← Chapters

ဟဲဟွမ်ဂိုဏ်းသို့အလည်အပတ်သွားခြင်း

Vol. 14 Ch. 138

ဟဲဟွမ်ဂိုဏ်းသို့အလည်အပတ်သွားခြင်း

Vol. 14 Ch. 138

ကျင့်ပင်အာ တုန်လှုပ်သွား၏။

သူမ၏ ဆောင်းဦးရေ ကဲ့သို့ တောက်ပသော မျက်လုံးများသည် သူမ၏ ရှေ့ရှိ အဖြူရောင်ဝတ် လူငယ်လေးကို ကြည့်နေပြီး မေတ္တာသက်ဝင်နေပုံရသည်။

“အင်း~”

ကညာပျိုလေးသည် နာခံစွာ ခေါင်းညိတ်လိုက်၏။

သူမသည် ဂျိချန်းဖန်၏ ရင်ဘတ်ကို ညင်သာစွာ မှီလိုက်ပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။

“ကျွန်မ နားလည်ပါတယ်”

တစ်လ သို့မဟုတ် နှစ်လကြာ ရင်းနှီးစွာ ထိတွေ့ခဲ့ရသောကြောင့်

ရည်ရွယ်ချက်တစ်ခုဖြင့် စတင်ခဲ့သည်ဆိုသော်လည်း ထိုမျှ ကာလကြာရှည် ထိတွေ့ပြီးနောက် အနည်းနှင့်အများ ပုံမှန်မဟုတ်သော ခံစားချက်အချို့ ပေါ်လာမည်မှာ သေချာသည်။

ပြောစရာမလိုသည်မှာ သူမသည် စိတ်ပိုင်းဖြတ်ပြီးသားပင်ဖြစ်၏။

သူမသည် သူမ၏ ရှေ့ရှိ ဤလူငယ်လေးနောက်သို့ အမြဲတမ်း လိုက်ပါနေမည်ပင်။

“ကောင်းပြီ”

“ငါနဲ့ လိုက်ခဲ့”

ဂျိချန်းဖန်သည် ကျင့်ပင်အာ၏ ဦးခေါင်းငယ်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး လုရွှေချီ တံခါးပိတ်ကျင့်ကြံမှုမှ ထွက်မလာရန် သူ၏ နှလုံးသားထဲတွင် ဆုတောင်းနေလိုက်သည်။

မဟုတ်ပါက ပြဿနာရှိနိုင်၍ပင်။

သို့သော် အချိန်ကို တွက်ချက်ကြည့်လျှင်

လုရွှေချီသည် ယခု တံခါးပိတ်ကျင့်ကြံနေဆဲပင်ဖြစ်သင့်သည်။

မည်သို့ပင်ဆိုစေ ဂရန်းမားတာ ရွယ်ယွဲ့ က သူမ သည် လပေါင်းများစွာနီးပါးခန့်ကျင့်ကြံရန် လိုအပ်သည်ဟု ပြောခဲ့ပြီး ယခုမူသုံးလခန့်သာ ကြာသေးသည်။

သူမသည် အထီးတည်းကျင့်ကြံမှုမှ ထွက်လာရန်အတွက် ခဏစောင့်ရဦးမည် ဖြစ်၏။

ဤသို့ တွေးလိုက်သောအခါ

ဂျိချန်းဖန်သည် သက်ပြင်းချလိုက်ကာသူ၏ ရင်ခွင်ထဲရှိ ကညာပျိုလေးကို လက်မောင်းဖြင့် ပွေ့ဖက်လိုက်ပြီး ပြတင်းပေါက်ဆီသို့ ရောက်လာကာ သွေးနီရောင် သက်တံ အဖြစ်သို့ ပြောင်းလဲပြီး ကောင်းကင်ယံသို့ ပျံတက်သွားကာ တိမ်တိုက်များထဲသို့ ထိုးဖောက်သွား၏။

ဤနေ့တွင်

ချီမြစ်မြို့တစ်ခုလုံးရှိ ကျင့်ကြံသူများအားလုံးထို ဓားသက်တံ ကို မြင်တွေ့ခဲ့ကြသည်။

တည်းခိုခန်း ၏ အပေါ်ဆုံးထပ်မှ ပျံထွက်သွားတာ

ဟုန်လူ ဓားနတ်ဘုရား ဖြစ်နိုင်တယ်။

ကျင့်ကြံသူ အများအပြားသည် အော်ဟစ်သံများဖြင့် ချီမြို့တည်းခိုခန်းသို့ စုပြုံရောက်ရှိလာကြသည်။

