အခန်း (၆)
Vol. 1 Ch. 6
လျှိုမြောင်တစ်ခု၏ အတွင်းပိုင်း၌ဖြစ်သည်။ ကျောက်စရစ်ခဲများလိမ့်ကျသံကို ကြားနေရသည်။
ထို့နောက် ကင်းမြီးကောက်များသည်ကြောက်လန့်တကြား ဆုတ်ခွာသွားကြသည်။
ကျောက်ဆောင်နံရံပေါ်ရှိအရိပ်များသည် ကိုယ်ထည်များထက် စောပြီး ပေါ်လာကာ ချွန်ထက်သည့် ကင်းမြီးကောက်အမြီးသုံးခုသည် လွှဲခတ်လျက် တိုက်မိသဖြင့် သတ္တုသံများဟာလည်း မြည်ဟီးလျက်ရှိသည်။
သတ္တုများ၏ တိုက်မိသံသည် တစ်ဖြည်းဖြည်း ပိုမိုကျယ်လောင်လာပြီး နီးကပ်လာသည်။ ကျောက်ဆောင်နံရံပေါ်ရှိအရိပ်သည်လည်း ကြီးမားလာပြီး နောက်ဆုံးတွင် မြင်လိုက်ရသည်မှာ...
၎င်း၏ ကြေးဝါရောင်အခွံသည် အေးစက်သော အလင်းရောင်များဖြာထွက်နေပြီး အမြီးတွင် ချွန်ထက်သော ဓားသွားသုံးခု ထိုးထွက်နေသည်။ ဤကင်းမြီးကောက်ရွေ့လျားသည်နှင့်အမျှ ထိုဓားသွားသုံးခုသည် တစ်ခုနှင့်တစ်ခု တိုက်မိပြီး မီးပွားငယ်ကလေးများ ဖြာထွက်နေသည်။
အခြားသောကင်းမြီးကောက်များသည် မြေပြင်ပေါ်တွင် ပျပ်ဝပ်နေကြပြီး ၎င်းတို့၏ ဓားသဖွယ် အမြီးချွန်များကို မြေကြီးနှင့်ကပ်၍ နှိမ့်ချထားကြသည်။
ကျောက်ဆောင်ကြီးနောက်တွင်
ကျူကျူချင်း၏လှပသောမျက်လုံးများ ပြူးကျယ်လာပြီး သူမ၏ ချောမောလှပသော မျက်နှာတွင် မယုံကြည်မှုများ ဖြစ်ပေါ်လာသည်။
“အရင်ဆုံးဆုတ်ကြရအောင်၊ နောက်မှ ဆက်ပြောကြတာပေါ့။”
လီကျယ်ရှန်းသည်ဓားသွားသုံးခုပါသော ကင်းမြီးကောက်ဘုရင်ကို စူးစိုက်ကြည့်ရင်း တိုးညှင်းစွာပြောလိုက်သည်။
သူတို့နှစ်ဦးသည် ခြေဖျားထောက်၍ တောင်ကြားမှ ထွက်ခွာသွားကြသည်။ ထို့နောက်ကျူကျူချင်းက လီကျယ်ရှန်းကိုကြည့်ပြီး ထိတ်လန့်တကြား မေးသည်။
“အဲဒါက ဘယ်လိုဝိညာဉ်သတ္တဝါလဲ?”
