← Chapters

အခန်း (၄၃)

Vol. 5 Ch. 43

အခန်း (၄၃)

Vol. 5 Ch. 43

ကျောက်ဝူကျီ၏ဟိန်းသံသည် ရေခဲတံဆိပ်ကို ချေမှုန်းလိုက်ပေသည်။

ငါးမီတာမြင့်သော သိုင်းဝိဉာဉ်အစစ်အမှန်ကိုယ်ခန္ဓာသည် တောအုပ်ထဲသို့ ပြေးသွားပြီး ၎င်း၏အဆုံးမရှိသော ဝိဉာဉ်စွမ်းအားသည် ထိန်းချုပ်မရသည့် ဒေါသ ဒီရေလှိုင်းများကဲ့သို့ မြေကြီးအား ထပ်ကာထပ်ကာ ဆေးကြောနေသည်။

“မင်း ဘယ်ကိုပြေးမလဲ။”

သူသည် ကျိုးပဲ့သောအကိုင်းအခက်များနှင့် သစ်သားတုံးများ၊ ရွှံ့နွံတွင်းများကို ဖြတ်သန်းသွားခဲ့သည်။

သို့သော်သူ၏ခြေရာကို ရှာမတွေ့နိုင်ပါ။

ဤအခိုက်အတန့်တွင်။

မိုးမှာတဖြည်းဖြည်း စဲလာပြီး ကောင်းကင်ယံတွင် ဖြူဖျော့သော အပြာမီးခိုးရောင်အရိပ်တစ်ခု ပေါ်လာခဲ့သည်။ ဤအရာသည် ကျောက်ဝူကျီကို ပို၍စိုးရိမ်စိတ်ဖြစ်စေခဲ့သည်။

လီကျယ်ရှန်း၏စွမ်းအင်သည် လုံးဝပျောက်ကွယ်သွားခဲ့ပြီး ကမ္ဘာမြေမျက်နှာပြင်မှ ရေငွေ့ပျံသွားသည်နှင့်တူပေသည်။

“အဲဒီကောင်လေးက ငါ့ရဲ့ သိုင်းဝိညာဉ်ခန္ဓာကိုယ်ရဲ့ အရိပ်ကိုပဲထိမိရင်တောင် ၈၀ ရာခိုင်နှုန်း သေနိုင်ခြေရှိတယ်။”

“ဒါပေမယ့် ငါကံစမ်းလို့မရဘူး...”

“ဒီကောင်လေးက အရမ်းရက်စက်တယ်။”

“သူ့ကို အသက်ရှင်ခွင့်မပေးနိုင်ဘူး။”

သူသည် အချည်းအနှီးအာရုံခံစားရန် မကြိုးစားတော့ပါ။ ထို့အစား အရက်စက်ဆုံးဖျက်ဆီးမှုကို စတင်ခဲ့သည်။

ဧရာမလက်သီးတစ်ချက်သည် ဥက္ကာခဲတစ်လုံးကဲ့သို့ ကြိတ်ချေခဲ့ပြီး လမ်းကြောင်းပေါ်ရှိ သစ်ပင်များအားလုံးကျိုးပဲ့သွားသည်။ မြေကြီးမှာ ပြင်းထန်သောအားဖြင့် ဆုတ်ဖြဲခံရပြီး နက်ရှိုင်းသောတွင်းကြီးများစွာကို ဖြစ်‌ပေါ်လာသည်။

လီကျယ်ရှန်းကို ရှာဖွေရန် ဤနယ်မြေတစ်ခုလုံးကို လှန်ပစ်လိုက်ပြီး မြေကြီးကိုတူးဖော်ရန် သူရည်မှန်းခဲ့သည်။

ဟိန်းသံသည် မနက်ခင်း၏ငြိမ်သက်မှုကို ချေမှုန်းလိုက်သည်။

ဤကဲ့သို့သောအသံများသည် တဖြည်းဖြည်းတောက်ပလာသောကောင်းကင်အောက်တွင် မသက်မသာဖြစ်စေသည်။

အဝေးတွင် ခြေသံများနှင့် မှုန်ဝါးသောအသံများကို ကြားနိုင်ပေသည်။

ကျောက်ဝူကျီ၏ကြီးမားသောကိုယ်ခန္ဓာသည် ရုတ်တရက်ရပ်တန့်သွားပြီး သူ၏မျက်နှာအမူအရာသည် အလွန်ဆိုးရွားစွာဖြစ်သွားခဲ့သည်။

