← Chapters

ဆရာသမားတစ်ဦး လာရောက်ပူးပေါင်းခြင်း

Vol. 4 Ch. 33

ဆရာသမားတစ်ဦး လာရောက်ပူးပေါင်းခြင်း

Vol. 4 Ch. 33

ရှန်းယီ အနောင်တအရဆုံးကိစ္စမှာ သူများနာမည်ကို ခုတုံးလုပ်ပြီး နတ်ဆိုးသားရဲအချို့ကို ထပ်မသတ်နိုင်လိုက်ခြင်းပင်။

သို့သော် ထိုစကားကို သူ ထုတ်မပြောဖြစ်ပါ။

သူသည် ဓားအိမ်ကို ဖြုတ်လိုက်ပြီး ဓားကို သူ့လက်မောင်းအောက်တွင် ဖိညှပ်ထားလိုက်ပါသည်။

ထိုသို့နေရသည်မှာ အနည်းငယ် နေရထိုင်ရ ခက်သော်လည်း ကိုယ့်ခေါင်းကိုယ် ပြန်စမ်းကြည့်ရမည့် အဖြစ်ဆိုးနှင့်စာလျှင်မူ အဆပေါင်းများစွာ သက်သာသေးပေ၏။

သူ၏သတိကြီးစွာထားနေပုံကို မြင်သောအခါ လင်းပိုင်ဝေ့က နှုတ်ခမ်းနီလေးကို စူလိုက်မိလေသည်။

သူမသာ အစကတည်းက ဤကဲ့သို့ သတိထားခဲ့လျှင် ယခုလို ဒုက္ခရောက်စရာ အကြောင်းမရှိပေ။

သူမသည် စာရေးကိရိယာဗီဒိုဆီသို့ သွားကာ စာရွက်နှင့်မင်ရည် အချို့ကို ယူလိုက်လေ၏။

စားပွဲတွင် ဝင်ထိုင်ပြီး မီးခွက်ထဲသို့ ဆီထပ်ထည့်လိုက်လေသည်။

တဖျပ်ဖျပ် လှုပ်ခါနေသော မီးရောင်အောက်တွင် သူမ မျက်လုံးများကို မှိတ်ပြီး အတိတ်ကို ပြန်ပြောင်းအောက်မေ့ရင်း မင်သွေးလိုက်ပါသည်။

ခဏအကြာတွင် လင်းပိုင်ဝေ့သည် ဂရုတစိုက် စတင်ကူးရေးတော့ပေသည်။

သွယ်လျသော လက်ချောင်းလေးများ၏လှုပ်ရှားမှုအောက်တွင် သေသပ်လှပသော စာလုံးများ စာရွက်ထက်၌ ကခုန်လာကြလေသည်။

"ဘာလုပ်နေတာလဲ။ မအိပ်သေးဘူးလား" ရှန်းယီ လှည့်ကြည့်ပြီး မေးလိုက်ပေ၏။

"လိုချင်တာ မရဘဲနဲ့ အိပ်လို့ပျော်ပါ့မလား"

လင်းပိုင်ဝေ့က တီးတိုးရေရွတ်လိုက်ပါသည်။

'ငါတို့အားလုံးက လည်ပင်းပေါ် ဓားတင်ထားရသလို အန္တရာယ်ကြားမှာ ရှင်သန်နေရတဲ့ သာမန်လူတွေပါ၊ ဘာကိစ္စ တည်ငြိမ်ချင်ယောင် ဆောင်နေရမှာလဲ။'

ပထမဆုံးအကြိမ် နတ်ဆိုးတစ်ကောင်က သူမ၏ လည်ပင်းကို ညှစ်ပြီး အသက်ရှူရပ်လုနီးပါး ဖြစ်အောင် လုပ်ခဲ့သည်ကို သူမ မှတ်မိနေသေးပေသည်။

သူမ၏လုပ်ဖော်ကိုင်ဖက်များက ထိုနတ်ဆိုး၏ ခေါင်းကို ချက်ချင်း ဖြတ်ချလိုက်နိုင်ခဲ့သော်လည်း သူမမှာမူ တစ်ညလုံး တုန်လှုပ်ချောက်ချားနေခဲ့ရပါသည်။

အကယ်၍ ထိုစဉ်က သူမဘေးတွင် တစ်စုံတစ်ယောက်သာ ရှိနေခဲ့လျှင် ညသန်းခေါင်ယံ အိပ်မက်ဆိုးမက်ပြီး ငိုယိုနိုးထလာရသည့် အဖြစ်မျိုး ကြုံရချင်မှ ကြုံရပေလိမ့်မည်။

"..."