“ဓားဒဏ္ဍာန်အမြီးသုံးခုပါတဲ့ ကင်းမြီးကောက်လား။”
လီကျယ်ရှန်းက ဝိုင်အားတစ်ငုံသောက်လိုက်ပြီး ပါးစပ်ကို သုတ်ကာ
“လူသားတွေရဲ့သိုင်းဝိညာဉ်တွေက ပြောင်းလဲတတ်သလို ဝိညာဉ်သတ္တဝါတွေလည်း ပြောင်းလဲတတ်တယ်။”
“ဒီဓားသဏ္ဍာန် အမြီးသုံးခုပါတဲ့ ကင်းမြီးကောက်ကြီးကို... အမှီး၃ချောင်း ဓားကင်းမှီးကောက် ခေါ်လို့ရတယ်။”
ခဏနားပြီးနောက် လီကျယ်ရှန်းက ဆက်လက်ပြောလိုက်သည်။
“သာမန်ကင်းမြီးကောက်တွေတောင် အဆင့်တူ ဝိညာဉ်သတ္တဝါတွေထဲမှာတောင် အတော်အစွမ်းထက်တယ်။ ဒီ အမှီး၃ချောင်း ဓားကင်းမှီးကောက်ဘုရင်ကတော့ ဒီထက်ပိုပြီး ကြောက်စရာကောင်းမှာပဲ။”
ကျူကျူချင်း၏ မျက်နှာတွင် ထိတ်လန့်မှုများ ရှိနေဆဲဖြစ်သည်။ ခုနလေးတင် အမှီး၃ချောင်း ဓားကင်းမှီးကောက်ပေါ်လာပြီး အခြားကင်းမြီးကောက်များ အရိုအသေပေးနေသည့်မြင်ကွင်းသည် သူမမျက်စိထဲတွင် စွဲငြိစွာ ကျန်ရစ်နေဆဲပင်။
“ကံမကောင်းတာက အမှီး၃ချောင်း ဓားကင်းမှီးကောက်ဘုရင်တစ်ကောင် ပေါ်လာတာပဲ။”
“လီကျယ်ရှန်း..မင်းအတွက် ကင်းမြီးကောက်ဝိညာဉ်ကွင်းကို ယူလို့မရတော့ဘူးထင်တယ်။ အခြားဟာတွေ ရှာကြည့်ရအောင်...”
ကျူကျူချင်းက ပြောသည့်အခါ လီကျယ်ရှန်းက ရုတ်တရက်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ကျူကျူချင်း။”
“မင်းအခု သွားချင်ရင် သွားလို့ရပြီ။”
“ဟင်”
ကျူကျူချင်းက လီကျယ်ရှန်းကိုကြည့်မိပြီး ဒီလူသည် ဝိုက်ကို မျိုချနေစဉ် မျက်လုံးများက တောင်ကြားဝင်ပေါက်ကို မပြတ် စိုက်ကြည့်နေသည်ကို သတိထားမိလိုက်သည်။
အတော်ကြာ တိတ်ဆိတ်နေပြီးမှ ကျူကျူချင်းသည် သူမ၏ပုံမှန်အေးစက်နေသော အသံတွင် အံ့အားသင့်မှုအနည်းငယ်နှင့်ပြောလိုက်သည်။
“လီကျယ်ရှန်း၊မင်းက ဒီ အမှီး၃ချောင်း ဓားကင်းမှီးကောက်ဘုရင်ကို ဝိညာဉ်ကွင်းအဖြစ်ယူဖို့ စဉ်းစားနေတာလား”
လီကျယ်ရှန်းက လှည့်ပြီးကျူကျူချင်း၏ လှပသည့် မျက်နှာကို ကြည့်ကာ နှုတ်ခမ်းထောင့်မှာ ပြုံးနေမှုတစ်ခု ဖြတ်သန်းသွားသည်။
“မရဘူးလား။”
“မင်းရူးသွားပြီ။”
ကျူကျူချင်းက နားမလည်နိုင်ဖြစ်ကာမေးလိုက်သည်။
