ဂျိချန်းဖန်သည် လေလွင့်ကျင့်ကြံသူလော။
Vol. 13 Ch. 128
နန်းဆောင်အတွင်း၌
လေလွင့် ကျင့်ကြံသူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
၎င်းတို့၏ အကြည့်များသည် အဖြူရောင်ဝတ် လူငယ်ထံသို့ ရောက်ရှိသွားပြီး မိန်းကလေးမြောင် နှင့်အတူ နွေဦးညကို မျှဝေခံစားရတော့မည်ဟု တွေးတောမိကာ သူတို့၏ စိတ်နှလုံးများတွင် မနာလိုစိတ်များ ပြည့်နှက်သွားကြ၏။(နွေဦးည =မင်္ဂလာခန်းဝင်ခြင်း ၊ နားမလည်သူများအတွက် ရှင်းပြချက်)
“ဒီလူက ဘယ်လို အံ့အားသင့်ဖွယ် ကဗျာမျိုး ရေးခဲ့တာလဲ မသိဘူး။ မိန်းကလေးမြောင် ကို ပထမဆုံး မြင်ရုံနဲ့ ကျေနပ်နှစ်သက်သွားအောင် စွမ်းဆောင်နိုင်ခဲ့တာ”
“အင်း….ဒီညမှာ သူမ က သူနဲ့အတူ နွေဦးညကို ကုန်ဆုံးမယ်ဆိုတာ တွေးလိုက်မိတော့ ငါ့ရင်ထဲမှာ လေးသွားတာပဲ”
“သူ ဘယ်လိုကဗျာမျိုး ရေးခဲ့တယ်ဆိုတာကိုလည်း ငါ သိချင်မိပါရဲ့”
ပတ်ဝန်းကျင်မှ လေလွင့် ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး သက်ပြင်းချလိုက်ကြသည်။
သူတို့ မသိလိုက်ကြသည်မှာ...
တကယ်တော့ ဂျိချန်းဖန် သည် ဘာကိုမှ မရေးခဲ့ပါချေ။
သူသည် သူ၏ ယခင်ဘဝမှ ဂန္ထဝင်ကဗျာတစ်ပုဒ်ကို ကူးယူရေးသား သင့်သလောဟု မူလက စဉ်းစားခဲ့၏။
သို့သော် စဉ်းစားပြီးနောက်တွင်၊ ထိုအစီအစဉ်ကို ပယ်ဖျက်လိုက်သည်။
အဘယ်ကြောင့်ဆိုသော်သူ သည် ကျင့်ပင်အာ က သူ့ကို လာရှာခြင်းဟုတ်မဟုတ်ကိုလည်း သိချင်နေခဲ့သောကြောင့်ပင်။
ထို့ကြောင့် သူသည် ရိုးရိုးရှင်းရှင်း သူ၏အမည်ကိုသာ ရေးချခဲ့သည်။
ယခုမူကား
ကျင့်ပင်အာ သည် သူ့ကို လာရှာခြင်း အမှန်ပင်ဖြစ်၏။
သူ၏အမည်ကို မြင်ရုံဖြင့် သူမသည် သူ့ကို မဆိုင်းမတွ ရွေးချယ်လိုက်သည်လော။
သူမ၏ ရည်ရွယ်ချက်ကား မည်သည့်အရာပါနည်း။ ပျော်ရွှင်ဖွယ် ခေါင်းလောင်းကြောင့်ပင်ဖြစ်သလော။
များစွာ စဉ်းစားပြီးနောက်တွင် ဂျိချန်းဖန် သည် ဤအကြောင်းပြချက် တစ်ခုတည်းကိုသာ တွေးမိတော့သည်။
မူရင်း ဇာတ်လမ်း၌၊ အံ့ဖွယ်သုံးပါးနတ်သမီး သည် ဝမ်ရိန်ဝမ် အား ပျော်ရွှင်ဖွယ် ပေါင်းစည်း ခေါင်းလောင်းကို တစ်ချိန်က တောင်းဆိုခဲ့ဖူးသည်၊ ၎င်းတွင် အထူးအကြောင်းအရာတစ်ခုများရှိသည်လော။
ဝမ်းနည်းစရာကား
