အခန်း (၅)
Vol. 1 Ch. 5
ကျုကျုချင်းသည် သတိပြန်လည်လာခြင်း မရှိသေးပေ။
သူမသည် လူသားအသွင်သို့ ပြန်ရောက်လာပြီး လှပသော မျက်လုံးများဖြင့် လီတိရှန်းကို စောင့်ကြည့်နေခဲ့သည်။
ထိုသူ၏ ပထမဆုံး ဝိညာဉ်ကွင်းသည် နှစ်တစ်ထောင် စွမ်းရည်ရှိသော ကွင်းဖြစ်၏။ အကယ်၍ သူသာမပြောပြခဲ့ပါက မည်သူမျှ ယုံကြည်ကြမည် မဟုတ်ပေ။ ဤလူသည် မည်သို့သော သတ္တဝါပါနည်း။
“ကောင်းပြီ။”
လီတိရှန်းသည် လက်ကိုဆန့်ထုတ်ကာ ကျုကျုချင်း၏ မျက်နှာရှေ့တွင် လက်ဝါးကို လှုပ်ခေါက်ကာ ပြောလိုက်၏။
“သတိရလာပြီလား။”
“ငါပြောခဲ့သလိုပဲ၊ သဘောတူညီချက်အရ မင်းငါ့ကို ကတိတစ်ခုပေးရမယ်”
“အင်း... အင်း”
ကျုကျုချင်းသည် ခေါင်းညိတ်ကာ-
“ငါ ကတိပေးထားတဲ့အတိုင်း လုပ်မှာပါ။”
“ထူးဆန်းတဲ့ အရာတွေသာ မတောင်းဆိုဘူးဆိုရင်ပေါ့။”
လီတိရှန်းသည် နှုတ်ခမ်းကို ရွဲ့ပြောလိုက်၏။
“မင်းကိုယ်မင်း ကြီးကြီးကျယ်ကျယ် ထင်မနေနဲ့ဦး။”
ကျုကျုချင်း၏ မျက်နှာရဲလာသည်ကို မြင်တွေ့ရသောအခါ သူသည် ပြုံးရီကာ ဆက်လက်ပြောကြား၏
“မင်းကို ငါ့ဒုတိယမြောက် ဝိညာဉ်ကွင်းရဖို့ ကူညီခိုင်းမှာပါ။”
ကျုကျုချင့်သည် အရင်ဦးစွာ တွေဝေသွားပြီး နောက်တွင် သူမ၏ လှပသော မျက်လုံးထဲ၌ အလင်းရောင်တစ်ချက် လက်လာကာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ။”
သူမ၏ လျင်မြန်စွာ သဘောတူလိုက်ခြင်းကြောင့် လီတိရှန်း အံ့အားသင့်သွားသည်။
အဆုံးစွန်ဆိုရပါလျှင် ဝိညာဉ်သားရဲဖမ်းခြင်းသည် အတော်အတန် အန္တရာယ်ရှိပေသည်။
လီတိရှန်း ခဏတွေးပြီး ပြောလိုက်သည်။
“ကြိုပြောပြရမယ်ဆို၊ ငါ့က နှစ်တစ်ထောင်သတ်တန်းရှိတဲ့ ဝိညာဉ်ကွင်းကိုလိုချင်တာ။”
“မင်းအခက်တွေ့မယ်ထင်ရင် ငါနားလည်းပါတယ်။”
ကျုကျုချင့်၏ ချောမောလှပသော မျက်နှာသည် အေးဆေးတည်ငြိမ်စွာဖြင့် ရှေ့သို့တစ်လှမ်းတိုး၍ ရပ်လိုက်၏။
“ငါ ဆုံးဖြတ်ပြီးသားပါ။”
ဤအရာမှာအန္တရာယ်ရှိကြောင်းကို သူမသိသည်။ သို့သော် ထိုအန္တရာယ်ထက် ဤလူငယ်သည် သူ၏အဆင့်ထက်ကျော်လွန်သော ဝိညာဉ်ကွင်းများကို မည်သို့စုပ်ယူနိုင်ခဲ့သည်ကို သိလိုစိတ်က ပိုများ၏။
ခြေလှမ်းအနည်းငယ်သွားပြီးနောက်။ သူမနောက်သို့ လီတိရှန်း မလိုက်လာသည်ကို သူမသတိထားမိ၏။ ကျုကျုချင်ူသည် ခေါင်းလှည့်၍ မျက်ခုံးကျုံ့ကာ ပြောလိုက်သည်။
“ကျွန်မလို မိန်းကလေးတောင် သဘောတူနေတာပဲ၊ မင်းဘာလို့ ငြိမ်နေတာလဲ။”
ထိုအခါလီတိရှန်းသည် ဆန့်ကျင်ဘက်လမ်းကြောင်းကို ညွှန်ပြကာ ပြောလိုက်၏။
“မင်းသွားတဲ့လမ်း မှားနေတယ်။”
ကျုကျုချင်း- “......”
