← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

လီကျယ်ရှန်း လွှတ်လိုက်သော ဓားရောင်ခြည်သည် သာမာန်အရာဝတ္ထုများနှင့် မတူချေ။ ကြီးမားသော သိုင်းဝိဉာဉ်ပြိုင်ကွင်း၏ အမိုးသည် ရုတ်တရက် ကြယ်စင်ရောင်ခြည်များဖြင့် တောက်ပလာကာ ဓားဖြင့်ခုတ်ချလိုက်ချိန် ကြယ်များ‌ကြွေဆင်းလာသည့်ဟန်ပင်။

ဤ ခရမ်းရောင်ပြာရောင် ဓားရောင်ခြည်သည် ပိုးစုန်းကြူးများကဲ့သို့ ကြယ်စင်ရောင်ခြည်များဖြင့် တန်ဆာဆင်ထားပေသည်။ ဤအရာမှာတောက်ပပြီးစူးရှကာ တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းဆန္ဒကိုလည်း ထုတ်လွှတ်နေပေသည်။

ကြီးမားသော သိုင်းဝိဉာဉ်ပြိုင်ပွဲကွင်းတွင်၊ ဓားရောင်ခြည်မရောက်မီကပင် အအေးဓာတ်သည် ပျံ့နှံ့သွားခဲ့သည်။ အချို့ပရိသတ်များသည် တံတွေးမျိုချလိုက်ကြသော်လည်း အသံထွက်မလာပဲ တစ်ချို့ဆိုလျှင် ခြေထောက်များယိုင်နဲ့နေပြီး ပြိုလဲခါနီးဖြစ်နေပေသည်။

ဓားရောင်ခြည်သည် သူတို့ဆီသို့ မဦးတည်သည့်တိုင်။ သူတို့သည် စိမ့်ထွက်နေသည့်ထက်မြက်သောဓားစိတ်ဆန္ဒကို ခံစားနိုင်ဆဲပင်။ မရေမတွက်နိုင်သည်အပ်များဖြင့် သူတို့၏အရိုးကို ထိုးဖောက်နေသကဲ့သို့ခံစားရပြီး ဤဓားရောင်ခြည်ကို တိုက်ရိုက်ရင်ဆိုင်ရသော ယုထျန်းဟန်သည် သူ၏အသည်းနှင့်အူများပင် ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ဆံပင်များအားလုံး ထောင်မတ်နေပြီး၊ အပ်ဖျားအရွယ်သူငယ်အိမ်များတွင် လေကိုခွဲဖြတ်သွားသော ဓားရောင်ခြည်ကို ရောင်ပြန်ဟပ်နေသည်။ သူ၏ဂုဏ်ယူဝင့်ကြွားဖွယ် လျှပ်စီးစွမ်းအားသည် ဤဓားရောင်ခြည်အောက်တွင် စက္ကူကဲ့သို့ကျိုးပဲ့သွားသည်။

ထို့နောက် နဂါးအကြေးခွံများသည် တစ်ခုပြီးတစ်ခုကြေမွှသွားပေသည်။

ဓားရောင်ခြည်သည် ယုထျန်းဟန်ပေါ်သို့မကျသေးသော်လည်း ပြင်းထန်သောနာကျင်မှုသည် သူ၏ရင်ဘတ်ပေါ်ရှိအရေပြားမှ စတင်ခံရနေရနေပေသည်။ ယုထျန်းဟန်၏နှလုံးသည် ပေါက်ကွဲတော့မည့်နှယ်ခံစားနေရသည်။

သူသည် ဟိန်းသံတစ်ခုအားထုတ်ဖော်ကာ သူ၏သိုင်းဝိဉာဉ်စွမ်းအားအားလုံးသည် ပေါက်ကွဲပျက်စီးနေသောဆည်ကဲ့သို့ သူ၏လက်မောင်းများထဲသို့ရူးသွပ်စွာစီးဝင်လာပေသည်။ ထို့နောက် လျှပ်စစ်လက်ဝန်းများဖြင့်တောက်ပနေသော ဝိဉာဉ်စွမ်းအားအတားအဆီးတစ်ခုသည် သူ၏ရှေ့တွင်ထွက်ပေါ်လာပေသည်။

