အခန်း (၄)
Vol. 1 Ch. 4
“ငါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လုပ်ခဲ့ပြီးသား၊ မင်းတို့ကိုသာ မတားနိုင်တာ”
လီကျယ်ရှန်း၏ စကားကိုကြားသည်နှင့် ကျူကျူကျင်း၏ မျက်နှာတောင့်တင်းသွားသည်။ သူမသည် ကောင်ချောလေးများကို ခိုးကြည့်တက်သောသူတစ်ယောက် ဖြစ်သွားသည့်နှယ်ပင်။
“နင်…”
ကျူကျူကျင်းသည် ဒေါသတကြီးဖြင့် လီကျယ်ရှန်းအား လက်ညှိုးထိုးကာပြောလိုက်သည်။ သူမသည် အဆင့်မြင့်မိသားစုတွင် ကြီးပြင်းလာသူဖြစ်သည့်အတွက် ဤမျှအရှက်ကင်းမရှိသူကို မည်သည့်အခါမျှ မတွေ့ဖူးခဲ့ပေ။
သူမ၏ အေးစက်တည်ကြည်သော အသွင်အပြင်မှာ လုံးဝကိုပျက်စီးသွားခဲ့သည်။
ဝိညာဉ်စွမ်းအားများ လိမ့်တက်လာကာ မျက်လုံးများသည် အစိမ်းရင့်ရောင်နှင့် အပြာရောင်သို့ ပြောင်းသွားပြီး မျက်ဆံများမှာ ကျုံ့လာသည်။
ခါးအထိရှည်သော အနက်ရောင်ဆံနွယ်များသည် ရေတံခွန်ကဲ့သို့ ကျလာပြီး ဆံထုံးအချို့သည် ကြောင်နားရွက်များကဲ့သို့ ခေါင်းပေါ်တွင် နေရာယူထားပေသည်။
ထို့နောက် အနောက်ဘက်တွင် ကြောင်အမြီးသဏ္ဍာန် ကြိုးတစ်ချောင်း ပေါ်လာသည်။
လီကျယ်ရှန်းသည် “အင်” ဟု ညည်းတွားလိုက်သည်။
သူသည် ထိုဆွဲဆောင်မှုအပြည့်နှင့် ကောင်မလေးကို အပေါ်အောက် ကြည့်လိုက်သည်။
“ဒါက ကြောင်ပုံသဏ္ဍာန် သိုင်းဝိညာဉ်လား”
ကျူကျူကျင်း၏ ချွန်ထက်သော လက်သည်းများသည်ဦးခေါင်းအရွယ် ကျောက်တုံးတစ်တုံးကို ထိုးဖောက်ဝင်ရောက်သွားသည်။ ထို့နောက် ထိုကျောက်တုံးကို ချောင်းထဲရှိ လီကျယ်ရှန်းထံသို့ ပစ်ချလိုက်သည်။
လီကျယ်ရှန်းလဲ ညာဘက်လက်ကို မြှောက်လိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကို ဓားပုံသဏ္ဍာန်ပြုလုပ်ချိန် ချွန်ထက်သော စိမ်းပြာရောင် ဝိညာဉ်စွမ်းအားသည် သူ၏လက်ချောင်းထိပ်များမှ ထွက်လာသည်။
လေတိုးသံများထွက်ပေါ်လာသော်လည်း ထိုအသံသည်အားနည်းလှသည်။ ထို့နောက် ကျောက်တုံးသည် နှစ်ပိုင်းကွဲသွားကျသွားပေသည်
“အင်?!”
ကျူကျူကျင်း၏ စွန်ပလွံသီးအစေ့အရွယ်မျှသာ ရှိသော မျက်ဆံများသည် ပို၍ပင်ကျုံ့ဝင်သွားတော့သည်။
“ဒီလူရဲ့ ဝိညာဉ်စွမ်းအားက အလွန်ပြင်းထန်တယ်!”