“ငါ့နာမည်က လီတိရှန်း။”
လီတိရှန်းသည် ခေါင်းကိုစောင်း၍ ဝိုင်ကို တစ်ငုံသောက်ကာ ပြောလိုက်၏-
“ဒီတစ်ကြိမ် မင်းကူညီမှုအတွက် ငါမင်းကို ကျေးဇူးတင်တယ်။”
ကျုကျုချင့်သည် ရှက်ရွံ့သွားပြီးနောက် အေးဆေးစွာ ပြောလိုက်သည်။
“ကျွန်မ ကတိပေးထားပြီးသားပါ။”
“ပြီးတော့ မင်းက ကျွန်မထက် ပိုစွမ်းအားကြီးတော့ သိပ်အထောက်အကူဖြစ်မှာတော့မဟုတ်ဘူး။”
လီတိရှန်းသည် ပြုံးရီကာ ဘာမျှထပ်မပြောတော့ပေ။ထို့နောက် သူတို့နှစ်ဦးသည် တောထဲသို့ဆက်လျှောက်လာလိုက်သည်။
လီတိရှန်းသည် ဝိုင်ပုလင်းကို အဆက်မပြတ်ကိုင်ထားသည်ကို မြင်တွေ့ရသော ကျုကျုချင့်သည် နောက်ဆုံးတွင် မခံမရပ်နိုင်တော့ဘဲ မေးလိုက်၏
“ဒီလောက် သောက်နေတာ၊ နောက်ပိုင်း ဓားကိုင်တဲ့အခါ လက်မတည့်မှာကို မကြောက်ဘူးလား။”
လီတိရှန်းသည် နှုတ်ခမ်းထောင့်ကို သုတ်လိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။
“မင်းမသိဘူး။”
“ငါ့အတွက်တော့ ဝိုင်က ဓားသုံးဖို့အသက်ပဲ။”
“ငါသောက်လေ ပိုရူးသွားလေ၊ ငါမူးလေ ဓားသွားပိုထက်လေပဲ။”
ကျုကျုချင့်သည် ရပ်လိုက်ပြီး ထိုလူငယ်၏ နောက်ကျောကို ကြည့်ရင်း သူမ၏ လှပသော မျက်လုံးထဲတွင် ပုံမှန်မဟုတ်သော ထူးခြားသည့် အလင်းရောင်တစ်ခု ဝင်ရောက်လာ၏။ နှစ်ဦးသည် နောက်ထပ် အမွှေးတိုင်တစ်တိုင်ကျော်စာလောက် လမ်းလျှောက်လိုက်ကြသည်။
မျှော်စင်ပုံသစ်ပင် များသည်ပို၍မြင့်မားလာပြီး အပင်များ၏ အရွက်များသည် နက်ရှိုင်းသော မှင်နက်ရောင်သို့ ပြောင်းလဲသွား၏။
ဤအချက်သည် နှစ်ဦးသည် တဖြည်းဖြည်း ကြယ်သစ်တော၏ အတွင်းပိုင်းနက်ထဲသို့ ဝင်ရောက်လာကြောင်း ဖော်ပြနေပေသည်။ သွေးနံ့ကဲ့သို့ အနံ့ဆိုးများစွာတို့သည်လည်း လေထဲတွင် ပျံ့နှံ့လျက် ရှိ၏။ ၎င်းသည် ဝိညာဉ်သတ္တဝါများမှ ပြင်ပမှ ဝင်ရောက်လာသူများအား သတိပေးချက်ပင် ဖြစ်၏။
ကျုကျုချင်းသည် သတိကပ်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုလိုက်သည်။
“လီတိရှန်း၊ မင်း ဘယ်လိုမျိုး ဝိညာဉ်သတ္တဝါကို ရှာဖွေနေတာလဲ။”
လီတိရှန်း၏ မျက်ခုံးများ အနည်းငယ် ကျုံ့သွား၏။ သူကိုယ်တိုင်တောင် စိတ်ထဲတွင် ပဋိပက္ခဖြစ်နေပေသည်။ သူသည် အရင်ကတည်းက သူ၏ ဝိညာဉ်ကွင်းများအတွက် ပြည့်စုံသောလမ်းကြောင်းကို စီမံထားပြီးသားဖြစ်သည်။