သို့သော်လည်း ဓားရောင်ခြည်သည် အတားအဆီးကိုချိုးဖြတ်လိုက်ပြီး

ယုထျန်းဟန်သည် ဖြူဖတ်ဖြူရော်ဖြင့် ပင့်ကူအိမ်ကဲ့သို့အက်ကြောင်းများ အတားအဆီးပေါ်တွင်ပေါ်ပေါက်လာသည်ကို ကိုကြည့်ရှုနေသည်။

ထို့နောက် အတားအဆီးသည် ကျယ်လောင်သောအသံဖြင့် ပေါက်ကွဲသွားပြီး ယုထျန်းဟန်သည် စင်မှပစ်ချခံလိုက်ရပေသည်။

သူမြေပြင်ပေါ်ကျချိန်တွင် ကြယ်စင်ရောင်ခြည်ဓားရောင်ခြည်တစ်ချောင်းသည် သူ၏ပခုံးရိုးကိုဖောက်ထွင်းကာ၊ သူ့ကိုမီတာများစွာဝေးရာနံရံတွင် ချိတ်ဆွဲထားပေသည်။

“ဟူး...”

ယုထျန်းဟန်သည် ခေါင်းငုံ့ထားပြီး သွေးများသည် သူ၏နှုတ်ခမ်းထောင့်များမှစီးကျလာသည်။

သူ၏ဝိဉာဉ်စွမ်းအားအားလုံးကုန်ခမ်းသွားပြီး၊ ပခုံးရိုးနှင့်ရင်ဘတ်တွင်အသက်အန္တရာယ်ရှိသောဒဏ်ရာနှစ်ခုရရှိထားသဖြင့်၊ ယခုအခါသူသည်အလွန်အမင်းဒဏ်ရာရပြီးသေဆုံးခါနီးဖြစ်နေသည်။ ကျယ်ပြန့်သောသိုင်းဝိဉာဉ်ပြိုင်ပွဲကွင်းသည် အပ်ကျသံကြားနိုင်လောက်သည်အထိတိတ်ဆိတ်နေပေသည်။

စင်အောက်ရှိ အံ့အားသင့်နေသောမျက်နှာများသည် ရုပ်ထုများကဲ့သို့ ရပ်တန့်နေကြပြီး ပရိသတ်များစွာသည် ပါးစပ်ဟနေကြသော်လည်း၊ အသံမထွက်လာပေ။

ဓားတစ်ချက်။

တကယ်ကို ဓားတစ်ချက်သာ။

ဓားတစ်ချက်ဖြင့် အဆင့် ၃၉ မိုးပြာရောင်လျှပ်စီးနဂါး ယုထျန်းဟန်ကို ရှုံးနိမ့်စေသည်!

“ဒါက လီကျယ်ရှန်းရဲ့ ကိုယ်ပိုင်ဖန်တီးထားတဲ့ ဓားအတတ်ပညာလား?!”

ငါးပူတင်းအဓိပတိနှင့် ‌မြွေလှံတံအဓိပတိတို့၏အသံများတွင် အံ့အားသင့်မှုများစွာပါဝင်နေပြီး သူတို့သည် စင်ပေါ်ရှိ အဖြူရောင်ဝတ်ရုံနှင့်လူငယ်ကိုကြည့်ရှုနေကြသည်။

သူတို့၏မျက်လုံးများထဲ တည်ငြိမ်စွာမြင့်တက်နေသော အနာဂတ်၏ထိပ်တန်းဓားသမားတစ်ဦးပေါ်ထွန်းလာသည်ကိုမြင်နေရသကဲ့သို့ပင်ဖြစ်သည်။

ဤသည်မှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ပါ။

ကမ္ဘာ့ပထမဆုံးတိုက်ခိုက်ရေးဝိဉာဉ်အဓိပတိအဖြစ်သိကြသော ချန်ရှင်းပင် သူ၏ငယ်ရွယ်စဉ်က လီကျယ်ရှန်းကဲ့သို့ အရှိန်အဝါကိုပိုင်ဆိုင်ထားခြင်းမရှိပါ။

“ဘယ်လောက်စွမ်းအားကြီးလိုက်တဲ့ဓားလဲ...”

ရွယ်ချင်းဟော်၏မျက်လုံးများသည် ထူးဆန်းသောအလင်းဖြင့်တောက်ပလာသည်။ သူသည်ပင်ဤဓား၏ထက်ရှမှုသည် ခုခံရန်ခက်ခဲမည်ဟုခံစားရပေသည်။ ထို့နောက်သူသည် လျင်မြန်စွာပင် ထွက်ခွာသွားခဲ့သည်။

ရွယ်ချင်းဟော်အား ဤမျှအခြေအနေဖြင့်မြင်တွေ့ရပြီး ငါးပူတင်းအဓိပတိနှင့် ‌မြွေလှံတံအဓိပတိတို့သည် မတတ်သာသည့်ပုံစံဖြင့် လိုက်ပါသွားကြသည်။

“ခေါင်းဆောင်!”