သူသည် ယခုအခါ ပျော်ရွှင်ဖွယ် ပေါင်းစည်း ခေါင်းလောင်းကို ယူဆောင်ထားခြင်း မရှိခဲ့ချေ။
ထိုအစား၊ ၎င်းကို နဂါးသတ် နှင့် အမှောင်ဆီးနှင်းနတ်ဓား တို့နှင့်အတူ တကျူး တောင်ထိပ် တွင် ထားခဲ့သည်။
…
…
ဒုတိယထပ်ရှိ သီးသန့်ခန်းတစ်ခန်း၌
ပိယောင် သည် ပျောက်ကွယ်သွားသော လူငယ်၏ ကျောပြင်ကို မော့ကြည့်ရင်း မျက်မှောင်ကြုတ်မိကာ ကျိန်ဆဲလိုက်ပါသည်-
“ဟဲဟွမ်ဂိုဏ်း က ကပ်ပါးကောင်မ “
ထိုသို့ ပြောပြီးနောက်တွင်၊ သူမသည် ဒေါသတကြီးဖြင့် ဂျိချန်းဖန် ကို တားဆီးရန် လုပ်ဆောင်ခဲ့သည်။
သို့သော် သူမကို ယိုကျီက တားလိုက်၏။
“ယောင်အာ၊ ဘယ်သွားမလို့လဲ” ယိုကျီ က တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်သည်။
ထိုအခါ ပိယောင် ၏ မျက်လုံးများ လှိမ့်လိုက်ကာပြောလိုက်သည် “အန်တီယို၊ အဲ့ ကပ်ပါးမဆီကနေ ချီကျောင်း ရဲ့တည်နေရာကို သွားမေးမလို့ပါ။ ဟွန်း~ သူက ကျွန်မတို့ကို ဒီကို ခေါ်လာပြီး အဓိပ္ပာယ်မရှိတဲ့ ကဗျာတချို့ ရေးခိုင်းပြီးမှ သူကိုယ်တိုင် ထွက်သွားပါလေရော” ဟု ပြောလိုက်သည်။
သူမ ပြောနေစဉ်တွင်၊ ပိယောင် သည် ပို၍ပင် ဒေါသထွက်လာခဲ့၏။
သူမသည် ချီကျောင်း ၏ တည်နေရာကို မေးမြန်းရန် အမှန်တကယ် လုပ်ဆောင်နေပါသလော။
မဟုတ်ပါချေ။သူ သည် ဂျိချန်းဖန်နှင့် ကျန့်ပင်အာ၏ နွေဦးည ကို နှောက့်ယှက်ရန် အစွမ်းကုန် ကြိုးစားနေခြင်းပင်။
ယိုကျီ သည် ခဏတာ တွေဝေသွားသောအခါ
ပိယောင် သည် တံခါးအပြင်ဘက်သို့ အလျင်စလို ပြေးထွက်ရန် ပြင်ဆင်ပြီး ဖြစ်သည်။
“ဒုန်း ဒုန်း ဒုန်း—“
ထိုအချိန်တွင် တံခါးခေါက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
ပိယောင် သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ တံခါးကို ချောမွေ့စွာ ဖွင့်လိုက်လေသည်။
ထိုအခါ ဆွဲဆောင်မှုရှိသော လှပသည့် အမျိုးသမီးတစ်ဦးသည် သီးသန့်ခန်းအပြင်ဘက်တွင် ပေါ်လာခဲ့သည်၊ သူမသည် မကြာမီက ပေါ်လာခဲ့သော ရှောင်ရှန်နန်းဆောင် ၏ ခေါင်းဆောင်ဖြစ်သည်။
“ကလေးမ၊ ဘယ်သွားမလို့လဲ” လှပသော အမျိုးသမီးသည် ဒေါသထွက်နေသော ပိယောင် ကို ကြည့်ကာ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“ကျွန်မ...” ပိယောင် ၏ စကားများ ရပ်တန့်သွားသည်။ထို့နောက် သူမက သူမရှေ့မှ လှပသော အမျိုးသမီးကို စိတ်တိုစွာ စိုက်ကြည့်ကာ “ဒါက ရှင်နဲ့ ဘာဆိုင်လို့လဲ” ဟု ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ၊ လှပသော အမျိုးသမီးသည် အနည်းငယ် ပြုံးလိုက်၏။
