ရာထူးတိုးခြင်း...
Vol. 1 Ch. 5
" အဆင့်တစ်ရတနာသေတ္တာကို ဖွင့်လိုက်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" အဆင့်တစ်ရတနာသေတ္တာကို ဖွင့်နေသည်။ ပထမအဆင့် စိတ်ဝိညာဉ်သစ်သီး ကောင်းကင်ရနံ့ဖာလာစေ့။ "
" ကောင်းကင်ရနံ့ဖာလာစေ့ တစ်ခုစားလျှင် နှလုံးသွေးကြောများကို ကာကွယ်ပေးနိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်သည်။ သို့သော် နောက်ဆက်တွဲနှစ်ခုမရှိလျှင် အသုံးမဝင်ပါ။ "
" ရတနာသေတ္တာကို ဖြုန်းတီးလိုက်တာပဲ။ " ကျောက်ဖုန်းက စိတ်ပျက်သွားသည်။
အမည် - ကျောက်ဖုန်း
အသက် - ၁၅နှစ်
ခွန်အား - ၃၃၆
အမြန်နှုန်း - ၂၁၆
ခံနိုင်ရည် - ၂၁၈
စိတ်ဝိညာဉ် - ၂၁၁
သက်တမ်း - ၈၆နှစ် ၈၈ရက်
သိုလှောင်နေရာ - ၂ ကုဗမီတာ
" မနက်ဖြန်ဆို ငါတို့ ယန်မြို့ကို သွားရမယ်။ သမိုင်းအရဆိုရင်တော့ အဲ့ဒီနေရာက ဟန်နိုင်ငံ ချင်ကို ပြန်လည်ခုခံခဲ့တဲ့ အဓိကခံတပ်ကြီးပဲ။ အဲ့ဒီမှာ သေဆုံးမှုက ဒီနယ်စပ်တိုက်ပွဲအတွက် အဆပေါင်းများစွာ ပိုများလိမ့်မယ်။ "
ယန်မြို့သို့ သွားရမည့် ခရီးကို စဉ်းစားပြီး ကျောက်ဖုန်းက မျှော်လင့်ချက်များနှင့် စိတ်လှုပ်ရှားနေမိသည်။
နောက်နေ့မနက်တွင် ထောက်ပို့တပ်ဖွဲ့ရှိ လူများက စားသောက်ပြီးနောက် ချီတက်ရန် ပြင်ဆင်နေကြသည်။ ဝေချွမ်၏ ရှေ့တွင် ထောက်ပို့စစ်သား ၉၀ ကျော်က လူစုခွဲ၍ တန်းစီနေကြသည်။ သူတို့က ချပ်ဝတ်များ ဝတ်ဆင်ထားခြင်းမရှိသော်လည်း တစ်ယောက်ချင်းစီ၏ ခါးတွင် ဓားတစ်လက်စီ ချိတ်ဆွဲထားကြသည်။
ဤခေတ်တွင် တိုက်ပွဲချပ်ဝတ်များက အလွန်စျေးကြီးသောကြောင့် အင်အားကြီးမားသော ချင်နိုင်ငံပင် စစ်သားတိုင်းကို ထုတ်မပေးနိုင်ပေ။ ထောက်ပို့စစ်သားများက ဓားများရှိသော်လည်း ချပ်ဝတ်များမရှိကြပေ။ ဘွဲ့ထူးရှိသော အထူးစစ်သည်များကသာ ချပ်ဝတ်များရရှိကြသည်။
" ကျောက်ဖုန်း ဘယ်မှာလဲ။ " တပ်ရင်းမှူးက ဝါးစာချပ်များကို ကိုင်ကာ လျှောက်လာသည်။
" ဒီမှာပါ။ " ဝေချွမ်က အော်ပြောလိုက်သည်။ တပ်ခွဲရှိ စစ်သားများက လှည့်ကြည့်လိုက်ကြသည်။
တပ်ရင်းမှူးကို မြင်လိုက်သည်နှင့် ကျောက်ဖုန်းက ဆုလာဘ်ရရှိတော့မည်ကို သူတို့သိလိုက်ကြသည်။ သူ၏ နောက်မှ စစ်သားနှစ်ယောက်က သေတ္တာများ သယ်လာကြသည်။
" စစ်သေနာပတိချုပ်ရဲ့ အမိန့်အရ..." တပ်ရင်းမှူးက အားလုံးကြားအောင် အော်ပြောလိုက်သည်။
