← Chapters

အခန်း (၇)

Vol. 1 Ch. 7

အခန်း (၇)

Vol. 1 Ch. 7

တောင်ကြားအတွင်းပိုင်း၌ဖြစ်သည်။ ကင်းမြီးကောက်တစ်ကောင်ပြီးတစ်ကောင်မြေပြင်ပေါ်တွင် လဲလျောင်းအိပ်ပျော်နေကြသည်။ ညီညာပြောင်လက်နေသောကျောက်ဆောင်ကြီးပေါ်တွင် အမှီး၃ချောင်း ဓားကင်းမှီးကောက်ဘုရင်သည် တစ်ကောင်တည်း လဲလျောင်းနေပြီး ၎င်း၏ ဓားသဖွယ် အမြီးသုံးခုသည် သတိမဲ့စွာ လွှဲခတ်နေသည်။

ထိုအချိန်မှာပင် ကျောက်စရစ်ခဲများကိုကင်းမြီးကောက်အုပ်စုထဲသို့ ပစ်ပေါက်ခံရသဖြင့် အားလုံး နိုးထလာကြသည်။

“လာစမ်းပါ၊ငါ့နောက်ကို လိုက်ခဲ့…”

ကျူကျူချင်းသည်ဝါးခွက်ကို ကိုင်ထားပြီး သူမ၏လက်ဝါးများသည် ချွေးများဖြင့် ရွှဲနေသည်။

ကင်းမြီးကောက်များသည်၎င်းတို့၏ ဓားသဖွယ်အမြီးများကို မြှောက်ကာ ဟစ်အော်သံများဖြင့် သူ့ဆီသို့ ပြေးလာသည်ကို မြင်တွေ့ရသောအခါ သူမသည် လှည့်ပြီး ပြေးလိုက်သည်။

“တစ်မိနစ်!”

“ငါလုပ်နိုင်တယ်!”

“လီကျယ်ရှန်း၊ကျန်တာတွေက မင်းအပေါ်မှာပဲ!”

သူ၏လူများ အားလုံး ရန်သူကို လိုက်ပါသွားသည်ကို တွေ့မြင်ရသောအခါ...

အမှီး၃ခု ဓားကင်းမှီးကောက်ဘုရင်သည် ပျင်းရိငြီးငွေ့ဖွယ် လှုပ်ရှားမှုမရှိဘဲ ကျန်ရစ်နေသည်။ ဤမျှအားနွဲ့သောရန်သူအတွက် သူ၏လုံ့လစိုက်ထုတ်မှု မလိုအပ်သလိုပင်။

သို့သော်...

၎င်းသည်အိပ်စက်ခြင်းကို ဆက်လက်လုပ်ဆောင်တော့မည့်အချိန်တွင် အဝေးမှခြေလှမ်းသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

တောင်ကြားအတွင်းပိုင်းရှိမြူများသည် လှုပ်ခါသွားကာ ပုံရိပ်တစ်ခုသည်ရုတ်တရက် ထိုးထွက်လာပြီး ခြေရင်း၌ ခရမ်းရောင် ဝိညာဉ်ကွင်းတစ်ခု မြင့်တက်လာသည်။ ထို့နောက်အစိမ်းရောင် ဓားတစ်ချက်သည် ကြောက်စရာကောင်းလောက်အောင် ချွန်ထက်သော အလင်းရောင်ဖြင့် ပေါက်ကွဲထွက်လာသည်။

“အစိမ်းရောင်ဓားခုတ်ချက်!”

ရောက်လာသူမှာလီကျယ်ရှန်းပင်ဖြစ်သည်။ သူသည်အချိန်မဖြုန်းတော့ဘဲ တောင်ကြားထဲသို့ ဝင်ရောက်ပြီးသည်နှင့် ချက်ချင်းပင် သူ၏ ဝိညာဉ်စွမ်းရည်ကို အသုံးပြုလိုက်သည်။

