← Chapters

ဓားတစ်ချက်တည်းဖြင့် မြစ်ကို ပိုင်းဖြတ်ကာ နဂါးကိုသတ်လိုက်ခြင်း

Vol. 14 Ch. 135

ဓားတစ်ချက်တည်းဖြင့် မြစ်ကို ပိုင်းဖြတ်ကာ နဂါးကိုသတ်လိုက်ခြင်း

Vol. 14 Ch. 135

“ဘုန်း—“

ဤနဂါးအမြီးသည် အင်အားကြီးမားကာ တန်ချိန်တစ်သောင်းကို သယ်ဆောင်ထားသကဲ့သို့ပြင်ထန်လှ၏။

မည်သူပင် ရောက်လာပါစေ ဤအမြီးဖြင့် ပစ်ခတ်ခံရသူတိုင်းသည် အနည်းဆုံး ပြင်းထန်သော ဒဏ်ရာများ ရရှိမည်ဖြစ်ပြီး အရိုးအားလုံး ကျိုးပဲ့သွားမည်သာ ဖြစ်သည်ပင်။

ဒဏ်ရာ အနည်းငယ်ဆိုပါက ပြင်းထန်သော ဒဏ်ရာရမည်။

ဒဏ်ရာ အပြင်းအထန်ဆိုပါက သေဆုံးပြီး တမလွန်ဘဝ ကူးသွားမည်သာ ဖြစ်၏။

သွေးနီရောင်နဂါး၏ ဒေါသကို ရင်ဆိုင်ရသောအခါ

ဂျိချန်းဖန်သည် ခပ်ပါးပါး ရယ်မောလိုက်ရုံသာ ရှိသည်။ လူတိုင်း၏ ရှေ့တွင် သူသည် သူ၏ လက်ထဲရှိ ဟုန်လူဓားကို ညင်သာစွာ မြှောက်လိုက်သည်။

“ရွှစ်”

ထို့နောက် ဓားကိုညင်သာစွာ လွှဲလိုက်သည်။

“ချွီ—“

နောက်တစ်ခဏတွင်

အစွမ်းထက်သော ဓားစွမ်းအင်တစ်ခု သည် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာကာ

ဟုန်လူဓားသည် ကြီးမားသော ဓားရည်ရွယ်ချက်ကို ထုတ်လွှတ်ပြီး အဆုံးမရှိသော စွမ်းအင်လှိုင်းများ စီးဆင်းလာ၏။ တောက်ပသော ဓားအလင်းရောင်သည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ချက်ချင်း ပျံ့နှံ့သွားသည်။

“ရွှစ်”

ထိုနောက်ဓားစွမ်းအင်သည် လခြမ်းပုံသဏ္ဌာန် ပေါ်လာပြီး‌ေအာက်ဘက်ရှိ သွေးနီရောင်နဂါးဘက်သို့ တည့်တည့်မတ်မတ် ရိုက်ခတ်သွားသည်။

“…”

သွေးနီရောင်နဂါး၏ နှလုံးသား တုန်ယင်သွားချေပြီပင်။

ဤဓားကို ရင်ဆိုင်ရသောအခါ ၎င်းသည်အတိတ် နိမိတ် တစ်ခုကိုရရှိခဲ့သကဲ့သို့ ခံစားရ၏။

၎င်း ရှောင်တိမ်းခြင်း မပြုခဲ့ပါက

၎င်းသည် သေချာပေါက် သေဆုံးပြီး ၎င်း၏ နဂါးဘိုးဘေးများနှင့် တွေ့ဆုံရတော့မည်မှာ အသေအချာပင်။

ဤအချိန်တွင်

သွေးနီရောင်နဂါး၏ မျက်လုံးများတွင် ရွှေရောင်အလင်း ပေါက်ကွဲထွက်လာသည်။ထို့‌ေနာက်၎င်းသည် လျင်မြန်စွာ ပြန်ရုပ်သိမ်းကာ ချီမြစ်တစ်လျှောက် ထွက်ပြေးရန် ကြိုးစားရန် လှည့်လိုက်သည်။