ရှန်းယီသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မျက်လုံးများကို မှိတ်လိုက်လေသည်။

ကြက်တွန်သံ ကြားသောအခါ သူ ဖြည်းညှင်းစွာ ထလိုက်ပြီး စားပွဲဘေးတွင် သမ်းဝေနေသော အမျိုးသမီးကို ကြည့်လိုက်လေ၏။

အမှန်ပင်... နေသားမကျသေးပါပေ။ သူမသည် နတ်ဆိုးနှိမ်နင်းရေးဌာနမှ လူမှန်း သိသော်လည်း အဝတ်အစား အပြည့်အစုံ ဝတ်ဆင်ထားသည့် သက်ရှိလူသားတစ်ယောက် မိမိဘေးတွင် ရှိနေသည့် အခြေအနေကို ရှန်းယီ ကျင့်သားမရသေးပါပေ။ (တုံးလုံးနေပေးရမဲ့ပုံ)

"အင်း... တစ်ဝက်လောက်တော့ ကူးပြီးပြီ"

လင်းပိုင်ဝေ့က သူမ၏လက်ကောက်ဝတ်ကို နှိပ်နယ်ရင်း လက်ရာကို သေချာပြန်စစ်လိုက်ပါသည်။

"နှေးတယ်လို့တော့ အပြစ်မပြောနဲ့နော်။ ဒီလိုကိစ္စမျိုးက အမှားနည်းနည်း ပါတာနဲ့ ပြဿနာအကြီးကြီး တက်သွားနိုင်တာ"

ရှန်းယီသည် သန့်ရှင်းသော အဝတ်အစားကို လဲလှယ်ဝတ်ဆင်လိုက်ပြီး ခေါင်းညိတ်ပြလေ၏။

"ပင်ပန်းသွားပြီ"

"ဟမ်" လင်းပိုင်ဝေ့က အံ့ဩဟန်ဆောင်လိုက်ပြီး "ရှင်လည်း ကောင်းကောင်းမွန်မွန် စကားပြောတတ်သားပဲ"

"မပြောတတ်လို့ ဖြစ်မလား၊ ခင်ဗျားကို လင်းအိမ်တော် ပြန်ပို့ပြီး ငွေတောင်းရဦးမှာ။ ကျွန်တော်က ငွေပြတ်နေတာ ခင်ဗျားလည်း သိသားနဲ့"

ရှန်းယီက လက်စကို ပြင်ဝတ်လိုက်ပြီး ဓားကိုဆွဲကာ အိမ်ထဲမှ ထွက်ခွာသွားလေသည်။

ဘိုင်ယွင်ခရိုင်သည် ကျဉ်းမြောင်းလှသဖြင့် သတင်းစကားများသည် တစ်ညတည်းနှင့် မြို့တစ်မြို့လုံး ပျံ့နှံ့သွားတတ်ပေသည်။

အချိန်စောသေးသော်လည်း ရုံးတော်ဝင်းရှေ့တွင် လူအုပ်ကြီး စုဝေးနေပြီ ဖြစ်ပါသည်။

လူအုပ်သည် မည်မျှ ထူပ်သိပ်နေသနည်းဆိုလျှင် ရေမတိုးနိုင်၊အပ်ကျမခံနိုင်အောင် ရှိနေပြီး ဝင်ပေါက်ကို ပိတ်ဆို့ထားကြပေသည်။

လူတစ်ယောက်က အော်ပြောလိုက်လေ၏။

"နှိမ်နှင်းရေးမှူးရှန်း လာပြီဟေ့"

ရှန်းယီ၏ရှေ့တွင် လမ်းကြောင်းတစ်ခု ပွင့်သွားလေသည်။ သူ စိတ်ဝင်တစား လှမ်းကြည့်လိုက်ရာ မျက်နှာများ နီရဲနေသော ချန်ကျိနှင့် အခြားလူအချို့ကို တွေ့လိုက်ရပေ၏။