“အမှီး၃ချောင်း ဓားကင်းမှီးကောက်ဘုရင်က ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာကို ဘေးဖယ်ထားဦး၊ ကျန်တဲ့ ကင်းမြီးကောက်တွေတောင် ငါတို့နှစ်ယောက်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။”
“သေချာစဉ်းစားစမ်းပါ၊ ဒီထက်ပိုကောင်းတာတွေ ရှာလို့ရပါသေးတယ်”
သူမပြောလိုက်သော်လည်း လီကျယ်ရှန်း၏ စိတ်ဓာတ်မှာမယိမ်းယိုင်တာကို တွေ့လိုက်ရသည်။
ကျူကျူချင်းသည်လက်သီးဆုပ်ပြီး အသံမှာတင်းမာလာသည်။
“လီကျယ်ရှန်း၊မင်းက ဝိညာဉ်ကွင်းတစ်ခုအတွက် အသက်ကို စွန့်မလို့လား။”
“အိုး……”
လီကျယ်ရှန်းသည်နားလည်ရခက်သော အသံမျိုးဖြင့် ရယ်မောလိုက်သည်။
“ကျူကျူချင်း…”
“အကယ်၍မင်းရဲ့ ဝိညာဉ်စွမ်းအားက ခြောက်နှစ်အတွင်း လုံးဝမတိုးတက်ခဲ့ဘူးဆိုရင်။”
“မင်းကိုအပြည့်အဝမျှော်လင့်ထားသူတွေ၊ မင်းကို ဂရုစိုက်သူတွေ၊ မင်းကို ချစ်ခင်သူတွေက မင်းရဲ့ သာမန်အရည်အချင်းကို လက်မခံနိုင်တော့ဘဲ တဖြည်းဖြည်း ထွက်ခွာသွားကြတယ်ဆိုရင်။”
“ဒါဆိုစွမ်းအားဆိုတာ ဘယ်လောက်တန်ဖိုးရှိပြီး ရှားပါးလာတယ်ဆိုတာ မင်းသိသွားလိမ့်မယ်။”
လီကျယ်ရှန်းသည်ကျူကျူချင်းကို ကျောခိုင်းထားပြီး သူ၏စကားသံသည် ကောင်းကင်ထဲက တိမ်တွေလို ပေါ့ပါးပြီး မြင့်မားသည်။
“မနက်မှာ စစ်မှန်တဲ့တရားကိုရရှိခဲ့ရင်၊ ညနေမှာသေရတာလဲ တန်ပါတယ်”
သစ်တောကြီးထဲသည် အတော်ကြာ တိတ်ဆိတ်နေပြီး လေတိုက်ခတ်သံနှင့် အရွက်များလှုပ်သည့်အသံများသာထွက်ပေါ်နေသည်။
ကျူကျူချင်း၏တုန်လှုပ်နေသော မျက်လုံးများထဲတွင် လီကျယ်ရှန်း၏ ကျောပြင်ကို ရောင်ပြန်ဟပ်နေသည်။
ထိုကောင်လေး၏ကျောပြင်သည် အထီးကျန်သော်လည်း ၀ါးပင်ကဲ့သို့ ဖြောင့်တန်းနေသည်။
ဒါဆိုပထမဆုံး ဝိညာဉ်ကွင်းမှာတင် နှစ်တစ်ထောင်သတ်တန်းရှိတဲ့ ဒီပါရမီရှင်လေးရဲ့ နောက်ကွယ်မှာ ဒီလောက် မသိရတဲ့ အတိတ်ဇာတ်လမ်းတွေ ရှိနေတာပဲပေါ့။
“မနက်မှာ စစ်မှန်တဲ့တရားကိုရရှိခဲ့ရင်၊ ညနေမှာသေရတာလဲ တန်ပါတယ်”
ကျူကျူချင်း စတင်နားလည်လာသည်။ လီကျယ်ရှန်းဘာကြောင့် ဒီလိုလုပ်နိုင်တာလဲ။ သူ့ရဲ့ ပထမဆုံး ဝိညာဉ်ကွင်းက နှစ်တစ်ထောင်သတ်တန်းရှိနေတာလဲ။ ဘယ်လိုမှမတုန်လှုပ်ပဲ ဆုံးဖြတ်ချက်ချနိုင်စွမ်းသည် လေးစားဖွယ်ကောင်းလှပေသည်။
ဤအချိန်တွင်...