သူသည် ချင်းမင်၏သတိပေးချက်ကို သတိရခဲ့သည်။ လီကျယ်ရှန်းသည် မိတ်ဆွေအပေါင်းအသင်းများသောလူဖြစ်သည်။ ဤနေရာသည် ကြာရှည်စွာနေထိုင်ရန် မလုံခြုံပါ။

ကျောက်ဝူကျီသည် သူ၏သိုင်းဝိဉာဉ်အစစ်အမှန်ပုံစံကို ဖျောက်ဖျက်လိုက်ပြီး သူ၏ခိုင်မာသောပုံသဏ္ဍာန်သည် ပျက်စီးနေသောတောအုပ်၏နက်ရှိုင်းရာသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

သူသည် မာဟုန်ကျွင်းကို ခေါ်ဆောင်သွားပြီး ချက်ချင်းထျန်းဒိုမြို့မှ ထွက်ပြေးရမည်။

ထျန်းဒိုနန်းတော်။

ညဘက်၌ကောင်းစွာအိပ်မပျော်ခဲ့သော ရွယ်ချင်းဟော်သည် မင်းသား၏နံနက်ခင်းသင်ခန်းစာများကို ပြီးဆုံးခဲ့သည်။ ထုထည်ကြီးမားသော အနီရောင်နံရံများအောက်တွင် သူလမ်းလျှောက်နေသည်။ ဤအချိန်တွင် သူ၏စိတ်နှင့်ကိုယ်နှစ်ပါးစလုံး ပင်ပန်းနွမ်းနယ်နေခဲ့သည်။

သို့သော် နောက်ပိုင်းတွင် ကြာကန်သို့သွားရန် စဉ်းစားခဲ့သည်။ အဲဒီလူနဲ့ညစာစားတာက သူမကို နောက်တစ်ခါ စိတ်ချမ်းသာအောင်လုပ်ပေးပေသည်။

“နန်းတော်ကို အမြန်ပြန်ရမယ်။”

မနေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။

အဲဒါက ရာသီဥတုကို ပူပြင်းစိုထိုင်းစေသောကြောင့် သူမ နန်းတော်ပြန်သွားပြီး ရေချိုးဖို့လိုတယ်၊ ပြီးရင် နတ်ကြက်သားသုံးကောင်ကို သူတို့ချိန်းထားသောနေရာကို ယူဆောင်သွားပေမည်။ အကြောင်းမှာ ဒီကောင်လေးသည် အရသာကို ရွေးချယ်ရာတွင် အလွန်ဂျေးများပေသည်။

ရွယ်ချင်းဟော်သည် သူမ၏နှုတ်ခမ်းထောင့်တွင် သိသိသာသာမမြင်နိုင်သော အပြုံးတစ်ခုကို ဖော်ထုတ်လိုက်သည်။

မင်းသားအိပ်ခန်း။

ရွယ်ချင်းဟော်သည် သူမ၏ဆံပင်ရှည်ကို သုတ်လိုက်သည်။ အမျိုးသားအဝတ်အစားကို ဝတ်ဆင်ထားသော်လည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လှပသောနူးညံ့သိမ်မွေ့မှုကို မြင်တွေ့နိုင်သည်။

ထိုအချိန်တွင်...