"နောက်တစ်ခါ ထပ်ပြောမယ်နော်။ ကျုပ်တို့က နတ်ဆိုးကိစ္စပဲ ကိုင်တွယ်တာ။ ဖောက်ပြန်တဲ့ ကိစ္စတွေ၊ ခင်ဗျားတို့ ပိုက်ဆံအိတ် ပျောက်တဲ့ ကိစ္စတွေ လိုက်ရှာပေးဖို့ တာဝန်မရှိဘူး"

"မဟုတ်တာ အဘိုးကြီးယန်ရဲ့ မိန်းမက ယောက်ျားတစ်ယောက်ကို အိမ်ခေါ်လာတာ၊ အဲဒီ အရပ်ရှည်ရှည် လူနှစ်ယောက် ဖမ်းမိသွားတာလေ။ ကျုပ် မျက်စိနဲ့ တပ်အပ် မြင်လိုက်ရတာ"

လူအုပ်ကြီးထံမှ ဆူညံသံများ ထွက်ပေါ်လာလေသည်။

"ကျုပ် ပိုက်ဆံအိတ်ကိုလည်း နတ်ဆိုး နှိုက်သွားတာ ဖြစ်နိုင်တာပဲ။ အရာရှိရှန်း... ကျုပ်အတွက် မတရားမှုကို ဖြေရှင်းပေးပါဦး"

"..."

ရှန်းယီသည် တိတ်ဆိတ်စွာပင် ဝင်းထဲသို့ ဝင်လိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်လေ၏။

"တံခါး ပိတ်လိုက်တော့"

လူအချို့က သစ်သားတံခါးမကြီးကို အားကုန်သုံးကာ တွန်းပိတ်လိုက်ကြပေတော့သည်။

မနည်း အားစိုက်ပြီး ဂျက်ချလိုက်ရသဖြင့် မောပန်းကာ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ကြပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြလေသည်။

ကျန်းတာ့ဟွာက ကြောက်လန့်တကြား တုန်ရီနေပါသည်။

"ကျိန်ဆဲချင်စရာကောင်းလိုက်တာ။ အရင်တုန်းကဆို ငါ့ကိုမြင်ရင် ရှောင်သွားကြတဲ့ကောင်တွေက အခု ရုံးတော်ကိုတောင် ဝင်စီးမလို့ လုပ်နေကြပါလား"

ပြောပြီးသည်နှင့် သူ အမှားလုပ်မိမှန်း သတိပြုလိုက်မိကာ ရှန်းယီဘက်သို့ အမြန်လှည့်၍ အတင်းပြုံးပြလိုက်ရပေသည်။

"ဆရာကမှ တကယ့် ဆရာပါဗျာ"

ချန်ကျိက ပြုံးရွှင်စွာ ထရပ်လိုက်ပြီးမှ သစ်သားတံခါးဘက်သို့ ကြည့်ရင်း မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပေသည်။

နောက်တစ်ခဏတွင် တံခါးကို အပြင်မှ တဒုန်းဒုန်း ထုနှက်သံများ ကြားလိုက်ရလေ၏။

"ဒီကောင်တွေ တော်တော်အတင့်ရဲနေပါလား"

နျိုညီနောင်တို့က အင်္ကျီကိုပင့်တင်လိုက်ပြီး အပြင်ဘက်မှ လူကို ဆဲဆိုရန် ရည်ရွယ်လျက် တံခါးဖွင့်လိုက်ကြသည်။

သို့သော် ရုတ်တရက် သူတို့ တစ်ကိုယ်လုံး တုန်ရီသွားပြီး အံ့အားသင့်စွာ မော့ကြည့်လိုက်မိကြလေ၏။

သူတို့သည် အရပ်ရှည်ပြီး သန်မာသည်ဟု ဆိုနိုင်သော်လည်း ယခုရောက်လာသူမှာ သူတို့ထက် ခေါင်းတစ်လုံး ပိုမြင့်ရုံသာမက ပခုံးအလွန်ကျယ်လေသည်။

