← Chapters

ဇာတ်လိုက်သည် အမြဲတမ်း နောက်ဆုံးမှ ပေါ်လာတတ်သည်။

Vol. 14 Ch. 133

ဇာတ်လိုက်သည် အမြဲတမ်း နောက်ဆုံးမှ ပေါ်လာတတ်သည်။

Vol. 14 Ch. 133

ချီမြစ်ကမ်းဘေးတွင်

အဆုံးမရှိသယောင် ထင်ရသော မြစ်ကြီးတစ်စင်းသည် အောက်ဘက်သို့ စီးဆင်းနေ၏။ မြစ်ရေ၏ အရောင်သည် သာမန်မြစ်များကဲ့သို့ မဟုတ်ဘဲ တစ်လျှောက်လုံး လိမ္မော်ရောင်-အနီရောင် သမ်းနေသည်ကို တွေ့ရပြီး ၎င်းသည်ပင် ချီမြစ်ဟု အမည်တွင်ရခြင်း၏ မူလအစ ဖြစ်ပါပေသည်။

“ဝေါင်း—“

မှိန်ဖျော့သော သြဇာအာဏာကို ထုတ်လွှတ်နေသည့် နဂါးဟိန်းသံတစ်ခုသည် မြစ်အောက်ခြေမှ ရုတ်တရက် ထွက်ပေါ်လာသည်။

“ဘုန်း”

နောက်တစ်ခဏတွင်

ရေများ ပွက်ထသွားကာ

ကြီးမားသော သတ္တဝါတစ်ကောင်သည် ချီမြစ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာ၏။

ကြည့်လိုက်ပါက ပူပြင်းသော စွမ်းအင်လှိုင်းကို ထုတ်လွှတ်နေသည့် အလွန်ကြီးမားသော သားရဲတစ်ကောင် ဖြစ်သည်။၎င်း၏ မျက်လုံးများသည် မှိန်ဖျော့သော ရွှေဝါရောင် ရှိပြီး၊ ၎င်း၏ အကြေးခွံများသည် ကျောက်တုံးကဲ့သို့ မာကျောကာ၊ အနည်းငယ် ထွက်နေသော နဂါးချိုများသည် ၎င်း၏ အထောက်အထားကို ရှင်းရှင်းလင်းလင်း ဖော်ပြနေ၏—

သွေးနီရောင်နဂါး

နတ်ဆိုးသားရဲများထဲမှ ထိပ်တန်း အသားစား သတ္တဝါ။

နဂါးမျိုးနွယ်၏ သွေးမျိုးဆက်အနည်းငယ်ကို ပိုင်ဆိုင်ထားသည့် ထိပ်တန်း နတ်ဆိုးသားရဲ ဖြစ်ချေသည်။

“ဟိန်း—“

သွေးနီရောင်နဂါးသည် နဂါးဟိန်းသံကို ထုတ်လွှတ်လိုက်ကာ ၎င်း၏ ခန့်ညားသော မျက်လုံးများသည် ပတ်ဝန်းကျင်ရှိ လူများကို ကြည့်နေပြီး၊ ၎င်း၏ အကြည့်တွင် လိုလားတောင့်တမှု အရိပ်အမြွက်က ပေါ်လာသည်။

ကြည့်လိုက်ပါက

ချီမြစ်ပတ်ဝန်းကျင် တစ်ဝိုက်တွင် လေလွင့် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့အားလုံးသည် သွေးနီရောင်နဂါးကြောင့် ဆွဲဆောင်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

သူတို့ မသိလိုက်ကြသည်မှာ

သွေးနီရောင်နဂါးသည်လည်း သူတို့ကြောင့် ဆွဲဆောင်ခြင်း မခံရဘဲ ရှိပါမည်လော။

ကျင့်ကြံသူများသည် သူတို့၏ ခန္ဓာကိုယ်အတွင်း အသက်စွမ်းအင် နှင့် ချီသွေးများကို အမြောက်အများ ပိုင်ဆိုင်ထားကြသည်။

နတ်ဆိုးသားရဲအတွက် ၎င်းသည် ထိပ်တန်းအားဆေးတစ်ခု ဖြစ်၏။

အကယ်၍ ၎င်း၏ရှေ့မှ လူအုပ်စုကို ဝါးမျိုနိုင်ခဲ့ပါက ၎င်း၏ အဆင့်တက်မှုအသစ်ကို သေချာပေါက် တည်ငြိမ်စေနိုင်မည် ဖြစ်သည်ပင်။

