← Chapters

ချီကျောင်း သွေးနဂါးပေါ်လာခြင်း

Vol. 14 Ch. 132

ချီကျောင်း သွေးနဂါးပေါ်လာခြင်း

Vol. 14 Ch. 132

ချီမြစ်မြို့ တောင်ဘက်၊ တည်းခိုခန်းတစ်ခုအတွင်း

ချင်ဝူယန်သည် သူ၏လက်ထဲရှိ သတင်းအချက်အလက်များကို ကြည့်နေရင်း အတွေးနယ်ချဲ့နေမိ၏။

"သခင်လေး... ထျန်းယင်ကျောင်းတော်က စေလွှတ်လိုက်တဲ့ တပည့်သုံးဦးက ယူကျင်း သတ္တမ ဒါမှမဟုတ် အဋ္ဌမအဆင့် ဝန်းကျင်မှာ ရှိကြပြီး ဗုဒ္ဓ ကျင့်စဉ်က အစွမ်းထက်တယ်။ မဟာဗြဟ္မာပညာ နဲ့ဆိုရင် သူတို့ဟာ ကျွန်တော်တို့နဲ့တောင် ယှဉ်ပြိုင်နိုင်တယ်..."

အဘိုးအိုနှစ်ဦး၏ မျက်နှာသွင်ပြင်များမှာ အနည်းငယ် လေးနက်နေ၏။

ထိုစကားကို ကြားသော် ချင်ဝူယန် အနည်းငယ် ခေါင်းညိတ်သည်။ ခဏတာ စဉ်းစားပြီးနောက် သူက ပြောလိုက်၏။ "ဟဲ့ဟွမ်ဂိုဏ်းနဲ့ အဆက်အသွယ် ရခဲ့သလား"

"သူတို့ အကူအညီ ပေးဖို့ ဆန္ဒရှိပါသလား။ ရှိခဲ့ရင် သွေးနီရောင်နဂါးရဲ့ သွေးနဲ့ပတ်သက်တဲ့ ပစ္စည်းတချို့ကို သူတို့ကို ခွဲပေးရမယ်တဲ့"

အဘိုးအိုနှစ်ဦးသည် တစ်ပြိုင်နက်တည်း ခေါင်းခါလိုက်ကြသည်။

သူတို့သည် ဟဲ့ဟွမ်ဂိုဏ်းကို ဆက်သွယ်ရန် ကြိုးစားခဲ့ကြသော်လည်း နောက်ဆုံးအဖြေသည် စိတ်ကျေနပ်စရာ မရှိခဲ့ပေ။

"ဟဲ့ဟွမ်ဂိုဏ်းက သွေးနီရောင်နဂါးအတွက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ပုံမပေါ်ဘူး။ သူတို့က တစ်မျိုးမျိုး..." အဘိုးအိုတစ်ဦးက စဉ်းစားဟန်ဖြင့် ပြောလိုက်၏။

"ရည်ရွယ်ချက် ရှိပုံရတယ်"

ထိုစကားကို ကြားသော် ချင်ဝူယန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ခဏတာ စဉ်းစားပြီးနောက် သူက ဆက်ပြောလိုက်သည်။။ "တစ္ဆေဘုရင်ဂိုဏ်းကရော။ သူတို့လည်း လူတွေ စေလွှတ်ထားတယ် မဟုတ်လား"

အဘိုးအိုနှစ်ဦးသည် အချင်းချင်း အကြည့်ဖလှယ်လိုက်ကြ၏။

"သခင်လေး... ဂိုဏ်းဆိုးဘုရင်ဂိုဏ်းက သံတမန် ဗာမီလီယံရောက်နေတယ်။ ဒါ့အပြင် တစ္ဆေဘုရင်ဂိုဏ်းရဲ့ သခင်မလေး လည်း ဒီမှာ ရောက်နေတယ်။ သူ့ကို ကျွန်တော်တို့ ဘက်ပါအောင် စည်းရုံးနိုင်ရင် တကယ်ပဲ အကူအညီဖြစ်စေမှာပါ၊ ဒါပေမဲ့..."