မြွေလှံသည် မှုန်မှိုင်းနေသော မျက်နှာအမူအရာဖြင့် ရောက်ရှိလာပြီး ရွယ်ချင်းဟော်ကို လျှပ်တစ်ပြက်ကြည့်လိုက်ကာ သွားကြိတ်လျက်

“သခင်လေး သတင်းတစ်ခုရှိတယ်... စိတ်အေးအေးထားပါ။”

ရွယ်ချင်းဟော်သည် သူမ၏ဆံပင်ကို သုတ်တဲ့လုပ်ဆောင်မှုကို ရပ်တန့်လိုက်ပြီး

စိတ်ထဲတွင် ရုတ်တရက် မကောင်းသောနိမိတ်လက္ခဏာတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ပြော”

“မနေ့ညက အရှေ့ဆင်ခြေလျှောမှာ ဝိဉာဉ်ဆရာတွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ သူတို့ရဲ့စွမ်းအားကို ကြည့်ရတာ ဝိညာဉ်သူတော်ဆင်အဆင့်ဖြစ်နိုင်တယ်”

“အရှေ့ဆင်ခြေလျှော...”

ရွယ်ချင်းဟော်၏ကိုယ်ခန္ဓာသည် ရုတ်တရက်တောင့်တင်းသွားခဲ့သည်။ သူမသည် မြွေလှံ၏စကားလုံးများ၏နောက်ကွယ်ရှိ အဓိပ္ပါယ်ကို ချက်ချင်းနားလည်သွားခဲ့သည်။

အရှေ့ဆင်ခြေလျှော - ထိုနေရာသည် လီကျယ်ရှန်း၏နေရပ်ဖြစ်သည်။

“လီ…လီကျယ်ရှန်း…ဘယ်မှာလဲ။”

“အခင်းဖြစ်တဲ့နေရာမှာ သွေးနံ့အနည်းငယ်ရှိသည်။ လီကျယ်ရှန်းက...ပျောက်ဆုံးသွားပြီ။”

ရွယ်ချင်းဟော်၏မျက်နှာသည် အရောင်ပြောင်းသွားခဲ့သည်။

သူမသည် သုံးကြိမ်မျှတုန်ခါပြီးနောက် ဟန်ချက်ညီအောင် နောက်ကွယ်ရှိစားပွဲ၏ထောင့်ကို ဆုပ်ကိုင်ခဲ့ရသည်။

ထို့နောက် ရွယ်ချင်းဟော်သည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

သူမ၏ဆံပင်မှာရှုပ်ထွေးနေပြီး အောက်ခံအင်္ကျီသာရှိသည်ကို လျစ်လျူရှုကာ နန်းတော်မှထွက်ပြေးခဲ့သည်။

ဝေးသောနေရာမှ အေးစက်သောသံတစ်သံသည် မြွေလှံ၏နားရွက်များကို ဖြတ်သွားခဲ့သည်။

“မြို့တစ်ခုလုံးကို ပိတ်ထားလိုက်။”

“ဘယ်သူ့ကိုမျှ ခွင့်မပြုဘူး။”

ဒူကူနန်းတော် မီးဖိုချောင်။

ဒူကူယန်သည် ဟင်းအိုးတစ်လုံးကို စောင့်ကြည့်နေခဲ့သည်။ မကြာခဏဆိုသလို အမှုန့်အနည်းငယ်ကို ကောက်ယူပြီး ဖြူးလိုက်သည်။ စောင့်ကြည့်နေသော မီးဖိုချောင်ဝန်ထမ်းများမှာတော့ ထိတ်လန့်နေကြသည်။ ဒူကူမိန်းကလေးသည် မည်သည့်အခါကမျှ ချက်ပြုတ်ခြင်းမရှိပါ၊ ထို့ကြောင့် ချက်ပြုတ်ခြင်းနှင့် အဆိပ်ပြင်ဆင်ခြင်းကို မမှားစေရန်သာစုတောင်းနေရပေသည်။

ဤအခိုက်အတန့်တွင်။

ရိပ္ခာဝယ်ယူရန် အပြင်သို့ထွက်ခဲ့သော အစေခံများသည် ပြန်လာခဲ့ကြသည်။ ဒူကူယန်ကိုမမြင်ရပဲ သူတို့အချင်းချင်း စိတ်လှုပ်ရှားစွာဆွေးနွေးနေကြသည်။

“မင်းမကြားဘူးလား။ မနေ့ညက အရှေ့ဆင်ခြေလျှောမှာ ဝိဉာဉ်ဆရာတွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်။”

