အခန်း (၁၀)
Vol. 1 Ch. 10
ထိုည၌ သူတို့နှစ်ဦး စကားများများ မပြောခဲ့ကြပေ။
နောက်တစ်နေ့နံနက်ခင်း။
လီကျယ်ရှန်းနှင့် ကျူကျူချင်းတို့သည် ကြယ်တာရာတောကြီးမှ ထွက်ခွာပြီး ကောင်းကင်ဒူအင်ပါယာသို့ သွားသော လမ်းမပေါ်သို့ ရောက်ရှိလာကြသည်။
နာရီဝက်ခန့် ကြာပြီးနောက်။ လမ်းဆုံလမ်းခွတစ်ခုတွင်။
သူတို့သည် ခွဲခွာရတော့မည် ဖြစ်သည်။
ကျူကျူချင်း၏ ခရီးပန်းတိုင်းမှာ ရှီလိုင်ခဲ့ကျောင်းတတော်ဖြစ်ပြီး၊ ကောင်းကင်ဒူအင်ပါယာ လက်အောက်ခံ ဆိုတိုမြို့အတွင်းရှိ ကျေးရွာလေးတစ်ခုတွင် တည်ရှိပေသည်။
လီကျယ်ရှန်းသည် ကောင်းကင်ဒူမြို့တော်သို့ သွားမည်ဖြစ်သည်။ သူစဉ်းစားနေပေသည်။ ဝိုင်ကောင်းများသည် စည်ကားသောနေရာများတွင် တွေ့ရှိရတက်သည်။
“အစ်မကြီး ကျူကျူချင်း၊ ခရီးလမ်းဖျောင့်ဖြူးပါစေ”
လီကျယ်ရှန်းသည် ပြုံးရီလျက် ကျူကျူချင်းအား နှုတ်ဆက်လိုက်သည်။ သူသည် ကျူကျူချင်းနှင့် အသက်အရွယ်တူညီသည်သော်လည်း လအနည်းငယ် ကြီးကောင်းနိုင်ပေသည်။
“အစ်မကြီး ကျူကျူချင်း” ဟု ခေါ်ဆိုခြင်းသည် ရင်းနှီးသမှုပြု၍ ခေါ်ဆိုခြင်းပင်။ ကျူကျူချင်းသည် အစတွင် မကြိုက်ခဲ့သော်လည်း၊ ယခုအခါ နေသားကျနေပြီဖြစ်ပေသည်။
စုတ်ပြဲနေသော အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း ပျော်ရွှင်သော လေသံရှိသည့် လူငယ်လေးကို ကြည့်ရင်း ကျူကျူချင်းသည် ရုတ်တရက်ပြောလိုက်သည်
“လီကျယ်ရှန်း၊ နင် ခရမ်းရောင်က ထူးခြားတယ်လို့နင်ပြောခဲ့တယ်မလား”
“အင်?”
