← Chapters

ရိက္ခာလမ်းကြောင်းကို ပစ်မှတ်ထားခြင်း...

Vol. 1 Ch. 9

ရိက္ခာလမ်းကြောင်းကို ပစ်မှတ်ထားခြင်း...

Vol. 1 Ch. 9

" ဘာ မြို့ထဲမှာ ဟန်တပ်ဖွဲ့တွေ ပုန်းနေတာလား။ " ဝမ်ယန်က ချက်ချင်း ထရပ်လိုက်ပြီး သူမက မျက်မှာပျက်သွားသည်။

" ငါတို့ အင်အားတစ်သိန်းနဲ့ ယန်မြို့ကို သိမ်းပိုက်တုန်းက သူတို့ ဘယ်ရောက်နေတာလဲ။ " သူမက အံ့အားသင့်စွာ ပြန်ဖြေလိုက်သည်။

" ယန်မြို့က ဟန်နိုင်ငံရဲ့ အဓိကခံတပ်တစ်ခုပဲ။ သူတို့က မြေအောက်လမ်းကြောင်းတွေကို ဟိုအရင်ကတည်းက တူးထားခဲ့ကြတာပါ။ မြို့ထဲမှ အိမ်ခြေသောင်းနဲ့ချီရှိနေတော့ ကျွန်တော်တို့ တပ်တွေ ဝင်ရှာခဲ့ပေမယ့် မတွေ့ခဲ့တာပါ။ "

" သူတို့က ယန်မြို့ကို သိမ်းပိုက်ဖို့ ဒါမှမဟုတ် ငါတို့တပ်ရဲ့ ရိက္ခာလမ်းကြောင်းကို ပိတ်ဆို့ပြီး စစ်သူကြီးလီထန်ကို တားဆီးဖို့ ကြိုးစားတာဖြစ်ရမယ်။ " ဝမ်ယန်၏ မျက်နှာက တင်းမာနေသည်။ " ရန်သူကို ခုခံဖို့ မြို့ထဲမှာရှိတဲ့ အထူးစစ်သည်အားလုံးကို စုစည်းလိုက်။ "

" မြို့ပြင်မှာ စခန်းချနေတဲ့ ထောက်ပို့တပ်ဖွဲ့ကို သတင်းပို့။ သူတို့ကို မြို့ထဲဝင်ပြီး တိုက်ပွဲမှာ ပါဝင်ဖို့ အမိန့်ပေးလိုက်။ "

ထို့နောက် သူမက ဘေးမှ ဓားကို ဆွဲထုတ်ပြီး အပြင်သို့ ထွက်ခွာသွားသည်။ ထိုအချိန်တွင် စစ်တပ်နှစ်ခုလုံးက ညအချိန်တွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသဖြင့် ယန်မြို့တစ်ခုလုံး တိုက်ခိုက်သံများဖြင့် ပြည့်နှက်နေသည်။

မြို့တစ်ခုလုံး သတ်ဖြတ်လိုသော အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။ ​ဟန်တပ်ဖွဲ့များက ဘယ်ကနေပေါ်လာမှန်းမသိသည့်အပြင် နယ်မြေအနေအထားကလည်း အလွန်ကျွမ်းကျင်ကြသည်။ မြို့ထဲမှ စစ်သည်ငါးထောင်က အလစ်ငိုက်မိသွားခဲ့ပြီး အကျအဆုံးများသွားခဲ့သည်။

နေအိမ်တစ်ခုအတွင်း စစ်သူကြီးလီထန် အသည်းအသန်ရှာဖွေနေသော ပေါင်ယွမ်က ဟန်စစ်သူကြီးများ ဝန်းရံလျက် ထိုင်နေသည်။ ထိုအချိန်တွင် တံခါးပွင့်လာခဲ့သည်။

" အစီရင်ခံပါတယ် စစ်သေနာပတိချုပ်။ " သွေးများစွန်းပေနေသော ဟန်စစ်သူကြီးက ပြောလိုက်သည်။

" ကျွန်တော်တို့ ညီအကိုရှစ်ထောင်လုံး တိုက်ပွဲဝင်နေပါပြီ။ မြို့ထဲက ချင်တပ်ဖွဲ့က အလစ်ငိုက်မိသွားပါတယ်။ အခုသူတို့ကို တဖြည်းဖြည်း ရှင်းလင်းနေပါပြီ။ မနက်ဖြန်မနက်မှာ ယန်မြို့ကို ဟန်နိုင်ငံလက်ထဲ ပြန်သိမ်းနိုင်ပါလိမ့်မယ်။ "

" လပေါင်းများစွာ ကြိုတင်ပြင်ဆင်ထားခဲ့တာ အခုတော့ အသီးအပွင့်ခံစားရပြီပေါ့။ " ပေါင်ယွမ်က ပြုံးလိုက်သည်။

