← Chapters

ပို၍ ရက်စက်သော ယန်မြို့....

Vol. 1 Ch. 6

ပို၍ ရက်စက်သော ယန်မြို့....

Vol. 1 Ch. 6

" ဒီတိုက်ပွဲမှာ စစ်သေနာပတိချုပ် ဝမ်ကျန့်က နယ်စပ်မှာ ကိုယ်တိုင်တပ်စွဲပြီး စစ်သူကြီးလီထန်က စစ်သည်တစ်သိန်းကို ဦးဆောင်ပြီးတော့ ဟန်ရဲ့ ခံစစ်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ "

" တိုက်ပွဲမှာ ဟန်စစ်သည်တစ်သောင်းကို သတ်နိုင်ခဲ့ပါတယ်။ အခုဆိုရင် သူတို့က ဟန်နိုင်ငံရဲ့ ပင်မခံတပ်ဖြစ်တဲ့ ယန်မြို့ကို တိုက်ရိုက်ဝန်းရံထားပါပြီ။ နောက်လအနည်းငယ်မှာ ဟန်နိုင်ငံဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ "

" အရမ်းကောင်းတယ်။ " ရင်ကျန်းက ကျေနပ်စွာ ရယ်မောလိုက်သည်။

" ဂုဏ်ယူပါတယ် အရှင်မင်းကြီး။ " အရာရှိအားလုံးက ညီညွှတ်စွာ ပြောလိုက်ကြသည်။

" ဝန်ကြီးချုပ်၊ ဝန်ကြီးယွီ၊ ဝန်ကြီးမုန့်။ "

" ဟန်ကို ချေမှုန်းဖို့က အရှေ့ဘက်ခရီးစဉ်အတွက် အရေးပါလှတယ်။ ဘယ်လိုအမှားအယွင်းကိုမှ ငါကိုယ်တော် ခွင့်မပြုနိုင်ဘူး။ " ရင်ကျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" ဟန်နိုင်ငံရဲ့ စစ်အခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး ထူးခြားမှုမှန်သမျှ ငါ့ကို အစီရင်ခံပါ။ "

" အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး။ " ထိုသုံးယောက်က ချက်ချင်း ပြန်ဖြေလိုက်ကြသည်။

" အရှင်မင်းကြီး " မုန့်ဝူက ဝင်​ပြောလိုက်သည်။ " အစီရင်ခံစာထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်လေးတစ်ခုလည်း ပါပါတယ်။ "

" ပြောစမ်းပါဦး။ " ရင်ကျန်းက တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

" ပေါင်ယွမ်ရဲ့သား ပေါင်ချိုးက စစ်သည်နှစ်သောင်းကို ဦးဆောင်ပြီး နယ်စပ်ကို စောင့်ကြပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ချင်စစ်တပ်က သူ့ရဲ့ တပ်ကို ချေမှုန်းပြီးနဲ့နောက်မှာ စစ်သူကြီးလီထန်က သူ့ကို ရက်အတော်ကြာ ရှာခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။ "

" တကယ်တော့ သူက ထွက်ပြေးခဲ့တာမဟုတ်ဘဲ အလောင်းတွေကြားမှာ သေဟန်ဆောင်နေခဲ့တာပါ။ နောက်ဆုံး သူ့ကို ထောက်ပို့တပ်က ရှာတွေ့သွားခဲ့ပြီး ထောက်ပို့စစ်သားတစ်ယောက်ရဲ့ လက်ထဲမှာ အသတ်ခံလိုက်ရပါတယ်။ " မုန့်ဝူက လှောင်ပြောင်ဟန်ဖြင့် အစီရင်ခံလိုက်သည်။

ထိုအစီရင်ခံချက်ကို ကြားသောအခါ ရင်ကျန်းက အနည်းငယ် စိတ်ဝင်စားသွားသည်။

" ဟန်နိုင်ငံမှာ ပေါင်ယွမ်နဲ့ သူ့သားကို ကျားအဖေက ကျားသားကို မွေးတယ်ဆိုပြီး တင်စားကြတယ်။ အခု ပေါင်ချိုးက ငါတို့ ထောက်ပို့စစ်သားရဲ့ လက်ထဲမှာ သေခဲ့ရတာဆိုတော့ သေတာတောင် တော်တော်မကျေမနပ်ဖြစ်နေမှာပဲ။ "

" အရှင်မင်းကြီးပြောတာ မှန်ပါတယ်။ " မုန့်ဝူက ချက်ချင်း ထောက်ခံလိုက်သည်။

" အဲ့ဒီထောက်ပို့စစ်သားကိုရော ဆုချပြီးပြီလား။ " ရင်ကျန်းက မေးလိုက်သည်။ " ငါတို့ ချင်နိုင်ငံ စစ်တပ်ရဲ့ ဆုပေးဒဏ်ပေးစနစ်အရ စစ်သားတွေအပေါ်မှာလည်း မျှတမှုရှိရမယ်။ "