အမှီး၃ခု ဓားကင်းမှီးကောက်ဘုရင်သည် ရန်သူရှိမည်ဟု လုံးဝမျှော်လင့်ထားခြင်းမရှိပေ။ ၎င်းသည်ဓားရောင်၏ ခြိမ်းခြောက်မှုကို သိရှိသွားပြီး ဒေါသထွက်ကာ ဟစ်အော်သံတစ်ခုကို လွှတ်လိုက်သည်။ ဓားသဖွယ်ချွန်သောအမြီးသုံးခုသည် ပြင်းထန်စွာ ရိုက်ခတ်လိုက်ပြီး ကြေးဝါရောင် အလင်းရောင်သည် အေးစက်စွာ လေထုကို ဖြတ်သန်းသွားသည်။ ထို့နောက် ကြာပန်းစိမ်းဓားသည် ထိုအမြီးသုံးခုနှင့် အပြင်းအထန် တိုက်တော့သည်။

တိန်!

သတ္တုပစ္စည်းများတိုက်မိသည့် အသံသည် စူးရှလွန်းလှသည်။ အမှီး၃ခု ဓားကင်းမှီးကောက်ဘုရင်သည် တုန်လှုပ်သွားပြီး ကျောက်တုံးကြီးပေါ်မှ လဲကျသွားသည်။ လီကျယ်ရှန်းသည်လည်း အမြန်ဆုတ်ခွာသွားပြ သူ၏ခြေထောက်များသည် မြေကြီးထဲသို့ နစ်မြုပ်သွားသည်။ ထို့နောက် ကြာပန်းစိမ်းဓားကို မြေကြီးထဲသို့ ထိုးသွင်းကာ မီတာအနည်းငယ် နောက်သို့ဆုတ််သွားပြီး နောက်ဆုံးတွင်တော့ ရပ်တန့်နိုင်ခဲ့ပေသည်။

“ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့စွမ်းအားလဲ”

လီကျယ်ရှန်း၏ဓားကိုင်ထားသော ညာဘက်လက်သည် ထိန်းချုပ်မရနိုင်အောင် တုန်ရီနေသည်။ သို့သော်သူသည် ရပ်တန့်ရန် မစဉ်းစားပေ။

“တစ်မိနစ်”

“တစ်မိနစ်ပဲ!”

သူ၏ချွေးစိုနေသောဆံပင်များကြားမှ တစ်ဆင့် လီကျယ်ရှန်း၏ မျက်လုံးများသည် နီရဲနေသည်။

“ငါ့ဓားနှင့်ဝိုင်ဝိညာဉ်က တစ်ခုနှင့်တစ်ခု လိုအပ်သလိုဖြည့်ဆည်းပေးတယ်။”

“ယခုတွင် ဝိုင်သည် ဆူပွက်နေပြီး ဓားသည် ရောင်ဝါများတောက်ပနေသည်။”

ထို့နောက်ရေအိုးကြီးတစ်လုံးသည် မျက်စိရှေ့တွင် ပေါ်လာသည်။ လီကျယ်ရှန်းက လက်ဖြင့်ကိုင်ယူပြီးအဖုံးကို ဆွဲဖွင့်ကာ ခေါင်းမော့လျက် ဝိုင်ကို သောက်လိုက်သည်။ အရက်ပြင်းပြင်းများလည်ချောင်းထဲသို့ လိမ့်ဆင်းသွားသော အခိုက်အတန့်တွင် ကြီးမားသောစွမ်းအင်သည် သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။

ကြာပန်းစိမ်းဓားသည် တုန်ခါနေကာ ၎င်း၏အစိမ်းရောင် ဓားသွားသည် သုံးလက်မခန့် ကြီးမားလာသည်။

ထိုအချိန်တွင် ကင်းမြီးကောက်မင်း၏ဓားသဏ္ဍာန် အမြီးများသည် လျှပ်စီးလက်သကဲ့သို့ လင်းလက်ကာ လေထုကို ခွဲဖြတ်ပြီး သူ၏ဦးခေါင်းဆီသို့ တည့်တည့်စူးစိုက်လာသည်။

လီကျယ်ရှန်းဘေးတစောင်း လှိမ့်လိုက်ချိန် ဓားသဖွယ်ချွန်သောအမြီးသည် သူ့ဘေးနားတွင် ပြိုကျပြီး မြေကြီးကို ချိုင်းကြောင်းတစ်ခုအဖြစ် ခွဲဖြတ်ကာ ပင့်ကူအိမ်ကဲ့သို့သော အက်ကြောင်းများသည် အပြင်ဘက်သို့ ပျံ့နှံ့သွားသည်။