ယွီဖုန်းနှင့် အော်စလိုတို့သည် ဒုတိယထပ်သီးသန့်အခန်းမှပြေးထွက်လာကြပြီး၊ ရှီညီနောင်တို့သည် လည်ူကြောက်လန့်တုန်လှုပ်သောမျက်နှာများဖြင့်လိုက်ပါသွားကြသည်။ ဒူဂူယန်၏ စွဲမက်ဖွယ်ကောင်းသော အစိမ်းရောင်မျက်လုံးများသည် လီကျယ်ရှန်းကိုခဏကြည့်ရှုပြီးနောက်၊ မျက်နှာမပြောင်းလဲသေးသော ရီလင်းလင်းကိုဆွဲကာ လိုက်ပါသွားပေသည်။

အောက်ဘက်ရှိ လူအများစုသည် လေပြင်းမုန်တိုင်းကြောင့်လှန်ပစ်ခံရသော ဂျုံခင်းကဲ့သို့ပြင်းထန်စွာလှိုင်းတံပိုးခတ်နေသည်။ ပရိသတ်များသည် လည်ပင်းများကိုဆန့်ကာ၊ ဓားဝိုင်၏အမည်ကို အသံကျယ်ကျယ်ဖြင့်အော်ဟစ်ကြသည်။

၎င်းသည် ရူးသွပ်လောက်အောင်ရိုးရှင်းသည်။

ကြီးမားသောသိုင်းဝိဉာဉ်ပြိုင်ပွဲကွင်းသည် ဝိဉာဉ်စွမ်းအားရှင်များစွာကိုစေလွှတ်၍ မရဘဲအစီအစဉ်ထိန်းသိမ်းရန်တာဝန်ခံရသည်။

လီကျယ်ရှန်းသည် ဤအရာအားလုံးကိုနားထောင်မိသည်။ သူသည် လက်ကိုမြှောက်လိုက်ပြီးနောက် ယုထျန်းဟန်ကိုချိတ်ဆွဲထားသော ဓားရောင်ခြည်သည် ကြယ်စင်ရောင်ခြည်များအဖြစ်သို့ပြိုကွဲသွားပေသည်။

ထို့နောက်ယုထျန်းဟန်သည် အားအင်ကုန်ခမ်းစွာပြုတ်ကျလာပြီး အနက်ရောင်မျှော်စင်ကြီးနှစ်ခုကဲ့သို့လူငယ်နှစ်ယောက်မှဖမ်းယူခံရသည်။

လီကျယ်ရှန်းသည် ယုထျန်းဟန်ကိုဝိုင်းရံထားသော လူငယ်လေးယောက်ကိုမြင်တွေ့လိုက်ရသည်။

အမည်းရောင်ဝတ်ဆင်ထားပြီး အမည်းရောင်မျက်နှာဖုံးဖြင့်ဖုံးအုပ်ထားကာ၊ ခါးအထိရောက်ရှိသောရှည်လျားသည့်အပြာရောင်ဆံပင်ရှိသည့် မိန်းကလေးတစ်ယောက်၏ လက်ထဲ၌တောက်ပသောပန်းတစ်ပွင့်ရှိပြီး၊ ယုထျန်းဟန်ကိုကုသပေးနေသည်။

“သူတို့ကတော့ တော်ဝင်ကျောင်းတော်အသင်းရဲ့ကျန်အသင်းဝင်တွေဖြစ်မှာပဲ။”

အတွေးတစ်ခုသည် လီကျယ်ရှန်း၏စိတ်ထဲတွင်ဖြတ်လပ်သွားသည်။ အခြားကိုယ်ခန္ဓာကြီးမားပြီး ခရမ်းရောင်ပခုံးထိရှိသောဆံပင်ရှည်နှင့် အစိမ်းရောင်မျက်လုံးများရှိသည့်မိန်းကလေးသည် သူ့ကိုအပေါ်အောက်စစ်ဆေးကြည့်ရှုကာ၊ သူမ၏နီမြန်းသောနှုတ်ခမ်းများအားကွေးကာ-