" ချင်ဘုရင်ရင်ကျန်း ငါတို့ ဟန်ကို ဖျက်ဆီးဖို့ မင်းထင်သလောက်မလွယ်ပါဘူး။ ပြီးတော့ ဝမ်ကျန်း မင်းက အရမ်းမောက်မာလွန်းတယ်။ ဒီတစ်ခါတော့ စစ်မြေပြင်မှာ လှည့်ကွက်ဆိုတာ ဘာလဲသိအောင် ငါမင်းကို ပြရမှာပေါ့။ " ပေါင်ယွမ်က ထရပ်လိုက်သည်။

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ တိုက်ပွဲကို အချိန်မဆွဲနဲ့။ မြို့ထဲကနေ ဖောက်ထွက်ပြီး ချင်စစ်တပ်ရဲ့ ရိက္ခာလမ်းကြောင်းကို တိုက်ခိုက်ကြ။ အဲ့ဒါက ဟန်နိုင်ငံရှင်သန်ဖို့ အဓိကသော့ချက်ပဲ။ သူတို့ရဲ့ ရိက္ခာတွေကို မီးရှို့ပြီး လမ်းကြောင်းကို ဖြတ်တောက်နိုင်သရွေ့ ချင်စစ်တပ်က ဘယ်လောက်ပဲအားကောင်းနေပါစေ။ အင်အားချည့်နဲ့သွားလိမ့်မယ်။ "

" ဒါဆို ကျောက်နဲ့ဝေက စစ်ကူတွေလာနိုင်ဖို့ အချိန်အလုံအလောက် ရလိမ့်မယ်။ " ပေါင်ယွမ်က အေးစက်စွာ ရယ်မောလိုက်သည်။

ပေါင်ယွမ်က ယန်မြို့ကို ပြန်သိမ်းရန် စိတ်ကူးမရှိပေ။ သူ၏ အစီအစဉ်က ပြန်သိမ်းရန် ဟန်ပြလုပ်ခြင်းသာဖြစ်သည်။ ဖရိုဖရဲအခြေအနေကို အသုံးပြု၍ သူ၏ စစ်တပ်က ချင်ရိက္ခာလမ်းကြောင်းကို တိုက်ခိုက်ရန်သာဖြစ်သည်။

" နားလည်ပါပြီ။ " စစ်သူကြီးများက တစ်ညီတစ်ညွှတ်တည်း ပြန်ဖြေလိုက်ကြသည်။

ထို့နောက် ပေါင်ယွမ်က ညအမှောင်ထဲတွင် ရှန်ကျန်းမြို့ရှိရာသို့ ကြည့်လိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်တို့ ဟန်နိုင်ငံက ပျက်သုဉ်းမှာမဟုတ်ဘူး။ ကျွန်တော်မျိုးတို့ရဲ့ အောင်ပွဲသတင်းကို စောင့်နေလိုက်ပါ။ "

မြို့ပြင်ရှိ ထောက်ပို့တပ်ဖွဲ့ စခန်းချရာနေရာတွင် ထောက်ပို့စစ်သားများက တစ်နေ့ကုန် ပင်ပင်ပန်းပန်း လုပ်ကိုင်ထားရသဖြင့် အများစုမှာ တဲများအတွင်း၌ အနားယူနေကြပြီဖြစ်သည်။

တဲတစ်ခုအတွင်း၌ အိပ်ပျော်နေသော ကျောက်ဖုန်းက ရုတ်တရက် နိုးလာခဲ့သ​ည်။ သူက ထရပ်ပြီး အပြင်သို့ ထွက်လာခဲ့သည်။

" တစ်ခုခုမူမမှန်ဘူး။ " ကျောက်ဖုန်းက တဲအပြင်ဘက်တွင် ရပ်ပြီး ယန်မြို့ဘက်သို့ လှမ်းကြည့်ရင်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံခံမိလိုက်သည်။

ယခု သူ၏ စွမ်းရည်များအားလုံးက ၄၀၀ နီးပါးရှိနေပြီဖြစ်ပြီး သူ၏ အာရုံခံစားမှုက အလွန်ထက်မြက်နေပြီဖြစ်သည်။ တိုက်ပွဲသံများက ထိုမျှအဝေးထိ မရောက်နိုင်သော်လည်း ကျောက်ဖုန်းက ဆူညံသံအချို့ကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

ကျောက်ဖုန်းက တွန့်ဆုတ်ခြင်းမရှိဘဲ တဲထဲသို့ ပြန်ဝင်ပြီး သူ၏ ချပ်ဝတ်နှင့် ဓားကို ဆွဲယူလိုက်သည်။