“အစိမ်းရောင်ဓားခုတ်ချက်”

လီကျယ်ရှန်းကောင်းကင်ပေါ်သို့ ခုန်တက်လိုက်ပြီး ဆူပွက်နေသောအစိမ်းရောင် အလင်းရောင်သည် ကြာပန်းစိမ်းဓား၏ ချွန်ထက်မှုကို သယ်ဆောင်လာသည်။

ထို့နောက် ကင်းမှီးကောက်ဘုရင်၏ ဓားသွား၏ထိပ်သည်ချက်ချင်း ကျိုးသွားပြီး ကြေးဝါရောင်သွေးများသည် ရေတံခွန်ကဲ့သို့ ထွက်လာသည်။ သို့သော် လီကျယ်ရှန်းသည်ဝမ်းမြောက်ဝမ်းသာဖြစ်ရန် အချိန်ပင်မရှိချေ။

အမှီး၃ခု ဓားကင်းမြီးကောက်ဘုရင်သည် နာကျင်စွာ ဟစ်အော်လိုက်ပြီး ၎င်း၏ကျန်ရှိသော အမြီးနှစ်ခုသည် ရစ်ပတ်ကာ လီကျယ်ရှန်း၏ရင်ဘတ်ဆီသို့ တည့်တည့်ထိုးစိုက်လာသည်။

လီကျယ်ရှန်းသည်လည်း ရှောင်တမ်းကာ ပြန်လည်တိုက်ခိုက်နေချိန် ဓားသွားနှင့်ဓားသွား၏ထိပ်ပိုင်း တိုက်မိပြီး မီးပွင်းငယ်ကလေးများ ဖြာထွက်သွားပေသည်။

သုံးချွန်သမ္ဗာန်ကင်းမြီးကောက်မင်း၏ စွမ်းအားသည် အလွန်ကြီးမားလှသည်။ လီကျယ်ရှန်းသည်ကျောက်ဆောင်နံရံထဲသို့ ဝင်ရောက်မိပြီး ကျောက်တုံးကျောက်ခဲများနှင့်အတူ သွေးနှင့်သလိပ်များ သူ၏ပါးစပ်ထဲမှ ထွက်ကျလာသည်။

သို့သော်ထိုမျှနှင့် မပြီးသေးပေ။ အမှီး၃ခု ကင်းမှီးကောက်ဘုရင် ခုန်တက်လာပြီး ရစ်ပတ်နေသောဓားအမြီးနှစ်ခုသည် ခွဲထွက်သွားပြီး လီကျယ်ရှန်း၏ ပခုံးနှစ်ဖက်သို့ ဘယ်နှင့်ညာမှ ထိုးဖောက်ဝင်ရောက်လာသည်။

လီကျယ်ရှန်းထံမှ ညည်းတွားသံထွက်ပေါ်လာပြီး ပါးစပ်ထောင့်မှ သွေးအမြောက်အမြား ထွက်လာသည်။ သူသည်ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်သည်။

အမှီး၃ခု ကင်းမှီးကောက်ဘုရင်၏ ရိုင်းစိုင်းမှုဖြင့် ပြည့်နေသော မျက်လုံးများနှင့် တွေ့ဆုံခဲ့သည်။ လူနှင့်သတ္တဝါအကြား တိုက်ခိုက်မှုတွင် လီကျယ်ရှန်း ရှုံးနိမ့်သည်ဟု ထင်ရသည်။

သို့သော်ထို့နောက်တွင် သူသည် ရုတ်တရက် ရယ်မောလိုက်သည်။ ကြာပန်းစိမ်းဓားနှင့် ဝိုင်အိုးသည် သူ့ပတ်လည်တွင် ပျံဝဲနေသည်။

ထို့နောက် ဝိုင်အိုးကြီးသည်ဖြည်းဖြည်းချင်း စောင်းသွားပြီး သန့်ရှင်းမွှေးကြိုင်သော ဝိုင်များကို ကြာပန်းစိမ်းဓားပေါ်သို့ လောင်းချလိုက်သည်။

