အခန်း (၁၁)
Vol. 2 Ch. 11
အဖြူရောင်အဝတ်စားနှင့်ကောင်မလေးစကားပြောလိုက်သည်နှင့် ယခင်က ဝိဉာဉ်ကွင်းသုံးကွင်းပြသခဲ့သည့် ရွှေရောင်ဆံပင်လူငယ်လေးက ဝံပုလွေကဲ့သို့သော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်လိုက်သည်။
ကျုကျုချင်းသည်လည်း ထိုအုပ်စုနောက်မှလိုက်ပြီး စမ်းသပ်မည့်အလှည့်သို့ ရောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။ သို့သော် ထိုအချိန်တွင် ဝိဉာဉ်စွမ်းအင်ကွင်းသုံးကွင်းပြသခဲ့သည့် ရွှေရောင်ဆံပင်လူငယ်လေးက သူ့ကို တပ်မက်ဖွယ်အာရုံဖြင့် ထပ်မံကြည့်လိုက်သည်ကိုမြင်လိုက်ရသည်။ သူ၏ကြည့်ရှုမှုကြောင့် အခြားသူများကပါ သူ့ဘက်သို့ အာရုံစိုက်မိကြသည်။
အမည်းရောင်ဆံပင်နှင့်လူငယ်လေး၏ အကြည့်များမှာတော့ လေ့လာသည့်ပုံစံဖြစ်ပေသည်။ ထို့နောက် သူ့ဘေးမှ ကင်းမြီးကောက်ပုံဆံကျစ်နှင့်ကောင်မလေးက အမည်းရောင်ဆံပင်နှင့်လူငယ်လေးကို ပြင်းပြင်းထန်ထန် ဆွဲလှည့်လိုက်သည်။
ကျုကျုချင်း၏ လှပသောမျက်နှာသည် အေးစက်နေသည်။ သူမ၏ ဤကျောင်းတော်အပေါ် သဘောထားမှာ အလွန်ဆိုးရွားနေပေသည်၊ ကျောင်းတော်ကိုယ်၌ရော ကျောင်းသားများကိုပါ သဘောမကျပေ။
နောက်ပိုင်းစမ်းသပ်မှုများသည် အစီအစဉ်အတိုင်း ဆက်လက်ပြုလုပ်ခဲ့ကြသည်။
သူတို့၏စကားဝိုင်းများမှတစ်ဆင့် ကျုကျုချင်းသိရှိလိုက်ရသည်မှာ အမည်းရောင်ဆံပင်လူငယ်လေးမှာ ထန်စန်း၊ ကင်းမြီးကောက်ပုံဆံကျစ်ကောင်မလေးမှာ ရှောင်ဝူ၊ ဆရာများ၏အာရုံစိုက်မှုကိုခံရသည့် ကောင်မလေးမှာ နင်ရုံရုံ ဖြစ်ကြောင်းဖြစ်သည်။ ထို့အပြင် ရွှေရောင်ဆံပင်လူငယ်လေးမှာ တိုက်မုပိုင်ဟု အမည်ရကြောင်းလည်း သိရသည်။
ကျုကျုချင်း၏ နုနယ်လှပသည့် မျက်ခုံးလေးများ ကျုံ့ဝင်သွားသည်။ သူမသည် ဤတိုက်မုပိုင်ဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိထားသည်။
“လီကျယ်ရှန်းက ဘယ်မှာပါလိမ့်...”
