← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

နင်းဖန်းကျိ၊ ချန်ရှင်းနှင့် ဂုရုံတို့ အနောက်ဘက်တောင်တန်းသို့ ရောက်လာကြသည်။ ချန်ရှင်းသည် ထိုနေရာမှ ဓားအငွေ့အသက်ကို ခံစားကြည့်ပြီး “ဒီဓားအငွေ့အသက်က တကယ်ကို လီကျယ်ရှန်းပဲ” ဟု ဆိုသည်။

နင်းဖန်းကျိလဲ လေထဲမှ အရက်အနံ့ဖျော့ဖျော့ကို ရှူမိပြီး သက်ပြင်းချကာ “လီကျယ်ရှန်းရဲ့အခန်းကရှင်းလင်းနေပြီး ခြောက်နှစ်အတွင်း သူစုဆောင်းခဲ့တဲ့ ငွေပဲကျန်တော့တယ်။ ဒီကလေးသည် မာန်ကြီးတဲ့သူပဲ။ ရုံရုံရဲ့စကားကို လက်မခံနိုင်ပဲ အရက်နဲ့ စိတ်ဖြေလိုက်ပုံရတယ်” ဟု ဆိုသည်။

ဂုရုံက “အစွမ်းအစမရှိဘဲ မာန်ထားနေတာ အဓိပ္ပါယ်မရှိဘူး” ဟုပြီး နင်းဖန်းကျိလည်း တိတ်ဆိတ်စွာနေခြင်းဖြင့် သဘောတူညီကြောင်း ပြသလိုက်သည်။

ချန်ရှင်းမှာမူ လီကျယ်ရှန်းအား သူ၏ဆက်ခံသူအဖြစ် တစ်ချိန်ကရည်မှန်းခဲ့သည်မလို့ ယခုအခြေအနေကို မနှစ်သက်ပေ။ “အရက်နဲ့ စိတ်ဖြေတဲ့သူတွေက ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး” ဟု ဒေါသဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် နင်းရုံရုံ ပြေးဝင်လာပြီး “အဖေ၊ လီကျယ်ရှန်းက ဂိုဏ်းကနေ ထွက်သွားပြီလား” ဟု မေးမြန်းလိုက်သည်။ နင်းဖန်းကျိက “လီကျယ်ရှန်း စိတ်အကြီးအကျယ်ထိခိုက်သွားပုံပဲ၊ သူနဲ့ပြန်တွေ့ရင် သေချာဂရုစိုက်လိုက်ပါ” ဟု ပြောကြားလေသည်။

နင်းရုံရုံ ခေါင်းညိတ်လိုက်သော်လည်း သူမအနေဖြင့် လီကျယ်ရှန်းနှင့် နောင်တွင် ထပ်မံတွေ့ဆုံနိုင်မည်မဟုတ်ဟု ခံစားမိသည်။ ထို့နောက် ထွက်ခွာရန်လှည့်သည့်အချိန်တွင် ခြေထောက်အောက်၌ နှစ်ပိုင်းကွဲနေသော ရွှံ့စေးဓားလေးကို တွေ့ရှိလိုက်ရသည်။

...

ကွေးကောက်နေသော လမ်းပေါ်တွင်။

လီကျယ်ရှန်းသည် တိမ်ခွာမြင်းဟုခေါ်သော ဝိညာဉ်သားရဲကို စီးလျက်၊ ရင်ကိုမော့ပြီး အစိမ်းရောင် ဝိုင်အိုးထဲမှ ဝိုင်အား သောက်နေသည်။

သူခရီးသည်ပန်းနွမ်းနယ်နေဟန်ရှိနေသည်။ သူ၏အဖြူရောင်အင်္ကျီမှာ ဖုန်မှုန့်များစွာကပ်ညိနေပြီး နဖူးနှစ်ဖက်မှ ကျလာသော သူ၏ဆံပင်ရှည်များမှာ အချိန်တစ်ခုအထိ မလျှော်ရသေးသဖြင့် ညစ်ပေနေသည်။