" စိတ်ချပါအရှင်မင်းကြီး။ အဲ့ဒီထောက်ပို့စစ်သားကို ထိုက်တန်တဲ့ ဆုလာဘ်ကို ရရှိပြီးပါပြီ။ " မုန့်ဝူက ပြောလိုက်သည်။

" ကောင်းပြီ။ ဟန်နိုင်ငံရဲ့ တိုက်ပွဲတွေကို အနီးကပ်စောင့်ကြည့်ပါ။ ကျောက်နဲ့ ဝေနိုင်ငံတွေကို အထူးသတိထားဖို့ ဝမ်ကျန်းကို ပြောလိုက်ပါ။ "

ယန်မြို့။

မြို့တွင်းနှင့်မြို့ပြင်တွင် စစ်ပွဲ၏ အငွေ့အသက်များက ပြည့်နှက်နေသည်။ ဆယ်ရက်နီးပါး အဆက်မပြတ် တိုက်ခိုက်ပြီးနောက် ယန်မြို့တစ်ခုလုံးက စစ်မီးများအတွင်း နစ်မြှုပ်နေတော့သည်။

မြို့ထဲတွင် လူပေါင်းများစွာက သေဆုံးဒဏ်ရာရရှိကြပြီး မြို့အပြင်ဘက်တွင်လည်း အလောင်းများစွာ ပြန့်ကျဲနေသည်။ သို့သော် အဆမတန်များပြားလှသော စစ်အင်အားအောက်တွင် ယန်မြို့က ခုခံနိုင်စွမ်းမရှိတော့ဘဲ စစ်သူကြီးလီထန်၏ လက်အောက်သို့ ကျရောက်သွားသည်။

ယန်မြို့က ပြိုလဲသွားပြီးနောက် အတွင်းမှ ဟန်စစ်သားများက အရပ်ရပ်သို့ ထွက်ပြေးသွားကြသည်။ နောက်တစ်ဆင့်အနေဖြင့် စစ်မြေပြင်ကို ရှင်းလင်းရန် ထောက်ပို့တပ်ဖွဲ့ဝင်ရောက်ရမည့်အလှည့်ဖြစ်သည်။

စစ်မြေပြင်သို့ ရောက်ရှိသောအခါ နယ်စပ်တိုက်ပွဲထက် ပိုမိုအသေအပျောက်များသည်ကို မြင်လိုက်ရသောအခါ ကျောက်ဖုန်းက စိတ်ထဲမှ တုန်ယင်သွားသည်။

" ဒီစစ်ပွဲက နယ်စပ်ထက် အများကြီး ပိုရက်စက်တာပဲ။ မြို့ပြင်မှာ အလောင်းတစ်သောင်းကျောက်လောက်ရှိနေတဲ့အပြင် မြို့ထဲမှာလည်း အဲ့လောက်တော့ ရှိလိမ့်မယ်။ စစ်ပွဲတစ်ပွဲတည်းနဲ့ လူပေါင်းသောင်းချီသေဆုံးရတယ်။ စစ်မြေပြင်မှာ လူ့အသက်က ခွေးတစ်ကောင်လောက်တောင် တန်ဖိုးမရှိဘူးပဲ။ "

" လျှောက်ပြောမနေနဲ့။ ဒါက ဟန်နိုင်ငံရဲ့ အခိုင်မာဆုံးမြို့ပဲ။ စစ်ရေးအရ အဓိကခံတပ်မြို့ကြီးပဲ။ တစ်ကမ္ဘာလုံးမှာ ငါတို့ ချင်နိုင်ငံပဲ ဒီမြို့ကို ဆယ်ရက်အတွင်း ထိုးဖောက်နိုင်တာ။ " ဝေချွမ်က စိတ်မရှည်ပဲ ပြောလိုက်သည်။

" ငါတို့ ထိုးဖောက်နိုင်ခဲ့တယ်။ ဒါပေမယ့် လူအများကြီး သေခဲ့ရတယ်။ အရာအားလုံးက ကံတရားပဲ။ " ကျောက်ဖုန်းက မြင်ကွင်းကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

" အရမ်းစိတ်နုမနေစမ်းနဲ့။ သူတို့အသက်တွေက ဘာမှမဟုတ်ဘူး။ ဟန်ကို ဖျက်ဆီးနိုင်သရွေ့ ဘာပဲဖြစ်ဖြစ် ထိုက်တန်ပါတယ်။ " ဝေချွမ်က ရယ်မော​ပြီး ပြောလိုက်သည်။