လီကျယ်ရှန်း နားမလည်နိုင်သော အမူအရာဖြင့် ကြည့်နေသည်။ ဘာကြောင့် ရုတ်တရက် ဒီအကြောင်းပြောရတာလဲ။ သူ ဘယ်တုန်းက ပြောခဲ့တာလဲ...။
ထို့နောက်မှသူသတိရလိုက်သည်က ကျူကျူချင်းကို ပထမဆုံးအကြိမ် တွေ့ချိန်တုန်းက၊ သူရဲ့ ပထမဆုံးဝိဉာဉ်ကွင်းက ခရမ်းရောင်ဖြစ်နေတာကို မေးခဲ့သည်။
သူက “ဒီခရမ်းရောင်က ဆန်းပြားမှုတွေ အများကြီးရှိလို့ပါ” လို့ လုပ်ကြံပြောခဲ့သည်။
သို့သော်သူ လုံးဝမမျှော်လင့်ခဲ့ပေ။ ဤအရာကို ကျူကျူချင်းက မှတ်မိနေသေးသည်။
လီကျယ်ရှန်းက “ငါ လုပ်ကြံပြောနေတာပါ၊ အစ်မကြီး ကျူကျူချင်း၊ နင်ဒါကို ဂရုစိုက်ဖို့ မလိုပါဘူး” လို့ ပြောဖို့ စဉ်းစားလိုက်သည်။
သို့သော် ကျူကျူချင်းက ဆက်ပြောသည်။
“နောက်တစ်ခါ ငါတို့ ပြန်ဆုံရင်၊ မင်းအတွက် ခရမ်းရောင်အဝတ်အစား ဝတ်ဆင်ပေးမယ်”
“သွားတော့မယ်... နှုတ်ဆက်ပါတယ်”
ဤသို့ပင်…
လီကျယ်ရှန်း၏ တုံ့ပြန်မှုကိုပင် သူမ မကြည့်ခဲ့ပါ။ သူမသည် လှည့်ပြီး ထွက်ပြေးသွားသကဲ့သို့ မြန်မြန်ဆန်ဆန်ပင် ထွက်ခွာသွားတော့သည်။ သူမ လမ်းလျှောက်သည်မှာ အလွန်မြန်ဆန်သောကြောင့်၊ သူမ၏ခြေကျင်းဝတ်ကိုပင် လိမ်သွားခဲ့သေးသည်။
အလွန်ထက်မြက်သည့် အမြင်အာရုံရှိသည့် လီကျယ်ရှန်းကတော့ ကျူကျူချင်း၏ ဖြူဖွေးနုနယ်သော လည်ပင်းသည် နီရဲလာနေသည်ကို သတိထားမိခဲ့သည်။
“နှုတ်ဆက်ပါတယ်၊ အစ်မကြီး ကျူကျူချင်း”
ထို့နောက် လီကျယ်ရှန်းသည် တေးသွားငယ်တစ်ပုဒ်ကို ညည်းတွားကာ အခြားလမ်းကြောင်းတစ်ခုပေါ်သို့ လျှောက်သွားသည်။
ခွဲခွာရသည်ကို သူမစိုးရိမ်ပေ။
ကံကြမ္မာသည် ခွင့်ပြုပါက သယတို့ ထပ်မံတွေ့ဆုံကြပေမည်။
ကြယ်တာရာတောကြီးသည် ကောင်းကင်ဒူမြို့တော်မှ ကီလိုမီတာ ၈၀၀ ခန့် ကွာဝေးသည်။ သူ၏ ခရီးလမ်းကြောင်းသည် ဖက်စနိုပြည်နယ်၊ ဘာရမ်ဘူမြို့နှင့် နေဝင်သစ်တောအား ဖြတ်သန်းရပေမည်။
ကြယ်တာရာတောကြီးနှင့် အနီးဆုံးဖြစ်သော ဘိုလန်မြို့တွင်။ လီကျယ်ရှန်းသည် သူဖမ်းမိသော ဝိဉာဉ်သတ္တဝါများ၏ အရေခွံနှင့် အရိုးများကို ထုတ်ယူပြီး၊ ရွှေဝိဉာဉ်ဒင်္ဂါးများစွာနှင့် လဲလှယ်ကာ၊ မြင်းဖြူတစ်ကောင်ဝယ်ယူပြီး ခရီးထွက်ခဲ့သည်။