“အို၊ သွေးမြစ်တစ်ခုရှိတယ်၊ လက်တွေ၊ ခြေထောက်တွေ နေရာအနှံ့ပျံ့နှံ့နေတယ်လို့ ကြားရတယ်။”

“လူငယ်တစ်ယောက်သေဆုံးသွားတယ်တဲ့၊ ဘယ်လောက်ဝမ်းနည်းစရာကောင်းလိုက်သလဲ။”

ထိုခဏ၌ ဇွန်းလေးတစ်ချောင်း မြေပြင်ပေါ်ကျသွားပေသည်။ ဒူကူယန်သည် ဖြည်းဖြည်းချင်း လှည့်လာပြီး သူမ၏မျက်လုံးအတွင်းပိုင်းမှ ပျောက်ကွယ်သွားသော စိမ်းလန်းသောအရောင်သည် စကားပြောနေသော အစေခံများကို အေးစက်စွာကြည့်ရှုလျက် မှုန်ဝါးစွာ ပြန်လည်တောက်ပလာခဲ့သည်။

“ဘာ...မင်းပြောတာလဲ။”

ထိုအခါ အစေခံများသည် တုန်လှုပ်သွားပြီး အလျင်အမြန် ဒူးထောက်ကန်တော့ကြသည်။

“ဒူကူမိန်းကလေး”

“မင်းပြောတာ...ဘယ်မှာ...ဝိဉာဉ်ဆရာတွေအကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်...”

“မြို့ရဲ့... အရှေ့ဆင်ခြေလျှောမှာပါ နောက်ပြီးဝမ်းနည်းစွာသေဆုံးသွားပါပြီ...”

အစေခံမိန်းကလေး၏စကားမဆုံး‌သေးခင် ဒူကူယန်သည် လေပြင်းတစ်ခုကဲ့သို့ မီးဖိုချောင်မှ ထွက်ပြေးခဲ့သည်။ ခြံဝင်းအတွင်း တရားထိုင်နေသော ဒူကူဘိုသည် သူမကိုထိုသို့မြင်ရပြီး စိတ်ရှုပ်ထွေးနေသည်။

“ယန်ယန်၊ ဘာဖြစ်သွားတာလဲ။”

ဒူကူယန်သည် သွားကြိတ်လျက် တုန်လှုပ်နေသောအသံဖြင့် ပြောခဲ့သည်။

“လီကျယ်ရှန်း...တစ်ခုခုဖြစ်သွားပြီ။”

“ဘာ?!”

ယဲနန်းတော်။

“အမေ! ငါနဲ့လိုက်ခဲ့။”

ယဲလင်းလင်းသည် သာမန်တိတ်ဆိတ်သိမ်မွေ့သော ကိုယ်ရည်ကိုယ်သွေးနှင့် လုံးဝကွဲပြားခြားနားနေသည်။ သူသည် သူ၏မိခင်ဖြစ်သူ လက်ကိုဆွဲယူပြီး စကားမပြောဘဲ နန်းတော်မှထွက်ပြေးခဲ့သည်။

မဒမ်ယဲ၏ ဂုဏ်သိက္ခာရှိသောမျက်နှာပေါ်တွင် အံ့အားသင့်မှုတစ်ခု လျှပ်တစ်ပြက်ထွက်ပေါ်လာခဲ့သည်။ သူမ၏သမီးကို ဤကဲ့သို့ထိန်းချုပ်မှုမရှိသည်ကို ပထမဆုံးအကြိမ်တွေ့မြင်ခဲ့ရသည်။

“လင်းလင်း၊ အမျိုးသမီးငယ်တစ်ယောက်အနေနဲ့ ဒီလိုမဖွယ်မရာပြုမှုမျိုးကို ဘယ်လိုလုပ်နိုင်တာလဲ။”

မဒမ်ယဲ့က မျက်ခုံးကြုတ်လိုက်တယ်။

“လီကျယ်ရှန်းက ကြမ်းတမ်းတဲ့အမျိုးသမီးတွေကို နှစ်သက်တက်လို့လား။”

“အမေ!”