နောက်ဆုံးတွင် တည်းခိုခန်း၏ တာဝန်ခံပုဂ္ဂိုလ် က ရှေ့သို့ ထွက်လာပြီး ဟုန်လူ ဓားနတ်ဘုရား သည် မြောင်မိန်းက‌လေးကို ရွေးခဲ့ပြီး သူတို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုအပေါ်တွင် ကျင့်ကြံသူများသည် အလွန် နောင်တရခဲ့ကြ၏။

သို့သော် အချို့ကမူ ဤဖြစ်ရပ်သည် လှပသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်ဟု ခံစားခဲ့ကြရသည်။

ထို့ကြောင့် တဖြည်းဖြည်းနှင့်

မြောင်မိန်းက‌လေးသည် ဟုန်လူ ဓားနတ်ဘုရား ကို ချစ်ခင်စွဲလမ်းခြင်း၊ ဟုန်လူ ဓားနတ်ဘုရား က သူမကို ရွေးသွားခြင်းနှင့် သူတို့နှစ်ဦး အတူတကွ ပျံသန်းထွက်ခွာသွားသော လှပသော ဇာတ်လမ်းသည် တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။

လအနည်းငယ်အတွင်း

ဤလှပသော ဇာတ်လမ်းသည် ဟေယန်မြို့၊ ကျင်းယွမ်ဂိုဏ်း၊ ရှောင်ကျူးတောင်ထွတ်၊ ဝမ်ယွဲ့စင်မြင့် နှင့် တံခါးပိတ်ကျင့်ကြံမှုမှထွက်လာ သော လုရွှယ်ချီ ထံသို့ ပျံ့နှံ့သွားခဲ့သည်။

နှစ်ရက်ကြာပြီးနောက်

ကျင်းယွမ်တောင် အောက်ခြေတွင် ဓားသက်တံတစ်ခု ဆင်းသက်လာ၏။

“ရွှစ်—“

သွေးနီရောင် ဓားအလင်းရောင် ပျောက်ကွယ်သွားကာသစ်တောထဲတွင် ပုံရိပ်နှစ်ခု ပေါ်လာသည်။ ကျင့်ပင်းအာသည် ဂျိချန်းဖန်၏ ရင်ခွင်ထဲတွင် လဲလျောင်းနေပြီး အနည်းငယ် ခေါင်းမူးနေသလို ခံစား‌ နေရသည်။ သူမ၏ နူးညံ့သော မျက်နှာသည် ပန်းရောင် ရဲရဲ သန်းနေပြီး သူမသည် တွေဝေစွာ မေးလိုက်သည်

“သခင်လေး၊ ဒါ ဘယ်နေရာလဲ”

“ကျင်းယွမ်ဂိုဏ်း” ဟု ဂျိချန်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ကျင်း-ကျင်းယွမ်ဂိုဏ်း”

ကျင့်ပင်အာ ထိုနေရာတွင် တိတ်ဆိတ်သွားသည်။

ချီမြစ်ကမ်းဘေးမှ မိုင်ပေါင်း သောင်းချီ ခရီးသွားပြီး ချင်းယွင်ဂိုဏ်း သို့ နှစ်ရက်အတွင်း ရောက်ရှိလာခဲ့သည်လော။

ဤသည်မှာ မည်မျှ ထိတ်လန့်ဖွယ်ကောင်းသော ဓားစီးနင်းမှု အရှိန်အဟုန် ဖြစ်သနည်း။

ကျင့်ပင်အာ၏ တောက်ပသော မျက်လုံးများသည် ဂျိချန်းဖန်ကို ကြည့်နေကာသူမ၏ မျက်လုံးများသည် လေးစားကြည်ညိုမှု များဖြင့် ပြည့်နှက်နေသည်။

ဂျိချန်းဖန်သည် ဤအရာကို အကျင့်ဖြစ်နေပြီပင်။

“မင်း ငါနဲ့အတူ ပြန်လိုက်လာချင်လား၊ငါ့ဆရာနဲ့ ဂိုဏ်းခေါင်းဆောင်ကြီးကို တွေ့ဖို့အတွက်လေ”

ဤစကားကို ကြားသော် ကျင့်ပင်အာ တစ်ခဏ တွန့်ဆုတ်သွားပြီးနောက် နောက်ဆုံးတွင် ခေါင်းခါကာ ပြောလိုက်သည်။ “မလုပ်တော့ပါဘူး၊ကျွန်မ ဒီမှာပဲ စောင့်နေပါ့မယ်”

