါသတကြီးရယ်လိုက်သည်။
"မင်းက ငါ,လုရှီယီကို တကယ်မျက်လုံးထဲမထည့်တာပဲ, ဟမ့်..."
"ငါ့အမျိုးသမီးကိုလုယူတာက တစ်ကြောင်း..."
"မင်းကို နတ်ဆိုးစိတ်ဝိညာဥ်လက်ကကယ်တာတောင် ကျေးဇူးတင်စကားတစ်ခွန်းမပြောဘူး...."
"အခုလည်း ငါက မင်းကို အနည်းငယ်ပူးပေါင်းဆောင်ရွက်ဖို့ပြောတာကို လျစ်လျူရှူရဲတယ်...."
"ကြည့်ရတာ မင်းကိုသင်ခန်းစာမပေးရင်, နာကျင်မှုကို သိမယ်မထင်ဘူး...."
သူက အချိန်တော်ကြာကတည်းက ဂျန်ဖန်းကို သင်ခန်းစာပေးချင်နေတာဖြစ်သည်။
ကံမကောင်းစွာပဲ အခွင့်အရေးမရခဲ့ပေ။
ယခု ပတ်ဝန်းကျင်မှာဘယ်သူမှမရှိ၍ သူစိတ်ရှိတိုင်းလုပ်နိုင်၏။
ဂျန်ဖန်း စိတ်မရှည်ဖြစ်လာသည်။
"မင်းက ငါ့ကို နတ်ဆိုးစိတ်ဝိညာဥ်လက်က ကယ်တယ်...."
"စစ်မှန်မိုးကြိုးဂိုဏ်းတပည့် အားလုံးရှင်းပြပြီးပြီမဟုတ်ဘူးလား။ ကြည့်ရတာ မင်းက လုံးဝနားမထောင်တဲ့ပုံပဲ...."
လုရှီယီ လှောင်ပြောင်လိုက်သည်။
"ဘာကိုရှင်းပြတာလဲ...."
"နတ်ဆိုးစိတ်ဝိညာဥ်လက်ကနေ ငါမင်းကိုကယ်တာ သိသာတဲ့ကိစ္စပဲ...."
"မင်း, ကျေးဇူးမသိတတ်တဲ့ကောင်က ခွေးတွေဝက်တွေထက်တောင် ပိုအရှက်မရှိသေးတယ်။ ကျေးဇူးတင်စကားတောင်မပြောဘူး...."
"ရှင်ဘုရင်ရှေ့မှာတောင် ငါက တရားတယ်...."
ထန်!
သူက ဓားထုတ်ပြီး ဂျန်ဖန်းဆီခုန်ဝင်ကာ လှောင်ပြောင်လိုက်သည်။
"ဒီနေ့ ငါမင်းကို ကျေးဇူးတရားကဘာလဲဆိုတာ သင်ပေးမယ်...."
ဂျန်ဖန်း မျက်လုံးတွေ အေးစက်သွား၏။
ဤကဲ့သို့လူမျိုးနှင့်တိုက်ခိုက်ရမှာပျင်းလွန်း၍ သာမန်အတိုင်းအနက်ရောင်မှန်ကို ပစ်လွတ်လိုက်သည်။
"အခြားလူကိုသင်မပေးခင်, ကိုယ့်ကိုယ်ကို အရင်နားလည်အောင်လုပ်လိုက်အုန်း...."
သူက ဂျန်ဖန်းကို နတ်ဆိုးစိတ်ဝိညာဥ်လက်မှကယ်ခဲ့တာဟု အခိုင်အမာပြောနေခဲ့သည်။
ထိုသို့ဆိုလျှင် သူ့ကို နတ်ဆိုးစိတ်ဝိညာဥ်နှင့် ရင်ဆိုင်ခိုင်းရမည်ပင်။
လွင့်ပစ်ခံလိုက်ရသည့် နတ်ဆိုးစိတ်ဝိညာဥ် ခဏကြောင်သွားပြီးနောက် ရယ်လိုက်သည်။
"ငါက မင်းအတွက်အလုပ်လုပ်ပေးရအုန်းမှာလား...."
"မင်းက ပတ်ဝန်းကျင်ကလူတွေကို ဘယ်လိုအမိန့်ပေးရမလဲဆိုတာ တကယ်သိတာပဲ..."
"ဒါပေမယ့်, ဒီလိုစိတ်ပျက်စရာကောင်မျိုးကို ငါတကယ်မကြိုက်ဘူး...."
အနက်ရောင်မှန် ရယ်လိုက်ပြီး ခြိမ်းခြောက်နေသည့် လုရှီယီကို ရင်ဆိုင်လိုက်သည်။
သူက ရယ်ချင်သည့်အမူအရာတစ်ခုပြသလာ၏။
"ငါမင်းနဲ့ကစားပေးမယ်...."
"မင်းလက်ခံနိုင်ဖို့ မျှော်လင့်တယ်...."