နှစ်ပတ်အကြာတွင်၊ ကောင်းကင်ဒူမြို့တော်သည် သူ၏မြင်ကွင်းထဲသို့ ရောက်ရှိလာပေသည်။ နေသည် တောက်ပလျက်ရှိ၏။ ထို့နောက် မြင်းဖြူစီးသော ပုံရိပ်တစ်ခုသည် လမ်းမကြီး၏ အဆုံးတွင် ပေါ်လာသည်။
“ဟေ့~~”
လီကျယ်ရှန်းသည် မြင်းဖြူကို ဆွဲကိုင်လိုက်သည်၊ ထိုအခါ ၎င်း၏ခြေထောက်များသည် ဖုန်မှုန့်များကို ကန်ထုတ်လိုက်ပေသည်။
သူသည် ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး၊ သူ၏နဖူးမှ ချွေးများကို ပေါ့ပေါ့ပါးပါး သုတ်လိုက်ကာ၊ မီတာရာပေါင်းများစွာ ဝေးကွာသော ကြီးမားကာခိုင်ခံ့သည့် မြို့တော်ကို ကြည့်ရှုလိုက်သည်၊ ထိုမြို့တော်သည် ကောင်းကင်ယံတွင် သတ္တဝါကြီးတစ်ကောင် လဲလျောင်းနေသကဲ့သို့ပင်။
မီတာရာပေါင်းများစွာ ကွာဝေးသော်လည်း လီကျယ်ရှန်းသည် နေရောင်ခြည်သည် ရွှေချပ်ငယ်များကဲ့သို့ နီညိုရောင်မြို့ရိုးများပေါ်သို့ ပြန့်ကျဲနေသည်ကို မြင်တွေ့နေရဆဲဖြစ်ပြီး၊ ရွှေရောင်ခြယ်ထားသော မြို့ရိုးထောင့်များသည် မြို့ပြင်တွင်းရှိ ကန်သို့ ရောင်ပြန်ဟပ်နေသဖြင့် အလွန်လှပပြီး ခန့်ညားလှသည်။
မည်သူမဆို မြင်ရသည်နှင့် “ဘယ်လောက်စည်ကားလိုက်တဲ့ မြို့တစ်မြို့လဲ” ဟု အံ့အားသင့်သွားပေမည်မှာအမှန်ပင်။
“ကောင်းကင်စစ်မြို့တော်မှာ ငါ့အာရုံကိုဖမ်းစားနိုင်တဲ့ ဘားတစ်ခုလောက်ရှိပါစေ စုတောင်းတယ်”
ခရီးတစ်လျှောက်ရှိ မြို့တိုင်း၏ ဝိုင်များကို သူမြည်းစမ်းခဲ့သည်။ ဝမ်းနည်းစရာမှာ၊ မည်သည့်ဝိုင်ကမျှ သူ၏စင်ကြယ်သောဝိုင်အိုးထဲသို့ ပေါင်းထည့်ရန် မထိုက်တန်ချေ။
ထို့နောက် မြင်းဖြူကို ဦးဆောင်ကာ လီကျယ်ရှန်းသည် မြို့ရိုးအောက်သို့ ရောက်ရှိလာသည်။
ဖော်ပြထားချက်မှာ၊ ဧကရာဇ်မြို့တော်ထဲသို့ ဝင်ရောက်ရန် ဝင်ကြေးပေးဆောင်ရသည်။
သို့သော် လီကျယ်ရှန်းသည် အဆင့် ၂၂ ဝိဉာဉ်စွမ်းအား စွမ်းအင်ကို ထုတ်ပြပြီးနောက်၊ စောင့်ကြပ်သူများသည် ချက်ချင်းပင် သူ့ကို မြို့တွင်းသို့ ကြည်ညိုလေးစားစွာ ပို့ဆောင်ပေးခဲ့သည်။
အဆင့် ၂၂ ဝိဉာဉ်စွမ်းအားသည် ဘာမျှမဟုတ်ပါ။
ဒါပေမယ့် ဒီလိုအသက်အရွယ်မှာ ဒီလိုအဆင့်ရှိတာကတော့ မတူညီတော့ပေ။
လီကျယ်ရှန်းသည် စိတ်အားထက်သန်နေသော တံခါးစောင့်များထံသို့ ပြုံးရီလျက် လက်ဝှေ့ရမ်းကာ၊ အနည်းငယ် ဝမ်းနည်းသွားပေသည်။
