← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

ဘုံခုနှစ်ဆင့် ပြသာဒ်ကျောင်းတော်၏ အနောက်ဘက် တောင်တန်းတွင် ဆောင်းလေတို့သည် ဝမ်းနည်းဖွယ်ရာ သံစဉ်များနှင့်အတူ တိုက်ခတ်နေဆဲဖြစ်သည်။ မေပယ်ရွက်များဟာလဲ ကောင်းကင်ယံမှ ဖြေးညှင်းစွာကျဆင်းနေကျသည်။

“တိရှန်းကိုကို...” နင်းရုံရုံသည် သူမ၏နှုတ်ခမ်းကို ကိုက်ပြီး တိုးညှင်စွာ ပြောလိုက်သည်၊ “ဒီနေ့ နားကြရအောင်”

လီကျယ်ရှန်းသည် သူ့ရှေ့တွင် ရပ်နေသော လှပသည့် ကောင်မလေးကို ငေးကြည့်နေမိသည်။ ဤမျှနီးကပ်စွာ ရပ်နေကြသော်လည်း သူတို့ကြားတွင် မမြင်ရသော ချောက်ကြီးတစ်ခု ရှိနေသကဲ့သို့ ခံစားနေရသည်။

“ကောင်းပြီ”

နင်းရုံရုံက လီကျယ်ရှန်းကို မျက်နှာမူကြည့်လိုက်သည်။ တစ်ချိန်က စိတ်လွတ်လက်လွတ် ပျော်ပျော်နေတတ်သော လူငယ်လေးသည် ယခုအခါ ပိုမိုတိတ်ဆိတ်နေသကဲ့သို့ ရှိနေသည်။ နင်ရုံရုံ သူမ၏ခန္ဓာကိုယ်အား တစ်ပတ်လှည့်ကာ လီကျယ်ရှန်းကိုကြည့်လိုက်သည်။

“တိရှန်းကိုကို ဘုံခုနှစ်ဆင့် ပြသာဒ်ကျောင်းတော်မှာ မင်းနေတာ ခြောက်နှစ်ရှိပြီမလား။ မင်းရဲ့ သိုင်းဝိညာဉ် နိုးထတုန်းက မွေးရာပါ ပြည့်ဝဝိညာဉ်စွမ်းအား ရရှိခဲ့ပြီး ဓားအငွေ့အသက်တွေလည်း မိုးကောင်းကင်ထိ ထိုးတက်သွားတာကို အခုထိမှတ်မိ‌သေးတယ်။”

“မင်းအဖေနဲ့ အခြားလူကြီးတွေတောင် မင်းကို နှစ်တစ်ထောင်မှ တစ်ကြိမ်ထွက်ပေါ်လာတဲ့ ပါရမီရှင်လို့ ဆိုကြတာ။ အခုတော့ ခြောက်နှစ်တောင်ရှိပြီ မင်းရဲ့ ဝိညာဉ်စွမ်းအားက အဆင့်၁၀မှာပဲ ရှိနေတုန်းပဲ”

“ငါကရော...” နင်းရုံရုံက သူမ၏ သွယ်လျလှပသော လက်တစ်ဖက်ကို ဆန့်တန်းလိုက်သည်။ ခုနှစ်ထပ်အဆင့်ရှိပြီး ဖန်သားကဲ့သို့ ကြည်လင်တောက်ပသည့် ပြသာဒ်တစ်ခုသည် သူမ၏ လက်ဖဝါးထဲတွင် လှည့်ပတ်နေသည်။ အဝါရောင် ဝိညာဉ်ကွင်းနှစ်ကွင်းကတော့ အလွန်ကိုထင်ရှား၍နေသည်။ “ငါကတော့ ဝိညာဉ်စွမ်းအား အဆင့် ၂၆ ထိ ရောက်ရှိသွားပြီ”