သူသည်အတော်လေး ရှုပ်ပွနေပုံရသည်။

လီကျယ်ရှန်း၏ ဤခရီးစဉ်အစမှာ ကြယ်သစ်တော ဖြစ်သည်။

သူသည် ဝိညာဉ်စွမ်းအား အဆင့် ၂၀ ရောက်နေသော်လည်းဝိညာဉ်ကွင်း တစ်ကွင်းမျှ မရှိသေးပေ။

ရက်အနည်းငယ်ကြာပြီးနောက်။

လီကျယ်ရှန်းသည် ကြယ်သစ်တောသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။

တဖြည်းဖြည်းနှင့်သူ သစ်တောအတွင်းသို့ဝင်လာလိုက်သည်။ သစ်ရွက်များသို့ ခြေချလိုက်ချိန် ကြေမွနေသည့်အသံ မြည်လာသည်။ နေ့ခင်းဖြစ်သော်လည်းမြင်ကွင်းကျယ်သည် မြက်ပင်များ၊ ပုပ်သိုးနေသောအနံ့အသက်များနှင့် ပြည့်နှက်နေသော လေထုဖြင့် ဖုံးလွှမ်းနေကာ အပင်များကိုသာ တွေ့ရှိနိုင်နေသည်။ လူထက်မြင့်သောချုံပုတ်များထဲတွင်တော့ တွားသွားသံများ ကြားနေရသည်။

“ဒီခြောက်နှစ်အတွင်း ဝိညာဉ်စွမ်းအားကိုမတိုးမြင့်နိုင်ပေမဲ့ ငါဝိညာဉ်သား‌ရဲတွေအကြောင်းလေ့လာခဲ့လို့ တော်သေးတယ်”

လီကျယ်ရှန်းသည် သူ့ပတ်လည်ရှိ ထူထပ်သော ချုံပုတ်များကို စစ်ဆေးကြည့်လိုက်သည်။

“စိမ်းပြာရောင်ဓားခုတ်ကောင်မှာဓားလိုမျိုး ရှေ့ခြေထောက်တွေရှိပြီး အလွန်မြန်ဆန်တယ်”

“အလျှင်ဆိုတာ အကောင်းဆုံးသော လက်နက်ပဲ။ ငါ့ ကြာပန်းစိမ်းဓား သိုင်းဝိညာဉ်ကို အဆုံးစွန်အလျှင်နဲ့ တိုက်ခိုက်ရေးကို ရစေရမယ်”

တစ်နေ့တာကြာသွားခဲ့သည်။ လီကျယ်ရှန်းတစ်ယောက် တောထဲ၌ ဝိညာဉ်သားရဲများ၏ တိုက်ခိုက်မှုများကို ရှောင်ရှားခဲ့သည်။ နောက်ဆုံးတွင်တော့ပစ်မှတ်ကို တွေ့လိုက်ရသည်။ မြင့်မားသော သစ်ပင်ပေါ်တွင် ခန္ဓာကိုယ်သေးငယ်ပြီးအစိမ်းရင့်ရောင်အခွံမာနှင့် ဧရာမဓားခုတ်ကောင်ကြီးတစ်ကောင် လဲလျောင်းနေသည်။ တြိဂံပုံခေါင်းတွင် ပယင်းကျောက်လို မျက်လုံးစုံတစ်စုံနှင့် ဓားသွားနှစ်ခုပုံသဏ္ဍာန်ရှိသော ရှေ့ခြေထောက်များသည် ရင်ဘတ်ရှေ့တွင် ခေါက်ကျိုးနေသည်။

လီကျယ်ရှန်း စိမ်းပြာရောင်ဓားခုတ်ကောင်ကို တိတ်တဆိတ် ကြည့်ရှုလိုက်သည်။

“နှစ်တစ်ရာသတ်တန်းရှိတဲ့ စိမ်းပြာရောင်ဓားခုတ်ကောင်မှာ အစိမ်းရောင်ခွံမာရှိတယ်”

“ဒီဓားခုတ်ကောင်ရဲ့အခွံက အနက်ရောင်ဖြစ်နေပြီ၊နှစ်တစ်ထောင်သတ်တန်းကို ရောက်ရှိဖို့ သိပ်မဝေးတော့ဘူး”