အထူးသဖြင့် ဆီများဖြင့် ပြောင်လက်ဝင်းပနေသော စည်ပိုင်းကဲ့သို့ ဝိုင်းစက်နေသည့် ဗိုက်ကြီးမှာ ကြည့်ရသူအဖို့ ထိတ်လန့်စရာပင် ကောင်းနေသေးပေသည်။

ထိုလူ၏ခန္ဓာကိုယ် တည်ဆောက်ပုံသက်သက်နှင့်ပင် သိုင်းပညာ မတတ်လျှင်တောင် လူအများအပြားကို အလွယ်တကူ တိုက်ခိုက်ဖြိုလဲနိုင်ပေလိမ့်မည်။

နျိုညီနောင်တို့သည် ဤမျှ ကြမ်းတမ်းခက်ထန်သော လူမျိုးကို တစ်ခါမျှ မတွေ့ဖူးသဖြင့် တုန်တုန်ရီရီနှင့် ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်လိုက်မိပေသည်။

"ဆရာရေ... တစ်ယောက်ယောက်က... ရန်လာရှာနေတယ်"

ချန်ကျိသည် လေးနက်သော မျက်နှာထားဖြင့် ငြိမ်သက်စွာ ရပ်နေပြီး တဇွတ်ထိုး မလုပ်ရဲပေ။

ဗာဂျာရာဂိုဏ်း ကဲ့သို့သော ဂိုဏ်းကြီးမှ သိုင်းပညာရှင်တစ်ယောက်သည် အဘယ်ကြောင့် ဤမျှ သေးငယ်သော ရုံးခန်းလေးသို့ ရောက်လာရသနည်းဟု သူ စဉ်းစားမရ ဖြစ်နေပါသည်။

အကယ်၍ သူပင် မဖြေရှင်းနိုင်သော ပြဿနာတစ်ခု ရှိနေသည်ဆိုလျှင် ဘိုင်ယွင်ခရိုင်တစ်ခုလုံးတွင် ရှေ့ထွက်ဖြေရှင်းရဲသူ နောက်တစ်ယောက် ရှိမည် မဟုတ်ပေလော။

"နေ့ခင်းကြောင်တောင် တံခါးတွေ ပိတ်ထားတာဆိုတော့ ငါ နေရာမှားလာမိပြီ ထင်နေတာ"

သားသတ်သမား ကျန်း သည် ပါးစပ်တွင် မြက်တစ်ပင်ကို ကိုက်လျက် တစ်ဖက်မှ ပြုံးကာ ပြောလိုက်သည်။

"မင်း တကယ် ရှိနေတာပဲ"

ရှန်းယီသည် သူ့နောက်မှ ဘုန်းကြီးပိန်ပိန်ပါးပါးလေးကို မမြင်လိုက်ပါဘူး။သူက လက်အုပ်ချီ နှုတ်ဆက်လိုက်လေ၏။

"စီနီယာကြီး... ဘာကိစ္စ ရှိလို့ပါလဲ"

"ဘာ စီနီယာလဲကွာ... ပေါက်ကရတွေ"

သားသတ်သမား ကျန်းသည် ဝင်းထဲသို့ အတင်းတိုးဝင်လာပြီး ဂရုမစိုက်သလို ပြန်ပြောလိုက်ပေသည်။

"ငါ့ကို ချင်ကျိုးကနေ ဖိတ်ခေါ်လို့ လာခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါက အရမ်းတုံးအတယ်ဆိုပြီး သူတို့က မလိုချင်ကြဘူးတဲ့ကွ။ ငါကလည်း သူတို့ရဲ့ပါးနပ်လွန်းတာကို သဘောမကျဘူးလေ။ စဉ်းစားကြည့်လိုက်တော့ မင်းကလည်း ငါ့လိုပဲ တုံးအမယ့်ပုံ ပေါက်နေတာနဲ့ ဒီမှာ ထမင်းလာကပ်စားမလို့ လာခဲ့တာ"