“တိရှန်းကိုကို၊ ဘုံခုနှစ်ဆင့် ပြသာဒ်က ဒီကုန်းမြေပေါ်မှာ အကောင်းဆုံးအထောက်အပံ့ သိုင်းဝိညာဉ်ပဲ။ သူထောက်ပံ့ပေးရတဲ့သူက စွမ်းအားကြီးလေလေ ထောက်ပံ့နှုန်းကမြင့်တက်လာလေလေပဲ။”

နင်ရုံရုံ ဆက်ပြောလိုက်သည်။

“... ဒီစကားကို ငါမပြောချင်ပေမယ့်၊ မင်းတကယ်ပဲ ငါ့ကို မီအောင် မလိုက်နိုင်တော့ဘူး”

နင်းရုံရုံသည် ငန်းမလေးသဖွယ် မာန်အပြည့်နှင့် သူမ၏ လှပသော မျက်နှာအားမော့ကာ ကောင်းကင်ကိုကြည့်လိုက်သည်။ “ငါက ဘုံခုနှစ်ဆင့် ပြသာဒ်ကျောင်းတော် ဂိုဏ်းချုပ်ရဲ့ တစ်ဦးတည်းသောသမီးပဲ။ ငါ့ရဲ့ သတို့သားလောင်းက တကယ်ကိုစွမ်းအားကြီးတဲ့သူပဲဖြစ်စေရမယ်။”

လီကျယ်ရှန်းသည် ကြာမြင့်စွာ တိတ်ဆိတ်စွာ နေပြီးနောက် ရုတ်တရက် လွတ်လပ်စွာ ပြုံးရယ်လိုက်သည်။ ဤလူငယ်လေး၏ ကြည်လင်သောအသံသည် လေထဲမှတစ်ဆင့် အဝေးသို့ပျံ့လွင့်သွားသည်။

“ရော့... ဒီဟာကို ငါပြန်ပေးမယ်” ဟု သူကပြောကာ သူ၏ အဖြူရောင်အင်္ကျီအတွင်းမှ တစ်စုံတစ်ရာကို ထုတ်ယူလိုက်သည်။

နင်းရုံရုံသည် လီကျယ်ရှန်း၏ လက်ထဲတွင် ငြိမ်သက်စွာ တည်ရှိနေသော ရွှံ့စေးစေတီငယ်လေးကို ကြည့်ရှုလိုက်သည်။ သူမ၏ နုနယ်သော ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီသွားသည်။ အတိတ်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။

“တိရှန်းကိုကို၊ ငါမင်းကို ဖန်စေတီလေးတစ်ခု လုပ်ပေးမယ်။ မင်း သေသေချာချာ ထိန်းသိမ်းရမယ်နော်!”

“ကောင်းပြီ၊ရုံရုံ၊ ဒါဆိုငါ မင်းကို ဓားလေး တစ်စင်းလုပ်ပေးမယ်”

ရွှံ့သည် ညစ်ပတ်သည်။ ဓားလေးနှင့် ဖန်စေတီတို့မှာလည်း သာမာန်သာ ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ထဲတွင် ထိုစဉ်အချိနိက လူငယ်လေးနှင့် ကောင်မလေးတို့၏ စစ်မှန်သော ခံစားချက်များ ပါဝင်နေသည်။

နင်းရုံရုံသည် ရွှံ့စေးစေတီငယ်လေးကို ကြာမြင့်စွာ စိုက်ကြည့်ပြီးနောက် ညင်သာစွာ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ”

“တိရှန်းကိုကို၊ ဒီဟာကို မင်းဆီ ပြန်အပ်တယ်” ဟု နင်းရုံရုံက ဆက်ပြောကာ သူမ၏ လက်နှစ်ဖက်ကို လည်ပင်းသို့ ရောက်အောင် ယူသွားပြီး ရွှံ့စေးဓားလက်စွပ်ကို ချွတ်လိုက်သည်။