လီကျယ်ရှန်း၏မျက်လုံးများ မှေးစင်းသွားသည်။

“ပထမဝိညာဉ်ကွင်းကိုစုပ်ယူနိုင်တဲ့ သတ်တန်းကန့်သတ်ချက်ထက် ကျော်လွန်နေတယ်”

“အဲ့တာအပြင်၊စိမ်းပြာရောင်ဓားခုတ်ကောင်တွေက တိုက်ခိုက်ရေးမှာ တကယ်အားကောင်းတယ်။ ဒီစိမ်းပြာရောင်ဓားခုတ်ကောင်က နှစ်တစ်ထောင်နီးပါးရှိပြီ၊ အဆင့် ၃၀ တိုက်ခိုက်ရေးဝိညာဉ်ဆရာတောင် သူ့ကိုအနိုင်ရမယ်လို့ ယုံကြည်မှုရှိမှာမဟုတ်ဘူး”

သူသည် အခြားပစ်မှတ်ကိုရှာဖွေရန် စဉ်းစားလိုက်သည်။ ဝိညာဉ်ကွင်းစွမ်းရည် မရှိသေးသောကြောင့် ၎င်းတို့ကို ရင်ဆိုင်တိုက်ခိုက်ခြင်းသည် ရူးမိုက်သော လုပ်ရပ်တစ်ခုဖြစ်သည်။

လီကျယ်ရှန်း ထွက်ခွာရန် ပြင်ဆင်နေစဉ် ရုတ်တရက်ဟိန်းသံတစ်ခုထွက်‌ပေါ်လာသည်။ နောက်ထပ်စိမ်းပြာရောင်ဓားခုတ်ကောင်တစ်ကောင် သစ်ပင်ကြီးပေါ်ကဆင်းလာပြီး အခုစိမ်းပြာရောင်ဓားခုတ်ကောင်က အစိမ်းရင့်ရောင်ဖြစ်ပေမဲ့ ပထမစိမ်းပြာရောင်ဓားခုတ်ကောင်ထက် နှစ်ဆကြီး‌ပေသည်။

လီကျယ်ရှန်းတစ်ယောက် အံ့အားသင့်သွားရသည်။

“ဒါက...စိမ်းပြာရောင်ဓားခုတ်ကောင် အမလား”

ပိုးကောင်များသည် တိရစ္ဆာန်များနှင့် ကွဲပြားသည်။

တိရိစ္ဆာန်များတွင် အထီးများသည် ပို၍အကောင်ကြီးသော်လည်း ဆန့်ကျင်ဘက်အားဖြင့် ပိုးကောင်များတွင် အမများသည် အထီးများထက် ပိုကြီးပေသည်။

လီကျယ်ရှန်း ထိုဓားခုတ်ကောင်အမ သည် အဘယ်ကြောင့် ဤနေရာသို့ ပျံသန်းနေသည်ကို စူးစမ်းချင်စိတ်ဖြစ်ပေါ်လာသည်။ ထို့နောက်တွင်တော့သူ ဓားခုတ်ကောင်အထီးက ဓားခုတ်ကောင်အမ ပေါ်တွင်နားနေသည်ကို တွေ့မြင်လိုက်ရသည်။

လီကျယ်ရှန်း‌:”...”

သူသည် သူ၏ခါးတွင် ချိတ်ဆွဲထားသော အစိမ်းရောင် ဝိုင်အိုး ကိုဆွဲယူကာ ဝိုင်အား တစ်ကျိုက်မော့လိုက်သည်။ လီကျယ်ရှန်းဤနေရာက ထွက်မသွားခဲ့ပေ။ သူသည်လိင်ပိုင်းဆိုင်ရာ စိတ်ကူးယဉ်သူတစ်ယောက်တော့မ‌ဟုတ်ပေ။ သို့သော်လည်း ဓားခုတ်ကောင်များ၏ အလေ့အထတစ်ခုကို ရုတ်တရက် သတိရလာသည်။

