ကျင့်ပင်အာ၊သခင်လေး ကျွန်မကို ရွေးပေးပါ
Vol. 13 Ch. 130
ထိုစကားကို ကြားသော် ဂျိချန်းဖန် မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
သူသည် သူ၏ လက်ထဲမှ မိန်းကလေးကို စနောက်သော အရိပ်အမြွက်ဖြင့် ကြည့်လိုက်ပြီး သူမ၏ ရည်ရွယ်ချက်များကို ခန့်မှန်းမိလိုက်၏။
(# Tl note : ,အခမဲ့စီးနင်းခြင်းဆိုသည်မှာ အခမဲ့ ပြည့်တန်ဆာခေါ်ယူခြင်းပင်ဖြစ်၏။ မသိသောသူများ နားလည်စေရန်)
‘ဟဲဟဲ’
‘ငါကပဲ အမြဲတမ်း သူများဆီက အလကားယူခဲ့တာ’
‘ငါ့ဆီက အလကားရသွားတဲ့လူ မရှိဖူးသေးဘူး’
ထိုသို့ တွေးလိုက်ပြီး ဂျိချန်းဖန်သည် ကျင့်ပင်းအာ ဘယ်လို ပရိယာယ်တွေ သုံးချင်လဲဆိုတာ ကြည့်ချင်၏။
ဒါကြောင့် သူ ညင်သာစွာ ပြောလိုက်သည်။ “အဆင်မပြေဘူးဆိုရင်လည်း မေ့လိုက်ပါ။ ဒီည ကောင်းကောင်း နားပေါ့”
မိန်းကလေး မြောင် သနားစဖွယ် ကြည့်ပြီး ပြောလိုက်သည်။ “သခင်လေး၊ ဒီည မထွက်သွားလို့ မရဘူးလား”
“ကောင်းပြီ” ဂျိချန်းဖန် ပေါ့ပေါ့ပါးပါး သဘောတူလိုက်သည်။
ဒါက အရင်ကလို စကားပါပဲ
အကျိုးအမြတ် ရှိရင် ဘာလို့ မယူရမှာလဲ။
သူ လှည့်ပြီး သူ၏ လက်ထဲမှ မိန်းကလေးကို ကောက်ယူကာ အိပ်ရာဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူ လက်ဝှေ့ယမ်းကာ အိပ်ခန်းထဲမှ ဖယောင်းတိုင်များကို ငြှိမ်းသတ်လိုက်ပြီး သူကိုယ်တိုင် အိပ်ရာထဲသို့ ဝင်ရောက်လိုက်သည်။
“...” ကျင့်ပင်အာ အနည်းငယ် တောင့်တင်းသွားသည်။
သူမ၏ နက်နဲသော မျက်လုံးများသည် ဂျိချန်းဖန်ကို ခဏတာ စိုက်ကြည့်နေ၏။ ကျင်းယွမ်ဂိုဏ်း၏ အနာဂတ် ဂိုဏ်းချုပ်သည် ဒီလို လူယုတ်မာမျိုး ဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ
ကျင့်ပင်အာ၏ လှပသော မျက်နှာ အနည်းငယ် နီရဲသွားသည်။
သူမသည် သူမ၏ ဘဝတွင် အမျိုးသားတစ်ဦးနှင့် အိပ်ရာအတူ မျှဝေခြင်းသည် ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။
“သခင်လေး၊ ကျွန်မ အိပ်လို့ မရဘူး” မိန်းကလေး မြောင် ညင်သာစွာ ပြောလိုက်သည်။
သူမ၏ နူးညံ့သော ဆံပင်သည် ဂျိချန်းဖန်၏ ကိုယ်ခန္ဓာကို အဆက်မပြတ် ပွတ်တိုက်နေပြီး လှုပ်ရှားမှုတိုင်းသည် သွေးဆောင်မှုများ ဖြင့်ပြည့်နေ၏။
ရိုးရိုးသားသား ပြောရလျှင် ကျင့်ပင်းအာ အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။