“ဓားဝိုင်၊ မင်းမျက်နှာဖုံးချွတ်ရဲလား?” ဟုပြောလိုက်သည်။

ဤစွဲမက်ဖွယ်ကောင်းသောမိန်းကလေးကိုကြည့်ရင်း၊ လီကျယ်ရှန်းသည် သူမကိုလုံးဝလျစ်လျူရှုကာ လှည့်ထွက်သွားခဲ့သည်။

မင်းကပြောလိုက်တာနဲ့ ငါချွတ်လိုက်မှာလား…

ဒူဂူယန်သည် ပထမဆုံးအံ့အားသင့်သွားသည်။ ထို့နောက်၊ သူမ၏နှုတ်ခမ်းပေါ်ရှိပြုံးရိပ်သည် ပိုမိုတောက်ပလာသည်။ စွဲမက်ဖွယ်ကောင်းသောမျက်နှာသည် ချက်ချင်းဆိုသလို ပို၍ဆွဲဆောင်မှုရှိလာပြီး၊ တစ်ချိန်ထဲ မြွေဆိပ်ကဲ့သို့အန္တရာယ်ကိုလည်းထုတ်လွှတ်လာသည်။

လီကျယ်ရှန်းသည် နောက်ကွယ်သို့သွားခဲ့ပြီး သူသည် ရွယ်ချင်းဟော်နှင့်ရင်တွေ့ခဲ့သည်။ သူမသည် လျင်မြန်စွာလမ်းလျှောက်လာပေသည်။

“မင်းအဆင်ပြေရဲ့လား?”

“တော်ဝင်ကျောင်းတော်အသင်းရဲ့ကျန်အသင်းဝင်တွေ ဆင်းသွားတာငါမြင်တယ်။”

“ငါအဆင်ပြေတယ်။”

လီကျယ်ရှန်းသည် ကျွမ်းကျင်စွာဖြင့် ရွယ်ချင်းဟော်၏လည်ပင်းမှ ဖက်လိုက်သည်။

ထိုအရာသည် ငါးပူတင်းအဓိပတိနှင့် မြွေလှံတံအဓိပတိတို့၏မျက်ခုံးများကို အကြီးအကျယ်လှုပ်ခတ်စေခဲ့သည်။

ထို့နောက် ကာလအတွက် လီကျယ်ရှန်း၏နေ့ရက်များသည် အလွန်လွတ်လပ်ပျော်ရွှင်ဖွယ်ရာဖြစ်ခဲ့ပေသည်။

ဓားရေးလေ့ကျင့်ခြင်း၊ သိုင်းဝိဉာဉ်ပြိုင်ပွဲကွင်းတွင်တိုက်ခိုက်ခြင်းနှင့် ရွယ်ချင်းဟော်နှင့်အတူစားသောက်ခြင်း။

ယနေ့၌လည်း သူတို့နှစ်ယောက်သည် ကြာကန်တွင်ငါးမျှားနေကြသည်။

“ဓားဝိုင်ရဲ့ဂုဏ်သတင်းကအရမ်းကြီးတယ်။”

“စွမ်းအားကြီးမားတဲ့မင်းမျိုးနွယ်တွေနဲ့ထင်ရှားတဲ့မိသားစုတွေက မင်းကိုရှာနေကြတယ်။”

ရွယ်ချင်းဟော်သည် အေးဆေးတည်ငြိမ်နေသောရေကိုကြည့်ရင်း ပြုံးရင်းပြောလိုက်သည်။

“မင်းဒါတွေမကြိုက်ဘူးဆိုတာငါသိတယ်၊ ဒါကြောင့်မင်းရဲ့အထောက်အထားကိုငါလျှို့ဝှက်ထားပေးတယ်။”

လီကျယ်ရှန်းသည် ရွယ်ချင်းဟော်ဘေးတွင်နောက်ပြန်လှန်ကာ၊ ခြေထောက်များကိုကူးပြီး ပျင်းရိပျင်းတွဲပြန်ပြောလိုက်သည်။

“မင်းကငါ့ကိုနားအလည်ဆုံးသောသူပဲ ချင်းဟော်။”

“အိုး၊ ဒါပေါ့...”

