← Chapters

ဟန်စစ်သူကြီးကို သတ်လိုက်သော ထောက်ပို့စစ်သား...

Vol. 1 Ch. 2

ဟန်စစ်သူကြီးကို သတ်လိုက်သော ထောက်ပို့စစ်သား...

Vol. 1 Ch. 2

" ရတနာသေတ္တာကို ဖွင့်မယ်။ " ကျောက်ဖုန်းက အလျင်စလို ပြောလိုက်သည်။

" အဆင့်တစ် ရတနာသေတ္တာကို ဖွင့်လိုက်ပါသည်။ ကာကွယ်ရေးကိုယ်တွင်းချပ်ဝတ် ရရှိပါသည်။ "

" အသက်ကယ်ရတနာပဲ။ ပြန်ရောက်တာနဲ့ ဒါကို ချက်ချင်း ဝတ်ထားရမယ်။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။

ဟန်တပ်ဖွဲ့ခေါင်းဆောင်ထံမှ ရရှိသော စွမ်းရည်များနှင့် ရတနာသေတ္တာက သူ့ကို ပို၍ စိတ်အားထက်သန်သွားစေသည်။ သူက ဟန်အရာရှိအလောင်းများကို ရှာဖွေရန် ပတ်ဝန်ကျင်ကို လှည့်ပတ်ကြည့်နေသည်။

ထိုအချိန်တွင် ကျောက်ဖုန်း၏ တပ်မှူးကလည်း လူအနည်းငယ်နှင့်အတူ အလောင်းများကို ရွှေ့ပြောင်းနေသည်။ သူတို့က အလောင်းတစ်ခုနားသို့ ချဉ်းကပ်သွားပြီး သယ်ဆောင်ရန် ပြင်နေစဉ် အလောင်းတစ်ခု၏ မျက်လုံးတစ်စုံက ရုတ်တရက် ပွင့်လာသည်။

ချင်စစ်သားများ နီးကပ်လာသည်ကို မြင်သောအခါ သူက လက်ထဲမှ ဓားလက်ကိုင်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ ချင်စစ်သားများ ရောက်လာသောအခါ ဟန်စစ်သားအလောင်းက ရုတ်တရက် ခုန်ထလာပြီး ဓားဖြင့် ရှေ့သို့ ထိုးစိုက်လိုက်သည်။

ဓားက တစ်ချက်တည်းဖြင့် ချပ်ဝတ်မပါသော ထောက်ပို့စစ်သားတစ်ယောက်ကို ထိုးဖောက်သွားပြီး ထိုစစ်သားက နာကျင်စွာ အော်ဟစ်လိုက်သည်။ ဟန်စစ်သားက သူ့ကို ကန်ထုတ်ပြီး သွေးစွန်းနေသော ဓားကို ဆွဲထုတ်လိုက်သည်။

ထို့နောက် သူက တုန့်ပြန်နိုင်ခြင်းမရှိသော အခြားစစ်သားများဘက်သို့ လှည့်ပြီး ပြင်းထန်စွာ ပြေးဝင်တိုက်ခိုက်လိုက်သည်။ ရုတ်တရက် ဖြစ်ပျက်သွားသော ထိုအဖြစ်အပျက်ကြောင့် စစ်မြေပြင်ကို ရှင်းလင်းနေကြသော စစ်သားများကလည်း တုန်လှုပ်သွားကြသည်။

သို့သော် ဦးဆောင်နေသော တပ်ခွဲမှူးက ချက်ချင်း အသိပြန်ဝင်လာပြီး ဓားကို ဆွဲထုတ်ကာ အော်ဟစ်လိုက်သည်။ " ရန်သူ သတ်ကြ...."

