← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

မီးပုံမှ မီးပွားများ လွင့်စင်လာသည်၊ အမှောင်ထုဖုံးလွှမ်းနေသော တောအုပ်ကြီးဟာ ပိုးစုန်းကြူးများနှင့် တောက်ပလာသည်။

လေထုထဲတွင် ဝိုင်ရနံ့နှင့် အသားကင်ရနံ့တို့ ရောနှောနေပြီး ဝမ်းနည်းမှုများ ကုန်လွန်သွားသောအခါ လေထုသည် မသိမသာ အချစ်ရနံ့များထွက်ပေါ်လာပေသည်။

ကျူကျူချင်းသည် ခေါင်းငုံ့ထားကာ၊ သူမ၏လှပသော မျက်နှာသည်နီရဲနေသည်။ လီကျယ်ရှန်းက ခွက်တစ်ဝက်ခန့်သာ ကျန်တော့သည့် ဝိုင်အိုးကို လှုပ်ပြလျက် နှမြောနေသည့် လေသံဖြင့်ပြောလိုက်သည်။

“ဝိုင်ကတော့ ကောင်းပါတယ်၊ ဒါပေမယ့် မလုံလောက်‌နေဘူး”

သူ၏ ဝိုင်အိုးထဲမှ ဝိုင်သည် မွှေးကြိုင်ပြီး သန့်စင်ပေသည်။ သို့သော်လည်း ဝိုင်အမျိုးမျိုးကို မြည်းစမ်းရသည်မှာလဲ အရသာတစ်မျိုးပင်။

“အင်?”

ပန်းနံ့သင်းသော ဝိုင်သည် လည်ချောင်းထဲသို့ စီးဝင်သွားချိန်တွင် လီကျယ်ရှန်း၏ စိတ်ထဲ၌ ဉာဏ်အလင်းပွင့်သွားပေသည်။

“အစ်မကြီး ကျူကျူချင်း၊ ကျွန်တော့်ဝိုင်ကို ခဏလောက်ပြန်ပေးပါ”

ကျူကျူချင်းသည် စိတ်လှုပ်ရှားနေသော လီကျယ်ရှန်းကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်နေသည်။ သို့သော်လည်း သူမလက်ထဲမှ ဝိုင်အိုးကို လက်ဆင့်ကမ်းပေးလိုက်‌ပေသည်။ လီကျယ်ရှန်းသည် တစ်ဖက်တွင် သူ၏ဝိုင်အိုးကို ကိုင်ထားပြီး၊ အခြားတစ်ဖက်တွင် ကျူကျူချင်း၏ ဝိုင်ကို ကိုင်ထားသည်။

“တကယ်လို့များ...”

“ငါ့ရဲ့ စင်ကြယ်ခြင်းဝိုင်အိုးထဲကို အခြားဝိုင်တွေ ထည့်လိုက်ရင် ဘာဖြစ်သွားမလဲ”

“ဝိုင်ဝိဉာဉ်က တခြားဝိုင်‌တွေရဲ့ စွမ်းအင်တွေကိုပါစုစည်းပြီး ပိုကောင်းလာနိုင်မလား”

လီကျယ်ရှန်း၏ မျက်လုံးများ တောက်ပလာသည်။ သူ၏ အစီအစဉ်အရ ဝိုင်ဝိဉာဉ်၏ ဝိဉာဉ်ကွင်းသည် အနည်းဆုံး နှစ်တစ်သောင်းသက်တမ်းရှိသော ဝိဉာဉ်ကွင်းဖြစ်သင့်ပေသည်။ ဤနည်းအတိုင်းသာ ဒုတိယဝိဉာဉ်၏ စွမ်းရည်ကိုအပြည့်အဝကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။

သို့သော် ထိုသို့ဆိုလျှင်အချိန်အတော်ယူရပေသည်။ ထို့အပြင် ဓားနှင့်ဝိုင်သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ထောက်ပံ့‌နိုင်သင့်ပေသည်။ သို့သော်် ကြာပန်းစိမ်းဓား၏ တိုးတက်မှုမှာအလွန်မြန်သဖြင့် ဝိုင်ဝိဉာဉ်သည် အဆုံး၌ နောက်တွင်ကျန်ရစ်နေပေမည်ဖြစ်သည်။

ထို့ကြောင့် လီကျယ်ရှန်းသည် ဝိုင်ဝိဉာဉ်၏အကျိုးသက်ရောက်မှုကို ပိုအစွမ်းထက်စေနိုင်မည့်နည်းကို ကြံစနေပေသည်။