" ငါ ထောက်ပို့တပ်ဖွဲ့ကို ရောက်လာတာ တကယ်ကံကောင်းတာပဲ။ " ကျောက်ဖုန်းက စိတ်သက်သာရာရမိသွားသည်။ " မဟုတ်ရင် ငါလည်း ဒီအလောင်းတွေထဲက တစ်ခုဖြစ်နေလောက်ပြီ။ "

မြိုရိုး၏ အပြင်ဘက်တွင် သေဆုံးနေကြသော ချင်စစ်သားအများစုမှာ မြှားဒဏ်ရာကြောင့် သေဆုံးခဲ့ကြခြင်းဖြစ်သည်။ တချို့က မြို့ရိုးပေါ်မှ ပစ်ချိသော ကျောက်ခဲများကြောင့် အလောင်းများက သွေးအိုင်ထဲတွင် ကြေမွနေကြသည်။

" ငါက စွမ်းရည်တွေ ကောက်ပြီး သန်မာလာရင်တောင် အဆုံးမရှိတဲ့ မြှားမိုးကို ရင်ဆိုင်ရရင်တော့ သေမှာသေချာတယ်။ " ကျောက်ဖုန်းက တွေးလိုက်မိသည်။ " ငါ သိုသိုသိပ်သိပ် နေရမယ်။ ငါ အသက်ရှင်နေဖို့လိုတယ်။ "

ထိုအချိန်တွင် အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော စစ်သူကြီးတစ်ယောက်က မြင်းစစ်သည်ရာချီကို ဦးဆောင်ပြီး ယန်မြို့၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။

" ထောက်ပို့တပ်ဖွဲ့က စစ်သားတွေအားလုံး နားထောင်။ " စစ်သူကြီးက အော်ဟစ်လိုက်သည်။

" ငါတို့က ယန်မြို့ကို သိမ်းပိုက်ပြီးပြီ။ ငါတို့ လန်ထျန်ပထမတပ်မက အထူးစစ်သည်တွေက ထွက်ပြေးနေတဲ့ ရန်သူတွေကို လိုက်လံသတ်ဖြတ်နေတယ်။ ယန်မြို့ကို ရှင်းလင်းဖို့က အခုမင်းတို့ရဲ့ တာဝန်ပဲ။ စစ်မြေပြင်မှာ ဒဏ်ရာရသူတွေတွေ့ရင် ကုသရေးစခန်းကို ချက်ချင်းပို့ကြ။ ယန်မြို့ကို ရှင်းလင်းဖို့ မင်းတို့မှာ ငါးရက် အချိန်ရမယ်။ "

ကျောက်ဖုန်းက အသံလာရာသို့ ကြည့်လိုက်ပြီး အနက်ရောင်ချပ်ဝတ်နှင့် စစ်သူကြီးကို မြင်လိုက်ရသည်။ ထိုစစ်သူကြီး၏ ခန္ဓာကိုယ်က ပိန်ပါးနေပြီး အသားဖြူကာ အသံက တစ်မျိုးဖြစ်နေသည်။

" ဒါက ယောကျာ်းဝတ်စုံဝတ်ထားတဲ့ မိန်းမတစ်ယောက်မှန်း အသိသာကြီးကို အားလုံးက မသိကြဘူးလား။ " ကျောက်ဖုန်းက တစ်ချက်ကြည့်ရုံဖြင့် ချင်စစ်သူကြီးမှာ မိန်းမတစ်ယောက်ဖြစ်သည်ကို သိလိုက်သည်။

" ချင်နိုင်ငံမှာ မိန်းမတွေက စစ်သူကြီးဖြစ်ခွင့်ရှိတာလား။ " ကျောက်ဖုန်းက နားမလည်နိုင်စွာဖြင့် ဝေချွမ်ကို မေးလိုက်သည်။

" ဘာကိုမိန်းမက စစ်သူကြီးဖြစ်တာလဲ။ " ဝေချွမ်က ကြောင်အမ်းအမ်းဖြစ်သွားသည်။

ကျောက်ဖုန်းက သူ့ကို ထူးဆန်းစွာ ကြည့်လိုက်သည်။ " အကိုဝေ ခင်ဗျား တကယ်မသိတာလား မသိချင်ယောင်ဆောင်နေတာလား။ အဲ့ဒီစစ်သူကြီးက မိန်းမတစ်ယောက်မှန်း အသိသာကြီးလေ။ "

" စစ်သူကြီးက မိန်းမတစ်ယောက်လား မဖြစ်နိုင်တာ။ " ဝေချွမ်က မှင်သက်သွားသည်။

" ထားလိုက်တော့။ " ကျောက်ဖုန်းက ဆက်မပြောတော့ပေ။ ၎င်းက မျက်စိကန်းနေခြင်းမဟုတ်ဘဲ အသိဉာဏ်မဲ့ခြင်းသာ ဖြစ်သည်။