ပတ်ဝန်းကျင်ရှိ ထောက်ပို့စစ်သားများက ချက်ချင်းစုစည်းလာကြပြီး ဒေါသတကြီးဖြင့် ဓားများဆွဲထုတ်လိုက်ကြသည်။ သူတို့က ထောက်ပို့စစ်သားများဖြစ်ကြသော်လည်း ရန်သူကို သတ်ဖြတ်ပြီ ရာထူးတက်ရန် အခွင့်အရေးရှိကြသည်။

စစ်မြေပြင်ကို ရှင်းလင်းခြင်းက ရှေ့တန်းတွင် တိုက်ခိုက်သကဲ့သို့ အန္တရာယ်မများသော်လည်း သေဟန်ဆောင်နေသော ရန်သူများနှင့် ကြုံတွေ့နိုင်သေးသည်။ ထိုအခြေအနေက အန္တရာယ်များသော်လည်း ဆုလာဘ်ရရှိရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သဘ်။

" သူ့ကို သတ်ကြ။ " တပ်ခွဲမှူးဝေချွမ်က အော်ဟစ်လိုက်သည်။

ချင်စစ်သားဆယ်ယောက်ကျော်က ဟန်စစ်သားဆီသို့ ချက်ချင်း ပြေးဝင်သွားကြသည်။ မလှမ်းမကမ်းတွင် ရှိနေသော ကျောက်ဖုန်းကလည်း ထိုအဖြစ်အပျက်ကို ကြည့်နေခဲ့သည်။

" တစ်နေရာတည်းမှာ သုံးရက်လုံး သေချင်ဟန်ဆောင်ပြီး ရှာဖွေရေးသုံးကြိမ်လုံးကို ရှောင်တိမ်းနိုင်ခဲ့တယ်။ ဒီဟန်စစ်သားက တကယ်ကို သည်းခံနိုင်စွမ်းရှိတာပဲ။ "

စစ်ပွဲတစ်ခုပြီးလျှင် အထူးစစ်သည်များက စစ်မြေပြင်ကို အရင်ဆုံး ရှင်းလင်းကြသည်။ အရှင်းဆုံးပြောရလျှင် ရန်သူစစ်သားတိုင်း သေဆုံးခြင်းရှိမရှိ သေချာစေရန် တစ်ယောက်ချင်းစီကို နောက်ဆုံးအဆုံးသတ်ကြခြင်းဖြစ်သည်။ ထို့နောက် ထောက်ပို့တပ်ဖွဲ့က နှစ်ကြိမ် ထပ်မံရှာဖွေရသည်။

ထိုဟန်စစ်သားက ယခုအချိန်ထိ အသက်ရှင်နေခြင်းမှာ အမှန်တကယ်ပင် ရှားပါးသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ ချင်စစ်သားဆယ်ယောက်ကျော်က ဆုလာဘ်များရရှိရန်အတွက် ဟန်စစ်သားကို သတ်ဖြတ်ရန် ဝန်းရံထားသည်ကို ကြည့်ပြီး ကျောက်ဖုန်းကလည်း တဖြည်းဖြည်း ချဉ်းကပ်သွားသည်။

ဟန်စစ်သားက သေဆုံးရန် သေချာသလောက်ရှိနေသောကြောင့် ကျောက်ဖုန်းက ထိုဆုလာဘ်ကို လုယူရန် ရည်ရွယ်ချက်မရှိပေ။ သို့သော် ကျောက်ဖုန်းနှင့် အခြားချင်စစ်သားများက ဟန်စစ်သားကို လျှော့တွက်ခဲ့မိသည်။

သူက ပတ်ဝန်ကျင်ကို ဝှေ့ကြည့်ပြီး သူ၏ အကြည့်က နောက်မှ ညွှန်ကြားနေသော တပ်မှူးဝေချွမ်ဆီတွင် ရပ်တန့်သွားသည်။ သူက အရှိန်အဟုန်ဖြင့် ရှေ့တက်သွားသည်။ သူက သူ၏ ရှေ့ရှိ ချင်စစ်သားကို ဓားတစ်ချက်ဖြင့် ခုတ်သတ်လိုက်ပြီး တပ်မှူးဝေချွမ်ဆီသို့ တိုက်ရိုက်ပြေးဝင်သွားသည်။