လီကျယ်ရှန်းလည်း ထိုအရာကို ယူလိုက်သည်။ ထို့နောက် သူသည် ကျောခိုင်းထွက်ခွာသွားတော့သည်။ လူငယ်လေး၏ ကျောပြင်ကို ကြည့်ရင်း နင်းရုံရုံသည် သူမ၏ နှုတ်ခမ်းကို ဟလိုက်သော်လည်း နောက်ဆုံးတွင် ပြန်စေ့လိုက်သည်။ သူမသည်လည်း လီကျယ်ရှန်းနှင့် ဆန့်ကျင်ဘက်လမ်းကြောင်းအတိုင်း လမ်းလျှောက်သွားသည်။

လှပသော တောင်ထိပ်ပေါ်တွင် ဆန့်ကျင်ဘက်လမ်းကြောင်းအတိုင်း လမ်းလျှောက်နေကြသော လူငယ်နှစ်ယောက်အား ကြည့်ရင်း နင်းဖန်းကျိသည် နှမြောတသစွာ သက်ပြင်းချလိုက်သည်။ “တကယ်ကို ဝမ်းနည်းစရာပဲ”

သို့သော်လည်း သူ၏မျက်လုံးအတွင်းပိုင်း၌ စိတ်သက်သာရာရသည့် အရိပ်အယောင်များသည် ဖြတ်သန်းနေသည်။ နင်းရုံရုံသည် သူ၏သမီး၊ ဘုံခုနှစ်ဆင့်ပြသာဒ် သိုင်းဝိညာဉ်ကို အမွေဆက်ခံထားသော မာန်မာနအပြည့်နှင့် ကောင်းကင်၏သမီးတော်တစ်ဦးဖြစ်သည်။ ခြောက်နှစ်အတွင်း ဝိညာဉ်စွမ်းအား တစ်ဆင့်ပင်တိုးအောင် မကျင့်ကြံနိုင်သော သာမန်အရည်အချင်းရှိသူသည် ထိုသို့သောနေရာကို မည်သို့ရယူနိုင်မည်နည်း။ သို့သော်ငြားလည်း... သိုင်းဝိညာဉ် နိုးကြားတုန်းက လီကျယ်ရှန်း၏ ဓားအငွေ့အသက် ကောင်းကင်ထိတက်နေသည်ကိုမြင်ပြီး မွေးရာပါ ပြည့်ဝဝိညာဉ်စွမ်းအား ရရှိသည်ကိုမြင်ကာ သူသည် လက်လွှဲပြီး လီကျယ်ရှန်းနှင့် နင်းရုံရုံတို့၏ လက်ထပ်ထိမ်းမြားမှုကို အပြီးသတ်ခဲ့သည်။ ယခု၌မူ သူ၏စိတ်သည် ပြောင်းလဲသွားပြီဖြစ်၍ လီကျယ်ရှန်းကိုသာ ဒုက္ခပေးရတော့ပေမည်။ သို့သော် သူ့သမီး အနာဂတ်အတွက် ဤနည်းလမ်းသည်သာ တစ်ခုတည်းသောနည်းဖြစ်သည်။

နင်းဖန်းကျိသည် ဓားဝိညာဉ်အဓိပတိ ချန်ရှင်းကို ကြည့်ပြီး ပြောလိုက်သည်။ “ဓားဦးလေး၊ ကျွန်တော် တိရှန်းကိုကို စိတ်ဆင်းရဲရအောင် လုပ်လိုက်မိပြီ။ ကျွန်တော် သူ့အတွက် ပြန်အလျော်ပေးမှာပါ။”

လီကျယ်ရှန်းကို ချန်ရှင်းကပင် အပြင်မှ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ လီကျယ်ရှန်း မတရားခံရသည့်တိုင် ချန်ရှင်း၏ ခံစားချက်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

“မလိုအပ်ပါဘူး” ဟု ချန်ရှင်းက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “ဒါက လီကျယ်ရှန်း ကိုယ်တိုင် အစွမ်းအစမရှိတာပဲ။ သူက နှစ်ပေါင်းခြောက်နှစ်တောင် ဒီအဆင့်မှာရပ်တန့်နေတာပဲ၊ ရုံရုံနဲ့ သူနဲ့ကမသင့်တော်ပါဘူး။”