သို့သော် သူ၏ ပထမဆုံး ဝိညာဉ်ကွင်းသည် မထင်မှတ်ဘဲ နှစ်တစ်ထောင် စွမ်းရည်ဖြစ်သွားသည်။
ဤအချက်သည် သူ၏ ရည်မှန်းချက်ကြီးကို လောင်မြိုက်စေ၍ ယခင်အတွေးများကို ဖယ်ရှားပစ်လိုက်ပေသည်။
“ငါ့ရည်မှန်းချက်က ဓားသွားကင်းမြီးကောက်ပဲ။”
ဓားသွားကင်းမြီးကောက်သည် အမှောင်ရိပ်ထဲတွင် နေထိုင်တတ်သော ဝိညာဉ်သတ္တဝါအမျိုးအစား ဖြစ်၏။
သာမန်ကင်းမြီးကောက်များနှင့် မတူဘဲ ၎င်း၏အမြီးသည် ဓားတစ်စင်းကဲ့သို့ ဖြစ်၍ အဆိပ်မရှိသော်လည်း အလွန်ထက်မြက်၏။
စာအုပ်များအရ ဓားသွားကင်းမြီးကောက်၏ အမြီးတစ်ချက်လှည့်ပတ်ခြင်းသည် ၎င်းနှင့်အရွယ်တူ ဝိညာဉ်သတ္တဝါကို ချက်ချင်းသတ်နိုင်၏။ ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်ကို အလွန်ထက်မြက်သည်ဟု ဖော်ပြနိုင်ပေသည်။
လီတိရှန်းသည် သူ၏ ကြာပန်းစိမ်းဓားကို အဆုံးစွန် တိုက်ခိုက်ရေးစွမ်းရည် ရရှိစေချင်ပေသည်။ထို့ကြောင့် ဓားသွားကင်းမြီးကောက်သည် အသင့်တော်ဆုံးသော ရွေးချယ်မှုပင် ဖြစ်ပေသည်။
“ဓားသွားကင်းမြီးကောက်လား။”
ကျုကျုချင်း၏ နုနယ်သောမျက်ခုံးများ အနည်းငယ် ကျုံ့သွားသည်။
သူမသည် ဤဝိညာဉ်သတ္တဝါအမျိုးအစားကို ကြားဖူးခြင်း မရှိပေ။
သို့သော် အမည်ပေါင်းကိုကြည့်ခြင်းဖြင့် ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန်မဟုတ်ကြောင်း သူမသိရှိနိုင်ပေသည်။
“ဒါဆို ငါတို့ ရှာဖွေမှုကို မြန်မြန်ဆန်ဆန် လုပ်ကြရအောင်။”
“အကယ်၍ ညရောက်သွားရင် ပိုအန္တရာယ်များလိမ့်မယ်”
နောက်ဆုံးတွင်။
နာရီဝက်အကြာတွင်။
ချုံပုတ်များဖြင့် ဖုံးကွယ်ထားသော ချိုင့်ဝှမ်းတစ်ခုသည် လီတိရှန်းနှင့် ကျုကျုချင့်တို့၏ အရှေ့တွင် ပေါ်လာသည်။ ထိုချိုင့်ဝှမ်းဝမှ တိုးညှင်းစွာတိုက်ခတ်လာသော အနံ့ဆိုးနှင့် လေအေးသည် ညည်းညူသံကဲ့သို့ အသံများ ပြုလျက် ရှိ၏။
လီတိရှန်း သတိပေးလိုက်သည်။
“သတိထား၊ ဒီချိုင့်ဝှမ်းမှာ ဓားသွားကင်းမြီးကောက်တွေ ရှိနိုင်တယ်။”
ကျုကျုချင်းသည် လေးလေးနက်နက် ခေါင်းညိတ်လိုက်၏။ သူတို့နှစ်ဦးသည် သတိထားပြီး ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်ကြသည်။ ချိုင့်ဝှမ်းအတွင်း၌ ကျယ်ပြန့်မှု လေးငါးတောင်ခန့်ရှိပြီး စိုထိုင်းသော ပေါင်းမြက်များ ထူထပ်စွာ ပေါက်ရောက်နေပေသည်။ ချိုင့်ဝှမ်း၏ ကျောက်နံရံများပေါ်တွင် နက်ရှိုင်းသော အစင်းကြောင်းများ ဖြတ်ကျော်နေသည်ကို တွေ့မြင်ရနိုင်ပေသည်။