အကယ်၍ လီဘိုင်သာ ရေထဲတွင် ဆက်နေမည်ဆိုလျှင် သူသည်သားကောင်ဖြစ်သွားလိမ့်မည်။ ယခုအခါ၌ လုံခြုံမှုမရှိသလို သူခံစားနေရသည်။ ဒီကြောင်မလေးက ဘာတွေထပ်ပစ်ဦးမှန်း မသိပေ။
“မင်းနဲ့ မဆော့တော့ဘူး”
လီကျယ်ရှန်းသည် ရေထဲသို့နောက်ပြန်ခုန်ကာ ရေအောက်ထဲသို့ ငုတ်ဆင်းသွားပေသည်။
ထို့နောက် ရေမျက်နှာပြင်တွင် လှိုင်းများထွက်ပေါ်လာပြီး ရောင်ပြန်ဟပ်နေသော အလင်းတန်းများကြားမှ လှိုင်းထဲက အဖြူရောင်မျဉ်းကြောင်းတစ်ခုလို ပေါ်နေကာ ချောင်းရိုးတစ်လျှောက် မြန်မြန်ဆန်ဆန် ကူးခတ်သွားသည်။
“လူယုတ်မာ၊ နင်မပြေးနဲ့!”
ကျူကျူကျင်းသည် ကြောင်တစ်ကောင်လို ကိုယ်ကိုကုန်းချပြီး ဒူးကိုကွေးကာလိုက်သည်။ ထို့နောက် သူမသည် ခြေဖျားထောက်လျက် ရေစပ်အနီးရှိ ကျောက်ဆောင်ပေါ်သို့ ခုန်တက်လိုက်ပြီး ရေအောက်ရှိ လီကျယ်ရှန်းကို လိုက်လံတိုက်ခိုက်ပေသည်။
သူတို့နှစ်ဦးသည် ဤနည်းဖြင့် လိုက်လံတိုက်ခိုက်နေကြသည်။
တဖြည်းဖြည်းချင်း...
ကျူကျူကျင်းသည် သူမသည် ဒီလူယုတ်မာထက်နှေးကွေးနေသည်ကို တွေ့ရှိရသည်။ သူတို့ကြားအကွာအဝေးသည် ပို၍ဝေးကွာလာနေသည်။
“ဒီလူယုတ်မာရဲ့ သိုင်းဝိညာဉ်က ဘယ်လိုမျိုးလဲ”
“ငရဲကြောင်ရဲ့ ဒီအရှိန်နဲ့တောင် မမှီနိုင်ဘူးလား”
ထို့နောက် ရေထဲမှအသံတစ်ချို့သည် ကျူကျူကျင်း၏ အတွေးများကို ချိုးဖျက်လိုက်သည်။ ယခုအချိန် သူတို့သည် မီတာလေးငါးမီတာခန့် ခွာနေပြီဖြစ်သည်။
သိပ်မကြာလိုက်ပေ ခန္ဓာကိုယ်တစ်ခုသည် ကမ်းပေါ်သို့ ခုန်တက်လာပြီး မြေပြင်ပေါ်ရှိ ထုပ်တစ်ထုပ်ကို ကောက်ယူကာ တောထဲသို့ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
နောက်တစ်ကြိမ် မြင်လိုက်ရပြန်သည်
ဒီတစ်ကြိမ်တွင်မူ ပို၍ရှင်းလင်းစွာ မြင်လိုက်ရသည်
ကျူကျူကျင်းသည် ယိုင်လဲချော်ကာ လဲကျခါနီးပါး ဖြစ်သွားသည်။
သူမ၏ လှပသောမျက်နှာသည် နီရဲသွားတော့သည်။
“လူယုတ်မာ”
“ဒီနေ့ နင့်ကို သင်ခန်းစာပေးမှ ရမယ်”
ဆက်မစဉ်းစားတော့ဘဲ ကျူကျူကျင်းသည် ချက်ချင်းပင် တောထဲသို့ ဝင်ရောက်လိုက်တော့သည်။ ထိုသူသည် ပြေးနေရင်း အထုပ်ကို ဖြေလျော့နေသည်။ ထို့နောက် သူ၏တစ်ခုတည်းသော အဖြူရောင်အင်္ကျီကို ထုတ်ယူလိုက်သည်။