“သူ သောက်လို့ကောင်းတဲ့ ဝိုင်တွေ တွေ့ပြီးပြီလား... သူအခုလောက်ဆိုရင် လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် သောက်နေမှာပဲ။”
တိုက်မုပိုင် ပေါ်လာခြင်းသည် ကျုကျုချင်း၏ နှလုံးသားထဲတွင် လှိုင်းထသလို မဖြစ်စေခဲ့ပေ။ သူမစဉ်းစားနေမိသည်မှာ ထိုလွတ်လပ်ပြော့ပျောင်းသည့် အဖြူရောင်ဝတ်လူငယ်လေးပင် ဖြစ်သည်။
လီကျယ်ရှန်းသာ ယခု သူမဘေးမှာရှိမယ်ဆိုရင် ဒီလောက်ပျင်းရိဖွယ်ကောင်းမှာ မဟုတ်ခဲ့ပေ။ သူတို့အုပ်စုသည် နောက်ထပ်စမ်းသပ်မည့်နေရာသို့ ဦးတည်လျှောက်လှမ်းနေကြသည်။ ကျုကျုချင်းသည် တစ်ယောက်တည်း လျှောက်သွားလိုက်သည်။
ထိုအချိန်တွင် လေပြေလေးများတိုက်ခတ်လာပြီး အဖြူရောင်ဝတ်စုံကောင်မလေးက သူမထံသို့ချဉ်းကပ်ကာ ပြုံးရင်းလက်ကိုဆန့်တန်း၍ပြောလိုက်သည်။
“မင်္ဂလာပါ၊ မင်းက ကျုကျုချင်း မဟုတ်လား။”
“ငါ့နာမည်က နင်ရုံရုံပါ၊ တွေ့ရတာဝမ်းသာပါတယ်။”
ကျုကျုချင်းလည်း သူမ၏လက်ကို ဆွဲကာ အေးအေးဆေးဆေး ပြောလိုက်သည်။
“မင်္ဂလာပါ။”
နင်ရုံရုံမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ဆက်ပြီးပြုံးနေကာ စကားစမြည်ရှာနေပေသည်။
ရှေ့တွင်တော့ ယခင်ကတည်းက အချင်းချင်းသိရှိထားကြသည့် တိုက်မုပိုင်၊ ထန်စန်းနှင့် ရှောင်ဝူတို့ စကားစမြည်ပြောနေကြသည်။
ထန်စန်းက ပြုံးရင်းပြောလိုက်သည်။
“မင်းဘယ်တွေကြည့်နေတာလဲ။”
“ကောင်မလေးတစ်ယောက်ယောက်ကို ထပ်ပြီးဒုက္ခပေးဖို့လား။”
ထိုအခါတိုက်မုပိုင်က သူ၏မေးစေ့ကို ပွတ်သပ်ရင်းမျက်လုံးများ တဝိုက်ကတောက်ပနေသည်။
“ငါခံစားမိတာက...”
“ကျုကျုချင်းကငါနဲ့ အရမ်းရင်းနှီးနေတယ်လို့ထင်တယ်။”
ရှောင်ဝူက လေပူတစ်ခုမှုတ်ထုတ်လိုက်သည်။
“ဘယ်လိုရင်းနှီးမှုမျိုးလဲ။ တဏှာရူးနေတာပဲမဟုတ်လား။”
တိုက်မုပိုင်၏မျက်နှာတွင် အနည်းငယ် အံ့အားသင့်သွားသည့်ဟန် ပေါ်လာသော်လည်း ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ်၊ ငါကျုကျုချင်းကို သဘောကျသွားပြီ။ ဘယ်လိုနည်းနဲ့မဆို ငါသူမကို ရယူရမယ်!”
နောက်ထပ်စမ်းသပ်မည့်နေရာသို့ ရောက်လုနီးပါးဖြစ်နေသည်။ ထိုအချိန်တွင် နူးညံ့သိမ်မွေ့သည့်အသံတစ်ခု မြည်လာသည်။
“ဝက်အူချောင်းရောင်းမယ်၊ ဝက်အူချောင်းရောင်းမယ်!”
“မလွတ်စေနဲ့တော့နော်၊ အော်စကာ အမှတ်တံဆိပ် ဝက်အူချောင်းတွေ၊ တစ်ချောင်းကို ကြေးပြားငါးပြားပဲ!”
ကျုကျုချင်းနှင့် နင်ရုံရုံတို့ စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လိုက်ရာ မုတ်ဆိတ်ထူထူ၊ မျက်လုံးပြာပြာလေးများရှိသည့် အမျိုးသားတစ်ယောက်ကို တွေ့မြင်ရသည်။
ရှေ့မှတွင် ထန်စန်းသည် ရှောင်ဝူအတွက် ဝက်အူချောင်းဝယ်ရန် သွားနေသည်။
နင်ရုံရုံက ကျုကျုချင်းကို မေးမြန်းလိုက်သည်- “ကျုချင်၊ မင်းစားချင်လား။”
ကျုကျုချင်းက ခေါင်းခါလိုက်သည်- “မစားတော့ဘူး၊ ကျေးဇူးပါ။”
“အေး... ဒါဆိုငါလည်း မစားတော့ဘူး။”
ထန်စန်းသည် ဝက်အူချောင်းဝယ်ရန် သွားခဲ့သည်။
သို့သော် တိုက်မုပိုင်က ချက်ချင်းဆိုသလို သူ့ကိုတားမြစ်ကာ ထိုမုတ်ဆိတ်ထူသည့်အမျိုးသားကို ဆူပူလိုက်သည်- “အော်စကာ၊ မင်းက ကျောင်းတော်ကို အရှက်နေတာပဲ”
“ကျောင်းတော်အတွင်းမှာ ဝက်အူချောင်းမရောင်းဖို့ ငါမင်းကို တစ်ခါမကသတိပေးခဲ့ပြီးသားပဲ!”