ယဲလင်းလင်း၏ အပြာရောင်မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်လျှမ်းနေပြီး သူမသည် တုန်လှုပ်စွာ ပြောဆိုနေခဲ့သည်။

“လီကျယ်ရှန်း...တစ်ခုခုဖြစ်ပုံရတယ်။”

“ဘာ…”

မဒမ်ယေ၏မျက်နှာအမူအရာ ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ သူမသည် သူမသမီး၏ လက်ကောက်ဝတ်ကို အခြားလက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ယဲလင်းလင်းထက် ခြေသုံးလှမ်းပိုမြန်အောင် လမ်းလျှောက်လာခဲ့သည်။

“ဘာဖြစ်သွားတာလဲ။ လမ်းမှာပြောပြ။”

အရှေ့ဆင်ခြေလျှော။

တောအုပ်နှင့်ကပ်လျက်ရှိသော ထိုခြံငယ်...

ဖြစ်နိုင်သည်၊ ဤအချိန်တွင် ၎င်းကို “ကျောင်းတော်” ဟု ခေါ်ဆိုနိုင်မည်မဟုတ်ပါ။

လှည့်ပတ်ကြည့်ရှုလိုက်ပါက အုတ်ခဲများ၊ ကြွေပြားများနှင့် သစ်သားလွှာများသည် မြေပြင်ပေါ်တွင် နေရာအနှံ့ပြန့်ကျဲနေပြီး နံရံများကျိုးပဲ့ကာ မီးခိုးများထွက်နေပြီး နက်ရှိုင်းသောတွင်းများရှိနေသည်။

မနေ့ညက မိုးသည်းထန်စွာရွာသွန်းထားသည်တောင်မှ လေထဲရှိ မှုန်ဝါးသောသွေးအနံ့ကို လုံးဝဆေးကြောပစ်၍မရပါ။

ဤအရာမှာ မနေ့ညက တိုက်ပွဲသည် မည်မျှပြင်းထန်ကြောင်း ပြသနေပေသည်။ အပျက်အစီးများကို ကြည့်ရှုသူအုပ်စုတစ်စုက ဝိုင်းရံထားသည်။

ဘုရင်စစ်တပ်တစ်စုသည် ခြေလှမ်းကြီးများဖြင့် ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းရန် တင်းကျပ်စွာပြောဆိုခဲ့သည်။

ရွယ်ချင်းဟော်သည် မျက်နှာတင်းထားသည်။ ခြေလှမ်းတစ်လှမ်းစီဖြင့် ဤတစ်ခါက ရင်းနှီးသောကျုံးထဲသို့ ဝင်ရောက်ခဲ့သည်။ သူမမျက်စိထဲတွေ့ရသော ဖျက်ဆီးခံရမှုသည် ယခင်ကဖြူဖျော့နေသော သူမ၏မျက်နှာမှ နောက်ဆုံးအရောင်ကိုပင် ဖယ်ရှားပစ်လိုက်သည်။ သူမ၏ခြေလှမ်းများသည် လေးလံနှေးကွေးပေသည်။

သူမ၏အကြည့်သည် ကွဲအက်နေသောအုတ်နံရံများ၊ မြေလှန်ထားသောမြေဆီလွှာနှင့် မီးခိုးထွက်နေသောတွင်းများကို တစ်လက်မစီဖြတ်၍ ဖြတ်သန်းသွားခဲ့သည်...

သူမသည် သတိထားရန် လိုအပ်သော ကြောက်ရွံ့မှုကို သယ်ဆောင်လာခဲ့သည်။

သူသည် ရင်းနှီးသောပုံရိပ်ကို မတွေ့ရှိရသည်ကို ကြောက်ရွံ့ပြီး... သူမသည်းမခံနိုင်သောမြင်ကွင်းကို မြင်လိုက်ရသည်။

ထိုအချိန်တွင်။

နောက်တစ်ကြိမ် ရှုပ်ထွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ဒူကူဘိုသည် အေးခဲရက်စက်ကြမ်းကြုတ်သောစွမ်းအားကို ထုတ်လွှတ်နေသော ဒူကူယန်နှင့် မျက်ရည်များဖြင့်ပြည့်နေသော ယဲလင်းလင်းကို ထိန်းသိမ်းထားသော မဒမ်ယဲတို့နှင့် အတူတကွ လာရောက်ခဲ့သည်။

လေးဦးသည် ၎င်းတို့ရှေ့တွင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့သည်။

လေထုသည် ချက်ချင်းတင်းမာလာ၍ နင်း၍မရသောလေထုကိုဖြစ်ပေါ်စေခဲ့သည်။

“ဘယ်သူ... ဒါကိုလုပ်ခဲ့တာလဲ...?”