သူက သာမန်ဟန်စစ်သားမဟုတ်သည်မှာ ထင်ရှားပြီး အရာရှိကို အရင်သတ်ရမည်ကို သိထားသည်။ တပ်မှူးဝေချွမ်က သူ၏ ဓားကို မြှောက်ပြီး တိုက်ခိုက်မှုကို တုန့်ပြန်လိုက်သည်။ သို့သော် သူတို့ဓားချင်းထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် ဟန်စစ်သားက အံ့အားသင့်ဖွယ် အမြန်နှုန်းကို ထုတ်ဖော်လိုက်သည်။

သူက ဆတ်ခနဲ ရှောင်လိုက်ပြီး ကန်ချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။ ဝေချွမ်က ထိုကန်ချက်ကြောင့် နောက်လှန်လဲကျသွားပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။

ဟန်စစ်သား၏ မျက်လုံးများက သွေးရောင်များဖြင့် တောက်ပနေသည်။ သူ၏ ဓားကို ဆုပ်ကိုင်ကာ အထက်သို့ မြှောက်လိုက်ပြီး တပ်မှူးဝေချွမ်ကို ခုတ်ပိုင်းရန် ပြင်လိုက်သည်။ ပတ်ဝန်းကျင်ရှိ စစ်သားများက ရှေ့သို့ ပြေးတက်လာကြသော်လည်း အချိန်မမီတော့ပေ။

" မကောင်းတော့ဘူး။ ဒီလိုလှုပ်ရှားမှုမျိုးက သာမန်ဟန်စစ်သားတစ်ယောက် မဖြစ်နိုင်ဘူး။ " ကျောက်ဖုန်းက တစ်စုံတစ်ခုမှားယွင်းနေသည်ကို သိလိုက်သည်။

သူက လက်ထဲမှ ဓားကို ကြည့်ပြီး ဟန်စစ်သားဆီသို့ အားကုန်ပစ်ပေါက်လိုက်သည်။

ဝှစ်...

ထက်ရှသော ဓားက လေထဲသို့ ဖြတ်သန်းသွားပြီး ပစ်မှတ်ဆီသို့ တိုက်ရိုက်ပျံသန်းသွားသည်။

စွပ်...

ဟန်စစ်သားက တပ်ခွဲမှူးဝေချွမ်ကို သတ်ရန် ပြင်နေစဉ် သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူ၏ မျက်လုံးများထဲတွင် နာကျင်မှုများဖြင့် ပြည့်နှက်သွားသည်။ သူက ရင်ဘတ်ကို ထိုးဖောက်နေသော သွေးစွန်းနေသည့် ဓားကို မယုံကြည်နိုင်စွာဖြင့် ငုံ့ကြည့်လိုက်သည်။

သူ၏ လက်ထဲမှ ဓားက ဖြည်းညင်းစွာ လွတ်ကျသွားပြီး သူ၏ ခန္ဓာကိုယ်က ယိမ်းထိုးကာ လဲကျသွားသည်။ တပ်မှူးဝေချွမ်က သေဘေးမှ လက်မတင်လေး လွတ်မြောက်သွားခဲ့သည်။

" ဟန်စစ်သူကြီး တစ်ယောက်ကို သတ်လိုက်ပါသည်။ ခွန်အား ၂၀မှတ်၊ အမြန်နှုန်း ၂၀မှတ်၊ ခံနိုင်ရည် ၂၀မှတ်၊ စိတ်ဝိညာဉ် ၂၀မှတ်၊ သက်တမ်း ၂၀မှတ် ရရှိပါသည်။ "

" စွမ်းရည်အားလုံး ၂၀၀ မှတ်ကျော်သွားပြီး အဆင့်တစ်ရတနာသေတ္တာတစ်ခုကို ရရှိပါသည်။ "