သူတို့ မပြောဖြစ်ခဲ့သော အချို့အရာများ ရှိနေချေသည်။

သို့သော် နားလည်သူများက နားလည်ကြသည်ပင်။

ရှန်ကျင်းအဆင့် ကျွမ်းကျင်သူကို ခေါ်လာခြင်းသည် ပိုမိုစိတ်ချရသော်လည်း တန်ဖိုးတစ်ခုခုကို ပေးဆပ်ရမည် ဖြစ်၏။

သူတို့သည် အကျိုးအမြတ်၏ ကြီးမားသော အစိတ်အပိုင်းကို လျှော့ပေးရမည်သာ ဖြစ်‌ ချေသည်။

ချင်ဝူယန်သည် ဤအချက်ကို သဘာဝအတိုင်း နားလည်ထား၏။

များစွာ တွန့်ဆုတ်ပြီးနောက်တွင် သူသည် နောက်ဆုံး၌ လက်လျှော့ရန် ရွေးချယ်လိုက်သည်။

"ထားလိုက်တော့၊ သူတို့ကို ဆက်သွယ်ဖို့ မလိုတော့ဘူး။ ငါတို့ လျှို့ဝှက် လုပ်ဆောင်ကြမယ်" ချင်ဝူယန်၏ မျက်လုံးများ အနည်းငယ် လင်းလက်သွားချေသည်။

"ဟုတ်ကဲ့ပါ သခင်လေး" သက်ကြီးရွယ်အိုနှစ်ဦးသည် ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

နောက်ရက်များတွင်

ချီမြစ်မြို့သည် အရင်ကအတိုင်း တည်ငြိမ်နေဆဲဖြစ်ပြီး လမ်းမှန်ဂိုဏ်းများနှင့် နတ်ဆိုးဂိုဏ်းများတို့ ရောက်ရှိလာခြင်းကြောင့် မည်သည့် မငြိမ်မသက်မှုမျှ မကြုံခဲ့ရပေ။

သို့သော် ဤအရာအားလုံးသည် အပေါ်ယံသာ ဖြစ်ချေသည်။

တည်ငြိမ်မှုအားလုံးသည် ပိုမိုပြင်းထန်သော မုန်တိုင်းတစ်ခု၏ နိဒါန်းမျှသာ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ချီမြို့တည်းခိုခန်း၊ အပေါ်ဆုံးထပ်

ဂျိချန်းဖန်သည် ထိုင်ခုံပေါ်တွင် ပေါ့ပါးစွာမှီလျက် ရှိနေ၏။

သူ့နောက်ဘက်တွင်။

ကျင့်ပင်အာသည် ထွင်းဖောက်မြင်နေရသော ပိုးသားဝတ်ရုံကိုဝတ်ဆင်ထားကာ သူမ ၏ရင်သားများအား ဂျိချန်းဖန်၏ နောက်ကျော်ဘက်သို့ မထိတထိ လုပ်၍ ပခုံးများကိုလည်း ညင်သာစွာ နှိပ်နယ်ပေးရင်း တိုးတိုးလေး ရေရွတ်လိုက်၏။ "သခင်လေး... သွေးနီရောင်နဂါးက ချီမြစ်မြို့ရဲ့အပြင်ကို ရောက်နေပြီ။ သွားကြည့်ဖို့ မစီစဉ်ဘူးလား"

ထိုစကားကို ကြားသော် ဂျိချန်းဖန်က မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။ "မိန်းကလေးကလည်း ပျော်ပွဲစားထွက်ဖို့ လိုက်ချင်သလား"

ကျင့်ပင်အာ နှုတ်ခမ်းများကို အနည်းငယ် စေ့လိုက်ပြီး ပြန်မဖြေချေ။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဂျိချန်းဖန်သည် သူမနှင့် အဆက်မပြတ် နီးပါးနေခဲ့ပြီး သူတတ်နိုင်သမျှ အခွင့်အရေးအားလုံးကို ယူခဲ့ချေပြီ။