" ကျောက်ဖုန်း စကားပြောဆင်ခြင်ဦး။ " ဝေချွမ်က အနားတိုးကပ်ပြီး သတိပေးလိုက်သည်။ " စစ်သူကြီးဘေးက မြင်းစီးစစ်သည်တွေကို ကြည့်လိုက်။ သူတို့ဝတ်ထားတဲ့ ချပ်ဝတ်တွေက ကိုယ်ရံတော် ချပ်ဝတ်တွေပဲ။ ပြီးတော့ သူတို့က အနိမ့်ဆုံး အဆင့်သုံးဘွဲ့ထူးရထားတဲ့သူတွေ ဖြစ်လိမ့်မယ်။ "

" အဲ့ဒါကြောင့် အဲ့ဒီစစ်သူကြီးရဲ့ အဆင့်အတန်းက မနိမ့်လောက်ဘူး။ သူမက စစ်သေနာပတိချုပ်အောက်က စစ်သူကြီး ဒါမှမဟုတ် စစ်သေနာပတိချုပ်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ထဲက ဖြစ်နိုင်တယ်။ "

" ကောင်းပါပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

အမိန့်ပေးပြီးနောက် စစ်သူကြီးက သူမ၏ တပ်ဖွဲ့ကို ဦးဆောင်ပြီး မြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။

" အကိုဝေ ကျွန်တော် လူတစ်ချို့ခေါ်ပြီး အလောင်းတွေသယ်လိုက်ဦးမယ်။ " ကျောက်ဖုန်းက သူ၏ တပ်ဖွဲ့ဘက်သို့ လှည့်လိုက်သည်။ " ညီအကိုတို့ မင်းတို့ထဲက လူသုံးဆယ်က လှည်းတွေ သွားယူလာခဲ့။ ကျန်တဲ့သူတွေက ငါနဲ့ လိုက်ခဲ့။ "

လွန်ခဲ့သော ရက်အနည်းငယ်နှင့်ယှဉ်လျှင် ကျောက်ဖုန်းက ယခုအခါ စစ်သားငါးဆယ်ကို အုပ်ချုပ်ရသော ထွန်ကျန်း တပ်စုမှူးဖြစ်နေပြီဖြစ်သည်။ သူကိုယ်တိုင်လှည်းဆွဲရန် မလိုတော့ဘဲ စွမ်းရည်များ ကောက်ယူရန်အတွက်သာ အာရုံစိုက်နိုင်လေသည်။

" ဟုတ်ကဲ့။ " စစ်သားငါးဆယ်က ညီညွှတ်စွာ ပြန်ဖြေလိုက်ကြသည်။

ကျောက်ဖုန်းက စစ်မြေပြင်သို့ ချက်ချင်း သွားပြီး အလောင်းများကို စတင်သယ်ယူတော့သည်။

" သက်တမ်းတစ်မှတ်ကို ရရှိပါသည်။ "

စွမ်းရည်များကြားတွင် သက်တမ်းက အရှားပါးဆုံးဖြစ်သည်။ ကျောက်ဖုန်းက အလောင်းကို လှည်းပေါ်တင်ပြီး ပြုံးလိုက်သည်။ မြို့ပြင်က အလောင်းများက ချင်အထူးစစ်သည်များဖြစ်သောကြောင့် ပေါ့ပေါ့ဆဆ ကိုင်တွယ်၍ မရပေ။

" သာမန်စစ်သည်တစ်ယောက်ကို ထိတွေ့မိသည်။ "

" အ​မြန်နှုန်း ၁မှတ် ရရှိပါသည်။ "

" ခွန်အား ၁မှတ် ရရှိပါသည်။ "

ကျောက်ဖုန်းက မောပန်းခြင်းမရှိဘဲ အလောင်းများကို သယ်ဆောင်ပြီး စွမ်းရည်များ စုဆောင်းနေသည်။

" ချင်တပ်စုမှူးတစ်ယောက်ကို ထိတွေ့ခဲ့သည်။ ခွန်အား ၅မှတ် ရရှိပါသည်။ "

" ဟူး အားလုံးက လူ့အသက်တွေပဲ။ အေးချမ်းစွာ အနားယူပါတော့။ " ကျောက်ဖုန်းက သက်ပြင်းချလိုက်ပြီး အလောင်းကို လှည်းပေါ်တင်လိုက်သည်။

"ချင်တပ်ရင်းမှူးတစ်ယောက်ကို ထိတွေ့မိသည်။ "

" ခွန်အား ၁၀မှတ် ရရှိပါသည်။ "

" အမြန်နှုန်း ၁၀ မှတ် ရရှိပါသည်။ "

All Chapters