← Chapters

ဆယ့်ခြောက်နှစ်အရွယ် အလှမယ်လေးခန္ဓာကိုယ်က ထောပတ်လိုနူးညံ့တယ်၊ မွှေးကြိုင်တယ် ပြီးတော့သာသာယာယာ လေးပဲ ဆွဲဆောင်ပြီး တွန်းလှဲလိုက်လို့ရတယ်

Vol. 13 Ch. 124

ဆယ့်ခြောက်နှစ်အရွယ် အလှမယ်လေးခန္ဓာကိုယ်က ထောပတ်လိုနူးညံ့တယ်၊ မွှေးကြိုင်တယ် ပြီးတော့သာသာယာယာ လေးပဲ ဆွဲဆောင်ပြီး တွန်းလှဲလိုက်လို့ရတယ်

Vol. 13 Ch. 124

ရှောင်ရှန်နန်းတော်သည် အခြေခံအားဖြင့် ပြည့်တန်ဆာအိမ် မဟုတ်ပေ။

အတွင်းမှ အမျိုးသမီးအများစုသည် ၎င်းတို့၏ ကိုယ်ခန္ဓာကို မရောင်းဘဲ ၎င်းတို့၏ အနုပညာကိုသာ ရောင်းချကြသည်။ ဟုတ်ပါတယ်၊ ပိုက်ဆံမှန်လျှင် ကိုယ်ခန္ဓာရောင်းခြင်းကိစ္စ မရှိဟု ပြောရမည့် ခြွင်းချက်အချို့တော့ ရှိပါသည်။

“သခင်လေးရဲ့ ဆွဲဆောင်မှုကြောင့် ကျွန်မ အရမ်းကို နှစ်သက်မိပါတယ်ရှင်”

ရှောင်ရှန်နန်းတော်သို့ ဝင်လာသည်။

ဂျိချန်းဖန်သည် ပတ်ပတ်လည်ကို လှည့်ကြည့်ရန် ပြင်လိုက်စဉ် သွက်လက်သော အစေခံတစ်ဦးက သူ့ကို အဝေးမှ သတိထားမိလိုက်သည်။

အစေခံသည် အလျင်အမြန် ပြေးလာပြီး ပြုံးရယ်နေသော မျက်နှာဖြင့် ပြောသည်။ “သခင်လေး၊ မိန်းကလေးမြောင် ကျင်းပတဲ့ ကဗျာရွတ်ဆိုပွဲကို လာတာလားရှင့်”

“မိန်းက‌လေးမြောင်” ဂျိချန်းဖန် အနည်းငယ် အံ့အားသင့်သွားသည်။

အစေခံက ရှင်းပြသည်။ “မြောင်က မိန်းကလေးကျင့်ပင်အာရဲ့ အမည်ဝှက်ပါရှင့်”

“ဪ၊ သြော်” ဂျိချန်းဖန် အနည်းငယ် ခေါင်းညိတ်သည်။

မိန်းက‌လေးမြောင်၊ သခင်မလေးမြောင်။

စိတ်ဝင်စားစရာပင်။

“ဟုတ်တယ်၊ ငါ ကသူမ ကျင်းပတဲ့ ကဗျာရွတ်ဆိုပွဲကို လာတာပါ။ ဒီပွဲကို တက်ရောက်ဖို့ ကြိုတင်လိုအပ်ချက်တွေ ရှိလား” ဂျိချန်းဖန် မေးလိုက်သည်။

ထိုစကားကို ကြားသော် အစေခံက ပြုံးလျက် ပြောသည်။ “ဒီကဗျာရွတ်ဆိုပွဲက ကျင့်ကြံသူတွေကိုပဲ ဖိတ်ကြားတာပါ။ သခင်လေး ကျင့်ကြံမှု ရှိသရွေ့ ပွဲကို တက်ရောက်နိုင်ပါတယ်ရှင့်”