ရလဒ်က မည်သို့ ဖြစ်ခဲ့သနည်း။

သူမသည် မည်သည့် တိုးတက်မှုမျှ မရရှိသေးပေ။

တစ်ဝက်တစ်ပျက်တွင် သူမသည် ဆွဲဆောင်မှုတစ်စုံတစ်ရာကို အသုံးပြုရန် စွန့်စားခဲ့သော်လည်း ကံမကောင်းစွာဖြင့်...

ရလဒ်မှာ မပြောင်းလဲသေးပေ။

ဂျိချန်းဖန်သည် ဘာမှ မဖြစ်ခဲ့သည့်အလား လုံးဝ သက်ရောက်မှု မရှိခဲ့ပေ။

ဤအချက်က ကျင့်ပင်အာကို ပို၍ စိုးရိမ်ပူပန်ပြီး မအီမသာ ဖြစ်စေခဲ့၏။

သူမ သိလိုက်သည်မှာ ဂျိချန်းဖန်သည် သူမသရုပ်မှန်ကို သိရှိနေပြီ ဖြစ်တန်ရာ၏။

ထိုသို့ဆိုလျှင် သူ ဘာကြောင့် အရေးယူဆောင်ရွက်မှု မလုပ်ဘဲ နေခဲ့သနည်း။

အခမဲ့ဆက်လက်နေထိုင်ရန် စီစဉ်နေသည်လော။

ကျင့်ပင်အာ၏ မျက်လုံးများလင်းလက်သွားကာ အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် သူမသည် ဂျိချန်းဖန်နှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုရန် ဆုံးဖြတ်လိုက်သည်၊ သို့တည်းမဟုတ်...

ဂျိချန်းဖန် ရှာဖွေနေသည့် ရှေးဟောင်းစုန်းကျမ်း အမွေအနှစ်(ဝိဇ္ဇာစာလုံးကျမ်း) ကဲ့သို့သော လဲလှယ်မည့် အရာတစ်ခုကိုပေးရန် ဖြစ်သည်။

"သခင်လေး~" ကျင့်ပင်အာက ပြုံးလျက် ပြောလိုက်သည်။ "သခင်လေး အရင်တုန်းက ပြောခဲ့တဲ့ ရှေးဟောင်းစုန်းကျမ်း အမွေအနှစ်ကို ကျွန်မ ဘယ်နေရာမှာရှိလဲမှတ်မိပြီ ထင်ပါပေတယ်"

"အော်" ထိုစကားကို ကြားသော် ဂျိချန်းဖန်၏ မျက်နှာသွင်ပြင် အနည်းငယ် ပြောင်းလဲသွားချေသည်။ သူသည် သူ့နောက်မှ မိန်းကလေးကို လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးများတွင် စနောက်လိုသော အရိပ်အမြွက် ပေါ်လာ၏။

"ပြောပါဦး"

ရက်အနည်းငယ်သာ ရှိသေးသည် သူမ စိတ်မထိန်းနိုင်တော့‌ ပေလော။

"အင်း... ပင်အာ၊ မင်း လေ့ကျင့်ဖို့ လိုနေသေးတယ်"

ကျင့်ပင်အာက တိုးတိုးလေး ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်ရှစ်ရာတုန်းက ရွှေခေါင်းလောင်းမဒမ် ဟာ ရှေးဟောင်းစုန်းကျမ်း အမွေအနှစ်ကို ရရှိခဲ့ပြီး အဲဒီကနေ သွေးကျိန်စာတွေကို ဖန်တီးခဲ့ဖူးတယ်လို့ ကြားခဲ့ရပါတယ်"

"မမျှော်လင့်ထားတဲ့ အရာ မရှိဘူးဆိုရင် ဟဲ့ဟွမ်ဂိုဏ်းမှာ ရှေးဟောင်းစုန်းကျမ်း အမွေအနှစ် ရှိကိုရှိမယ်"