လူတိုင်း စိတ်ရှုပ်ထွေးသွားကြသည်။
တိုက်မုပိုင်က ဆက်ပြောသည်- “သူ့အသွင်အပြင်ကို မယုံစားကြပါနဲ့။”
“ဟမ့်... သူ့နာမည်က အော်စကာ၊ အသက်က ၁၄ နှစ်၊ ရှီလိုင်ခဲ့ကျောင်းတော်ရဲ့ ကျောင်းသားတစ်ယောက်ပဲ။ ငါဘာဖြစ်လို့ မင်းတို့ကို သူ့ဝက်အူချောင်းမစားခိုင်းတာလဲဆိုတာ...”
“အော်စကာ၊ ဝက်အူချောင်းအသစ်လုပ်လိုက်။”
အော်စကာသည် သူ့ရှေ့မှာရှိသည့် လှပသည့်ကောင်မလေးများကို ကြည့်ရင်း မအောင်မြင်သည့်ပုံစံဖြင့် ညာဘက်လက်ကိုဆန့်ကာ ရှက်ကြောက်ဖွယ်ရာ၊ ကာမဂုဏ်အဆန်သည့်ပုံစံဖြင့် ပြောလိုက်သည်- “ငါ့မှာ ဝက်အူချောင်းကြီးရှိတယ်!”
တိုက်မုပိုင်၏မျက်နှာတွင် စက်ဆုပ်ရွံရှာသည့်ပုံပေါ်လာသည်။ ထန်စန်း၏မျက်နှာတွင်လည်း ဒေါသထွက်လာသည့်ပုံစံဖြစ်လာသည်။ ဤဝက်အူချောင်းသည် ရှောင်ဝူစားရန်အတွက်ဖြစ်ပြီး လုံးဝကို မသင့်တော်လှသည့် သဘောသက်ရောက်နေသည်။
ရှောင်ဝူမှာ အနည်းငယ် ရှုပ်ထွေးသွားသည်။ ကျုကျုချင်းနှင့် နင်ရုံရုံတို့လည်း နားမလည်ဖြစ်ကုန်ကြသည်။
နောက်ဆုံးတွင် ထန်စန်းကပင်ရှင်းပြလိုက်သည်။ ထို့နောက်ရှောင်ဝူ၏ လှပသည့်မျက်နှာလေး နီမြန်းသွားပြီး နင်ရုံရုံက မျက်ခုံးကျုံ့ပြီး အော်စကာကို ကြည့်လိုက်သည်။
ငယ်စဉ်ကတည်းက မင်းမျိုးမင်းနွယ်တို့၏ပညာရေးကို ခံယူထားရသူအနေဖြင့် ဤမျှ ညစ်ပတ်သည့် ဝိဉာဉ်စွမ်းအားရှင်တစ်ယောက် ရှိနိုင်မည်ကို သူမမှန်းဆ၍မရနိုင်ပေ။
“ရွံစရာပဲ။”
ကျုကျုချင်းကတော့ တိုက်ရိုက်ပင် ဆဲဆိုလိုက်သည်။
ဒါဟာ မကောင်းဆိုးဝါးတွေကိုသာ လက်ခံတယ်လို့ ဆိုကြတဲ့ ရှီလိုင်ခဲ့ကျောင်းတော်လား။
သူတို့တွေဟာ သတ္တဝါထူးတွေဆိုတာတော့အမှန်ပဲ။ တစ်ယောက်နှင့်တစ်ယောက် ညစ်ပတ်ပေရေနေကြတာ။