“ဟုတ်လား” ဂျိချန်းဖန် အနည်းငယ် ခေါင်းညိတ်သည်။

သူ စကားပြောပြီးသည်နှင့်

သူ လက်ကို ညင်သာစွာ မြှောက်လိုက်သည်ကို မြင်လိုက်ရသည်။

“ရွှစ်—“

ချက်ချင်းဆိုသလို မမြင်ရသော စိတ်စွမ်းအားတစ်ခု ပျံ့နှံ့သွားပြီး မလှမ်းမကမ်းရှိ ဖယောင်းတိုင်မီးအိမ်တစ်ခု လေထဲသို့ တိုက်ရိုက် ပျံတက်သွားသည်။ စွမ်းအားတစ်ခုက ထောက်ကူထားသကဲ့သို့ ဖြစ်သည်။

“ဘယ်လိုလဲ ဒီ ကျင့်ကြံမှုအဆင့်က လုံလောက်ရဲ့လား” ဂျိချန်းဖန်က တည်ငြိမ်စွာ ပြော၏။

ဤမြင်ကွင်းကို မြင်လိုက်ရသော်

အစေခံ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။

“ယူကျင်း စတုတ္ထအဆင့် ကျင့်ကြံသူ”

သူ၏ မျက်နှာသည် ချက်ချင်း အရိုအသေပေးဟန် ဖြစ်လာပြီး အလျင်အမြန် ဦးညွှတ်ကာ ပြောလိုက်သည်။

“လုံလောက်ပါတယ်! လုံလောက်ပါတယ်။ အကြီးအကဲ၊ ကျွန်မနဲ့ လိုက်ခဲ့ပါ”

အစေခံသည် လမ်းပြရန် ရှေ့မှ အလျင်အမြန် လျှောက်သွားသည်။

ဂျိချန်းဖန် တည်ငြိမ်စွာ လိုက်ပါသွားသည်ပင်။

ယူကျင်း စတုတ္ထအဆင့် ကျင့်ကြံမှုသည် မြင့်မားသည်ဟု မထင်ရသော်လည်း လေလွင့် ကျင့်ကြံသူများ အသိုက်အဝန်းတွင် ဤအဆင့် ကျင့်ကြံမှုသည် အကြီးအကဲ ဟု ခေါ်ဆိုနိုင်ပြီဖြစ်သည်။

ဘာပဲဖြစ်ဖြစ် လွတ်လပ်သော ကျင့်ကြံသူများတွင် မျိုးဆက်အမွေအနှစ် မရှိပေ။

သူတို့အတွက် ယွီချင်း ကိုးအဆင့်နယ်ပယ်အထိ ကျင့်ကြံနိုင်ခြင်းသည် အခွင့်အရေးတစ်ခု ဟုပင် သတ်မှတ်နိုင်သည်။

အစေခံနောက်သို့ လိုက်လာခဲ့ပြီးနောက် သူတို့သည် နန်းဆောင်တစ်ခုသို့ ရောက်ရှိလာသည်။

ပတ်ပတ်လည်ကို ကြည့်လိုက်ရာ။

၎င်းသည် လေလွင့် ကျင့်ကြံသူများစွာဖြင့် ပြည့်နေသည်။ ၎င်းတို့၏ ကျင့်ကြံမှုများသည် ယေဘုယျအားဖြင့် မမြင့်မားကြဘဲ အများစုမှာ ယူကျင်း စတုတ္ထအဆင့်အောက်တွင် ရှိကြသည်။

“အကြီးအကဲ၊ အပေါ်ထပ်မှာ ပိုပြီး တိတ်ဆိတ်တဲ့ သီးသန့်ခန်းတွေ ရှိပါတယ်။ ကျွန်မ စီစဉ်ပေးရမလား” အစေခံက မြူဆွယ်ဟန် ပြောလိုက်၏။

“ရတယ်၊ ဘာဖြစ်ဖြစ်”