လီတိရှန်းသည် လက်ကိုဆန့်ထုတ်၍ အစင်းကြောင်းများကို ထိတွေ့ကြည့်ရှုလိုက်သည်။ ထိုအစဉ်းကြောင်းသည် ချောမွေ့ပြီး အတားအဆီးမရှိသည်ကို ခံစားမိ၏။ ဤအချက်သည် အစင်းကြောင်းများကို ထွင်းထုခဲ့သော အရာ၏ ထက်မြက်မှုသည် သာမာန်မဟုတ်ကြောင်း ဖော်ပြနေပေသည်။
“တကယ်ကောင်းတယ်”
လီတိရှန်း ချီးကျူးလိုက်သည်။ ဤအစင်းကြောင်းများသည် ဓားသွားကင်းမြီးကောက်များ ချန်ရစ်ခဲ့သော အရာများပင် ဖြစ်၏။ ပြီးတော့ ဓားသွားကင်းမြီးကောက်ရဲ့ အမြီး၏ထက်မြက်မှုမှာ သူ့မျှော်လင့်ထားသည်ထက် ပိုနေပေသည်။
“ဓားသွားကင်းမြီးကောက်သည် ဓားသိုင်းဝိညာဉ်များနှင့် တကယ်ကိုက်ညီတယ်။”
“တကယ်လို့ ဓားသွားကင်းမြီးကောက်ရဲ့ ဝိညာဉ်ကွင်းကိုသာ စုပ်ယူနိုင်ခဲ့လျှင် ကြာပန်းစိမ်းဓားရဲ့ စွမ်းအားက အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားလိမ့်မယ်။”
ဤအတွေးကို စိတ်ထဲတွင် တွေးကာ လီတိရှန်းသည် မျက်နှာငယ်လေးအား အားတင်းပြီးရှိနေသော ကျုကျုချင်းကို ကြည့်ကာ ပြုံးလိုက်သည်။
“ကျုကျုချင်း အခု နောက်ဆုတ်ချင်သေးရင် ချိုင့်ဝှမ်းကနေ ထွက်သွားလို့ရသေးတယ်။”
ကျုကျုချင်းက လီတိရှန်းကို ကြည့်ကာ
“ဟမ်၊ ငါ့ကို အထင်မသေးနဲ့။”
“ကျုကျုချင်းဆိုတဲ့ ငါက ကတိပေးတဲ့အရာကို အမြဲတမ်းလိုက်နာတယ်။”
လီတိရှန်း ပြန်ပြောဖို့ စဉ်းစားနေခိုက်။
ချိုင့်ဝှမ်းအတွင်းပိုင်း နက်ရှိုင်းရာမှ ရှရှာသံတစ်သံ ကြားလာရပြီး နီးကပ်လာသည်။ လီတိရှန်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူသည် ကျုကျုချင့်ကို အမြန်ဆွဲကာ ကျောက်တုံးကြီးတစ်ခု၏ နောက်တွင် ပုန်းလျှိုးနေလိုက်သည်။
ကျုကျုချင်းသည် သူမ၏ လက်ကလေးကို လီတိရှန်းက ကိုင်ထားသည်ကို ကြည့်ရင်း အေးမြသော မျက်နှာဟာ နီရဲသွားပြီး သူမလက်ကို ဆွဲယူလိုက်သည်။ သို့သော် ချက်ချင်းပင် လီတိရှန်း၏ အသံကို ကြားလိုက်ရ၏။
“ကြည့်စမ်း။”
ကျုကျုချင်းသည် လီတိရှန်းညွှန်ပြသော နေရာအား ကြည့်လိုက်သညိ့ အခါ သူမသည် ခြောက်ပေခွဲခန့် ရှည်လျားသော ကင်းမြီးကောက်များသည် ရေလျှံထွက်လာသကဲ့သို့ ချိုင့်ဝှမ်းအတွင်းပိုင်းမှ ထွက်လာသည်ကို မြင်တွေ့ရ၏။