“စမ်းကြည့်ကြရအောင်”

ထို့နောက် လီကျယ်ရှန်းသည် ကျူကျူချင်း၏ ဝိုင်ကို စင်ကြယ်ခြင်းဝိုင်အိုးထဲသို့ လောင်းထည့်လိုက်သည်။ လီကျယ်ရှန်းနှင့် ကျူကျူချင်းတို့၏ စိတ်လှုပ်ရှားသည့် မျက်လုံးများအောက်တွင် ဝိုင်အိုး၏ မျက်နှာပြင်သည် မှုန်ဝါးသော အလင်းရောင်ဖြင့် တောက်ပနေပေသည်။

နဂိုက သန့်စင်တဲ့ဝိုင်တစ်ခုတည်းသာရှိနေသော ဝိုင်အိုးသည် ယခုတွင်မူ သစ်သီးဝလံများ၏ အရိပ်အယောင်များထွက်ပေါ်လာပေသည်။ ထို့နောက်အိုး၏ထိပ်မှ အဖြူရောင် မီးခိုးများ ထွက်ပေါ်လာပြီး ဝိုင်၏ လန်းဆန်းသော ရနံ့တစ်မျိုး ပေါ်ထွက်လာပေသည်။

လီကျယ်ရှန်း သူ၏နှုတ်ခမ်းကို လျက်လိုက်သည်။ ဝိုင်၏အနံ့ကြောင့် သူ၏ပါးစပ်ဟာရေများပြည့်လျှံလာသည်။ သူသည် ချက်ချင်းပင် သောက်လိုက်သည်။ ပယင်းရောင် ရှိသော ဝိုင်သည် လည်ချောင်းအတွင်းသို့ စီးဆင်းသွားပြီး၊ ပထမဦးစွာ လျှာထိပ်တွင် ဆီးသီး၏ သိမ်မွေ့သောချိုမြိန်မှုကို ခံစားရသည်၊ ထို့နောက် ရင်ဘတ်ထဲသို့ လိမ့်ကျသွားသော အခါအ‌နွေးဓာတ်တစ်ခုအဖြစ်စီးစင်းသွားကာ၊ အကောင်းသော စွမ်းအင်လှိုင်းတစ်ခုသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပေသည်။

လီကျယ်ရှန်းသည် ကြာပန်းစိမ်းဓားကို မခေါ်ယူခဲ့ပေ။ သို့သော် သူ၏ကြာပန်းစိမ်းဓားသည် မငြိမ်မသက်ဖြစ်နေပြီး လီကျယ်ရှန်း၏ မျက်ခုံးကြားတွင် ဓားပုံသဏ္ဍာန် အမှတ်အသားတစ်ခု ပေါ်လာသည်။

အမှီး၃ခု ဓားကင်းမြီးကောက်ဘုရင်၏ ဝိဉာဉ်ကွင်းကို စုပ်ယူပြီးနောက် လီကျယ်ရှန်း၏ ဝိဉာဉ်စွမ်းအားသည် အဆင့် ၂၁ အထွတ်အထိပ်သို့ ရောက်ရှိနေပေသည်။ ယခုအခါ အရည်အသွေးကောင်းသော ဝိုင်ကို တစ်ငုံသောက်ပြီးနောက်၊ သူ၏ ဝိဉာဉ်စွမ်းအားသည် ချုပ်နှောင်မှုများကို ချိုးဖျက်ကာ အဆင့်၂၂သို့ တိုက်ရိုက်ပင် ရောက်ရှိသွားပေသည်။

“ဟူး-“

လီကျယ်ရှန်း အသက်ကိုပြင်းထန်စွာရှူထုတ်လိုက်သည်။

အရက်နံ့တစ်ခုတည်းနှင့်ပင် မီးပုံသည် ပို၍ပင် ပြင်းထန်စွာ တောက်လောင်လာသည်။

“တကယ်ကောင်းတဲ့ဝိုင်ပဲ”

ကျူကျူချင်းသည် သူမ၏ ဝိဉာဉ်စွမ်းအားထက် များစွာသာလွန်သော လီကျယ်ရှန်း၏ စွမ်းအင်ကို အံ့အားသင့်သဘောထားဖြင့် ကြည့်နေသည်။

“နင်က... နင့်ရဲ့ ဝိဉာဉ်အဆင့် တက်သွားတာလား”

“အင်း”

လီကျယ်ရှန်းက ခေါင်းမော့ကာ ဝိုင်ကို နောက်တစ်ငုံ သောက်လိုက်သည်။

ချောမောလှပသော မျက်နှာပေါ်တွင် အလွန်ကျေနပ်မှုကို ဖော်ပြသော်လည်း၊ ရုတ်တရက် နှမြောတသမှုဖြင့် ပြောသည်-

“ဒီဝိုင်မှာ မွှေးကြိုင်ချိုမြိန်မှုနဲ့ သစ်သီးရနံ့တွေ ရောနေတယ်၊ ဒါပေမယ့် ပန်းရနံ့ မပါတာကတော့ စိတ်မကောင်းစရာပဲ”

ကျူကျူချင်း- “...”