ကျုကျုချင်းသည် လီကျယ်ရှန်းကို ပို၍ပင် လွမ်းဆွတ်မိသွားသည်။ ရှီလိုင်ခဲ့ကျောင်းတော်မှ ထွက်ခွာပြီး လီကျယ်ရှန်းနှင့်အတူ တစ်တိုင်းပြည်လုံးကို လှည့်လည်ချင်စိတ်ပင်ဖြစ်မိသည်။
သို့သော်... ထိုသို့သောလမ်းကြောင်းသည် လီကျယ်ရှန်း၏ လမ်းကြောင်းဖြစ်ပြီး သူမသည် သူ့ကိုအနှောင့်အယှက်မပေးနိုင်ပေ။
အနာဂတ်တွင် လီကျယ်ရှန်းနှင့် ပြန်လည်ဆုံတွေ့သည့်အခါ သူမသည် သူ့ရှေ့မှောက်တွင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရန်အတွက် မိမိကိုယ်ကို အားကောင်းလာရန် လေ့ကျင့်ရမည်ဖြစ်သည်။
နင်ရုံရုံက ကျုကျုချင်း စိတ်ကူးယဉ်နေသည်ကိုမြင်တွေ့ရပြီး စူးစမ်းလိုစိတ်ဖြင့် “ကျုကျူချင်း၊ ဘာတွေစဉ်းစားနေတာလဲ။” ဟုမေးမြန်းလိုက်ပြီး ကျုကျုချင်းက တိုးတိုးသာသာပင်ပြောလိုက်သည်။
“ငါ့ရဲ့ မိတ်ဆွေတစ်ယောက်အကြောင်း စဉ်းစားနေတာ။”
“ဟမ်?”
နင်ရုံရုံက ကျုကျုချင်း၏ လှပသည့်မျက်နှာလေးနချဉ်းကပ်ကာ ပြက်လုံးထုတ်ရင်း “ယောက်ျားလေးလား၊ မိန်းကလေးလား...” ဟုမေးမြန်းလိုက်သည်။
သို့သော်လည်းသူမမပြီးဆုံးမီမှာပင် ကျုကျုချင်းက ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
“ယောက်ျားလေး။”
“အိုး~~~~~~”
နင်ရုံရုံ၏ နုနယ်လှပသည့် မျက်ခုံးလေးများ မြင့်တက်သွားပြီး သူမ၏ပါးပြင်လေးများတွင် မသဲမကွဲဖြစ်နေသည့် အပြုံးများနှင့် ပြည့်နှက်နေသည်။
သို့သော် ထိုအချိန်တွင်ပင် သူမ၏စိတ်ထဲတွင် လွတ်လပ်ပြော့ပျောင်းသည့် အဖြူရောင်ဝတ်လူငယ်တစ်ယောက်၏ ကျောပြင်ရုပ်မှာ ဖြတ်လပ်ပြီးပေါ်လာသည်။
နင်ရုံရုံ စိတ်ရှုပ်ထွေးသွားသည်။
“ငါ ဘာဖြစ်လို့ သူ့ကိုစဉ်းစားမိရတာလဲ။”
“သူဆိုရင် ငါနဲ့ လောကနှစ်ခုကွဲပြီးသားပဲလေ!”