“ဝတ္ထုတွေထဲမှာ မြို့တံခါးကိုဝင်ရင် မထီမဲ့မြင်ပြုပြီး ဒုက္ခပေးတတ်တယ်လို့ အမြဲပြောကြတယ်မလား”
“ငါ့ဟာက ဘာကြောင့် မတူရတာလဲ”
လီကျယ်ရှန်းသည် ကောင်းကင်ဒူမြို့တော်ထဲသို့ ဝင်ရောက်လာသည်။ မြို့ထဲကို ခြေချလိုက်သည်နှင့်တပြိုင်နက် ဆူညံသံနှင့် စည်ကားသောအခြေအနေတို့က သူ၏မျက်စိကို ဖမ်းစားသွားသည်။
ကျူးကြော်လမ်းမကြီးဘေးတွင် စိုက်ထားသော ဂင်ကိုကိုပင်များ၏ ရွှေရောင်အရွက်များသည် ညင်သာစွာ ကြွေကျနေသည်။ ခြေကျင်လိမ်နေကြသော လမ်းသွားလမ်းလာများက လမ်းဘေးရှိ ဆိုင်အမျိုးမျိုးရှေ့တွင် ဈေးဆစ်ကြနေသည်။ မဝေးလှသော လက်ဖက်ရည်ဆိုင်များနှင့် ခေါက်ဆွဲဆိုင်များမှ မီးခိုးများသည် ပတ်ဝန်းကျင်ကို ဖုံးလွှမ်းပေသည်။ အခြားတစ်ဖက်တွင်၊ အပြာရောင်ဝတ်ရုံဝတ်ထားသော ပုံပြောသမားသည် သူ၏သစ်သားခလုတ်ကို ရိုက်ချပြီး၊ လက်အုပ်ချီကာ၊ အလှူငွေတောင်းရန် ဧည့်သည်များအား ပြုံးရီလျက် တောင်းနေပေသည်။။
ကျောက်တံတားအောက်တွင်တော့၊ အရောင်စုံလင်သောလှေလေးများသည် ဖြေးညှင်းစွာ ဖြတ်သန်းသွားပြီး၊ ချမ်းသာသောလူငယ်များသည် သောက်စားကာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြသည်။
“တကယ်ကောင်းတဲ့နေရာပဲ”
လီပိုင်သည် လမ်းလျှောက်ရင်း ကြည့်ရှုရင်း၊ သူ၏စိတ်သည် ပို၍ပင် ရွှင်လန်းလာသည်။
မကြာခင်မှာပင် ကောင်းကင်ဒူမြို့တော်ရှိ အကောင်းဆုံးစားသောက်ဆိုင်ကို သူရှာဖွေတွေ့ရှိခဲ့ပေသည်
ရှန်ရှန်းဖန်း။
ဤနေရာသည် ကောင်းကင်ဒူမြို့တော်ရှိ ထိပ်တန်းစားသောက်ဆိုင်တစ်ခုဖြစ်ပြီး၊ မတူညီသော အရသာရှိသည့် အစားအစာအမျိုးမျိုးကို တွေ့နိုင်သည်ဟု ဆိုကြပေသည်။
“အာ၊ ဝိညာဉ်ဆရာငယ်လေးပဲ”
ဧည့်ကြိုသည် လီကျယ်ရှန်းကို အဝေးမှမြင်သည်နှင့်၊ ချက်ချင်းပင် သူ၏ပခုံးပေါ်တွင် အဖြူရောင်အဝတ်စကို ချိတ်ဆွဲကာ၊ ကြီးမားသောအပြုံးဖြင့် ကြိုဆိုလိုက်သည်။
“မြင်းကို ကျွန်တော့်ဆီ ပေးလိုက်ပါ၊ ကျွန်တော် ဂရုစိုက်ထားလိုက်ပါမယ်”
ဧည့်ကြိုသည် မြင်းဇက်ကြိုးကို လက်လွှဲယူပြီး၊ အနားတွင် ရပ်နေသော အစေခံထံသို့ လက်ဆင့်ကမ်းပေးလိုက်သည်။
ထို့နောက်၊ လီကျယ်ရှန်းအတွက် လမ်းပြရန် အနည်းငယ်ဘေးသို့ လှည့်ကာ ဦးဆောင်လိုက်သည်။
“လူငယ်လေးက ဒီနေရာနဲ့ မရင်းနှီးဘူးထင်တယ်။ ကျွန်တော် လမ်းညွှန်ပေးရမလား”