အရိုးဝိညာဉ်အဓိပတိ ဂုရုံသည် ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ လီကျယ်ရှန်း ကြာပန်းစိမ်းဓား သိုင်းဝိညာဉ် နိုးကြားတုန်းက ချန်ရှင်းသည် သူ့ကို သူ၏ ဆက်ခံသူအဖြစ် ပြုစုပျိုးထောင်ရန် ရည်ရွယ်ခဲ့သည်။ သို့သော်လည်း စိတ်မကောင်းစရာပင်...

အနောက်ဘက် တောင်တန်းတွင် ကွေးကောက်နေသော သစ်ပင်တစ်ပင်ပေါ်၌ လီကျယ်ရှန်းသည် ဘယ်ဘက်လက်ကို ခေါင်းအုံးအဖြစ်ထားပြီး ညာဘက်လက်ဖြင့် ဝိုင်အိုးတစ်လုံးကို ကိုင်ထားသည်။ ထို့နောက် သစ်ရွက်များကြားမှ တစ်ဆင့်ပင် ကောင်းကင်ရှိ တောက်ပနေသော လပြည့်ဝန်းကို မျှော်ကြည့်နေသည်။

“ခြောက်နှစ်...”

“ငါဝိညာဉ်ကုန်းမြေမှာ ခြောက်နှစ်တောင် ရှိနေပြီ”

လီကျယ်ရှန်းသည် ဝိုင်ကို မျိုးချလိုက်သည်။ အေးမြသော အရက်သည် သူ၏ နှုတ်ခမ်းများမှ တစ်ဆင့် စီးကျလာသည်။

“စိတ်ကူးယဉ်လောကထဲက အရက်က ဘီယာထက်ပိုပြင်းတယ်မလား!”

သူသည် တစ်မျိုးပြီးတစ်မျိုး သောက်လိုက်သည်။ နင်းရုံရုံ၏ စကားများသည် သူ၏ စိတ်ထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေသည်။

“မင်းအဖေနဲ့အခြားလူကြီးတွေက မင်းကို နှစ်တစ်ထောင်မှ တစ်ကြိမ်ပေါ်တဲ့ ပါရမီထူးရှင်လို့ ဆိုကြတယ်။ ဒါပေမယ့် ခြောက်နှစ်ကြာပြီးတဲ့အခါ မင်းရဲ့ ဝိညာဉ်စွမ်းအားက အဆင့် ၁၀ ပဲ ရှိနေတုန်းပဲ”

“ဒီစကားကိုငါတကယ်ကို မပြောချင်ပေမယ့်၊ မင်းတကယ်ပဲ ငါ့ကို မီအောင် မလိုက်နိုင်တော့ဘူး”

သူသည် နင်းရုံရုံကို စွဲလမ်းနေခြင်း မဟုတ်ပါ!

သူ့ကိုယ်သူမှာပဲတစ်စုံတစ်ခု မှားယွင်းနေသည်ကို မသိရှိခြင်းသာဖြစ်သည်!

မွေးရာပါဝိညာဉ်စွမ်းအား အပြည့်အစုံ ပိုင်ဆိုင်ထားသော်လည်း၊ သဘာဝစွမ်းအင်ကို စုပ်ယူနိုင်စွမ်းလည်း ကောင်းမွန်သော်လည်း!

အဘယ်ကြောင့်ဝိညာဉ်စွမ်းအား တိုးမြင့်လာခြင်း မရှိရသနည်း?