ထူထပ်သော ချုံပုတ်များထဲတွင် လီကျယ်ရှန်းတစ်ယောက် ပုန်းကွယ်နေသည်။ သူနှင် ဆယ်ပေခန့်ဝေးသောနေရာရှိ သစ်ပင်ပေါ်၌ စိမ်းပြာဓားခုတ်ကောင်နှစ်ကောင်ရှိနေသည်။

နာရီဝက်ခန့်ကြာပြီးနောက် ထိုအထီး ဓားခုတ်ကောင်သည် ရုတ်တရက်ဆိုသလိုပင် ၎င်း၏အမှီးအားရမ်းကာ ကောင်းကင်ပေါ်ကိုပျံသန်းရန်ပြင်လိုက်သည်။ သို့သော်စိမ်းပြာရောင်ဓားခုတ်ကောင်အမက ဤအရာကို ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်နေသည်။

သူရုတ်တရက် ခန္ဓာကိုယ်ကိုရမ်းပြီး ဓားသွားသည် လေကိုဖြတ်ကာ ဓားခုတ်ကောင်အထီး၏ ဗိုက်သို့ထိုး‌ဖောက်ဝင်ရောက်သွားပြီး အစိမ်းရောင်သွေးများ ပန်းထွက်လာသည်။

လီကျယ်ရှန်း သည် ဤအရာကိုမြင်ရသောအခါ သူ၏မျက်လုံးများထဲ၌ ကြယ်များဖြတ်သန်းလာသည်။ ဤအချိန်အခါမှာ သူစောင့်မျှော်နေသောအရာဖြစ်သည်။

ပုံမှန်အားဖြင့် မိတ်လိုက်ပြီးသွားကြသောအခါ အမသည် အထီးကိုစား‌လိမ့်မည်ဖြစ်ပြီး အထီး ဓားခုတ်ကောင်များသည်လည်း အသေခံရန်စောင့်မနေကြပေ။ သူတို့သည် ပြန်တိုက်ခိုက်ကြမည်သာဖြစ်သည်။

“ငါးအကြီးကြီးမိတာပဲ”

“ဝိညာဉ်ကွင်းစုပ်ယူမှုရဲ့ ကန့်သတ်ချက်ထက် ကျော်လွန်နေရင်တောင် ငါကြိုးစားကြည့်ရမယ်”

ခြောက်နှစ်တာ တိတ်ဆိတ်မှု။ ထိုမှတစ်ဆင့် လီကျယ်ရှန်းအား ပိုမိုအားကောင်းလာနိုင်သည့် တန်ဖိုးကို နားလည်သဘောပေါက်စေသည်။ သူသည် ယခုအခွင့်အရေးကို ဆုပ်ကိုင်ရန် လိုအပ်သည်။

ဤစိတ်ကူးဖြင့် လီကျယ်ရှန်းသည် အချင်းချင်းတိုက်ခိုက်နေသော စိမ်းပြာရောင်ဓားခုတ်ကောင် နှစ်ကောင်ကို စောင့်ကြည့်နေသည်။ ပြင်းထန်သောနာကျင်မှုသည် အထီး ဓားခုတ်ကောင်၏ စိတ်များကိုလှုံ့ဆော်ပေးလိုက်ပြီး သူကဟစ်ကြွေးကာ နောက်ပြန်လှည့်ကာ လျှင်မြန်စွာပင် ဓားသွားသည် အမဓားခုတ်ကောင်၏ ခေါင်းကို တိုက်ခိုက်လိုက်သည်။ အမဓားခုတ်ကောင်ကလည်း ဓားဖြင့်ပြန်လည်ကာကွယ်လိုက်ချိန် ဓားနှစ်ချောင်းထိပ်တိုက်တွေ့ပြီး သတ္တုအချင်းချင်းပွတ်တိုက်သံများ ထွက်ပေါ်လာသည်။

ထို့နောက် လေခွင်းသံနှင့်အတူ ဓားခုတ်ကောင်နှစ်ကောင်သည် အတောင်ပံများကို ခတ်ကာ အပေါ်သို့ပျံတက်သွားကြသည်။