ရွယ်ချင်းဟော်သည် ရုတ်တရက်လှည့်ကာ လီကျယ်ရှန်းကိုကြည့်ကာ၊ သူမ၏အသံထဲတွင်ထူးဆန်းမှုအနည်းငယ်ရှိသည်။

“ဒူဂူပေါ့ရဲ့မြေး ဒူဂူယန်က ဓားဝိုင်ကိုစုံစမ်းနေတယ်၊ နှလုံးသားကြာပန်းမိသားစုကလည်း မင်းအကြောင်းလျှို့ဝှက်စုံစမ်းနေတယ်။”

“လီကျယ်ရှန်း၊ မင်းဘယ်တုန်းကသူတို့ကိုနှောင့်ယှက်ခဲ့တာလဲဆိုတာငါမသိခဲ့ဘူး။”

ထိုအချိန် ငါးတစ်ကောင်သည် စားချိတ်ကိုကိုက်လိုက်သည်။ ပုံမှန်အားဖြင့်၊ ရွယ်ချင်းဟော်သည် ပျော်ရွှင်စွာဖြင့် လီကျယ်ရှန်းကိုပြသခဲ့မည်။ သို့သော် ယနေ့တွင်မူ အကြောင်းတစ်စုံတစ်ရာကြောင့်၊ စားချိတ်ကိုက်ထားသောငါးကိုမြင်တွေ့ရသည့်အခါ၊ ရွယ်ချင်းဟော်သည် စိတ်ဆိုးမိပေသည်။

လီကျယ်ရှန်းသည် ထိုင်လိုက်ပြီး စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။

“ဒူဂူယန်? နှလုံးသားကြာပန်းမိသားစု?”

“သူတို့ဘာဖြစ်လို့ငါ့ကိုမေးနေတာလဲ? ငါသူတို့နဲ့မရင်းနှီးဘူး။”

“ဘယ်သူကသိမှာလဲ။”

ရွယ်ချင်းဟော်က အေးစက်စွာပြောလိုက်ပေသည်။

“ဒူဂူမိသားစုနဲ့ နှလုံးသားကြာပန်းမိသားစုတို့က ကောင်းကင်ဒိုအင်ပါယာမှာ ပုံမှန်မဟုတ်တဲ့အဆင့်အတန်းတစ်ခုစီပိုင်ထားကြတာ။”

“သူတို့လုပ်တဲ့အရာကို ငါတောင် လွယ်လွယ်နဲ့ဝင်တားမရဘူး”

လီကျယ်ရှန်းသည် မျက်ခုံးကျုံ့သွယးသည်။

“ဒါဆိုသူတို့အခုဘာလုပ်နေကြတာလဲ?”

ရွယ်ချင်းဟော်သည် နှုတ်ခမ်းများကို ညှစ်ထားကာ စားချိတ်ကိုက်ထားသောငါးကိုဖယ်ရှားပြီး၊ ရေပုံးထဲသို့ပစ်ချလိုက်သည်။

“တော်ဝင်ကျောင်းတော်အသင်းက ဆိုတိုမြို့ ကကြီးမားသောသိုင်းဝိဉာဉ်ပြိုင်ပွဲကွင်းကိုသွားနေပြီ။”

“မင်းစောင့်ကြည့်လိုက်ပါ။”

ဤစကားကိုကြားလိုက်ရပြီးနောက် လီကျယ်ရှန်း၏မျက်လုံးများသည် တောက်ပလာသည်။

ဆိုတိုမြို့ ကြီးမားသောသိုင်းဝိဉာဉ်ပြိုင်ပွဲကွင်းလား။

ဤအချိန်မှတ်တမ်းတွင်၊ တော်ဝင်ကျောင်းတော်အသင်းနှင့် ရှီလိုင်ခဲ့မကောင်းဆိုးဝါးခုနှစ်ဖော်တို့သည်တွေ့ဆုံခဲ့ကြသည်။

“အစ်မကျုချင်းရော ဘယ်လိုရှိမလဲသိချင်လိုက်တာ။”

…

ဆိုတိုမြို့ ကြီးမားသောသိုင်းဝိဉာဉ်ပြိုင်ပွဲကွင်း။

ပြင်းထန်သောခုနှစ်ယောက်တစ်သင်းဝိဉာဉ်တိုက်ပွဲပြီးဆုံးသွားသည်။

ရှီလိုင်ခဲ့မကောင်းဆိုးဝါးခုနှစ်ဖော်သည် တော်ဝင်ကျောင်းတော်၏အသင်းကို အနိုင်ရခဲ့ပေသည်။

“မင်းမြို့တော် ကြီးမားသောဝိဉာဉ်စွမ်းအားပြိုင်ကွင်းက ဒီလောက်ပဲလုပ်နိုင်တာလား?”

