ချင်ဥပဒေက သာမန်လူတွေကို ပစ်မှတ်ထားတယ်...
Vol. 1 Ch. 4
ညဉ့်နက်ပိုင်းတွင် နယ်စပ်စစ်မြေပြင်ရှိ အလောင်းများအားလုံးကို ရှင်းလင်းပြီးနောက် ထောက်ပို့စစ်သားထောင်ချီက အနားယူရန် စခန်းသို့ ပြန်လာကြသည်။ တဲအပြင်ဘက်ရှိ မီးပုံတစ်ခု၏ ဘေးတွင် ဝေချွမ်နှင့် ကျောက်ဖုန်းတို့ ထိူင်နေကြပြီး မီးပုံပေါ်တွင် အသားတုံးတစ်တုံးကို ကင်နေကြသည်။
" ကျောက်ဖုန်း " ဝေချွမ်က စကားပြောလိုက်သည်။
" ဘာဖြစ်လို့လဲ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။
" မင်း နည်းနည်းလေးတောင် စိတ်မလှုပ်ရှားဘူးလား။ " ဝေချွမ်က မေးလိုက်သည်။
" ဘာလို့စိတ်လှုပ်ရှားရမှာလဲ။ " ကျောက်ဖုန်းက နားမလည်ဘဲ ပြန်မေးလိုက်သည်။
" မင်း ဒီနေ့ ပေါင်ချိုးကို သတ်ပြီး ကြီးမားတဲ့ စွမ်းဆောင်မှုတစ်ခုကို လုပ်ခဲ့တာလေ။ အဲ့ဒါက မင်း ရာထူးတောင်တက်သွားနိုင်တယ်။ " ဝေချွမ်က အံ့ဩစွာဖြင့် ပြန်ဖြေလိုက်သည်။ " မင်းက ဘာလို့ ဒီလောက် တည်ငြိမ်နေတာလဲ။ "
" ကျွန်တော်က ရာထူးအရမ်းတက်ချင်နေတာမှမဟုတ်တာ။ " ကျောက်ဖုန်းက ရိုးရိုးသားသား ပြောလိုက်သည်။
" ရာထူးတက်ရင် မင်းရဲ့ လစာနှစ်ဆတိုးလာမယ်ဆိုတာ မင်းမသိဘူးလား။ ပြီးတော့ ဘွဲ့ထူးတစ်ခုရရင် မင်း မြေကွက်တွေပါရမှာလေ။ "
" သိပါတယ်။ "ကျောက်ဖုန်းက ရယ်လိုက်သည်။ " ဒါပေမယ့် ရာထူးတက်တာ ဘာများထူးခြားသွားလို့လဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က စစ်မှုထမ်းသက်နှစ်နှစ်ပြည့်ရင် အိမ်ပြန်ပြီး ကျွန်တော်အမေနဲ့ ညီမလေးကို စောင့်ရှောက်ရမှာပဲ။ ကျွန်တော် စစ်မြေပြင်မှာ အသေမခံနိုင်ဘူး။ "
" မင်းက အခြားသူတွေနဲ့ တကယ်မတူဘူးပဲ။ " ဝေချွမ်က သက်ပြင်းချလိုက်သည်။
" ကျွန်တော်က အခြားသူတွေနဲ့ မတူတာမဟုတ်ပါဘူး။ အသက်ရှင်ရတာကို တန်ဖိုးထားပြီး သေမှာကြောက်ရုံပါပဲ။ ဘယ်ရာထူးက အသက်ရှင်သွားရင် တန်ဖိုးရှိသေးလို့လဲ။ "
" တပ်ခွဲမှူးက စစ်ထဲဝင်တာ ဘယ်လောက်ကြာပြီလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ငါ့အသက် ၁၅နှစ်မှာ စစ်ထဲဝင်ခဲ့တာဆိုတော့ အခုဆို ရှစ်နှစ်လောက်တော့ ရှိပြီပေါ့။ " ဝေချွမ်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" ဖြစ်နိုင်ရင် ငါ ဒီမှာပဲ အမြဲတမ်းနေသွားချင်တယ်။ ဒီကလစာရမှ ငါမိသားစုကို နှစ်တိုင်းထောက်ပံ့နိုင်လိမ့်မယ်။ အခုခေတ်က အသက်ရှင်ရတာမလွယ်ဘူး။ ငါ့လစာသာမရှိ ငါ့မိသားစုက ငတ်သေသွားလိမ့်မယ်။ "