" ထောက်ပို့စစ်သား ကျောက်ဖုန်းက ဟန်စစ်သူကြီး ပေါင်ချိုးကို ခေါင်းဖြတ်သတ်နိုင်ခဲ့အတွက် ကြီးမားတဲ့ အောင်မြင်မှုကို စွမ်းဆောင်နိုင်ခဲ့တယ်။ ကျောက်ဖုန်းကို ထွန်ကျန်းအဖြစ် ရာထူးသုံးဆင့်တိုးပေးပြီး ပထမအဆင့်ဘွဲ့ထူးကို ပေးအပ်လိုက်တယ်။ ချပ်ဝတ်အသစ်တစ်စုံနဲ့ ဓားအသစ်တစ်လက်ကိုလည်း ချီးမြှင့်လိုက်တယ်။ "
" ကျောက်ဖုန်း " ဝေချွမ်က အလောတကြီး ပြောလိုက်သည်။ " ကျေးဇူးတင်စကား ပြောလိုက်စမ်း။ "
" ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ရှေ့သို့ တက်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
တပ်ရင်းမှူးက ကျောက်ဖုန်းဆီသို့ လျှောက်သွားသည်။ သူက စစ်သည်များထံမှ ချပ်ဝတ်နှင့် ဓားတစ်လက်ကို ကျောက်ဖုန်းထံသို့ ပေးလိုက်သည်။ ကျောက်ဖုန်းက ၎င်းတို့ကို လက်နှစ်ဖက်ဖြင့် လက်ခံလိုက်သည်။
" ကျောက်ဖုန်း မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ မင်းက ငါတို့ ထောက်ပို့တပ်ဖွဲ့အတွက် စစ်သေနာပတိချုပ်ရှေ့မှာ ဂုဏ်ရှိအောင် လုပ်ပေးနိုင်ခဲ့တယ်။ သူက ဟန်စစ်သူကြီးတစ်ယောက်တင်မဟုတ်ဘူး။ ဟန်စစ်သေနာပတိချုပ်ရဲ့သားပဲ။ "
" ကျွန်တော် ကံကောင်းလို့ပါ။ ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။
" ကံကောင်းတာဖြစ်ဖြစ် ဘာဖြစ်ဖြစ် မင်းကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။ " တပ်ရင်းမှူးက ပခုံကို ပုတ်ပြီး ပြောလိုက်သည်။
" ငါ့နာမည် လောရှောင်ပါ။ အနာဂတ်မှာ မင်းတစ်ခုခု လိုအပ်တာရှိရင် ငါ့ကို လာရှာနိုင်တယ်။ " သူက အခြားစစ်သားများကို လှည့်ကြည့်လိုက်သည်။
" ကျောက်ဖုန်းက ရန်သူစစ်သူကြီးကို သတ်ပြီး ရာထူးနဲ့ ဘွဲ့ထူးကို ရယူနိုင်ခဲ့တယ်။ ဒါက ငါတို့ ချင်နိုင်ငံရဲ့ စစ်တပ်ဆုလာဘ်စနစ်ပဲ။ မင်းက ဘယ်သူဖြစ်ဖြစ် အရေးမကြီးဘူး။ရန်သူကို သတ်ပြီး စွမ်းဆောင်နိုင်သရွေ့ မင်းဆုလာဘ်တွေရမှာပဲ။ " လောရှောင်က အားပေးစကားပြောလိုက်သည်။
" ပင်မစခန်းက အမိန့်ထုတ်လိုက်ပြီ။ ငါတို့ အင်အားတစ်သောင်းရှိတဲ့ ထောက်ပို့တပ်ဖွဲ့က ရိက္ခာတွေကို ယန်မြို့ဆီ စောင့်ကြပ်ပို့ဆောင်ပေးရမယ်။ ချက်ချင်း ချီတက်ကြ။ " လောရှောင်က အမိန့်ပေးလိုက်သည်။
" နားလည်ပါပြီ။ " စစ်သားများက တစ်ညီတစ်ညွှတ်တည်း ပြန်ပြောလိုက်သည်။
လောရှောင်ထွက်သွားသောအခါ ဝေချွမ်က ကျောက်ဖုန်းဆီသို့ လျှောက်လာသည်။
" ဂုဏ်ပြုပါတယ်။ မင်းက ဘွဲ့ထူးကို ရရှိခဲ့တဲ့အပြင် ရာထူးကလည်း ထွန်ကျန်းဖြစ်သွားပြီ။ "