ဂျိချန်းဖန် ခေါင်းညိတ်လိုက်၏။

သူသည်လည်း အများကြီး မပြောခဲ့ပေ။

မည်သို့ပင်ဆိုစေ ယဉ်ကျေးရုံသာ ဖြစ်သည်။

ကျင့်ပင်းအာကို ယခု ကျင်းယွမ်ဂိုဏ်းသို့ ပြန်ခေါ်သွားရန် သူ မရဲဝံ့ပါ။ အဓိကအားဖြင့် ဆရာ၊ ဆရာကတော် နှင့် ညီမငယ်တို့ကို ရှင်းပြရန် ခက်ခဲမည်ဖြစ်ပြီးတာအိုရွှမ်း နှင့် သူ၏အဖွဲ့ကမူ ကိုင်တွယ်ရ ပိုမိုလွယ်ကူမည် ဖြစ်သောကြောင့်မေးခြင်းပင်ဖြစ်၏။

“ဒါဆို မင်း ငါ့ကို ဒီမှာ ခဏ စောင့်နေပါ”

ဂျိချန်းဖန်က ညင်သာစွာ ပြောလိုက်သည်။

“ကောင်းပါပြီ” ကျင့်ပင်အာ နာခံစွာ ခေါင်းညိတ်လိုက်သည်။

ဤသို့ မြင်သောအခါ

ဂျိချန်းဖန်သည် ဆက်လက် တွန့်ဆုတ်မနေတော့ပေ။

သူသည် လှည့်ကာ ဓားသက်တံ အဖြစ်သို့ ပြောင်းလဲကာ တကျူတောင်ထွတ် ဆီသို့ ပျံသန်းသွားသည်။ တကျူတောင်ထွတ် သို့ ပြန်ရောက်သောအခါ

ဂျိချန်းဖန်သည် မည်သူ၏ အာရုံကိုမျှ မဆွဲဆောင်ခဲ့ပေ။

သူသည် သူ၏ သေးငယ်သော ဝင်းခြံသို့ တိတ်တဆိတ် ပြန်သွားကာ ပျော်ရွှင်စရာ ပေါင်းစည်းခြင်း ခေါင်းလောင်း ကို ဆွဲယူလိုက်ပြီးနောက် ချက်ချင်းထွက်ခွာသွားသည်။

ထို့နောက်

သူသည် ရှောင်ကျူးတောင်ထွတ် သို့ တိတ်တဆိတ် ပြေးသွားကာ လုရွှယ်ချီသည် တံခါးပိတ်ကျင့်ကြံဆဲ ဖြစ်ကြောင်း သေချာစေပြီးနောက်တွင်မှ တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့သည်။

“ရွှစ်—“

ခဏအတွင်းတွင်မူ ဓားအလင်းရောင် လင်းလက်သွားကာ ဂျိချန်းဖန်သည် တောင်အောက်ခြေသို့ ပြန်ရောက်လာသည်။

ကျင့်ပင်အာ၏ မျက်လုံးများ လင်းလက်သွားပြီး သူမသည် ပြန်လာသော လူငယ်လေးကို ကြည့်ကာ အနည်းငယ် အံ့သြသွားပြီး ပြောလိုက်သည်။ “သခင်လေးက မြန်မြန် ပြန်လာတယ်”

ဂျိချန်းဖန်သည် ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး ပြောလိုက်သည်။ “တစ်ခုခု ယူဖို့ပဲ”

ကျင့်ပင်အာ စဉ်းစားဟန်ရသည်။ ထို့နောက်သူမကအရိပ်အမြွက် ပြောလိုက်သည်။ “သခင်လေးက အစ်မလု ကို သွားမတွေ့ဘူးလား”

သူမသည် ဂျိချန်းဖန်နှင့် ပတ်သက်သော အရာအားလုံးကို အထူးတလည် စုံစမ်းခဲ့သောကြောင့် လုရွှယ်ချီ၏ တည်ရှိမှုကို သဘာဝအတိုင်း သိရှိခဲ့ပြီး သူမနှင့် ဂျိချန်းဖန်တို့ကြားရှိ မပြတ်နိုင်သော နှောင်ကြိုး ကို နားလည်ခဲ့သည်။

ကျူရှန်း ဓား အောက်တွင် ရဲရဲဝံ့ဝံ့ ဝင်ရောက်ခဲ့သော ထိုကောင်မလေးအတွက်ကျင့်ပင်အာသည် အမှန်တကယ်ပင် သူမကို လေးစားခဲ့၏။

