← Chapters

စစ်သေနာပတိချုပ်ဝမ်ကျန့်...

Vol. 1 Ch. 3

စစ်သေနာပတိချုပ်ဝမ်ကျန့်...

Vol. 1 Ch. 3

ချင်စစ်တပ်တွင် တိုက်ပွဲဝင်သော စစ်သည်များကို အထူးစစ်သည်များဟု ခေါ်ဆိုကြသည်။ တိုက်ပွဲတစ်ခုကို ပါဝင်ရုံမျှဖြင့် သူတို့က ပထမအဆင့် ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိကြသည်။

သို့သော် ထောက်ပို့စစ်သားများက ဘွဲ့ထူးများရရှိရန် အခွင့်အရေးမရှိသည့်အပြင် အထူးစစ်သည်တစ်ယောက်၏ တစ်နှစ်စာလစာထက် ထက်ဝက်သာ ရရှိကြသည်။ ၎င်းက လုပ်သလောက်ရသည့် သဘောပင်ဖြစ်သည်။ အထူးစစ်သည်များက စစ်မြေပြင်တွင် အသက်ရင်း၍ တိုက်ခိုက်ရသော်လည်း ထောက်ပို့စစ်သညးများက အန္တရာယ်သိပ်မရှိကြပေ။

" မင်းက ဒီလောက်ကြီးမားတဲ့ ကိစ္စကို လုပ်ထားတာတောင် ဝမ်းမသာဘူးလား။ " တပ်ခွဲမှူးဝေချွမ်က ကျောက်ဖုန်းအနီးသို့ သွား၍ နားမလည်နိုင်စွာ ပြောလိုက်သည်။

" တပ်မှူး " ကျောက်ဖုန်းက ပြုံး၍ စစ်တပ်တံဆိပ်ကို ဝေချွမ်အား ပြန်ပေးလိုက်သည်။ " ဒါက တပ်ခွဲမှူးကို ကယ်တင်ဖို့ ကျွန်တော်တာဝန်အတိုင်း လုပ်လိုက်တာပါ။ တခြားဘာမှမစဉ်းစားမိပါဘူး။ "

" တပ်ခွဲမှူး လွတ်လာပြီဆိုတော့ ကောင်းကောင်း အနားယူလိုက်ပါဦး။ ကျွန်တော် အလောင်းတွေ သယ်လိုက်ပါဦးမယ်။ " ကျောက်ဖုန်းက လှည်းကိုယူပြီး ထွက်ခွာသွားသည်။ စစ်သူကြီးတစ်ယောက်ကို သတ်ဖြတ်ခြင်းမှ ဆုလာဘ်များအပေါ် ကျောက်ဖုန်းက စွမ်းရည်များစုဆောင်းခြင်းလောက် စိတ်မဝင်စားပေ။

" မင်းကတော့..." ဝေချွမ်က ထွက်ခွာသွားသော ကျောက်ဖုန်းကို ကြည့်ပြီး မသက်မသာ ပြုံးလိုက်သည်။

" လူနည်းနည်းလာကြစမ်း။ " တပ်ခွဲမှူးဝေချွမ်က အမိန့်ပေးလိုက်သည်။ " ပေါင်ချိူးရဲ့ အလောင်းကို သယ်ခဲ့ကြ။ ငါတို့ ဒါကို တပ်ရင်းမှူးဆီ သတင်းပို့ရမယ်။ "

" ဟုတ်ကဲ့။ " စစ်သားအနည်းငယ်က ချက်ချင်း ပြန်ပြောပြီး ပေါင်ချိုး၏ အလောင်းကို သယ်လိုက်ကြသည်။ ထို့နောက် သူတို့က တပ်ရင်းမှူးကို သတင်းပို့ရန် ထွက်ခွာသွားကြသည်။

" အသက်ရှင်ကျန်တဲ့သူတွေ ကျန်နေဦးမှာပဲ။ သေချာရှာကြ။ " တပ်ခွဲမှူးဝေချွမ် ထွက်သွားပြီးနောက် စစ်သားများက စိတ်အားတက်ကြွသွားပြီး အလောင်းများကို စတင်ရှာဖွေကြသည်။