ထိုစကားကို ကြားသော် ဂျိချန်းဖန်သည် အမှန်တကယ်ပင် အံ့အားသင့်သွားသည်။ ဟဲဟွမ်ဂိုဏ်းကို စဉ်းစားမိသောအခါ သူသည် အဆိပ်ပြင်းပြီး စွဲမက်ဖွယ်ကောင်းသော ချစ်ခြင်းမေတ္တာ ကျိန်စာ ကို ချက်ချင်း သတိရမိသည်။ ချစ်ခြင်းမေတ္တာ ကျိန်စာ၏ မူလဖော်ပြချက်အရ...

ရွှေခေါင်းလောင်းမဒမ်သည် ရှေးဟောင်းစုန်းကျမ်း အမွေအနှစ်ကို ရရှိခဲ့သည်မှာ ဖြစ်နိုင်ချေ ရှိချေသည်။

"ဒါပေမဲ့ ဝမ်းနည်းစရာက ဟဲဟွမ်ဂိုဏ်းရဲ့ အမွေအနှစ်တွေ ပျောက်ဆုံးနေခဲ့တာပဲ။ အမွေအနှစ်ကို ပြန်လည်ရရှိဖို့အတွက် ပထမဆုံး ဟဲဟွမ်ဂိုဏ်းရဲ့ အဓိကရတနာဖြစ်တဲ့ ပျော်ရွှင်စရာ ပေါင်းစည်းခြင်း ခေါင်းလောင်း ကို ရယူရမှာ ဖြစ်တယ်"

ကျင့်ပင်အာက ညင်သာစွာ ပြောလိုက်သည်။

ထိုစကားကို ကြားသော် ဂျိချန်းဖန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

သူသည် သူ့ရှေ့ရှိ မိန်းကလေးကို ခဏတာ စိုက်ကြည့်နေသည်။ သူမ ဒီလို ပွင့်ပွင့်လင်းလင်း ပြောလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဒါဆို ဘာလဲ"

"မိန်းကလေးက ဟဲဟွမ်ဂိုဏ်းရဲ့ တပည့်တစ် ယောက်လား။ ကျွန်တော့်ဆီချဉ်းကပ်လာတာဟာ ပျော်ရွှင်စရာ ပေါင်းစည်းခြင်း ခေါင်းလောင်း ကို ရယူဖို့ သီးသန့်လား"

ဂျိချန်းဖန်က လျစ်လျူရှုစွာ မေးလိုက်သည်။

"ရွှစ်—"

တစ်ချိန်တည်းမှာပင် မှိန်ဖျော့သော ဓားဆန္ဒတစ်ခုသည် အခန်းတစ်ခုလုံးကို ပြည့်နှက်သွားချေ၏။

မမြင်ရသော ဖိအားကြောင့် ကျင့်ပင်အာ၏ မျက်နှာ အနည်းငယ် ဖြူဖျော့သွားကာသူမ၏ နူးညံ့သော ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားသည်။ သူမ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားရင်း ပြောလိုက်သည်။ "သခင်လေး~ သခင်လေး သိပါသလား။ ဟဲဟွမ်ဂိုဏ်းဟာ တစ်ချိန်တုန်းက နတ်ဆိုးဂိုဏ်း မဟုတ်ခဲ့ပါဘူး"

ဂျိချန်းဖန် တိတ်ဆိတ်နေသည်။ သူသည် ဤကိစ္စကို သေချာပေါက် သိထားသော်လည်း ယခင်က ဤနည်းဖြင့် မစဉ်းစားခဲ့ပေ။ ယခု ကျင့်ပင်အာ ပြောသည်ကို ကြားသောအခါ သူ အနည်းငယ် အကောင်းမြင်စိတ်များ‌ ပေါ်လာသည်။