ကံမကောင်းစွာဖြင့် ၎င်းသည် နောက်ကျသွားခဲ့ပြီဖြစ်၏။

၎င်း၏ အရှိန်သည် အလွန်မြန်နေပြီ ဖြစ်ကောင်း ဖြစ်လိမ့်မည်။ သို့သော် ဤစူးရှထက်မြက်တောက်ပသော ဓားချက်ကို ရင်ဆိုင်ရသောအခါ ၎င်း၏ လှုပ်ရှားမှုများသည် အနည်းငယ် နောက်ကျနေဆဲ ဖြစ်သည်။

“ချွီ—“

ဓားအလင်းရောင်တစ်ချက် လင်းလက်သွားကာ

အဆုံးမရှိသော ဓားဆန္ဒတစ်ခုက ပေါက်ကွဲထွက်ပေါ်လာသည်။

ဤဓားချက်သည် သွေးနီရောင်နဂါး၏ အမြီးပေါ်သို့ တိုက်ရိုက် ကျရောက်သွားပြီး ဓားချက်တစ်ချက်တည်းဖြင့် ၎င်းကို ချက်ချင်း ပိုင်းဖြတ်လိုက်သည်။

“ဟိန်း—“

၎င်း၏ နဂါးအမြီး ပြတ်သွားသောကြောင့်၊

သွေးနီရောင်နဂါးသည် ချက်ချင်း နာကျင်စွာဖြင့် နဂါးဟိန်းသံကို ထုတ်လွှတ်လိုက်ကာ၎င်း၏ သွေးနီရောင်-ရွှေရောင် မျက်လုံးများဖြင့် ဂျိချန်းဖန်ကို မုန်းတီးစွာ စိုက်ကြည့်လိုက်ပြီးနောက် လုံးဝ မတွန့်ဆုတ်ဘဲ လှည့်ကာ ထွက်ပြေးသွား၏။

၎င်းသည် ‘ထွက်ပြေးရန်အတွက် အမြီးကို ပိုင်းဖြတ်ခြင်း’ ဟူသည့် မြေခွေးများသာလုပ်တတ်သော လှည့်ကွက်ကို ချက်ချင်း လုပ်ဆောင်လိုက်သည်။

“ချွီ”

ရွှေရောင် နဂါးသွေးများ ပြန့်ကျဲသွားကာ

ချီမြစ်အတွင်းရှိ အရောင်သည် အနည်းငယ် ပြောင်းလဲသွား၏။

“ပလပ်—“

သွေးနီရောင်နဂါးသည် ချီမြစ်ထဲသို့ ငုပ်ဆင်းသွားသည်။ သူသည်နဂါးတစ်ကောင်အနေဖြင့် ၎င်းသည် သဘာဝအတိုင်း ရေကူးခြင်းတွင် အလွန်ထူးချွန်သည်။ ရေထဲသို့ ရောက်သည်နှင့် ၎င်းသည် ရေထဲရှိလိပ်ကဲ့သို့ပင် ဖြစ်သည်။

သွေးနီရောင်နဂါးသည် ၎င်း၏ ခေါင်းကို လှည့်ကာ ဂျိချန်းဖန်ကို မုန်းတီးစွာ စိုက်ကြည့်နေကာ

တစ်ခုခုပြောနေသကဲ့သို့ ပင်—

“ငါ သေချာပေါက် ပြန်လာမယ်”

“ဟဲဟဲ~”

ဤသို့ မြင်သောအခါ ဂျိချန်းဖန်သည် မှိန်ဖျော့စွာ ပြုံးလိုက်ရုံသာ ရှိသည်။ သူသည် ချီမြစ်ထဲသို့ ငုပ်ဆင်းသွားသော နဂါးကို လျစ်လျူရှုစွာ ကြည့်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။

“ဒီ နိမ့်ကျတဲ့ တာအိုကျင့်ကြံသူ ရဲ့ ဓားအောက်ကနေ မင်း ထွက်ပြေးဖို့ ဆန္ဒရှိသေးလား”

သူ့စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက်သူသည် သူ၏ ဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