ဒူကူယန်၏သွယ်လျသောကိုယ်ခန္ဓာသည် တုန်လှုပ်လာခဲ့ပြီး သူမ၏လည်ပင်းတွင် အပြာရောင်အကြေးခွံအကွက်များ ပေါ်လာခဲ့သည်။

ယဲလင်းလင်း၏အပြာရောင်မျက်လုံးများသည် အာရုံစူးစိုက်မှုကို ဆုံးရှုံးခဲ့သည်။

“အခု အရေးအကြီးဆုံးအလုပ်က လီကျယ်ရှန်းကို ရှာဖွေဖို့ပဲ။”

ဒူကူဘို၏အကြည့်များသည် အေးခဲပြီး ရက်စက်ကြမ်းကြုတ်နေသည်။ လီကျယ်ရှန်းသည် ဒူကူမိသားစုအတွက် ကျေးဇူးတရားအကြီးအကျယ်ပြုလုပ်ခဲ့သည်။

သူသည် ကျေးဇူးကန်းသူမဟုတ်ပါ။

လီကျယ်ရှန်းသာ အမှန်တကယ် လုပ်ကြံသတ်ဖြတ်ခံရပါက သူ၊ အဆိပ်ဒူလိုသည် ထိုလူကို သေခြင်းထက် ပိုဆိုးသည်မှာ အဘယ်အရာကိုဆိုလိုသည်ကို နားလည်စေပေမည်။

မဒမ်ယဲသည် သူမ၏လက်သီးများကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး အေးခဲသောနှင်းမှုန်များသည် သူမ၏ကြော့ရှင်းသောမျက်နှာပေါ်သို့ တဖြည်းဖြည်းတက်လာခဲ့သည်။

“စုံစမ်းစစ်ဆေးကြ ထျန်းဒိုမြို့ရှိ ယဲမိသားစု၏အရင်းအမြစ်အားလုံးကို အသုံးပြု၊ မြေကြီးကို သုံးပေထိတူးပြီး လီကျယ်ရှန်းကို ရှာကြ။”

လီကျယ်ရှန်းသည် ဘုံ၇ဆင့်ပြသာဒ်ကို ကျော်တက်ရန် ယေမိသားစုအတွက် နှလုံးသားကိုးခုပန်း၏ မျှော်လင့်ချက်ဖြစ်သည်။

လီကျယ်ရှန်းကို တစ်စုံတစ်ရာဖြစ်ပျက်ရန် သူမခွင့်မပြုပေ။

ရွယ်ချင်းဟော်သည် အပျက်အစီးများ၏ဗဟိုတွင် တိတ်ဆိတ်စွာရပ်နေခဲ့သည်။

သူမ၏မျက်နှာသည် ထူးဆန်းစွာ အေးဆေးတည်ငြိမ်နေခဲ့သည်။ သို့သော် ထိုအချိန်တွင် သူမ၏မျက်လုံးများသည် ရုတ်တရက်တုန်လှုပ်သွားခဲ့သည်။

သူမ၏အကြည့်သည် ကြွေပြားကွဲတစ်ခုအောက်တွင် ရပ်တန့်သွားပေသည်။ ထိုနေရာမှာ ငြိမ်သက်စွာလဲလျောင်းနေတဲ့ ရင်းနှီးတဲ့ ထီးတစ်လက်ရှိပာ ထီးသည် ဆုတ်ဖြဲခံရပြီး အရိုးများကျိုးကာ ရွှံ့နွံများဖုံးလွှမ်းနေသည်။

အဲဒါက မနေ့တုန်းက...

သူမ ကိုယ်တိုင် လီကျယ်ရှန်းကို ပေးခဲ့တဲ့ဟာ…

All Chapters