နတ်ဘုရားအာရုံနည်းစနစ်....
Vol. 1 Ch. 7
" ရာထူးဆိုတာ မြှားမိုးတွေအောက်မှာ ဘာမှမဟုတ်ပါလား။ အရာအားလုံးက ကံတရားပဲ။ စစ်သည်တစ်ထောင်ကို အုပ်ချုပ်ရတဲ့ ချန်ဖုကျန်း (တပ်မမှူး) တစ်ယောက်လည်း ဘာမှမဟုတ်ပဲ အဆုံးသတ်သွားမှာပဲ။ အဲ့ဒါကြောင့် အသက်ရှင်နေဖို့က အဓိကပဲ။ "
" အာဏာက မက်မောစရာကောင်းပေမယ့် အသက်က ပိုတန်ဖိုးကြီးတယ်။ ဧကရာဇ်ချင်ရှီဟွမ်က နယ်မြေကို စုစည်းပြီး ကြီးကျယ်တဲ့ အောင်မြင်မှုကို ရရှိခဲ့ပေမယ့် အဲ့ဒါဖြစ်လာဖို့ သေဆုံးပေးခဲ့ရတဲ့ မရေတွက်နိုင်တဲ့ စစ်သားတွေကို ဘယ်သူကမှတ်မိမှာလဲ။ စစ်သူကြီးတစ်ယောက်ရဲ့ အောင်မြင်မှုက အရိုးစုတစ်သောင်းပေါ်မှာ တည်ဆောက်ထားတာလို့ ပြောတာ မဆန်းပါဘူး။ " အရာရှိတစ်ယောက်၏ အလောင်းကို သယ်ဆောင်ရင်း ကျောက်ဖုန်းက တွေးလိုက်သည်။
သူက ဘုရင်တစ်ပါး၏ ရည်မှန်းချက်အတွက် သူ့ကိုသူ အနစ်နာခံမည်မဟုတ်သကဲ့သို့ သူ၏ အသက်ကိုလည်း ရောင်းစားမည်မဟုတ်ပေ။ သူက သူကိုယ်တိုင်အတွက်သာ ရှင်သန်မည်ဖြစ်သည်။
" ငါသန်မာလာအောင်လုပ်ရမယ်။ ငါ့ကို ဘယ်သူမှ မသတ်နိုင်လောက်အောင် သန်မာလှမှ ငါဘေးကင်းနိုင်လိမ့်မယ်။ ငါ့ရဲ့ စွမ်းရည်တွေအားလုံး ၁၀၀၀ ကျော်သွားရင် ငါ့ကို သတ်ဖို့ မလွယ်တော့ဘူး။ " ကျောက်ဖုန်းက အလောင်းများကို သယ်ဆောင်ပြီး စွမ်းရည်များကို စုဆောင်းနေသည်။
သူက စွမ်းရည်များရရှိရန် အလောင်းများကို အသက်ရှူငါးကြိမ် ထိတွေ့နေရန် လိုအပ်သည်။ ထောက်ပို့စစ်သား သုံးထောင်က စစ်မြေပြင်ကို လျင်မြန်စွာ ရှင်းလင်းနေခဲ့သည်။ နာရီဝက်အတွင်း မြို့အပြင်မှ နေရာအတော်များက ရှင်းလင်းသွားခဲ့သည်။ ကျန်ရှိသော စစ်သားခုနှစ်ထောင်က ကျင်းများတူးပြီး အလောင်းများကို မြေမြှုပ်နေကြသည်။
" တပ်စုမှူးဖြစ်ရတာ တကယ်ကောင်းတာပဲ။ လှည်းဆွဲတဲ့အချိန်ကို သက်သာစေတယ်။ နာရီဝက်အတွင်းမှာ ငါ စွမ်းရည် ၅၀၀ နီးပါးကို စုမိသွားပြီ။ "
အမည် - ကျောက်ဖုန်း
အသက် - ၁၅နှစ်
ခွန်အား - ၄၅၈
အမြန်နှုန်း - ၃၁၂
ခံနိုင်ရည် - ၂၆၅
စိတ်ဝိညာဉ် - ၂၆၈
သက်တမ်း - ၈၆နှစ် ၁၀၈ရက်
သိုလှောင်နေရာ - ၂ ကုဗမီတာ
" ငါ ကောက်ယူထားတဲ့ထဲမှာ ခွန်အားက အများဆုံးပဲ။ အခုဆို ငါရာနီးပါးတောင် ရှိနေပြီ။ ဒီထက်ပိုပြီး မျှမျှတတလုပ်လို့မရဘူး။ " ကျောက်ဖုန်းက အခြေအနေကို ကြည့်ပြီး သူ၏ ကံကောင်းမှုကို အနည်းငယ်ပင် အလိုမကျဖြစ်မိနေသည်။