“ရွှစ်—“

သက်တံရောင် အလင်းတစ်ခု လင်းလက်သွားကာ

အဆုံးမရှိသော ဓားစွမ်းအင်များသည် ဆက်တိုက် စုစည်းလာပြီး ချီမြစ်အတွင်းရှိ နဂါးကို ခိုင်မြဲစွာ ချုပ်နှောင်လိုက်သည်။

ဤသို့ မြင်သောအခါ

သွေးနီရောင်နဂါး၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။

၎င်းသည် ထိတ်လန့်မှုကို ချက်ချင်း ခံစားမိလိုက်ပြီး ထို့ကြောင့် မတွန့်ဆုတ်ဘဲ ချီမြစ်ထဲသို့ ပိုမိုနက်ရှိုင်းစွာ တူးဆင်းသွားကာ ရေထုထည်ကို အသုံးပြု၍ ဤဓားကို တားဆီးရန် ကြိုးစားလိုက်သည်။

သို့သော် ကံမကောင်းစွာဖြင့်

ဤအရာအားလုံးသည် အချည်းနှီးသာ ဖြစ်သည်။

“ဓားချက်တစ်ချက်တည်းဖြင့် မြစ်ကို ပိုင်းဖြတ်ခြင်း”ကြားဖူးပါသလော။

ကောင်းကင်ကိုးထပ်အပေါ်တွင် အဖြူရောင်ဝတ် လူငယ်လေးသည် သူ၏ ဓားကို ဖြည်းညှင်းစွာ မြှောက်ကာ လွှဲလိုက်သည်ကို တွေ့ရသည်။ ဟုန်လူ နတ်ဓားသည် သွေးနီရောင်အလင်းဖြင့် လင်းလက်သွားပြီး အလွန်တရာ တောက်ပသော ဓားအလင်းရောင်သည် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

“ဟူး—“

အဆုံးမရှိသော ဓားအလင်း သည် ကောင်းကင်ယံသို့ တက်သွားကာ ကောင်းကင်တစ်ခုလုံးသည်ချက်ချင်း သွေးနီရောင် တိမ်ပင်လယ် အဖြစ်သို့ ပြောင်းလဲသွား၏...

“ချွမ်ချွမ်ချွမ်”

လျှို့ဝှက်ဆန်းကြယ်သော နယ်ပယ် တစ်ခုသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်သည်။

ဓားနယ်ပယ်။

ဤသည်မှာ ဂျိချန်းဖန်၏ ထူးခြားသော ဓားနယ်ပယ် ဖြစ်သည်။

“ရွှစ်—“

ဓားဆန္ဒလှိုင်းလုံးများ ထလာကာ မှိန်ဖျော့ပြီး မမြင်နိုင်လုနီးပါး ဓားရည်သတ္တိသည် နဂါးကို ဓားနယ်ပယ်၏ အကွာအဝေးအတွင်း ခိုင်မြဲစွာ ချုပ်နှောင်လိုက်သည်။

“ချွမ်ချွမ်ချွမ်”

ထို့နောက်ဤဓားချက်သည် အောက်ဘက်ရှိ ချီမြစ်ဘက်သို့ ရက်ရက်စက်စက် ကျရောက်သွားသည်။

ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ

ပတ်ဝန်းကျင်ရှိ လူတိုင်း သူတို့၏ အသက်ရှုသံကို မထိန်းနိုင်အောင် ရပ်တန့်ထားလိုက်ကြသည်။

သူတို့သည် သူတို့ရှေ့ရှိ မြင်ကွင်းကို တွေဝေစွာ စိုက်ကြည့်နေကြပြီး သူတို့၏ တစ်ကိုယ်လုံးသည် ဤဓားချက်တစ်ခုတည်းဖြင့် တုန်လှုပ်သွားကြ၏။

အဘယ်ကြောင့်ဆိုသော်...