ပယင်းရောင်ဝိုင်သည်ဓားထဲသို့ စိမ့်ဝင်သွားသောအခါ မူလက အစိမ်းရောင် အလင်းရောင်ဖြာထွက်နေသော ကြာပန်းစိမ်းဓားသည် အရည်ပျော်နေသော သံမဏိကဲ့သို့ နီရဲလာသည်။ အစိမ်းရောင်ထိပ်စီးပေါ်တွင် ကြာပန်းများ ပွင့်လာပေသည်။

ဝိုင်သည်အပြင်းအထန် ဆူပွက်နေပြီး ဓားသည် ဟိန်းဟောက်နေသည်။ ဤသည်မှာ”ဝိုင်ဆူပွက်ခြင်းနှင့် ဓားမြည်ဟီးခြင်း” ပင်ဖြစ်သည်။

ထိုအချိန်သုံးချွန်သမ္ဗာန် ကင်းမြီးကောက်မင်းသည် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သိရှိသွားသည်။

၎င်းသည်၎င်း၏ ဓားသဖွယ်ချွန်သော အမြီးနှစ်ခုကို ပြန်လည်ရုပ်သိမ်းလိုသော်လည်း အချိန်နှောင်းသွားလေပြီ။

နီရဲနေသောဓားစွမ်းအင်သည် ငရဲမှထွက်လာသော သွေးနီကြောင်တစ်ကောင်ကဲ့သို့ လှိုင်းထနေပြီး ကြာပန်းစိမ်းဓား၏ကိုယ်ထည်သည် သွေးနှင့်တူသော ဓားစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ ထို့နောက်ကျန်ရှိနေသောအမြီးနှစ်ခုကို ချက်ချင်း ရိုက်ခုတ်လိုက်သည်။

အမှီး၃ခု ကင်းမှီးကောက်ဘုရင်သည် ဝမ်းနည်းဖွယ်ရာ ဟစ်အော်လိုက်ပြီး လီကျယ်ရှန်းတစ်ယောက် သူ၏ပခုံးများတွင်စိုက်ထားသော အမြီးထိပ်များမှာ အားအင်ကုန်ခမ်းသွားသည်ကို ခံစားရသောအခါ သူ၏သွားများကို ကြိတ်လျက် မတ်တတ်ရပ်ကာ ပူလောင်နေသော အစိမ်းရောင် ကြာပန်းဓားကို ဆုပ်ကိုင်လိုက်သည်။

သူ၏နောက်ဆုံး ဝိညာဉ်အား လောင်ကျွမ်းသွားပြီးနောက် လီကျယ်ရှန်းသည် ရုတ်တရက် ခုန်တက်လာကာ လက်ထဲရှိ ဓားသည် ဥက္ကာခဲကဲ့သို့ အောက်သို့ ကျလာပြီး အရူးအမူး ဆုတ်ခွာနေသော သုံအမှီး၃ခု ကင်းမှီးကောက်ဘုရင်ကို ထိုးဖောက်လိုက်သည်။

ဓားသွားသည်အသားကို ထိုးဖောက်သွားပြီး ဖြတ်တောက်ခံလိုက်ရသောအမြီးနှစ်ခုသည် မြေပြင်ပေါ်တွင် လှုပ်ရှားနေသည်။

လီကျယ်ရှန်းသည်ကင်းမြီးကောက်ဘုရင်၏ဦးခေါင်းကို ထိုးဖောက်ထားသော ဓားကို မှီကာ ဒူးထောက်လျက် ပြင်းထန်စွာ အသက်ရှုနေသည်။

ဤအချိန်တွင်...

ခရမ်းရောင်ဝိညာဉ်ကွင်းတစ်ခုသည် ကင်းမြီးကောက်မင်း၏ အလောင်းမှ ဖြည်းဖြည်းချင်း မြင့်တက်လာသည်။

...