သူမ ထိုသို့ မလုပ်နိုင်သေးကြောင်း ဝန်ခံရမည်ပင်။ အနည်းဆုံးတော့ ယခုမလုပ်နိုင်သေးမဟုတ်ပါလော။

ဤစကားကို ကြားသော် ဂျိချန်းဖန်သည် သူ၏ရှေ့မှ ဆွဲဆောင်မှုရှိသော မိန်းမလှ‌လေးကို လှမ်းကြည့်လိုက်ပြီး နောက်ပြောင်လိုက်သည်။ “သူမကတံခါးပိတ် ကျင့်ကြံနေတာ၊ ရှန်ကျင်း နယ်ပယ် ကို ချိုးဖျက်ဖို့အတွက်။အလျင်စလို မလုပ်ပါနဲ့၊ မင်း သူမနဲ့ တစ်နေ့နေ့မှာ တွေ့ရမှာပါ၊ အဲဒီအခါကျရင်...”

“မင်း ငိုတဲ့အထိ အထိုးအကြိတ် မခံရအောင် သတိထား”

“တံခါးပိတ် ကျင့်ကြံနေတာ၊ ရှန်ကျင်းနယ်ပယ် ကို ချိုးဖျက်ဖို့” ကျင့်ပင်အာ အနည်းငယ် တုန်လှုပ်သွားသည်။

သူမ၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အမြွက် ပေါ်လာကာ လုရွှယ်ချီ၏ ကျင့်ကြံမှုသည် ဤမျှ အဆင့်သို့ ရောက်ရှိ နေပြီလောဟု တွေးလိုက်မိ၏။

သူမသည် ဂျိချန်းဖန်မှလွဲ၍ အထက်လမ်းစဉ်နှင့် နတ်ဆိုး လမ်းစဉ် နှစ်ခုလုံးမှ သူမ၏ ရွယ်တူများ ထဲတွင် ထိပ်တန်းပုဂ္ဂိုလ် ဖြစ်နိုင်သည် မဟုတ်ပါလော။

ကျင့်ပင်အာ၏ လှပသော မျက်နှာပေါ်တွင် ကစားလိုသော အမူအရာ ပေါ်လာပြီး သူမသည် ပြုံးကာ ပြောလိုက်သည်။ “ကျွန်မက မကြောက်ပါဘူး၊ သခင်လေးကသာ ကြောက်သင့်တာ မဟုတ်လား”

“...” ဂျိချန်းဖန်၏ အမူအရာ အနည်းငယ် တောင့်တင်းသွားသည်။

သူသည် သူ၏ရှေ့မှမိန်းကလေးကို ကြည့်လိုက်ပြီး စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် ပျော်ရွှင်စရာ ပေါင်းစည်းခြင်း ခေါင်းလောင်း ကို သူမထံ ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။

“သွားရအောင်”

“ဟ ဟ “ ကညာပျိုလေးသည် ကစားလိုသော သဘောဖြင့် ရယ်မောလိုက်၏။

သူမသည် ကြာမြင့်စွာ လိုချင်ခဲ့သော ပျော်ရွှင်စရာ ပေါင်းစည်းခြင်း ခေါင်းလောင်း ကို ယူလိုက်သော်လည်း တစ်ခဏအတွင်း ဤ မှော်လက်နက် ကို သိပ်စိတ်မဝင်စားတော့ပေ။ သူမ၏ လှပသော မျက်လုံးများသည် သူမ၏ ရှေ့ရှိ လူငယ်လေးကို စွဲမြဲစွာသာ ကြည့်နေ‌ တော့မိ၏။

ကျင့်ပင်အာသည် ဂျိချန်းဖန်၏ ရင်ခွင်ထဲသို့ မှီလိုက်ကာ ပြောလိုက်သည်။ “သခင်လေး၊ လု အစ်မက ကျင်းယွမ်ဂိုဏ်း ရဲ့ အမြင့်ဆုံး လျှို့ဝှက်ကျင့်စဉ် — မိုးကြိုးနတ်ဓား ကို ကျင့်ကြံထားတယ်လို့ ကျွန်မ ကြားတယ်”

“ဒီဓားပညာက တစ်ယောက်ယောက်ကို တိုက်ခိုက်တဲ့အခါ နာလား”

“ငါ ဘယ်လို သိမလဲ ငါ တစ်ခါမှ အထိမခံဖူးဘူး”

“ဟဲဟဲ၊ သခင်လေး မကြာခင် အထိခံရတော့မှာပါ~”

“...မင်းကိုယ်မင်း စဉ်းစား၊ အဲဒီအခါကျရင် မငိုပါနဲ့”