သူမ၏စိတ်ထဲရှိ ရောထွေးနေသည့်အတွေးများကို ခါချလိုက်ပြီး နင်ရုံရုံက ကျုကျုချင်းကို ပြုံးရင်းပြောလိုက်သည်။
“ကျူချင်း၊ ငါအရမ်းစူးစမ်းချင်နေတာ၊ မင်းကိုဒီလောက်လွှမ်းမိုးနိုင်တဲ့လူက ဘယ်လိုမျိုးလဲ။ တစ်ချိန်ချိန်ကျရငိ ငါ့ကို သေချာပေါက် မိတ်ဆက်ပေးရမယ်နော်။”
ကျုကျုချင်းလည်း ခေါင်းညိတ်လိုက်သည်။
“အင်း။”
…
တီယန်တူမြို့တော်
ရန့်ရှန်ရှန်း စက်ရုံ
လီကျယ်ရှန်းသည် စိတ်အားထက်သန်စွာဖြင့် ဝိုင်အိုးကိုကောက်ယူပြီး ခေါင်းကိုမော့ကာ ဝိုင်ကိုအကြီးအကျယ်သောက်လိုက်သည်။ ထို့နောက်သူသည် နှုတ်ခမ်းကို သပ်လိုက်ပြီး ဓားသဖွယ်ထက်မြက်သည့် မျက်ခုံးများ အနည်းငယ်ကျုံ့သွားသည်။
ဘယ်လိုပြောရမလဲ။
ပြည့်စုံလုနီးပါးပဲ။
ဝိုင်သည် ပြင်းသော်လည်း မွှေးကြိုင်မှုမရှိဘဲ မြူဝေနေလွန်းသည်။ သူ၏ကိုယ်ပိုင်ဝိုင်ကို ထားဦး၊ ကျုကျုချင်း၏ဝိုင်ထက်ပင် ညံ့ဖျင်းနေသည်။
ပြောရမယ်ဆိုရင် လီကျယ်ရှန်းသည် ကျုကျုချင်းနှင့်ကွဲပြားသွားပြီးနောက်မှသာ သူမ၏ဝိုင်သည် သူမ၏မိသားစုမှ သိမ်းဆည်းထားသည့် နှစ်တစ်ရာသက်တမ်းရှိ အနီရောင်သမီးတော် အဖိုးတန်ဝိုင်ဖြစ်ကြောင်း သိရှိခဲ့ရသည်။
ကျုကျုချင်းသည် ဤဝိုင်ကို စောစောသောက်သုံးခြင်းဖြင့် နိုင်ငံရေးအရလက်ထပ်ခြင်းကို ငြင်းဆိုခဲ့ပေသည်။
“ဟေ့...”
လီကျယ်ရှန်း သက်ပြင်းချလိုက်သည်။ ဝိုင်လည်းမကောင်း၊ ဟင်းလျာများပင် အရသာပျက်သွားသည်။
“ဝိတ်တာ”
ထိုအခါ ဝိတ်တာသည် လီကျယ်ရှန်းရှေ့သို့ ပြေးလာခဲ့သည်။
“လူကြီးမင်း၊ ဘာများလိုအပ်လို့ပါသလဲ!”
“တီယန်တူမင်းမြို့တွင်မှာ မင်းတို့ဆိုင်ထက်ပိုကောင်းတဲ့ ဝိုင်ရှိလား။”
“ဒါ....”
ဝိတ်တာ၏မျက်နှာတွင် အခက်အခဲဖြစ်နေသည့်ပုံစံပေါ်လာသည်။
သူတို့ဆိုင်က ဝိုင်သည်အရည်အသွေးမကောင်းဘူးဆိုသည်ကို ဘယ်လိုပြောရမလဲ။ တခြားသူဆိုရင်၊ ဝန်ထမ်းဖြစ်ဖြစ်၊ မင်းမျိုးနွယ်ဖြစ်ဖြစ် သူလျှို့ဝှက်ပြီး မျက်နှာပြောင်ရမည်ပင်ဖြသ်သည်။။
သို့သော် ဤလူကတော့ သူ့ကို ရွှေဒင်္ဂါးတစ်ပြား ပေးခဲ့သူဖြစ်သည်။ သူသည် ပတ်ဝန်းကျင်ကိုကြည့်ရှုပြီး ဘယ်သူမှ သူတို့ကိုအာရုံမစိုက်ကြောင်း သေချာသည်မှ ကိုယ်ကို ကိုင်းညွှတ်ကာ သူ၏ပခုံးပေါ်တွင် ချိတ်ဆွဲထားသည့် အဝတ်စဖြင့် စားပွဲကိုသုတ်ရင်း တိုးတိုးပြောလိုက်သည်။
“လူကြီးမင်းကို အမှန်ကိုပြောရမယ်ဆိုရင်။”