" ညီအကိုတို့ ထကြတော့။ " ကျောက်ဖုန်းက မီးထွန်းပြီး အော်ဟစ်လိုက်သည်။ " တစ်ခုခုဖြစ်နေပြီ။ "

ကျောက်ဖုန်း၏ အသံကို ကြားသောအခါ တဲထဲမှ စစ်သားများက အိပ်ချင်မူးတူးနှင့် ထလာကြသည်။

" တပ်စုမှူး ဘာဖြစ်လို့လဲ။ "

" ညသန်းခေါင်ကြီး ဘာဖြစ်မှာလဲ။ "

" အားလုံး အဝတ်အစားတွေ မြန်မြန်ဝတ် ဓားတွေ ယူထားကြ။ " ကျောက်ဖုန်းက ချက်ချင်း ပြောလိုက်သည်။ " ငါ တခြားသူတွေကို သွားနှိုးလိုက်ဦးမယ်။ "

ကျောက်ဖုန်း၏ လေးနက်သော အမူအရာကို မြင်သောအခါ ပင်ပန်းနေသော စစ်သားများက အလန့်တကြား ထလာကြသည်။ မကြာမီ ဝေချွမ်၏ လူတစ်ရာတပ်ခွဲက စစ်သားအားလုံးလည်း ထလာကြသည်။

" ကျောက်ဖုန်း ဘာဖြစ်တာလဲ။ " ဝေချွမ်က ကျောက်ဖုန်းကို ဇဝေဇဝါနှင့် ကြည့်လိုက်သည်။

" မြို့ထဲမှ ပြဿနာတစ်ခုခုဖြစ်နေပြီ ထင်တယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" မြို့ကို သိမ်းပြီးပြီပဲ။ ဘာပြဿနာရှိနိုင်မှာလဲ။ " ဝေချွမ်က ယန်မြို့ဘက်သို့ လှည့်ကြည့်ပြီး ပြောလိုက်သည်။

" ကျွန်တော်လည်း သေချာမပြောတတ်ဘူး။ ဒါပေမယ့် နိုးနိုးကြားကြားနေတာ ပိုကောင်းတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

သူစကားပြေားပြီးချိန်တွင် တိတ်ဆိတ်နေသော ယန်မြို့ရိုးပေါ်မှ တိုက်ပွဲသံများ ဟိန်းထွက်လာသည်။

" သတ် သတ်ကြ..." မြို့ရိုးပေါ်မှ အော်ဟစ်သံများက ပဲ့တင်ထပ်လာသည်။ ခဏကြာသောအခည မြို့တံခါးက ဝုန်းကနဲ ပွင့်လာခဲ့သည်။

" အားလုံး ငါ့အမိန့်ကို နားထောင်။ ချင်စစ်သားမှန်သမျှ ညှာတာမှုမရှိ သတ်ကြ။ "

အမိန့်ပေးသံနှင့်အတူ ထောင်ချီသော ဟန်စစ်သားများက မြို့ထဲမှ အလုံးအရင်း ထွက်လာကြသည်။ ဟန်စစ်တပ်၏ ရှေ့ပြေးတပ်ဖွဲ့က လေးမြှားများကို အသင့်ပြင်ပြီး ထောက်ပို့စခန်းသို့ မြှားများဖြင့် စတင်ပစ်ခတ်လိုက်ကြသည်။

မျှော်လင့်မထားသော တိုက်ခိုက်မှုကြောင့် ထောက်ပို့စစ်သားများက ချက်ချင်း ထိတ်လန့်သွားကြသည်။ တဲများထဲမှ စစ်သားအများစုက ဘာမှမလုပ်နိုင်မီ အိပ်ပျော်နေရင်း မြှားမှန်ပြီး သေဆုံးကုန်ကြသည်။

" သေစမ်း ရန်သူတွေတိုက်နေပြီ။ "

" မြန်မြန် ထကြ။ ရန်သူတွေ ရောက်နေပြီ။ "

ထိတ်လန့်တကြား အော်ဟစ်သံများက ထောက်ပို့စခန်းတစ်ခုလုံး ပျံ့နှံ့သွားသော်လည်း နောက်ကျသွားပြီဖြစ်သည်။ မြို့ထဲမှ ဟန်စစ်သားများစွာက အရှိန်အဟုန်ဖြင့် ချီတက်လာကြသည်။

သူတို့က ရှေ့တက်လာရင်း မြှားများကိုလည်း ဆက်တိုက်ပစ်ခတ်နေခဲ့သည်။ ထောက်ပို့စခန်းအနီးသို့ ရောက်သောအခါ ချင်စစ်သားများက တဲများထဲမှ ကြောင်တောင်တောင်ဖြင့် ပြေးထွက်လာကြသည်။

" သတ်ကြ ဘယ်သူမှအရှင်မထားနဲ့။ "

" သတ်...."