သို့သော် စစ်သူကြီးကို အမှန်တကယ် သတ်ခဲ့သော ကျောက်ဖုန်းကတော့ အလောင်းများကို သယ်ဆောင်ပြီး စွမ်းရည်များကို အေးအေးဆေးဆေး စုဆောင်းနေခဲ့သည်။

အမည် - ကျောက်ဖုန်း

အသက် - ၁၅ နှစ်

ခွန်အား - ၃၁၆

အမြန်နှုန်း - ၂၀၆

ခံနိုင်ရည် - ၂၀၈

စိတ်ဝိညာဉ် - ၂၀၁

သက်တမ်း - ၈၆နှစ် ၆၈ရက်

သိုလှောင်နေရာ - ၂ ကုဗမီတာ။

" အခု ငါ့ရဲ့ ခွန်အားက ပေါင်သုံးရာကျော်နေပြီ။ လူတစ်ယောက်ကို လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်လို့ရပြီ။ ငါ့ရဲ့ အမြန်နှုန်းက သာမန်လူထက် နှစ်ဆမြန်နေပြီ။ "

" ပြီးတော့ စိတ်ဝိညာဉ်က သဘာဝရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို ပိုမြန်မြန် ခံစားနိင်တယ်လို့ ပြောထားတယ်။ ငါ အရင်ဘဝက ကျင့်ကြံခြင်းဝတ္ထုတွေ အများကြီး ဖတ်ဖူးတယ်။ ဒါဆို ငါ အနာဂတ်မှာ ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ဆိုလိုတာမဟုတ်လား။ " ကျောက်ဖုန်းက သူ၏ စွမ်းရည်များကို ကြည့်ပြီး အလွန်ဝမ်းသာနေသည်။

ချင်စစ်တပ်၏ ပင်မစခန်း။

ချင်ဘုရင် ရင်ကျန်းက ဟန်နိုင်ငံကို တိုက်ခိုက်ရန်အတွက် လန်ထျန်စခန်းသို့ ချီတက်ရန် အမိန့်ပေးခဲ့သည်။ စစ်သူကြီး လီထန်က စစ်သည်အင်အားတစ်သိန်းကို ဦးဆောင်တိုက်ခိုက်ခဲ့ပြီး စစ်သေနာပတိချုပ် ဝမ်ကျန့်က ချင် ဟန်နယ်စပ်မှ နေ၍ စစ်ပွဲကို ကိုယ်တိုင်ကြီးကြပ်ခဲ့သည်။

" အဖေ " လန်ထျန်စခန်း၏ စစ်သူကြီးတစ်ယောက်ဖြစ်သော ဝမ်ပင်းက စိတ်လှုပ်ရှားစွာဖြင့် အစီရင်ခံလိုက်သည်။

" စစ်ပွဲရဲ့ အရှိန်အဟုန်က မြင့်တက်လာပြီ။ စစ်သူကြီး လီထန်က ယန်မြို့ကို ရောက်နေပါပြီ။ သုံးလအတွင်း ဟန်နိုင်ငံဆိုတာ ရှိတော့မှာမဟုတ်ဘူး။ "

" ဟန်နိုင်ငံက သေးငယ်သလို စစ်အင်အားကလည်း တစ်သိန်းပဲရှိတယ်။ အရှင်မင်းကြီးက ဘာလို့ လန်ထျန်းစခန်းတစ်ခုလုံးကို ချီတက်ခိုင်းတာလဲဆိုတာ မင်းသိလား။ " ဝမ်ကျန့်က ပြုံး၍ မေးလိုက်သည်။

" အရှင်မင်းကြီးက တစ်ကမ္ဘာလုံးကို စုစည်းဖို့ ရည်ရွယ်ထားတာကြာပါပြီ။ " ဝမ်ပင်းက ချက်ချင်း ပြန်ဖြေလိုက်သည်။