ဤကင်းမြီးကောက်များသည် အညိုရောင်ရှိပြီး အမြင့်မြှောက်ထားသော အမြီးများသည် ဓားရှည်များနှင့် တူကာ ၎င်းတို့၏ ထိပ်ဖျားများမှ အေးခဲသော အလင်းရောင်များပင် ထွက်ပေါ်နေ၏။
သူတို့သည် ချိုင့်ဝှမ်း၏ ဟင်းလင်းပြင်သို့ ရောက်ရှိလာပြီး ဓားနှင့်တူသော အမြီးများကို လှုပ်ခတ်ကာ ကျောက်နံရံကို တိုက်ခိုက်ကြသည်။
ဤဓားသွားကင်းမြီးကောက်များ၏ အမြီးများအောက်တွင် ခိုင်ခံ့သော ကျောက်နံရံသည် စက္ကူပါးကဲ့သို့ ချိုးဖဲ့လွယ်နေ၏။ ထို့နောက်ကျောက်စများ ဆူညံစွာ ကျလာပေသည်။
“ဒါဆို နောက်တစ်ဆင့် ဘာလုပ်ကြမလဲ။”
သူတို့သည် အလွန်နီးကပ်နေ၏။ ပခုံးချင်း ထိမျှလုနီးပါးပင် ဖြစ်ပေသည်။ ကျုကျုချင်း၏ အသံသည် အနည်းငယ် တုန်ရီနေပေသည်။
လီတိရှန်းသည် ကျုကျုချင်း၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိမထားမိ။ သူ၏ အာရုံစိုက်မှုသည် ဤဓားသွားကင်းမြီးကောက်များအပေါ်တွင် စုစည်းနေပြီး သူ၏စိတ်နှလုံးထဲတွင် အနည်းငယ် ထူးဆန်းနေ၏။ ဤဓားသွားကင်းမြီးကောက်များသည် အဘယ်အရာကို ပြုလုပ်နေကြသနည်း။
အစုလိုက် လေ့ကျင့်ခန်းလုပ်ခြင်းလား။
အနည်းငယ် စနစ်ကျနေပေသည်။
လီတိရှန်း မတုံ့ပြန်သည်ကို မြင်တွေ့ရသော ကျုကျုချင်းသည် နှာခေါင်းထဲတွင် ထိုယောက်ျားလေး၏ အနံ့များနှင့် ပြည့်နှက်နေပြီး မခံစားနိုင်တော့ပေ။ သူမ၏ ချောမောသော မျက်နှာသည် ပူလောင်နေပြီး ခန္ဓာကိုယ်ကို အနည်းငယ် ရွှေ့လိုက်သည်။
“လီတိရှန်း၊ မင်း...”
စကားများ ပြောပြီးသည်နှင့် နောက်တစ်စက္ကန့်တွင် လီတိရှန်းသည် ရုတ်တရက် ကျုကျုချင့်၏ ပါးစပ်အား ပိတ်လိုက်၏။
“အမ်...”
ကျုကျုချင့်၏ လှပသော မျက်လုံးများ ကျယ်လာကာ လီတိရှန်းကို ကြည့်နေ၏။ လီတိရှန်းသည် အေးဆေးတည်ငြိမ်သော မျက်နှာအမူအရာဖြင့် ဖြေးညှင်းစွာ ခေါင်းခါလိုက်၏။ ကျုကျုချင်း နားလည်လိုက်၏။ နှစ်ဦးသား ခဏရပ်နားပြီးနောက် ချိုင့်ဝှမ်းကို ကြည့်ရှုလိုက်ကြပေသည်။
သူတို့မြင်ရသည်မှာ... ဓားသွားကင်းမြီးကောက်များသည် လေ့ကျင့်ခန်းကို ရပ်တန့်လိုက်ကြ၏။ ခေါင်းငုံ့ကာ မြှောက်ထားသော အမြီးများကို ချထားပြီး ကြောက်ရွံ့စွာဖြင့် နှစ်ဖက်သို့ မြန်မြန်ဆန်ဆန် ဆုတ်ခွာကာ ကျယ်ပြန့်သော နေရာလွတ်တစ်ခုကို ချန်ထားခဲ့ကြသည်။
ထိုအချိန်တွင်။
လှိမ့်တက်လာသော အနံ့ဆိုးနှင့် အတူကြောက်မက်ဖွယ်ကောင်းသော သတ္တဝါအရိပ်တစ်ခုသည် ဖြေးဖြေးချင်း ထွက်ပေါ်လာ၏။