ဤဓားသည် သူတို့၏ နှလုံးသားများထဲတွင် အလွန် နက်နဲသော အထင်အမြင်ကို ချန်ထားခဲ့ပြီး မည်သူမျှ အစားထိုးနိုင်မည် မဟုတ်ပေ။

ဓားကျင့်ကြံသူဆိုသည်မှာ အဘယ်နည်း။

ဤသည်မှာ ဓားကျင့်ကြံသူ အစစ်အမှန်ပင် ဖြစ်သည်။

“ချွမ်ချွမ်ချွမ်—“

ထို တောက်ပသော ဓားအလင်းရောင် ရိုက်ခတ်သည့် အခိုက်အတန့်တွင် မြစ်တစ်ခုလုံး၏ မျက်နှာပြင်သည် ချက်ချင်း ပေါက်ကွဲထွက်သွားချေသည်ပင်။

ကြည့်လိုက်ပါက

အဆုံးမရှိသော ရေများ ပြန့်ကျဲသွားကာ

မူလက စီးဆင်းနေသော မြစ်ရေသည် ရုတ်တရက် ငြိမ်သက်သွား၏။

အဘယ်ကြောင့်ဆိုသော်...

ဟက်တက်ကွဲအရာ တစ်ခုသည် ရေ၏ မျက်နှာပြင်‌ ပေါ်တွင် ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။

ချီမြစ်သည် ဓားချက်တစ်ချက်တည်းဖြင့် ပိုင်းဖြတ်ခံလိုက်ရသည်။

‘အို ဘုရားရေ’

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် သူတို့ရှေ့ရှိ မြင်ကွင်းကို တွေဝေစွာ ကြည့်နေကြပြီး ဤသည်မှာ ကျင့်ကြံသူတစ်ဦး အမှန်တကယ် လုပ်ဆောင်နိုင်သည့် အရာ ဟုတ်ပါသလားဟု တွေးနေကြသည်။

ဓားချက်တစ်ချက်တည်းဖြင့် မြစ်ကို ပိုင်းဖြတ်

၎င်းသည် နတ်ဘုရားနယ်‌မြေ၏ နာမည်ကျော် ချီမြစ် မဟုတ်ပါလော။

လူသားတစ်ဦး သည် အမှန်တကယ် ဤမျှအထိ လုပ်ဆောင်နိုင်ပါမည်လော။

လူမရေမတွက်နိုင်သော လူများ၏ နှလုံးသားများသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

သူတို့သည် သူတို့ရှေ့ရှိ မြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေကြသည်။ တစ်သက်တာလုံး မမေ့နိုင်စရာ ဖြစ်၏။

ဟုတ်ပါသည်။

ဤသည်မှာ လူအများစု စိတ်ပူပန်နေသည့် ကိစ္စ မဟုတ်ပါ။

လူများစွာသည် ရေမျက်နှာပြင်ပေါ်ရှိ လှုပ်ရှားမှုကို အာရုံစိုက်နေကြပြီး ထိုသွေးနီရောင်နဂါး၏ ကံကြမ္မာ မည်သို့ ဖြစ်မည်ကို တွေးနေကြသည်။

၎င်းသည် ဤဓားချက်မှ လွတ်မြောက်နိုင်ပါမည်လော။

“ချွီ—“

ချီမြစ်သည် ဤဓားဖြင့် ဖြည်းညှင်းစွာ နှစ်ပိုင်း ပိုင်းဖြတ်ခံရသည့် တစ်ချိန်တည်းမှာပင် ချီမြစ်၏ အနက်ရှိုင်းဆုံးနေရာမှ အလွန် အမင်းနာကျင်‌နေသော နဂါးဟိန်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်—

“ဝေါင်းးး”

နဂါးဟိန်းသံသည် နာကျင်မှုများဖြင့် ပြည့်နှက်နေ၏။

သို့သော် အလွန်လျင်မြန်စွာ ဤနာကျင်သော နဂါးဟိန်းသံသည် ဖြည်းညှင်းစွာ ရပ်တန့်သွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားသည်။

“ဂလုတ်—“

ချီမြစ်ပေါ်တွင် ရွှေရောင် နဂါးသွေးများသည် ရေအောက်ခြေမှ ဆက်တိုက် ပျံ့နှံ့လာသည်။ ရှင်းနေသည်မှာ ဤသွေးနီရောင်နဂါး၏ ကံကြမ္မာသည် အဆုံးအဖြတ်ပေးပြီး ဖြစ်သည်။

“ချွမ်ချွမ်ချွမ်”