ဂျိချန်းဖန်သည် ချက်ချင်း သူမကိုသတ်လိုက်ခြင်း မပြုသည်ကို မြင်သောအခါ ကျင့်ပင်အာ သက်ပြင်းတစ်ချက် ချလိုက်၏။ သူမ ဆက်ပြောလိုက်သည်။ "ကျွန်မက တကယ်ပဲ ဟဲဟွမ်ဂိုဏ်းရဲ့ တပည့်တစ်ဦး ဖြစ်တယ်။ ဒါပေမဲ့ နတ်ဆိုးအဖွဲ့ခွဲက မဟုတ်ပါဘူး။ သခင်လေး မယုံဘူးဆိုရင် ကျွန်မ နတ်ဆိုးကျင့်စဉ် တွေ ကျင့်ကြံထားသလား ဆိုတာ သိရအောင် ကျွန်မရဲ့ ဒန်တျန်ကို စစ်ဆေးကြည့်နိုင်ပါတယ်"

မိန်းကလေးသည် မျက်လုံးများကိုဖြည်းညှင်းစွာ ပိတ်လိုက်ပြီး သူ၏ ဒန်တျန် ကို လွတ်လပ်စွာ စစ်ဆေးခွင့်ပြုလိုက်သည်။

ထိုစကားကို ကြားသော် ဂျိချန်းဖန်သည် သူမကို တစ်ချက်ကြည့်လိုက်၏။ထို့ပြင် သူမ၏ ဒန်တျန်ကို စစ်ဆေးရန် လက်ဆန့်ထုတ်ခြင်းလည်း မပြုခဲ့ပေ။

ကျင့်ပင်အာသည် နတ်ဆိုးကျင့်စဉ်များ ကျင့်ကြံသည် မကျင့်ကြံသည်ကို သူမ၏ပုံစံကို စစ်ဆေးခြင်းဖြင့် သူ သိပြီးသားပင်ဖြစ်၏။ ဂျိချန်းဖန်သည်လည်း ဤအချက်ကို ကောင်းစွာ သိရှိထားချေသည်။

ကျင့်ပင်အာ သက်ပြင်းတစ်ချက် ချလိုက်ကာ သူမ ဆက်ပြောလိုက်၏။ "အခု ဟဲဟွမ်ဂိုဏ်းရဲ့ အထက်လမ်းကျင့်စဉ် ပျောက်ဆုံးနေပြီး ကျွန်မရဲ့ လမ်းခရီးက မျှော်လင့်ချက်မရှိ ဖြစ်နေပြီ။ ကျွန်မ ပျော်ရွှင်စရာ ပေါင်းစည်းခြင်း ခေါင်းလောင်း ကို ရချင်တာက အထက်လမ်းဟဲဟွမ်ကျင့်စဉ်ကို ရချင်ပြီး နောက်ဆုံးမှာ..."

"ဟဲဟွမ်ဂိုဏ်းကနေ ထွက်ခွာသွားချင်တယ်"

ထိုစကားကို ကြားသော် ဂျိချန်းဖန်သည် အံ့အားသင့်စွာဖြင့် ကျင့်ပင်အာကို ကြည့်လိုက်သည်။ ဟဲ့ဟွမ်ဂိုဏ်းမှ ထွက်ခွာခြင်း ဟုတ်ပါလော။ ဤမျှထိရည်မှန်ချက် ကြီးပါသလော။

"သခင်လေး ပျော်ရွှင်စရာ ပေါင်းစည်းခြင်း ခေါင်းလောင်း ကို ကျွန်မကို ငှားပေးနိုင်မလား မသိဘူး" ကျင့်ပင်အာက သနားစဖွယ် ပြောလိုက်သည်။

"ကြည့်ရသေးတာပေါ့၊ ကြည့်ရသေးတာပေါ့..." ဂျိချန်းဖန်ကစဉ်းစားကာ ပြောလိုက်သည်။

ကျင့်ပင်အာသည် သူမ၏ ရည်ရွယ်ချက်များကို ဤသို့ ပွင့်ပွင့်လင်းလင်း ပြောလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤသည်မှာ တကယ်ပဲ စိတ်မဝင်စားစရာ ဖြစ်သည်။