လက်ကောက်ဝတ်ကို လှုပ်ရှားရင်း လီကျယ်ရှန်း၏ အဖြူရောင် ဝတ်ရုံသည် လေထဲတွင် ပင့်တင်လှုပ်ရှားနေသည်။ သူသည် လက်မောင်းများကို အင်္ကျီလက်များထဲသို့ ထိုးသွင်းလိုက်ပြီး အင်္ကျီကိုဝတ်ဆင်လိုက်သည်။ ထို့နောက် လီကျယ်ရှန်းသည် ခါးပတ်ကို ယူပြခါးတစ်ဝိုက်တွင် ပတ်လိုက်သည်။
ထို့နောက် နောက်မှလိုက်လာပြီး ဒေါးထွက်နေသော ကြောင်မလေးကို လှည့်ကြည့်ကာ
“ဘာလို့ ဆက်ပြီးလိုက်နေသေးတာလဲ”
“မင်းက ငါ့ကိုအဝတ်မပါဘဲ မြင်ခဲ့တာ၊ ငါက မရှက်ရဘူး၊ မင်းက ဘာလို့ဒေါသထွက်နေရတာလဲ”
သူ့အရှေ့မှာရှိတဲ့ ထိုချောမောတဲ့ လူပျိုလေးကို ကြည့်ရင်း ကျူကျူကျင်းသည် ပါးစပ်ဖွင့်ကာ သူ့ကို ဆူဆဲရန် ကြိုးစားလိုက်သည်။ ဒါပေမယ့် စိတ်အေးအေးထားပြီး စဉ်းစားကြည့်တော့ သူမက သူ့ကို အဝတ်မပါဘဲ မြင်ခဲ့တာ မှန်သော်လည်း သူမသည် မတရားပြုမှုနှင့် အာဏာရှင်ဆန်သော အမျိုးသမီးလေး မဟုတ်ပေ။
သို့သော် သူမ ဘာကြောင့် ဤမျှ ဒေါသထွက်နေရသနည်းကိုမသိပေ။ သူမ၏ ဖောင်းကားနေသော ရင်ဘတ်သည် အပေါ်အောက် လှုပ်ရှားနေသည်။
“မင်း……”
ကျူကျူကျင်းသည် နှုတ်ခမ်းကို ကိုက်၍ပြောလိုက်သည်
“မင်းရဲ့စွမ်းရည်က မဆိုးတဲ့ပုံပဲ၊ မင်းနဲ့ ယှဉ်ပြိုင်ချင်တယ်”
လီကျယ်ရှန်းသည် လှည့်ထွက်သွားသည်။
“စိတ်မဝင်စားဘူး”
“ငါက မိန်းကလေးတွေကို ပုံမှန်ဆိုရင်မရိုက်ဘူး”
ရုတ်တရက် နောက်ကျောမှ လေတိုက်သံထွက်လာသည်။ ထို့နောက် လီကျယ်ရှန်းသည် ညာဘက်ခြေကို အနည်းငယ်ရွေ့လိုက်သည်။ သွယ်လျပြီး ချွန်ထက်သော လက်တစ်ဖက်သည် သူ၏နားကို ဖြတ်ကျော်သွားသည်။
“အင်”
လီကျယ်ရှန်းသည် ဝိညာဉ်စွမ်းအားများ ထုတ်ဖော်နေသော ကောင်မလေးကို ကြည့်ရင်း မျက်ခုံးကျုံ့လိုက်သည်။
တကယ်ပဲ စိတ်ဆိုးသွားပြီလား။
ကျူကျူကျင်း၏ ကြောင်နှင့်တူသော မျက်လုံးများ ပြူးတောက်လာပြီး စိတ်ထဲတွင် စိတ်လှုပ်ရှားမှုတစ်ခု ပေါ်ထွက်လာသည်။
“မင်းတကယ်ကို မြန်တာပဲ”
“ကျူကျူကျင်း၊ အဆင့် ၂၇ သိုင်းပညာရှင်၊ တရားဝင် စိန်ခေါ်မှု”
လီကျယ်ရှန်းသည် မျက်ခုံးမလိုက်ပြီး သူ၏မှတ်ဉာဏ်အားပြန်လည် နှိုးဆွလိုက်သည်။
“ဒါဟာ ကျူကျူကျင်းပဲ”
တကယ်တော့ မိန်းကလေးက သူမ၏ကြောင်ပုံသဏ္ဍာန် သိုင်းဝိညာဉ်ကို ထုတ်ပြတဲ့အခါ လီကျယ်ရှန်းသည် အခြေအနေကို ခန့်မှန်းမိပြီးဖြစ်သည်။
ဤအသက်အရွယ်တွင်၊ ဤမျှအလှပကြွယ်ဝပြီး ဝိညာဉ်စွမ်းအားအဆင့် ၂၀ ကျော်ရှိသူမှာ ငရဲကြောင် ကျူကျူကျင်းတစ်ဦးတည်းသာ ရှိသည်။
ထို့နောက် သူ၏ဦးနှောက်ထဲ အတွေးတစ်ခု ဖြတ်သန်းသွားသည်။