ထို့နောက်

ကြီးမားသော နဂါးအလောင်းတစ်ခုသည် ချီမြစ်၏ အနက်ရှိုင်းဆုံးနေရာမှ ဖြည်းညှင်းစွာ ပေါ်ထွက်လာ၏။

ဤနဂါးအလောင်းသည် ခန့်မှန်းခြေအားဖြင့် ပေငါးဆယ် ရှည်လျားသည်။ ၎င်း၏ ဦးခေါင်းသည် လုံးဝ ပြတ်တောက်နေပြီး ၎င်း၏ အောက်ပိုင်းနဂါးအမြီးလည်း ပျောက်ဆုံးနေသည်။

နဂါးကိုယ်ထည်တစ်ခုလုံး သုံးပိုင်း ကွဲသွားချေပြီ။

လူတိုင်းသည် သူတို့ရှေ့ရှိ မြင်ကွင်းကို တွေဝေစွာ စိုက်ကြည့်နေကြပြီး သူတို့၏ နှလုံးသားများ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

“ဓားချက်တစ်ချက်တည်းဖြင့် မြစ်ကို ပိုင်းဖြတ်ခြင်း

ဓားချက်တစ်ချက်တည်းဖြင့် နဂါးကို သတ်ခြင်း”

ဤသူသည် မည်သူ ဖြစ်ပါသနည်း။

ချင်ဝူယန်သည် ကောင်းကင်ယံရှိ အဖြူရောင်ဝတ် ဓားကျင့်ကြံသူကို ထိတ်လန့်တကြား ကြည့်နေသည်။ သူ၏ နှလုံးသားသည် သူ၏ ရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကြောင့် လုံးဝ တုန်လှုပ်သွားခဲ့ပြီ။

“ခင်ဗျား...

ခင်ဗျားက ဘယ်သူလဲ။”

နတ်ဘုရားနယ်‌မြေတွင် ဤကဲ့သို့သော ပြိုင်ဘက်ကင်း ဓားနတ်ဘုရားသည် မည်သည့်အချိန်က ပေါ်လာခဲ့ပါသနည်း။

“သခင်လေး၊ ဒီ...” ချင်ဝူယန်၏ နောက်မှ လိုက်ပါလာသော အဘိုးအိုနှစ်ဦးသည် သူတို့၏ သွားရည်များကို တိတ်တဆိတ် မျိုချလိုက်ကြသည်။

ကျွန်တော်တို့ တောင်းပန်ပါတယ်...

ယူကျင်း နဝမအဆင့်သည် အမှန်ပင်အမှိုက်သာ ဖြစ်သည်။။

ပိိ‌ယောင်၏ မျက်လုံးများသည်လည်း လှုပ်ယမ်းသွားပြီး သူမသည် သူ၏ ရှေ့ရှိ မြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ သူမ၏ နုပျိုသော နှလုံးသားသည် အဖြူရောင်ဝတ် လူငယ်လေး၏ ခွန်အားကြောင့် လုံးဝ တုန်လှုပ်သွားခဲ့ပြီ။

ဤမျှ ခွန်အားဖြင့်

ကောင်းကင်အောက်တွင် မယှဉ်နိုင်သော အဆင့်သို့ ရောက်ရန် အချိန်မည်မျှ ကြာဦးမည်နည်း။

‘အင်း... သိပ်မကြာတော့ဘူး မဟုတ်လား။’

သူမ၏ ဘေးရှိ အနက်ရောင်ဝတ် အလှပဂေးလည်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။

ယိုကျီသည် သူမ၏ ရှေ့ရှိ မြင်ကွင်းကို တွေဝေစွာ စိုက်ကြည့်နေပြီး သူမ၏ တောက်ပသောမျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အမြွက်များပေါ်လာသည်။

ဤအချိန်တွင်...

သူမ၏ မျက်လုံးများထဲတွင် အဖြူရောင်ဝတ် လူငယ်လေးသာ ရှိနေ၏။

‘ ဂျိချန်းဖန် ကတကယ်ကို ခန့်ညားနေပါလား” ဟူ၍ပင်တွေးနေမိ၏။

All Chapters