"ဝေါင်း ဂါး—"

ထိုခဏ၌ ချီမြစ်မြို့အပြင်ဘက်မှ နဂါးဟိန်းသံ ကျယ်လောင်စွာ ရုတ်တရက် ထွက်ပေါ်လာ၏။

"ဟင်"

ဂျိချန်းဖန်၏ မျက်နှာသွင်ပြင် အနည်းငယ် ပြောင်းလဲသွားချေသည်။ သူသည် မြို့ပြင်ဘက်ရှိ အရပ်သို့ လှမ်းကြည့်လိုက်ပြီး သူ၏ မျက်လုံးများတွင် လေးနက်မှု အရိပ်အမြွက်များပေါ်လာကာ ပြောလိုက်သည်

"ဒီ သွေးနီရောင်နဂါးက ရှန်ချင်နယ်ပယ် ကို တကယ်ပဲ ရောက်သွားပြီလို့ မထင်ခဲ့ဘူး"

သူ့စကားသံ ဆုံးသည်နှင့် ဂျိချန်းဖန်သည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရှောင်ချီမြို့တည်းခိုခန်းမှ ချက်ချင်း ပျောက်ကွယ်သွား၏။

"ဟင်" ကျင့်ပင်အာ အနည်းငယ် တုန်လှုပ်သွားကာသူမ မော့ကြည့်လိုက်သည်။

အဖြူရောင်ဝတ် လူငယ်လေးသည် ကောင်းကင်ယံသို့ တက်လှမ်းနေသည်ကို သူမ မြင်လိုက်ရသည်။ သူ၏ ဝါးဦးထုပ်အောက်မှ ခန့်ညားသော မျက်နှာသည် မှိန်ဖျော့စွာ မြင်နေရကာ သူ၏ အဖြူရောင်ဝတ်ရုံများ လေတွင် လွင့်ပျံနေပြီး ပြတ်သားသော ဓားဆန္ဒတစ်ခုသည် ကောင်းကင်ယံ၌ ပျံဝဲနေပါနေလေသည်။

"ဘုန်း—"

နောက်တစ်ခဏတွင် ကြီးမားကျယ်ပြန့်သော စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။

မမြင်ရသော ဓားဆန္ဒတစ်ခုသည် ချီမြစ်မြို့တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားကာချက်ချင်းဆိုသလို မြို့တစ်မြို့လုံး တုန်လှုပ်သွားသည်။ ရေတွက်လို့မရနိုင်သော လူများသည် ကောင်းကင်ယံရှိ အဖြူရောင်ဝတ် ပုံရိပ်ကို မော့ကြည့်ကြပြီး သူတို့၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေ၏။

"ရွှစ်—"

အဖြူရောင်ဝတ် လူငယ်လေးသည် သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ခပ်ပါးပါး အော်လိုက်သည်။

"ဓား—လာခဲ့"

ချက်ချင်းဆိုသလိုပင် မည်သူမျှ မယှဉ်ပြိုင်နိုင်သော ဓားရည်ရွယ်ချင်(ဓားဆန္ဒ) တစ်ခုသည် ပေါက်ကွဲထွက်ပေါ်လာပြီး အစွမ်းထက်သော စွမ်းအင်လှိုင်းသည် ကောင်းကင်ယံသို့ ပျံတက်သွားကာ ပတ်ဝန်းကျင်ရှိ မိုးတိမ်များကို တိုက်ရိုက် လွင့်စင်စေ၏။

အဝေးတစ်နေရာမှကြည့်လျှင်ပင် ဓားအလင်းရောင် တစ်ချက်ကို မှိန်ဖျော့စွာ မြင်နေရသည်အထိ အစွမ်းထက်လေသည်ပင်။

All Chapters