‘ကျေးဇူးပြုပြီး ပန်းရနံ့အကြောင်း ခေတ္တခဏ မပြောတော့ဘူးလား။’

လီကျယ်ရှန်း၏ အခြေအနေကို မြင်ရသည့်အခါ၊ ကျူကျူချင်းသည် အရက်သောက်ချင်စိတ်ပင်ဖြစ်ပေါ်လာသည်အထိ လှုံ့ဆော်ခံရသည်။ သူမက သူမ၏နီရဲသောနှုတ်ခမ်းကို သပ်လျက်၊ ရှုက်ရွံ့စွာပင် တောင်းဆိုလိုက်ပေသည်။

“လီကျယ်ရှန်း၊ ငါနည်းနည်း သောက်ကြည့်လို့ရမလား”

ထို့နောက်လီကျယ်ရှန်းက ဝိုင်အိုးကို လက်ဆင့်ကမ်းပေးလိုက်သည်။ ဝိုင်အိုးအားရပြီးနောက်၊ ကျူကျူချင်းသည် မစောင့်မဆိုင်းနိုင်တော့ဘဲ တစ်ခါတည်းသောက်လိုက်ပေသည်။

“အင်...”

အရက်ပြင်းတစ်ငုံသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ အပူဓာတ်တစ်ခုကို ပို့လိုက်သည်။ ကျူကျူချင်း၏ မျက်နှာသည် ချက်ချင်းနီရဲသွားပြီး၊ မျက်လုံးများ မှုန်ဝါးကာ၊ သူမ၏မျက်လုံးများသည် အာရုံစူးစိုက်မှုမရှိတော့ပေ။

“ကောင်း...ကောင်းလိုက်တဲ့ဝိုင်...”

“ဟားဟား”

လီကျယ်ရှန်း ရယ်မောလိုက်သည်။ ဝိုင်အမျိုးအစားနှစ်မျိုး ပေါင်းစပ်ထားသောကြောင့် ယခုအခါ၌ ဝိုင်သည် ခံတွင်း၌ ပိုမိုကြာရှည်စွာ တည်ရှိနေပေသည်။ အရက်ကြမ်းသောက်သူဖြစ်သည့် သူပင်လျှင် အနည်းငယ် မူးနောက်နေသည်ဟု ခံစားရသည်။

‌‌သေချာပြောနိုင်သည်မှာတော့ နောင်တွင် သူ၏ဝိုင်ဝိဉာဉ်နှင့် အခြားသောဝိုင်များကို ပေါင်းစပ်ပါက၊ ဝိုင်သည် ပိုမိုအားကောင်းလာမည်ဖြစ်သည်။ မကြာခင်မှာပင် သူလည်း မူးသွားပေလိမ့်မည်။

လီကျယ်ရှန်းသည် စင်ကြယ်သောဝိုင်အိုးအား ပြန်ယူကာ၊ ဝိုင်သောက်လျက် ပျော်ရွှင်စွာ စားသောက်နေပေသည်။ နံဘေး၌ အနည်းငယ်မူးနေသော ကျူကျူချင်းသည် ချစ်စရာကောင်းပြီး သဘာဝကျသော အပြုံးဖြင့် လီကျယ်ရှန်းကို စိုက်ကြည့်နေသည်။

သူမ၏ အေးစက်သောပင်ကိုယ်စရိုက်သည် ဝိုင်နှင့်အတူ အရည်ပျော်သွားခဲ့သည်။

ရုတ်တရက် ကျူကျူချင်းသည် တစ်စုံတစ်ရာကို သတိရသည့်ဟန် ရှိသည်၊ အတန်ငယ် စိုးရိမ်သောသဘောဖြင့် ပြောလိုက်သည်။

“လီကျယ်ရှန်း၊ ကျွန်မ ပါရမီရှင်တွေကိုပဲ လက်ခံတယ်လို့ ဆိုကြတဲ့ ကျောင်းတော်တစ်ခုကို သွားချင်တယ်”