ထိုစကားကို ကြားသောအခါ ချန်ကျိ လဲကျလုနီးပါး ဖြစ်သွားပေသည်။

အစားရေစာ ငတ်မွတ်နေသည့် ကနဦးနယ်ပယ် ပညာရှင် တစ်ယောက်ဆိုတာ ဖြစ်မှ မဖြစ်နိုင်ဘဲ။

အခြားအကြောင်းအရာတွေကို ဘေးဖယ်ထားလိုက်၊ဈေးတစ်ခု ခေါ်လိုက်ရုံနှင့် ဘိုင်ယွင်ခရိုင်၏ လက်ရှိအခြေအနေအရ သူဌေးသူကြွယ်များစွာက သူ့ကို ဘိုးဘေးတစ်ယောက်လို ကိုးကွယ်ပြီး ငွေပုံပေးကာ ခေါ်ထားကြပေလိမ့်မည်။

ရုံးတော်ရှိ နှိမ်နှင်းရေးမှူးရာပေါင်းများစွာ၏လစာကို စုပေါင်းလိုက်လျှင်ပင် သူ့ကို လဝက်ခန့် ငှားရမ်းနိုင်ရန် လုံလောက်မည် မဟုတ်ပါပေ။

"ပထမအချက်၊ ကျွန်တော်က မတုံးအပါဘူး"

ရှန်းယီက လက်ကာပြရင်း ကူရာမဲ့စွာ ပြောလိုက်ပါသည်။

"ပြီးတော့ ကျွန်တော်က အရမ်း ဆင်းရဲတယ်"

"အေးပါကွာ... ငါလည်း မတုံးပါဘူး" သားသတ်သမား ကျန်းက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး အထဲသို့ တန်းဝင်သွားပေသည်။

"ငါလည်း မွဲတေနေတာပါပဲကွာ။ ရေနွေးကြမ်းရယ် ထမင်းကြမ်းရယ် ရှိရင် လုံလောက်ပါပြီ"

အထူးသဖြင့် ဤလူ၏ကြီးမားသော ခန္ဓာကိုယ်ကြည့်ကာ ကုန်မည့်အစားအသောက် ပမာဏကို ကြည့်ခြင်းအားဖြင့် ရေနွေးကြမ်းနှင့် ထမင်းကြမ်းပင် လုံလောက်အောင် တတ်နိုင်မည် မဟုတ်ကြောင်း ရှင်းပြရန် ရှန်းယီ ပြင်လိုက်လေသည်။

ထိုအချိန်တွင် ချန်ကျိတစ်ယောက် ဒေါသထွက်လွန်းသဖြင့် ခြေဆောင့်နေပြီ ဖြစ်လေသည်။

'ဒီလူတွေ ဘာတွေ စဉ်းစားနေကြတာလဲ။ တစ်ယောက်က တကယ့် ငွေစင်တွေကို ငြင်းပယ်နေပြီး၊ နောက်တစ်ယောက်က ကိုယ့်အိမ်ပေါက်ဝထိ ရောက်လာတဲ့ သိုင်းပညာရှင်ကြီးကိုတောင် ဆင်ခြေပေးပြီး မောင်းထုတ်ဖို့ ကြိုးစားနေပါလား။'

သူသည် ခါးပတ်ကြားမှ ငွေတုံးတစ်တုံးကို ဆွဲထုတ်လိုက်ပြီး ရှန်းယီလက်ထဲသို့ အတင်းထိုးထည့်လိုက်လေသည်။

သူ့မျက်လုံးများ ပြူးကျယ်နေလေ၏။

ရှန်းယီက ချန်ကျိကို တစ်ချက်ကြည့်လိုက်ပြီး ငွေတုံးကို ပြန်ထိုးပေးလိုက်ပါသည်။

"မင်းသွားပြီး ကွေသွားလိမ့်ဆော့နေချေ"

'သူ့ပုံစံက အဲဒီလောက်တောင် ကပ်စေးနည်းတဲ့ပုံ ပေါက်နေလို့လား။'

"ဒီလူက ဘယ်သူလဲ"

နျိုညီနောင်တို့ နားမလည်ကြသော်လည်း ကျန်းတာ့ဟွာကမူ ချန်ကျိ၏စရိုက်ကို ကောင်းစွာ သိပေသည်။

ချန်ကျိသည် သူ့လစာကို တစ်ပြားတစ်ချပ်မျှ အလဟဿ မသုံးဘဲ ညီမလေးဖြစ်သူအတွကိ စုဆောင်းတတ်သူ ဖြစ်ပါသည်။