လီကျယ်ရှန်းသည် တစ်မျိုးပြီးတစ်မျိုး သောက်လိုက်သည်။ သူသည် လုံးဝမူးနေခြင်း မဟုတ်ပါ။ ဆန့်ကျင်ဘက်အားဖြင့် ပို၍သောက်လေလေ သူ၏ မျက်လုံးများသည် ပို၍တောက်ပလာလေဖြစ်သည်။

လီကျယ်ရှန်းသည် သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်သည်။

“ဟားဟား...ငါ့လို ပါရမီထူးရှင်တစ်ဦးက သာမန်လူတစ်ဦးသက်သက် ဖြစ်စရာလား”

“ငါလီကျယ်ရှန်းသည် သာမန်မဟုတ်”

“တောက်ပနေတဲ့လက ငါ့ကိုပျော်ရွှင်စေတယ်

“ငါ့လက်ထဲမှာ ဝိုင်ကောင်းကောင်းတစ်အိုးရှိတယ်ကွ”

ရေပေါ်ရှိ လပြခန်းကဲ့သို့ လူငယ်လေး၏ ကိုယ်ဟန်သည် ချောမောလှပသည်။ သုံးပေခြောက်လက်မခန့်ရှိသော စိမ်းလန်းသည့်ဓားတစ်စင်း၊ ဓားသွားသည် ဆောင်းရာသီ၏ မြစ်ကဲ့သို့ ကြည်လင်တောက်ပနေသည်။ ဓားကျောရှိ ကြာပန်းအမှတ်အသားသည် လရောင်နှင့်အတူ စီးဆင်းနေသည်၊ တစ်ခါတစ်ရံ ပွင့်နေသော ကြာပန်းကဲ့သို့ ဖြန့်ကျက်လိုက်၊ တစ်ခါတစ်ရံ ပန်းပွင့်မဖူးသေးသော အဖူးကဲ့သို့ ပိတ်လိုက်ဖြစ်နေသည်။

၎င်းသည် လီကျယ်ရှန်း၏ သိုင်းဝိညာဉ် - ကြာပန်းစိမ်းဓားပင် ဖြစ်သည်

လီကျယ်ရှန်းသည် လွတ်လပ်စွာ သောက်စားပြီး ဓားရေးပြနေသည်။ တဖြည်းဖြည်းနှင့် သူသည် ထူးခြားသော စိတ်အခြေအနေတစ်ခုသို့ ရောက်ရှိသွားသည်။

ဝိုင်ကို တစ်ငုံသောက်လိုက်၊ ထို့နောက် ဓားအားတစ်ကြိမ်ကစားလိုက်…

ဓားသွားသည် လှုပ်ရှားနေသော ကြာပန်းကဲ့သို့ပင် လှပသောအရိပ်ယောင်များကို ချန်ထားခဲ့သည်။ ဆီးနှင်းကဲ့သို့ ဖြူသော ဓားအလင်းသည် မီတာ တစ်ရာကျယ်သော နေရာကို ဖုံးလွှမ်းကာ ကောင်းကင်ရှိ လပြည့်ဝန်းကိုပင် မှေးမှိန်သွားစေသည်။

ထူးဆန်းစွာပင်...

လက်ဝါးထက်ပင်မကြီးသော ဝိုင်အိုးငယ်လေးသာ ဖြစ်သည်။

သို့သော်လည်း အတွင်းရှိဝိုင်သည် မကုန်ခန်းနိုင်သကဲ့သို့ ရှိနေသည်၊ မည်မျှပင် သောက်သောက် မကုန်ပေ။

သူသည် ဝိုင်အိုးအား မော့သောက်လိုက်သည်

ထို့နောက် သူ၏ဝိညာဉ်စွမ်းအားများဟာ လှိုင်းဂယက်များထလာသည်။

သူထပ်မော့လိုက်သည်

လှိုင်းဂယက်များဟာ ပို၍ပြင်းထန်လာသည်။

ဤနည်းအတိုင်းပင်...