ကျူကျူချင်းသည်ခေါင်းငုံ့ကာ အရူးအမူးပြေးနေသည်။ အရှေ့ ငါးမီတာ၊ ခြောက်မီတာခန့် အကွာတွင် ကင်းမြီးကောက်အုပ်စုတစ်စုသည် မရပ်မနား လိုက်လံနေသည်။

“တစ်မိနစ်”

“တစ်မိနစ်”

“ဆယ်စက္ကန့် ကုန်သွားပြီ”

ကျူကျူချင်းသည်သွားများကို ကြိတ်လျက် သူမ၏ ချောမွတ်သော နဖူးပေါ်တွင် ချွေးစက်များ ခိုအောင်းလျက်ရှိနေသည်။

ဟိန်းဟောက်သံသည်ရုတ်တရက် သူမ၏ဘေးတွင် မြည်ဟီးလာသည်။ ထို့နောက် သူမသည်ခြေဖျားထောက်လိုက်ပြီး သစ်ပင်ကြီးတစ်ပင်မှအကိုင်းပေါ်သို့ ခုန်တက်လိုက်သည်။

ခုနက သူရှိခဲ့သောနေရာတွင် ဓားသဖွယ်ချွန်သောအမြီးတစ်ခုသည် မြေကြီးကို ခွဲဖြတ်ကာ ပေါက်ကွဲသွားစေပေသည်။ ကျူကျူချင်း၏နူးညံ့သိမ်မွေ့သော မျက်ခုံးများ တုန်ရီသွားပြီး သူမသည် ဆက်လက်ထွက်ပြေးခဲ့သည်။

သူမ၏ရှည်လျားသော ဆံပင်များသည် လေတိုက်ခတ်သဖြင့် ပြန့်ကျဲသွားကာ ပါးပြင်ပေါ်သို့ ကပ်နေသည်။

အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော်လည်းထွက်ပြေးစဉ်အတွင်း နေရာအနှံ့အပြား၌ စုတ်ဖြဲခံထားရပေသည်။

ကျူကျူချင်းငိုချင်သော်လည်း မျက်ရည်မကျနိုင်ချေ။

ကလေးဘဝမှစ၍အမြဲတမ်းချစ်ခင် ဂရုစိုက်ခံရသူသည် ဤမျှရှုပ်ပွသွားသည်ကို တစ်ခါမျှ မကြုံတွေ့ဖူးချေ။

“လီကျယ်ရှန်း”

“မင်းက ကျေးဇူးတင်လောက်စရာပဲ။”

“ငါဒီလောက် စတေးခဲ့ရတယ်။”

ထိုအတွေးများဖြင့် ကျူကျူချင်းသည် သူမ၏လက်ထဲရှိ ဝါးခွက်ကို ကောက်ယူကာ ဝိုင်အားတစ်ငုံသောက်လိုက်သည်။

သူမနားမလည်ပေ။ လီကျယ်ရှန်းက သူမပြေးတဲ့အခါဝိုင်သောက်ဖို့ ဘာကြောင့်ပြောခဲ့တာလဲ။ သို့သော်သူမသည် ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခဲ့သည်။

ဝိုင်သည်လည်ချောင်းထဲသို့ ဝင်ရောက်သွားသောအခါ နူးညံ့သော်လည်းပြင်းထန်သော စွမ်းအင်သည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

နာကျင်နေတဲ့ခြေထောက်တွေက ရုတ်တရက် အားပြည့်သွားပြီး သိသိသာသာ ပိုကောင်းလာသည်။

သူမ၏ခန္ဓာကိုယ်အတွင်းရှိဝိညာဉ်အားသည်လည်း ဆူပွက်လာသည်။

“ဟင်”

ကျူကျူချင်းသည်အံ့အားသင့်စွာနှင့် သံသယဖြင့် သူမ၏လက်ထဲရှိ ဝါးခွက်ကို စိုက်ကြည့်နေသည်။

“ဒီဝိုင်က...”

သူမသည် ကျောက်ဆောင်ကြီးပေါ်သို့ ခုန်တက်သည်။

ဓားသဖွယ်ချွန်သောအမြီးတိုက်ခိုက်မှုကို တစ်ဖန် ရှောင်ရှားနိုင်ခဲ့သည်။ ထို့နောက်ဝိုင်ကို နောက်ထပ် အနည်းငယ် သောက်ကြည့်သည်။ ယခင်ကကဲ့သို့ပင်သက်တောင့်သက်သာရှိသော ခံစားမှုသည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ စီးဆင်းသွားသည်။

သူမ၏မြန်နှုန်းသည်ရုတ်တရက် သုံးပုံတစ်ပုံ တိုးလာကာ သူ့နောက်ကို လိုက်နေသော ကင်းမြီးကောက်များကို ချက်ချင်း မီတာအနည်းငယ် ချန်ထားခဲ့လိုက်သည်။

“ဝိုင်က တကယ်ကောင်းတာပဲ!”