ဘာကြောင့်လဲဆိုတော့ ဂျိချန်းဖန်မှာ တုံ့ပြန်မှု လုံးဝ မရှိဘူးလို့ သူမ တွေ့ရှိရလို့ပဲ။ သူမ ဘယ်လောက်ပဲ စနောက်နေပါစေ၊ သူ၏ ခန္ဓာကိုယ်သည် အလွန် တည်ငြိမ်နေပြီး စိတ်အားထက်သန်သော တုံ့ပြန်မှု လုံးဝ မရှိပေ။
ဒီလူက သွေးသားရှိတဲ့ လူငယ်တစ်ဦး ဟုတ်သေးရဲ့လား။
ဒီအသက်အရွယ်က အမျိုးသားတွေဟာ နွားတစ်ကောင်လို သန်မာသင့်တယ် မဟုတ်ဘူးလား။
ဘာလို့ ဒီလူမှာ တုံ့ပြန်မှု လုံးဝ မရှိတာလဲ။
ကျင့်ပင်အာ စိတ်ရှုပ်ထွေးနေသည်။
ဟုတ်ပါတယ်၊ သူမ သေးငယ်သော လှုပ်ရှားမှုများ ပြုလုပ်ရန် မရဲပေ။
ဘာပဲဖြစ်ဖြစ် သူမ၏ ဘေးတွင် အိပ်နေသူသည် ယွီယန်ဇီကို တစ်ဦးတည်း သတ်ခဲ့သော ရက်စက်သော လူတစ်ဦး ဖြစ်သည်။
သူမ အနည်းငယ်လေး လှုပ်ရှားလိုက်လျှင်ပင် အသက်ရှင်နိုင်မည် မဟုတ်ကြောင်း သူမ ကောင်းကောင်း သိသည်။
“အိပ်မရဘူးလား” ဂျိချန်းဖန် ပေါ့ပေါ့ပါးပါး ပြောသည်။ “ဒါဆို မင်း ကြယ်တွေ ရေတွက်ကြည့်ပါလား”
ထိုသို့ ပြောပြီး သူသည် မိန်းကလေး၏ သိမ်မွေ့သော ကိုယ်ခန္ဓာကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
အခွင့်အရေး ယူလိုက်ခြင်း ဖြစ်သည်။
“...” ကျင့်ပင်းအာ သူမ၏ သွားများကို အနည်းငယ် ကြိတ်လိုက်(အံကြိတ်လိုက်ခြင်း) မိသည်။ သူမသည် ဂျိချန်းဖန်၏ လက်ကို ပုတ်ထုတ်ပစ်လိုသော စိတ်အားထက်သန်မှုကို ပြင်းပြင်းထန်ထန် တွန်းလှန်ပြီး ညင်သာစွာ ပြောသည်။ “သခင်လေး၊ ကျွန်မနဲ့ စကားပြောချင်လား”
“ကောင်းပြီ” ဂျိချန်းဖန် ခေါင်းညိတ် သဘောတူလိုက်သည်။
သူ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
တကယ်ပဲ ကျင့်ပင်အာသည် ကျင့်ပင်အာ ဖြစ်ထိုက်သည်။
ဆယ်နှစ်အကြာမှလို မကောင်းဘူးဆိုရင်တောင် သူမ၏ အခြေခံက အခုထိ မဆိုးသေးပေ။
“သခင်လေး၊ သခင်လေး ချီမြစ်ထဲက သွေးနီရောင်နဂါးအတွက် ချီမြစ်မြို့ကို လာတာလား” ကျင့်ပင်အာ သတိထား၍ မေးမြန်းလိုက်သည်။
သူမ၏ ပန်းတိုင်သည် ပျော်ရွှင်စရာ ပေါင်းစည်းခေါင်းလောင်း ဖြစ်သော်လည်း ပျော်ရွှင်စရာ ပေါင်းစည်းခေါင်းလောင်းသည် ဂျိချန်းဖန်၏ ကိုယ်ပေါ်တွင် လောလောဆယ် မရှိသေးပေ။ ဒါကြောင့် သူမသည် သူ့ကို ပိုမို နီးကပ်လာစေရန် နည်းလမ်းရှာရမည်။
ထို့နောက်မှ ပျော်ရွှင်စရာ ပေါင်းစည်းခေါင်းလောင်းအတွက် ဖြည်းညှင်းစွာ ကြံစည်ရ ပေမည်။
ဂျိချန်းဖန် ခေါင်းခါပြီး ပြောလိုက်သည်။ “ဒီတစ်ကြိမ် ချီမြစ်မြို့ကို လာတာက မတော်တဆ သက်သက်ပဲ။ သွေးနီရောင်နဂါး ဒါမှမဟုတ် ဘာကိုမှ ငါ ဂရုမစိုက်ဘူး။ ငါ့ရဲ့ အဓိက ရည်ရွယ်ချက်က...”