ဂျိချန်းဖန် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်သည်။

ထိုစကားကို ကြားသော် အစေခံသည် လမ်းပြရန် ရှေ့မှ အလျင်အမြန် လျှောက်သွားပြီး ဂျိချန်ဖုန်းကို အပေါ်ထပ်ရှိ နန်းဆောင်သို့ ခေါ်ဆောင်သွား၏။

ဤမြင်ကွင်းကို မြင်သော်

ပတ်ဝန်းကျင်မှ လွတ်လပ်သော ကျင့်ကြံသူများစွာ လှမ်းကြည့်လိုက်ကြသည်။

“သီးသန့်ခန်း အပေါ်ထပ်မှာ သီးသန့်ခန်းတွေ ရှိလား”

“ငါတို့ လာတုန်းက အဲဒီ အစေခံ ဘာမှ မပြောခဲ့ပါလား”

“ဟင်း— မင်းရဲ့ ယူကျင်း ပထမအဆင့် ကျင့်ကြံမှုကို ကြည့်ဦး၊ မင်း ထိုက်တန်လို့လား။ အပေါ်ထပ်က သီးသန့်ခန်းတွေက ယူကျင်းစတုတ္ထအဆင့် တွေအတွက် ပြင်ဆင်ထားတာ။ ကိုယ့်ကိုယ်ကို လူရယ်စရာ ဖြစ်အောင် မလုပ်ပါနဲ့”

ဤစကားများ ထွက်လာသည်နှင့်

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ ချက်ချင်း တိတ်ဆိတ်သွားကြသည်။

သူတို့၏ မျက်လုံးများတွင် တုန်လှုပ်မှု အရိပ်အမြွက် ပေါ်လာပြီး သူတို့၏ အကြည့်များသည် လှေကားထစ်ဆီသို့ မကြာခဏ ရောက်ရှိနေသည်။

ယူကျင်း စတုတ္ထအဆင့်။

ခုနက လူငယ်လေးဟာ တကယ်တမ်း ယူကျင်း စတုတ္ထအဆင့် ကျင့်ကြံသူလော။

‘ဟင်— တကယ်ကို ကြောက်စရာပါပဲ'

နန်းဆောင်၏ တတိယထပ်၊ သီးသန့်ခန်းတစ်ခုအတွင်း

“အကြီးအကဲ ဒီ သီးသန့်ခန်းအတွက် ငွေတစ်ရာကျပ် အပိုပေးရပါမယ်” အစေခံက ချွဲပျစ်သောအသံဖြင့်ပြောလိုက်၏။

ထိုစကားကို ကြားသော် ဂျီချန်းဖန်း မျက်ခုံးအနည်းငယ် ပင့်လိုက်ကာ

သူ ပေါ့ပေါ့ပါးပါးဖြင့် ငွေစက္ကူတစ်ရွက် ပေးလိုက်ပြီး စကားများများ မပြောတော့ချေ။

ချီမြစ်မြို့တွင် လူ့ဘုံ၏ ငွေစက္ကူများသည်လည်း အသုံးဝင်ဆဲ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဒီက ကျင့်ကြံသူအများစုက ကျင့်ကြံမှု မမြင့်ကြပေ။ သူတို့သည် တစ်ဝက် လူသာမန်၊ တစ်ဝက် ကျင့်ကြံသူဘဝဖြင့် နေထိုင်ကြသောကြောင့် ငွေစက္ကူများသည် သဘာဝအတိုင်း လည်ပတ်နေသော ငွေကြေးများထဲမှ တစ်ခုဖြစ်သည်။

အစေခံသည် ငွေစက္ကူကို အလျင်အမြန် ယူလိုက်ပြီး လေးစားစွာ ပြောသည်။ “အကြီးအကဲ ၊ ကဗျာရွတ်ဆိုပွဲ တရားဝင် စတင်ဖို့ လေးပုံတစ်ပုံနာရီလောက်ပဲ ကျန်ပါတော့တယ်။ တစ်ခုခု လိုအပ်ရင် အချိန်မရွေး ခေါ်နိုင်ပါတယ်...”