လီကျယ်ရှန်း၏ဝိညာဉ်စွမ်းအားသည် ခြောက်နှစ်အတွင်း လုံးဝမတိုးတက်ခဲ့သော်လည

သူ ဝိုင်အားတစ်ကျိုက်ပြီးတစ်ကျိုက် သောက်သွားသည်နှင့်အမျှ ဝိညာဉ်အဆင့်မှာ ဆက်လက်တိုးတက်လာနေသည်။

အဆင့်၁၁၊ အဆင့် ၁၂၊ အဆင့် ၁၃... အဆင့် ၂၀။

ထို့နောက် သူသည် ထူးခြားသော စိတ်အခြေအနေမှ ထွက်လာသည်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ ပွက်ပွက်ဆူနေသော စွမ်းအားကို ခံစားမိပြီး အလွန်အံ့အားသင့်သွားသည်။

“ငါ့ရဲ့ဝိညာဉ်စွမ်းအား အဆင့် ၁၀ တိုးလာတယ်”

“ဘာလို့လဲ”

ဘဝနှစ်သက်တွင် အရက်ကြိုက်သူတစ်ဦးအနေနှင့် မူးရမည် မဟုတ်ပါ။ ထိုအခါမှသာသူ၏ ဘယ်ဘက်လက်တွင် ကိုင်ထားသော ဝိုင်အိုးသည် ပြောင်းလဲသွားသည်ကို သတိထားမိသည်။

မူလ ရိုးရိုးမြေအိုးခွက်မှ...

စိမ်းဖန့်ဖန့်အိုးတစ်လုံးအသွင်သို့ ပြောင်းလဲသွားသည်။

“ဒါက...”

လီကျယ်ရှန်းသည် သူ၏ စိမ်းဖန့်ဖန့် ဝိုင်အိုးကို ခါလိုက်သည်။

အတွင်းတွင်ဝိုင်အနည်းငယ် ကျန်ရှိနေသေးသည်၊ ဂလောင်ဂလက်မြည်နေသည်။

ခါးလုံးအဖုံးကိုဖွင့်လိုက်သည်။

တစ်ကျိုက်စမ်းသောက်ကြည့်လိုက်သည်။

ချက်ချင်းဆိုသလို မွှေးကြိုင်သော အရက်သည် သူ၏ လည်ချောင်းထဲသို့ စီးဝင်လာပြီး စင်ကြယ်သော စွမ်းအင်အဖြစ် ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

အဆင့်၂၀ ဝိညာဉ်စွမ်းအား နည်းနည်းချင်း ထပ်မံတိုးတက်လာပြန်သည်။

ကြာပန်းစိမ်းဓားသည်လည်းပို၍ ချွန်ထက်လာသည်ဟု ထင်ရသည်။

“ဟားဟား”

လီကျယ်ရှန်းသည်ညာဘက်လက်တွင် ဓားကိုဆွဲကိုင်ပြီး ဘယ်ဘက်လက်တွင် ဝိုင်အိုးကိုကိုင်ကာ ကျယ်လောင်စွာရယ်မောလိုက်သည်။

သူနားလည်သွားသည်

သူ၏သိုင်းဝိညာဉ်သည် ကြာပန်းစိမ်းဓားတစ်ခုတည်းမဟုတ်ခဲ့ပေ။

ဝိုင်အိုး…

ဤသည်မှာ သူ၏အမွှာသိုင်းဝိညာဉ်

သူသည် ဓားနှင့် ဝိုင်ဟူသည့် အမွှာသိုင်းဝိညာဉ်နှစ်ခုပိုင်ဆိုင်ထားပေသည်။

သိုင်းဝိညာဉ်သည်အပြည့်အဝ နိုးထခြင်း မရှိသေးသောကြောင့် မည်သည့်တိုးတက်မှုမျှ မရှိခြင်းနှင့် ဝိညာဉ်ကွင်းများကို စုပ်ယူနိုင်မှု မရှိခြင်းသည် သဘာဝကျသည်။

ထို့နောက် ခြောက်နှစ်ကြာ တစ်နေရာတည်း၌ သူ၏အဆင့်များ ကြာမြင့်စွာ ရပ်တန့်နေရသည့် အကြောင်းရင်းကို သူနားလည်သွားသည်။