“...ဝိဇ္ဇာစာလုံး ရဲ့ အရိပ်အယောင်တွေကို ရှာဖွေဖို့ပါ”
နတ်ဆိုးရှစ်သွယ် မဟာမီးမှော်အစီအရင် တွင် အသက်ဝင်စေရန် အခြေအနေ သုံးခု ရှိသည်။
ပထမတစ်ခုက နက်နဲသော မီးမှန် ဖြစ်သည်။
ဒုတိယတစ်ခုက ရွှမ်းမီးအစီရင် ဖြစ်သည်။
တတိယနှင့် အရေးကြီးဆုံးအချက်မှာ ရှေးဟောင်း ဝိဇ္ဇာမျိုးနွယ်ဝင်များ၏ ပြည့်စုံသော စာလုံးပေါင်းများ ရှိမှသာ အောင်မြင်စွာ ပစ်လွှတ်နိုင်မည် ဖြစ်သည်။
ဂျိချန်းဖန်သည် ဝိဇ္ဇာစာလုံးကို လုံးဝ မသိပေ။
ဗဟိုလွင်ပြင် တိုက်ကြီးတွင်လည်း ဝိဇ္ဇာစာလုံး မှတ်တမ်းများ မရှိပေ။
သူ ကျင့်ပင်အာကို ဒီအရာတွေ ပြောပြရခြင်း အကြောင်းရင်းကတော့ ကံစမ်းကြည့်ဖို့ သက်သက်ပင်။ ဒီ ဟဲဟွမ်ဂိုဏ်းက တပည့်မလေး ဝိဇ္ဇာစာလုံး အမွေအနှစ် တည်နေရာကို သိမသိ ကြည့်ဖို့ ဖြစ်သည်။
တကယ်လို့ မအောင်မြင်ခဲ့ရင် ဒီကိစ္စ ပြီးသွားရင် တောင်ပိုင်းနယ်စပ်ကို တစ်ခေါက် ခရီးသွားနိုင်တယ်။
သို့မဟုတ် သူ ကျင်းယွမ်ဂိုဏ်းကို ပြန်ပြီး နှစ်အနည်းငယ် ကြိုးကြိုးစားစား ကျင့်ကြံနိုင်သည်။ သူ၏ ကျင့်ကြံမှု တိုးတက်လာပြီးနောက် ဖန်ရှန်ချိုင့်ဝှမ်း ၏ ရွှမ်းဟူနတ်ကွန်း ထဲကို တိုက်ရိုက် ပြေးဝင်သွား ပေမည်။ အမြီးကိုးချောင်းရှိသော နတ်မြေခွေးလေး ရှောင်ပိုင် ကို ကယ်တင်မည်ဖြစ်ပြီး ရွှမ်းဟူနတ်ကွန်းတွင် ဝိဇ္ဇာစာလုံး မှတ်တမ်းများ ရှိမရှိကိုလည်း စစ်ဆေးမည်။
“ဝိဇ္ဇာစာလုံး” ကျင့်ပင်းအာ၏ မျက်လုံးများ အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။
သူမ မှန်အောင် မှတ်မိတယ်ဆိုရင် ဟက်ဟွမ်ဂိုဏ်းမှာ ဝိဇ္ဇာစာလုံး အမွေအနှစ် တစ်စိတ်တစ်ပိုင်း ရှိပုံရသည်။
လွန်ခဲ့သည့် နှစ်များက ရွှေခေါင်းလောင်းမဒမ်သည် ဝိဇ္ဇာစာလုံး အမွေအနှစ် တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့ပြီး ၎င်းကို အသုံးပြု၍ ထူးဆန်းသော ကျိန်စာများစွာကို ဖော်ထုတ်ခဲ့သည်။ စိတ်ခံစားမှု ပြင်းထန်ပြီး အလွန် ဆိုးယုတ်သော ဖမ်းစားချစ်ကျိန်စာ ကို ရွှေခေါင်းလောင်းမဒမ်သည် ဝိဇ္ဇာစာလုံး အမွေအနှစ်၏ အကူအညီဖြင့် သုတေသနပြုခဲ့၏။
“ဟင် ဘာလဲ မင်း ဝိဇ္ဇာစာလုံးကို သိသလား” ဂျိချန်းဖန်သည် သူ၏ လက်ထဲမှ မိန်းကလေး၏ ပုံမှန်မဟုတ်မှုကို သတိပြုမိသည်။
ကျင့်ပင်အာ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါကာ ပြောသည်။ “ကြားဖူးပါတယ်။ တောင်ပိုင်းနယ်စပ် ရှေးဟောင်း ဝိဇ္ဇာမျိုးနွယ်ဝင်တွေရဲ့ ဘာသာစကား ဖြစ်ပုံရတယ်”
“ဟုတ်တယ်” ဂျိချန်းဖန် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ကျင့်ပင်းအာ ခဏတာ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ဘာမှ မပြောခဲ့ပေ။
ဘာပဲဖြစ်ဖြစ် သူမ၏ အမှန်တကယ် ကိုယ်ပိုင်အမှတ်အသားသည် ပြည့်တန်ဆာတစ်ဦး မဟုတ်ဘဲ ဟဲဟွမ်ဂိုဏ်း၏ အံ့ဖွယ်သုံးပါးနတ်သမီး၏ ကိုယ်ပိုင်တပည့် ဖြစ်သည်။ ဂျိချန်းဖန်သာ သိသွားလျှင်...