" ဟန်ကို ချေမှုန်းဖို့က ငါတို့လန်ထန်ရဲ့ တပ်မတစ်ခုတည်းနဲ့ လုံလောက်တယ်။ ဒါပေမယ့် ကျောက်နဲ့ ဝေနိုင်ငံတွေကို တိုက်ခိုက်ဖို့အတွက် လန်ထျန်စခန်းရဲ့ အင်အားအပြည့်အဝကို လိုအပ်တယ်။ "

" မင်းဒီအချက်ကို မြင်နိုင်တာ ကောင်းပါတယ်။ " ဝမ်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

" ချင်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဟန်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်။ ငါတို့ ဒီနေ့လို အလစ်ငိုက်တိုက်ခိုက်ဖို့ အချိန်ကောင်းကို စောင့်နေခဲ့တာပဲ။ "

ထိုစဉ်အပြင်ဘက်မှာ အသံတစ်သံထွက်ပေါ်လာသည်။

" အစီရင်ခံပါတယ်။ " ယုံကြည်ရသော လက်ထောက်တစ်ယောက်က တဲထဲသို့ ပြေးဝင်လာသည်။ " စစ်သေနာပတိချုပ် ထောက်ပို့တပ်ဖွဲ့က သတင်းကောင်းပေးပို့လာပါတယ်။ "

" ပြောစမ်း။ " ဝမ်ကျန့်က လက်ဝှေ့ရမ်းလိုက်သည်။

" ထောက်ပို့တပ်ဖွဲ့က ပေါင်ချိုးကို တွေ့ရှိခဲ့ပါတယ်။ " လက်ထောက်က ရိုသေစွာ အစီရင်ခံလိုက်သည်။ " အလောင်းက အပြင်ဘက်မှာ ရောက်နေပါပြီ။ "

" လေးရက်တောင် ရှိသွားပြီ။ နောက်ဆုံးတော့ သူ့ကို တွေ့ပြီပေါ့။ " ဝမ်ကျန့်က ချက်ချင်း ထရပ်ပြီး ပြောလိုက်သည်။ " သွားကြည့်ရအောင်။ "

ဝမ်ပင်းကလည်း နောက်မှ ကပ်၍ လိုက်ပါသွားသည်။ တဲ၏ အပြင်ဘက်တွင် ပေါင်ချိုး၏ အလောင်းကို ချထားပြီး သွေးစွန်းနေသော ဓားတစ်လက်က သူ၏ ရင်ဘတ်တွင် စိုက်ဝင်နေဆဲ ဖြစ်သည်။

" သူက အခုလေးတင် သေသွားတာလား။ " ဝမ်ကျန့်က အလောင်းကို ကြည့်ပြီး သွေးကွက်များ မခြောက်သေးသည်ကို သတိပြုမိလိုက်သည်။

" စစ်သေနာပတိချုပ် ဒါက ​ထောက်ပို့တပ်ဖွဲ့က တပ်မှူးပါ။ သူ့ရဲ့ တပ်ဖွဲ့က ပေါင်ချိုးကို ရှာတွေ့ခဲ့တာပါ။ " လက်ထောက်က ပြောလိုက်သည်။

" ပေါင်ချိုးကို ဘယ်သူသတ်လိုက်တာလဲ။ " ဝမ်ကျန့်က တပ်စုမှူးကို ကြည့်ပြီး မေးလိုက်သည်။

" စစ်သေနာပတိချုပ်ကို အစီရင်ခံပါတယ်။ " တပ်စုမှူးက ပြန်ဖြေလိုက်သည်။ " ကျွန်တော်တပ်ဖွဲ့က ထောက်ပို့ စစ်သားတစ်ယောက် သတ်လိုက်တာပါ။ "