“တီယန်တူမြို့တွင်းမှာ ရန့်ရှန်ရှန်းစက်ရုံထက်ပိုကောင်းတဲ့ ဝိုင်များစွာရှိတယ်၊ ဒါပေမဲ့ အဲ့ဝိုင်တွေက မင်းမျိုးနွယ်တို့အတွက် အထူးထောက်ပံ့ပေးသည့် ပစ္စည်းတွေပါ။”
“မင်းမျိုးနွယ်တွေရဲ့ အကောင်းဆုံးဝိုင်က ‘ယောင်ကွမ်းအရက်’ လို့ခေါ်တယ်ဆိုတာတော့ ကျွန်တော်ကြားဖူးပါတယ်။”
“ဒီဝိုင်ရဲ့ ကုန်ကြမ်းပစ္စည်းက လောကသို့ကျရောက်လာတဲ့ ကြယ်စင်ရောင်ခြည်ဖြစ်ပြီး အပင်ထိပ်ဖျားက နှင်းရေနဲ့ ရောစပ်ထားတာကြောင့် ယောင်ကွမ်း (ကြယ်စင်တောက်ပမှု) လို့ခေါ်တာပါ။”
“ကျွန်တော် ပုံပြောသူတစ်ယောက်ဆီကလည်း ကြားဖူးတယ်။ ‘ယောင်ကွမ်းသည် ဝိုင်မဟုတ်၊ ညကောင်းကင်ယံမှ ယိုကျလာသော ကဗျာတစ်ပုဒ်ဖြစ်သည်’တဲ့။”
လီကျယ်ရှန်း ရန့်ရှန်ရှန်းစက်ရုံမှ ထွက်ခွာသွားသည့်အခါ သူသည် “ယောင်ကွမ်းအရက်၊ ယောင်ကွမ်းအရက်” ဟူ၍ ကိုယ်တိုင်ကိုယ်ကျ ဆက်လက်ညည်းညူနေဆဲဖြစ်သည်။
ဝိုင်အရသာခံပညာရှင်တစ်ယောက်အတွက် ဆန်းကြယ်လှပသည့်ဝိုင်ရှိကြောင်းသိရပြီး မြည်းစမ်း၍မရခြင်းသည် သတ်ဖြတ်ခံရခြင်းထက်ပင် ပို၍မခံမရပ်နိုင်ဖြစ်ရသည်။
“မင်းမျိုးနွယ်တွေရဲ့ ပစ္စည်းတစ်ခု။”
“ဝိတ်တာကလည်း မင်းမျိုးနွယ်တွေဆီက ‘ယောင်ကွမ်းချက်’ဟာ အလွန်ရှားပါးပြီး တန်ဖိုးကြီးတယ်လို့ဆိုတယ်။”
“တစ်နှစ်ကို အိုးအသေးသုံးအိုးသာထုတ်လုပ်နိုင်ပြီး နှစ်စဉ်ကျင်းပသည့် တိုင်းပြည်တည်ထောင်ခြင်းအထိမ်းအမှတ်ပွဲတွေမှာပဲ ထုတ်သောက်ကြတယ်။”
“...ဖြည်းဖြည်းချင်းစီရှာမယ်။ ဘယ်လိုပဲဖြစ်ဖြစ် တီယန်တူမြို့က ရှုခင်းလှတယ်၊ ဒီမှာအချိန်အနည်းငယ်နေရင်လည်း အချိန်ဖြုန်းရာမရောက်ပါဘူး။”
ထို့နောက် လီကျယ်ရှန်းသည် တိုက်ခန်းကလေးတစ်ခုကို ငှားရမ်းလိုက်သည်။ သူ၏ပစ္စည်းများကို စုစည်းနေစဉ် သူသည် “ယောင်ကွမ်းသည် ဝိုင်မဟုတ်၊ ညကောင်းကင်ယံမှ ယိုကျလာသော ကဗျာတစ်ပုဒ်ဖြစ်သည်” ဟူသည့်စကားကို ထပ်ကာထပ်ကာ စဉ်းစားနေမိသည်။
ညကောင်းကင်ယံအောက်တွင် ကြယ်စင်ရောင်ခြည်များ ရေကဲ့သို့စီးဆင်းနေပုံ၊ ကြယ်စင်ရောင်ခြည်ထဲ၌ နှစ်မြုပ်နေသည့် ကြာပန်းစိမ်းဓားကို သူမြင်ယောင်မိသည်။
လီကျယ်ရှန်း ရုတ်တရက်တွင်ပင် အံ့အားသင့်သွားသည်။
သူ၏နဖူးပေါ်ရှိ ကြာပန်းစိမ်းဓားအမှတ်အသားသည် မှုန်ဝါးစွာတောက်ပလာသည်။
“ငါကိုယ်တိုင်ဖန်တီးထားတဲ့ ဓားအတတ်ပညာရဲ့ ပထမဆုံးလှုပ်ရှားမှု...”
“ငါသဘောပေါက်လာသလိုပဲ…”