သူမသည်အမှန်ပင် သရဲဘုရင်ဂိုဏ်း မှ ဤ သခင်မလေးအား ပြန်လည် ငြင်းဆိုခြင်းကို မပြုရဲပေ။ထိုအစား သီးသန့်ခန်းအတွင်းရှိ အနက်ရောင်ဝတ် အလှပဂေးကိုသာ ကြည့်လိုက်သည်။
“စူးကျူးက သံတမန် ကို အရိုအသေပြုပါတယ်” လှပသော အမျိုးသမီးက ဦးညွှတ်ကာနှုတ်ဆက်လိုက်၏။
ယိုကျီ သည် သူမကို ကြည့်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် “မင်းက ဟဲဟွမ်ဂိုဏ်း ကလား” “မှန်ပါတယ်” လှပသော အမျိုးသမီးသည် ခေါင်းအနည်းငယ် ငြိမ့်ကာ “ကျွန်မက ချီမြစ်မြို့ ကဒီနေရာရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်” ဟု ပြန်ပြောခဲ့သည်။
“ဟား” ယိုကျီ က လှောင်ပြောင်လိုက်ကာပြောလိုက်သည် “ဟဲဟွမ်ဂိုဏ်း မှာ တကယ်ကို စွမ်းဆောင်နိုင်စွမ်းကြီးမားပါလား ချီမြစ်မြို့ မှာ ဒီလို ကြီးမားတဲ့ အင်အားစုကို တိတ်တဆိတ် ထူထောင်နိုင်ခဲ့တာလား”
လှပသော အမျိုးသမီးသည် အနည်းငယ် ပြုံးလိုက်ကာ နှိမ့်ချသော်လည်း ခိုင်မာသော လေသံဖြင့် “သံတမန် က နောက်ပြောင် နေပြန်ပါပြီ၊ ဘာပဲဖြစ်ဖြစ် ချီမြစ်မြို့ က အရှေ့ပင်လယ်နဲ့ နီးစပ်ပြီး ကျွန်မတို့ ဟဲဟွမ်ဂိုဏ်း ရဲ့ ဌာနချုပ်ကလည်း အနီးအနားမှာ ရှိပါတယ်လေ...”
သူမ၏ အသံသည် တည်ငြိမ်ကာ ၎င်းတွင် သွယ်ဝိုက်သော ခြိမ်းခြောက်မှု အနည်းငယ် ပါဝင်နေသည်။
ဤစကားကို ကြားသောအခါ ယိုကျီ ၏ မျက်လုံးများ အနည်းငယ် ကျဉ်းသွားပြီး သူမက လျစ်လျူရှုသော လေသံဖြင့် “ဒါဆို ဘာလဲ မင်းက ငါ့ကို သတိပေးဖို့ ဒီကို လာတာလား”
“ကျွန်မ မပြုဝံ့ပါဘူး” လှပသော အမျိုးသမီးက အနည်းငယ် ဦးညွှတ်လိုက်သည်။
သူမ ရှေ့မှ ယိုကျီ သည် နတ်ဆိုးလမ်းစဉ် ၏ မူလ မဟာ သံတမန်လေးပါး ထဲမှ တစ်ဦးဖြစ်သည်။ သူမ ဘယ်လိုလုပ် ခြိမ်းခြောက်ရဲပါပေမည်နည်း။
လှပသော အမျိုးသမီးသည် သူမ၏ ပန်းထိုးလက်စွပ်အင်္ကျီလက်မှ စာရွက်တစ်ရွက်ကို ထုတ်ယူကာ “ ချီကျောင်း သတင်းနဲ့ ပတ်သက်ပြီး၊ ကျွန်မတို့ ဟဲဟွမ်ဂိုဏ်း က စုံစမ်းပြီးသား ဖြစ်ပါတယ်...”