“မကြောက်ပါဘူး~ အဆိုးဆုံးကတော့ သခင်လေးရဲ့ရှေ့မှာလု အစ်မအတွက် လက်ဖက်ရည် တိုက်၊ပခုံးတွေကိုနှိပ်ပေးလိုက်ရုံပါ လု အစ်မက ကျွန်မကို ဘာများ ပိုပြောနိုင်ဦးမှာလဲ”

“...ပါးစပ်ပိတ်”

“ဟဲဟဲ”

အရှေ့ပင်လယ်၊ လျူပိုတောင်

ထိုတောင်တွင် တောက်ပသော ဓားသက်တံ တစ်ခု လင်းလက်လာကာ ပျောက်ကွယ်သွား၏။

ကျယ်ပြန့်သော သမုဒ္ဒရာသည် လှိုင်းလုံးများဖြင့် လှုပ်ခတ်နေပြီး သန္တာကျောက်တန်းများကို ရိုက်ခတ်ကာ ရေမြှုပ်များကို ဖန်တီးနေသည်...

ဓားအလင်းရောင် ပျောက်ကွယ်သွားသောအခါ

ပုံရိပ်နှစ်ခု ပေါ်လာ၏။

“သခင်လေး၊ ရှောင်ယောင်စမ်းချောင်း(ဟဲဟွမ်ဂိုဏ်း၏ နတ်လှိုက်ဂူ)က ဟိုဘက်မှာပါ”

ကျင့်ပင်အာသည် အဝေးရှိ တောင်ကျချောင်းကို ညင်သာစွာ လက်ညှိုးထိုးပြလိုက်သည်။

ဟဲဟွမ်ဂိုဏ်း သည် တောင်ကျချောင်း၏ နက်ရှိုင်းသော အတွင်း၌ တည်ရှိ နေသည်။ ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာက ရွှေခေါင်းလောင်း သခင်မ မှ တွေ့ရှိခဲ့သော ထူးခြားသည့် အံ့ဖွယ်များရှိသည့် နေရာ၊ ဓမ္မဓိဋ္ဌာန်ကျသော ရတနာမြေ ဖြစ်ပြီး ဝိညာဉ်စွမ်းအင် သည် ထူးခြားစွာ ပေါများ၏။

“ကောင်းပြီ”

ဂျိချန်းဖန် ခေါင်းညိတ်လိုက်ကာသူသည် ကျင့်ပင်အာ၏ ခါးရှိ ပျော်ရွှင်စရာ ပေါင်းစည်းခြင်း ခေါင်းလောင်း ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ “မင်း တိုက်ရိုက် ဝင်သွားပြီး အမွေအနှစ်ကို စတင်လိုက်ပါ၊ ငါက မင်းအတွက် အပြင်မှာ ဟဲဟွမ်ဂိုဏ်း ရဲ့ အကြီးအကဲ တွေကို တားဆီးထားမယ်”

အမွေအနှစ်ကို စတင်ခြင်းအား ဟဲဟွမ်ဂိုဏ်း ၏ အကြီးအကဲ များက အနှောင့်အယှက် ပေးမည်လား မသေချာသောကြောင့် ဂျိချန်းဖန်သည် သူတို့နှင့် တိုက်ရိုက် တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။

“ကောင်းပါပြီ” ကျင့်ပင်အာ နာခံစွာ ခေါင်းညိတ်လိုက်၏။

သူမသည် တောင်ကျချောင်းမှ ဟဲဟွမ်ဂိုဏ်း သို့ တိတ်တဆိတ် ပြန်သွားစဉ် သုံးကြိမ်တိုင်တိုင် နောက်လှည့် ကြည့်ခဲ့သည်။

မကြာမီတွင်

ဂျိချန်းဖန်လည်း ဟဲဟွမ်ဂိုဏ်း ၏ တောင်တံခါး သို့ ဖြည်းညှင်းစွာ ရောက်ရှိလာသည်။ထို့နောက်

သူသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ သူ၏ အဖြူရောင်ဝတ်ရုံများ လွင့်ပျံနေပြီး တောင်တံခါး ရှေ့တွင် ရပ်ကာ သူ၏ ဓားကို ချောက်ကမ်းပါး ဆီသို့ ဦးတည်လိုက်ပြီး ကျယ်လောင်စွာအော်ပြောလိုက်သည်-

“ ဒီနိမ့်ကျတဲ့တာအိုကျင့်ကြံသူ ဟုန်လူဓားနတ်ဘုရားက ဟဲဟွမ်ဂိုဏ်းကို အလည်လာပါတယ်”

All Chapters