လီကျယ်ရှန်းသည် ပြုံးရီလျက် စားသောက်ဆိုင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ အတွင်းပိုင်းတွင် ထွင်းထုထားသော ကနုတ်ပန်းများနှင့် ရေးခြယ်ထားသော သစ်သားများ၊ လူလုပ်ကုန်းမြင့်များနှင့် ရေစီးကြောင်းများသည် အလွန်တရာ အသေးစိတ်ကျနေပေသည်။
“အင်း၊ ငါက မြို့ပြင်ကပါ။ ဒီကဒေသထွက်ပစ္စည်းအားလုံးနဲ့ အကောင်းဆုံး၊ အားအပြင်းဆုံး အရက်နှစ်အိုးချပေးပါ”
“ကောင်းပါပြီ”
ဧည့်ကြိုသည် လူငယ်၏ အဝတ်အစားကြောင့် လူငယ်ကို မထီမဲ့မြင်မပြုခဲ့ပေ။ သူသည်ဒီအလုပ်ကို နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည်။ ထို့ကြောင့်လာရောက်လည်ပတ်ကြသော လူများစွာကိုလည်း တွေ့ဆုံခဲ့သည်။
လူငယ်သည် စုတ်ပြဲသောအဝတ်အစားများ ဝတ်ဆင်ထားသော်လည်း။ သို့သော် သူ၏ လွတ်လပ်သောစိတ်သဘောထားနှင့် ယုံကြည်မှုရှိသော မျက်လုံးများကြောင့်၊ သူသည် စွမ်းရည်ကြီးကြီးမားမားရှိသူတစ်ဦး ဖြစ်ရမည်ကို ရိပ်မိပေသည်။
“သီးသန့်ခန်းကိုသွားမလ အဓိကခန်းမမှာပဲ နေမလား”
“ခန်းမက ပိုပျော်စရာကောင်းတယ်”
“ကောင်းပြီ”
ဧည့်ကြိုသည် လီကျယ်ရှန်းထံသို့ နှုတ်ဆက်စကားပြောကာ ထွက်ခွာတော့မည်ဖြစ်သည်။
“ခဏလောက်”
ထို့နောက်လီကျယ်ရှန်းသည် သူ၏အိတ်ကပ်ထဲမှ ရွှေဝိဉာဉ်ဒင်္ဂါးတစ်ပြားကို ထုတ်ယူပြီး၊ ဧည့်ကြို၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
ထိုအခါဧည့်ကြို မျက်လုံးများ တောက်ပလာပြီး၊ ခါးကိုကိုင်းညွှတ်ကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ လူကြီးမင်း”
လီကျယ်ရှန်း ထီးတန်းမြို့တော်သို့ ရောက်ရှိချိန် အခြားတစ်ဖက်တွင် ကျူကျူချင်းသည် ရှီလိုင်ခဲ့ကျောင်းတော် ရောက်ရှိလာခဲ့သည်။ ကောလိပ်ဟု ခေါ်ဆိုသော်လည်း၊ အမှန်တကယ်တွင် အိမ်ထောင်စု ၁၀၀ ခန့်သာရှိသော ကျေးရွာလေးတစ်ခုတွင် တည်ရှိပေသည်။
ထိုကျေးရွာကို ခြံစည်းရိုးဖြင့် ကာရံထားပြီး လူအနည်းငယ်သည် ကျေးရွာဝင်ပေါက်တွင် စုရုံးနေကြသည်။
ကျူကျူချင်း၏ နုနယ်သောမျက်ခုံးများ အနည်းငယ်ကျုံ့သွားကာ၊ သူမ၏အေးစက်သောမျက်နှာပေါ်တွင် အံ့အားသင့်မှုတစ်ခု ပေါ်လာသည်။ရှီလိုင်ခဲ့ကျောင်းတော်သည် အနည်းငယ် ရိုးရှင်းလွန်းနေပေသည်။ သို့သော်လည်း ရှေ့တွင် ပြသနာတစ်ခု ဖြစ်ပွားနေသည်ဟု ထင်ရ၏။