ကျောက်ဖုန်းက ဘာမှမပြောပေ။ ဤခေတ်ကာလအတွင်း လူတိုင်း ဝဝလင်လင် စားသောက်နိုင်ရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ လူများသေဆုံးကြခြင်းက သာမန်ဖြစ်ပြီး အထူးသဖြင့် ဆောင်းရာသီဆိုလျှင် လူများစွာက အအေးမိပြီး သို့မဟုတ် ငတ်ပြီး သေဆုံးကြသည်။
ကျောက်ဖုန်းက သူ၏ မွေးရပ်မြေတွင် မြေဧကတစ်ဧကကျော်သာ ရှိသော်လည်း သူတို့မိသားစု သုံးယောက်အတွက် လုံလောက်ပေသည်။ ထို့အပြင် ကျောက်ဖုန်းက လူငယ်တစ်ယောက်ဖြစ်သောကြောင့် တောင်ပေါ်သို့ တက်၍ အမဲလိုက်နိုင်ပြီး မကြာခဏ အသားများ ယူဆောင်လာလေ့ရှိသည်။
" ကျောက်ဖုန်း " ဝေချွမ်က ပြောလိုက်သည်။
" ပြောပါ တပ်ခွဲမှူး။ " ကျောက်ဖုန်းက ပြန်ဖြေသည်။
" ငါ့ကို တပ်ခွဲမှူးလို့ ခေါ်မနေနဲ့။ ငါမင်းထက် ဆယ်နှစ်လောက်ပဲ ကြီးတာ။ ငါ့ကို အကိုဝေလို့ခေါ်လို့ရတယ်။ " ဝေချွမ်က ပြုံး၍ ပြောလိုက်သည်။
" အကိုဝေ " ကျောက်ဖုန်းက ရယ်လိုက်သည်။
" အဲ့လိုမှပေါ့။ " ဝေချွမ်က ကျေနပ်သွားသည်။ " ငါ့ကို အကိုဝေလို့ ခေါ်တဲ့အတွက်ရော ငါ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက်ရော ငါမင်းကို အချို့အရာတွေ သင်ပေးမယ်။ " ဝေချွမ်က လေးနက်စွာ ပြောလိုက်သည်။
" ပြောပါ အကိုဝေ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
" ငါ ဒီနေ့ မင်းရဲ့ ဓားပစ်ချက်ကို တွေ့လိုက်တယ်။ " ဝေချွမ်က ကျောက်ဖုန်းကို စိုက်ကြည့်လိုက်သည်။ " ပေတစ်ရာအကွာကနေ ပေါင်ချိုးကို တစ်ချက်တည်းနဲ့ သတ်လိုက်နိုင်တယ်ဆိုတော့ မင်းမှာ အစွမ်းအစအချို့တော့ ရှိတာပဲ။ မင်းက ဟိုရှေ့တန်းက အထူးစစ်သည်တွေထက်တောင် ပိုသန်မာလောက်တယ်။ "
" စစ်သင်တန်းတုန်းက မင်းရဲ့ စွမ်းအားကို ဖုံးကွယ်ထားခဲ့တာမဟုတ်လား။ မဟုတ်ရင် မင်းက ဘယ်လိုလုပ်ပြီး ထောက်ပို့တပ်ဖွဲ့ကို ရောက်လာမှာလဲ။ "
ကျောက်ဖုန်းက ရယ်လိုက်သည်။ " မတတ်နိုင်ဘူး။ ကျွန်တော် စစ်ပွဲမှာ မသေချင်ဘူးလေ။ ထောက်ပို့တပ်ဖွဲ့က ရှေ့တန်းကို သွားစရာမလိုပဲ အသက်အန္တရာယ်လည်း မရှိဘူးလေ။ "
စစ်သင်တန်းတွင် သူက သူ၏ အရည်အချင်းများကို အမှန်တကယ်ပင် ဖုံးကွယ်ထားခဲ့သည်။ ထူးချွန်သော သူများကို အထူးစစ်သည်များဖြစ်ရန် အဓိကလေ့ကျင့်ရေးနေရာများသို့ ပို့ဆောင်လေ့ရှိသည်။ ထို့ကြောင့် လေ့ကျင့်ရေးတွင် သူ၏ ခွန်အား ဆယ်ပုံငါးပုံကိုသာ အသုံးပြုခဲ့သည်။ နောက်ဆုံးတွင် သူက ထောက်ပို့တပ်ဖွဲ့သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။
" ကျောက်ဖုန်း " ဝေချွမ်က ပြောလိုက်သည်။ " အင်အားကြီးသူတွေရဲ့ ဖိနှိပ်မှုအောက်မှာ ဒုက္ခမရောက်ဖူးသေးတဲ့ မင်းကို ငါတစ်ခုပြောပြချင်တယ်။ "