လီကျယ်ရှန်း၏အမြင်အာရုံဖြင့်၊ သူသည် စိမ်းပြာရောင်ဓားခုတ်ကောင် နှစ်ကောင်၏ ရူးသွပ်စွာ တိုက်မိမှုကိုသာ မြင်တွေ့နေနိုင်သည်။

“ဘုရားသိကြားမလို့ ငါအလောတကြီးဝင်မချမိတာပဲ။ ဒီစိမ်းပြာရောင်ဓားခုတ်ကောင်ရဲ့ တိုက်ခိုက်ချက်တွေက တကယ်ကြောက်ဖို့ကောင်းပြီး အဆင့်၃၀ကျော်တွေနဲ့တောင် ယှဉ်ချနိုင်တယ်”

လီကျယ်ရှန်း ဝိုင်အားတစ်ကျိုက်ထပ်သောက်လိုက်သည်။ သူ့ရဲ့ ဝိုင်သိုင်းဝိညာဉ်က ကြာပန်းစိမ်းဓားနဲ့ အဆင့်တူတူပဲဖြစ်ပေသည်။ ဝိညာဉ်ကွင်းမရှိပဲနဲ့တောင် ဝိညာဉ်စွမ်းအားပြန်ဖြည့်တင်းခြင်းနဲ့ ကုသခြင်းလိုကြောက်မက်ဖွယ်စွမ်းရည်များကိုပိုင်ဆိုင်ထားပေသည်။

ဝိုင်နဲ့ဓား သိုင်းဝိညာဉ်နှစ်ခုဟာ အချင်းချင်းထောက်ပံ့နေကြပြီး သူသောက်လေလေ သူ၏ကြာပန်းစိမ်းဓားဟာလည်း ထက်လေလေပင်။

တိုက်ခိုက်သံများဟာ အဆက်မပြတ်ထွက်ပေါ်နေပြီး မကြာလိုက်ပေ၊ အထီးစိမ်းပြာရောင်ဓားခုတ်ကောင်ဟာ မြေပေါ်သို့ပြုတ်ကျလာလေသည်။ အမဟာလည်း အနိုင်ရကာ ကောင်းကင်ပေါ်မှ ထိုးဆင်းလာသည်။ သို့သော်လည်း သူမထံ၌ ဒဏ်ရာကြီးကြီးမားမားရရှိထားပေသည်။

အမစိမ်းပြာရောင်ဓားခုတ်ကောင်ဟာ ‌ဖြေးဖြေးခြင်းအထီးကိုဝါးမျိုးလိုက်သည်။ အထီး ဓားခုတ်ကောင်ကို မျိုချသည်နှင့်အမျှ၊ သူ၏အစိမ်းရင့်ရောင် အခွံသည် တဖြည်းဖြည်း အနက်ရောင်သို့ ပြောင်းလဲသွားသည်။

ဤသည်မှာ အမစိမ်းပြာရောင်ဓားခုတ်ကောင်သည် နှစ်တစ်ထောင် ဝိညာဉ်သားရဲ နယ်ပယ်ဆီသို့ ချဉ်းကပ်လာခြင်းဖြစ်သည်။

သူစားသောက်နေရာတွင် နှစ်မြုပ်နေချိန် ဓားရောင်ခြည်တစ်ခုရုတ်တရက် ပေါ်ထွက်လာသည်။ မှောင်မိုက်သောသစ်တောထဲတွင်၊ ဆူးရှအေးစက်သော အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ အမစိမ်းပြာရောင်ဓားခုတ်ကောင်သည် ခဏတာရပ်တန့်သွားသည်။

နောက်တစ်စက္ကန့်တွင်ထိုနေရာ၌ အစိမ်းရောင်သွေးများ ဖြန်းထွက်သွားပြီး အမ စိမ်းပြာရောင်ဓားခုတ်ကောင်သည် လည်ပင်းမှ နှစ်ပိုင်းပြတ်ထွက်သွားသည်။ ထို့နောက် အလောင်းကောင်မှတစ်ဆင့် ဝိညာဉ်ကွင်းတစ်ခု ထွက်ပေါ်လာလေသည်။

All Chapters