လီကျယ်ရှန်းသည် တစ်စုံတစ်ရာကို သတိရသကဲ့သို့ ရှိသည်။
သူသည် ရိုးရိုးလေးပင် သစ်ရွက်တစ်ရွက်ကို ခူးယူပြီး ပါးစပ်ထဲထည့်ကာ ပျင်းရိသောအသံဖြင့် ပြောသည်-
“မင်းနဲ့ ယှဉ်ပြိုင်ပေးမယ်”
“ဒါပေမယ့် ငါနိုင်ရင် မင်းကို အချက်တစ်ချက် ကတိပေးရမယ်”
ကျူကျူကျင်း၏ ထူးဆန်းသော မျက်နှာအမူအရာကို မြင်တော့ သူထပ်ပြောလိုက်သည်
“မလိုအပ်တဲ့အရာတွေကို မတွေးနေပါနဲ့”
ယခုမှ ကျူကျူကျင်းသည် သူမအထင်မှားခဲ့ကြောင်း သိရှိပြီး လှပသောမျက်နှာလေးသည် နီရဲသွားသည်။
“ကတိပေးတယ်”
စကားဆုံးသည်နှင့် ကျူကျူကျင်း၏ အရောင်ကွဲမျက်လုံးများသည် အအေးရောင်အလင်းတန်းများ ထွန်းလင်းလာပြီး သူမ၏ပုံပန်းသဏ္ဍာန်သည် တစ္ဆေကဲ့သို့ မှုန်ဝါးသွားသည်။
တစ်ချိန်တည်းမှာပင် သူမ၏ခြေထောက်အောက်တွင် အဝါရောင် ဝိညာဉ်ကွင်းနှစ်ကွင်း ပေါ်ထွက်လာသည်။
ပထမဆုံး တိုက်ခိုက်မှုတွင် သူမသည် ဝိညာဉ်စွမ်းရည်နှစ်မျိုးကို အသုံးပြုခဲ့သည်။ ဤအရာက လီကျယ်ရှန်းအား သူမမည်မျှအထင်ကြီးကြောင်း ဖော်ပြနေသည်!
“ပထမဝိညာဉ်စွမ်းရည် ငရဲတိုက်ခိုက်မှု!”
“ဒုတိယဝိညာဉ်စွမ်းရည် ရာချီသော ငရဲလက်သည်း”
ကျူကျူကျင်း၏ မူလကတည်းကမြန်ဆန်သော အရှိန်သည် ပို၍တိုးလာပြီး သူမ၏သွယ်လျသော ကိုယ်ဟန်သည် ရှေ့သို့ခုန်ထွက်လာကာ မြေပြင်ပေါ်ရှိ သစ်ရွက်များကိုပင် လှုပ်ရှားစေပေသည်။
ထို့နောက် လက်သည်းအရိပ်များသည် မိုးရွာသကဲ့သို့ ရွာချလာပြီး လေကို ဖြတ်၍ ချွန်ထက်သော ပွတ်တိုက်သံများထွက်ပေါ်လာသည်။
လီကျယ်ရှန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ်မြှင့်တင်လာသည်။ သူသည် ပါးစပ်ထဲမှာကိုက်ထားသော သစ်ရွက်ကို ထွေးထုတ်လိုက်သည်။ ထို့နောက် လက်ဖဝါးကို ရှေ့သို့ဆန့်ထုတ်လိုက်ပြီး ထိုလှုပ်ရှားမှုနှင့်အတူ ပေ သုံးပေခြောက်လက်မရှိသော အစိမ်းရောင်ဓားတစ်စင်းသည် သူ၏လက်ထဲသို့ ရောက်ရှိလာသည်။
ကြာပန်းစိမ်းဓား ပေါ်လာသည့်အချိန်…
တောထဲတွင် ရုတ်တရက် အေးမြသော အလင်းရောင်များ ထွန်းလင်းလာသည်။ ကျူကျူကျင်းသည်ပင် ကျောရိုးတစ်လျှောက် အအေးဓာတ်ကိုခံစားရသည်။
“စွမ်းအားကြီးလိုက်တဲ့ ဓား”
လီကျယ်ရှန်း ဓားကိုကိုင်လိုက်သည့်အခိုက်တွင် သူ၏ ပုံမှန်ပျင်းတိပျင်းရွဲ့အကြည့်သည် ရုတ်တရက် ချွန်ထက်လာသည်။
“ပထမဝိညာဉ်စွမ်းရည် ကြာပန်းစိမ်းဓားခုတ်ဖြတ်ခြင်း”