လူငယ်တစ်ဦးသည် ရွှေဝိဉာဉ်ဒင်္ဂါး ၁၀ ပြား ပေးသွင်းခဲ့သော်လည်း၊ သတ်မှတ်ချက်များနှင့် မကိုက်ညီကြောင်း၊ စာရင်းသွင်းခကိုလည်း ပြန်မအမ်းကြောင်း ပြောကြားခဲ့သည်။ ထိုအခါ လူငယ်နှင့် သူ၏ဖခင်တို့သည် အံ့အားသင့်ကာ ဒေါသထွက်ကြသည်။
ထိုအချိန်တွင်။
ရွှေရောင်ဆံပင်ရှိ ယောက်ျားလေးတစ်ဦး ရှေ့သို့တက်လာပြီး၊ နှစ်တစ်ရာဝိညာဉ်ကွင်း ၂ခုနှင့် နှစ်တစ်ထောင်ဝိညာဉ်ကွင်း ၁ခုအား ထုတ်ပြလိုက်ပေသည်။
ဤမျှငယ်ရွယ်သောအသက်အရွယ်နှင့် သူ၏ဝိဉာဉ်ကွင်းသည် တန်းစီနေသော လူအုပ်အား အံ့အားသင့်သွားစေပေသည်။ ထို့နောက် ပြင်းထန်သော ဝိဉာဉ်စွမ်းအားသည် ထိုသားအဖအပေါ် ဖိအားတစ်ခုအဖြစ်သက်ရောက်စေကာ နှင်ထုတ်လိုက်ပေသည်။
လူအုပ်ထဲတွင် ကျူကျူချင်း၏ လှပသောမျက်လုံးများ၏ နက်ရှိုင်းသောနေရာတွင် စက်ဆုပ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ ဤသည်မှာ အားနည်းသူများကို နှိပ်စက်သော လူစားမျိုးဖြစ်သည်။
လီပိုင်းနှင့် နှိုင်းယှဉ်ပါက၊ ကောင်းကင်နှင့်မြေကြီးပမာ ကွာခြားပေသည်။ ထို့နောက်ရွှေရောင်ဆံပင်ရှိ ယောက်ျားလေးကို သူမ လုံးဝမကြည့်ခဲ့ပေ။
သူမ၏အကြည့်သည် တန်းစီနေသော လူအုပ်ပေါ်သို့ ပေါ့ပေါ့ပါးပါးပင် ဖြတ်သန်းသွားသည်။
သူမ၏ရှေ့တွင် အနက်ရောင်ဆံပင်နှင့်ယောက်ျားလေးတစ်ဦးနှင့် ကင်းမြီးကောက်ပုံသဏ္ဍာန်ဆံထုံးရှိမိန်းကလေးတစ်ဦး ရပ်တည်နေသည်။
ထိုအချိန်တွင်။
အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားပြီး ဆံပင်တိုနှင့် လှပသောအမျိုးသမီးငယ်တစ်ဦးသည်လည်း စာမေးပွဲဖြေဆိုနေပေသည်။
ထိုလှပသောမိန်းကလေးငယ်သည် သက်ကြီးရွယ်အို၏ စိတ်ဝင်စားမှုကို ဖမ်းမိသည်ဟု ထင်ရသည်။
“မင်းရဲ့မိသားစုက မင်းဒီမှာရှိတာကို သိကြလား”
အထိုအခါ အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော မိန်းကလေးသည် ရှင်းလင်းသောအသံဖြင့် ပြောသည်။
“လူတိုင်းက ပညာရေးဟာ ရွေးချယ်ခွဲခြားမှုမရှိဘဲ ပေးသင့်တယ်လို့ ပြောကြတယ်။ ကျွန်မက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင်၊ ကျွန်မကို လက်မခံဘူးလို့ ပြောဖို့ အကြောင်းမရှိဘူးမလား”