ကျူကျူချင်းမျက်နှာနီရဲ့ပြီး စိတ်ထဲမှာ ဝမ်းသာစွာတွေးမိသည်။

“ဒါကြောင့်လီကျယ်ရှန်းဆိုတဲ့ ကောင်လေးက အမြဲတမ်း ဝိုင်သောက်နေတာပဲ။”

“သူသောက်တဲ့ဝိုင်က တကယ်ကောင်းတယ်။”

ထို့ကြောင့် သူမသည် ခဏခဏ ဝိုင်ကိုသောက်လိုက်သည်။ ကျူကျူချင်းသည်ကင်းမြီးကောက်များ၏ နောက်ကို လိုက်နေရဆဲဖြစ်သော်လည်း သူမသည် ၎င်းတို့ကို ကိုင်တွယ်ရာတွင် ပိုမိုကျွမ်းကျင်လာသည်။

နှစ်တစ်ထောင်သတ်တန်း ကင်းမြီးကောက်နှစ်ကောင် လိုက်ပါလာသည်ချိန် ထိုနှစ်တစ်ထောင်အရွယ်ကင်းမြီးကောက်နှစ်ကောင်သည် မြန်ဆန်သောနှုန်းဖြင့်နီးကပ်လာသည်ကို တွေ့မြင်လိုက်ရသည်။ ကျူကျူချင်း၏နီရဲနေသော မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်သွားပေသည်။

“ဒီနှစ်တစ်ထောင်သတ်တန်းရှိတဲ့ ကင်းမြီးကောက်တွေ ဘယ်ကနေရောက်လာတာလဲ။ သူတို့က အစာရှာထွက်နေတာမဟုတ်ဘူးလား။”

ကျူကျူချင်းသည် ဝိုင်အားသောက်လိုက်သည်။ သို့သော်မကြာမီမှာပင် ဝါးခွက်ထဲရှိ ဝိုင်မှာ ကုန်စင်သွားပေသည်။

ထိုအချိန်တွင် နှစ်တစ်ထောင်အရွယ်ကင်းမြီးကောက်နှစ်ကောင်သည် သူမအရှေ့သို့ခုန်တက်လာသည်။ သူမ၏ရှေ့တွင်တိုက်ရိုက်ပေါ်လာပြီး သူမ၏လမ်းကြောင်းကို ပိတ်ဆို့လိုက်ပေသည်။

ထို့နောက်ကင်းမြီးကောက်များသည်ဟစ်အော်ကာ ကျူကျူချင်းကို ဝိုင်းရံလိုက်ကြသည်။ ကျူကျူချင်းထံ၌ ဆုတ်ခွာစရာနေရာမရှိတော့ဘဲ လုံးဝထိတ်လန့်သွားရသည်။

သူမသည်အသက် ၁၂ နှစ်သာ ရှိသေးသော မိန်းကလေးတစ်ဦးမျှသာဖြစ်သည်။ ယခုအခါဤမျှ ရိုင်းစိုင်းသော ကင်းမြီးကောက်များစွာကို အနီးကပ်မြင်တွေ့ရသောအခါ သူမ၏မျက်လုံးများ တဖြည်းဖြည်း နီရဲလာသည်။

ထို့နောက်နှစ်တစ်ထောင်သတ်တန်းရှိသော ကင်းမြီးကောက်တစ်ကောင် သူ့ဆီသို့ ထိုးဖောက်ဝင်ရောက်လာသည့်အခါ ပင်ပန်းနွမ်းနယ်နေသောကျူကျူချင်းသည် ရှောင်တိမ်းရန် အချိန်မရတော့ဘဲ စိတ်ပျက်စွာဖြင့် မျက်လုံးများကို မှိတ်လျက် တွေးမိလိုက်သည်။

“လီကျယ်ရှန်း!”

“တစ်မိနစ်ပြည့်သွားပြီ။မင်းဘယ်မှာလဲ။”

All Chapters