ဟန်စစ်သားများက လက်နက်များကို ဝှေ့ရမ်းကာ ဟိန်းဟောက်လိုက်ကြပြီး မှင်သက်နေသော ချင်ထောက်ပို့စစ်သားများကို ရူးသွပ်စွာ ခုတ်ပိုင်းကြတော့သည်။ ယန်မြို့၏ အပြင်ဘက်တွင် သွေးချောင်းစီးသတ်ဖြတ်ပွဲကြီး စတင်လေတော့သည်။

ထောက်ပို့တပ်ဖွဲ့က တိုက်ခိုက်ရေးတပ်ဖွဲ့မဟုတ်သကဲ့သို့ ယခုကဲ့သို့ အလစ်ငိုက်တိုက်ခိုက်ချိန်တွင် သူတို့က အချိန်မီတုန့်ပြန်နိုင်စွမ်း မရှိခဲ့ပေ။ သူတို့က တစ်ဖက်သတ် သတ်ဖြတ်ခြင်းခံနေရာသည်။ ရုတ်တရက် ရက်စက်စွာ သတ်ဖြတ်မှုများကြောင့် ထောက်ပို့တပ်ဖွဲ့တစ်ခုလုံးက ဖရိုဖရဲဖြစ်သွားကြသည်။

" ဟန်စစ်တပ်က တကယ်ကြီး ငါတို့ကို လာသတ်တာလား။ "

" ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

" သူတို့က ဘယ်ကရောက်လာကြတာလဲ။ "

ဝေချွမ်က ကျော်ဖုန်းကို ထိတ်လန့်စွာ ကြည့်လိုက်ပြီး ဘေးမှ စစ်သားများကလည်း တုန်လှုပ်ချောက်ချားနေကြသည်။ အကယ်၍ စစ်ရှုံးသွားသော ဟန်စစ်တပ်က နောက်မှ လာရောက်တိုက်ခိုက်သည်ဆိုလျှင် ယုတ္တိရှိသေးသည်။

မည်သို့ပင်ဖြစ်စေ ချင်စစ်တပ်က တိုက်ခိုက်ချိန်တွင် အချို့သူများက ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသည်။ သို့သော် ယန်မြို့အတွင်းမှ တိုက်ခိုက်လာခြင်းက ဘယ်သူမှမမျှော်လင့်ထားသော ကိစ္စဖြစ်သည်။

သူတို့က မည်သည့်ပြင်ဆင်မှုမှမရှိခဲ့ပေ။ ထောက်ပို့တပ်ဖွဲ့၏ ကင်းလှည်စစ်သားများကလည်း မြို့ပြင်သို့ မျက်နှာမူထားကြပြီး မြို့ဘက်တွင် နေရာချထားခြင်းမရှိပေ။

" ရှင်းနေတာပဲ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" ဒီဟန်တပ်ဖွဲ့က မြို့မကျခင်ကတည်းက မြို့ထဲမှာ ပုန်းနေခဲ့တာဖြစ်ရမယ်။ သူတို့က ချင်စစ်တပ် ရန်သူကို လိုက်လံချေမှုန်းပြီး ထွက်သွားတဲ့အချိန်ကို စောင့်ပြီး တိုက်ခိုက်ကြတာပဲ။ "

" ယန်မြို့က ကြီးတယ်ဆိုပေမယ့် ငါတို့ စစ်သည်အင်အား တစ်သိန်းနဲ့ သိမ်းပိုက်ထားတာပဲ။ သူတို့က ဘယ်လိုလုပ်ပုန်းနေနိုင်တာလဲ။ လူနေအိမ်တွေထဲမှာ ဒီလောက်လူအများကြီး ပုန်းဖို့ နေရာလောက်ပါ့မလား။ " ဝေချွမ်က နားမလည်နိုင်ဖြစ်နေဆဲဖြစ်သည်။

" အိမ်တွေထဲမှာ မဟုတ်ဘဲ မြေအောက်ထဲမှာ ဆိုရင်ရော။ " ကျောက်ဖုန်းက လှည့်ပြီး ပြန်မေးလိုက်သည်။

၎င်းကို ကြားသောအခါ ဝေချွမ်၏ အမူအရာက ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ " အခုငါတို့ဘာလုပ်ကြမလဲ။ "

" ရန်သူက ရုတ်တရက် ဝင်တိုက်တာ။ ငါတို့စစ်သူကြီးတွေတောင် အခြေအနေကို နားလည်ဦးမှာမဟုတ်ဘူး။ ပြီးတော့ ငါတို့က ထောက်ပို့တပ်ဖွဲ့က ဘာလုပ်နိုင်မှာမလို့လဲ။ "

All Chapters