ထိုသို့ ပြောပြီးနောက်တွင်၊ သူမသည် လက်လှမ်းကာ စာရွက်ကို ကမ်းပေးပြီး ဆက်လက်၍ “သံတမန် ကို သတင်း ပေးပို့ဖို့ ကျွန်မ အထူးတလည် လာခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့အားလုံး နတ်ဆိုး လမ်းစဉ် ရဲ့ တပည့်တွေပါပဲ၊ တစ်ဦးနဲ့တစ်ဦး ကူညီသင့်ပါတယ်” ဟု ပြောခဲ့သည်။
ဤစကားကို ကြားသောအခါ ယိုကျီ ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ စာရွက်ကို ယူပြီး ဖွင့်ကြည့်လိုက်ရာ ချီကျောင်း နှင့် ပတ်သက်သော အချက်အလက်အားလုံးကို အစအဆုံး အသေးစိတ် မှတ်တမ်းတင်ထားသည်ကို တွေ့လိုက်ရ၏။
“မင်းတို့ ဟဲဟွမ်ဂိုဏ်း က ဒီ ချီကျောင်း အတွက် ယှဉ်ပြိုင်ဖို့ အစီအစဉ် မရှိဘူးလား” ယိုကျီ သည် အံ့အားသင့်သွားသည်ပင်။
ထိပ်တန်း နတ်သားရဲ ဖြစ်သော ချီကျောင်း သည် ဦးခေါင်းမှ အမြှီးထိ ရတနာတစ်ပါးဖြစ်သည်။ ထိုအရာသည် မည်သူ့အတွက်မဆို စိတ်ဝင်စားစရာကောင်းသော်လည်း ဟဲဟွမ်ဂိုဏ်း သည် အချက်အလက်များကို အလကား ပေးလိုက်သည်လော။
လှပသော အမျိုးသမီးသည် သက်ပြင်းချကာ “နောက်ဆုံး ကျင်းယွမ်ဂိုဏ်း ကို ကျူးကျော်မှုကတည်းက ကျွန်မတို့ ဟဲဟွမ်ဂိုဏ်း ရဲ့ အကြီးအကဲ အများအပြားက ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ကုသဖို့ တံခါးပိတ် ကျင့်ကြံနေကြပါတယ်...”
“ကျွန်မတို့မှာ ချီကျောင်း ကို ပြိုင်လုဖို့ လူအင်အား တကယ်ပဲ မလုံလောက်ပါဘူး။”
“ဒီနေ့ နတ်ဆိုးလမ်းစဉ် ရဲ့ လုပ်ဖော်ကိုင်ဖက် တပည့်တွေကို သတင်း ဝေမျှတဲ့အတွက်၊ ကျွန်မတို့ တောင်းဆိုချင်တာက ချီကျောင်း ဟာ အထက်လမ်းစဉ် ရဲ့ လက်ထဲကို မကျရောက်ပါစေနဲ့လို့ပါပဲ။”
ဤစကားများကို ကြားသောအခါ ယိုကျီ သည် တိတ်ဆိတ်နေခဲ့၏။သို့သော်
ခဏတာ စဉ်းစားပြီးနောက်တွင် သူမက ထပ်မံ၍ “အဲ့ဒီ ကျင့်ပင်အာ က မင်းတို့ ဟဲဟွမ်ဂိုဏ်း ရဲ့ တပည့်တစ်ယောက်လား”ဟုမေးလိုက်သည်။
ဤစကားကို ကြားသောအခါ၊ လှပသော အမျိုးသမီး၏ မျက်နှာပေါ်တွင် အံ့အားသင့်မှု အနည်းငယ် ပေါ်လာပြီး ယိုကျီ က ဤမေးခွန်းကို မေးလိမ့်မည်ဟုမထင် သောကြောင့် အံ့ဩနေပုံသွားသည်။ထို့နောကိ
သူမက ရှင်းပြလိုက်သည်” ကျင့်ပင်အာ ဟာ ကျွန်မတို့ ဟဲဟွမ်ဂိုဏ်း ရဲ့ တပည့် မဟုတ်ပါဘူး၊ သူမဟာ ရှောင်ရှန်နန်းဆောင် ထဲက မိန်းကလေးတစ်ဦး သက်သက်ပါပဲ။ ဘာဖြစ်လို့လဲ”
“သံတမန် စိတ်ဝင်စားလို့လား”
ယိုကျီ သည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ကာ သူမသည် အဖြေမပေးဘဲ “ပြန်လို့ ရပါပြီ” ဟုသာ ပြောခဲ့သည်။
လှပသော အမျိုးသမီးသည် အနည်းငယ် ဦးညွှတ်ပြီးနောက် လှည့်ထွက်သွားခဲ့၏။ထိုအခါ
“ဟွန့်….” ပိယောင် က နှာခေါင်းရှုံ့လိုက်သည်။
ကျင့်ပင်အာ သည် ဟဲဟွမ်ဂိုဏ်း ၏ တပည့်မဟုတ်ကြောင်း ကြားပြီးနောက်တွင် သူမသည် ဒေါသ မထွက်တော့ချေ။
ရိုးရိုး နန်းဆောင်သူတစ်ဦးက
(နန်းဆောင်သူ =ညဉ့်ငှက် = ပြည့်တန်ဆာ)
သူမ၏ ရုပ်ရည် မည်မျှ လှပပါစေ...