" ဒါပေမယ့် သိပ်မကြာပါဘူး။ မြို့ထဲမှာ နောက်ထပ်နေရာတွေ ရှင်းပြီးရင် စွမ်းရည်တွေအားလုံး သုံးရာကျော်သွားလိမ့်မယ်။ အဲ့ဒီအခါကျရင် ငါ ရတနာသေတ္တာတစ်ခု ထပ်ရလိမ့်မယ်။ " ကျောက်ဖုန်းက ကျေနပ်စွာ တွေးလိုက်သည်။
ယန်မြို့အပြင်ဘက်ကို ရှင်းလင်းပြီးသွားပြီဖြစ်သဖြင့် ချင်စစ်သားများက ထိုနေရာတွင် သိပ်မရှိတော့ပေ။ အသက်ရှင်ကျန်သူများကိုလည်း သူတို့၏ ရဲဘော်များက ခေါ်ထုတ်သွားကြသည်။ ၎င်းက ချင်စစ်တပ်၏ သံမဏိစည်းမျဉ်းပင်ဖြစ်သည်။ စစ်သားတစ်ယောက်က အသက်ရှင်နေသရွေ့ ဆုတ်ခွာချိန်တွင် သူ၏ ရဲဘော်ကို ပြန်လည်သယ်ဆောင်သွားရမည်ဖြစ်သည်။
" ထောက်ပို့တပ်ဖွဲ့က ပထမတပ်ဖွဲ့ လူစုကြ။ " လောရှောင်က အမိန့်ပေးလိုက်သည်။
စစ်သားများက စုဝေးလာကြပြီး ထိုထဲတွင် ကျောက်ဖုန်းလည်း အပါအဝင်ဖြစ်သည်။
" မြို့ပြင်က နေရာတွေကို ရှင်းလင်းပြီးပြီ။ " လောရှောင်က ထောက်ပို့စစ်သားတစ်ထောင်ကို ကြည့်လိုက်သည်။
" နောက်တစ်ဆင့်က မြို့အတွင်းကို ရှင်းလင်းရမယ်။ မြို့အတွင်းပိုင်းက အပြင်ဘက်နဲ့ မတူဘူး။ အပြင်ဘက်မှာ ငါတို့ ချင်ညီကိုတွေရဲ့ အလောင်းတွေဖြစ်ပေမယ့် အတွင်းမှာ အများစုက ရန်သူစစ်သားတွေပဲ။ "
" ဒီတာဝန်အတွင်းမှာ မင်းတို့ သတိထားပြီး အလုပ်လုပ်ကြ။ လက်နက်တွေကို အသင့်ပြင်ထား။ အလကားနေရင်း အသက်ကို မဆုံးရှုံးစေနဲ့။ " လောရှောင်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။
ထို့နောက် တပ်စုမှူးများက စစ်သားများကို ဦးဆောင်ပြီး မြို့ထဲသို့ စနစ်တကျ ချီတက်သွားကြသည်။ လောရှောင်၏ သတိပေးမှုကြောင့် စစ်သားများက ပို၍ သတိရှိလာကြသည်။ ရန်သူက သေချင်ဟန်ဆောင်ပြီး ရုတ်တရက် တိုက်ခိုက်လာနိုင်သည့် အခြေအနေမှာ အလွန်အန္တရာယ်ကြီးလှသည်။
" မင်းတို့အားလုံး ဂရုစိုက်ဖို့ လိုတယ်။ အထူးသဖြင့် ကျောက်ဖုန်း မင်းပဲ။ " ဝေချွမ်က လူတိုင်းကို ပြောပြီး ကျောက်ဖုန်းကို စိုက်ကြည့်လိုက်သည်။
" အဲ့ဒီရန်သူစစ်သားတွေက သေခြင်းတရားကို ရင်ဆိုင်ပြီးသားလူတွေ။ အသက်ရှင်နေတဲ့ ရန်သူတစ်ယောက်တွေ့ရင် လူစုခေါ်ပြီး ဝိုင်းသတ်ကြ။ "
" စိတ်မပူပါနဲ့ တပ်မှူး။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ " ဒါပေမယ့် ငါမကြောက်ပါဘူး။ အခုဆို ငါ့စွမ်းရည်တွေက အတော်လေးမြင့်နေပြီ။ "