" ဒါက တိုင်ဆိုင်လို့ပါ။ " ကျောက်ဖုန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
" ထားလိုက်တော့။ " ဝေချွမ်က လေးနက်စွာ ပြောလိုက်သည်။ " အခု မင်းမှာ ရာထူးရှိသွားပြီဆိုတော့ တာဝန်တွေလည်း ရှိလာပြီ။ "
" ဝူကျန်းက လူ ၅ယောက်ကို အုပ်ချုပ်ရတယ်။ ရှီကျန်းက လူ ၁၀ယောက်၊ ထွန်ကျန်းက လူ ၅၀ကို အုပ်ချုပ်ရတယ်။ ဒီနေ့ကစပြီး မင်း စစ်သား ၅၀ ကို ဦးဆောင်ရမယ်။ ပြီးတော့ ငါ့ဆီကို တိုက်ရိုက် အစီရင်ခံရမယ်။ "
" နားလည်ပါပြီ။ " ကျောက်ဖုန်းက ရိုသေစွာ ပြောလိုက်သည်။ ထိုအချိန်တွင် သူ၏ မျက်စိရှေ့မှ သတိပေးချက်များ ထွက်ပေါ်လာသည်။
" နိုင်ငံကံကြမ္မာနဲ့ ဆက်နွှယ်သော ရာထူးတစ်ခု အပ်နှင်းခံရပါသည်။ "
" ဝူကျန်းအဖြစ် ခန့်အပ်ခြင်းခံရသောကြောင့် အဆင့်တစ်ရတနာသေတ္တာကို ရရှိပါသည်။ "
" ရှီကျန်းအဖြစ် ခန့်အပ်ခြင်းခံရသောကြောင့် အဆင့်တစ်ရတနာသေတ္တာကို ရရှိပါသည်။ "
" ထွန်ကျန်းအဖြစ် ခန့်အပ်ခြင်းခံရသောကြောင့် အဆင့်တစ်ရတနာသေတ္တာကို ရရှိပါသည်။ "
" ပထမအဆင့်ဘွဲ့ထူးကို အပ်နှင်းခြင်းခံရသောကြောင့် အဆင့်တစ်ရတနာသေတ္တာကို ရရှိပါသည်။ "
" ရာထူးတက်တာလည်း ရတနာတွေလည်း ရတာလား။ ဒါက တကယ်မမျှော်လင့်ထားတဲ့အရာပဲ။ " ကျောက်ဖုန်းက မှင်သက်သွားပြီးနောက် ပြုံးလိုက်သည်။ ထို့နောက် ကျောက်ဖုန်းက ရတနာသေတ္တာများကို ဖွင့်လိုက်သည်။
" ရတနာသေတ္တာအားလုံးကို ဖွင့်လိုက်။ "
" ငွေ ၅၀၀၀ ရရှိပါသည်။ "
" ပထမအဆင့် အဆင့်နိမ့် အစာခံဆေးလုံး ၁၀လုံးကို ရရှိပါသည်။ "
" ပထမအဆင့် အဆင့်မြင့်သိုင်းပညာ ပေါက်ကွဲလက်သီးကို ရရှိပါသည်။ "
" ပထမအဆင့် အလယ်အလတ်အဆင့် သွေးတိတ်ဆေးမှုန့် ငါးပုလင်းကို ရရှိပါသည်။ "
သေတ္တာလေးလုံးပွင့်သွားပြီးနောက် ကျောက်ဖုန်း၏ အကြည့်က တတိမြောက်ဆုလာဘ်ပေါ်တွင် ရပ်တန့်သွားသည်။
" သိုင်းပညာက တကယ်ရှိတာပဲ။ ပေါက်ကွဲလက်သီး ဒါကို ငါလေ့ကျင့်လို့ရပြီပေါ့။ " ကျောက်ဖုန်း၏ မျက်လုံးများက မျှော်လင့်ချက်များနှင့် တောက်ပနေသည်။ ထို့နောက် သူက သိုင်းပညာကို ထုတ်ယူလိုက်သည်။
" သင် ပေါက်ကွဲလက်သီးကို သင်ယူလိုပါသလား။ "
" သင်ယူမယ်။ " ကျောက်ဖုန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။ ထိုခဏတွင် အချက်အလက်များက သူ၏ စိတ်ထဲသို့ စီးဝင်လာသည်။
" ပေါက်ကွဲလက်သီး ခန္ဓာကိုယ်တစ်ခုလုံး၏ စွမ်းအားကို တစ်ချက်တည်း စုစည်းပြီး မူလခွန်အားထက် အဆများစွာ သာလွန်သော ခွန်အားကို ထုတ်ဖော်နိုင်သည်။ "