သူမနှင့် ဘယ်လို ယှဉ်နိုင်ပါမည်နည်း။
…
အခြားတစ်ဖက်၌
ချင်ဝူယန် သည်လည်း ချီကျောင်း နှင့် ပတ်သက်သော အချက်အလက်အားလုံးကို ရရှိခဲ့သည်။
သူသည် ထွက်ခွာတော့မည့် လှပသော အမျိုးသမီးကို ခေါ်ကာ “အဲ့ဒီ ဝတ်ရုံဖြူ လူငယ်ရဲ့ နောက်ကြောင်းကို မင်း သိသလား” ဟု မေးခဲ့သည်။
ဤစကားကို ကြားသောအခါ လှပသော အမျိုးသမီးသည် အံ့အားသင့်သွားသည်။
သူမက ညင်သာစွာ “ထို လူငယ်က ရိုးရိုးလေလွင့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သင့်တယ်၊ သူ့ရဲ့ ကျင့်ကြံမှုအဆင့် က ယူကျင်း ရဲ့ အဆင့် ရှစ် သို့မဟုတ် အဆင့် ကိုးလောက် ရှိနိုင်တယ်။ သူက ချီကျောင်း ကို အမဲလိုက်ဖို့ သီးသန့် ချီမြစ်မြို့ ကို ရောက်လာတာ ဖြစ်နိုင်တယ်။”
“ဒီကျွန်မ သတိထားမိတာက သူသုံးတဲ့ မှော်ရတနာ ဟာ သိပ်မကောင်းဘူး။”
“ဒါကြောင့်သူက ချီကျောင်း ကို အမဲလိုက်ပြီး ထိပ်တန်းအဆင့် မှော်ရတနာ တစ်ခုကို သန့်စင်ချင်ပုံ ရပါတယ်” ဟု ပြောခဲ့သည်။
လှပသော အမျိုးသမီး၏ စကားများသည် ခိုင်မာသော အကြောင်းပြချက် ရှိ၏။
ဤစကားကို ကြားသောအခါ ချင်ဝူယန် သည် တိတ်ဆိတ်နေခဲ့သည်။ထို့ကြောင့်
လှပသော အမျိုးသမီးသည် ကြာကြာ မနေဘဲ လှည့်ထွက်သွားခဲ့သည်။
“သခင်လေး၊ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ...”
အဘိုးအိုတစ်ဦးက မှောင်မိုက်သော မျက်နှာထားဖြင့် လည်ချောင်းလှီးဖြတ်သည့် အမူအရာကို ပြသခဲ့သည်။ သူသည် ဂျိချန်းဖန် ၏ ယခင်က စော်ကားပြောဆိုမှုများကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။
“မလိုပါဘူး”
ချင်ဝူယန် သည် ခေါင်းကို ညင်သာစွာ ခါယမ်းကာ “ချီမြစ်မြို့ မှာ လှုပ်ရှားဖို့ အဆင်မပြေပါဘူး။ သူလည်း ချီကျောင်း ကို အမဲလိုက်ဖို့ စီစဉ်နေတာပဲ၊ ဒါဆို ချီကျောင်း ပေါ်လာပြီးနောက်မှာ သူ့ကို အလွယ်တကူ သတ်ပစ်လို့ ရပါတယ်” ဟု ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ အဘိုးအိုသည် ကျိုးနွံစွာ ခေါင်းညိတ်လိုက်သည်။
“သခင်လေးက ပညာရှိပါပေတယ်”။