“အင်း” ဂျိချန်းဖန် အနည်းငယ် ခေါင်းညိတ်သည်။

အစေခံသည် လေးစားစွာ ပြန်ဆုတ်သွားပြီးနောက် သီးသန့်ခန်းအပြင်ဘက်တွင် ရပ်ကာ စောင့်ဆိုင်းနေ၏။

ဤသည်မှာ ကျင့်ကြံမှုက ယူဆောင်လာသော အဆင်ပြေမှု ဖြစ်သည်။

သို့သော် ရိုးရိုးသားသား ပြောရလျှင် ယူကျင်း စတုတ္ထအဆင့်သည် လွတ်လပ်သော ကျင့်ကြံသူများ ကမ္ဘာတွင်သာ စွမ်းအားကို ပြသနိုင်ပေသည်။ အထက်လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်၏ ဂိုဏ်းကြီးများတွင် ယူကျင်း စတုတ္ထအဆင့်သည် တကယ်တမ်း ဘာမှ မဟုတ်ပေ။ အများဆုံး ပြောရလျှင် ဂိုဏ်းထဲသို့ ခုမှ ဝင်ခါစ အထက်တန်းစား တပည့်တစ်ဦးအဖြစ်သာ သတ်မှတ်နိုင်သည်။

ဂျိချန်းဖန် မျက်လုံးမှိတ်ကာ ခဏတာ အနားယူလိုက်သည်။

မကြာခင်မှာပင်

သူသည် နန်းဆောင်အောက်မှ ဆူညံသံကို ခံစားလိုက်ရသည်။ လသာဆောင်မှ ငုံ့ကြည့်လိုက်ရာ လူအနည်းငယ် အပေါ်ထပ်သို့ တက်လာသည်ကို မြင်လိုက်ရသည်။

“ရွှစ်—“

ဂျိချန်းဖန် သူ၏ အကြည့်ကို အနည်းငယ် လျှော့ချလိုက်သည်။

သူသည် အစိမ်းရောင်အဝတ်အစားဝတ် လူငယ်တစ်ဦး၏ နောက်တွင် အဘိုးအိုနှစ်ဦး လိုက်ပါလာသည်ကို မြင်လိုက်ရသည်။ ထိုသုံးဦး၏ ရှေ့တွင် အစေခံတစ်ဦးက ဦးညွှတ်ကာ အပေါ်ထပ်ရှိ သီးသန့်ခန်းများဆီသို့ လမ်းပြနေသည်။

“သခင်လေး ချင်၊ ဒီဘက်ပါ—“

အစေခံ၏ အသံကို နားထောင်ပြီး

ဂျိချန်းဖန် စဉ်းစားလိုက်၏။

သခင်လေး ချင်။

အဆိပ်ဂိုဏ်း၏ ချင်ဝူယန်လော။

သူသည် ထိုလူကို အနည်းငယ်ကြည့်လိုက်ပြီးနောက် ဆက်လက် အာရုံမစိုက်တော့ဘဲ သူ၏ လက်ကို မြှောက်ကာ ဝါးဦးထုပ်၏ အနားကို အနည်းငယ် နိမ့်ချလိုက်ပြီး တိတ်ဆိတ်စွာ ဆက်လက် စောင့်ဆိုင်းနေသည်။

နောက်ထပ် လေးပုံတစ်ပုံနာရီအတွင်း။

နန်းဆောင်ထဲသို့ လူများ ပိုမို ဝင်ရောက်လာကြသည်။

၎င်းတို့ထဲတွင် ဂျိချန်းဖန် သည် ဆောင်တာရန်နှင့် အခြားသူများကိုလည်း မြင်လိုက်ရပြီး သူတို့၏ သီးသန့်ခန်းသည် သူ၏ ဘေးနားတွင် ရှိနေသည်။