““မကောင်းဆိုးဝါး” ဆိုတဲ့ ဘွဲ့ကို ရှင့်ထက် ပိုထိုက်တန်တဲ့သူ ဘယ်သူမှ မရှိဘူးလို့ ကျွန်မ ထင်တယ်၊ အတူလိုက်ခဲ့ချင်လား”

လီကျယ်ရှန်းသည် ဝိုင်သောက်ရန်လုပ်နေရာမှ ရပ်တန့်ကာ၊ တွေဝေခြင်းမရှိ ခေါင်းခါလိုက်သည်။

“ထားလိုက်ပါတော့”

“ငါ့စရိုက်က ကျောင်းနဲ့ မသင့်တော်ဘူး”

လီကျယ်ရှန်းသည် ကျူကျူချင်း ရီလိုင်ခဲ့ကျောင်းတော်ကိုသွားမည်ဆိုသည်ကို သိပေသည်။ ထို့ကြောင့်လည်း သူငြင်းဆိုခဲ့ခြင်းဖြစ်သည်။ အကြောင်းအရင်းမှာ ကျောင်းတော်၏ စည်းကမ်းချက်များကို မလိုက်နာချု်သောကြောင့်ပင်။

ထို့အပြင်အခြားအရေးကြီးသော အကြောင်းရင်းတစ်ခုလည်း ရှိပေသည်။ ထိုအကြောင်းရင်းမှာ၊ ရီလိုင်ခဲ့ကျောင်းတော်သည် သူ့ကို ပိုမိုအားကောင်းအောင် မပြုလုပ်နိုင်သောကြောင့်ဖြစ်သည်။

ဝိဉာဉ်ကွင်းများအတွက် သူ့မှာ သူ၏ကိုယ်ပိုင်အစီအစဉ်ရှိပေသည်။

ထိုကျောင်းတော်ရှိ ဆရာကြီးဟု ခေါ်ဆိုသူကို သူအထင်မကြီးပေ။ နင်ရုံရုံကို ရှောင်ရှားရန် အကြောင်းရင်းလည်း ရှိမရှိဆိုသည်မှာတော့ လီကျယ်ရှန်းအတွက်ဆိုလျှင် နင်ရုံရုံသည် သူ့ရှေ့မှောက်ရှိ ကြွက်ကင်ထက် မပိုတော့ချေ။ သူမသည် လုံးဝသူစိမ်းတစ်ဦးသာဖြစ်ပြီး၊ နောက်ထပ် မဆုံနိုင်တော့သောသူဖြစ်ပေသည်။

စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားသော်လည်း၊ လီကျယ်ရှန်း၏ ငြင်းဆိုမှုကို ကြားရသည့်အခါ ကျူကျူချင်း၏ မျက်လုံးများသည် မှုန်ဝါးသွားသည်။

“ဒါဆို လီကျယ်ရှန်း...”

“နောက်နှစ်တွေမှာ ဘယ်ကိုသွားမှာလဲ? ဘာလုပ်မှာလဲ”

လီကျယ်ရှန်းသည် ပါးစပ်ထဲမှ ကြွက်ကင်ကို ဝါးကာ၊ ကောင်းကင်ထက်ရှိ တောက်ပသောလပြည့်ဝန်းကို ကြည့်နေသည်။

“ငါလား...”

“တိုက်ကြီးတစ်ခုလုံးက အကောင်းဆုံးဝိုင်တွေကိုမြည်းစမ်းချင်တယ်၊ အတော်ဆုံးဆိုတဲ့ ဓားသမားတွေကို စိန်ခေါ်ချင်တယ်”

လီကျယ်ရှန်းသည် ခေါင်းမော့ကာ ဝိုင်ကို သောက်လိုက်သည်၊ အရည်သည် သူ၏နှုတ်ခမ်းထောင့်များမှ လွတ်လပ်စွာ စီးဆင်းသွားကာ၊ လူငယ်ကို ပို၍ပင် အရိုင်းဆန်စေသည်။

“တိုက်ကြီးတစ်ခုလုံးက အကောင်းဆုံးဆိုတဲ့ဝိုင်အားလုံးကို ငါ့ဝိုင်အိုးထဲ ထည့်ချင်တယ်။ ကောင်းကင်ဘုံသုံးထောင်က အကောင်းဆုံးဝိုင် အားလုံးက ငါ့ဝိုင်အိုးထဲကိုရောက်ရှိစေရမယ်”