ဟုတ်ပေသည်။

၎င်းသည်... ရှန်ကျင်းနယ်ပယ် သို့ ခြေလှမ်းပြီးပြီ ဖြစ်သည်။

ဤအချိန်တွင်

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံးသည် သူတို့ရှေ့ရှိ သွေးနီရောင်နဂါးအား အလွန်အမင်း စိတ်အားထက်သန်စွာ ကြည့်နေကြပြီး သူတို့၏ မျက်လုံးများတွင်ရတနာကိုကြည့်နေရသကဲ့သို့ လောဘ ဇောတက်နေသောအရိပ်အယောင်များ ပေါ်လာကြသည်။

သွေးနီရောင်နဂါး

နတ်ဆိုးသားရဲများထဲမှ ထိပ်တန်းမျိုးစိတ်၊၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရတနာဖြစ်၏။

နဂါးအကြေးခွံတစ်ခု သို့မဟုတ် နဂါးချိုတစ်စုံကို ရရှိခဲ့သည်နှင့် ၎င်းတို့အတွက် ထိပ်တန်း မှော်ပစ္စည်းတစ်ခုကို ပြုပြင်ဖန်တီးရန် လုံလောက်ချေပြီပင်။

“မြန်မြန်”

“သွေးနီရောင်နဂါးကို သတ်”

“နတ်ဆိုးအမြုတေကို သိမ်းယူကြဟေ့”

လွတ်လပ်သော ကျင့်ကြံသူတစ်ဦးသည် လူအုပ်ထဲမှ အော်ဟစ်လိုက်သည်။

နောက်တစ်ခဏအတွင်း

ပတ်ဝန်းကျင်ရှိ လူတိုင်း ဂနာမငြိမ် ဖြစ်လာကြသည်။

သူတို့သည် သူတို့၏ မှော်ပစ္စည်းများကို မဆိုင်းမတွပင် ထုတ်လွှတ်လိုက်ကြပြီး ရှေ့သို့ တိုက်ခိုက်ဝင်ရောက်ကာ ရှုပ်ထွေးမှုကြားမှ အခွင့်အရေးအချို့ကို ရယူရန် မျှော်လင့်ထားကြကာတိုက်ခိုက်လိုက်ကြ၏။

“ရွှစ်—“

ထိုခဏ၌

ပုံရိပ်အနည်းငယ်သည် မလှမ်းမကမ်းရှိ သစ်တောထဲတွင် ရုတ်တရက် ပေါ်လာလေသည်။

သူတို့သည် စုန့်ဒါရန်နှင့် သူ၏ ကျင်းယွင်ဂိုဏ်းမှ တပည့်များအဖွဲ့ ဖြစ်ကြသည်။ သူတို့၏ ဘေးတွင် ဖာရှန်း ဦးဆောင်သော ထျန်းယင်ကျောင်းတော်မှ တပည့်အနည်းငယ်လည်း ရပ်နေကြသည်။

“အော်မီတော်ဖော် “

“စုန့်အစ်ကိုကြီး... ကျွန်တော်တို့ ဝင်ရောက် စွက်ဖက်ပြီး သူတို့ကို တားသင့်သလား”

ဖာရှန်းသည် ဗုဒ္ဓဘာသာ ဆုတောင်းကို ရွတ်ဆိုလိုက်ကာ လေလွင့်ကျင့်ကြံသူအုပ်စုကို အနည်းငယ် စိုးရိမ်ပူပန်စွာ ကြည့်လိုက်သည်။ ဤလူများသည် ကျင့်ကြံမှု နည်းပါးပြီး သွေးနီရောင်နဂါးကို ဝိုင်းဝန်းတိုက်ခိုက်ရန် အလျင်စလို သွားခဲ့ပါက...

ထိုအခါ ရလဒ်တစ်ခုတည်းသာ ရှိလိမ့်မည်။

သေဆုံးခြင်းပင်။

ထိုစကားကို ကြားသော် စုန့်ဒါရန်မျက်မှောင်ကြုတ်လိုက်ကာ

သူ တစ်ခုခု ပြောရန် ပြင်ဆင်နေစဉ်တွင် လူနှစ်စုသည်လည်းမလှမ်းမကမ်းရှိ သစ်တောထဲတွင် ရုတ်တရက် ပေါ်လာ၏။