ကျူကျူချင်းသည်သူမ၏ စိတ်သည် ပိုမိုရှင်းလင်းသွားသည်ဟုပင် ခံစားရသည်။ သူမသည်ဖြည်းဖြည်းချင်း လေကို ရှူထုတ်ကာ နှုတ်ခမ်းကို ကိုက်ပြီး ပြောလိုက်သည်။
“မင်းမှာအစီအစဉ်ရှိလား။”
“ဟင်”
လီကျယ်ရှန်းက လှည့်ပြီးကျူကျူချင်း၏ လှပသည့် မျက်နှာကို ကြည့်ကာ စကားမပြောနိုင်ဘဲ ကြည့်နေမိသည်။ ကျူကျူချင်းသည် ထိုကြည့်ရှုမှုကြောင့် ရှက်ကိုးရှက်ကန်းဖြစ်ကာ မျက်နှာနီမြန်းပြီး ဒေါသထွက်လာသည်။
“ဘာကိုကြည့်နေတာလဲ။”
“ငါအရင်က ပြောခဲ့ဖူးတယ်၊ ငါကျူကျူချင်းက သူ့စကားတည်တယ်။”
“မင်းကိုဝိညာဉ်ကွင်းရအောင် ကူညီမယ်လို့ ကတိပေးထားတဲ့အတိုင်း ငါတကယ်လုပ်မှာပဲ။”
လီကျယ်ရှန်းသည်အရာရာကို စဉ်းစားတွေးခေါ်တတ်သူ မဟုတ်ပေ။ သူသည်ချက်ချင်းပင် ကျူကျူချင်းကို လက်မထောင်ပြလိုက်သည်။
“မင်းကတကယ့်ကို လူကောင်းတစ်ယောက်ပဲ၊လိုအပ်တဲ့အချိန်မှာ အမှန်တကယ် ထွက်ပေါ်လာတယ်၊ စိတ်ချရတယ်။”
ကျူကျူချင်းသည်ဤမျှ ကောင်းမွန်သော မိတ်ဆွေဖြစ်ပေသည်။
သိပ်မကြာလိုက် နေဝင်ဆည်းဆာအချိန်ရောက်လာသည်။ လီကျယ်ရှန်းသည်အချိန်ကို ဆက်လက်မဖြုန်းတော့ပေ။ သူသည်ကျူကျူချင်းအား သူ၏အစီအစဉ်ကို ပြောပြသည်။
“တောင်ကြားထဲက ကင်းမြီးကောက်အုပ်စုက စနစ်တကျဖွဲ့စည်းထားတာ။”
“ဒါကိုပုရွက်ဆိတ်အသိုက်တစ်ခုလို့ မင်းမှတ်ယူနိုင်တယ်၊ ပုရွက်ဆိတ်တွေမှာ အခန်းကဏ္ဍအမျိုးမျိုး ရှိသလိုပဲ၊ ဒီကင်းမြီးကောက်တွေကလည်း အတူတူပဲ။”
“မင်းသတိထားမိမှာမဟုတ်ဘူး၊တောင်ကြားထဲမှာ ပုံမှန်ထက်ကြီးမားတဲ့ နှစ်တစ်ထောင်အရွယ် ကင်းမြီးကောက်လေးကောင် ရှိတယ်။ ဒီ နှစ်တစ်ထောင်အရွယ် ကင်းမြီးကောက်လေးကောင်က ပုရွက်ဆိတ်အလုပ်သမားတွေလိုပဲ၊ သူတို့ကနေ အစာရှာဖွေရန် အသိုက်ထဲမှ ထွက်လာတက်ကြတယ်။”
“ငါတို့လုပ်ဆောင်ဖို့အကောင်းဆုံးအချိန်က ဒီ နှစ်တစ်ထောင်အရွယ် ကင်းမြီးကောက်လေးကောင် တောင်ကြားထဲကနေ အစာရှာထွက်တဲ့အချိန်ပဲ။”
လီကျယ်ရှန်း အသေးစိတ် ပြန်ပြောပြနေစဉ် ကျူကျူချင်း၏လှပသောမျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ သူမ၏စိတ်သည် အနည်းငယ် ရှုပ်ထွေးသွားသည်။
သို့သော်ဤကောင်လေး၏ ကျေးဇူးတင်လေးစားမှုကို သူမ ခံစားမိသည်။ အသက်အရွယ်အားဖြင့်သူမနှင့် အရွယ်တူဖြစ်သော ဤကောင်လေးသည် ဝိညာဉ်သတ္တဝါများကို ဤမျှနက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်ခြင်းသည် အမှန်တကယ် သာမန်မဟုတ်ပေ။
“ဟေ့၊ ငါပြောနေတာ ကြားရဲ့လား။”
“ဟင်…ကြားတယ်၊ ကြားတယ်၊ ဆက်ပြောပါ...”