သူမ အသက်ရှင်နိုင်မည် မဟုတ်ပေ။
ရိုးရိုးသားသား ပြောရလျှင် ကျင့်ပင်အာသည် ဂျိချန်းဖန်အပေါ် အနည်းငယ် နားလည်မှု လွဲမှားနေသည်။
သူက ဘယ်လိုလုပ် သွေးဆာနေတဲ့သူ ဖြစ်နိုင်မှာလဲ။
သူသည် နတ်ဆိုးဂိုဏ်းမှ လူဆိုးများစွာကို သတ်ခဲ့သော်လည်း ထိုသူများ အားလုံး ကိုယ့်ဖာသာကိုယ် ဖြစ်စေခဲ့ကြသူများ ဖြစ်သည်။
သူသည် တကယ်တော့ သွေးဆာသူ မဟုတ်ပေ။
ကျင့်ပင်အာက “အင်း၊ ဟုတ်၊ ဟုတ်၊ ဟုတ်”
ညသည် စကားတစ်ခွန်းမျှ မပြောဘဲ ကုန်ဆုံးသွားသည်။
နောက်တစ်နေ့တွင် ကျင့်ပင်အာ ဖြည်းညှင်းစွာ နိုးလာသည်။
သူမသည် မျက်လုံးများကို အိပ်ချင်ယောင်ဆောင်ကာ ဖွင့်လိုက်ပြီး သူမ၏ ရှေ့မှ အဖြူရောင်ဝတ် လူငယ်ကို မော့ကြည့်လိုက်သည်။
တကယ်တော့ သူမ တစ်ညလုံး လုံးဝ မအိပ်ခဲ့ပေ။
ဘာပဲဖြစ်ဖြစ် သူမ၏ ဘေးနားတွင် အိပ်နေသူသည် ကျင်းယွမ်ဂိုဏ်း၏ အနာဂတ် ဂိုဏ်းချုပ်၊ နတ်ဆိုးဂိုဏ်း၏ ရှန်ချင်း ကျွမ်းကျင်သူများစွာကို တစ်ဦးတည်း သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ သူမ ဘယ်လိုလုပ် အိပ်နိုင်မှာလဲ။
“နိုးပြီလား” ဂျိချန်းဖန် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူလည်း တစ်ညလုံး မအိပ်ခဲ့ပေ။
သူတို့၏ မနေ့ညက စကားပြောဆိုမှုများမှ ဂျိချန်းဖန်သည် ကျင့်ပင်းအာ ‘ဝိဇ္ဇာစာလုံး’ အကြောင်း အချက်အလက်အချို့ကို သိရှိကြောင်း ခန့်မှန်းမိသော်လည်း သူ တိုက်ရိုက် မမေးခဲ့ပေ။
ဘယ်လိုပဲဖြစ်ဖြစ် အချိန်တွေ အများကြီး ရှိပါသေး၏။
သူ ဖြည်းဖြည်းချင်း လုပ်ဆောင်နိုင်သေး ပေသည်။
ပထမဦးစွာ သူမ ဘာလုပ်ဖို့ ရည်ရွယ်ထားလဲဆိုတာကို သူ ကြည့်ချင်မိရာ
“သခင်လေး” ကျင့်ပင်အာ သွေးဆောင်သံဖြင့် တီးတိုးပြောလိုက်သည်။
သူမသည် လက်လှမ်းကာ ဂျိချန်းဖန်၏ လက်မောင်းကို ပွေ့ဖက်လိုက်သည်။ သူမ၏ သိမ်မွေ့သော ကိုယ်ခန္ဓာသည် သူ့ကို အနည်းငယ် ပွတ်တိုက်နေပြီး သူမ၏ လှပသော မျက်နှာပေါ်တွင် စွဲမက်မှု အရိပ်အမြွက် ပေါ်လာသည်။
မိန်းကလေးက တိုးတိုးလေး ပြောသည်။ “သခင်လေး၊ သခင်လေး ကျွန်မကို ရွေးပေးပါလား။ ဒီ ကျွန်မ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး သခင်လေးနောက်ကို လိုက်ပါချင်ပါတယ်”