လီကျယ်ရှန်း၏ နှုတ်ခမ်းများ ကွေးတက်လာကာ ချောမောသော မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ထွန်းလင်းလာသည်။

ထို့နောက်တောင်အောက်ရှိ အလှဆင်ထားသော အဆောက်အဦများကို ငုံ့ကြည့်လိုက်ပြီး သူ၏ ပြုံးရယ်မှုမှာ အနည်းငယ်မှေးမှိန်သွားသည်။

ထိုနေရာသည်ဘုံခုနှစ်ဆင့် ပြသာဒ်ကျောင်းတော်၏ ဦးတည်ရာဖြစ်သည်။

“ငါ့ကိုဂရုမစိုက်ခဲ့တဲ့သူတွေကို ငါမမေ့ဘူး…”

လီကျယ်ရှန်း၏ ပြုံးရယ်မှုသည် စိတ်လွတ်လက်လွတ် ပျော်ပျော်နေတတ်သော ပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။

ဝိုင်သိုင်းဝိညာဉ်နိုးကြားခြင်း မရှိခဲ့လျှင်ပင်၊ သူသည် ဘုံခုနှစ်ဆင့် ပြသာဒ်ကျောင်းတော်မှ ထွက်ခွာရန် ဆုံးဖြတ်ပြီးသားဖြစ်သည်

ဤခြောက်နှစ်အတွင်းအချိန်များကို အလဟဿ မဖြုန်းတီးခဲ့ပါ။ ဂိုဏ်းတွင်းတွင် အလုပ်များ လုပ်ကိုင်ခဲ့ပြီး လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကာ ငွေကြေးအနည်းငယ် စုဆောင်းခဲ့သည်

ကျန်ရှိသောပစ္စည်းများကို အခန်းထဲတွင် ချန်ထားခဲ့ပြီး ယခင်ခြောက်နှစ်အတွင်း ကျေးဇူးတင်ရှိမှုကို ပြန်၍ပေးဆပ်ခြင်းဖြစ်သည်။ အခုမှစပြီး သူတို့နှစ်ဦးကြား ဆက်ဆံရေးပြတ်တောက်သွားပြီဖြစ်သည်။

ထို့နောက် သူနားလည်သွားသည်။

နင်းရုံရုံနှင့် သူမနက်တုန်းက စကားများပြောဖြစ်ခဲ့သေးသည်။ နင်းဖန်းကျိ၊ချန်ရှင်းနှင့် ဂုရုံတို့သည် ဤကိစ္စကို မသိရှိခြင်း မဖြစ်နိုင်ပေ။ သူတို့သည်လည်း ဤအရာကိုသဘောတူခဲ့ကြခြင်းပင်။

လီကျယ်ရှန်းသည် လက်မောင်းကို ခတ်လိုက်သည်။

ရွှံ့စေးဓားလေးတစ်စင်းသည် ရုတ်တရက် ပေါ်လာသည်။

မြေပြင်သို့မကျရောက်သေးမီ...

ချွန်ထက်သော၊ကြည်လင်သော ဓားအလင်းတစ်ခု ဖြတ်တောက်သွားသည်။

ရွှံ့စေးဓားသည်နှစ်ပိုင်းကွဲသွားသည်။

သူသည် မတွန့်ဆုတ်ပါ၊ ကြည့်ရှုခြင်းပင် မပြုတော့ပါ။

လီကျယ်ရှန်းသည်ခေါင်းမော့ပြီး ဝိုင်ကို တစ်ကျိုက်ထပ်သောက်လိုက်ကာ စိမ်းဖန့်ဖန့် ဝိုင်အိုးကို သူ၏ ခါးပန်းကြိုးထဲသို့ သိမ်းလိုက်သည်။ ထို့နောက် ခုန်ချပြီး အနောက်ဘက်တောင်တန်းများထဲသို့ ပျောက်ကွယ်သွားတော့သည်။

All Chapters