“ငါ့ရဲ့ကိုယ်ပိုင်ဓားပညာကိုလည်း ဖန်တီးမယ်၊ ခြေတယ်လှမ်းအတွင်း လူတစ်ယောက်ကို သတ်ပြီး၊ မိုင်ထောင်ချီအကွာအဝေးကို ခြေရာမကျန်စေပဲ ထွက်ခွာမယ်”

မှန်ပေသည်။ ၎င်းသည် လီပိုင်း၏ ဘဝအတွက် စံနမူနာပင်ဖြစ်သည်။ သူသည် ဓားနှင့်ဝိုင်မရှိပဲ အသက်မဆက်နိုင်ပေ။ ဝိုင်ဝိဉာဉ်နှင့် သူ၏လမ်းစဉ်ကိုရှာ‌တွေ့ခဲ့ပေသည်။

ထို့အပြင်၊ သူ၏ဓားပညာသည် လုံလောက်မှုမရှိကြောင်းလည်း သဘောပေါက်လာသည်။

“စိမ်းပြာရောင် ဓားခုတ်ချက်” ဆိုသည့်တိုက်ကွက်တစ်ခုတည်းကိုသာ သူသိပေသည်၊ သူ၏ကျွမ်းကျင်မှုများတွင် ဤမျှနည်းပါးလွန်းသည်။

“ဓားသုံးစင်း တောက်ပခြင်း” ဆိုသည်မှာ တိုက်ခိုက်ရေးအားအထောက်အကူပြုသည့် ဓားကျွမ်းကျင်မှုဖြစ်ပေသည်။

သူသည် ဝိဉာဉ်စွမ်းအားကို ကျင့်ကြံပြီး ဝိဉာဉ်ကွင်းစွမ်းရည်များကို ရယူရန်အတွက် စောင့်ဆိုင်းနေမည်မဟုတ်ပေ။ ထိုသို့သောအရာသည် သာမန်ဖြစ်ပေသည်။ ဝိညာဉ်ကုန်းမြေတစ်ခွင်တွင်၊ စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်များသည် ဝိဉာဉ်ကွင်းစွမ်းရည်အပြင် လျို့ဝှက်နည်းပညာများပါ ပိုင်ဆိုင်ကြပေသည်။

ဥပမာပြောရသော် ထန်စန်း၏ ယခင်ဘဝမှ ယူဆောင်လာသော ကောင်းကင်ဘုံကျင့်ကြံခြင်းနည်းလမ်းပင်။

နောက်တစ်ခုပြောရလျှင် ဟောက်ထျန်းဂိုဏ်း၌လည်း သူတို့၏ ကောင်းကင်တူနည်းလမ်းများရှိပေသည်။

တိုက်ကြီးတစ်ခုလုံး၏ နံပါတ်တစ်ဓားသမားအဖြစ် ချီးကျူးခံရသော ချန်ရှင်တွင်လည်း သူ၏ကိုယ်ပိုင်ဓားပညာရှိကြောင်း လီကျယ်ရှန်းလည်း သိပေသည်။

သို့သော် လီကျယ်ရှန်းသည် ထိုအထဲတွင် မည်သူ့ထက်မျှ ညံ့ဖျင်းခြင်းမရှိပေ။ သူသည် သူ၏ကိုယ်ပိုင်ဓားပညာကို ဖန်တီးနိုင်ပေသည်။

ကျူကျူချင်းသည် လပြည့်ဝန်းအောက်တွင် အရိုင်းဆန်စွာ သောက်နေသော လီကျယ်ရှန်းကို စိုက်ကြည့်နေမိသည်။ သူမ၏နှလုံးသားသည် မထိန်းချုပ်နိုင်သော အမြန်နှုန်းနှင့် ခုန်နေပေသည်။

ထူးဆန်းပေသည်။ သူမသည် အရက်ကိုအလွန်အကျူးမသောက်ရ‌သေးသော်လည်း သူမသည် ပို၍ပင် မူးနေသည့်ဟန် ရှိနေသည်။

“လီကျယ်ရှန်း...”

ကျူကျူချင်း ရုတ်တရက် ပြောသည်။

“အင်?”

လီကျယ်ရှန်းက ကျူကျူချင်းကို ကြည့်သည်။

“နင်ပြောခဲ့တဲ့စကားကို မမေ့နဲ့နော်။ နောင်တစ်ချိန်မှာ ငါ အကူအညီလိုခဲ့ရင်၊ နင်ငါ့ဆီကို လာပြီး ကူညီမယ်ဆိုတဲ့စကား”

“ငါမမေ့ပါဘူး”

All Chapters