သူတို့သည် တစ္ဆေဘုရင်ဂိုဏ်း နှင့် အဆိပ်ဂိုဏ်း မှ လူများ ဖြစ်ကြသည်။

“ရွှစ်—“

အဖွဲ့သုံးဖွဲ့သည် မျက်နှာချင်းဆိုင် ရင်ဆိုင်မိကြ၏။သို့သော်

မည်သူမျှ သွေးနီရောင်နဂါးအတွက် စတင် တိုက်ခိုက်ရန် ဦးမဆောင်ခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် သွေးနီရောင်နဂါးသည် ထိုနေရာတွင် ရှိနေပြီး မပြေးနိုင်ပါချေ။ဤသို့ဆိုလျှင် မည်သည်များ အလျင်လိုစရာ ရှိသနည်း။

ဤလူများကို အရင် ကိုင်တွယ်ဖြေရှင်းခြင်းသည် ပိုကောင်းပေမည်။

“ဗာမီလီယံ တမန်တော်အကြီးအကဲ ကျွန်တော်တို့ ပူးပေါင်းပြီး ဒီတပည့်အုပ်စုကို အရင် သတ်ပစ်လိုက်ရအောင်လား”

အဆိပ်ဂိုဏ်းမှ ချင်ဝူယန်က အကြံပြုလိုက်သည်။

ထိုစကားကို ကြားသော်

စုန့်ဒါရန်နှင့် သူ၏အဖွဲ့၏ မျက်နှာသွင်ပြင်များ အနည်းငယ် ပြောင်းလဲသွားချေသည်။

ယိုကျီသည် နတ်ဆိုးဂိုဏ်း၏ ကြီးမြတ်သောတမန်‌တော်အမတ် လေးဦးထဲမှ တစ်ဦး ဖြစ်သောကြောင့် သံသယဖြစ်ဖွယ်မရှိသော ရှန်ကျင်းနယ်ပယ် ကျွမ်းကျင်သူ ဖြစ်သည်။ သူမသာ တိုက်ခိုက်ခဲ့ပါက

ထိုအခါ သူတို့၏ ယူကျင်း နယ်ပယ် တပည့်အဖွဲ့သည် သေချာပေါက် ခုခံနိုင်မည် မဟုတ်ပေ။

သို့သော်...

ချင်ဝူယန်၏ အကြံပြုချက်ကို ရင်ဆိုင်ရသောအခါ

ယိုကျီသည် သူ့အား လျစ်လျူရှုစွာ တစ်ချက်သာ ကြည့်လိုက်ပြီး ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။ ထို့အပြင် လမ်းမှန် ဂိုဏ်းတပည့်များကို တိုက်ခိုက်ရန် ဆန္ဒလည်း မရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဂျိချန်းဖန်သည် ချီမြစ်မြို့တွင် ရှိနေသည် မဟုတ်ပါလော။

သူမသာ တိုက်ခိုက်ခဲ့ပါက တစ်ဖက်လူသည်လည်း မလွဲမသွေ အရေးယူဆောင်ရွက်လာမည် ဖြစ်သည်။

သူမကို လူမိုက်ဟု ထင်နေသလော။

ယိုကျီသည် သူမ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။

သူမသည် ချင်ဝူယန်၊ ဤရိုးရှင်းသောသူနှင့် စကားများနေရန် စိတ်မဝင်စားခဲ့ပေ။

“ဟင်” ဤသို့ မြင်ရသောအခါ ချင်ဝူယန်သည် မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။ သူ အခြားတစ်ခုခု ပြောရန် ပြင်ဆင်နေစဉ်မှာပင်

မလှမ်းမကမ်းရှိ ချီမြစ်ကမ်းဘေးတွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာ၏။

“ဝေါင်း”

နားကွဲမတတ် ကျယ်လောင်သော နဂါးဟိန်းသံ ရုတ်တရက် ထွက်ပေါ်လာကာ သွေးနီရောင်နဂါးသည် ၎င်း၏တံခါးဝသို့ ရောက်လာသောအစာများကို မြင်သောအခါ ချက်ချင်း စိတ်လှုပ်ရှားလာပြီး သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။

ချက်ချင်းဆိုသလို

အစွမ်းထက်သော စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာကာ သွေးနီရောင်နဂါးသည် ၎င်း၏ ပါးစပ်ကိုဖွင့်ဟလိုက်ပြီး ကျင့်ကြံသူအနည်းငယ်ကို ၎င်း၏ ဝမ်းဗိုက်ထဲသို့ မျိုချလိုက်၏။

ရှန်ကျင်းနယ်ပယ်။

၎င်းသည် ရှနကျင်းနယ်ပယ် နတ်ဆိုးသားရဲအဖြစ် တိတ်တဆိတ် တက်လှမ်းပြီးပြီ ဖြစ်သည်။

“မကောင်းဘူး”