သူ၏ ဓားတစ်ချက်ဝှေ့ရမ်းမှုက ပေါင်းငါးရာခွန်အား ပါဝင်နေပြီး သူ့ကို သတ်ချင်လျှင် မြှားမိုးများ ပစ်ခတ်ခြင်း သို့မဟုတ် လူများစွာဖြင့် ဝန်းရံတိုက်ခိုက်ရပေလိမ့်မည်။
ချင်စစ်တပ်က သူတို့၏ ရက်စက်မှုကြောင့် နာမည်ကျော်ကြားကြသည်။ ထို့အပြင် စစ်တပ်၏ ဆုပေးဒဏ်ပေးစနစ်က စစ်သားများကို သတ်ဖြတ်ခြင်းယန္တရားများ ဖြစ်သွားစေခဲ့သည်။ အကယ်၍ ရန်သူက လက်နက်ချလျှင် သူတို့က လက်ခံကောင်းလက်ခံနိုင်သော်လည်း မြို့ရိုကျိုးသွားပြီးမှ လက်နက်ချခြင်းက အဓိပ္ပါ်မရှိတော့ပေ။
ချင်စစ်တပ်၏ အထူးစစ်သည်များက ရန်သူများကို လိုက်လံနှိမ်နင်းကြမည်ဖြစ်ပြီး မျက်စိရှေ့တွင် လက်နက်ချသူများကိုပင် သတ်ပစ်ကြပေလိမ့်မည်။ ထို့ကြောင့်လည်း ရန်သူစစ်သားများက သေမထူးနေမထူး စိတ်ဖြင့် ပြန်လည်တိုက်ခိုက်ကြခြင်းဖြသည်။ တစ်ယောက်သတ်လျှင် အရင်း နှစ်ယောက်သတ်လျှင် အမြတ်ဖြစ်သည်။
မြို့ထဲမှ မြင်ကွင်းက မြို့ပြင်ထက် ပို၍ ကြောက်စရာကောင်းနေခဲ့သည်။ အလောင်းများနှင့် သွေးများက ချောင်းများသဖွယ် စီးဆင်းနေသည်။ ခြေပြတ်လက်ပြတ်များက နေရာအနှံ့ ပြန့်ကျဲနေပြီး သာမန်လူများအတွက် အော့အန်ချင်စရာပင်ဖြစ်သည်။
" ညီအကိုတို့ စည်းမျဉ်းလေးနည်းနည်းပြောင်းကြမယ်။ " ကျောက်ဖုန်းက သူ၏ စစ်သားငါးဆယ်ကို ပြောလိုက်သည်။
" မင်းတို့ထဲက ၁၀ ယောက်က ရန်သူသေမသေ စစ်ဆေးကြ။ ၂၀က လှည်းတွေဆွဲမယ်။ ကျန်တဲ့ ၂၀က ငါနဲ့ အလောင်းတွေသယ်မယ်။ "
" ဟုတ်ကဲ့။ " စစ်သားများက ပြန်ပြောလိုက်ကြသည်။
ကျောက်ဖုန်းက အလောင်းများကို ကြည့်ပြီး သူ၏ အလုပ်ကို စတင်လိုက်သည်။
" သာမန်စစ်သားတစ်ယောက်ကို ထိတွေ့လိုက်သည်။ "
" ခွန်အား ၁မှတ် ရရှိသည်။ "
" အမြန်နှုန်း ၁မှတ် ရရှိသည်။ "
" စိတ်ဝိညာဉ် ၁မှတ် ရရှိသည်။ "
မြို့ထဲမှ အဆောက်အအုံများတွင် သေဟန်ဆောင်နေသော ဟန်စစ်သားများကို မတွေ့ရသေးပေ။ အချိန်များ ကုန်ဆုံးလာပြီး ကျောက်ဖုန်းက အလောင်းနှစ်လောင်းကို မပြီး လှည်းပေါ်တင်လိုက်သည်။
" စွမ်းရည်အားလုံး ၃၀၀မှတ် ကျော်သွားပြီး အဆင့်တစ်ရတနာသေတ္တာတစ်ခုရရှိပါသည်။ "
" ကိုင်တွယ်ခဲ့သည့် အလောင်းတစ်ထောင်ကျော်သွားပါပြီ။ နတ်ဘုရားအာရုံနည်းစနစ်ကို ရရှိသည်။ "
" ငါ့ရဲ့ စွမ်းရည်တွေ နောက်တစ်ဆင့် တက်သွားပြီ။ ဒီအလောင်းသယ်တဲ့အလုပ်က ငါနဲ့ အကိုက်ညီဆုံးပဲ။ " ကျောက်ဖုန်းက သူ၏ ခန္ဓာကိုယ် သန်မာလာသည်ကို ခံစားလိုက်ရသည်။