ထိုစကားကို ကြားသော် ဂျိချန်းဖန် အံ့အားသင့်သွားသည်။
သူသည် သူ၏ ရှေ့မှ မိန်းကလေးကို အံ့ဩစွာ ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်’ငါ မင်းဆီက အခမဲ့စီးနင်းမှု ရယူချင်ရုံပဲ ရှိသေးတာ၊ မင်းက ငါ့ကို တစ်သက်လုံး တွယ်ကပ်ချင်တာလား’
သူတို့ မနေ့ညက အိပ်ရာအတူ မျှဝေခဲ့သည်ကို ထည့်သွင်းစဉ်းစား၍ ဂျိချန်းဖန်တိုက်ရိုက် ငြင်းပယ်၍ မရပေ။ ဒါကြောင့် သူ မေးလိုက်သည်။ “မိန်းကလေး မြောင်ရဲ့ ရွေးဖိုးက ဘယ်လောက်လဲ”
ကျင့်ပင်အာ သနားစဖွယ် ပြောသည်။ “သခင်လေးကို ပြန်ဖြေရရင် ငွေတစ်သောင်းကိုးထောင်ကျပ်လောက် ရှိပါတယ်”
ဂျိချန်းဖန်၏ လက်များကတုန်ယင်သွားသည်။
ဟုတ်ပါတယ်၊ ဒါက ဟန်ဆောင်မှု သက်သက်ပင်ဖြစ်၏။
“ငွေတစ်သောင်းကိုးထောင်ကျပ်”
“အဟွတ်၊ အဟွတ်”
“ဒါ... နည်းနည်း ခက်မယ် ထင်တယ်”
ဂျိချန်းဖန် စိတ်ရှုပ်ထွေးနေဟန်ဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသော် ကျင့်ပင်အာသည် သူ့ကို အနည်းငယ် မကျေမနပ်ဖြင့် ကြည့်လိုက်၏။ ဂုဏ်သိက္ခာရှိသော ကျင်းယွမ်ဂိုဏ်း၏ အနာဂတ် ဂိုဏ်းချုပ်သည် လူ့ဘုံ၏ ငွေအနည်းငယ်ကို ဘာလို့ ချို့တဲ့ရမည်နည်း။
သူ အခမဲ့လိုချင်ရင် တိုက်ရိုက် ပြောလိုက်သင့်သည်။
“သခင်လေးကျွန်မလည်း ဒီနှစ်တွေအတွင်း ငွေတွေ အများကြီး စုဆောင်းထားပါတယ်။ သခင်လေး နည်းနည်းလေး ထပ်ပေါင်းပေးရုံနဲ့ ကျွန်မကို ရွေးယူနိုင်ပါတယ်”
ကျင့်ပင်အာသည် ‘ကျွန်မ သခင်လေးကို လိုက်ပါဖို့ ဆုံးဖြတ်ထားပြီးသား’ ဟူသော အမူအရာဖြင့် ရှိနေသည်။
ဤမြင်ကွင်းကို မြင်သော် ဂျိချန်းဖန် မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “နောက်မှ ပြောရအောင်၊ နောက်မှ ပြောရအောင်...”
အခမဲ့စီးနင်းမှု လာယူခြင်းကို သွေးနီရောင်နဂါးသတင်း စုံစမ်းခြင်းအဖြစ် ရှင်းပြနိုင်သော်လည်း သူမကို ရွေးယူမည်ဆိုလျှင်...
ကျင့်ပင်
အာ၏ ရည်ရွယ်ချက် ဘာပဲ ဖြစ်နေပါစေ၊ ဒီကိစ္စ ကျင်းယွမ်ဂိုဏ်းကို ရောက်သွားရင် ရွှယ်ချီက သူ့ကို အကြီးအကျယ် ဒုက္ခပေးလိမ့်မည်။