အဘယ်ကြောင့် ယခုမှ ရုတ်တရက် ရက်ရောနေရပေသနည်း။

"သူက ခရိုင်အုပ်ချုပ်ရေးမှူးရုံးက လူတစ်ယောက်ရဲ့ညီလေ"

ဤစကား ထွက်လာသောအခါ သူတို့၏ဦးနှောက်များ ဗလာဖြစ်သွားပေ၏။

သူတို့အဖို့ ထိုပိန်လှီသော ရသေ့ပိန်သည် ကောလာဟလထဲမှ ဇာတ်ကောင်တစ်ခုသာ ဖြစ်သည်။

စာရေးကြီးလျိုတျန်းလီ အဆင့်လောက်ရှိမှသာ သူ့မျက်နှာကို မြင်ခွင့်ရနိုင်မည့် အနေအထားမျိုး ဖြစ်လေသည်။

ယခုတွင်မူ အလားတူ အဆင့်အတန်းရှိသော သိုင်းပညာရှင်တစ်ယောက်သည် မိမိတို့ ရုံးခန်းထဲသို့ ရောက်ရှိနေပြီး နှစ်ပေါင်းများစွာ မရွှေ့မပြောင်းနိုင်ခဲ့သော ကျောက်တုံးကြီးများကိုပင် စိတ်ဝင်စားနေပေသည်။

အလှပြသက်သက် ထားရှိပြီး အလေးချိန် ပေါင် ၃၀၀၊ ၄၀၀ ခန့်ရှိသော ကျောက်တုံးကြီးများကို သူ၏လက်ဝါးပေါ်တွင် ဟိုလှန်ဒီလှန် ကစားနေလေ၏။

"မင်း ပုံမှန် အားစမ်းလေ့ကျင့်ရင် ဒါနဲ့ လေ့ကျင့်တာလား"

သားသတ်သမား ကျန်းက စိတ်ဝင်တစား မေးလိုက်လေ၏။

"မဟုတ်ဘူး။ ကျွန်တော်က ပုံမှန်ဆို အိပ်ခါနီးမှ သိုင်းကွက် လေ့ကျင့်တာ"

ရှန်းယီက တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်ပေသည်။

သူ အမှန်တိုင်း ပြောလိုက်ခြင်း ဖြစ်ပါသည်။ ပုံမှန်အားဖြင့် သူသည် လမ်းမပေါ်တွင် သိုင်းကွက် လေ့ကျင့်လေ့ရှိပါက ဘေးလူများက သူ့ကို အရူးဟု ထင်ကောင်းထင်နိုင်ပေသည်။

"သိုင်းပညာ လေ့ကျင့်ရာမှာ အဆိုးဆုံးက တစ်ယောက်တည်း ကျင့်တာပဲ။ ငါ ဘိုင်ယွင်ခရိုင်မှာ တစ်ယောက်တည်း နေရတာ ပျင်းလည်းပျင်း အိုက်လည်းအိုက်နေတာနဲ့... မင်း အားရင် ငါနဲ့ လက်ရည်ယှဉ်ကြည့်မလား"

သားသတ်သမား ကျန်းက ကျောက်တုံးကြီးကို ချလိုက်ပေသည်။

"ပြဿနာ မရှိပါဘူး" ရှန်းယီ ခေါင်းညိတ်လိုက်ပါသည်။

တိုက်တိုက်ဆိုင်ဆိုင် သူသည်လည်း သိုင်းပညာ ဗဟုသုတအချို့ကို ဖြည့်စွက်သင်ကြားပေးမည့်သူတစ်ဦးကို အရေးပေါ် လိုအပ်နေခြင်း ဖြစ်လေသည်။

ထိုစကားကို ကြားသောအခါ သားသတ်သမား ကျန်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေ၏။

"ငါ အခုပဲ အားနေတယ်"

ရှန်းယီ - "..."

"သောက်ကျိုးနည်း... သူ တကယ်ပဲ ပြဿနာလာရှာတာပဲဟေ့" နျိုညီနောင်တို့ ခေါင်းခါလိုက်ကြသည်။

မုတ်ဆိတ်မွေးအရှည်ကြီးနှင့် ထိုလူ၏လှည့်စားမှုကို သူတို့ ခံလိုက်ရလုနီးပါးပါပင်။

All Chapters