ဟုတ်ပါတယ်၊

ဒါက အရေးအကြီးဆုံး မဟုတ်ပေ။

ဂျိချန်းဖန်သည် ယောက်ျားအဖြစ် အသွင်ပြောင်းထားသော ဝမ်မင်ကို စိတ်ဝင်တစား ကြည့်လိုက်ပြီး စုန့်ဒါရန်သည် ဝမ်မင်ကို ရှောင်ရှန်နန်းတော်သို့ လာရောက်ရန် မည်သို့ စည်းရုံးနိုင်ခဲ့သည်ကို အံ့ဩနေသည်။

“ဒုန်း—“

ထိုအချိန်မှာပင် နန်းဆောင်တစ်ခုလုံးတွင် ခေါင်းလောင်းသံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာပြီး ရှိရှိသမျှ ကျင့်ကြံသူများ ချက်ချင်း တိတ်ဆိတ်သွားကြသည်။

ပတ်ပတ်လည်ကို ကြည့်လိုက်ရာ

ကျက်သရေရှိပြီး အလှတရားများ ပြည့်နှက်နေသော လှပသောအမျိုးသမီးတစ်ဦး မြင့်မားသော စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ တက်လာသည်။ သူမ၏ ရုပ်ရည်သည် တည်ကြည်ပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်သည် ပြည့်ပြည့်လုံးလုံး ရှိကာ လှုပ်ရှားမှုတိုင်းက အဆုံးမဲ့ ဆွဲဆောင်မှုများကို ထုတ်လွှတ်နေသည်။

“ဒီကဗျာရွတ်ဆိုပွဲကို လာရောက်အားပေးကြတဲ့ မိတ်ဆွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ရှောင်ရှန်နန်းတော်ရဲ့ ဦးစီးသူအနေနဲ့ ကျွန်မ ဒီနေရာက လူတိုင်းကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်”

လှပသောအမျိုးသမီး ဦးညွှတ်လိုက်၏။

သူမ၏ အသံသည် နူးညံ့ပြီး သိမ်မွေ့ကာ သူမကို ကောင်းကောင်း ကာကွယ်ပေးချင်စိတ် ပေါ်လာစေသည်။

သို့သော် အချို့လူများက ထိုသို့ မစဉ်းစားကြပေ။

ဒုတိယထပ်ရှိ သီးသန့်ခန်းတစ်ခုတွင်

ပိယောင်သည် မြင့်မားသော စင်မြင့်ပေါ်မှ လှပသောအမျိုးသမီးကို အနည်းငယ် မထီမဲ့မြင် ပြုလျက် ကြည့်လိုက်ပြီး နှာခေါင်းရှုံ့သည်။ “ယွီချင်း ကိုးအဆင့် ကျင့်ကြံမှု ဟဲဟဲ၊ ဒီ ရှောင်ရှန်နန်းတော်ဟာ ဟဲဟွမ်ဂိုဏ်းရဲ့ လုပ်ငန်းတစ်ခု ဖြစ်ဖို့ အများကြီး သေချာနေပြီ...”

သူမ၏ ဘေးနားရှိ အနက်ရောင်ဝတ် အလှမယ် တိတ်ဆိတ်နေသည်။

သူမသည် ပိယောင်၏ ပြောစကားကို သဘောတူကြောင်း ရှင်းနေသည်။

ဟုတ်ပါတယ်၊

ဒါ အမှန်လား မဟုတ်လားဆိုတာကို စုံစမ်းဖို့ လိုအပ်နေသေးသည်။

မြင့်မားသော စင်မြင့်ပေါ်တွင် လှပသောအမျိုးသမီးသည် အဖွင့်မိန့်ခွန်းကို ပြောကြားခဲ့သည်။