" မင်းမှာ တကယ် အရည်အချင်းရှိလို့ အထက်ကို တက်လှမ်းဖို့ အခွင့်အရေးရှိရင် မင်းတက်လှမ်းရမယ်။ ဘယ်လိုပေးဆပ်မှုတွေပဲ ရှိရှိ အထက်ကို ရောက်အောင် တက်ရမယ်။ မင်းမှာ ပိုက်ဆံနဲ့ အာဏာမရှိရင် အိမ်ပြန်ရင်တောင် အရှက်ခွဲခံရလိမ့်မယ်။ "
" မင်းရဲ့ လယ်ကွက်တွေ အလုခံရနိုင်သလို မင်းရဲ့ မိသားစုကလည်း ကျွန်အဖြစ် ခိုင်းစေခြင်းခံရနိုင်တယ်။ မင်းရဲ့ ရိုးသားမှုနဲ့ စိတ်ကူးယဉ်အတွေးတွေကို ဘေးဖယ်ထားလိုက်။ မင်းက ငယ်သေးလို့ ဒါတွေ မကြုံတွေ့ဖူးသေးဘူး။ တကယ့်လက်တွေ့ဘဝမှာ မင်းက ဩဇာအာဏာမရှိရင် ပိတ်နေတဲ့ လမ်းကို လျှောက်နေရသလိုဖြစ်လိမ့်မယ်။ "
ဝေချွမ်က ကျောက်ဖုန်းကို စိုက်ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ ဝေချွမ်၏ လေးနက်သော အကြည့်ကို မြင်သောအခါ ကျောက်ဖုန်း၏ အမူအရာက တည်ကြည်သွားသည်။
" အကိုဝေ မိသားစုမှာ တစ်ခုခုဖြစ်ခဲ့လို့လား။ " ကျောက်ဖုန်းက မနေနိုင်တော့ဘဲ မေးလိုက်သည်။
" ငါလား ဟမ့်။ " ဝေချွမ်၏ မျက်လုံးများထဲတွင် နာကျည်းမှုများဖြင့် ပြည့်နှက်သွားသည်။ " မြို့ထဲက အင်အားကြီးသူတစ်ယောက်က ငါညီမလေးကို ဖမ်းခေါ်သွားတာ ငါ့မျက်စိနဲ့ မြင်ခဲ့ရတယ်။ သူမ စော်ကားခံခဲ့ရတယ်။ အခုဆိုရင် သူမ ရူးသွားခဲ့တယ်။ "
" အကိုဝေ အရာရှိတွေကို သွားမတိုင်ဘူးလား။ " ကျောက်ဖုန်းက အံ့ဩစွာဖြင့် မေးလိုက်သည်။ " မုဒိမ်းမှုကျူးလွန်တဲ့သူတွေကို သင်းကွပ်တဲ့ ပစ်ဒဏ်ပေးရမှာမဟုတ်လား။ "
" အရာရှိတွေကို တိုင်ရမယ် ဟုတ်လား။ " ဝေချွမ်က လှောင်ပြောင်လိုက်သည်။
" လူတိုင်းက ချင်ဥပဒေက တင်းကျပ်တယ်လို့ သိထားကြတယ်။ ဒါပေမယ့် အဲ့ဒီဥပဒေက အာဏာရှိသူတွေရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာ သူတို့ မသိကြဘူး။ မင်းက သာမန်လူတစ်ယောက်ဆိုရင် ဥပဒေက တင်းကျပ်တယ်။ "
" ဒါပေမယ့် မင်းက အာဏာရှိတဲ့ မိသားစုကဆိုရင် တင်းကျပ်တဲ့ ချင်ဥပဒေက ဘာအဓိပ္ပါယ်ရှိဦးမှာလဲ။ အရှင်မင်းကြီးအတွက်တော့ ချင်ဥပဒေက တစ်နိုင်ငံလုံးကို အုပ်ချုပ်နေတာ ဖြစ်နိုင်ပေမယ့် ငါနေတဲ့ ရှုနယ်မြေက မြို့တော်နဲ့ အရမ်းဝေးတယ်။ အရှင်မင်းကြီးရဲ့ အာဏာက ငါတို့ဆီမရောက်ဘူး။ "
" ငါနဲ့ ငါ့အဖေသွားတိုင်ခဲ့ကြသေးတယ်။ ဒါပေမယ့် အဲ့ဒီလူရဲ့သားက ငါတို့ကို ပစ်မှတ်ထားခဲ့တယ်။ သူက ငါ့အဖေကို သတ်ပြီး ငါလည်း ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ သူကတော့ ဥပဒေရဲ့ အပြင်ဘက်မှာ အခုထိသွားလာနေတုန်းပဲ။ "
" အရာရှိတွေလား။ ချင်ဥပဒေလား။ ရှန်းယန်ရဲ့ ပတ်ဝန်းကျင်မှာတော့ ချင်ဥပဒေက ဘယ်သူမှ မဆန့်ကျင်ရဲတဲ့ နတ်ဘုရားအမိန့်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဝေးလံတဲ့နေရာတွေမှာတော့ ဥပဒေဆိုတာ အင်အားကြီးသူတွေရဲ့ လက်ကိုင်တုတ်တစ်ခုပဲ။ ချင်ဥပဒေဆိုတာ သာမန်ပြည်သူတွေအတွက်ပဲ။ "