ကျောက်ဖုန်းက ၎င်းကို မြင်သောအခါ အံ့ဩသွားသည်။

" ဒီကောင် အဲ့လောက်သန်မာနေတာ ဟန်စစ်သူကြီးတစ်ယောက် ဖြစ်နေတာကိုး။ ပြီးတော့ ငါက အလောင်းတွေ ထိရုံနဲ့တင် စွမ်းရည်တွေရတာမဟုတ်ဘဲ ရန်သူတွေကို သတ်ရင်လည်း ရနိုင်တာပဲ။ အခု ငါ့စွမ်းရည်တွေ အားလုံး ၂၀၀ ကျော်သွားပြီ။ "

တပ်မှူးဝေချွမ်က ထိတ်လန့်စွာဖြင့် ထရပ်လိုက်ပြီး သူကို သတ်ရန် ကြိုးစားခဲ့သော ဟန်စစ်သားကို စစ်ဆေးကြည့်လိုက်သည်။ ထိုသူ၏ ခါးမှ စစ်တပ်တံဆိပ်ကို ဆွဲထုတ်လိုက်သည်။

" တပ်ခွဲမှူး အဆင်ပြေရဲ့လား။ "

" ဒီဟန်စစ်သားက တကယ်ရက်စက်တာပဲ။ "

" သူက ငါတို့ ညီကိုနှစ်ယောက်ကို သတ်ခဲ့တယ်။ " စစ်သားတစ်ယောက်က ဒေါသတကြီး ပြောလိုက်ပြီး မြေပြင်ပေါ်ရှိ ဟန်စစ်သားကို ကန်လိုက်သည်။

" သူက သာမန်ဟန်စစ်သားမဟုတ်ဘူး။ " တပ်ခွဲမှူးဝေချွမ်းက သူ၏ လက်ထဲမှ တံဆိပ်ကို ကြည့်ပြီး ပြောလိုက်သည်။ ထို့နောက် သူက စုဝေးနေကြသော စစ်သားများကို ကြည့်ပြီး ကျယ်လောင်စွာ မေးလိုက်သည်။

" ဒီဓားကို ဘယ်သူပစ်လိုက်တာလဲ။ "

တပ်မှူးဝေချွမ်၏ အော်ဟစ်သံကို ကြားလိုက်ရသော ပတ်ဝန်းကျင်မှ စစ်သားများက လှည့်ပတ်ကြည့်လိုက်ကြပြီး သူတို့၏ အကြည့်က ပေတစ်ရာအကွာမှ ကေ​ကျောက်ဖုန်းဆီသို့ ရောက်သွားကြသည်။ တပ်ခွဲမှူးဝေချွမ်က အခြေအနေကို နားလည်သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" ကျောက်ဖုန်း ကောင်းလိုက်တဲ့ ပစ်ချက်။ ငါ အဲ့ဒီခွေးကောင်းလက်ချက်ကြောင့် ငရဲမင်းဆီ ရော်တော့မလို့ပဲ။ "

" တပ်ခွဲမှူး အသက်ရှင်တာ ကောင်းပါတယ်။ ကျွန်တော် အလောင်းတွေ ပြန်သယ်လိုက်ဦးမယ်။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။ ယခု သူ၏ စွမ်းရည်အားလုံး ၂၀၀ ကျော်သွားပြီဖြစ်သော​ကြောင့် သူက စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။ ထို့အပြင် သူက ရတနာသေတ္တာတစ်ခုကိုလည်း ရရှိထားသည်။

" ကျောက်ဖုန်း..." တပ်ခွဲမှူးဝေချွမ်က စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်သည်။ " အဲ့ဒီမှာ ရပ်လိုက်။ မင်း ခုနက သတ်လိုက်တာ ဘယ်သူလဲဆိုတာ သိလား။ "