ချင်စစ်တပ်၏ စစ်တပ်စွမ်းဆောင်မှုဆုလာဘ်များက စည်းကမ်းတင်းကျပ်လှသည်။ စစ်သည်များအချင်းချင်း စောင့်ကြည့်နေရုံသာမက စစ်ရေးအောင်မြင်များကို ကြီးကြန်ရန်အတွက် သီးသန့်တာဝန်ပေးထားသော အရာရှိများလည်း ရှိသည်။စစ်တပ်စွမ်းဆောင်မှုများကို မဟုတ်မမှန်တင်ပြသူ သို့မဟုတ် အဓမ္မလုယူသူများကို ပြင်းထန်သော ပြစ်ဒဏ်များ ပေးအပ်မည်ဖြစ်သည်။

" ပေါင်ချိုးက မင်းတို့ ထောက်ပို့တပ်ဖွဲ့က စစ်သားတစ်ယောက်ရဲ့ လက်ချက်နဲ့ သေသွားတာလား။ " ဝမ်ပင်းက အံ့အားသင့်စွာ မေးလိုက်သည်။

" စစ်သူကြီးဝမ် အဲ့ဒါက အမှန်ပါပဲ။ " တပ်စုမှူးက ချက်ချင်း ပြန်ဖြေလိုက်သည်။

" ပေါင်ချိုးက သူ့ရဲ့ ချပ်ဝတ်ကို ချွတ်ပြီး အလောင်းတွေကြားမှာ သေဟန်ဆောင်နေတာပါ။ " တပ်စုမှူးက အဖြစ်အပျက်များကို ပြောပြလိုက်သည်။

" အော် ပေါင်ချိုး ပေါင်ချိုး.... ချင်ရဲ့ ထောက်ပို့စစ်သားတစ်ယောက်ရဲ့ လက်ထဲမှာ သေရတာ မင်းရဲ့ အဆုံးသတ်က တကယ် သနားစရာကောင်းလှပါလား။ " ဝမ်ပင်းက ပွင့်လျက်ရှိနေသော ပေါင်ချိုး၏ မျက်လုံးများကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

ထောက်ပို့စစ်သားများက တိုက်ခိုက်ရေးသမားများ မဟုတ်ဘဲ စစ်မြေပြင်ရှင်းလင်းခြင်းနှင့် ဒဏ်ရာရသူများကို ပြုစုစောင့်ရှောက်ခြင်းကဲ့သို့ အထွေထွေအလုပ်များကို လုပ်ကိုင်ရသူများဖြစ်ကြသည်။ ဟန်စစ်သူကြီးအနေဖြင့် ထောက်ပို့စစ်သားတစ်ယောက်၏ လက်ထဲတွင် သေဆုံးရခြင်းမှာ အမှတ်တကယ်ပင် အရှက်ရဖွယ်ဖြစ်သည်။

" သူ့ကို သယ်သွားပြီး ဟန်စစ်သားတွေနဲ့အတူ မြှုပ်နှံပေးလိုက်။ " ဝမ်ကျန့်က ပေါင်ချိုးကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

" ပေါင်ချိုးကို သတ်လိုက်တဲ့ စစ်သားကို ဆုလာဘ်စနစ်အတိုင်းပဲ စစ်တပ်ရာထူးသုံးခုနဲ့ ဘွဲ့အဆင့်တစ်ဆင့် တိုးပေးလိုက်။ " ဝမ်ကျန့်က ပြောပြီးနောက် တဲထဲသို့ ပြန်ဝင်သွားသည်။

စစ်သေနာပတိချုပ် ဖြစ်သော သူ့အတွက်မူ ထိုကိစ္စက သာမန်ကိစ္စလေးမျှသာဖြစ်သည်။ ၎င်းက ပေါင်ချိုးအတွက် ကံဆိုးမှုတစ်ခုဖြစ်ပြီး သူ့ကို သတ်ခဲ့သော ထောက်ပို့စစ်သားအတွက်မူ ကြီးမားသော ကံကောင်းမှုပင်ဖြစ်သည်။