" ကျောက်လေး အရမ်းမရိုးအစမ်းနဲ့။"
ထိုစကားကို ကြားသောအခါ ကျောက်ဖုန်းက တိတ်ဆိတ်သွားသည်။ သူက ဤကမ္ဘာတွင် မွေးဖွားလာခဲ့သည်မှာ ၁၅နှစ်ကျော်ရှိပြီဖြစ်သည်။ သို့သော် သူ၏ နားလည်မှုက သူ၏ ဇာတိရွာနှင့် ဤစစ်စခန်းအတွင်းသာ ကန့်သတ်ထားသည်။
သူ၏ ရွာတွင် ရွာသူရွာသားများက တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမကြပြီး ကျောက်ဖုန်း၏ ဘဝတွင် ဝေချွမ်ပြောသကဲ့သို့ မကြုံတွေ့ဖူးပေ။
" ချင်ဥပဒေဆိုတာ သာမန်ပြည်သူတွေအတွက်ပဲ။ အရာရှိတွေက ပြစ်ဒဏ်မသက်ရောက်ကြဘူး။ " ကျောက်ဖုန်းက ထိုစကားလုံးများကို ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။
" ကဲ ထားလိုက်ပါတော့။ " ဝေချွမ်က ကျောက်ဖုန်း၏ ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။
" ကျောက်ဖုန်း ဒါကို စိတ်ထဲသိပ်မထားနဲ့။ ငါမင်းကို ဒီကမ္ဘာကြီးက အရမ်းရိုးရှင်းတယ် အရမ်းကြင်နာတယ်လို့ မထင်စေချင်ရုံပဲ။ "
" ငါ ဒီနေ့ ငရဲမင်းနဲ့ တွေ့ရတော့မလို့။ သွားအိပ်တော့မယ်ကွာ။ မင်းလည်းအိပ်တော့။ ငါတို့ မနက်ဖြန် ယန်မြို့ကို ချီတက်ရမယ်။ " ဝေချွမ်က ပြုံး၍ ပြောလိုက်ပြီး တဲဆီသို့ လျှော်သွားသည်။
ကျောက်ဖုန်းက မီးပုံဘေးတွင် ဆက်ထိုင်နေခဲ့ပြီး ဝေချွမ်၏ စကားများကို စဉ်းစားနေခဲ့သည်။
" ငါ တကယ်ပဲ အရမ်းရိုးအလွန်းတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နှစ်နှစ်အတွင်း ငါစုဆောင်းထားတဲ့ စွမ်းရည်တွေနဲ့ဆို အမေနဲ့ ညီမလေးကို ကာကွယ်ဖို့ လုံလောက်မှာပါ။ တကယ်လို့ တစ်ယောက်ယောက်က သူတို့ကို ဒုက္ခပေးရဲရင် ငါသူတို့တစ်မျိုးနွယ်လုံးကို ဖျက်ဆီးပစ်မယ်။ "
" လောလောဆယ်တော့ ထောက်ပို့တပ်ဖွဲ့မှာ နေရတာ အဆင်ပြေပါတယ်။ အခုအချိန်မှာ ချင်နိုင်ငံက မယုံကြည်နိုင်လောက်အောင် အင်အားကြီးနေတယ်။ နောက်ဆုံးမှာ ချင်က ကမ္ဘာကြီးကို စုစည်းပြီး ချင်ဘုရင်က သမိုင်းမှာ ပထမဆုံး ချင်ရှီဟွမ်ဖြစ်လာလိမ့်မယ်။ "
" ဒါပေမယ့် ဒီလာက်အင်အားကြီးတဲ့ မင်းဆက်က ဒုတိယမျိုးဆက်မှာတင် ပြိုလဲသွားလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ ငါ့မှာ စွမ်းရည်တွေ ရှိပေမယ့် ငါ့ရဲ့ လက်ရှိစွမ်းအားက ကမ္ဘာကြီးကို ပြောင်းလဲဖို့ အဝေးကြီးလိုပါသေးတယ်။ "
" အနာဂတ်မှာ ငါ ပိုပြီးသန်မာလာအောင် လုပ်ရမယ်။ ရာထူးတွေ ဘွဲ့ထူးတွေက စဉ်းစားလို့ကောင်းပေမယ့် ငါတစ်လှမ်းချင်းပဲ သွားရမယ်။ အသက်ရှင်နေဖို့က အရေးကြီးဆုံးပဲ။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။