လီကျယ်ရှန်းက စိုးရိမ်သောမျက်နှာထားဖြင့်ဆက်ပြောသည်။
“အခုတော့မင်းအပေါ်မှာပဲ မူတည်နေပြီ။”
“ရန်သူဝင်ရောက်တိုက်ခိုက်တဲ့အခါမျိုးနွယ်စုတစ်ခုရဲ့ ခေါင်းဆောင်က ပထမဆုံးထွက်မတိုက်ခိုက်တက်ဘူး။”
“ကျူကျူချင်း၊တောင်ကြားထဲက ကျန်ရှိနေသေးတဲ့ ကင်းမြီးကောက်တွေကို ဆွဲထုတ်ဖို့ မင်းရဲ့အကူအညီ လိုအပ်တယ်။”
“ဒီနှစ်တစ်ထောင်အရွယ် ကင်းမြီးကောက်လေးကောင် အစာရှာထွက်သွားပေမယ့် အန္တရာယ်က အတော်လေး ရှိနေဆဲပဲ။”
“မင်းလုပ်နိုင်မယ်လို့ ယုံကြည်ရဲ့လား။”
ကျူကျူချင်း၏ချောမောလှပသော မျက်နှာသည် တင်းမာလာပြီး သူမသည် ဖြည်းဖြည်းချင်း ခေါင်းညိတ်သည်။
“ငါ့စွမ်းရည်က အမြန်နှုန်းမှာသာလွန်တယ်၊ ပြဿနာ မရှိဘူး။”
လီကျယ်ရှန်းက ပြောသည်။
“တစ်မိနစ်၊ငါ လိုအပ်တာက တစ်မိနစ်ပဲ၊ တစ်မိနစ်လောက် သူတို့ကို နှောင့်နှေးအောင်လုပ်ပေးပါ။”
ကျူကျူချင်းသည်လီကျယ်ရှန်း၏ မျက်လုံးထဲက ဆူးရှသော အလင်းရောင်ကို ကြည့်ရင်း မျက်ခုံးကျုံ့ကာ
“တစ်မိနစ်ဆိုသိပ်တိုနေတယ်ထင်တယ်။”
“လုံလောက်ပါတယ်။”
လီကျယ်ရှန်းက ဘေးနားက ဝါးချောင်းကိုလက်ဖြင့် ရိုက်လိုက်သည်။
“ပပ်”ဆိုသည့်အသံနှင့်အတူ ဝါးချောင်းသည် ကျိုးသွားသည်။
ထို့နောက်သူသည် ဓားသဖွယ် လက်ချောင်းနှစ်ချောင်းကို စုပြီး ရိုးရှင်းသော ဝါးခွက်တစ်ခုကို ထွင်းထုလိုက်သည်။ ပြီးသည့်နောက် သူ၏ခါးတွင်ရှိသောရေအိုးကြီးကို ကောက်ယူကာ အေးမြပြီး သန့်ရှင်းးသော ဝိုက်ကို ဝါးခွက်ထဲသို့ လောင်းထည့်လိုက်သည်။
ထို့နောက် ထိုဝါးခွက်ကိုကျူကျူချင်းထံ ပေးအပ်လိုက်သည်။
“ကင်းမြီးကောက်တွေက မြေပြင်ပေါ်မှာ ရွေ့လျားမှု မြန်ဆန်ကြတယ်၊ ဒါကြောင့် သစ်တောအတွင်းပိုင်းထဲကို ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်တာပိုကောင်းမယ်။”
လီကျယ်ရှန်းက ကျူကျူချင်းကိုကြည့်ရင်း လေးလေးနက်နက် ပြောသည်။
“မှတ်ထား၊ပြေးနေတဲ့အချိန် ငါပေးတဲ့ ဝိုင်ကို သောက်လိုက်။”
ကျူကျူချင်းသည်ဝါးခွက်ကို ယူပြီးခေါင်းညိတ်လိုက်သည်။
“အင်း။”
နေဝင်ဆည်းဆာအချိန်ရောက်လာသည်။ နေဝင်ချိန်၏နီရဲသော အလင်းရောင်သည် ကောင်းကင်တစ်ဝက်ကို လွှမ်းခြုံသွားသည်။
လီကျယ်ရှန်းနှင့်ကျူကျူချင်းတို့သည် တောင်ကြားထဲရှိ မီတာရာချီဝေးသော ချုံပုတ်များထဲတွင် ပုန်းအောင်းနေကြသည်။ နှစ်တစ်ထောင်အရွယ်ကင်းမြီးကောက်လေးကောင် တောင်ကြားထဲမှ ထွက်လာသည်ကို တွေ့ရသောအခါ လီကျယ်ရှန်းအားတက်သွားသည်။
“စကြရအောင်”