" ရတနာသေတ္တာကိုဖွင့်လိုက်။ " ကျောက်ဖုန်းက စိတ်ထဲမှ ပြောလိုက်သည်။ " ငါ့ရဲ့ စွမ်းရည်တွေက သတ်မှတ်ထားတဲ့ အဆင့်တစ်ခုရောက်တိုင်း ရတနာသေတ္တာရရှိတာပဲ။ "
" ပထမအဆင့် အဆင့်မြင့်လက်နက် သံနက်လေးကို ရရှိပါသည်။ "
" မဆိုးဘူး။ " ကျောက်ဖုန်းက ကျေနပ်သွားသည်။ အဆင့်မြင့်လေးတစ်လက်က အမှန်တကယ် အစွမ်းထက် လက်နက်တစ်ခုဖြစ်သည်။
" နတ်ဘုရားအာရုံနည်းစနစ် ထုတ်ယူမယ်။ " ကျောက်ဖုန်းက သိလိုစိတ်နှင့် ပြောလိုက်သည်။ ရွှေရောင်အလင်းတန်းတစ်ခုက ကျောက်ဖုန်းကို လွှမ်းခြုံသွားသည်။
" အော် နတ်ဘုရားအာရုံက စိတ်ဝိညာဉ်စွမ်းအားကို ပြောတာကိုး။ ဒီနည်းလမ်းက ကိုယ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို အပြင်ဘက်ကို ထုတ်လွှတ်ပြီး ပတ်ဝန်းကျင်ကို သိမြင်အောင် လုပ်ပေးတာပဲ။ ဒါ ငါ အရင်ဘဝက ဖတ်ဖူးတဲ့ ဝတ္ထုတွေထဲမှာပါတဲ့ စိတ်ဝိညာဉ်အာရုံကို ကျင့်ကြံတာနဲ့ မတူဘူးလား။ "
" ဘုရားရေ ငါတကယ်ပဲ အဲ့ဒီစွမ်းရည်ရှိနေပြီပဲ။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။ ထို့နောက် သူက နတ်ဘုရားအာရုံကို စမ်းသုံးကြည့်လိုက်သည်။ သူ၏ အာရုံက ခန္ဓာကိုယ်အတွင်း ကန့်သတ်ထားခြင်းမရှိဘဲ ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ သိမြင်နေရသည်။
" ငါ့ရဲ့ နတ်ဘုရားအာရုံက ပေသုံးဆယ်ပတ်လည်ထိ ရောက်နေပြီ။ ဒါက ငါ့အတွက် အကြီးမားဆုံး အားသာချက်ပဲ။ ငါ့ရဲ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားရင် ပေသုံးဆယ်အတွင်းက အရာအားလုံးကို မြင်နိုင်လိမ့်မယ်။ "
" ဘယ်သူမှ ငါ့ကို အလစ်ငိုက်တိုက်ခိုက်လို့မရဘူး။ ဘယ်သူသေချင်ဟန်ဆောင်နေလဲ ချက်ချင်း သိနိုင်ပြီ။ ဒါပေမယ့် ဒါက အဆင့်မြင့် နတ်ဘုရားအာရုံ မဖြစ်သေးတော့ စိတ်ဝိညာဉ်စွမ်းအားတွေကို ခံစားလို့မရသေးဘူး။ ဒါပေမယ့် ဒီကမ္ဘာမှာ စိတ်ဝိညာဉ်စွမ်းအားဆိုတာ လုံးဝမရှိတာလား။ "
ကျောက်ဖုန်းက ဟန်စစ်သည်များ၏ အလောင်းများကို သယ်ဆောင်ပြီး စွမ်းရည်များစုဆောင်းခြင်းကို ဆက်လုပ်နေသည်။
ယန်မြို့၏ အပြင်ဘက်တွင် လန်ထျန်တပ်မကြီးမှ အထူးစစ်သည်များက မြို့ထဲမှ ထွက်ပြေးသွားသော ဟန်စစ်သားများကို လိုက်လံသတ်ဖြတ်နေသည်။ ဟန်နိုင်ငံ၏ အဓိက ခံတပ်ဖြစ်သော ယန်မြို့က ထိုးဖောက်ခံလိုက်ရသောကြောင့် ဟန်မြို့တော်၏ ဂိတ်တံခါးက ပွင့်သွားပြီဖြစ်ရာ ဟန်နိုင်ငံမှာ ပျက်သုဉ်းရန် သေချာသလောက်ရှိနေပြီဖြစ်သည်။