မာဟုန်ကျွင်းသည် လက်နှစ်ဖက်ဆုံးထားပြီး ရပ်နေကာ၊ တော်ဝင်ကျောင်းတော် ၏အသင်းဝင်ခုနှစ်ယောက်ကိုအောက်ငုံ့ကြည့်ရှုနေပြီး၊ အထူးသဖြင့်အားအင်ကုန်ခမ်းနေသော ယုထျန်းဟန်ကိုစိုက်ကြည့်ကာ။

“မင်းကငွေတံဆိပ်ကိုအမြန်ဆုံးရခဲ့တဲ့သူဆို။”

“အခုတော့ ကြည့်ရသလောက် မင်းကသာမန်ပဲထင်တယ်။”

ယုထျန်းဟန်အား ရှီညီနောင်များမှ ကူညီတွဲထူနေချိန် ယွီဖုန်းသည် သူ၏လက်သီးကိုဆုပ်ကိုင်ကာ သွားများကြိတ်ညှစ်ရင်း “သိပ်မမောက်မောနဲ့။” ဟုပြောလိုက်သည်။

“ငါတို့ခေါင်းဆောင်သာ ဒဏ်ရာမရခဲ့ရင် မင်းတို့ကိုနိုင်တယ်”

ထိုအခါထန်စန်းက အေးဆေးတည်ငြိမ်စွာပင်ပြောလိုက်သည်။

“မင်းဘယ်လိုဆင်ခြေပေးနေပါစေ၊ အမှန်တရားကမင်းတို့ရှုံးတာပဲ။”

“ငါတို့ထပ်တိုက်ရင်တောင်၊ မင်းတို့ပဲထပ်ရှုံးဦးမှာ။”

တိုက်မုပိုင်သည် အစွန်းတွင်ရပ်နေပြီး တိတ်တဆိတ်ရှိ‌နေသောကျုကျုချင်းကိုကြည့်ရှုပြီးနောက် ရှေ့သို့တိုးကာ ယုထျန်းဟန်ကိုပြောလိုက်သည်။

“တစ်ဦးခြင်းတိုက်ခိုက်ရင်တိုင်တောင်၊ ငါ့ရဲ့နတ်ဆိုးမျက်လုံးကျားဖြူက မင်းကိုသေချာပေါက်အနိုင်ရတယ်။”

ယုထျန်းဟန်သည် သူ၏ရင်ဘတ်ကိုဆုပ်ကိုင်ထားပြီး၊ သူ၏ကြည့်ရှုမှုသည် ထန်စန်း၊ တိုက်မုပိုင်နှင့် မာဟုန်ကျွင်း၏မျက်နှာများပေါ်သို့အလှည့်ကျကြည့်ရှုနေသည်။

“မင်းတို့အနိုင်ရတာကအမှန်ပဲ။”

“ငါဆင်ခြေမပေးတော့ဘူး။”

“ဒါပေမယ့်...”

“မင်းတို့ရဲ့သတင်းအချက်အလက်က အတော်လေးနောက်ကျနေတယ်။”

“ငါကမင်းမြို့တော်ရဲ့ ကြီးမားသောသိုင်းဝိဉာဉ်ပြိုင်ပွဲကွင်းမှာ အမြန်ဆုံးငွေတံဆိပ်ရခဲ့တဲ့သူမဟုတ်တော့ဘူး”

“မင်းတို့နဲ့မတိုက်ခင်က၊ မင်းမြို့တော်က ဓားဝိုင်ဆီငါရှုံးခဲ့တယ်။”

“သူကဓားတစ်ချက်ပဲသုံးခဲ့တယ်။”

“မင်းတို့ကစွမ်းအားကြီးတယ်ထင်ရင်၊ သွားပြီးသူ့ကိုစိန်ခေါ်လိုက်ပါ။”

ထန်စန်း၊ တိုက်မုပိုင်နှင့် အခြားသူများ၏ကြည့်ရှုမှုများသည် ခဲသွားသည်။

ကျုကျုချင်း၏ ခေါင်းကိုမော့သောက်သုံးသည့်လှုပ်ရှားမှုသည် ရပ်တန့်သွားပြီး၊ သူမ၏နှလုံးခုန်သံသည် နားမလည်နိုင်စွာမြန်ဆန်လာသည်။

မင်းမြို့တော်လား?

ဓားဝိုင်လား?

ဒါက လီကျယ်ရှန်းလား?...

All Chapters