“ဒီသွေးနီရောင်နဂါးက ရှန်ကျင်းအဆင့်ကို တက်လှမ်းသွားပြီလား”

“မြန်မြန် ပြေး”

ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ ချက်ချင်း ထိတ်လန့်သွားကြသည်။

သူတို့သည် လျင်မြန်စွာ ဆုတ်ခွာရန် ကြိုးစားကြ၏။

သို့သော် သွေးနီရောင်နဂါးသည် ၎င်း၏ ပါးစပ်သို့ ရောက်လာသော အစာများ လွတ်မြောက်သွားခြင်းကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။

“ဝေါင်း—“

နဂါးဟိန်းသံ လှိုင်းလုံးများ ထွက်ပေါ်လာကာ

မမြင်နိုင်သော အသံလှိုင်းများသည် ရုတ်တရက် ပျံ့နှံ့သွားပြီး ကျင့်ကြံသူများစွာကို ဒွာရခုနစ်ပေါက်မှ သွေးများ စီးကျသည်အထိ တုန်ခါမှုလှိုင်းများထုတ်လွှတ်လိုက်ရာ ထိုနေရာ၌ပင် သေဆုံးသွားစေ၏—

“ပြေး”

“မြန်မြန်ချီမြစ်မြို့ကို ပြန်ပြေးကြ”

လေလွင့်ကျင့်ကြံသူအဖွဲ့သည် လည်းလုံးဝ ထိတ်လန့်သွားကြသည်။

သူတို့သည် ချီမြစ်မြို့ဘက်သို့ အလိုအလျောက် ထွက်ပြေးရန် ကြိုးစားကြ၏။

သို့သော် ရှန်ကျင်းနယ်ပယ်မှ ကြီးမြတ်သော နတ်ဆိုးကို ရင်ဆိုင်ရသောအခါ

ချီမြစ်မြို့သည် မည်သို့ ခုခံနိုင်မည်နည်း။

“မကောင်းတော့ဘူး”

စုန့်ဒါရန်နှင့် သူ၏အဖွဲ့၏ မျက်နှာသွင်ပြင်များ ချက်ချင်း ပြောင်းလဲသွား၏။သူတို့သည် နတ်ဆိုးဂိုဏ်းဝင်များနှင့် ဆက်လက် ရင်ဆိုင်ရန် အချိန်မရှိတော့ဘဲ သွေးနီရောင်နဂါးကို ခုခံရန်အတွက် သူတို့၏ ဓားများပေါ်တွင် ပျံသန်းရန် ချက်ချင်း ရည်ရွယ်လိုက်ကြသည်...

မည်သို့ပင်ဆိုစေ သူတို့သည် အထက် လမ်းစဉ်မှ လူများ ဖြစ်ကြသည်။

နတ်ဆိုးဂိုဏ်းကဲ့သို့ နတ်ဆိုးသားရဲတစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံနေရသည့် ဤလွတ်လပ်သော ကျင့်ကြံသူများကို လက်ပိုက်ကြည့်နေ၍ မဖြစ်ပေ။

“ဝူး”

သွေးနီရောင်နဂါးသည် နဂါးဟိန်းသံ တိုးတိုးလေး ထုတ်လွှတ်လိုက်၏။ထို့နောက်

၎င်း၏ မျက်လုံးများတွင် ပျော်ရွှင်မှု အရိပ်အမြွက် လင်းလက်သွားပြီး လွတ်လပ်သော ကျင့်ကြံသူများကို နှောင့်ယှက်ခြင်းကို ရပ်တန့်ကာ စုန့်ဒါရန် နှင့် သူ၏အဖွဲ့ကို စိတ်အားထက်သန်စွာ လိုက်လံ ဖမ်းဆီးလိုက်သည်။

မည်သို့ပင်ဆိုစေ ဤကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင်

စုန့်ဒါရန်နှင့် ဤဂိုဏ်းတပည့်များသည် ပိုမိုမြင့်မားသော ကျင့်ကြံမှု၊ ပိုမို ကြွယ်ဝသော အသက်စွမ်းအင်နှင့် သွေးများကို ပိုင်ဆိုင်ကြသည်။

ဤသည်မှာ ၎င်းအတွက် ပိုမိုကြီးမားသော အကျိုးကျေးဇူး ဖြစ်၏။

“ရွှစ်—“

စုန့်ဒါရန် သည် သူ၏ မှော်ပစ္စည်းကို အသုံးပြု၍

သွေးနီရောင်နဂါးကို အတင်းအကျပ် ဆွဲထားပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ ထွက်ပြေးရန် အခွင့်အရေးကို ရယူ‌ ပေးရန် ရည်ရွယ်လိုက်သည်။