" နားလည်ပါပြီ။ " တပ်စုမှူးက ချက်ချင်း အမိန့်နာခံပြီး ထွက်ခွာသွားသည်။

" တိုက်ပွဲအစီအရင်ခံစာတွေနဲ့ ဆုံးရှုံးမှုတွေကို စာရင်းတွက်ပြီးပြီလား။ " ဝမ်ကျန့်က မေးလိုက်သည်။

" စာရင်းတွေအားလုံး အတည်ပြုပြီးပါပြီ။ ဒီနေ့ရှန်ယန်ကို ပေးပို့မှာပါ။ " ဝမ်ပင်းက ပြန်ဖြေလိုက်သည်။

" ပေါင်ချိုးကို ငါတို့ ​ထောက်ပို့စစ်သားတစ်ယောက်က သတ်လိုက်တဲ့ အကြောင်းပါ ထည့်ရေးလိုက်။ အဲ့ဒါက အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့ ပုံပြင်တစ်ပုဒ်ဖြစ်လိမ့်မယ်။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ဝမ်ပင်းက ခေါင်းညိမ့်လိုက်သည်။

" ဒါနဲ့ ယန်အာရော ဘယ်မှာလဲ။ " ဝမ်ကျန့်က ရုတ်တရက် မေးလိုက်သည်။

ဝမ်ပင်းက တုန့်ဆိုင်းသွားပြီး ဘာပြောရမှန်းမသိဖြစ်သွားသည်။

" ဟမ့် ပြောစမ်း။ " ဝမ်ကျန့်က မျက်မှောင့်ကြုတ်သွားပြီး အမိန့်ပေးလိုက်သည်။

" သူမက စစ်သူကြီးလီထန်နဲ့အတူ ယန်မြို့ကို လိုက်သွားပါတယ်။ " ဝမ်ပင်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

" မင်း သူမကို စောင့်ကြည့်နေတာမဟုတ်ဘူးလား။ " ဝမ်ကျန့်က အနည်းငယ် ဒေါသထွက်သွားပြီး မေးလိုက်သည်။

" အဖေ ယန်အာရဲ့ စိတ်ကို အဖေလည်း သိနေတာပဲ။ " ဝမ်ပင်းက ပြန်ပြေလိုက်သည်။ " အဖေ အစကတည်းက သူမကို စစ်တပ်နဲ့အတူ လိုက်ခွင့်မပေးသင့်ဘူး။ "

ထိုစကားကို ကြားသောအခါ ဝမ်ကျန့်ကလည်း ကူကယ်ရာမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

" ငါကရော သူမကို ခေါ်ချင်ပါ့မလား။ ငါတို့ စစ်ချီတော့မယ်လို့ ကြားကတည်းက သူမက ငါ့ကို တောက်လျှောက်ပူဆာနေတာ။ "

" စိတ်မပူပါနဲ့ အဖေရာ။ " ဝမ်ပင်းက ပြုံး၍ ပြောလိုက်သည်။

" အဖေရဲ့ လက်ရွေးစင်စစ်သည်ငါးရာက သူမကို ကာကွယ်ပေးထားသလို စစ်သူကြီးလီထန်ကလည်း သူမကို စောင့်ရှောက်ပေးမှာပါ။ "

" တော်ပြီ။ " ဝမ်ကျန့်က အနည်းငယ် စိတ်ပျက်စွာ ပြောလိုက်သည်။

" တော်ပြီ။ " ဝမ်ကျန့်က စိတ်ပျက်စွာ ပြောလိုက်သည်။ " သူမ ပျော်သလို နေပါစေတော့။ ဒီစစ်ဆင်ရေးပြီးမှ သူမကို အိမ်ထောင်ချပေးပြီး ယောက္ခမအိမ်မှာပဲ နေခိုင်းတော့မယ်။ "

ဝမ်ပင်းက ရယ်လိုက်သည်။ " အဖေ တကယ်လုပ်ရက်လို့လား။ ပြီးတော့ ယန်အာအကြောင်းကို ရှန်ယန်တစ်ခုလုံးသိနေတာပဲ။ ဘယ်သူက သူမကို မျက်စိကျမှာလဲ။ "

All Chapters