သူမ၏ ကျက်သရေရှိသော ရုပ်ရည်နှင့် နူးညံ့သိမ်မွေ့သော လေသံတို့ ပေါင်းစပ်လိုက်သောအခါ ပရိသတ်ထဲမှ လွတ်လပ်သော ကျင့်ကြံသူများ၏ စိတ်ခံစားမှုများကို ချက်ချင်း လှုပ်ရှားစေခဲ့သည်။

သူတို့သည် သူမကို လက်ထဲ ပွေ့ဖက်ပြီး ကောင်းကောင်း ကာကွယ်ပေးချင်စိတ်သာ ပေါ်နေသည်။

“နောက်ပြီးတော့ ကျွန်မ မိတ်ဆွေတာအိုတို့ရဲ့ အချိန်ကို ဆက်ပြီး မဆွဲပါတော့ဘူး။ ကျန်တဲ့ အချိန်တွေကို ကျွန်မတို့ မိန်းက‌လေးမြောင်ကို ပေးအပ်လိုက်ပါမယ်...”

လှပသောအမျိုးသမီး ညင်သာစွာ ပြုံးလိုက်သည်။

သူမ စကားပြောပြီးသည်နှင့်

အဖြူရောင်ဝတ် မိန်းကလေးတစ်ဦး မြင့်မားသော စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

မိန်းကလေးသည် ရင်ဘတ်အထိ ကျီချွှမ် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ လှပသော မျက်နှာတွင် ရှက်ရွံ့မှု အရိပ်အ ယောင်များရှိ နေပြီး သူမ၏ တောက်ပသော မျက်လုံးများက ရှက်သွေးဖြာနေသည်။ သူမ၏ ဆံပင်ရှည်များ ပခုံးပေါ် ကျနေပြီး သူမ၏ ဖြူစင်သော အသားအရေသည် နှင်းကဲ့သို့ နူးညံ့သိမ်မွေ့သည်။

သူမသည် သူမ၏ စကတ်ကို ညင်သာစွာ မြှောက်လိုက်သောအခါ

စကတ်အောက်တွင်‌ ကျောက်စိမ်းသဖွယ် ဖြူဖွေးသော ခြေတံရှည်တစ်စုံက ရှိပြီး ပိုးခြေအိတ်များစွပ်ထားသော ခြေဖဝါးနုနုတစ်စုံကို မြင် နေရသည်။ သူမ၏ သိမ်မွေ့သော ခန္ဓာကိုယ်သည် ထိလိုက်ရုံဖြင့် တွန်းလှဲနိုင်မည့်အလား ဖြစ်နေသည်။

“ကျွန်မ ကျင့်ပင်အာက မိတ်ဆွေ အားလုံးကို အရိုအသေပြုပါတယ်”

မိန်းကလေး၏ နူးညံ့သောအသံ ထွက်ပေါ်လာသည်။

ဤအချိန်တွင်

လူတိုင်း၏ နှလုံးသားများ အရည်ပျော်ကျသွား၏။

သူတို့သည် မြင့်မားသော စင်မြင့်ပေါ်မှ အဖြူရောင်ဝတ် မိန်းကလေးကို မှိုင်တွေစွာ စိုက်ကြည့်နေကြပြီး သူတို့၏ နှလုံးသားများ က ငလျင်လှုပ်သွားသကဲ့သို့ ဖြစ်‌ နေကြသည်။

သို့သော် ထိုအချိန်မှာပင်

စနောက်သော အသံတစ်ခု ပရိသတ်အားလုံး၏ နားထဲသို့ ရုတ်တရက် ပဲ့တင်ထွက်လာသည်။

“ဆယ့်ခြောက်နှစ်အရွယ် အလှမယ်လေးခန္ဓာကိုယ်က ထောပတ်လိုနူးညံ့တယ်၊ မွှေးကြိုင်တယ် ပြီးတော့သာသာယာယာ လေးပဲ ဆွဲဆောင်ပြီး တွန်းလှဲလိုက်လို့ရတယ်”

All Chapters