သို့သော် ကံမကောင်းစွာဖြင့်

သူ၏ ကျင့်ကြံမှုသည် ယူကျင်းနယ်ပယ်၏ ဆဋ္ဌမ သို့မဟုတ် သတ္တမအဆင့်တွင်သာ ရှိနေသည်။

ရှန်ချင်နယ်ပယ်မှ ကြီးမြတ်သော နတ်ဆိုးကို သူ မည်သို့ ပိတ်ဆို့နိုင်မည်နည်း။

“ဘုန်း—“

နတ်ဓားသည် လွင့်စင်သွားကာ သွေးနီရောင်နဂါး၏ ချွန်ထက်သော နဂါးလက်သည်းသည် စုန့်ဒါရန်၏ဘက်သို့ ရုတ်တရက် ရိုက်ချလိုက်သည်။

“စုန့်အစ်ကိုကြီး သတိထား” ဝမ်မင် တုန်လှုပ်သွားကာအော်လိုက်၏။

“ရွှစ်”

ထိုခဏ၌ ဖာရှန်း၏ ပုံရိပ် လျှပ်တစ်ပြက် လှုပ်ရှားသွား၏။

သူသည် စုန့်ဒါရန်ရှေ့သို့ လျင်မြန်စွာ ရောက်လာပြီး မဟာဗြဟ္မာပညာ ကို အပြည့်အဝ ထုတ်လွှတ်ကာ ဤတိုက်ခိုက်မှုကို ပိတ်ဆို့ရန် ကူညီလိုက်သည်။

“ဘုန်း—“

နောက်တစ်ခဏတွင်

သူတို့နှစ်ဦးစလုံး တစ်ချိန်တည်း နောက်သို့ လွင့်စဉ်သွားကြသည်။

ဤရှန်ကျင်းနယ်ပယ်မှ ကြီးမြတ်သော နတ်ဆိုးကို ရင်ဆိုင်ရသောအခါ အထက် လမ်းစဉ်မှ ထူးချွန်သော တပည့်နှစ်ဦးသည် တိုက်ခိုက်မှု တစ်ခုတည်းကိုပင် မပိတ်ဆို့နိုင်ခဲ့ကြချေ။

ဤသည်မှာ ကွာခြားချက်အင် ဖြစ်‌ ချေသည်။

“မကောင်းဘူး”

အထင်လမ်း ဂိုဏ်းတပည့်အဖွဲ့သည်လည်း ထိတ်လန့်တကြား ကြည့်နေကြသည်။

ဤသွေးနီရောင်နဂါးသည် ရှန်ကျင်းနယ်ပယ်သို့ တိတ်တဆိတ် တက်လှမ်းသွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။

ဤအတိုင်း ဆက်သွားခဲ့ပါကသူတို့တွင် လူမည်မျှပင် များများအသုံးမဝင်တော့ ချေ။

“ဝေါင်း—“

နဂါးဟိန်းသံ တိုးတိုးလေး ထွက်ပေါ်လာ၏။

သွေးနီရောင်နဂါးသည်အထက်လမ်း ဂိုဏ်းတပည့်အဖွဲ့ကို စနောက်လိုသော အကြည့်ဖြင့် ကြည့်ကာနေလေ၏။

“ရွှစ်”

သို့သော် ထိုခဏ၌

အလွန်အမင်း အစွမ်းထက်သော စွမ်းအင်လှိုင်းတစ်ခုသည် အဝေးမှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။

“ဘုန်း—“

ကြည့်လိုက်ပါက

တောက်ပသော ဓားသက်တံ တစ်ခုသည် ကောင်းကင်ယံသို့ ပျံတက်သွားသည်ကိုမြင်ရပေမည်။ထို့နောက်

ပြိုင်ဘက်ကင်းသော စွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာကာ

သိပ်သည်းသော ဓားရည်ရွယ်ချက်တစ်ခု သည် ကောင်းကင်ယံ တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားခ၏။

“ရွှစ်—“

အဖြူရောင်ဝတ် ပုံရိပ်တစ်ခုသည် လူတိုင်း၏ မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ ထိုသူသည် ဝါးဦးထုပ်(ဝါးခမောက်)ကို ဆောင်းထားပြီး ခန့်ညားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ ခန့်ညားသော မျက်နှာသည် တစ်ဝက်တစ်ပျက် ဖုံးကွယ်နေပြီး သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဖိအားကိုသာ ရှင်းရှင်းလင်းလင်း မြင်နေရသည်ပင်။

All Chapters