ထို့နောက် ခရမ်းရောင် ဝိညာဉ်ကွင်းသည် ရုတ်တရက် လင်းထိန်လာသည်။
ဓားကျောရိုးပေါ်တွင် ကြာပန်းစိမ်းအမှတ်အသားသည် ဖြည်းညှင်းစွာ ပွင့်ထွက်လာပြီး ဓားသွားထံမှ ဆန်းကျယ်သော လှိုင်းတစ်ခုထွက်ပေါ်လာသည်။
ဓားရောင်ခြည်ဖြတ်သန်းသွားသော နေရာတိုင်းတွင် လက်သည်းအရိပ်များသည် လုံးဝပျက်စီးသွားသည်။
လီကျယ်ရှန်း၏ အရှိန်သည် မျက်စိဖြင့် ကြည့်မရအောင်ပင် မြန်ဆန်နေပေသည်။
မျက်တောင်ခတ်အတွင်းတွင် ဓားထိပ်သည် ကျူကျူကျင်း၏လည်ချောင်းမှ သုံးလက်မအကွာတွင် ရပ်တန့်သွားပြီး ပြင်းထန်သောလေသည် သူမ၏နဖူးပေါ်ရှိ ဆံပင်များကို လွင့်သွားစေပေသည်။
ချွန်ထက်သော၊ ကြည်လင်တောက်ပသည့် ဓားရောင်ခြည်သည် သူမ၏အငိုက်မိသွားသော လှပသည့်မျက်နှာကို ရောင်ပြန်ဟပ်နေသည်။
“မင်းရှုံးပြီ”
ထို့နောက် လီကျယ်ရှန်းသည် ကြာပန်းစိမ်းဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်သည်။
ခုနကထွေးထုတ်လိုက်သော သစ်ရွက်သည် မြေပြင်ပေါ်သို့ ကျလာလေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်... မှာလဲ...”
ကျူကျူကျင်း၏ မျက်လုံးများသည် သံသယများနှင့် လီကျယ်ရှန်းကို ကြည့်နေသည်။
“ခရမ်းရောင် ဝိညာဉ်ကွင်းလား။ နှစ်တစ်ထောင်သတ်တန်း…”
“ဘာလို့... မင်းရဲ့ ပထမဆုံး ဝိညာဉ်ကွင်းက ခရမ်းရောင်ဖြစ်နေတာလဲ”
သူမသည် ပါရမီရှင်များစွာကို သိသည်။ဒါပေမယ့် ပါရမီရှင်အားလုံးက သူမကို ပါရမီရှင်လို့ ခေါ်ကြတယ်။ ကျူကျူကျင်းသည်လည်း သူမ၏ပါရမီကို ယုံကြည်မိသည်။
သို့သော် ယခုအခါ၊ ကြယ်သစ်တောထဲတွင် တွေ့ခဲ့ရသော အဖြူရောင်ဝတ်ရုံနှင့် ဤယောက်ျားလေးသည် သူမအား စည်းမျဉ်းများကိုလွန်ဆန်နိုင်သောသူ တည်ရှိနေကြောင်း ပြသနေပေသည်။
လီကျယ်ရှန်း ဘယ်လိုဖြေရမလဲ
သူ့မှာ ကုသပေးနိုင်တဲ့ ဝိုင်သိုင်းဝိညာဉ်ရှိတယ်လို့လား
ထို့နောက်နယ်နှင်ဒဏ်ခံရသော မသေမျိုး လီဘိုင်က စိတ်ထဲရှိတာ လုပ်ကြံပြောလိုက်တယ်
“ဒီခရမ်းရောင်ဝိညာဉ်ကွင်းက ကံကောင်းမှုတစ်ချို့ကြောင့်ပါ”
ဒီအဖြေကြောင့် ကျူကျူကျင်း ခဏတာ ငေးငိုင်သွားသည်။
“ကောင်းပြီ”
ထိုအခါ လီကျယ်ရှန်းက နောက်ကျောကနေ စင်ကြယ်သောနတ်ဝိုင်အိုး ကိုထုတ်ယူပြီး ခွက်ကြီးတစ်ခွက်စာ မျိုချလိုက်ကာ ပြောလိုက်သည်။
“မင်းရှုံးပြီ”
“သဘောတူထားတဲ့အတိုင်း ငါ့ကို အချက်တစ်ချက်ကတိပေးရမယ်”