" တပ်ခွဲမှူး အဲ့ဒါ ဟန်စစ်သားတစ်ယောက် မဟုတ်ဘူးလား။ " ပတ်ဝန်းကျင်မှ စစ်သားများက တပ်ခွဲမှူးဝေချွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

မြေပေါ်တွင် လဲကျနေသော ဟန်စစ်သားက သာမန်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ထူးခြားမှုတစ်စုံတစ်ရာမရှိပေ။ ကျောက်ဖုန်းက ရပ်ပြီး ဝေချွမ်ကို ကြည့်လိုက်သည်။

ဝေချွမ်က သူ၏ လက်ထဲမှ စစ်တပ်တံဆိပ်ကို မြှောက်ပြပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" ဒီလူက ဟန်နိုင်ငံ စစ်သေနာပတိချုပ် ပေါင်ယွမ်ရဲ့သား ပေါင်ချိုးပဲ။ သူက စစ်သည်သောင်းချီကို ထိန်းချုပ်ပြီး ဟန်နယ်စပ်ကို စောင့်ရှောက်နေတာပဲ။ ငါတို့ ချင်စစ်တပ်က နယ်စပ်ကို ထိုးဖောက်နိုင်ခဲ့ပေမယ့် သူ့ကို မဖမ်းမိခဲ့ဘူး။ သူက အလောင်းပုံထဲမှာ သေဟန်ဆောင်နေလိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့မိဘူး။ "

" ကျောက်ဖုန်း မင်းက တကယ်အကျိုးဆောင်ခဲ့တာပဲ။ " သူက ဆက်ပြောလိုက်သည်။ " မင်းက စစ်သူကြီးတစ်ယောက်ကို သတ်လိုက်တာပဲ။ သူက သာမန်စစ်သူကြီးတစ်ယောက်မဟုတ်ဘူး။ ဟန်စစ်သေနာပတိချုပ် ပေါင်ယွမ်ရဲ့သားပဲ။ "

ထို့နောက် ဝေချွမ်က စစ်တပ်တံဆိပ်ကို ကျောက်ဖုန်းဆီသို့ လှမ်းပစ်ပေးလိုက်သည်။ ကျောက်ဖုန်းက ၎င်းကို ဖမ်းယူကြည့်လိုက်ရာ ဟန်စာလုံးဖြင့် ရေးသားထားသော ပေါင်ချိုး ဟူသည့် အမည်ကို တွေ့လိုက်ရသည်။

စစ်မြေပြင်တွင် စစ်တပ်တံဆိပ်က လူတစ်ယောက်၏ အထောက်အထားကို ခွဲခြားနိုင်သော တစ်ခုတည်းသော သက်သေဖြစ်သည်။ ဝေချွမ်၏ စကားကို ကြားသောအခါ ကျောက်ဖုန်းက တည်ငြိမ်နေသော်လည်း ပတ်ဝန်းကျင်ရှိ စစ်သားများက မှင်သက်သွားကြသည်။

" ဘုရားရေ..."

" ဟန်စစ်သူကြီးတစ်ယောက်က ကျောက်ဖုန်းလက်ထဲမှာ သတ်ခံလိုက်ရတာလား။ "

" ဒီစွမ်းဆောင်မှုက ကျောက်ဖုန်းကို ရာထူးတက်စေနိုင်တယ်မဟုတ်လား။ "

" စစ်သူကြီးတစ်ယောက်ကို သတ်လိုက်တာဆိုတော့ သူက ရာထူးတက်ရုံတင်မကဘူး။ ဘွဲ့ထူးတွေပါ ရနိုင်တယ်။ "

ပတ်ဝန်းကျင်ရှိ စစ်သားများက ကျောက်ဖုန်းကို လေးစားအားကျစွာ ကြည့်လိုက်ကြသည်။ ထိုကဲ့သို့သော ကြီးမြတ်သည့် စွမ်းဆောင်မှုကို မလိုချင်မည့်သူမရှိပေ။

All Chapters