" အထင်ကြီးစရာပဲ။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားသွားသည်။ သူ၏ စွမ်းရည်များ မြင့်တက်လာသကဲ့သို့ သိုင်းပညာကလည်း သူ၏ အသက်ရှင်နိုင်စွမ်းကို များစွာမြှင့်တင်ပေးခဲ့သည်။
ရှန်းယန်မြို့တော်။
လမ်းမကြီးပေါ်တွင် ရထားလုံးများက သွားလာနေကြပြီး လူသွားလူလာများက ဘေးလမ်းများကို အသုံးပြုကြသည်။ ချင်ဘုရင်၏ ခြေရင်းတွင် ရှိနေသော မြို့တော်ဖြစ်သကဲ့သို့ ရှန်းယန်မြို့က ကျော်ကြားမှုနှင့် ထိုက်တန်လှသည်။
၎င်းက ချင်နိုင်ငံ၏ တော်ဝင်မြို့တော်ဖြစ်ပြီး ဥပဒေတင်းကျပ်သော နေရာဖြစ်သကဲ့သို့ တစ်နိုင်ငံလုံးတွင် အစည်ကားဆုံးမြို့အဖြစ် တင်စားခြင်းခံရသည်။ ရှန်းယန်မြို့၏ အလယ်တွင် ခမ်းနားသော နန်းတော်ကြီးတစ်ခုဖြစ်ပြီး ၎င်းက ချင်နန်းတော်ပင်ဖြစ်သည်။
ချင်နန်းတော်၏ ညီလာခံခန်းမထဲတွင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး သရဖူကို ဆောင်းထားသော အမျိုးသားတစ်ယောက်က ပလ္လင်ပေါ်တွင် ထိုင်နေသည်။ ခန်းမ၏ ဝဲယာနှစ်ဖက်တွင် စစ်ဘက်နှင့် အရပ်ဘက် အရာရှိများက သက်ဆိုင်ရာအဆင့်အတိုင်း တန်းစီရပ်နေကြသည်။
အရပ်ဘက်အရာရှိများ၏ ရှေ့ဆုံးတွင် ဝန်ကြီးချုပ် ဝမ်ဝမ်ရှိနေသည်။ စစ်ဘက်အရာရှိများ၏ ရှေ့ဆုံးတွင် စစ်သေနာပတိချုပ် မုန့်ဝူရှိနေသည်။ ဝမ်ဝမ်၏ အနောက်တွင် အိမ်ရှေ့စံဝတ်စုံနှင့် လူငယ်က ဖူစုဖြစ်သည်။
" အစီရင်ခံစရာရှိရင် ရှေ့ထွက်ပါ၊ မရှိရင် ညီလာခံသိမ်းပါမယ်။ " မိန်းမစိုးတစ်ယောက်က ကြေညာလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးမှာ တင်ပြစရာရှိပါတယ်။ " စစ်ဘက်အရာရှိတစ်ယောက်က တန်းစီနေရာမှ ရှေ့ထွက်လာသည်။
" လန်ထျန်စခန်းက အောင်ပွဲသတင်းပေးပို့လာပါတယ်။ "
" အမြန်တင်ပြစမ်း " ချင်ဘုရင် ရင်ကျန်းက အမိန့်ပေးလိုက်သည်။
ဟန်နိုင်ငံကို ချေမှုန်းရန် ရည်ရွယ်ချက်က ကာလရှည်ကြာ စီစဉ်ထားသော ရည်မှန်းချက်တစ်ခုဖြစ်သည်။ ရင်ကျန်းက အမှားအယွင်းမရှိနိုင်ဟု ယုံကြည်သော်လည်း ၎င်းက ဟန်နိုင်ငံမှ ပထမဆုံးရရှိသော သတင်းဖြစ်သဖြင့် စိတ်လှုပ်ရှားမိသည်မှာ အမှန်ပင်ဖြစ်သည်။
ဟန်နိုင်ငံကို ချေမှုန်းမည့်စစ်ပွဲတွင် ချင်နိုင်ငံအနေဖြင့် ကမ္ဘာကို စုစည်းရန်နှင့် အရှေ့ဘက်သို့ ချီတက်ရန်အတွက် အချက်အချာကျသော တိုက်ပွဲတစ်ခုဖြစ်သည်။ ဟန်နိုင်ငံပြိုလဲသွားလျှင် ချင်အတွက် အရှေ့ဘက်လမ်းကြောင်းက လုံးဝပွင့်သွားပေလိမ့်မည်။